Media Development Department
1.23K subscribers
1.26K photos
109 videos
1 file
507 links
Download Telegram
မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမည်
=====================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော အစိုးရဓမ္မာစရိယသုံးကျမ်းအောင် ၁၁၄၇ ပါး၊ အစိုးရဓမ္မာစရိယအထူးအောင် လေးပါး၊ ပါဠိဂုဏ်ထူးအောင် တစ်ပါး၊ မြန်မာဂုဏ်ထူးအောင် ၁၃ ပါး၊ ပါဠိပထမပြန်အထူးအောင် ၁၆ ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်အထူးအောင် ကိုးဦးတို့အား ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်သည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် အင်္ဂါနေ့ မွန်းတည့် ၁၂ နာရီတွင် မန္တလေးမြို့ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်သည်။

အဆိုပါမဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန် သက်ဆိုင်ရာ စာအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများ ပေးပို့ဆက်ကပ်ပင့်ဆောင်မည်ဖြစ်သည်။ ပင့်စာများကို အချိန်မီမရရှိပါကလည်း ကြွရောက်တော်မူကြပါရန်နှင့် ဖေဖော်ဝါရီ ၈ ရက်မှစ၍ ရုံးချိန်အတွင်း မန္တလေးမြို့ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးသို့ ဆက်သွယ်သတင်းပေးပို့ကြပါရန် သာသနာရေးဦးစီးဌာနက ပင့်လျှောက်ထားကြောင်း သိရသည်။
2
ပြည်သူ့ကြားက ပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်
============================
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ ‘‘ပြည်သူ့ကြားကပြည်သူ့စကား’’ အစီအစဉ်မှ “ ပြည်သူကို ဖမ်းဆီးငွေညှစ်ဓားပြတိုက်နေတဲ့ PDF ဓားပြအကြမ်းဖက်အဖွဲ့” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

လာမည့်အပတ် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် “အကြမ်းဖက်လုပ်ရပ်၊ အဖွဲ့အစည်းများကို ကျောခိုင်းကာ နှစ်သစ်ကို စည်းလုံးပျော်ရွှင်စွာဖြတ်သန်းနေကြသော ပြည်သူများ၏ ငြိမ်းချမ်းသောအနာဂတ်ခရီး” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးတင်ဆက်မည်ဖြစ်သည်။ အထက်ပါအစီအစဉ်ကို အပတ်စဉ်ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့် အပတ်စဉ်ကြာသပတေးနေ့တိုင်း နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
2
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ
=============================
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ်လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ၃၀-၁၂-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၌ ၂၂-၁-၂၀၂၁ ရက်နေ့မှ ၁၂-၁၂-၂ဝ၂၅ ရက်နေ့အထိ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်း ၁၃၃ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် လျှောက်ထားသူဂျာနယ် နှစ်ဦး၊ မဂ္ဂဇင်း နှစ်ဦး၊ အထွေထွေ ၃၇ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၈၂ ဦး စုစုပေါင်း ၂၅၆ ဦး တို့အား အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၈၃၃ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၆၃၂ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၄၉၆ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၉၆၁ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန
👍3
ပို့ကုန်လုပ်ငန်းရှင်များအား တိုက်တွန်းနှိုးဆော်ခြင်း
👍3
သွင်းကုန်လုပ်ငန်းရှင်များအား အသိပေးကြေညာခြင်း
👍3
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
👍5
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ နယ်သာလန်နိုင်ငံသည်ဟိဂ်မြို့သို့ ထွက်ခွာ
=====================================
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဇန်နဝါရီ ၁၂ ရက်မှ စတင် ပြုလုပ်မည့် ကြားနာပွဲသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ခေါင်းဆောင် သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နယ်သာလန် နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာသွားကြသည်။ 

အဆိုပါ တရားရုံးကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ လည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိလည်းကောင်း၊ နှစ်ကြိမ် လျှောက်လဲမည်ဖြစ်ကြောင်း သိရှိရသည်။
5👍4
မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေ ၁ စင်းပေါ်တွင် လိုက်ပါလာသူများအား တပ်မတော် (ရေ) နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်
======================
နေပြည်တော် ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ တောင်ဘက် ရေမိုင် ၁၅၆ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်မှ လိုက်ပါလာသူများအား တပ်မတော် (ရေ) နှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၏ တောင်ဘက်ရေမိုင် ၁၅၆ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လှေတစ်စင်းရေဝင်နစ်မြုပ်နေကြောင်း ဇောတိကရေနံစင်၏ အထောက်အကူပြုရေယာဉ်များ၏ သတင်းပေးပို့မှုအရ ပင်လယ်ပြင်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ စစ်ရေယာဉ် ၁ စီးနှင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ ရေယာဉ် ၁ စီးတို့သည် ဇောတိကရေနံစင်၏ အထောက်အကူပြုရေယာဉ်များနှင့် ပူးပေါင်းပြီး သွားရောက်၍ ကူညီကယ်ဆယ်ရေးမှုများ ဆောင်ရွက်ခဲ့ရာ အဆိုပါလှေပေါ်၌ လိုက်ပါလာသူများအနက် ၈၆ ဦးတို့ကို စစ်ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါရေဝင်နစ်မြုပ်ခဲ့သည့် လှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများအား သက်ဆိုင်ရာသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရေး တာဝန်ရှိသူများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျစောင့်ရှောက်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
👍2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
👍3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ်ထူထောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာဖက်ဒရယ် သမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကိုအခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူး‌ပေါင်းဆောင်ရွက်မှုတိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့် အားလျော်စွာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ်ထူထောင်ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာ ဖက်ဒရယ်သမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးအောင်ကျော်မိုးနှင့် မလေးရှားနိုင်ငံဆိုင်ရာ ဆိုမာလီယာ သံအမတ် ကြီး Mr. Ali Mohamed Abukar တို့က ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ကွာလာလမ်ပူမြို့ မြန်မာသံရုံး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ ၁၂၇ နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်သည့်နိုင်ငံဖြစ်သည်။
👍43
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် လိုက်လံကြည့်ရှုအားပေး
========================================
နေပြည်တော် ဇန်နဝါရီ ၁၁

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည်အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကိုအသုံးချပြီး နိုင်ငံ၏အနာဂတ်လမ်းကြောင်းကို ရွေးခြယ်ဆုံးဖြတ်ရမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာမြို့နယ်များ၌ ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမဲရုံများအလိုက် မည်သည့်ဖိအားတစ်စုံတစ်ရာမျှမပါရှိဘဲ မိမိတို့၏လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွစည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာဖြင့် တစ်ခဲနက်ဆန္ဒမဲများပေးကြသည်။
ဆက်လက်ဖတ်ရှုရန်>>>https://mdd.gov.mm/my/news/2494
👍41
နိုင်ငံတော်ငွေပေးချေမှုစနစ် ကြီးကြပ်မှုကော်မတီ (၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကျင်းပ e-ID စနစ်နှင့် SIM–Registration စနစ်တို့ တိုက်ရိုက်ချိတ်ဆက် စိစစ်နိုင်ရေးဆွေးနွေး
==================================
မြန်မာနိုင်ငံ၏ ငွေပေးချေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးမဟာဗျူဟာအဆင့်တွင် ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားသည့် နိုင်ငံတော်ငွေပေးချေမှုစနစ်ကြီးကြပ်မှုကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
ဆက်လက်ဖတ်ရှုရန်>>>https://mdd.gov.mm/my/news/2495
👍51
သက်ကြီးသတင်းစာပညာရှင်ကြီးများအား ဒုတိယအကြိမ် ကူညီထောက်ပံ့
========================================
ခေတ်အဆက်ဆက်တွင်သတင်းစာပညာဖြင့် တိုင်းကျိုးပြည်ပြုထမ်းဆောင်ခဲ့ကြသော သက်ကြီးသတင်းစာပညာရှင်ကြီးများအား မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦး ဦးဆောင်သည့်ကောင်စီဝင်များက ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိအိမ်တိုင်ရာရောက် ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်ဖတ်ရှုရန်>>>https://mdd.gov.mm/my/news/2493
👍81
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ Myanmar Narrative Think Tank ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံ၏ အမှန်တရားနှင့် တရားမျှတမှုအတွက် ခုခံချေပခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်
👍43
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
👍21
ပြည်ပထွက်ခွာခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက်
👍21