Media Development Department
1.26K subscribers
1.22K photos
109 videos
1 file
500 links
Download Telegram
စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှုအခြေအနေများကို စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးလျက်ရှိ
စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီဖူလုံမှုရှိစေရေးအစီအမံဖြင့် ဆောင်ရွက်ထားရှိသည့်အတွက်ရက်(၄၀)ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံတစ်ဝန်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်မြို့၊ သီလဝါရှိ Terminal များမှ စက်သုံးဆီများကို ပုံမှန်ခွင့်ပြုထုတ်ပေးလျက်ရှိပြီး ရောင်းအားမြင့်တက်သည့် အရောင်းဆိုင်များကိုလည်း Urgent Po များကိုလည်း ထပ်မံခွင့်ပြုထုတ်ပေးလျက်ရှိပါသဖြင့် စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ပါကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုရန် မေတ္တာရပ်ခံပါကြောင်း၊ စက်သုံးဆီရောင်းချပေးခြင်းမရှိပါက ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် ရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရပါက အရောင်းဆိုင်အား ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ပါကြောင်းအား တာဝန်ရှိသူများမှ မိဘပြည်သူများသို့ စက်သုံးဆီအရောင်းဆိုင်များတွင် နှိုးဆော်အသိပေးဆောင်ရွက်လျက်ရှိပါသည်။

စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ နေပြည်တော်ရှိ Real Time စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ အမှန်တကယ်ရောက်ရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီ ထပ်မံဖြည့်ဆည်းပေးရန်လိုအပ်သည့် စက်သုံးဆီအရောင်းဆိုင်များကိုလည်း အမြန်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ ကြီးကြပ်စစ်ဆေးရေးအရာရှိများမှလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များ အမှန်တကယ်ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီရောက်ရှိမှု ရှိ/မရှိတို့အား စက်သုံးဆီလက်ကျန်များ တိုင်းတာစစ်ဆေးခြင်း၊ Auto Tank Gauge (ATG)များအား စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကာ စက်သုံးဆီများ အချိန်မီထုတ်ယူ သယ်ဆောင်ရောင်းချနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
👍2
စက်သုံးဆီအလုံအလောက်ရှိကြောင်းအသိပေးကြေညာချက်
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသည် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အများပြည်သူသို့ စက်သုံးဆီများ တင်သွင်းရောင်းချဖြန့်ဖြူးပေးလျှက်ရှိပါသည်။

လတ်တလောဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းဒေသကိစ္စရပ်များကြောင့် ပြည်ပမှစက်သုံးဆီတင်သွင်းရာတွင် ယာယီကြန့်ကြာမှုအချို့ရှိနိုင်သော်လည်း ပြည်သူလူထု၏ လိုအပ်ချက်များအတိုင်း စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် အရန်စက်သုံးဆီများကို လုံလောက်စွာ ကြိုတင်စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လာနေသည့်အတွက် မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လပ်မှု လုံးဝမရှိနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်ကြမှု မရှိကြပါရန်၊ အတတ်နိုင်ဆုံးခြိုးခြံသုံးစွဲခြင်းဖြင့် အားလုံးလုံလောက်စွာသုံးစွဲနိုင်ရေး ကူညီပေးကြပါရန်၊ မိမိသုံးစွဲရန် လိုအပ်သလောက်သာဝယ်ယူကြပါရန်နှင့် စက်သုံးဆီများ အလုံအလောက်ရှိပါသဖြင့် စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲအချိန်ကုန်ခံ၍ တန်းစီဝယ်ယူခြင်းမပြုကြပါရန် မေတ္တာရပ်ခံအသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း
👍3
Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့် ပြတ်တောက်နိုင်
👍4
လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း
👍5
စက်သုံးဆီချွေတာခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါစို့
👍6
စက်သုံးဆီရောင်းချမှုများအပေါ် စိစစ်ကြပ်မတ်နိုင်ရေးဆောင်ရွက်သွားမည့်အစီအမံ အသိပေးထုတ်ပြန်ခြင်း
3👍2
This media is not supported in your browser
VIEW IN TELEGRAM
စက်သုံးဆီကိစ္စနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း မှ ပြည်သူလူထုသို့အသိပေးပြောကြားချက်
နေပြည်တော်၊ မတ် ၁၄
👍72
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ စတုတ္ထနေ့ ဆက်လက်ကျင်းပ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် လာရောက်ဖြေဆိုသူစုစုပေါင်း ၂၅၄၇၁၇ ဦးရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် လာရောက်ဖြေဆိုသူ ၂၈၆၉ ဦးရှိ
👍2
အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေပြဋ္ဌာန်း
👍2
မစ္စတာ အလီ မိုဟာမက် အဘူကာအား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆိုမာလီယာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီ
================================
နေပြည်တော် မတ် ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ အလီ မိုဟာမက် အဘူကာအား ကွာလာလမ်ပူမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆိုမာလီယာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ဆိုမာလီယာအစိုးရ၏ အဆိုပြုချက်ကို သဘောတူညီပြီးဖြစ်သည်။

မစ္စတာ အလီ မိုဟာမက် အဘူကာကို ၁၉၅၄ ခုနှစ် ဇူလိုင်လ ၆ ရက်တွင် ဆိုမာလီယာနိုင်ငံ မိုဂါဒီရှူမြို့တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ဆိုမာလီယာနိုင်ငံရှိ ဆိုမာလီအမျိုးသားတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာနှင့် ပြင်သစ်ဘာသာ (ဒီပလိုမာ)ကို ၁၉၈၃ ခုနှစ် တွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံရှိ ဖရန်ချေ-ကွန်တေ  တက္ကသိုလ်မှ အာရပ်ဘာသာနှင့် ပြင်သစ်ဘာသာ (ဒီပလိုမာ) ကို ၁၉၉၀ ခုနှစ်တွင်လည်းကောင်း၊ ဆိုမာလီယာနိုင်ငံရှိ ဆိုမာလီယာ သံတမန်သင်တန်းကျောင်းမှ သံတမန်ရေးရာ မိတ်ဆက် (ဒီပလိုမာ)ကို ၂၀၂၄ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့သည်။

၎င်းသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဗြိတိန် နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့တွင် ပညာရေးဆိုင်ရာ အကြံပေး၊ စကားပြန်နှင့် ဘာသာပြန်တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဘရပ်ဆဲလ်မြို့ အခြေစိုက် ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ ဆိုမာလီယာသံရုံးတွင် ပထမ အတွင်းဝန်/ သံရုံးဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၎င်းသည် ၂၀၂၄ ခုနှစ်မှ လက်ရှိအထိ ကွာလာလမ်ပူမြို့ အခြေစိုက် မလေးရှားနိုင်ငံဆိုင်ရာ ဆိုမာလီယာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည်  အိမ်ထောင်ရှင်တစ်ဦးဖြစ်သည်။

သတင်းစဉ်
👍9