Kyimyindaing Scout Channel
181 subscribers
423 photos
52 videos
280 links
Download Telegram
"တိတ်ဆိတ်ခြင်းရဲ့ ကျယ်​လောင်မှု"


အခုလို ၂ နှစ်ပြည့်သွားသည့်အချိန်ကာလအထိ အကြမ်းဖက်စစ်​ကောင်စီရဲ့အာဏာလုယူအနိုင်ကျင့်​မှုများကို လုံးဝလက်မခံ​ကြောင်း Silent Strike မှာပါဝင်ရင်းတညီတညွတ်တည်းထုတ်​ဖော်ပြသကြပါစို့

ယ​နေ့  ၂၀၂၃ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၁ ရက် မနက် ၁၀ နာရီမှ ည​နေ ၃ နာရီအထိ ကိုယ့်အိမ် ၊ ကိုယ့်ဆိုင် ၊ ကိုယ့်ရုံး ၊ ကိုယ့်အမိုးအကာ​အောက်မှာပဲ​နေကြရ​အောင်ပါ။

လမ်းမ​တွေ​ပေါ်မှာ ကားမရှိ ၊ လူမရှိ တိတ်ဆိတ်ခြင်းနဲ့အတူ ညီညာစွာဆန္ဒထုတ်​​ဖော်ကြပါစို့ ✊️✊️✊️

#SilentStrike
#YSD
@YSDinformer
Media is too big
VIEW IN TELEGRAM
တစ်နိုင်ငံလုံးအနှံ့ “Silent Strike အသံတိတ်သပိတ်” ကို ဆင်နွှဲကာ တေးရေး/တေးဆို - သားနတ်သျှင်နောင်ရေးတဲ့ “ရှေ့ဆက်လှမ်းမယ်” သီချင်းလေးကို နားဆင်ရင်း အားတင်းဖြတ်သန်းကြပါစို့။

စစ်အာဏာရှင်တွေကို ဆန့်ကျင်တွန်းလှန်ဖို့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကိုယ်စီတာဝန်ကျေကြပါစို့။
………….

“ရှေ့ဆက်လှမ်းမယ်” (သီချင်း)

တေးရေး - သားနတ်သျှင်နောင်
တေးဆို - သားနတ်သျှင်နောင်
ရုပ်သံတည်းဖြတ် - MMT

••••••••
သတင်းနှင့် ပြန်ကြားရေးဌာန
စစ်ဒေသခွဲ အမှတ် ၃
Forwarded from Y.S.D Scout Channel
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊စစ်ဒေသခွဲအမှတ် ၃ ​၏ သတင်းနှင့် ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ခြင်း။
-------------------
၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊စစ်ဒေသခွဲအမှတ် ၃ ​၏ သတင်းနှင့် ပြန်ကြားရေးဌာန-စစ်ဒေသခွဲအမှတ် ၃ ကို လူမှုကွန်ရက်စာမျက်နှာများတွင် ဖွင့်လှစ်ပြီးစီးကြောင်း အသိပေးကြေညာအပ်ပါသည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ် (EROs) တို့ပူးပေါင်း၍ လှုပ်ရှားဆောင်ရွက်နေသော စစ်ဆင်ရေးသတင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် သားများအား သင်ကြားပို့ချသော သင်တန်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ တော်လှန်ရေးကာလအတွင်း နေထိုင်လှုပ်ရှားဆောင်ရွက်မှုအခြေအနေများကို ပြည်သူလူထုအား သိရှိစေရန်နှင့် သတင်းဖြန့်ဝေခြင်း လုပ်ငန်းဆောင်တာများအား လုပ်ဆောင်ရန် ရည်ရွယ်ထားပါသည်။

ထို့အပြင် အဆိုပါ သတင်းကိစ္စများတင်ဆက်ရာတွင် နွေဦးတော်လှန်ရေးနှင့်ပတ်သက်သော မြို့ပြပြောက်ကျားသပိတ်၊ မြို့ပြပြောက်ကျားလှုပ်ရှားမှု၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် လမ်းညွှန်ချက်များ၊ မဟာမိတ် EROs များ၏ ထုတ်ပြန်ချက်များနှင့် လှုပ်ရှားမှုများ၊ နွေဦးတော်လှန်ရေးနှင့်သက်ဆိုင်သော နိုင်ငံတကာသတင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ တန်ပြန်လှုပ်ရှားမှုများ၊ တော်လှန်ကာတွန်းနှင့် တော်လှန်ဆောင်းပါးတို့ကို ဟန်ချက်ညီစွာဖြင့် တင်ဆက်မျှဝေနိုင်ရန်လည်း ပြင်ဆင်ထား​ပါသည်။

••••••••
သတင်းနှင့် ပြန်ကြားရေးဌာန
စစ်ဒေသခွဲ အမှတ် ၃


Facebook Page Link 👇

https://www.facebook.com/profile.php?id=100089860542477&mibextid=ZbWKwL

Telegram Channel Link 👇

https://t.me/news_and_info_region3/21


#video_by_ရဲဘော်ဗိုလ်ချုပ်