This media is not supported in your browser
VIEW IN TELEGRAM
စက်သုံးဆီကိစ္စနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း မှ ပြည်သူလူထုသို့အသိပေးပြောကြားချက်
နေပြည်တော်၊ မတ် ၁၄
နေပြည်တော်၊ မတ် ၁၄
👍7❤2
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ စတုတ္ထနေ့ ဆက်လက်ကျင်းပ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် လာရောက်ဖြေဆိုသူစုစုပေါင်း ၂၅၄၇၁၇ ဦးရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် လာရောက်ဖြေဆိုသူ ၂၈၆၉ ဦးရှိ
👍2
မစ္စတာ အလီ မိုဟာမက် အဘူကာအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆိုမာလီယာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီ
================================
နေပြည်တော် မတ် ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ အလီ မိုဟာမက် အဘူကာအား ကွာလာလမ်ပူမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆိုမာလီယာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ဆိုမာလီယာအစိုးရ၏ အဆိုပြုချက်ကို သဘောတူညီပြီးဖြစ်သည်။
မစ္စတာ အလီ မိုဟာမက် အဘူကာကို ၁၉၅၄ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် ဆိုမာလီယာနိုင်ငံ မိုဂါဒီရှူမြို့တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ဆိုမာလီယာနိုင်ငံရှိ ဆိုမာလီအမျိုးသားတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာနှင့် ပြင်သစ်ဘာသာ (ဒီပလိုမာ)ကို ၁၉၈၃ ခုနှစ် တွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံရှိ ဖရန်ချေ-ကွန်တေ တက္ကသိုလ်မှ အာရပ်ဘာသာနှင့် ပြင်သစ်ဘာသာ (ဒီပလိုမာ) ကို ၁၉၉၀ ခုနှစ်တွင်လည်းကောင်း၊ ဆိုမာလီယာနိုင်ငံရှိ ဆိုမာလီယာ သံတမန်သင်တန်းကျောင်းမှ သံတမန်ရေးရာ မိတ်ဆက် (ဒီပလိုမာ)ကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့သည်။
၎င်းသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဗြိတိန် နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့တွင် ပညာရေးဆိုင်ရာ အကြံပေး၊ စကားပြန်နှင့် ဘာသာပြန်တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဘရပ်ဆဲလ်မြို့ အခြေစိုက် ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ ဆိုမာလီယာသံရုံးတွင် ပထမ အတွင်းဝန်/ သံရုံးဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၎င်းသည် ၂၀၂၄ ခုနှစ်မှ လက်ရှိအထိ ကွာလာလမ်ပူမြို့ အခြေစိုက် မလေးရှားနိုင်ငံဆိုင်ရာ ဆိုမာလီယာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်သည်။
သတင်းစဉ်

👍9
လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသို့ အသိပေးပန်ကြားချက်
===============================
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အား လိုအပ်ချက် ၄၆၆၄ မဂ္ဂါဝပ်ကို ပြည့်ဝစွာဖြန့်ဖြူး ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း လက်ရှိတွင် အဓိကဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော ၃၆၀၀ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ၎င်းအပြင် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအချိန်အခါ မတ်လသည် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပုံမှန်အားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဆည်များတွင် စုဆောင်းထားရှိသည့် ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် စတင်ထိန်းသိမ်းရမည့်အချိန်ကာလ ဖြစ်သော်လည်း တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်များအတွင်း ကျောင်းသား၊ ကျောင်းသူများညပိုင်းစာကြည့်ချိန်နှင့် စာစစ်ဌာနများတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ရရှိစေရန်အတွက် စုဆောင်းထားရှိသည့် ဆည်ရေများဖြင့် တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရပါသည်။
၃။ သို့ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြီးစီးသွားသည့်ရက်များမှစတင်၍ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ / အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) အစီအစဉ် များကို (၁၈-၃-၂၀၂၆) ရက်မှ စတင်ပြုလုပ်ရမည်ဖြစ်ပါသည်။ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများအား ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးခြင်း (Planned Load Shedding) မပြုလုပ်ဘဲ စဉ်ဆက်မပြတ်ဆက်လက်ဖြန့်ဖြူးပေးထားပါမည်။ သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) ဆောင်ရွက်ရမှုအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်နှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျချွေတာသုံးစွဲပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

👍5❤3
၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
================================
ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော် ပြပါ တိုင်းတာမှတ်(၃)နေရာတွင် Ambient Air Quality Monitoring Station with Mobile Car-(AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကိုအသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆)မျိုးကို ၂၄ နာရီ ပုံမှန် တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။
လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေး တိုင်းတာသည့်နေရာ အနီးဝန်းကျင်အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ်များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း သုံးသပ်ရရှိပါသည်။

👍3
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ Jeng Phang နော်တောင်တို့အား ရွေးကောက်တင်မြှောက်
=====================================
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆက်လက်ဖတ်ရှုရန်>>>https://mdd.gov.mm/my/news/3242

👍4
အများပြည်သူသို့ အသိပေးကြေညာချက်
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
၂။ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ်(Public Feedback Programme– PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
၃။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့်အခြေအနေများနှင့်စပ်လျဉ်း၍ ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်း ဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည်အသွေး ကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့မေးမြန်းလိုက် သောမေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းသည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

❤3👍3
ရန်ကုန်-နေပြည်တော်-မန္တလေးရထားလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းနှင့် ရန်ကုန်-ပြည်ရထားလမ်းပိုင်းများရှိ လူစီးအမြန်ရထားများတွင် ရထားများတိုးချဲ့ချိတ်ဆက်ပြေးဆွဲ ခရီးသွားပြည်သူများရထားစီးနင်းမှုများပြား
================================
နိုင်ငံတော်ယာယီသမ္မတ၏လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရထားဆိုင်းများတိုးချဲ့ ပြေးဆွဲပေးခြင်း၊ လက်ရှိပြေးဆွဲနေသော ရထားတွဲဆိုင်းများတွင် ရထားတွဲများ ထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများအား ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့မှစ၍ ဆောင်ရွက်ပေးခဲ့ရာ ရထားစီးခရီးသွားပြည်သူများ ရထားစီးနင်းမှုများပြားလျက်ရှိသည်။
ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်း၌ လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများဖြစ်သည့် အမှတ်(၃၁)အဆန်၊ အမှတ်(၃၂)အစုန်၊ အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန် ရထားများအား ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များ စီးနင်းမှုများပြားလာသည့်အတွက် အမှတ်(၃၃)အဆန်၊ အမှတ်(၃၄)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများအား ထပ်မံတိုးချဲ့ပြေးဆွဲပေးခဲ့ပါသည်။
ဆက်လက်ဖတ်ရှုရန်>>>https://mdd.gov.mm/my/news/3362

👍8
ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စီး ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိ
===================
နေပြည်တော် မတ် ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457) သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါစစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Captain Natthawat Wichakul ဦးဆောင်၍ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ဧပြီလ ၄ ရက်အထိ ငါးရက်ကြာနေထိုင်၍ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

❤7👍1