Media Development Department
1.26K subscribers
1.22K photos
109 videos
1 file
500 links
Download Telegram
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ASEAN Para Sports Federation (APSF) Board of Governor (BoG) အစည်းအဝေးတက်ရောက်
====================================
(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Asean Para Sports Fe-deration (APSF) Board of Governor (BoG) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နာခွန်ရစ်ချာဆီးမား (ခိုရတ်) မြို့ Kantary Hotel ရှိ Lamtakong ခန်းမ၌ကျင်းပရာ အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အတူ မြန်မာမသန်စွမ်း အားကစားအဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌဒေါက်တာ တင်မောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်ဖတ်ရှုရန်>>>https://mdd.gov.mm/my/news/2598
👍5
ဂမ်ဘီယာနိုင်ငံမှ ကိုးကားတင်သွင်းထားသော အခြားအထောက်အထားများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker က တုံ့ပြန်ချေပလျှောက်လဲချက်
================================
မြန်မာနိုင်ငံ၏ ရေးသားတင်သွင်းထားသောလျှောက်လဲချက် နှစ်စောင်အနက် အခန်း (၇) သည် ဂမ်ဘီယာနိုင်ငံက ကိုးကားအားပြုထားသော အခြားစာရွက်စာတမ်းများ၏ အထောက်အထားခိုင်လုံမှု (Evidential weight) နှင့် သက်ဆိုင်ပြီး ဂမ်ဘီယာ၏ လျှောက်လဲချက်များတွင် ကိုးကားထားသည့် နောက်ဆက်တွဲများပါ စာရွက်စာတမ်းအထောက်အထားများသည် ခိုင်လုံမှုလုံးဝမရှိကြောင်း မြန်မာနိုင်ငံက တုံ့ပြန်ထားပြီးဖြစ်ပါကြောင်း။
ဆက်လက်ဖတ်ရှုရန်>>https://mdd.gov.mm/my/news/2595
👍91
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ်မြင်တွေ့ရပါသည်။

အဖွဲ့အစည်းအသီးသီးမှ လူမှုကွန်ရက်ပေါ်တွင် ထောက်ခံအားပေးသည့် Post များရေးသားခြင်း၊ ထုတ်ပြန်ချက်များထုတ်ပြန်ခြင်း၊ မြေပြင်ထောက်ခံပွဲများပြုလုပ်ခြင်းများကို မည်သူ့တိုက်တွန်းချက်မှမပါဘဲ အားတက်သရောလုပ်ဆောင်နေကြသည်ကို လေးစားဂုဏ်ယူဖွယ် အသိအမှတ်ပြုပါသည်။

သို့ရာတွင် Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ တရားရင်ဆိုင်ဆဲကာလဖြစ်သဖြင့် အားပေးထောက်ခံမှုများအား လူမှုကွန်ရက်ပေါ်တွင်လည်းကောင်း၊ အဖွဲ့အစည်းများမှ မြို့/ရွာအသီးသီးတွင် ထောက်ခံပွဲများပြုလုပ်ရာတွင်လည်းကောင်း အောက်ပါအချက်များအား အထူးသတိပြုလိုက်နာကြပါရန် နှိုးဆော်အပ်ပါသည် -

(၁) ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်။

(၂) လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများမပြုလုပ်ကြပါရန်။

(၃) တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မပြုလုပ်ကြပါရန်။

(၄) Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြပါရန်။
👍32
ဂမ်ဘီယာ အထူးပြုစွပ်စွဲချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံလျှောက်လဲချက်များအား ဦးကိုကိုလှိုင် ကောက်နုတ်ပြောကြားခြင်း အပိုင်း (၁)
https://mdd.gov.mm/my/news/2609
ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ဖြင့် ချမှတ်ခဲ့ပြီး ခွဲခြားဆက်ဆံသည်ဟု ဂမ်ဘီယာကစွပ်စွဲထားသော ဥပဒေများနှင့် မူဝါဒများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker က ချေပလျှောက်လဲချက်
========================
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအပေါ် ခွဲခြားဆက်ဆံသည့် ဥပဒေများနှင့် မူဝါဒအမျိုးမျိုးကို ကျင့်သုံးခဲ့သည်ဟု လူမျိုးသုဉ်းစေမှု၏ ရှေ့ပြေးနိမိတ်များ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်လူမျိုးသုဉ်းစေမှုလုပ်ရပ်များဖြစ်သည်ဟု စွပ်စွဲထားခြင်းအပေါ် မြန်မာနိုင်ငံ၏ ချေပလွှာတစ်ခုချင်းစီ၏ အခန်း (၁၀) တွင် တုံ့ပြန်ထားပြီးဖြစ်ပါကြောင်း၊ ယင်းစွပ်စွဲချက်များကိုကြည့်ပါက ဂမ်ဘီယာအနေဖြင့် သတိမမူဘဲအဆုံးစွန်သော စွပ်စွဲချက်များကို လက်လွတ်စပယ်ပြုလုပ်နေသည်မှာ ထင်ရှားပါကြောင်း။
ဆက်လက်ဖတ်ရှုရန်>>https://mdd.gov.mm/my/news/2607
👍61
အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးဟုဆိုကာ တပ်မတော်က ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းစေရန်ရည်ရွယ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီရွာတိုင်းတွင် စစ်ဆင်ပုံ (pattern of conduct) ကို တစ်ပုံစံတည်း ဆောင်ရွက်ခဲ့ကြောင်း ဂမ်ဘီယာက စွပ်စွဲမှုကို မြန်မာ၏ရှေ့နေ Ms. Leigh Lawrie က ရွာ ၄၂ ရွာဖြစ်စဉ်များနှင့် ကိုးကားတုံ့ပြန်ချေပချက်
===========================
မြန်မာအနေဖြင့် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်မရှိကြောင်းကို ရွာများတွင် ဖြစ်ပွားခဲ့မှုများကို အသေးစိတ်ခွဲခြားစိတ်ဖြာလေ့လာလျှောက်လဲမည်ဖြစ်ကြောင်း။

ဂမ်ဘီယာ၏ အဓိကစွပ်စွဲချက်မှာ တပ်မတော်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂါလီရွာများကို တစ်ပုံစံတည်းစစ်ဆင်ခဲ့ပြီး ရွာတိုင်းတွင် လူပေါင်းရာချီကို သတ်ဖြတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို တစ်ပုံစံတည်းပြုလုပ်ခဲ့သည်ဟုဆိုကာ လူမျိုးသုဉ်းစေရန် ရည်ရွယ်ခဲ့သည်ဟု စွပ်စွဲထားခြင်းဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ယင်းစွပ်စွဲမှုကို သက်သေပြနိုင်ခြင်းမရှိပါက လူမျိုးသုဉ်းစေမှုမမြောက်ပါကြောင်း၊ ထို့ကြောင့် တပ်မတော်က ရွာတိုင်းတွင် စစ်ဆင်ပုံ (pattern of conduct) တစ်ပုံစံတည်းမဟုတ်ကြောင်း ရှင်းလင်းလျှောက်လဲသွားမည်ဖြစ်ကြောင်း။
ဆက်လက်ဖတ်ရှုရန်>>https://mdd.gov.mm/my/news/2606
👍62
သက်သေပြရန်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ရှေ့နေ Sam Blom-Cooper ၏ ချေပလျှောက်လဲချက်
==============================
ဂမ်ဘီယာအနေဖြင့် သက်သေပြရန်တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်စေသည့် ကျူးလွန်မှု (actus reus) ရှိကြောင်းနှင့် စပ်လျဉ်း၍ သက်သေပြနိုင်ခြင်းမရှိကြောင်း၊ ထို့ပြင် လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်ရန်အတွက် အကာအကွယ် ပေးရမည့်အုပ်စုကို ရုပ်ပိုင်းဆိုင်ရာသို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးလိုသည့် သီးခြား ရည်ရွယ်ချက် (dolus specialis) ဖြင့် ကျူးလွန်ခဲ့ခြင်းရှိကြောင်း သက်သေပြရမည် ဖြစ်သော်လည်း သက်သေပြနိုင်ခြင်း မရှိကြောင်း။
ဆက်လက်ဖတ်ရှုရန်>>
👍171
Media is too big
VIEW IN TELEGRAM
ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်လက်ခံနိုင်‌ရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့ကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်းက ရှင်းလင်းပြောကြား
7👍2
Media is too big
VIEW IN TELEGRAM
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ(ဘင်္ဂါလီ) ကျေးရွာတွင် နေထိုင်ကြသူများအား နိုင်ငံတော်အစိုးရမှ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေနှင့် ပတ်သက်ပြီး ခေါင်းဒုက္ကာကျေးရွာမှ ဒေါ်သီတာမြင့်(ခေါ်) ဂျူနီလာ၏ ပြောကြားချက်
👍13
Media is too big
VIEW IN TELEGRAM
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာကျေးရွာ၊ ခေါင်းဒုက္ကာ IDP စခန်းတွင် ၂၀၂၅ ခုနှစ်၊ မတ်လ(၁)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ်အစိုးရက လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး ခေါင်းဒုက္ကာစခန်းမှ ဦးကျော်သိန်းမောင်(ခေါ်) မာမောက်အာမီ၏ ပြောကြားချက်
👍43
Media is too big
VIEW IN TELEGRAM
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း၂၀၂၁ ခုနှစ်တွင် IDP Camp (၁၄)ခု ဖွင့်လှစ်ထားရှိပြီး နိုင်ငံတော်အစိုးရမှ နေထိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် စီမံဆောင်ရွက်ပေးထားခဲ့မှုများနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၏ ပြောကြားချက်
6👍3
Media is too big
VIEW IN TELEGRAM
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆေးသမားကြီးကျေးရွာတွင် နေထိုင်သူများကို နိုင်ငံတော်အစိုးရမှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပညာသင်ကြားခွင့်ရရှိရေး ဆောင်ရွက်ပေးထားမှုနှင့် ပတ်သက်ပြီး ဆေးသများကြီးကျေးရွာမှ ဒေါ်တင်နီရွှေ (ခေါ်) နံရောင်စောရ ၏ ပြောကြားချက်
👍63
Media is too big
VIEW IN TELEGRAM
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်ကြသူများအနေဖြင့် လွတ်လပ်စွာကိုးကွယ်ခွင့်၊ လုပ်ကိုင်စားသောက်ခွင့်နှင့် ပညာသင်ကြားခွင့်များ ရရှိပြီး အေးချမ်းစွာနေထိုင်လျက်ရှိသည့်အကြောင်း အောင်မင်္ဂလာရပ်ကွက်တာဝန်ခံ ဦးကျော်တင်လှိုင် နှင့် စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး တို့၏ ပြောကြားချက်
👍9
နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ခရီးသွားပြည်သူများအား အသိပေးချက်
👍8
ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် - ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားကျင်းပ
================================
မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားမြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် - ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်နေ့  နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဆက်လက်ဖတ်ရှုရန်>>https://mdd.gov.mm/my/news/2767
👍1
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြခန်း ၁၅ ခန်း ပါဝင်ပြသသွားမည်
===================================
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခြောက်ရက်တာ ကျင်းပသွားမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)တွင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြခန်း ၁၅ ခန်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ဆက်လက်ဖတ်ရှုရန်>>https://mdd.gov.mm/my/news/2765
👍1
အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ
============================
၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။

၂။ အဆိုပါဝန်ထမ်းများအနေဖြင့် မိမိတို့ရောက်ရှိနေသည့်နေရာတွင်ရှိသော ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဌာန၏ရုံးများသို့လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ် ရုံးများသို့လည်းကောင်း ပြန်လည်သတင်းပို့ဆက်သွယ်ပါရန်နှင့် ဆက်သွယ်လာသူများအား စိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည့်ဝန်ထမ်းများနှင့် ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသော်လည်း Black Lists ဝင်နေသူများအား အမည်မည်းစာရင်း (Black Lists) မှ ဖြေလျှော့ပေးလျက်ရှိပါသည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့
👍3