Myanmar Now
56.9K subscribers
787 photos
17 videos
1 file
5.33K links
Myanmar Now သည် မတရားမှုများကို စုံစမ်းဖော်ထုတ်သည့်သတင်းဌာနဖြစ်သည်။
Download Telegram
ဝိုင်းမော်မြို့တွင်လည်း မြို့အနိမ့်ပိုင်း ရပ်ကွက်အချို့နှင့် မြို့တောင်ဘက်ရှိ ခတ်ချိုကျေးရွာတို့တွင် ရေနစ်မြုပ်ခဲ့ပြီး အိမ်ခြေ ၆၀ ဝန်းကျင်ခန့်ကို ရွှေ့ပြောင်းပေးခဲ့ရသည်ဟု မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ တာဝန်ခံက ပြောသည်။

သို့သော် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ရေပြန်ကျနေပြီဖြစ်ကြောင်းနှင့် စိုးရိမ်စရာ မရှိကြောင်း အဆိုပါ လူမှုကူညီရေးအသင်းတာဝန်ခံက ပြောသည်။

“ဒီမနက်ထိ တက်သေးတယ်၊ ၁၀ နာရီလောက်ကနေစပြီးကျတာ။ တော်တော်ကြီးကို ကျသွားပြီ ပေနဲ့တော့ ကျွန်တော်မပြောတတ်ဘူး စိုးရိမ်ရေအမှတ်အောက်ကို ကျသွားပြီ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကတော့ မြေနိမ့်ပိုင်းတွေ လုပ်ပေးနေတာပေါ့။ ကျန်တဲ့အပိုင်း တော်တော်များများကတော့ ရပ်လိုက်ပါပြီ” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

ကချင်ဒေသ မြစ်ရေကြီးရခြင်းအကြောင်းအရင်းမှာ ရာသီဥတုဖောက်ပြန်ပြီး မိုးများခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသူအချို့က သုံးသပ်ကြသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ နောက်ရက်များတွင် မြစ်ကြီးနားမြို့အောက်ဘက် ဧရာဝတီမြစ်အောက်ပိုင်းရှိ ကသာမြို့တွင် နောက်နှစ်ရက်အတွင်း မြစ်ရေကြီးနိုင်သည့်အတွက် မြစ်ကမ်းအနီးနေထိုင်သူများ သတိပြုကြရန် ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၄ နှစ်ကလည်း မြန်မာပြည်တွင်း မိုးကြီးကာ မြစ်ရေများကြီးသောကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မြန်မာပြည်အလယ်ပိုင်း မြို့နယ်များအချို့တွင် ရေကြီးရေလျှံမှုများကြောင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးကာ ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

(ဓာတ်ပုံ - 𝑲𝒁 𝑷𝒉𝒐𝒕𝒐𝒈𝒓𝒂𝒑𝒉𝒚 facebook)

Website ဖတ်ရန် > https://myanmar-now.org/mm/news/64098/
ငလျင်ဒဏ်သင့် မန္တလေးတွင် အဖမ်းအဆီးနှင့် စစ်ဆေးမှုများ ဆက်ရှိနေ
------------------------
ငလျင်ကြောင့် ၂၀၀၀ ကျော် သေဆုံး၊ မြို့ပျက်ဖြစ်သွားသည့် မန္တလေးတွင် စစ်ကောင်စီက ကူညီကယ်ဆယ်ရေးလုပ်ငန်းထက် ဖမ်းဆီး၊ စစ်ဆေးသည့် လုပ်ငန်းကို ပိုမို အားပြု လုပ်ကိုင်နေသည်။

ငလျင်ဒဏ်သင့် အဆောက်အအုံများမှ အလောင်းများပင် ဆက်လက်ဖော်ယူနေရဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေးနှင့်၊ ရှင်းလင်းရေးလုပ်ငန်းများပင် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရချိန်တွင် လူဖမ်းမှုများ ပြုလုပ်နေခြင်းကြောင့် ဒေသခံများက ပြစ်တင်ဝေဖန်နေကြသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64103/
ပအိုဝ်းဒေသ သုံ့ပန်း ၄ ဦး ပစ်သတ်ခံရ၊ ကျန် ၁ ဦး ပြည်သူ့စစ်အဖွဲ့နှင့် ရှိနေဟုဆို
--------------------------
ရှမ်းတောင်ဒေသ တိုက်ပွဲတွင် PNLA တပ်ဖွဲ့ဝင် ၅ ဦး အဖမ်းခံရပြီးနောက် အများစု အသတ်ခံလိုက်ရသည်။ အသက်မပြည့်သေးသူ ၁ ဦးကို မသတ်ရန် ပြည်သူ့စစ်က စစ်တပ်ကို တောင်းဆိုနိုင်ခဲ့သည်။

စစ်ကောင်စီတပ်က နောက်ဆက်တွဲ "အလုပ်ရှုပ်မခံနိုင်၍" သတ်ပစ်ခဲ့ခြင်း ဖြစ်သည်ဟု Myanmar Now သတင်းရင်းမြစ်က ပြောသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64106/
စစ်ကောင်စီလက်အောက် စစ်ကိုင်းငလျင်အလွန် မြန်မာ့စီးပွားရေး ဦးမော့နိုင်မလား
------------------------------
ငလျင်အပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဦးမော့လာရန် အခြေအနေများမှေးမှိန်နေပါသည်။ လျှပ်စစ်ဓားအားပြတ်တောက်မှုကြောင့် ကုန်ထုတ်စွမ်းအားများကျဆင်းခြင်း၊ ငွေကိုလိုသလိုရိုက်ထုတ်နေခြင်းကြောင့် နိုင်ငံတကာနှင့် ပြည်သူက အသိအမှတ်မပြုသည့် စစ်ကောင်စီလို တရားမဝင်အစိုးရမဆိုနှင့် တရားဝင်အစိုးရတစ်ရပ်ပင် ယခုအခြေအနေများကျော်လွှားရန် လွယ်ကူမည်မဟုတ်ပေ။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64112/
မြန်မာသို့ ကိုဗစ်ရောဂါ တစ်ကျော့ပြန်လာ၊ ကာကွယ်မှုစရန် စစ်ကောင်စီ မလှုပ်ရှားသေး
-------------------------------
ကိုဗစ် ကူးစက်သူများ ထပ်မံတွေ့ရှိချိန်တွင် ကိုဗစ်ကာကွယ်ရေး အသိပညာပေးမှု၊ ကြိုတင်ပြင်ဆင်မှု မတွေ့ရသေးဘဲ စစ်ခေါင်းဆောင်သည်ပင် နှာခေါင်းစည်းမတပ်ဘဲ လူအများနှင့် အစည်းအဝေးများ ပြုလုပ်နေသည်ကို တွေ့ရသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64122/
မြန်မာနိုင်ငံသားများ၏ ထိုင်းအိမ်ခြံမြေ ဝယ်ယူမှု ဆက်လက်မြင့်တက်နေ
----------------------------
ငလျင်အပြီး မြန်မာဝယ်လက်များ၏ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုပုံစံသည် အနည်းငယ် ပြောင်းလဲသွားသည်၊ ယခင်က ဘတ် ၃ သန်း မှ ၅ သန်းကျော်ရှိ (မြန်မာကျပ်ငွေ သိန်း ၂၀၀၀ မှ ၃၀၀၀ ခန့်) အဆင့်မြင့်ကွန်ဒိုများကို အဝယ်များခဲ့ရာမှ ယခုတွင် ဘတ် ၁ သန်းဝန်းကျင် နှင့် ၁ သန်းအောက် (မြန်မာငွေကျပ်သိန်း ၇၀၀ခန့်) တန်ကြေးရှိ ကွန်ဒိုတိုက်ခန်းများကိုသာ အဝယ်များကြတော့သည်ဟု ဘန်ကောက်မှ အိမ်ခြံမြေအကျိုးဆောင်ကဆိုသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64125/
အင်အားရာချီ ပါဝင်သည့် စစ်ကြောင်းကြောင့် ပခုက္ကူဒေသခံ ၁၀,၀၀၀ ခန့် တိမ်းရှောင်ရ
-------------------------------
မကွေးတိုင်းအတွင်း လက်နက်စက်ရုံသို့သွားမည်ဟု ယူဆရသည့် စစ်ယာဉ်တန်း ဖြတ်သန်းမည့် လမ်းကြောင်းတွင် ဒေသခံတို့ ဘေးလွတ်ရာ ပြေးနေကြသည်။

ခြေမြန်တပ်မဌာနချုပ် (၁၀၁) မှ အင်အားရာနှင့်ချီပါဝင်သော ယာဉ်တန်းတစ်ခုက မေလကုန်မှစ၍ ပေါက်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်နေသည်။

ကားအစီးရေ ၁၀၀ ကျော်ပါဝင်ပြီး စစ်ပစ္စည်း၊ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်သည်ဟု ယူဆရသော အဆိုပါယာဉ်တန်းကြောင့် ပခုက္ကူနှင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ ကျော်မှ ဒေသခံတို့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်း ဖြစ်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64133/
ရခိုင်သို့ ကုန်သွယ်ရေးလမ်းများပိတ်နေ၊ ကုန်စည်အချို့ ၃ ဆမှ ၇ ဆ အထိဈေးတက်လာ
-------------------
ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်နယ်တွင် မိုးကြောင့် လမ်းပျက်စီးမှုများ ရှိလာပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေသည်ကို AA အုပ်ချုပ်သည့် မြို့များတွင် တွေ့နေရသည်။

ကြက်ဥတစ်လုံးလျှင် ကျပ် ၁,၃၀၀၊ ကြက်သွန်နီ တစ်ပိဿာ ၁၅,၀၀၀ အထိ မြင့်တက်နေသည်။

ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကြက်ဥတစ်လုံး ၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀ ကျပ်ဈေးပေါက်သည်။ ရခိုင်ပြည်နယ်သို့ ကုန်စည်စီးဆင်းရာ အိန္ဒိယနိုင်ငံ မီဇိုရမ်− ပလက်ဝ လမ်းကြောင်းသည်လည်း မိုးရွာသွန်းခြင်းကြောင့် လမ်းများပျက်စီးနေရာ ကုန်စည်စီးဆင်းမှု နှောင့်နှေး၊ ကုန်ဈေးနှုန်းထပ်တက်နေသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64136/
ကန့်ဘလူတွင် အရပ်သား ၂ ဦး သတ်ဖြတ်ခံရပြီး ၃၀ နီးပါးကို စစ်တပ်ဖမ်းထား
--------------------------------

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစု၏ လှုပ်ရှားမှုကို အဟန့်အတားပြုမည့် စစ်ကြောင်းဆက်တိုက်ထိုးမှုတွင် စစ်တပ်က သတ်ဖြတ်မှု၊ ဖမ်းဆီးမှုများ ဆက်တိုက် ကျူးလွန်နေသည်။

ရက်ပိုင်းအတွင်း ဒေသခံ လူငယ် ၂ ဦးပစ်သတ်ခံရပြီး အသက် ၁၅ နှစ်အောက် ကလေးငယ် ၄ ဦးအပါအဝင် ဒေသခံ ၂၇ ဦးကိုလည်း အဖမ်းခံထားရသည်။

ပုံစာ-ကန့်ဘလူမြို့နယ်၊ သင်တောရွာတွင် စစ်တပ်က အထိုင်ချစိုးမိုးရန် ပြင်ဆင်နေသည်ကို မေလကုန်ပိုင်း တွေ့ရစဉ် (ဓါတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64146/
ရန်ကုန်မှ လူ ၂သန်းခွဲကျော် ဆင်းရဲမွဲတေမှုကြုံတွေ့နေရဟု UNDP ဆို
--------------------
စစ်အာဏာသိမ်းပြီး ပဋိပက္ခကျယ်ပြန့်လာမှု၊ စီးပွားရေးကျဆင်းမှုများကြောင့် နိုင်ငံ၏ စီးပွားရေးမြို့တော်တွင် ဆင်းရဲမွဲတေသူ ၃ သန်းနီးပါး ရှိလာသည်။

ယခင်က မြို့ပြသို့ ရွှေ့ပြောင်းကြခြင်းမှာ ပိုမိုကောင်းမွန်သော လူနေထိုင်မှု၊ ဘဝတိုးတက်ကောင်းမွန်မှုတို့အတွက် ဖြစ်သည်။

ယခုတွင်မူ နေရပ်ရင်းတွင် ဆက်လက်ရှင်သန်နေထိုင်ရန် ခက်ခဲလာခြင်းကြောင့် အရာအားလုံးကို စွန့်လွှတ်ကာ မျှော်လင့်ချက်မဲ့စွာ ရွှေ့ပြောင်းနေကြခြင်း ဖြစ်သည်ဟု UNDP ၏ အစီအရင်ခံစာက ဆိုသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64150/
ညောင်ရွှေမြို့နယ်ရှိ တော်လှန်ရေးတပ်စခန်း ၂ ခုကို စစ်တပ်နဲ့ PNA တိုက်ခိုက်သိမ်းပိုက်
--------------------------------
လက်နက်ကိုင်အင်အား ၁,၀၀၀ ကျော်နှင့် လက်နက်ကြီးပစ်အား သုံးပြီး စစ်ကြောင်းထိုးနေသည့် တပ်က ပြည်နယ်မြို့တော်အနီး စစ်စခန်းနှစ်ခုကို သိမ်းယူလိုက်သည်။

တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားပြီးနောက် စစ်တပ်နှင့်PNA ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ရေပူနှင့် ဘုရားတောင်ကျေးရွာရှိ နေအိမ် ခြောက်လုံးအား မီးရှို့လိုက်သည်ဟု ဒေသခံများက ဆိုသည်။

ဓာတ်ပုံ - ဘုရားတောင်ကျေးရွာမှ မီးရှို့ခံရသည့်ပုံများ (photo credit - attalion 1009:Inle People's Defence Force-IPDF)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64154/
ရွာငံလွှတ်တော်အမတ် အဖမ်းခံထားရစဉ် သေဆုံးဟု CRPH ထုတ်ပြန်
-----------------------
လွှတ်တော်ကိုယ်စားလှယ် ၃ ဦး အကျဉ်းထောင်များတွင် သေဆုံးခဲ့သည်၊ ဆက်လက် အဖမ်းခံထားရသည့် ကိုယ်စားလှယ် ၅၉ ဦး ရှိသည်ဟု လွှတ်တော် ကိုယ်စားပြုကော်မတီက ပြောသည်။

ထို့ပြင် ပြည်သူ့ကိုယ်စားလှယ်အများအပြားနှင့် ၎င်းတို့၏ မိသားစုဝင်များ တိမ်းရှောင်နေကြရပြီး ၎င်းတို့၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်ထားသည်ဟု ကော်မတီက ဆိုသည်။

ပုံစာ −
ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် ဖမ်းဆီးခံရပြီး ၅ လအကြာတွင် သေဆုံးသွားသည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ပြောသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64161/
ဖားကန့်ကျောက်တွင်းလုပ်ကွက်တချို့ကို စစ်တပ်က စီးနင်းမီးရှို့နေ
------------------------

စစ်တပ်က ဖားကန့်မြို့ကို ပြန်လည်စိုးမိုးနိုင်ရန် အသည်းအသန် ကြိုးစားဟန် ရှိပြီး ဆက်လက် လည်ပတ်လုပ်ကိုင်နေသည့် ကျောက်လုပ်ကွက်များကို အနိုင်ကျင့်၊ တိုက်ခိုက်နေသည်။

မောင်ရွှေဝါ

ကချင်ပြည်နယ် ဖားကန့်မြို့သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သည် ကျောက်စိမ်းလုပ်ကွက်များကို ယခုရက်ပိုင်းအတွင်း လှည့်လည်စီးနင်းမီးရှို့နေသည်ဟု သိရသည်။

လုံးခင်းရွာအနီးတဝိုက် ထိုသို့ ကျူးလွန်နေသည်မှာ ယမန်နေ့ (ဇွန် ၃)တွင် အစပြုသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“သူတို့စဝင်လာတဲ့အချိန်ကတည်းက လုပ်ကွက်တွေကို နားခိုင်းထားတာ။ ပြီးတော့စစ်ကြောင်းထိုးနေတာ။ လုပ်ငန်းမနားတဲ့ လုပ်ကွက်တွေကို သူတို့ကို ပမာမခန့်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လိုက်လုပ်နေတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဧပြီလမှစ၍ အင်အား ၁၀၀၀ ခန့်ပါသည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းသည် ကာမိုင်း- ဖားကန့်လမ်းနှင့် အင်းတော်ကြီး- ဖားကန့်လမ်းများအတိုင်း စစ်ကြောင်းထိုးခြင်း ဖြစ်ပြီး ဖားကန့်မြို့ကို ပြန်လည်စိုးမိုးနိုင်ရေး ရည်ရွယ်သည်ဟု လေ့လာသူတို့က ယူဆသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်များက လမ်းတလျှောက်တွင် ကြားဖြတ်တိုက်ခိုက်သောကြောင့် အဆိုပါစစ်ကြောင်းမှာ မေလကုန်ပိုင်းမှသာ ဖားကန့်မြို့သို့ ကပ်နိုင်ခဲ့သည်။

ယနေ့ ဖားကန့်၌ တိုက်ပွဲမရှိသေးသော်လည်း အခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“စကစတပ်တွေ အပြင်ထွက်လှုပ်ရှားနေတယ်။ မှော်စီစာပတ်ဝန်းကျင်မှာ၊ ကုမ္ပဏီတွေမှာ လှည့်ပတ်ပြီးတော့ ပစ္စည်းတွေ၊ အိမ်တွေ၊ (အလုပ်သမား)အဆောင်တွေ မီးရှို့တာရှိတယ်”ဟု ၎င်းက ပြောသည်။

လုပ်ငန်းများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပေ။

စစ်ကြောင်းများက ဖားကန့်ဒေသရှိ ကျောက်လုပ်ကွက်များတွင် လှည့်လည်စီးနင်းနေမှုကြောင့် ကျောက်တူးဖော်ရေးကုမ္ပဏီအချို့မှာ လုပ်ငန်းပိတ်သိမ်း၍ တိမ်းရှောင်ထွက်ပြေးနေကြရသည်ဟု အထက်ပါဒေသခံက ပြောသည်။

“စစ်ကြောင်းဝင်လာတော့ ကျောက်တူးနေကြတဲ့ လုပ်ကွက်တွေ၊ အဆောင်တွေက ထားပြီးပြေးရတာ။ ဒီကောင်တွေဝင်လာပြီး အဆောင်တွေကို မီးရှို့နေတာ” ဟု ၎င်းက ဆိုသည်။

အခြားဒေသခံတစ်ဦးကလည်း စစ်တပ်က ဖားကန့်မြို့ကို ပြန်လည်စိုးမိုးနိုင်ရန် အသည်းအသန် ကြိုးစားဟန် ရှိပြီး ၎င်းတို့စိုးမိုးထိန်းချုပ်မှုအောက် ကင်းလွှတ်သွားသည့်နောက်ပိုင်းတွင် ဆက်လက်လည်ပတ်လုပ်ကိုင်နေသည့် ကျောက်လုပ်ကွက်များကို အနိုင်ကျင့်၊ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောသည်။

ဇွန် ၃ တွင် လုံးခင်းရွာအုပ်စု မှော်စီစာရွာအနီးရှိ တစ်သုံးလုံး ကျောက်တူးဖော်ရေးလုပ်ကွက်ကို စစ်တပ်က ဒရုန်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လုပ်ငန်းသုံးယမ်းနှင့်ကန့် သို့လှောင်သည့် နေရာ ထိခိုက်ပေါက်ကွဲမှုကြောင့် အလုပ်သမား သုံးဦး သေဆုံး၊ ၁၀ ဦးထက်မနည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ကုသမှုခံယူနေရဆဲဖြစ်သည်။

“ယမ်းတွေက မြေကြီးတူးမြုပ်ထားတာ။ အဲဒီနေရာက ဝန်ခံတွေလောက်ပဲ ဝင်ခွင့်ရတာ။ (ပေါက်ကွဲမှု) မဖြစ်ခင်မှာ အနီအလင်းတန်းတစ်ခုမြင်လိုက်တယ်။ ပြီးတော့ ထကွဲတာ”ဟု ဖားကန့်ဒေသခံက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် လုပ်ကွက်ရှိ အလုပ်သမားများကို ကိုးကား၍ ပြောသည်။

ဆက်သွယ်ရေးလိုင်း အခက်အခဲကြောင့် ဖားကန့်တွင် စစ်တပ်၏ မီးတင်ရှို့နေမှုအခြေနေအသေးစိတ်ကို Myanmar Nowအနေဖြင့် စုံစမ်းနိုင်ခြင်းမရှိသေးပေ။ လုံးခင်းရွာတောင်ဘက်ရှိ ဆာခါရွာ၊ သာယာကုန်းရွာအနီးရှိ ကျောက်လုပ်ကွက်များကို စီးနင်း၍ အဆောင်နှင့် စက်ယန္တယားများကို မီးရှို့နေသည်ဟု သိရသည်။

ထို့အပြင် ယမန်နေ့က ဖားကန့်မြို့ရှိ စစ်တပ် ဗျူဟာကုန်းအနီးတွင် စစ်ရဟတ်ယာဉ်တစ်စီး ဆင်းသက်ရန် ကြိုးစားစဉ် KIAနှင့်ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လှည့်သွားရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ် ပေါ်ပေါက်ခဲ့သည်ဟု ကြားသိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Website တ်ရန်> https://myanmar-now.org/mm/news/64164/
စိုးရိမ်နေရသည့်စစ်ကောင်စီက နိုင်ငံအနှံ့တွင် လိုင်စင်မဲ့ယာဉ်လိုက်ဖမ်းနေ
--------------------
လိုင်စင်မဲ့ကား ဖမ်းဆီးမှု ရုတ်တရက် များပြားလာရာ ဆိုင်နှင့်အိမ်ထဲအထိ ဝင်ဖမ်းသည်ဟုပင် သတင်းထွက်နေသည်။

မြို့ပြပြောက်ကျားလှုပ်ရှားမှု အားကောင်းခဲ့သည့် ၂၀၂၂ခုနှစ် ၂၀၂၃ ခုနှစ်များတွင် ဆိုင်ကယ်တစ်စီးတည်းတွင် ယောက်ျားလေး နှစ်ယောက်မစီးရ၊ မိန်းကလေးမောင်းသည့် ဆိုင်ကယ်နောက်တွင် ယောက်ျားလေးမစီးရ စသည့် ကမ္ဘာပေါ်တွင် မကြားဖူးသည့် အမိန့်ညွှန်ကြားချက်များ စစ်ကောင်စီလက်အောက်ခံ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များက အမိန့်ထုတ်ခဲ့ဖူးသည်။

ထိုသို့လိုင်စင်မဲ့ဆိုင်ကယ်များ၊ ကားများကို တက်သုတ်ရိုကဖမ်းနေခြင်းသည် ဆိုင်ကယ်စီးနင်းပြီး တိုက်ခိုက်တတ်သည့် မြို့ပြပြောက်ကျားများ၏ အန္တရာယ်ကို စိုးရိမ်ခြင်းကြောင့်ဟု အများက ယုံကြည်သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64169/
စစ်ကောင်စီ ထုတ်ပြန်ချက်ကို မြို့ပြပြောက်ကျားအဖွဲ့ ပယ်ချ
----------------------------
ရန်ကုန်မြို့ ပစ်ခတ်မှုများအတွက် ၆ နှစ်သမီးတစ်ဦး အပါအဝင် အများအပြားကို ဖမ်းထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ အပြစ်မဲ့သူများကို ဖမ်းထားခြင်း ဖြစ်သည်ဟု ပစ်ခတ်သည့် အဖွဲ့က ဆိုသည်။

အဆိုပါအဖွဲ့သည် သံအမတ်ဟောင်း ဦးချိုထွန်းအောင်ကို လုပ်ကြံခဲ့ကြောင်း ထုတ်ပြန်ထားသည့် အဖွဲ့ဖြစ်သည်။ အမှုနှင့်မသက်ဆိုင်သည့် တက္ကစီမောင်းသူ၊ ဘေးတွဲဆိုင်ကယ်နှင့် အဝေးပြေးယာဉ်မောင်းများအပြင်၊ အခြားမိသားစုဝင်များ၊ ၆ နှစ်အရွယ် မိန်းကလေးငယ်ကိုပါ ထည့်သွင်းအမှုဆင်ထားကြောင်း ထိုအဖွဲ့က ထောက်ပြသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ ကျိုးကြောင်းဆီလျော်မှုမရှိသလို ဖမ်းဆီးရမိသည်ဟုဆိုသော သေနတ်သည်လည်း ကော်စေ့ထည့်ပစ်ရသောသေနတ်သာဖြစ်သည်ဟု ထိုအဖွဲ့က ဆိုသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64174/
ငလျင်ဒဏ်သင့်မြန်မာကို ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၉၀ ကူညီမည်
----------------------
ကမ္ဘာ့ဘဏ်၏ ဒေါ်လာ သန်း ၉၀ ကျော် အကူအညီပေးမှုတွင် စစ်ကောင်စီ အကျိုးအမြတ် မရစေရန် သတိထားရမည်ဟု အရပ်အဖက်အဖွဲ့အစည်းတစ်ခုက ထောက်ပြသည်။

၅၂ သန်း သုံးမည့် စီမံကိန်းတွင် အသက်မွေးဝမ်းကြောင်းပညာ လေ့ကျင့်သင်ကြားမှု၊ ရေတို ရေလတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်မည်။

ဒေါ်လာသန်း ၄၀ သုံးမည့် စီမံကိန်းတွင် ကျန်းမာရေး၊ အာဟာရထောက်ပံ့မှု၊ အမျိုးသမီးများ နှင့် ကလေးသူငယ်များကို ကူညီထောက်ပံ့ပေးမှုတို့ ပါဝင်မည်ဟု ဆိုသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64178/
စစ်ကောင်စီနှင့် ဆက်နွှယ်မှု စွပ်စွဲချက်ကြောင့် စင်ကာပူရေနံကုမ္ပဏီကို စိစစ်နေ
--------------------------------
အကြမ်းဖက် စစ်ဆင်နေသည့် စစ်ကောင်စီကိုကူညီနေသည်ဟု စွပ်စွဲခံရသည့် Interra Resources ရေနံကုမ္ပဏီသည် မကွေးတိုင်းအတွင်း ဖက်စပ်လုပ်ငန်းတွင် ရှယ်ယာ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

Interra သည် ဖေဖော်ဝါရီ ၆ ရက်နေ့က စင်ကာပူစတော့အိတ်ချိန်း (SGX) တွင် ကုန်သွယ်မှုကို ဆိုင်းငံ့လိုက်ပြီး ၎င်း၏လုပ်ရပ်များသည် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ အပါအဝင် နိုင်ငံခြားဥပဒေများကို ချိုးဖောက်ခြင်းရှိမရှိ ဆုံးဖြတ်ရန် ဥပဒေအကြံဉာဏ် ရယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64181/
အပစ်ရပ်ထားချိန် လေတပ်ဗုံးကြဲမှုကြောင့် ဆောဒေသခံ ၃ ဦး သေဆုံး
------------------------
မော်တော်ယာဉ် ပြင်ဆင်သည့်နေရာ ဗုံးကြဲခံရသဖြင့် ၃ ဦး ပွဲချင်းပြီးသေဆုံး၊ ၆ ဦး ဒဏ်ရာရသည်ဟု မကွေးတိုင်း၊ ဆောမြို့နယ်ဒေသခံတို့က ပြောသည်။

Myanmar Now

ယာယီအပစ်ရပ်ကြေညာထားသော်လည်း စစ်တပ်က မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ရွာကို ယမန်နေ့ (ဇွန် ၅) တွင် တိုက်ခိုက်ခဲ့ရာ အရပ်သား အမျိုးသား ၃ ဦး ပွဲချင်းပြီးသေဆုံး၊ ၆ ဦး ဒဏ်ရာရသွားသည်ဟု စုံစမ်းသိရှိရသည်။

ယမန်နေ့ နေ့လယ် ၂ နာရီဝန်းကျင်တွင် ဆောမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ညောင်ကန်ရွာကို ဗုံး ၂ လုံးကြဲချခဲ့ရာ ရွာစွန်ရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။

“တစ်ကြိမ်ပဲချတာ။ ဗုံးက အဲ့ဒီဝင်းထဲ တည့်တည့်သွားကျတာ။ အိမ်ပေါ်တည့်တည့် မဟုတ်ဘူး အိမ်ဘေးနား ကပ်ကျသွားတာ။ လေယာဉ်က တစ်ကြိမ်ပဲဝဲပြီးတော့ တန်းပစ်သွားတာ”ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ထိုဗုံးကျရောက်ပေါက်ကွဲသည့်နေရာသည် ကားဝပ်ရှော့ဆိုင်ဖွင့်ထားသည့် ခြံဝန်းဖြစ်ရာ ကားပြင်ရန် ရောက်လာသူများအနက် အသက် ၄၀ အရွယ် ၂ ဦး၊ အသက် ၃၀ အရွယ် ဒေသခံ ၁ ဦးတို့ သေဆုံးသွားသည်။

ထို့ပြင် ဆိုင်ရှင်လင်မယား အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၆ ဦးအနက် အမျိုးသား ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု အခင်းဖြစ်ပွားရာကို ရောက်ရှိခဲ့သည့် အထက်ပါ ဒေသခံကပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး ပျက်စီးသည်၊ ဝပ်ရှော့မှစက်ပစ္စည်းများနှင့် ပြင်ဆင်ရန် ရောက်နေသည့် ကား ၁ စီးလည်း မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

အိမ်ခြေ ၂၀၀ နီးပါးရှိသည့် ညောင်ကန်ရွာဒေသခံများမှာ လယ်ယာစိုက်ပျိုးရေးအဓိက လုပ်ကိုင်ကြပြီး ရွာအနီး တိုက်ပွဲလည်းမရှိသလို မြေပြင်စစ်ကြောင်းမဝင်သည်မှာလည်း နှစ်နှင့်ချီကြာမြင့်နေပြီ ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“စစ်ရေးလှုပ်ရှားမှုလည်းရှိတဲ့ နေရာလည်းမဟုတ်ဘူး၊ တိုက်ပွဲဖြစ်တာမျိုးလည်းမရှိတော့၊ ထင်ထားတာ မဟုတ်တော့ အဲ့လိုဖြစ်သွားတာ။ ရှောင်ချိန်မရလိုက်တာလည်း ပါတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထင်မှတ်မထားသည့် ထိုလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ရသည့် ဒေသခံတို့မှာ ညဘက်တွင်ရွာထဲမအိပ်ရဲဘဲ တောထဲတွင်အိပ်နေရသည်ဟုလည်း အထက်ပါ ဒေသခံက ဆိုသည်။

ညောင်ကန်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်သည်၊ ၂၀၂၂ နှစ်ကုန်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၄ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် အကြောင်းပြချက်ဖြင့် သတ်မှတ်ထားသော ယာယီအပစ်ခတ်ရပ်စဲမှုကို ဇွန်လကုန်အထိ သက်တမ်းတိုးသည်ဟု စစ်ကောင်စီက ကြေညာထားသည်။ သို့သော် ဒေသအချို့တွင် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင် စစ်ကြောင်းထိုးမှုများ ဆက်ရှိနေဆဲဖြစ်သည်။

စစ်ကိုင်း၊ ချင်းတို့နှင့် ထိစပ်နေသည့် မကွေးတိုင်း မြောက်ပိုင်း ယောဒေသ တွင်လည်း နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေသည်ဟု စုံစမ်းသိရှိရသည်။

ငလျင်အပြီး မတ် ၂၈ ရက်မှ မေ ၃၀ အထိ နှစ်လတာအတွင်း စစ်တပ်က နိုင်ငံအနှံ့ လေ ကြောင်း တိုက်ခိုက်မှု ၅၂၀ ကျော်ပြုလုပ်ခဲ့ရာ အရပ်သား ၄၆၂ ဦးသေဆုံးပြီး ၈၈၄ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဇွန် ၂ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ယာယီအပစ်ရပ်ထားသည်ဟု ကြေညာခဲ့သည့် စစ်တပ်က အရပ်ဘက်နေရာများကိုပါတိုက်ခိုက်နေပြီး မေလဆန်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ရွာ စာသင်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၂၂ ဦးနှင့် ဆရာမ ၂ ဦးသေဆုံး၊ ကျောင်းသား ၁၀၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

Website ဖတ်ရန် > https://myanmar-now.org/mm/news/64184/
နယ်စပ်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီစခန်းများကိုစစ်ဆင်နေဟု KNU ပြော
----------------------
နယ်စပ်ရှိ စစ်ကောင်စီစခန်းများသည် ဖော်ဆောင်မည့် အုပ်ချုပ်ရေးအတွက် အနှောင့်အယှက်ဖြစ်နေကြောင်း KNU က ပြောသည်။

“ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရတဲ့အနေအထားမှာ ကိုယ့်ရဲ့ဝင်ငွေလမ်းကြောင်းတွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်သူမှလည်း လာပေးတာမဟုတ်ဘူး။ အဲဒါကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ နယ်စပ်စခန်းမှာ ပိတ်ခံနေတဲ့ ဒီစခန်းတွေ အားလုံး၊ စခန်းကြီးကြီးပဲ ပြောပြော၊ သေးသေးပဲပြောပြော လုံးဝမထားတော့ဘူး” ဟု KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ပုံစာ - KNU တပ်မဟာ ၆ နယ်မြေရှိ KNLA ၊ KNDO ၊ PDF ပူးပေါင်းစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - METRO)

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64188/
တော်လှန်ရေးအင်အားစုကို ထိတ်လန့်စေသည့် အိန္ဒိယနယ်စပ် ပကဖ ၁၀ ဦး အသတ်ခံရမှု
-------------------------
နယ်စပ်ခြံစည်းရိုးကာမှုကို ဟန့်တားနေကြစဉ် တော်လှန်ရေးသမား အများအပြား အိန္ဒိယဘက်ခေါ်ယူ သတ်ဖြတ်ခံရခြင်းကြောင့် နယ်စပ်လုံခြုံရေး၊ အိန္ဒိယနှင့် ဆက်ဆံရေးတို့တွင် ပိုမို သတိထားစရာ ဖြစ်လာသည်။

အသတ်ခံရသူတစ်ဦး၏ မိခင်ဖြစ်သူက အမှုမှန် ပေါ်ပေါက်ရေး၊ အလားတူ ဖြစ်ရပ်ဆိုးမျိုး ထပ်မံ မဖြစ်ပေါ်ရေး လိုလားသည်ဟု ပြောသည်။

အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/64191/