News Knowledge Share ( ကိုဝေယံ WYYY )
2.99K subscribers
512 photos
16 videos
33 files
44 links
အလုပ်ကိစ္စဆက်သွယ်ရန် - @KWY018

Music & Song Bot - @WYYY036bot

https://t.me/boost/NewsKnowledgeShare

Top 1 Boost Main Channel
https://t.me/Top1Boost_Main
Download Telegram
အနာဂါတ်ရော
မျှော်လင့်ချက်ရော
ရှင်သန်ဖို့အတွက်ရော
တိတိကျကျရယ်လို့
ဘာမှဟုတ်တိပတ်တိ
မရှိခဲ့တဲ့ဘဝတွေဟာ
ပါးပြင်ကမျက်ရည်ဆိုတာ
သူတို့အတွက်
မွန်းကြပ်မှုကိုလျှော့ချပေးတဲ့
မူလီတစ်ခုပဲ

လှော်တက်မရှိတဲ့လှေငယ်တစ်စင်းဟာ
နစ်မြှပ်မှာလဲပူရ မရောက်မှာလဲပူရနဲ့
ဗျာဗာဒတွေ လှေဝန်းထဲမှာ
ပြည့်လို့
ရေလှိုင်းနဲ့ မုန်တိုင်းကြားမှအလူးအလဲ အသက်ကိုသိမ်းထားဖို့
ခြောက်ခြောက်သွေ့ရယ်လို့
ဘယ်နေရာမှမရှိသလောက်ပဲ

လွင့်ချင်ရာလွင့် နစ်ချင်ရာနစ်
ဘယ်ကမ်းကပ်ကပ်ဆိုပြီး
အထိမ်းကွတ်မရှိ စိတ်လိုလက်ရ
လွတ်ချပစ်လိုက်ချင်ပေမယ့်
တာအထွက်မှာစိုက်ထူခဲ့တဲ့
စာမျက်နှာတစ်ခုကိုပြန်ပြန်ငဲ့နေခဲ့ရတယ်

ကမ်းခြေမှာရေလှိုင်းစီးရတဲ့ဖီလင်လောက်ပဲသိခဲ့တဲ့လူငယ်တွေဟာ
ပင်လယ်ဟာဒီလောက်မာယာများမှန်းဘယ်ထင်ခဲ့ကြမှာလဲကွယ်

စုတ်ပြတ်နေတဲ့ပစ္စုပ္ပန်မှာ
လှပတဲ့ပန်းချီကားတစ်ချပ်ရဖို့ ဘယ်ဆေးသားနဲ့ခြယ်သရမလဲ။


-ချည်
1🍓1
အချစ်ရေ..
စဉ်းစားကြည့်ရင်
ကိုယ်တို့ ဘဝတွေဟာ
မိုးနဲ့ မြေပါလေ...

နီးချင်လျက် ဝေးရသလို
အဆင်ပြေချင်ပါလျက်နဲ့လည်း
ပြဿနာတွေ ဖြစ်ရတယ်။

ပျော်သလားဆိုရင်
မင်းကို ချစ်နေသ၍
ကိုယ်ပျော်ပါတယ် အချစ်ရေ။

- လိပ်ပြာ
“ငါ”တစ်လုံးဆောင်

ငါသည်ယောက်ျား၊မည်သူကားမျှ
မကြားသိချေ။
ငါသည်မိန်းမ၊မည်သူမျှလည်း
မသိကျွမ်းချေ။
ငါဟူသောသူ၊ကမ္ဘာဂူ၌
လူဖြစ်ရခြင်း၊ဘဝဆင်းတွင်
ငြင်းပယ်တားက၊‌အသက်ရုပ်လွှာ
ခွာချလျက်ပေ၊အဆွေပေါင်းတို့။

ငါရှူသောလေ၊မပေညစ်လျက်
ငါရပ်သောမြေ၊မကြေမွဘဲ
ငါစွဲသောစာ၊ငါ့ကမ္ဘာတွင်
အရာထင်မည်။

ငါတောင်းသောဆု၊မတုပလျက်
ငါတက်သောထိပ်၊မဆိတ်သုဉ်းဘဲ
ငါတွဲသောလက်၊ခေတ်အဆက်တွင်
အသက်ဆုံးမည်။

ပေါက်ဖွားမြင်စ၊ကလေးဘဝ
ကြီးမှအရွယ်၊ဆယ်ကျော်သက်ချိန်
ဇိမ်ယစ်မူးခြင်း၊ဖယ်ရှားထွင်းကာ
ရင်းမြစ်ဇာတိ၊မရောက်ရှိခင်
သိကျွမ်းသူများ၊ငါ့ကိုကားလည်း
ဝါးတားယောင်ခြာ၊ညှိုးငယ်စွာဖြင့်
ကြမ္မာလည်လျက် ခက်လှချေ။

ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
ကမ္ဘာကြီးက ငါတို့ကို
ကြည့်ပြီး အရှုံးသမားလို့ သမုတ်လည်း၊
ငါတို့ ဘယ်လောက်တောင်
ရုန်းကန်ခဲ့ရလဲဆိုတာ ငါတို့အသိဆုံးပဲ။

လွန်းတိမ်ညို
1
တွေးကြည့်ရင်
ရိုးရှင်းပါတယ်...
မင်းမချစ်လည်း
နေသားတကျဖြစ်နေတဲ့
ငါ့ဘဝဟာ မင်းကိုချစ်နေရခြင်းတွေနဲ့
ပြည့်နက်နေပါတယ်။

- လိပ်ပြာ
ဘာသိလဲမေးရင် ဘာမှမသိဘူး၊
ဘာရှိသလဲမေးရင် ဘာမှမရှိဘူး၊
ငါသိနေတာ ငါရှိနေတယ်ဆိုတဲ့
အကြောင်းတရားတစ်ခုမျှသာ…။

ညနက်နက်တွေရောက်ရင်
ကြယ်တွေကို စီငေးမောကြည့်လို့ မေးမိတယ်…
“မင်းတို့ရော အဲဒီမှာ နေပျော်ရဲ့လား၊
လဲပြိုကျမှုတွေရော ထိုအရပ်မှာ ရှိပါရဲ့လား…”

ဘယ်လိုပင်နေနေ ဧည့်သည်က
ဧည့်သည်ပဲမို့ငါလည်း တစ်နေ့
ကြယ်တွေလားရာဆီ ပြန်ရမယ်။

နေထိုင်ခြင်း သုံးမျိုးရှိသတဲ့—
အသက်ရှင်တာရယ်၊
သေဆုံးခြင်းရယ်၊
နောက်တစ်မျိုးက ရှင်သန်နေရင်း
သေဆုံးခြင်းရယ်။

အုံကြွတယ်၊ သူပုန်ထတယ်၊
တဏှာတွေကြွလို့ စီကရက်နဲ့ အရက်တွေထဲ မျောပါကြတယ်၊
ဒါဟာ ဒီကမ္ဘာမှာ ဖြစ်ပျက်နေမြဲ…။

ငါသေဆုံးတဲ့အခါ
ကောင်းကင်နိုင်ငံတော်မှာ မရှာနဲ့၊
ပူလောင်ခြင်းအပြည့်နဲ့
ငရဲကြီးရှစ်ထပ်မှာလည်း မရှာနဲ့၊
ငါ့ကို… ငါ့ကဗျာတွေထဲမှာပဲ ရှာပါ။

_မောင်ဖက်ကြမ်း
_စိတ္တဇကြယ်၃
❤‍🔥2
သူပြန်ချစ်ခြင်း
မချစ်ခြင်းဆိုတာဟာ
ကျွန်တော့် စားနေတဲ့
ထမင်းကြမ်းပေါ်မှာ
မူတည်ပါတယ်။

-အံ့လွန်းပျို
အမျိုးသမီးရေ
ကျွန်တော် ခင်ဗျားကို လွမ်းတယ်..
ဒါပေမဲ့လည်း ဒီစကားဟာ
ကျွန်တော့်အတွက် ပြောခွင့်မရှိတဲ့
စကားတစ်ခွန်းဖြစ်မယ် ထင်ရဲ့...

ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာတွေဟာ
အမျိုးသမီးအတွက်ပဲ ဖြစ်ခဲ့ပါတယ်..
ဖြစ်နေပါတယ် အမျိုးသမီးရေ...

ကျွန်တော်က ခင်ဗျားကို
မပိုင်ပေမဲ့လို့ ကျွန်တော့်ကိုတော့
ခင်ဗျားပိုင်ပါတယ်။

သိပ်ချစ်တယ် အသက်...။

- လိပ်ပြာ
[ တိတ်တခိုးအချစ် ]
ဤသို့ ဤပုံ ဤဖြစ်ပျက်တည်း

လောကအလယ်၊ ဗဟိုဝယ်၌
ဖက်တွယ်ထားမှု၊ နှိုင်းတုပြုလျက်
သက်ရှင်ကာလ၊ ဘဝတစ်ပါး
‌ပြောင်းသွားထိတိုင်၊ တွေ့ကြုံငိုင်ရ
အနိုင်အရှုံး၊ အမုန်းအချစ်
အဖြစ်အပျက်၊ အတက်အဆင်း
ထိုအချင်း၌၊ အလင်းမဲ့ကား
နောင်တများကို၊ ကြောင်းကြားပြကာ
ဤသို့သာလျှင် ပို၍တည်း။

မိမိကိုယ်ကိုယ်၊ ‌တော်တတ်ဆို၍
မြင်းမိုရ်တောင်နှယ်၊ ယုံကြည်သွယ်မှု
မြင့်ပယ်ထားကာ၊ အမှားအမှန်
ချန်ထားရစ်လို့၊ ဖြူစင်ညှို့နှင့်
ထိုသို့ခံယူ၊ လူများကြားတွင်
ရွံရှာသွင်ကား၊ ဖယ်ကြဉ်လျစ်လျူ
ငြင်းယူသော်ငြား၊ ကျွဲပါးစောင်းတီး
နည်းတူသကဲ့၊ အကြောင်းမဲ့ရာ
ဤပုံသာလျှင် ဆို၍တည်း။

ဥစ္စာစည်းစိမ်၊ ဂုဏ်ဒြပ်ရှိန်ကို
အိုးအိမ်ပြောင်ဝင်း၊ ‌ဗိုက်ဖြိုးတင်းလို့
အဆင်းလှပ၊ ခံစားရချိန်
နိမ့်ကျသူနှင့်၊ ချို့တဲ့ဖြင့်ကား
ချင့်ချိန်ဉာဏ်သွား၊ ဦးနှောက်ပါးကာ
စားဝတ်နေရေး၊ ဒုက္ခဘေးတို့
‌မနှေးမြန်စွာ၊ ဆိုက်ကပ်လာမှ
စာနာစိတ်က၊ ကြောင်းပြသည်သာ
ဤဖြစ်ပျက်လျှင် လို၍တည်း။

ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
၁၂ရက်၊ ၈လ၊ ၂၀၂၆ခုနှစ်
နှစ်ခါအကြည့်ချင်းဆုံ၍
၅ခါနှင့်မနည်း ငေးကြည့်ခဲ့သည်။
ယနေ့လည်း
သူပျော်နေပုံပေါ်ပါသည်။

-အံ့လွန်းပျို
သေမင်းဟာဒုန်းစိုင်း
ပြေးလာတဲ့ခေတ်
ပျော်အောင်နေဖို့ထက်
မသေအောင်နေဖို့
ပိုအရေးပါသောအဖြစ်ပျက်ဟာ
မသိမသာနဲ့ သိသိသာသာဖြစ်တယ်
မေတ္တာတရားဟာ
ကန္တာရဆန်လာတဲ့အထိ
ခြောက်ခြားစရာတွေထင်ဟတ်လာတယ်
မဖိတ်ခေါ်တဲ့အန္တရာယ်များစွာဟာ အူယားဖားယား
အတွင်းသုံးဆယ့်ခုနှစ်မင်း
အပြင်သုံးဆယ့်ခုနှစ်မင်း
ဘယ်နတ်မင်းမှ
ကယ်တင်နိုင်ခြင်းမရှိ
ပစ္စုပ္ပန်မှာ
လောင်ကျွမ်းဆဲဘဝတွေဟာ
ကုရာနတ္ထိဆေးမရှိ
ပဲတင်ထပ်နေတဲ့
အော်ဟစ်ညည်းညူသံများ ၊
တောက်ခေါက်သံများစွာဟာ
သောကပင်လယ်ထဲမှာ
ကမ်းမမြင်လမ်းမမြင်နဲ့
နစ်မြှုပ်နေတဲ့ဘဝတွေအတွက်
ကမ်းမယ့်လက်ထက်
တွန်းနစ်မယ့်ဝါးသာ များလာခဲ့တယ်
ပိတ်မိနေတဲ့ဘဝများစွာအတွက်
ထွက်ပေါက်ဆိုတာ
အစရှာမရတဲ့ဆံချည်မျှင်ထွေးတစ်ခုလိုမျိုး
ဒီငရဲဟာ ဘယ်ကမ္ဘာအထိ
အဒွန့်ရှည်နေကြအုံးမလဲ။


-ချည်
-အတွေးစာစုများ
သင်ဟာ စာပေဝါသနာပါသူတစ်ယောက်လား...

ဒါဆို ကျွန်တော်တို့ရဲ့ အဏ္ဏဝါဂယက်စာစောင်ချန်နယ်ကို စဉ်ဆက်မပြတ် စောင့်ကြည့်ဖို့ လိုပါပြီ။ နေ့တိုင်း ကဗျာဆရာ/မကြီးများ၏ ကဗျာ/စာတို များကို ဖတ်ရှုခံစားရမှာဖြစ်သလို သင့်အတွက်အထူးအခွင့်ရေးတွေကလည်း ကျွန်တော်တို့ အဏ္ဏဝါဂယက်စာစောင်မှာရှိပါတယ်။

၁။ လစဉ် ထုတ်ဝေနေတဲ့ စာစောင်များမှာ ကလောင်ရှင်တို့အနေနဲ့ ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေးတို့ ပေးပို့နိုင်မှာဖြစ်ပါတယ်။

၂။ အဏ္ဏဝါဂယက်စာစောင်က ထုတ်လုပ်ဖြန့်ချီနေတဲ့ စာအုပ်တွေဟာ တစ်နေ့မှာ သင့်အတွက်ဖြစ်လာနိုင်ပါတယ်။

၃။ အဏ္ဏဝါဂယက်စာစောင်က စီစဉ်သည့် စကားဝိုင်းတွေကိုဖတ်ရှုရင်း သင်ဟာ တစ်နေ့ ဒီစကားဝိုင်းတွေမှာပါဝင်လာနိုင်ပါတယ်။


ဒါကြောင့် အဏ္ဏဝါဂယက်စာစောင်ချန်နယ်ကို Join ပေးထားကြပါ။

https://t.me/AnNaWarGaYat_sarsaung
လူတိုင်းမှာ မေ့ချင်ရင်တောင်
မေ့လို့မရတဲ့ အတိတ်တစ်ခုနဲ့
လူတစ်ယောက်ဆိုတာ အမြဲရှိတယ်။

- လိပ်ပြာ
💯1
ချစ်ဖူးသူဟာ
တစ်ယောက်တည်းပါ။
ငါကြည့်မိတဲ့ မိန်းမတွေအထဲ
မင်းအလှဆုံးလို့ ပြောရင်
သံသယမရှိ ယုံကြည်ပါကွယ်။

-အံ့လွန်းပျို
မဖြစ်လာခဲ့သော မနက်ဖြန်

အသက်ရေ...
ကိုယ်တို့ ပုဂံအတူ
သွားကြမယ်ဆိုတာက
မဖြစ်လာခဲ့သော မနက်ဖြန်တွေ
ထင်ပါရဲ့။

ကိုယ့်ရဲ့ မဖြစ်လာခဲ့သော မနက်ဖြန်တွေထဲ မင်းက
ပထမ.. ဒုတိယ.. တတိယ..
ပျော်စရာကြီးနော် ပြိုလည်း
ပြိုစရာကြီးပါပဲလားကွာ....

မျက်ရည်တွေနဲ့... မျက်ရည်တွေ...
မဖြစ်လာခဲ့သော မနက်ဖြန်တွေမှာ
ကိုယ်ဟာ မျက်ရည်တွေနဲ့အတူ
ပြိုလဲနေပါတယ် အသက်ရေ...

ဒါပေမဲ့ မင်းကတော့
မမြင်ရှာဘူး.. မသိရှာဘူးပေါ့လေ..

မင်းနဲ့ အတူဆိုတဲ့
ကိုယ့်ရဲ့ မဖြစ်လာခဲ့သော
မနက်ဖြန်တွေဟာ ရယ်ချင်စရာ..

လေထဲဆောက်မိတဲ့
တိုက်အိမ်တွေလိုပါပဲ...

မဖြစ်လာခဲ့သော မနက်ဖြန်တွေ
ကိုယ်တို့ရဲ့ မဖြစ်လာခဲ့သော
မနက်ဖြန်တွေ။

- လိပ်ပြာ
မမနွဲ့စန်းယဉ်ရဲ့အသဲကွဲကဗျာဆရာ(၁)

ကျွန်တော်မေ့မရနိုင်သော
မေ့လို့မဖြစ်သော
ရာစုနှစ်တစ်ချို့ တုန်ယီမောဟိုက်နေခဲ့တဲ့နောက်
မြိုချစရာ ရင်ခုန်သံတို့
အသံတွေတိတ်ဆိတ်သွားခဲ့တယ်

ကျွန်တော့် ဒဏ်ရာတွေထက်
မင်းကို ပိုအလေးပေးထားပါတယ်မမနွဲ့စန်းယဉ်.....
ပျော်သလိုသုံးပြီး မလိုရင်ပစ်နိုင်ပါတယ်
လဲကျရာနေရာဟာ
ကျွန်တော့် နှလုံးသားရဲ့
အပြီးတိုင် နားခိုရာနေရာတစ်ခုပါ

ယိမ်းနွဲ့နေတဲ့ အလှတရား
တွေဟာ မမနွဲ့စန်းယဉ်ရဲ့
အပိုင်သင်္ကေတငယ်ငယ်
စိုးရိမ်အမှတ်သို့ ရောက်ရှိခဲ့ရတဲ့
ကျွန်တော့အတွေး များက
မမနွဲ့စန်းယဉ်နဲ့စတင်လည်ပတ်ပြီး
မမနွဲ့စန်းယဉ်အနားမှာပဲ ‌ငြိမ်းသတ်သွားခဲ့တယ်လေ

အိမ်ဆိုတာတန်ဖိုးမြင့်တယ်မမနွဲ့စန်းယဉ်
ကျွန်တော့်အိမ်လေး မမနွဲ့စန်းယဉ်ပဲဖြစ်ပေးနိုင်မလား
ခေါင်းအစခြေအဆုံး ကျွန်တော့်တာ၀န်ထားပါ
ဆန္ဒတွေ အမြောက်အမြားထဲမှာ
မမနွဲ့စန်းယဉ် ကြိုက်တဲ့
ပိုးထဘီ၊ကတ္တီပါဖိနပ်အပါးနဲ့
မမနွဲ့စန်းယဉ်လည်တိုင်ကျော့ကျော့ထက်
ပုလဲဖြူတို့လည်း တင့်တယ်စွာနေရာယူနေတယ်

ကျွန်တော်ရယ် မမနွဲ့စန်းယဉ်ရယ်
မင်္ဂလာဦးဓာတ်ပုံလေး ရိုက်ကြပြီး
အနာဂတ်လှလှလေးကို
ဆေးရောင်ခြယ်ကြမယ်လေ...။

- စောနွယ်
August 11 7:10PM
ခဏခဏနေမကောင်းဖြစ်ခြင်းမှာ
မင်းဂရုစိုက်တာကို ခံချင်တဲ့
ငါ့ဆန္ဒဟာ ရာနှုန်းပြည့်ပါကွယ်။

-အံ့လွန်းပျို
ကြယ်တွေကို ငေးဖူးတယ်
မင်းမျက်ဝန်းတွေထက်တော့
မလှဘူးပေါ့ အသက်ရယ်။

- လိပ်ပြာ