ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသေဆုံးလျော့နည်းစေရေး ပြည်သူလူထု အခြေပြု သွေးလွန်တုပ်ကွေးကာကွယ် နှိမ်နှင်း ရေးလုပ်ငန်းများကို ရက် (၁၀၀) စီမံချက်ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရက်နေ့နှင့် (၈-၅-၂၀၂၆) ရက်နေ့များတွင် ဇီးကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်နှင့် ကျေးလက် ကျန်းမာရေး ဌာနအတွင်းရှိ ကျေးရွာ များတွင် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်း၊ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် အဘိတ်ဆေး ခတ်ခြင်းများကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများသည် ပြည်သူလူထုနှင့် ပူးပေါင်း၍ဆောင်ရွက်ခဲ့ပါသည်။
❤13👍4
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ပန်းတနော်မြိုနယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန၊ဌာနခွဲ အားလုံးတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်တားဆီးနိုင်ရေး ဦးတည်ချက်ဖြင့် ကျန်းမာရေးပညာပေးခြင်း၊ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများပြုလုပ်ခြင်း၊ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်ခြင်းနှင့်အဘိတ်ဆေးခတ်ခြင်းများကို (၆-၅-၂၀၂၆)နေ့က ကျေးရွာ (၁၂၆) ရွာတွင်ပြုလုပ်ခဲ့ပါသည်။
❤44👍9
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနသည် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ (၈.၅.၂၀၂၆)ရက်နေ့တွင် နေပြည်တော်၊ခုတင် (၅၀၀) သားဖွားမီးယပ်အထူးကုပြည်သူ့ဆေးရုံကြီး၌ သားအိမ်ခေါင်းကင်ဆာရောဂါစစ်ဆေးကြမည့် ဇမ္ဗူသီရိမြို့နယ်မှ အသက်(၃၀-၄၉)နှစ်မျိုးသမီး (၃၀)ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါကင်ဆာအကြိုအဆင့်ကို အက်စစ်တစ်အက်ဆစ်ဖြင့် မျက်မြင်ကြည့်ရှုခြင်းနည်းလမ်း ( Visual inspection with acetic acid- VIA) ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ငှက်ဖျားကူးစက်မှုပပျောက်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးတို့အတွက် ကာကွယ် နှိမ်နင်း ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ (၉-၅-၂၀၂၆) ရက်နေ့တွင် ဒိုက်ဦးမြို့နယ် လက်ခုတ်ကွင်းကျေးရွာမှ ငှက်ဖျားပိုးတွေ့ လူနာနှင့် ဆက်စပ်လူနာများ၊ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေသူများအား ကွင်းဆင်းသွေးဖောက်စစ်ဆေးခြင်း၊ ငှက်ဖျားရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ဆေးစိမ်ခြင်ထောင်(အခမဲ့) ဖြန့်ဝေပေးခြင်း နှင့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းတို့ကို ဒိုက်ဦး မြို့နယ် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး အဖွဲ့ (ရပကန)အဖွဲ့နှင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များက ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
👍1
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြိုနယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနရှိ ရှမ်းကွင်း၊မြင်းကကွင်း၊သဘော့ကန်၊ ချောင်းသာ ကျေးလက်ကျန်းမာရေးဌာနများမှ ကျန်းမာရေး ဝန်ထမ်းများသည် (၈-၅-၂၀၂၆)ရက်နေ့တွင် ကျေးရွာစုစုပေါင်း(၆)ရွာတွင် ကျန်းမာရေးပညာပေးဟောပြောခြင်း၊ ငှက်ဖျားသွေးဖောက်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ကျန်းမာရေးပညာပေး တက်ရောက်သူပေါင်း(၁၇၉)ဦး ၊သွေးဖောက်စစ်ဆေးသူပေါင်း(၁၆၁)ဦး ရှိပါသည်။
❤23👍7