Myanmar Times
268 subscribers
504 photos
10 videos
85 links
ABC Limited 💫 What Is Happening In Myanmar & World❗
နိုင်ငံတကာ နှင့် ပြည်တွင်း သတင်းများ မှန်ကန်စွာ စီးဆင်းရေး ၊ သတင်းများထုတ်လွင့်ခြင်း News & Media Network 🚨📰🗞️ 🇲🇲🇲🇲🇲🇲🌍
Download Telegram
ထောက်ပို့တပ်သား ဖြစ်ချင်ပါသလား
တိုင်းပြည်နှင့် ပြည်သူလူထုကို ကူညီလိုပါသလား။

အောက်ကပေ့ချ်လင့်ကိုသွားပါ။ Member ဝင်ပါ။ လစဉ်လှူပါ။ ထောက်ပို့တပ်သား ဖြစ်နိုင်ပါပြီ။

တော်‌လှန်ရေးကြီးပြီးမြောက်ဖို့ ထောက်ပို့တပ်က သင့်ကိုလိုအပ်ပါသည်
စစ်ကောင်စီ လျှို့ဝှက်ထိန်းသိမ်းထားသော နေရာတွင် အတူနေ အိမ်သားများ နေမကောင်းဖြစ်နေသည်ဟု အသိပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည် မလာ၍ ရွှေ့လိုက်ရသည့် ရုံးချိန်း လေးကြိမ်ရှိလာချိန်တွင် ကိုဗစ်နိုင်တင်း ကူးစက်ခံထားရမည်ကို စိုးရိမ်မကင်းဖြစ်မိကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

➡️ See More ⬅️
ဂိမ်းဆော့ရင်း PDF နှင့် တော်လှန်ရေးကို ထောက်ပံ့ကူညီကြမယ်၊ လူတစ်သောင်းဝင်လျှင် တစ်ရက် ငွေကျပ် သိန်း ၂၀ ရနိုင်ပါတယ်

PDF နဲ့ တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေပေးနေတဲ့ ကလစ်တွေ နှိပ်ရမှာ ပျင်းလာရင် ဂိမ်းတွေဆော့ရင်းလည်း ထောက်ပို့ ကူလို့ရပါတယ်။

play 2 donate မှာ ကြိုက်ရာရွေးဆော့ဖို့ အဓိက ဂိမ်းအမျိုးအစား (၃) ခု နှင့် ဖျော်ဖြေရေး App တစ်ခု ရှိပါတယ်။

၁- Nway Oo Quiz (မေးခွန်းလေးတွေဖြေပြီး အဖြေလေးခုထဲက မှန်အောင် ရွေးဖြေရတာမျိုးပါ)

၂- ကြောင်ကယ်ဂိမ်းလို့ သိကြတဲ့ Cat Rescue ( Candy Crush လိုမျိုးဂိမ်းပါ)

၃- Nway Oo Candy
သူလည်း ရောင်စုံတုံးလေးတွေ ဆက်ရတာပါ။

၄. Nway Oo Videos
ဘောလုံးပွဲ Live တွေအပါအဝင် ရုပ်ရှင် ဗီဒီယိုတွေကြည့်လို့ရတဲ့ App လေးပါ။

iOS ရော Android ပါ ရတာမို့ လူများများဝင်ဆော့လေ ငွေပိုရလေပါ။

လူ တစ်သောင်း ဝင်ရင် တစ်ရက်ကို အနည်းဆုံးငွေကျပ် သိန်း ၂၀ ဝင်ပါတယ်။ နောက်ဆုံး ဂိမ်းမဆော့ချင်ရင်တောင် Nway Oo Quiz Website ထဲမှာ ဝင်ပြီး တောင်နှိပ် မြောက်နှိပ် လုပ်ရင်း ကြော်ငြာကြည့်ပေးလို့ရပါသေးတယ်။

➡️ Red More ⬅️
This media is not supported in your browser
VIEW IN TELEGRAM
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဘယ်လောက်စိုးရိမ်နေရလဲ (ရုပ်/သံ)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်သူတွေမှာ ကိုဗစ်ပိုး တွေ့လို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က မတ်လ ၂၈ ရက်နေ့က ရုံးမထုတ်ခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် မှာလည်း ကိုဗစ်ပိုးတွေ့ရတယ်လို့ နေပြည်တော်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

လောလောဆယ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကျန်းမာရေး အခြေအနေဘယ်လိုရှိပါသလဲ။

ဘီဘီစီ သတင်းထောက် ကိုနန္ဒ ပြောပြပေးမှာပါ။

Myanmar Times 💠🇲🇲
@MyanmarTimes
ယနေ့ ညနေပိုင်းက ရန်ကုန် မြို့တော်ဝန်သင်္ကြန်ရေကစားမဏ္ဍပ်အနီးနား ပေါက်ကွဲ မှု ဖြစ်ပွား
.................
ဧပြီ ၈

ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့တော်ဝန် သင်္ကြန်ရေ ကစားမဏ္ဍပ် အနီးနားတွင် အသံကျယ်လောင်စွာဖြင့် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနီးနားရှိ ပြည်သူတွေက ပြောပါတယ်။

ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက “ အချိန်က ၄ နာရီ ၂၀ လောက်ဖြစ်မယ်။ ပေါက်ကွဲတဲ့အသံကတော့ တော်တော်လေး ကျယ်တယ်။ စည်ပင် ဝန်ထမ်းတွေ ရုံးဆင်းတဲ့အချိန် သူတို့ ဝန်ထမ်းကြိုပို့ကားတွေ စီးဖို့ သင်္ကြန်မဏ္ဍပ်နား စောင့်နေတဲ့အချိန် ပေါက်ကွဲသံကြီးက အကျယ်ကြီး အုန်းကနဲပဲ ။ အဲဒီအသံကြားတော့ စည်ပင် ဝန်ထမ်းတွေ အကုန် မြို့တော်ခန်းမထဲ ဝင်ပြေးကြတာ တွေ့တယ်။ ကားလမ်း ပိတ်တာမျိုးတော့ မတွေ့ဘူး။ သွားတော့မ ကြည့်ရဲဘူးလေ။ ဘာမဆိုင်ညာမဆိုင်နဲ့ စကားတွေ ပြောနေရမှာဆိုးလို့ ” လို့ ပြောပါတယ်။

Myanmar Times 💠🇲🇲
👍5
မန္တလေးက နာမည်ကြီး Space Bar အပါအဝင် နေရာအချို့ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူများ
==================

မန္တလေး
👍1
🚫❌ရေသည် ဒလန် ဟန်ငြိမ်းဦး ကိုင်ထားတဲ့ Group နဲ့ Page ပါတဲ့ My Day ဆိုတာက သတိပေးတာပါနော် ၊ ထွက်ကြပါ အန္တရာယ်များတယ်။ သူငယ်ချင်းတွေကိုလည်း သတိပေးပါ။

Ref : CH
#Boycott #HC

Myanmar Times 💠🇲🇲
@MyanmarTimes
😱4
စစ်ကောင်စီက နိုင်ငံခြားချေငွေ ကိုကန့်သတ်ရန် ထုတ်ပြန်လိုက်ပြီးနောက်

မြန်မာကျပ် ငွေကြေးတန်ဖိုးကျဆင်း လာပြီး ၊ ဒေါ်လာဈေးများ ၂၅၀၀ကျပ်၀န်းကျင်ထိ ရောက်ရှိခဲ့ပါတယ်။

Myanmar Times 💠🇲🇲
👍1
မြန်မာနိုင်ငံက ဘဏ်တွေ တိတ်တဆိတ် ဒေဝါလီခံဖို့ပြင်ဆင်နေကြသည်ဟု ပြောဆိုကြသံများ ပျံ့နှံ့လာနေသည်။

အတွေးအမြင်များကိုမျှဝေပေးသွားနိုင်သည်။

Myanmar Times 💠🇲🇲
၅၀၅-က ဖြင့် အရေးယူထားသည့် အနုပညာရှင်များနှင့်ပြစ်ဒဏ်ကျခံလျက်ရှိသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု စစ်ကောင်စီထုတ်ပြန်
---------
အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ရာဇသတ်ကြီးဉပဒေပုဒ်မ ၅၀၅-ကအရ အရေးယူထားသည့် အနုပညာရှင်များနှင့် ပြစ်ဒဏ်ကျခံလျက်ရှိသူများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်းများပြုလုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၁၆ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

မနက်ဖြန် နိုဝင်ဘာလ ၁၇ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးရပြီးနောက် ယနေ့ကာလအထိ နိုင်ငံတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဘွဲ့တံဆိပ်များချီးမြှင့်ခြင်း အမိန့်ကြေညာစာနှင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် ထုတ်ပြန်မှုများအား မနက်ဖြန်နိုဝင်ဘာလ ၁၇ရက်နေ့ နံနက် ၇နာရီတွင် စစ်ကောင်စီဝါဒဖြန့် ရုပ်သံလိုင်းများဖြစ်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar Times 🇲🇲
@MyanmarTimes
👍12