MultiSportsINFO
18.6K subscribers
492 photos
1.31K videos
5 files
1.85K links
Sports
Download Telegram
2026 အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဥ် (3)

ဘင်္ဂလားဒေ့ရှ် 0-0 မြန်မာ
ပွဲပြီးရလဒ်

ဆယ်လီလိုလိုပေါ်ပင်လိုလိုအသင်း ဥစုပ်ပြုတ်ပါပြီ

#MultiSportsInfoMyanmar
🤣12
နော်အားလိုဝါးဖော ရီရီဦး စန်းစန်းမော် သန်းသန်းထွေး မြဖူးငုံတို့ခေတ်က မြန်မာအမျိုးသမီးဘောလုံးအသင်းမှာ ပရော်ဖက်ရှင်နယ်လိဂ်တွေရှိမနေသေးဘူး
ဒါပေမယ့် အခြေခံတွေ အရမ်းကောင်းလွန်းတယ်
ဘောလုံးကိုကန်တတ်တာမဟုတ်ဘူး၊ ဘောလုံးကိုကစားတတ်တဲ့သူတွေ၊ ဒီနှစ်ခုက မတူဘူး။ တူတူတန်တန်အသင်းကိုရှုံးရင်တောင် ခြေစွမ်းက မရှုံးဘူး။

အခုကျ မတူတော့ဘူး ဘောလုံးကစားတတ်တာမဟုတ်ဘူး၊ ငါ့လက်ကလွတ် ဗြွတ်ဆိုသလို ဘောလုံးကို ကန်ပဲကန်တတ်ကြတာ၊ ဘာတခုမှကိုအခြေခံရှိမနေဘူး။
ဘာမဟုတ်တဲ့အသင်းတွေကိုဂိုးပြတ်နိုင်တာ၊ ဖိတ်ခေါ်ပွဲတွေမှာနိုင်တာကို အဟုတ်ကြီးထင်နေကြတယ်။ ပရိသတ်ကအစ ရေချိန်နိမ့်ကျလာခဲ့တာပဲ၊ ဘောလုံးသမားကို ကိုးရီးယားအိုင်ဒေါတွေလိုကိုးကွယ်၊ မရမကဖာ၊ နိုင်ငံအသင်းကိုဝေဖန်တဲ့သူတွေကို မင်းတောင်ကန်တတ်လို့လား သူတို့ကိုပြောနေရအောင်ဘာစောက်ဆင့်ရှိလို့လဲ ဒါမျိုးကလာတယ်။ fan gift ဆိုတာမျိုးတွေလုပ်တယ်၊ ဟိုကလည်းသာယာ၊ နိုင်ငံအတွက် ဘောလုံးကစားတာမဟုတ်ဘူး၊ ပေါ်ပင်တွေလုပ်ဖို့ ကိုယ့်ကိုယ်ကိုနာမည်ကြီးဖို့ ဘောလုံးကစားကြတာဖြစ်လာတယ်။
ဒါက နိုင်ငံအသင်းကိုထိခိုက်လာတာပဲ၊ ဒါလည်း ငါ့အိုင်ဒေါဘာညာနဲ့ အသဲအသန်ကာကွယ်နေကြတုန်းပဲ။
တကယ်တမ်းက နိုင်ငံအသင်းထက် ပိုအရေးပါတဲ့သူဆိုတာရှိမနေဘူး။ အုပ်ကြီးကအစ အိုင်ဒေါလိုကိုးကွယ်ခံရတော့ ဘောလုံးသမားတွေဒါမျိုးဖြစ်တာဆန်းမနေဘူး။
ဘောလုံးအဖွဲ့ချုပ်ထဲမှာကို ဒါမျိုး mindset တွေ စီးဆင်းနေတာ မြင်မကောင်းဘူး။ ဘောပြားတွေကအစ
စော်တွေနဲ့ ပတ်ရှုပ်မယ်၊ ဒါမျိုးပဲ၊ ကိုယ့်ဝိတ်ကိုမထိန်းဘူး၊ စားချင်သလို စားနေချင်သလိုနေ ဆေးလိပ်ကွမ်းယာဘာတခုမှရှောင်မနေကြဘူး။ ဒီလိုဟာတွေကို အိုင်ဒေါပါဆိုပြီးလုပ်နေကြတာကို အံ့သြတယ်။

အဲ့တော့ မယုံမရှိနဲ့။ ဒီဆယ်လီလိုလိုဘာလိုလိုအသင်းက ရုပ်ပျက်ဆင်းပျက် ဖြစ်လာဖို့ပဲရှိတယ်။
❤15🔥1
https://viu.tv/ မှာ အကောင့်ဖွင့်ပါ VPN ကို Hong Kong IP ထားပါ

ViuTVSix Ch.96 ကနေ FIFA ASEAN CUP တိုက်ရိုက်ကြည့်နိုင်ပါပြီ
❤2
2026 FIFA ASEAN CUP Division 2

မြန်မာ 1-0 အရှေ့တီမော
ပထမပိုင်းရလဒ်

ဒီလောက်စုတ်ပြတ်သတ်တဲ့ကစားကွက် အမျိုးသမီးနဲ့ နင်လားငါလားပဲ

#MultiSportsInfoMyanmar
❤3
2026 FIFA ASEAN CUP Division 2

မြန်မာ 2-0 အရှေ့တီမော
ပွဲပြီးရလဒ်

တော်တော်ဆိုးဆိုးခြေစွမ်းပါ။
ဘာကောင်းလဲဆိုတာ မြင်ကိုမမြင်ပါဘူး။
အရှေ့တီမောကတောင် တိုက်စစ်ကစားကွက်တွေက ပိုကောင်းပါသေးတယ်။

#MultiSportsInfoMyanmar
❤5
2026 FIFA ASEAN CUP Dvision 2 အုပ်စု Bပွဲစဥ်

ကမ္ဘောဒီးယား 0-0 မြန်မာ
ပထမပိုင်းရလဒ်

#MultiSportsInfoMyanmar
❤2
https://www.dazn.com/en-US/fixture/ContentId:1wveajibhzgfj1ja9jt8bla2w7/1wveajibhzgfj1ja9jt8bla2w7/ftf4wjo032bh1y1mrrlnamdk9

US VPNနဲ့ကြည့်ပါ Countries Restrictions ရှိတာမလို့ နိုင်ငံတိုင်းကြည့်လို့ရမှာမဟုတ်ပါ
GOALLLLLLLLLLLLLLLL ကမ္ဘောဒီးယား

ကမ္ဘောဒီးယား 1-0 မြန်မာ 90 မိနစ် + 4 မိနစ်
😢2
2026 FIFA ASEAN CUP Dvision 2 အုပ်စု Bပွဲစဥ်

ကမ္ဘောဒီးယား 1-0 မြန်မာ
ပွဲပြီးရလဒ်

ချန်ပီယံဆုယူမယ်လို့ဆိုတဲ့ အသင်း ခမာအသင်းဆီမှာ ဖျင်ခံလိုက်ရပါပြီ 🤣

#MultiSportsInfoMyanmar
🤣3
Cambodia တွေက စနစ်ကိုအချိန်ယူပြီး တည်ဆောက်ခဲ့တယ်။ တည်ဆောက်နေဆဲကာလမှာ အရှုံးတွေလည်းရှိခဲ့တယ်။ ရေတိုပဲကြည့်ပြီး အသက်လိမ်ပြီး တစ်ပွဲတိုးအောင်မြင်မှုကိုပဲမကြည့်ခဲ့ဘူး။

အခု သူတို့တည်ဆောက်ထားတဲ့စနစ်ကို မြင်တွေ့ခဲ့ရတယ်မဟုတ်လား။ ကမ္ဘာဒီးယက မွေးစားသားတွေထည့်ကန်တယ်လို့ ခင်ဗျားတို့ ဆင်ခြေပေးတာလုပ်ကြလိမ့်မယ်။ တကယ်တမ်းသေချာကြည့်ရင် ခမာပြည်တွင်းကစားသမားတွေကိုရော တစ်ဦးချင်းမှာရောယှဉ်နိုင်ခဲ့လို့လား။

ဘောလုံးဆိုတာ တစ်ဦးချင်းစကေးနဲ့အသင်းလိုက်ပေါင်းစပ်ကစားရတာ။ မောင်မောင်လွင်မပါလို့လို့ဆင်ခြေပေးချင်သေးလား?

မှတ်ချက်။ ။ M League ၏ မူပိုင်ကစားနည်းဖြစ်သော ခြေထဲရတာနဲ့ ကြုံရာကန်တင်သော ကစားနည်းသည် နိုင်ငံတကာပြိုင်ပွဲများတွင်အကြုံးမဝင်ပါ။

#MultiSportsInfoMyanmar
👍8❤2😁1
သူအသက်ရှင်နေသရွေ့ဘောချုပ်မှာ အာဏာတည်မည့်သူ

ဘောလုံးအဖွဲ့ချုပ် ဥက္ကဌနေရာကနေ ကျွန်တော်ထွက်ခွာပါတော့မယ်။ ကျွန်တော်ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ်ဆိုပြီး နလပိန်းတုံးတွေကို မျက်ရည်ချူနေတဲ့ အုပ်ကြီးက တကယ်တော့အချိန်ကိုက်ထွက်ခွာခဲ့တာပဲ။ ကျွန်တော်ဘောလုံးကနေ အိတ်ပဲစိုက်ရတာပါဆိုတဲ့သူက အာရှစီးပွားရေးဈေးကွက်မှာနေရာတစ်ခုရလာတာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးဖြစ်လာတာဟာ ဒီဘောလုံးကြောင့်ပဲဆိုတာ သူဖင်ပိတ်ငြင်းလို့တော့မရဘူး။ ခုနိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာနိုင်ငံက တစ်စတစ်စယုတ်လျော့လာသလို ဘောလုံးကလည်း ပိုယုတ်လျော့လာမှာကိုသိတဲ့ အုပ်ကြီးတစ်ယောက် နောက်တစ်ယောက်လက်ထဲ ချီးထုပ်ကြီးထိုးထည့်ပြီး အသာလေးရှောင်ထွက်လာတာဖြစ်တယ်။

တကယ်တော့ NLD အစိုးရလက်ထက်မှာ သူ့ကို အားကစားဝန်ကြီးတစ်နေရာကမ်းလှမ်းခဲ့ဖူးတယ်။ သူကငြင်းတယ်။ လာဘ်စားလို့မရဘူး။ အခြေခံလူတန်းစားပြည်သူလူထုကိုချနင်းပြီး စီးပွားရေးလုပ်ရတာ အဆင်မပြေဘူးဆိုတဲ့ အစိုးရလက်ထက်မှာ သူ့ကိုယ်ကျိုးအတွက် သူရာထူးတစ်ခုကိုငြင်းခဲ့တာ။ တကယ်သာ နိုင်ငံအပေါ် အားကစားအပေါ် ဘောလုံးအပေါ်စေတနာထားတယ်ဆိုရင် သူအဲ့ရာထူးကို လက်ကိုလက်ခံလိုက်မှာ။ ပြီးခဲ့တာတွေကတော့ပြီးပါပြီ။ သူအခုရောဘာလုပ်နေလဲ။
သူထွက်ခွာပါတော့မယ်။ သူ့လက်ကိုင်တုတ်မီဒီယာတွေကနေတစ်ဆင့် သူသက်တမ်းထပ်တိုးလို့မရနိုင်တော့ဘူးဆိုပြီး ဖွခိုင်းတယ်။ အမှန်တကယ် အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ အကြီးတန်းဒုတိယဥက္ကဌတောင်ဖြစ်နေတဲ့သူ။
အာဏာကသူ့လက်ထဲမှာ သူဆက်ကိုင်ချင်ကိုင်လို့ရတယ်။ အပေါ်ကပြောသလို အသာလေးရှောင်ထွက်တာ။ သူထွက်သွားပေမယ့် သူ့အာဏာကိုတည်မြဲရေးအတွက်သူ့လူတွေကိုအကုန်ထားခဲ့တယ်။ သိတဲ့အတိုင်းဘောချုပ်ဆိုတာ တစ်ခါလာမဲပြာပုဆိုး။ ဒီလူကဒီလူ ဘယ်တော့မှ မပြောင်းဘူး။ အဲ့လူတွေကလည်းသူ့လူတွေချည်းပဲမို့ ဘယ်တော့မှမပြောင်းတာ။

သူ့အာဏာတည်ဖို့အတွက် သူ့လူတွေကို ဘယ်လိုထားခဲ့လဲဆိုတာပြောမယ်နော်။ ခု MNL မှာ CEO ဟောင်း SMK စိုးမိုးကျော် က တစ်စခန်းထပြီး Teg Ball အဖွဲ့ချုပ် ဥက္ကဌဘာညာလုပ်တယ်။ SMK က ပါးတာမှ ရွှေတိဂုံဘုရားမှာကပ်တဲ့ ရွှေသင်္ကန်းလိုပဲ။ ပါးပါးလေး။ အဲ့တော့ teg ball က ရွှေဘာညာထယူတော့ အုတ်ကြီးကို ခြေရာတိုင်းသလိုဖြစ်တယ်။ တကယ်အုတ်ကြီးလွင့်သွားရင်လည်း သူကနောက်တစ်ယောက်ကိုရအောင်ကပ်မှာ။ ဒါကိုသိတဲ့ အုပ်ကြီးတို့က ဘောချုပ်ကနေပျောက်ချင်းမလှပျောက်သွားတဲ့ သူ့ရဲ့သစ္စာခံ KKT ကိုကိုသိန်း ကို မရမကပြန်ခေါ်ပြီး MNL CEO ပြန်ပေးတယ်။ KKT ဆိုတာကလည်း MFF မှာ အရင် CEO ဟောင်း PNZ ဘုန်းနိုင်ဇော် နဲ့ စင်ပြိုင်ဖြစ်ခဲ့ဖူးတယ်။ PNZ က စင်္ကာပူနိုင်ငံသားခံယူထားတာ။ အလုပ်လုပ်တာ ပြတ်တယ်။ တစ်ခါတလေ အုပ်ကြီးကိုကျော်လုပ်မိတာမျိုးတယ်။ အဲ့တော့ တစ်မိန့်တစ်အာဏာနဲ့အုပ်ချုပ်ချင်တဲ့
အုပ်ကြီးတစ်ယောက် PNZ ကို အသာလေးပထုတ်ပြီး KKT ကို အာဏာကုန်လွှဲအပ်လိုက်တယ်။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း KKT အထွေထွေအတွင်းရေးမှူးဖြစ်တဲ့တစ်လျှောက် ဘောလုံးကဘာမှဖြစ်မလာသလို MFF အတွင်းမှာ စပွန်ဆာရှာဖွေရေး ဝန်ထမ်းကြီးကြပ်ရေးအားလုံးက စုတ်ပြတ်သွားတယ်။ သူနဲ့တည့်တဲ့လူတွေနေရာရလာတယ်။ ဘာအရည်အချင်းမှမရှိပေမယ့် သိန်း ရာချီနီးပါး MFF ကနေ လစာရတယ်။ အဲ့နောက်ပိုင်း သူ့ personal ကိစ္စတစ်ခုနဲ့ ဘာထွက်စာမှလည်းမတင်ဘဲ MFF ကနေပျောက်သွားတယ်။ ခုတော့ အုပ်ကြီးအတွင်းလူအနေနဲ့ပြန်ပေါ်လာတယ်။

နောက်တစ်ယောက်က MWA မိုးဝေအောင်။ သူကတာ့အရင်ကရေးဖူးသလို လူငယ်အသင်းတွေမှာ မန်နေဂျာလုပ်တယ်။ ကစားသမားတွေမွေးတယ်။ အသင်းကြီးဆီပို့တယ်။ အသင်းကြီးမန်နေဂျာဖြစ်တော့ အဲ့လူငယ်တွေကို အရမ်းပစားပေးတယ်။ အဲ့တော့ senior တွေကမကြည်တော့ဘဲ အုပ်ကြီးကိုဖုန်းဆက်တိုင်တယ်။ အုပ်ကြီးက သူ့လူကိုသူတစ်ဖက်လှည့်နဲ့ပြန်ခေါ်ပြီး Max မှာပြန်ထားရင်း ရာထူးအကြီးပိုင်းတစ်ခုပေးထားလိုက်တယ်။ MWA ဆိုတာ အုပ်ကြီး သေဆိုသေ ရှင်ဆိုရှင်။ ဘောကိုရှယ်ပလန်နဲ့ မ တာမျိုး။ သူကတော့ MNL COO ဖြစ်တယ်။ တကယ်တော့ Max ကရတဲ့လစာနဲ့တင် MWA ကချမ်းသာပြီးသား။ MNL မှာသူ့လူတွေချန်ခဲ့ချင်တဲ့အုပ်ကြီး အမိန့်ကိုမလွန်ဆန်နိုင်တာနဲ့ ဘောရူးတဲ့ ဇ လေးကြောင့် ခပ်တည်တည်နဲ့တစ်နေရာ ဝင်ထိုင်နေတာ။ တကယ်က လုံးဝ low profile နေတတ်ပြီး ရှောင်ထွက်တာ သိပ်တော်တယ်။

နောက်တစ်ယောက်က TTA ထွန်းထွန်းအောင်။ သူက MFF ရဲ့ လက်ရှိ GS အထွေထွေအတွင်းရေးမှူး။ သူ့အကြောင်းကတော့ ဒီ page မှာတင်ပေးထားတယ်။ အုပ်ကြီး စကားတစ်ခွန်းထဲဆိုတဲ့လူစားမျိုး။
အုပ်ကြီးက သူထွက်သွားပေမယ့် နေရာအလိုက်မှာ သူ့လူတွေကိုထားသွားတာ။ နောက်လူမြေမလှန်နိုင်အောင်ပါ အရင်ကဘောလုံးသမားတွေကို သက်ကြီးပူဇော်ပွဲတွေလုပ်ပြီး သေချာလေးပြုစုထားတာ။

စာရေးသူအမြင်ရဆို အုပ်ကြီးက ဘောချုပ်ကို ဦးသန်းရွှေ မြန်မာနိုင်ငံက အာဏာစွန့်ပြီး အချိန်တော်တော်ကြာထိ ဆက် control လုပ်ထားသလိုပုံစံမျိုးနဲ့ နောက်ကွယ်ကနေ ဆက်လုပ်သွားမယ်ဆိုတာပါပဲ။ အဲ့တော့ ဘောချုပ်မှာလဲ ဒီလူတွေက ဒုံရင်းကဒုံရင်းဆက်ရှိမယ်။ ရှူံးရင် မြေလှန်ပစ်ဘာညာသွားဆဲမနေနဲ့။ ဟိုက အကုန်အကွက်ချထားခဲ့ပြီးသားလို့ပဲပြောပါရစေ။

#MultiSportsInfoMyanmar
❤11🔥1
ထိုင်း အင်ဒိုပွဲကောင်းတယ်။
တယောက်လျော့နဲ့ ထိုင်း အချိန်ပို၁၅မိနစ်ဒုတိယပိုင်းမှာ အနိုင်ဂိုးသွင်းပြီးကာမှ အင်ဒိုတိုက်စစ်ကိုသေချာမကာတော့ ချေပဂိုးပေးလိုက်ရပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးသွားခဲ့တယ်။
၂သင်းလုံးကစားတာကောင်းတယ်၊ ထိုင်းက ချာနာထစ်နဲ့ တီရာဆက်နာသွားတာကလည်းတိုက်စစ်ပိုင်းအားပျော့သွားတော့တာပဲ။

2026 FIFA ASEAN CUP DIVISION 1 CHAMPION - INDONESIA

2026 FIFA ASEAN CUP DIVISION 2 CHAMPION - HONG KONG
❤3
မောင်ဇော်ဇော်အိ ကမ္ဘာ့အဆင့်မီထောက်ပံံ့ပေးမှု
🤣22❤3
😁8❤2🤣2
🤣13❤2
အပြောလေးကတော့ ကြွေဖို့ကောင်းတယ် "၂၀၃၀ WC သွားမယ်လေ" ဆိုပဲ။ အမေရိကားမှာတောင်ကျောင်းသွားတက်တာဆိုတော့ မိသားစုက ငွေရေးကြေးရေးအဆင်ပြေမှာပဲ။ အဲ့ဒီတော့ ပွဲတိုင်းကို လက်မှတ်ဝယ်ပြီး တစ်ယောက်တည်းကြည့်ပါ ဘရို။

မြန်မာတစ်သင်းလုံးအနေအထားနဲ့ဆိုရင်တော့ ခမာတွေကကြိတ်ပြုံးနေလိမ့်မယ်
🤣12❤1
ချန်ပီယံရှစ်ကြည့်နိုင်သော package များ

MUTV 1 ရာသီစာ + ESPN = $100 PER YEAR
IPTV 1 YEAR လိုင်းပေါင်းစုံပါ = 90$

နှလုံးငြိမ်ဆေး + သွေးဆေး တနှစ်စာ 2 သိန်း
ECG ရိုက် FREE (Samsung watch or Apple watchဝယ်ရင်)
😁8❤3
🤣11❤1😁1
🤣6
🤣8🔥2😁2❤1