Media Development Department
1.22K subscribers
1.28K photos
109 videos
1 file
511 links
Download Telegram
မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော ရေအား၊ ဆိုလာ၊ လေအားနှင့် LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေး
=================================
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ၂ဝ၂၆ ခုနှစ် ဧပြီ ၁၂ ရက်မှ ၁၈ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရုတ်နိုင်ငံမှတစ်ဆင့် သွားရောက်ရန်အတွက် ဧပြီ ၁၂ ရက် မွန်းလွဲပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။
ဆက်လက်ဖတ်ရှုရန်»https://mdd.gov.mm/my/news/3602
👍2
နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ
=========================
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှေ့ရှိ အဆိုပါမဏ္ဍပ်၌ ကျင်းပသည်။
ဆက်လက်ဖတ်ရှုရန်»https://mdd.gov.mm/my/news/3603
👍2
မဟာသင်္ကြန်ပွဲတော်အကျနေ့၊ ပြည်သူများ ပါဝင်ဆင်နွှဲကြသူများစည်ကား
=========================
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အကျနေ့၌  ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် ကော်ဖီသင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်အစရှိသည့် မဏ္ဍပ်များတွင် ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာ ပျော်ရွှင်စွာဖြင့် စည်စည်ကားကားဖြင့် ပါဝင်ဆင်နွှဲကြသည်။

မဟာသင်္ကြန်အကျနေ့တွင် သာကေတ၊ ထန်းတပင်(ရန်ကုန်)၊ လားရှိုး၊ မူဆယ်၊ ပြင်ဦးလွင်၊ ပြည်ကြီးတံခွန်၊ ကံမ၊ ငဖဲ၊ သနပ်ပင်၊ ရွှေသောင်ယံ၊ မင်းလှ(ပဲခူး)မြို့နယ်တို့ရှိ  သင်္ကြန်မဏ္ဍပ်များတွင် တေးသံရှင်များက တေးသံသာများ၊ ယိမ်းအကအလှအဖွဲ့များက အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ လမ်းလျှောက်သင်္ကြန်၊ ကော်ဖီသင်္ကြန်ပွဲတော်နှင့် စတုဒိသာမဏ္ဍပ်တို့တွင်  သင်္ကြန်ပွဲတော် အကျ‌‌နေ့တွင် ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့‌ကြောင်း သိရသည်။

ပြန်/ဆက်
4👍2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်းအတွက် ဘူတန်ဘုရင့်နိုင်ငံဝန်ကြီးချုပ် ဒါရှို ရှားရင်း တော့ဘ်ဂေးထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့
=============================
နေပြည်တော် ဧပြီ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်းအတွက် ဘူတန်ဘုရင့်နိုင်ငံ ဝန်ကြီးချုပ် ဒါရှို ရှားရင်း တော့ဘ်ဂေးထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့သည်။

အဆွေတော်၊

အဆွေတော်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့်အတွက် ဘူတန်အစိုးရကိုယ်စား မိမိကနွေးထွေးစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အဆွေတော်အား ပြောကြားလိုပါသည်။

မြန်မာပြည်သူအားလုံး အကျိုးစီးပွားဖြစ်ထွန်းစေရေးအတွက် နိုင်ငံတော်သမ္မတအဖြစ် အရေးကြီးသည့်တာဝန်များကိုထမ်းဆောင်ရာတွင် အဆွေတော်အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း မိမိကဆုမွန်ကောင်းပို့သအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ရှားရင်း တော့ဘ်ဂေး
👍1
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဆွေးနွေး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဆွေးနွေး
=======================
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့်အတူ ဧပြီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် တရုတ်နိုင်ငံပိုင် China Railway Beijing Engineering Group Co., Ltd သို့ သွားရောက်ပြီး ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ MEIGE Joint Energy Holding Co., Ltd ကုမ္ပဏီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ Yunnan-Irrawaddy Supply Chain မှ President ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ဆက်လက်ဖတ်ရှုရန်»https://mdd.gov.mm/my/node/3616
3👍3
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်
👍3
ဒုတိယသမ္မတနှစ်ဦးကို မဟာသီရိသုဓမ္မဘွဲ့၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း)အား သတိုးမဟာသရေစည်သူဘွဲ့နှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့ကို မဟာသရေစည်သူဘွဲ့များ ချီးမြှင့်အပ်နှင်း
👍2👎1
၂၀၂၆ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
👍5
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
👍3
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
👍1
ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
👍4
ဒုတိယသမ္မတ ဦးညိုစော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ
====================================
နေပြည်တော် ဧပြီ ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ရှိရင်းစွဲသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာစေရေး၊ စီးပွားရေးကဏ္ဍ၊ နယ်စပ်ဒေသကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံဘဏ်များ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင် နယ်စပ်ကုန်သွယ်ရေးနှင့် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်
👍2
အရေးပေါ်အခြေအနေကြေညာခြင်း
👍3
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆
👍4
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
👍3