Kyimyindaing Scout Channel
193 subscribers
423 photos
51 videos
279 links
Download Telegram
Forwarded from Y.S.D Scout Channel
ဖေဖော်ဝါရီရက်စွဲများနဲ့ မြန်မာပြည်

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာလုထားတာ ၂ နှစ်ပြည့် .. ပြည်သူတွေက အာဏာလုစစ်တပ်ကို တော်လှန်နေကြတာ ၂ နှစ် ပြည့်ပါပြီ ...

၂၀၂၃ ဖေဖော်ဝါရီ ၁၂ ရက်
ဒီလထဲမှာပဲ ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ ဒီနိုင်ငံကို ဒီလိုတည်ထောင်မယ် ဒီလိုနေထိုင်ကြမယ် ဆိုတဲ့ ညှိနှိုင်းမှုတွေ အခြေခံသဘောတူညီချက်တွေကို စာချုပ်စာတမ်း (ပင်လုံစာချုပ်) အဖြစ် ချုပ်ဆိုခဲ့ကြတာ စိန်ရတုအထိမ်းအမှတ် ကျော်လွန်ပြီး (၇၆) နှစ်မြောက် နေ့လည်း ဖြစ်ပါတယ် ...

ပြည်တွင်းစစ်နဲ့အတူမွေးဖွားခဲ့သလိုဖြစ်ခဲ့ရတဲ့နိုင်ငံတခုမှာ အမှန်တကယ်လွတ်လပ်ဖို့ တန်းတူဖို့ ငြိမ်းချမ်းဖို့အရေး မျိုးဆက်အလိုက် ပုံစံမျိုးစုံနဲ့တော်လှန်ခဲ့ကြရတဲ့ တော်လှန်ရေး"ဖြစ်စဥ်" ထဲက ပြည်သူတွေဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှာ နောက်တကြိမ် အာဏာလုတဲ့ ဖက်ဆစ်စစ်တပ်ကို ပြန်တွန်းလှန်ရင်း ဒီတခါနောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ သန္နိဌာန်နဲ့ မြန်မာ့နွေဦးတော်လှန်ရေးထဲ ပါဝင်နေကြတာ ၂ နှစ်ပြည့်ပါပြီ ...

ဒီ ၂၀၂၁ နွေဦးတော်လှန်ရေး"ဖြစ်ရပ်" ထဲ ပါဝင်နေကြတဲ့ တော်လှန်ပြည်သူတွေအနေနဲ့ အခုလို ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက် နေ့ ကနေ ၁၂ ရက်နေ့အတွင်း ၁၂ ရက်တာ ကာလအတွင်းမှာ .. ကိုယ့်နိုင်ငံအကြောင်း ကိုယ့်လူ့အဖွဲ့အစည်းအကြောင်း ကိုယ်ကိုယ်တိုင်အပါအဝင် တော်လှန်လူထုအစုအဖွဲ့တွေရဲ့ တွေ့ကြုံဖြတ်သန်းမှုအကြောင်းတွေကို ပြန်ဆင်ခြင် နှလုံးသွင်းကြည့်ကြမယ့် နိုင်ငံရေး တော်လှန်ရေး လူထုလှုပ်ရှားမှုတခု စတင်ကြဖို့ နှိုးဆော်ပါရစေ ...

ဆင်ခြင်စဥ်းစားခြင်းကိုဦးတည်တဲ့ ဒီလှုပ်ရှားမှုမှာ တော်လှန်ပြည်သူတို့အနေနဲ့ အွန်လိုင်းကမ်ပိန်းတွေ၊ သပိတ်လှုပ်ရှားမှုတွေ၊ စာပေ အနုပညာ လှုပ်ရှားမှုတွေ၊ ဒိုင်ယာလော့၊ ဒီဘိတ် နဲ့ စကားဝိုင်းတွေ အစရှိတဲ့ ကိုယ်ကျွမ်းကျင်ရာ အားသန်ရာအလိုက် လူထုအာဏာဖီဆန်ရေးတော်လှန်လှုပ်ရှားမှုတွေကို ပြည်သူတွေအချင်းချင်းစောင့်ရှောက်ရင်း တတ်နိုင်သမျှဘေးကင်းလုံခြုံနိုင်မယ့်နည်းလမ်းတွေနဲ့ ဖော်ဆောင်သွားကြဖို့ဖြစ်ပါတယ် ...

၂၀၂၃ ခုနှစ်မှာ တော်လှန်စစ်အရှိန် မြှင့်တင်ကြဖို့ ပြင်ဆင်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေအပါအဝင် ကျနော်/ကျမတို့ တော်လှန်ပြည်သူတွေဟာ .. နေ့စဥ်ဘဝတွေမှာ စဥ်းစားချိန်မရနိုင်လောက်အောင် ပင်ပင်ပန်းပန်း နာနာကျင်ကျင် ရင်ဆိုင်တိုက်ပွဲဝင်နေကြရပေမယ့် မလိုအပ်ပဲ အချိန်တွေ ဒီထက်ပိုမကြာစေဖို့ .. လူသူရပ်ရွာတွေ ပိုမနာစေဖို့အတွက် စစ်ရေးတခုထဲမဟုတ်ပဲ ရိုးသား ရဲရင့်တဲ့ နိုင်ငံရေးဖြစ်စဥ်အရွေ့တွေဆီရောက်အောင် ဝိုင်းဝန်းစဥ်းစား လက်တွဲသွားကြဖို့ အချိန်တန်နေပြီ ဖြစ်ကြောင်း အလေးအနက် တိုက်တွန်းလိုက်ရပါတယ် ...

#12DaysInFeb #ဖေဖော်ဝါရီရဲ့၁၂ရက်
#ဘာကြောင့်တော်လှန် #ဘယ်လိုတော်လှန်
Media is too big
VIEW IN TELEGRAM
စနေနေ့တိုင်း အဖြေတွေပေးနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….

အမေရိကန် အစိုးရသည် အကြမ်းဖက်စစ်တပ်၏ ဝင်ငွေအများဆုံးရရှိရာ MOGE ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆိုမှု (Sanction) ပြုလုပ်ရန် အကြောင်းပြချက်အမျိုးမျိုး ပေးလျှက်ရှိပါသည်။ ထိုအကြောင်းပြချက်များမှာ

MOGE အား Sanction ချမှတ်ပါက ............. နိုင်ငံ မီးပျက်သွားမည် စိုးရိမ်သည်ဟုဖြစ်သည်။

၁. မြန်မာနိုင်ငံ ၂. ထိုင်းနိုင်ငံ ၃. မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ ၄.မသိပါ

Answer ၃. မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ

#PTTmustStopPaymentToJunta
#BloodMoneyCampaignMM
Forwarded from Y.S.D Scout Channel
မြို့ပြ​တော်လှန်​ရေးသမား​လေး ဖိုး​မောင် နဲ့ သူ့ရဲ့ က​သောင်းကနင်းနိုင်လှတဲ့ ​တော်လှန်​ရေးကာလအတွင်း တွေ့ကြုံခဲ့ရပုံ​တွေကို ဖတ်ရှု့နိုင်ဖို့ ​အောက်ပါ link က​နေတဆင့်ဝင်​ရောက်နိုင်ပါတယ်

https://t.me/Phoe_Maung/5
Forwarded from Y.S.D Scout Channel
အခက်အခဲမျိုးစုံ၊ ငြင်းပယ်လို့မရတဲ့ အ​ကြောင်းတရားမျိုးစုံ​တွေ​ကြောင့် စစ်​ကောင်စီယန္တရားအောက်မှာ ဆက်ပြီး အလုပ်လုပ်​နေရပါသလား...။

ပြည်သူ့ဘက်၊ အမှန်တရားဘက်ကို မျက်နှာမူလိုက်ဖို့ပဲ လိုပါတယ်။ အရာရှိ စစ်သည်​တွေ၊ ရဲတပ်ဖွဲ့ဝင်​တွေနဲ့ ဌာနအသီးသီးမှာ ရှိ​​နေကြတဲ့ ဝန်ထမ်း​တွေထဲက​နေ အမာခံသတင်း​ပေးပို့မယ့် ( ဖရဲသီး ) ​တွေအတွက် စိတ်ချလုံခြုံစွာနဲ့ လွယ်လင့်တကူ သတင်း​ပေးပို့နိုင်မယ့် လမ်း​ကြောင်းတစ်ခုကို ဖွင့်လှစ်ထား​ပါပြီ။

http://t.me/MyanmarPeople

ဒီ Telegram Channel ကို ဆက်သွယ်ပြီး ​ပေးပို့ပါ။ ကိုယ်​ရေးအချက်အလက် လုံခြုံမှုအတွက် စိတ်ပူစရာ လုံးဝ ( လုံးဝ ) မလိုတဲ့အပြင် ​ပေးပို့လာတဲ့ သတင်းအချက်အလက် အဆင့်အတန်း​ပေါ်မူတည်ပြီး ချီးမြှင့်​ငွေ​တွေကိုပါ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလိုဆက်သွယ် သတင်း​ပေးပို့လာမယ့် ( ဖရဲသီး ) ​တွေအ​နေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကို ရရှိထားမှာ ဖြစ်ပြီး ​တော်လှန်​ရေးအလွန်ကာလမှာလည်း ပြည်သူ့ရင်ခွင်ခိုလှုံ​ရေး အစီစဥ်ရဲ့ အကျိုးခံစားခွင့်​တွေကိုပါ ထပ်ပြီး ရရှိဦးမှာပါ။

စစ်​ကောင်စီယန္တရား​​အောက်မှာ ဟန်မပျက် အလုပ်လုပ်ပြီး ပြည့်သူ့ အမာခံ ( ဖရဲသီး ) အဖြစ် သတင်း​ပေးပို့ ပါဝင်ရင်း အကာအကွယ်​ပေးမှု အာမခံချက်ကို အမြန်ဆုံး ရယူထားဖို့ တိုက်တွန်းလိုက်ပါတယ်...။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
၂၀၂၂ မှာ PTTEP တစ်ခုတည်းက အကြမ်းဖက်စစ်အုပ်စုထံ အနည်းဆုံးပေးငွေ အမေရိကန်ဒေါ်လာ "သန်း ၅၀၀"

သန်း ၅၀၀ ဆိုတဲ့ ပမာဏက စစ်အုပ်စုအတွက် ဘာတွေထပ်ရနိုင်မလဲ???

ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဘယ်လောက်တောင် ဆက်လုပ်နိုင်မလဲ???

#SanctionMOGE
#PTT_MustStopPaymentToJunta
#BloodMoneyCampaignMM
⚠️ ကြည့်မြင်တိုင် ⚠️

စည်ပင်ရုံးမှာ ဗုံး​တွေ့တဲ့အတွက် ကျောင်းကြီးလမ်းကို စခ ၊ ရခ ကားများဖြင့်လမ်းပိတ်ထားတယ်လို့သိရပါတယ်။

8:28 PM
Forwarded from Y.S.D Scout Channel
သင်္ကြန်ကာလ ရန်ကုန်မြို့တွင် ကျင်းပမည့် Rangoon Thingyan Festival တွင် ပါဝင်မည့် Yellow Claw အဖွဲ့အား ပြည်သူလူထုအနေဖြင့် ကန့်ကွက်စာပေးပို့ကြပါရန် တောင်းဆိုခြင်း

အာဏာသိမ်း ကာလ ၂ နှစ်ကြာမြင့်သည်အထိ တော်လှန်ရေးဟာ အရှိန်ဟုန်ဖြင့် အားကောင်းနေဆဲဖြစ်ပြီး စစ်ကောင်စီနဲ့ တပ်ဖွဲ့ဝင်များဟာ အဖက်ဖက်မှ ကျရှူံးမှုများနှင့် ရင်ဆိုင်လျှက်ရှိပါသည်။ ရန်ကုန်မြို့အပါအဝင် မြို့ပြဒေသများတွင်လည်း တော်လှန်ပြည်သူများသည် သွေးမအေးပဲ စစ်ကောင်စီနှင့် အပေါင်းအပါတို့အား ရွံမုန်းနေကြသည်ကို silent strike တွင် တစ်ခဲတစ်နက်ပါဝင်ကြမှုအား ကြည့်ခြင်းဖြင့် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ မြို့ပြတော်လှန်ရေးအင်အားစုများမှာလည်း သပိတ်များဖြင့်သော်လည်းကောင်း၊ လှုပ်ရှားမှုများဖြင့်သော်လည်းကောင်း၊ အခြားနည်းလမ်းများအားဖြင့်သော်လည်းကောင်း နည်းမျိုးစုံဖြင့် စစ်ကောင်စီအား ဆက်လက်ဆန့်ကျင်ရင်ဆိုင်လျက်ရှိပြီး အုပ်ချုပ်မခံနေသည်မှာ အားလုံးအမြင်ပဲဖြစ်သည်။

သို့သော် စစ်ကောင်စီသည် ၎င်းတို့၏ အုပ်ချုပ်မှုယန္တရားအား အသက်ဝင်စေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ပွဲလမ်းသဘင်များကျင်းပကာ လူစည်ကားအောင် ပြုလုပ်ရန်ကြိုးပမ်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သင်္ကြန်ကာလတွင်လည်း ၎င်းတို့ဖြင့် စီးပွါးရေးဆက်နွယ်မှုမကင်းသည့် အဖွဲ့နှင့် လူပုဂ္ဂိုလ်များမှလည်း နိုင်ငံတကာ DJ များဖိတ်ခေါ်ကာ ပွဲကျင်းပရန် စီစဉ်လျက်ရှိသည်။ ထိုပွဲများထဲတွင် Rangoon Music Festival သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ Rangoon Music Festival ၏ headliner အဖြစ် Yellow Claw အား ဖိတ်ခေါ်ထားသည်ဟု သတင်းအတိအကျရရှိထားသဖြင့် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများသည် အောက်ပါစာအား Yellow Claw ထံသို့ email ပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ အကြောင်းပြန်ခြင်းမရှိခဲ့ပါ။ Yellow Claw အပါအဝင် နိုင်ငံတကာ ဖျော်ဖြေရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများ၊ စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် နေ့စဉ်ရက်စက် ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများအား သေချာနားလည်ခြင်းမရှိသည့်အတွက် ပွဲများဖျော်ဖြေရန် လက်ခံကြခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ ယူဆမိပါသည်။

Yellow Claw အနေဖြင့် ထိုဖျော်ဖြေပွဲအပါအဝင် တော်လှန်ရေးကာလအတွင်းပြုလုပ်မည့် အခြားဖျော်ဖြေပွဲများအားလုံးတွင် ပါဝင်ပတ်သက်ခြင်းမပြုရန် ကျွန်ုပ်တို့မှ တောင်းဆိုထားပြီး ပြည်သူများအနေဖြင့်လည်း အောက်ဖော်ပြပါစာအား Yellow Claw ၏ Email နှင့် Social media စာမျက်နှာများသို့ comment အားဖြင့်သော်လည်းကောင်း၊ message ပို့ခြင်းဖြင့်သော်လည်းကောင်း ဝိုင်းဝန်းပြုလုပ်ပေးကြပါရန် တောင်းဆိုလိုက်သည်။

အရေးတော်ပုံအောင်ရမည်။

Yellow Claw Email

management@yellowclaw.com

Yellow Claw Instagram

https://instagram.com/yellowclaw?igshid=NDk5N2NlZjQ=

Yellow Claw Facebook page

https://www.facebook.com/yellowclaw?mibextid=LQQJ4d

Yellow Claw Twitter Handle

https://twitter.com/yellowclaw?s=21&t=BcPzKImYauPNr8fsqWkJWA

#YSD
သောကြာနေ့တိုင်း မေးခွန်းတွေရှိနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….

ထိုင်းနိုင်ငံလျှပ်စစ်မီးလင်းရေးသည် မြန်မာနိုင်ငံမှ ပို့ဆောင်နေသော သဘာဝဓာတ်ငွေ့အပေါ်မှီခိုနေသည်ဟု အမေရိကန်အစိုးရနှင့် ထိုင်းအစိုးရပြောသောအချက်မှာမှန်ပါသလား???

၁. မှန်ပါသည် ၂. လုံးဝမှန်ပါ ၃. မှန်ကောင်းမှန်နိုင်ပါသည်

#PTTmustStopPaymentToJunta
#BloodMoneyCampaignMM
Media is too big
VIEW IN TELEGRAM
📌 ရေဘဝဲ (ပြည်သူ့အကျိုုးပြု လူငယ်အဖွဲ့အစည်း)
တည်ထောင်ခြင်း (၂) နှစ်ပြည့်အထိမ်းအမှတ်
PVTV နှင့် ရေဘဝဲ " တွေ့ဆုံမေးမြန်း ဆွေးနွေးခန်း"
(ရုပ်၊သံ)

ရေဘဝဲ အဖွဲ့ကြီးရဲ့အကြောင်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ၊ နွေဦးတော်လှန်ရေးကြီးမှာ ရရာနည်းလမ်း‌ပေါင်းစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့ အသက်စွန့်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကိုလုပ်နေကြတဲ့ မြို့ပြသပိတ်တွေရဲ့အရေးပါပုံနဲ့ မြို့ပြသပိတ်အဖွဲ့တွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ နှစ်ပေါင်း ၇၀ ကျော်ကြာ ဒီအကြမ်းဖက်စစ်တပ်ကိုတိုက်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကြံ့ကြံ့ခံနိုင်တဲ့ဇွဲကိုအတုယူရဖို့၊စံနမူနာယူပြီး တသံထဲညီ တချီထဲ ရုန်းကြဖို့ တိုက်တွန်းချက်တွေအပါအဝင်၊ လူငယ်တွေရဲ့ အသံကို ရေဘဝဲ ကတဆင့်ဘယ်လို သတင်းစကားပါးခဲ့လဲ စတာတွေကို စုစည်းမေးမြန်းတင်ဆက်ပေးထားပါတယ်။

#SpringRevolution #PVTV
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
တော်လှန်မိတ်ဆွေတို့ရေ
ဖေဖော်ဝါရီလ ၂၈နေ့ထုတ် Nikkie Asia သတင်းပါအချက်အလက်တွေအရ အကြမ်းဖက်စစ်တပ်အနေနဲ့ ၂၀၂၂ခုနှစ်မှာ ထိုင်းနိုင်ငံကို ဓာတ်ငွေ့ရောင်းရငွေစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၄၀၀နှင့် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ရောင်းရငွေ စုစုပေါင်း ဒေါ်လာသန်း ၁၄၀၀ ဟုတွေ့ရပါတယ်။ အကြမ်းဖက်စစ်တပ်အနေနဲ့ ၂၀၂၂ခုနှစ်မှာ စုစု ပေါင်းဒေါ်လာ သန်း ၃၉၀၀ရရှိခဲ့ပါတယ်။
ဒီနေ့ မတ်လ ၂ရက်နေ့ထုတ် Bangkok Post သတင်းမှာ စစ်ရှောင်ပြည်သူ ၁.၆သန်း ရှိပြီး ဖျတ်ဆီးခံရသည့် အိမ်အရေအတွက်မှာ ၅၅၀၀၀ ကျော် ရှိပြီလို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဆီကို ဒီပိုက်ဆံတွေ ဆီးဝင်နေသရွေ့ ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေထပ်ဖြစ်လာပြီး နောင်လာမဲ့ သားစဉ်မြေးဆက် အားလုံး အာဏာရှင်စနစ်ဆိုးကြီးအောက်မှာရှင်သန်ကြီးထွားကြရတော့မှာပါ။
ဒီသွေးစွန်းငွေတွေကို အမြန်ဆုံး ဖြတ်တောက်ကြရအောင်။
#SanctionMOGE
#PTT_MustStopPaymentToJunta
#BloodMoneyCampaignMM
Media is too big
VIEW IN TELEGRAM
သောကြာနေ့တိုင်း မေးခွန်းတွေရှိနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….

အကြမ်းဖက်စစ်တပ်မှ တရားမဝင် ထိန်းချုပ်ထားသော ရေနံတူးဖော်ရေးလုပ်ကွက်များတွင် တူးဖော်ရေးဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီ....................ခု ရှိပါသည်။

၁. ၁၀ ခု ၂. ၁၂ ခု ၃. ၂၂ ခု

အဖြေများကို Comment တွင် ဆွေးနွေးနိုင်ပါသည်။
#SanctionMOGE
#PTT_MustStopPaymentToJunta
#BloodMoneyCampaignMM
စနေနေ့တိုင်း အဖြေတွေပေးနေမယ့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုရဲ့ “မေးကြည့်မယ်အစီစဉ်”
…………………………………………………………………………………………………………………………………….

၃. ၂၂ ခု

အကြမ်းဖက်စစ်တပ်မှ တရားမဝင် ထိန်းချုပ်ထားသော ရေနံတူးဖော်ရေးလုပ်ကွက်များတွင် တူးဖော်ရေးဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီ ၂၂ ခု ရှိပါသည်။

#PTTmustStopPaymentToJunta
#BloodMoneyCampaignMM
တကယ့်ပရိတ်သတ်စစ်စစ်တွေကြောင့်
ရုံပြည့်ခဲ့တာဟုတ်ပါရဲ့လား ညိုမင်းလွင်

တိုင်းပြည်အမှောင်ဖုံးနေတဲ့ အခြေအနေတွေကြောင့်
စားဝတ်နေရေးကျပ်တည်းနေတဲ့တိုင်အောင်
ဘာအနုပညာ လှုပ်ရှားမှုမှမလုပ်ပဲ
ဇွဲရှိရှိတောင့်ခံပေးနေကြတဲ့ အနုပညာရှင်တွေ

ရုပ်ရှင်ရုံအတွဲခုံတွေဆီ ပြန်မဝင်နိုင်ကြတော့တဲ့
နွေဦးတော်လှန်ရေးခရီကြမ်းကြား သေကွဲကွဲခဲ့ကြတဲ့
ချစ်သူစုံတွဲတွေ

ဗမာဇာတ်ကားနှစ်သက်ပေမဲ့ အဖမ်းအဆီးတွေကြား
တပည့်သားသမီးတွေနဲ့ ရှင်ကွဲကွဲရှောင်တိမ်းနေကြရတဲ့
CDM ဆရာ၊ဆရာမတွေကို မျက်ကွယ်ပြုစိန်ခေါ်ခဲ့ပြီးမှ
ရုံပြည့်ရုံလျှံဆိုတော့ကာ ...

တကယ့်ပရိတ်သတ်စစ်စစ်တွေကြောင့်
ရုံပြည့်ခဲ့တာဟုတ်ပါရဲ့လား ညိုမင်းလွင်

#SocialPunishment #Boycott
#NyoMinLwin #JCGV
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Y.S.D Scout Channel
ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ စစ်​ရေးလှုပ်ရှားမှု​ကြေငြာချက်



( ၈)ရက် (၃) လ (၂၀၂၃) ခုနှစ်
လေးကြိမ်မြောက်အခမဲ့သင်တန်း ရေဘဝဲတွေဖွင့်ပြီ 🔔

အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန နှင့် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) တို့ပူးပေါင်းဖွင့်လှစ်သွားမည့် " ခေတ်လူငယ် "  သင်တန်းအမှတ်စဥ် (၄)

သင်ကြားမည့်ဘာသာရပ်များ

၁)  လူငယ် နှင့် ဂျဲန်ဒါတန်းတူညီမျှမှု
၂) လူငယ် နှင့် ပြည်သူ့နီတိ
၃) လူငယ် နှင့် နိုင်ငံရေး
၄) လူငယ် နှင့် ခေါင်းဆောင်မှု

သင်တန်းကာလ ကြာမြင့်ချိန်

(၂) ပတ်ကျော်

သင်ကြားမည့်အချိန်

မြန်မာစံတော်ချိန် ည (၇:၃၀) နာရီမှ ည (၁၀:၀၀) ထိ

လျှောက်လွှာတင်နိုင်သည့်သူများ

အသက် (၁၆) နှစ်မှ (၂၅) နှစ်ထိ
သင်တန်းအစမှအဆုံးတိုင် ' မပျက်မကွက် '
တက်ရောက်နိုင်သူ မည်သူမဆို

သင်ကြားမည့်ပုံစံ

ZOOM

လျှောက်လွှာ တင်ရမည့်ပုံစံ

Telegram
@OCTOPUSoffice

လျှောက်လွှာ ပိတ်မည့်ရက်

(၁၁.၃.၂၀၂၃)

#ခေတ်လူငယ် #MOWYCA
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
သွေး တစ်စက်

ကျနော်တို့ဟာ အတ္တသမားတွေပါ။ ဘာလို့ဆို ကျနော့်တို့ ခန္ဓာမှာ ခြစ်ရာလေးတစ်ခု သွေးစက်လေးတစ်စက် ဖြစ်ခဲ့ရင်တောင် အတော် သည်းမခံနိုင်တဲ့ လူသား မျိုးနွယ်မို့ပါ။

ခြစ်ရာ ပွန်းရာ တွေ ကြုံခဲ့ရင်တောင် စုတ်တချက်ချက်မလား။

ဒါဆို ဒီသွေးတစ်စက်က အတော် အရေးပါတယ် ယူဆလို့ရတဲ့ အရာပေါ့။

ကျနော်တို့ရဲ့ အတ္တ လူ့သဘောမှာ သွေးတစ်စက်တောင် အရေးပါနေပြီဆို ‌သွေးငွေတွေက ပိုတောင် အရေးပါဦးမယ် မဟုတ်လား။ဒါက ၂၁ရာစုရဲ့ နွေဦးတော်လှန်ရေးကိုး။ နွေ‌ဦးတော်လှန်ရေးလို့ဆိုတာနဲ့ အသက်တွေ ချွေးတွေ သွေးတွေ ကျား မ မရွေး ကိုယ်စားပြု တော်လှန်မှု့တွေဟာ တစ်စိမ့်စိမ့် စီးဆင်းနေတဲ့ အရေးတော်ပုံကြီးမလား။

ကျွန်တော်တို့ ခန္ဓာက သွေးစက်လေးတစ်စက်တောင် အဆုံးရှုံး မခံနိုင်တဲ့ လူ့အာဂတွေဟာ သွေးငွေတွေကို မဖြတ်တောက်တာမျိုးကျ မဖြစ်သင့်တဲ့ လုပ်ရပ် မဟုတ်ဘူးလား။ ဒါဆို သွေးစွန်းနေတဲ့ သွေးငွေတွေက တကယ်ဖြတ်ဖို့ လိုနေပါပြီ။ တကယ်လဲ ဖြတ်နေပြီလား။

သွေးငွေဆိုတာ ဘာလဲ။

သွေးငွေဆိုတာ စစ်အာဏာရှင်တစ်ခုလုံး အသက်ရှင်ဖို့ ထောက်ပံ့နေတဲ့ မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ဒေါ်လာငွေတွေပဲ ဖြစ်ပါတယ်။ ဒီဒေါ်လာငွေအားလုံးကို MOGE ( Myanmar Oils and Gas Enterprises)ဦးဆောင်ပြီး PTT ( Petroleum Authority of Thailand )က တာ၀န်ယူ ပေးဆောင်နေတဲ့ ဒေါ်လာငွေ ( ရေနံငွေ )တွေပါ။

ဖေဖော်ဝါရီလထုတ် Nikkie Asia ရဲ့ ထုတ်ပြန်ချက်အရ စစ်အကြမ်းဖက်ဟာ 2022 ခုနှစ်အတွင်း ဒေါ်လာ သန်း 3900 ရရှိခဲ့ပါတယ်။ ဒေါ်လာသန်း 3900 ပါ။ 3900နော်။

ကျနော်‌တို့ တော်လှန်ရေးဟာ ကျနော်တို့ရဲ့ လုပ်ရပ်အပေါ် အများကြီး မူတည်နေပါတယ်။ အရေးတော်ပုံကြီး ပြီးမယ့်အချိန်ကို စောင့်နေတာထက် သွေးငွေတွေ ဖြတ်ပြီး စောင့်နေတာက အရေးတော်ပုံ အောင်မြင်ဖို့ ပိုနီးစပ်ပါတယ်။

အခုဆိုရင် သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ်ပိန်းက တတိယအကြိမ်မြောက် သွေးငွေ ဖြတ်တောက်ရေး လူပ်ရှားမူကြီး စတင်ပါတော့မယ်။ ဒီလှူပ်ရှားမှုမှာ ဘာတွေပါ၀င်မလဲ။

တော်လှန်မိတ်ဆွေတို့ရေ အခုလာမယ့် မတ်လ ၁၁ ရက်နေ့ ကစပြီး ၁၉ ရက်နေ့အထိ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ သွေးစွန်ငွေဖြတ်တောက်ရေးလှုပ်ရှားမှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မြေပြင် သပိတ်လှုပ်ရှားမှုတွေ နဲ့အတူ တော်လှန်လူထု တစ်ဦးချင်းစီတိုင်း အွန်လိုင်း လှုပ်ရှားမှုတွေမှာ ပါဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

- ဓာတ်ပုံ ကမ်ပိန်းများ ( မတ်လ ၁၁ မှ ၁၃ရက်ထိ)
- Twitter Mass Trending လှုပ်ရှားမှုများ ( မတ်လ ၁၁ မှ ၁၂ထိ)
- Google Map ကမ်ပိန်းများ ( မတ်လ ၁၅ မှ ၁၆ ထိ)
- အီးမေး ကမ်ပိန်းများ ( မတ်လ ၁၈ မှ ၁၉ထိ )

စတဲ့ အစီစဉ်တွေမှာ ပါဝင်ပေးခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေတွေကို ဖြတ်တောက်ကြပါစို့။

ကျွန်တော်တို့ရဲ့ သွေးတစ်စက်ဟာ အာဏာရှင် အသက်ဆက်ရှင်ဖို့ သွေးငွေ( ရေနံမှ ရသော ဒေါ်လာငွေ ) မဖြစ်စေရပါဘူးဟု သန္နိဌာန်ပြုရင်း....

#US_SanctionMOGE
#TakeAction_NoMoreWord
#PTT_StopSponsoringJunta
#PTT_MustStopPaymentToJunta
တော်လှန်မိတ်ဆွေတို့ရေ

Café Amazon Kan Thar Yar ကတော့ ကျွန်တော်တို့အားလုံး ဝိုင်းပြီး နာမည်ပြောင်းတာ အောင်မြင်ခဲ့ပါပြီ။

Bloody Café လို့နာမည်ပြောင်းသွားခဲ့ပါပြီ။ အားလုံးရဲ့ စုပေါင်းမှုနဲ့ လုပ်ဆောင်နိုင်ခဲ့ပါပြီ။

#PTT_MustStopPaymentToJunta
#Boycott_CafeAmazon
#BloodMoneyCampaignMM
ဒီလပိုင်းတွေမှာ ရှိုးပွဲတွေ၊ ပြပွဲတွေ၊ ပွဲလမ်းသဘင်တွေ ခပ်စိတ်စိတ် လုပ်လာကြပါတယ်။ တချို့သော အနုပညာရှင်များဆို ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေထက် ဖျော်ဖြေပွဲတွေ ပိုများလာကြပါတယ်။ ဒီပွဲလမ်းတွေကိုမြင်ရင် ဒီနိုင်ငံမှာ ဘယ်တုန်းကမှ သွေးချောင်းမစီးခဲ့ဘူးလို့တောင် ထင်ရနိုင်ပါတယ်။

လူတိုင်းဟာ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ဘဝကိုဆုံးဖြတ်ခွင့်ရှိကြတယ်။ ပြည်သူတွေက ရှိုးမဆိုရဘူး၊ ပွဲမတက်ရဘူးလို့ မတားပါဘူး။ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်စေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အခမ်းအနားတွေ၊ တော်လှန်ရေးကို ပုံဖျက်စေနိုင်တဲ့ ပွဲလမ်းတွေကို ရှောင်ရှားဖို့တောင်းဆိုကြတာပါ။အနုပညာရှင်တွေအနေနဲ့လည်း ဝမ်းရေးက တိုက်တွန်းတဲ့အခါ အခကြေးငွေရ ပွဲလမ်းတွေကို ရှောင်လွှဲလို့ မရတာမျိုး ကြုံတွေ့ကြရ တယ်။ သို့ပေမယ့် မည်သို့၊ မည်ပုံ ဆက်လက်ရပ်တည်မလဲဆိုတာကတော့ မိမိဆုံးဖြတ်ချက်ဖြစ်ပါတယ်။

မဲဆောက်ဆိုတာမှာ စစ်ကောင်စီပေးတဲ့ ဒုက္ခတွေကြောင့် ဆင်းရဲကြီးစွာ ထွက်ပြေးလာရတဲ့ ပြည်သူတွေ အများအပြား ရှိပါတယ်။ ဒီပြည်သူတွေရဲ့ မျက်နှာကို မထောက် မဲဆောက်မှာ လာရောက်ဖျော်ဖြေနိုင်တဲ့ အနုပညာရှင်တွေဟာ ကိုယ်ကျင့်တရား ပြဿနာရှိနေတယ်လို့ ဆိုရမယ်။ ပြည်သူတွေက ဘာလို့ ဒီလောက်စိတ်ဆိုးဒေါသထွက်လဲဆိုတာ သူတို့တွေသိသင့်တယ်။ ဒီလိုမျိုးဖြစ်ရပ်တွေကို ထည့်သွင်းမစဉ်းစားနိုင်ကတည်းက ဒီလိုလူတွေရဲ့ရပ်တည်ချက်က ဘာလဲဆိုတာ သိသာတယ်။

ခေတ်ပျက်တဲ့အခါ ငတ်မွတ်ဆင်းရဲမှုကို မိမိသီလနဲ့ လဲလှယ်ရတတ်တယ်။ ဘယ်အနုပညာရှင်က သူတို့သီလကို ငွေကြေးနဲ့ လဲလှယ်ခဲ့ကြတယ်ဆိုတာ သမိုင်းမှာ လူထုက အဆုံးအဖြတ်ပေးပါလိမ့်မယ်။