Kyimyindaing Scout Channel
196 subscribers
423 photos
51 videos
279 links
Download Telegram
ဒီလပိုင်းတွေမှာ ရှိုးပွဲတွေ၊ ပြပွဲတွေ၊ ပွဲလမ်းသဘင်တွေ ခပ်စိတ်စိတ် လုပ်လာကြပါတယ်။ တချို့သော အနုပညာရှင်များဆို ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေထက် ဖျော်ဖြေပွဲတွေ ပိုများလာကြပါတယ်။ ဒီပွဲလမ်းတွေကိုမြင်ရင် ဒီနိုင်ငံမှာ ဘယ်တုန်းကမှ သွေးချောင်းမစီးခဲ့ဘူးလို့တောင် ထင်ရနိုင်ပါတယ်။

လူတိုင်းဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ဘဝကိုဆုံးဖြတ်ခွင့်ရှိကြတယ်။ ပြည်သူတွေက ရှိုးမဆိုရဘူး၊ ပွဲမတက်ရဘူးလို့ မတားပါဘူး။ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်စေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အခမ်းအနားတွေ၊ တော်လှန်ရေးကို ပုံဖျက်စေနိုင်တဲ့ ပွဲလမ်းတွေကို ရှောင်ရှားဖို့တောင်းဆိုကြတာပါ။အနုပညာရှင်တွေအနေနဲ့လည်း ဝမ်းရေးက တိုက်တွန်းတဲ့အခါ အခကြေးငွေရ ပွဲလမ်းတွေကို ရှောင်လွှဲလို့ မရတာမျိုး ကြုံတွေ့ကြရ တယ်။ သို့ပေမယ့် မည်သို့၊ မည်ပုံ ဆက်လက်ရပ်တည်မလဲဆိုတာကတော့ မိမိဆုံးဖြတ်ချက်ဖြစ်ပါတယ်။

မဲဆောက်ဆိုတာမှာ စစ်ကောင်စီပေးတဲ့ ဒုက္ခတွေကြောင့် ဆင်းရဲကြီးစွာ ထွက်ပြေးလာရတဲ့ ပြည်သူတွေ အများအပြား ရှိပါတယ်။ ဒီပြည်သူတွေရဲ့ မျက်နှာကို မထောက် မဲဆောက်မှာ လာရောက်ဖျော်ဖြေနိုင်တဲ့ အနုပညာရှင်တွေဟာ ကိုယ်ကျင့်တရား ပြဿနာရှိနေတယ်လို့ ဆိုရမယ်။ ပြည်သူတွေက ဘာလို့ ဒီလောက်စိတ်ဆိုးဒေါသထွက်လဲဆိုတာ သူတို့တွေသိသင့်တယ်။ ဒီလိုမျိုးဖြစ်ရပ်တွေကို ထည့်သွင်းမစဉ်းစားနိုင်ကတည်းက ဒီလိုလူတွေရဲ့ရပ်တည်ချက်က ဘာလဲဆိုတာ သိသာတယ်။

ခေတ်ပျက်တဲ့အခါ ငတ်မွတ်ဆင်းရဲမှုကို မိမိသီလနဲ့ လဲလှယ်ရတတ်တယ်။ ဘယ်အနုပညာရှင်က သူတို့သီလကို ငွေကြေးနဲ့ လဲလှယ်ခဲ့ကြတယ်ဆိုတာ သမိုင်းမှာ လူထုက အဆုံးအဖြတ်ပေးပါလိမ့်မယ်။
👔ပစ်ပြီဟေ့ ချကွာ ငါ-ိုးမရဲတွေ !!!
မိုလိုတော့ဗ်တွေနဲ့ ခုခံကြ 👔

အချိန်ကား မတ်လ ၂၁ရက်၊ ၂၀၂၁ခုနှစ်

အကြမ်းဖက်စစ်ကောင်စီ၏ ကျည်အစစ်ဖြင့်သတ်ဖြတ်မှူများကိုအံတုကာ ပြည်သူလူထုမှ သဲအိတ်ခံတပ် Barricade များတည်ဆောက်၍ မီးရှူးမီးပန်းများ၊မိုလိုတော့ဗ်များဖြင့် ခုခံကာကွယ်နေချိန်ဖြစ်သည်။

နေ့လည် (၁၂:၀၀) နာရီခန့်

" ဟဲလို ရေဘဝဲတွေလား "

" ဟုတ်ပါတယ်၊ပြောပါ"

" ကျွန်တော် xxx ပါ၊ဒီနေ့ခွေးတွေ ကျွန်တော်တို့သပိတ်ကိုလာဖြိုမယ်လို့ သတင်းရထားတယ်။အဲ့ဒါဒိုင်းကာအဖွဲ့အင်အားတွေလိုအပ်နေသေးလို့ ရေဘဝဲတို့အဆင်ပြေရင်လာခဲ့ပါလား "

" ထမင်းကျွေးမှာလားဗျ။ကျွန်တော်တို့တွေဘာမှမစားရသေးဘူးရယ် "

" ကျွေးမှာပေါ့ဗျာ "

" ဟား စတာပါဘဒိုရာ။ရေဘဝဲတွေကပြည်သူတွေအတွက်အမြဲတမ်းအသင့်ပါ။အခုချက်ချင်းကျွန်တော်တို့ထွက်ခဲ့လိုက်မယ် "

ကျွန်တော်ဖုန်းချပြီးသည်နှင့်
" ကဲ ရေဘဝဲတွေအားလုံး အလံတော်၊ဒိုင်းကာ၊မီးရှူးမီးပန်း၊မိုလိုတော့ဗ်တွေယူပါ။ရထားလမ်းအကျော် ဘူတာရုံလမ်းသပိတ်ကိုကာကွယ်ဖို့ချီတက်ကြမယ်ဟေ့ "

ရေဘဝဲရဲဘော်များ တက်ကြွနေကြသည်။ယခင်အပတ် အောက်ဗဟိုလမ်း ဆိုက်ကားဂိတ်သပိတ်အဖြိုခံရပြီးကတည်းကငြိမ်နေကြရသည်မဟုတ်ပါလား။

ဗဟိုလမ်းမှချီတက်ခဲ့ကြပြီး ဘူတာရုံလမ်းရောက်သည်နဲ့ပြည်သူများကျွေးသည့်ထမင်းကို ဗိုက်ဆာဆာနှင့်အရင်ဝင်စားလိုက်ကြသည်။ပဲဟင်း နှင့် ငခြောက်ကျော်ကား အလွန်လိုက်ဖက်လှ၏။

စားပြီးသည်နှင့် သဲအိတ် Barricade ဘက်သို့ထွက်ခဲ့ကြသည်။ဘူတာရုံလမ်းမှ (၂) ရပ်ကွက်ပြည်သူလူထု၏ ပံ့ပိုးမှုအားဖြင့်တည်ဆောက်ထားသော သဲအိတ် Barricade သည် သုံးထပ်ဖြစ်ပြီး သံအိတ်များကြားတွင် သံဇကာကွက်များထည့်ကာ စနစ်တကျတည်ဆောက်ထား၍ သဲအိတ်ပေါ်ရောက်အောင် မနည်းတက်ရသည်။သဲအိတ်များပေါ်သို့ရောက်သောအခါ ဟိန္ဒူ၊အစ္စလာမ် ကာကွယ်ရေးညီနောင်များမှကြိုဆို၍ အမှတ်တရဓါတ်ပုံများရိုက်ယူကြသည်။

မကြာမီ ...
ရွာမကွေ့ AEON Orange ဘက်မှ ဘူဒိုဇာကားတစီးမောင်းလာသည့်တွေ့လိုက်ရသည်။

" ခွေးတွေလာပြီဟေ့။အားလုံးအသင့်ပြင်ထားကြ "

ရပ်ကွက်နေ ဒိုင်းကာအဖွဲ့မှနှိုးဆော်လိုက်သည်နှင့် ရဲဘော်များအားလုံးအသင့်နေရာယူလိုက်ကြသည်။ကြိုတင်စီစဥ်ထားသည့်အတိုင်း ရေဘဝဲရဲဘော်တစ်ဦးမှ သဲအိတ်အလည်တည့်တည့်တွင် ရေဘဝဲအလံတော်ကိုဆိုက်ချလိုက်သည်။

မီးရှူးမီးပန်းကိုင်ထားသောကျွန်တော်၏ဘေးသို့ ရပ်ကွက်နေဒိုင်းကာအဖွဲ့မှခေါင်းဆောင်တစ်ဦးရောက်လာသည်။
" နောက်မှာခွေးတပ်ရင်း ရဲတွေပါတယ်တွေ့လား။ရထားလမ်းနားရောက်လာပြီး သူတို့စပစ်တာနဲ့ဒို့တွေဆော်မယ်"

" အိုခေဗျာ "
ကျွန်တော်ခပ်တိုးတိုးပြန်ဖြေလိုက်သည်။

ရထားလမ်းအကျော် လှိုင်မြို့နယ် (၂) ရပ်ကွက်သည် တိတ်ဆိတ်နေသည်။ပြည်သူများအားလုံးသည် မုန်တိုင်းမလာမီအခြေအနေကို ရင်ဆိုင်ရန်စောင့်ဆိုင်းနေသည့်အလား

" ဒိုင်း "

" ပစ်ပြီဟေ့ ချကွာ ငါ-ိုးမရဲတွေ၊မိုလိုတော့ဗ်တွေနဲ့ခုခံကြ "

" ဖောင်း ဖောင်း ဖောင်း "

အပစ်အခတ်များကြား ခုခံ၍တဖက်ရန်သူအခြေအနေကိုကြည့်လိုက်သောအခါ ခွေးအင်အား (၈၀) ကျော်တက်လာသည်ကိုတွေ့လိုက်ရသည်။

" ခွေတွေများတယ်ဟေ့ သတိနဲ့ခွဲဆုတ် ခွဲဆုတ် "
ကျွန်တော်အော်၍သတိပေးလိုက်သည်။

ရေဘဝဲ နှင့် ရပ်ကွက်နေဒိုင်းကာအဖွဲ့များ မီးရှူးမီးပန်းများဖောက်ကာ မီးသတ်ဆေးဗူးများမှုတ်၍ မြင်ကွင်းကွယ်လိုက်ကြသည်။

ဘလောက်တခုအကွာ ညနေခင်းစျေးအကျော်တွင် ရဲဘော်များပြန်စုလိုက်ကြသည်။ခွေးများကား သဲအိတ် Barricade ကိုဖြိုနေကြပြီဖြစ်သည်။တောက်ခေါက်သံများစီစီညံနေသည့်ရဲဘော်များ ငိုကြွေးသံများကိုကြားနေရသည်။

" ဒါဟာ နွေဦးတော်လှန်ရေးရဲ့အဆုံးသတ် ဇာတ်သိမ်းခန်းမဟုတ်ဘူးရဲဘော်တို့၊သူတို့သဲအိတ်တွေကိုသာဖြိုလို့ရမယ်။ကျွန်တော်တို့ရဲ့တော်လှန်စိတ်ကိုတော့ ဘယ်တော့မှဖြိုချလို့မရဘူး "
ကျွန်တော့်ရှိသမျှစိတ်ခွန်အားကိုထုတ်၍ ရဲဘော်များကိုအားပေးလိုက်သည်။

ရေဘဝဲ ရဲဘော်အကြီးကောင်ကျွန်တော့်အနားရောက်လာသည်။(အကြီးကောင် နိုင်/ကျဥ်း ထောင်ဒဏ် ၁၃ နှစ်)
" ကိုကြီး ခွေးတွေဒီ Barricade ဖြိုပြီးရင်ကျွန်တော်တို့ဆီလာပြီးဖမ်းမှာပဲ။ဘာအကာအကွယ်မှတော့မရှိတော့ဘူး။ဘယ်လိုလုပ်ချင်လဲ "

အနီးရှိရဲဘော်တစ်ဦးချင်းစီ၏မျက်နှာကိုကြည့်ပြီးကျွန်တော်ဆုံးဖြတ်ချက်ချလိုက်သည်။
" တာယာကွင်းတွေမီးရှို့ပြီး သူတို့လာရာကိုလှိမ့်ထား။ငါတို့ရှိသမျှနဲ့ရင်ဆိုင်ကြမယ် "

" ဒိုင်း ဒိုင်း "

...
အပိုင်း (၂) ဆက်ရန်

#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
စစ်ကောင်စီ၏ သွေးစွန်းအကယ်ဒမီပွဲအား သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်လွှာ

#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#AJAY
အမေရိကန် အစိုးရဌာန၏ အကြံပေးပုဂ္ဂိုလ် Mr. Ch၀llet အား အောက်ပါအချက်များတောင်းဆိုသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်း စုစုပေါင်း 141 ဖွဲ့ မှ စုပေါင်း၍ မတ်လ ၂၁ ရက်နေ့က ပေးပို့်ခဲ့ပါသည်။

#SanctionMOGE
#PTT_MustStopPaymentToJunta
#KeepInEscrowAccount
Forwarded from GenZ Phoe Maung
သူရောက်ပြီးသိပ်မကြာဘူး
ဒီမော့ဆိုမှာ တပ်ရင်းတစ်ရင်းလုံးပြုတ်သွားတော့ လက်ဖက်ခြောက်ခမျာ သူနဲ့ ဓါတ်ပုံတွဲရိုက်တဲ့သူတိုင်း မုန့်ဟင်းခါးပွဲဖြစ်သွားလေ့ရှိတဲ့ ရွှေရူပါဦးရဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်းယူပြီး ...
အခုတော့ " ရွှေရူပါစိုးဝင်း" လို့
အမည်တွင်သွားလေရဲ့ဗျာ။ 🤣🤣

(​ဒီပုံက အမျိုးသမီးတွေကိုစော်ကားလိုစိတ်နဲ့ တင်တာမဟုတ်ပါဘူး ရွှေရူပါစိုးဝင်းဖြစ်သွားတဲ့ လက်ဖက်ခြောက်ကို ဂုဏ်ပြုချင်လို့ပါ။ )
မတ်လ ၂၃ ရက်နေ့တွင် အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည့်အပေါ် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၏ သဘောထားထုတ်ပြန်ချက်။

#BloodMoneyCampaignMM
Forwarded from GenZ Phoe Maung
တစ်ချိန်က လူကြီးတွေအမြင်မှာ
"ဝတ်ပုံစားပုံ ကို့ယို့ကားယားနဲ့ ဘာကောင်တွေမှန်းမသိဘူး.." ဆိုပြီး အပြောအဆိုခံခဲ့ရတဲ့ Hip Hop လောကထဲက လူငယ်​လေးတစ်​ယောက်ဟာ တိုင်းပြည်အတွက်လိုအပ်တဲ့အချိန်မှာ ပင်နီနဲ့ပုဆိုးကို သူဝတ်ခဲ့တယ်။

ပါးစပ်က Rhyme တွေ Slang အထာကျကျ ရွတ်ဆို​ခဲ့တဲ့ rapper ​တစ်​ယောက်ဟာ တိုင်းပြည်အတွက် လိုအပ်မယ့် စကား​တွေလည်း ပြောသင့်ပြောထိုက်တဲ့အချိန်မှာ သူ​ပြောခဲ့တယ်။

အဲ့ဒီလိုမျိုး..သူ့အနုပညာနဲ့သူ.. ခပ်​​အေး​အေး​နေတ​တ်တဲ့ လူငယ်​လေးဟာ တိုင်းပြည်အတွက် လိုအပ်လာ​တော့ ​လုပ်သင့်လုပ်ထိုက်ချိန်မှာ ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး အသက်ကိုပေးလှူသွားခဲ့ပါပြီ။

သူမရှိ​တော့​ပေမယ့် သူ့ကိုယ်ပွား​​တွေအများကြီးကို ချန်ရစ်ထားဆဲ..

​တော်လှန်​ရေးမှာ ​ဇေယျာ​သော်က မ​သေ​သေးဘူး..

နေရာတိုင်းမှာ..ဇေယျာ​သော်​တွေ များစွာ..

ဒါ​ကြောင့် ကိုဇေယျာ​သော်ပြောသလို ကျွန်တော်တို့ လူငယ်​တွေအားလုံးက စုစည်း​နေဖို့လိုတယ်။

ဒါမှ ဖက်ဆစ်စစ်တပ်ကို အမြစ်ပြုတ်တဲ့အထိ တွန်းလှန်တဲ့ ပွဲမှာ...

"အားလုံးစုစည်း​နေရင် ဘာမှမဖြစ်"

ကို​ဇေယျာ​သော် ​မွေး​နေ့အမှတ်တရ "အ​ရေး​တော်ပုံ ​အောင်ရမည်" ✊️✊️
Media is too big
VIEW IN TELEGRAM
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုမှပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ခဲ့သော video

#BloodMoneyCampaignMM
Media is too big
VIEW IN TELEGRAM
တိတ်တိတ်လေးပျော်ပေးပါ ...
တိုးတိုးလေးငိုနေသူတွေရှိနေလို့ လှုပ်ရှားမှု (ရုပ်၊သံ)

ယနေ့ ရန်ကုန်မြို့တွင် ရေဘဝဲ (ပြည်သူ့အကျိူးပြု လူငယ်အဖွဲ့အစည်း) နှင့် Harry (Shitty Artworks) တို့ပူးပေါင်းကာ ကာတွန်းပိုစတာများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုပြုလုပ်ခဲ့ကြသည်။

"အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုအာရုံလွဲစေဖို့ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေအပြင် တိုင်းရင်းသားလူမျိုးစုတွေနဲ့ နိုင်ငံတော်ရဲ့ယဥ်ကျေးမှုအမွေအနှစ် ရိုးရာပွဲတော်တွေကိုပါ ဝါဒဖြန့်ချီရေးအတွက် အသုံးချလျက်ရှိပါတယ်။ဒီတခါပြည်သူလူထုတရပ်လုံးအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကိုတဖက်ကတော်လှန်သလို တဖက်ကလည်း မိမိတို့ရဲ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်တွေကိုဆက်လက်ထိန်းသိမ်းရမှာဖြစ်ပါတယ်။မပျော်ပါနဲ့၊ပျော်ပါ စတဲ့စိတ်ခံစားချက်တွေကို မည်သူကမှတားဆီးပိတ်ပင်ခွင့်မရှိပါဘူး။ရိုးရာပွဲတော်ရဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေကိုဆက်လက်ထိန်းသိမ်းရင်း အိုးပစ်၊အိမ်ပစ်၊သေကွဲ၊ရှင်ကွဲကွဲနေကြတဲ့ မိမိတို့ရဲ့နိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် ကိုယ်ချင်းစာစိတ်အပြည့်နဲ့ တိတ်တိတ်လေးပျော်ပေးကြဖို့ ပျော်ရွှင်နေကြတဲ့ပုံရိပ်တွေကို လူထုထံမလွှင့်တင်မပြသကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်"

မတ် ၂၉၊ ၂၀၂၃

(မည်သည့်မီဒီယာမှမဆို ခွင့်ပြုချက်မလို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်)

#Harry #ShittyArtworks
#OCTOPUS #ရေဘဝဲ
Forwarded from GenZ Phoe Maung
This media is not supported in your browser
VIEW IN TELEGRAM
​ခွေး နဲ့​​ ပေါင်းလို့ ​ခွေးဖြစ်သွားတော့မယ့် ပါတီ​တွေရှိတယ် 😆
" ရဲရဲရှာ " လူထုကမ်ပိန်း 🔴

ဧပြီလ (၂) ရက်၊တနင်္ဂနွေနေ့တွင် " ရဲရဲရှာ " လူထုကမ်ပိန်းကို နိုင်ငံတော်အနှံ့အွန်လိုင်းမှပြုလုပ်သွားမည်ဖြစ်သည်။

ပြည်သူလူထုတရပ်လုံးအနေဖြင့် Facebook ရှိ Search Bar တွင် အောက်ပါစကားလုံးများကို အတူတကွ ရေးသားရှာဖွေကြမည်။

နွေဦးတော်လှန်ရေး
တော်လှန်သင်္ကြန်
FDC

နေ့ရက် - ဧပြီ (၂) ရက်၊ ၂၀၂၃ ခုနှစ်

#ရဲရဲရှာလူထုကမ်ပိန်း
#OCTOPUS #ရေဘဝဲ
Forwarded from Y.S.D Scout Channel
ယ​နေ့ကျ​ရောက်​သော Youth Scout for Democracy (Y.S.D) အဖွဲ့အစည်း စတင်တည်​ထောင်ခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် ​ကျေးဇူးတင်လွှာ

4 April 2023

#YSD

@YSDygn

@YSDinformer