MDY Revolution
13.7K subscribers
5.16K photos
164 videos
2 files
2.7K links
မင်္ဂလာပါ။
ကျွန်တော်တို့ MDY Revolution မှကြိုဆိုပါတယ်ဗျ။ မန္တလေးမြို့ပေါ် ‌စကစလှုပ်ရှားမှု သတင်းများနှင့်အတူ အခြားထူးခြားသတင်းများကို ကျွန်တော်တို့ထံယုံကြည်စွာနဲ့ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျာ❤️
Download Telegram
7👍4
Daily Highlight 1
May 26 (10:30 PM)

- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့တွင် ၂၄ နာရီကြာ အစာငတ်ခံဆန္ဒပြပွဲ (24-Hour Hunger Strike) ပြုလုပ်သွားရန် စီစဉ်နေပြီး အခြားနိုင်ငံများမှ တက်ကြွလှုပ်ရှားသူများလည်း ပူးပေါင်းပါဝင်ကြရန်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန် မြန်မာစစ်တပ်ကို ပြင်ပြင်းထန်ထန် ဖိအားပေးနိုင်ရေးအတွက် နိုင်ငံတကာအစိုးရများထံ တောင်းဆိုသွားရန်လည်း စီစဉ်ထားကြောင်း သိရ။

- မေလ ၂၃ရက်နေ့ မနက်အစောပိုင်းက ပေါင်းတည်နယ်၊ ရှမ်းစပ်ရွာမှ စစ်တပ်ဒေါက်တိုင် ရာအိမ်မှူးမြင့်အေးဆိုသူကို တော်လှန်ရေးအဖွဲ့များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံး၊ မြင့်အေးမှာ စစ်တပ်နှင့်ပူးပေါင်းပြီး ရပ်ရွာအတွင်း ပေါ်တာဆွဲခြင်း၊ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးအမြောက်အများ ကောက်ခံခြင်းတို့အပြင် ရပ်ရွာအပေါ် စစ်တပ်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျနေသဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရ။

- ယမန်နေ့ ညနက်ပိုင်းက ချောင်းဦးမြို့ပေါ်မှ စစ်ခွေးများက အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်၊ ကျီကုန်းရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံးမှ လူကြီး ၂ဦးနှင့် ကလေး ၂ဦး၊ စုစုပေါင်း အမျိုးသမီး ၄ဦး ဒဏ်ရာရရှိခဲ့ပြီး လူကြီး ၁ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ထို့ပြင် ယမန်နေ့ ညနေပိုင်းကလည်း ချောင်းဦးနယ် ခင်မွန်ရွာအခြေစိုက် ဘက်စုံစိုက်မွေးတပ်မှ စစ်ခွေးများက ခင်မွန်ရွာအတွင်းသို့ ဝင်ရောက်စီးနင်းပြီး အမျိုးသား ၁ဦး အမျိုးသမီး ၆ဦးတို့ကို အကြောင်းမဲ့ ဖမ်းဆီးပြီး ဘက်စုံတပ်အတွင်း အကြောင်းမဲ့ ချုပ်နှောင်ထားကြောင်း သိရ။

- မေလ ၁၂ရက်နေ့မှစတင်ပြီး ပခုက္ကူနယ်၊ အောင်သာပျူရွာမှ ထွက်ခွာလာသော စစ်ခွေး ပျူခွေး ပူးပေါင်းစစ်ကြောင်းက ပခုက္ကူနယ် မြစ်ခြေဒေသအတွင်း စစ်ကြောင်းထိုးမွှေနှောက်နေပြီး မေလ ၂၃ရက်နေ့က အိုင်ရှည်ရွာကို ဝင်ရောက်မွှေနှောက်၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခိုးယူပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်စီး၊ ယနေ့တွင်လည်း မြစ်ခြေမြို့ပေါ်မှ နေအိမ်များ ဆိုင်ခန်းများကို ထပ်မံမီးရှို့ဖျက်စီး၊ စစ်ခွေးပျူခွေးများက ကျေးရွာ ၁၀ရွာခန့်ကို မီးရှို့ဖျက်စီးခဲ့ပြီး နေအိမ် ရာချီပြီး မီးလောင်ပျက်စီး၊ ထို့ပြင် ၎င်းတို့ ဖြတ်သန်းသွားရာလမ်းတလျောက်မှ ပြည်သူ ၁၀ဦးထက်မနည်းကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့သည့်အပြင် မေလ ၁၄ ရက်နေ့က အင်းဝိုင်းရွာကို ဝင်ရောက်စီးနင်းစဉ်ကလည်း အသက် ၃၀ကျော်အရွယ် စစ်ဘေးရှောင်ပြည်သူ ၁ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် အခြား စစ်ရှောင်ပြည်သူ ၃ဦးကိုလည်း သတ်ဖြတ်ခဲ့သေးကြောင်း၊ အဆိုပါစစ်ကြောင်းကြောင့် မြစ်ခြေဒေသရှိ ရွာပေါင်း ၂၀ခန့်မှ ပြည်သူ သောင်းနှင့်ချီပြီး ထွက်ပြေးနေကြရကြောင်း သိရ။

- မေလ ၁၂ရက်နေ့မှစတင်ပြီး ကျောက်ထုဒေသအတွင်းသို့ အင်အား ထောင်နှင့်ချီ ဝင်ရောက်လာသော စစ်ခွေးစစ်ကြောင်းက ယမန်နေ့ နေ့လယ်ပိုင်းက တပြင်းရွာမှ ကျောင်းထိုင်ဆရာတော်၊ ကျောင်းဆရာ ၁ဦးအပါအဝင် ပြည်သူ ၄ဦးကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်ကာ သတ်ဖြတ်၊ ယနေ့ မနက်ပိုင်းတွင်လည်း အဆိုပါစစ်ခွေးများက ကျောက်ထုတိုက်နယ်၊ ရွာသာရွာသို့ ဆက်လက်ဝင်ရောက်ပြီး ရွာသားတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်များကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ။

- မေလ ၂၃ရက်နေ့က မင်းတုန်းမြို့အနောက်ဘက် ရခိုင်ရိုးမအခြေရှိ ပြောင်းရွာဘက်သို့ အင်အား ၄၀၀ခန့်ပါသော စစ်တပ်စစ်ကြောင်းဝင်ရောက်လာကာ တပ်ဖြန့်ခွဲပြီး တပ်စွဲထားကြောင်း၊ မေလ ၂၄ရက်နေ့တွင် မင်းတုန်းမြို့ပေါ်တွင် ရောက်ရှိနေသော စစ်ခွေးများက လက်နက်ကြီးများ တပ်ဆင်နေပြီးနောက် လက်နက်ခဲယမ်းများ၊ ရိက္ခာများ စုဆောင်းနေကြောင်း၊ ထို့ပြင် မြို့ပေါ်ရှိ လယ်ထွန်စက်နှင့် မြေတူးစက်ပိုင်ရှင်များကို ၎င်းတို့၏စက်များအား မင်းတုန်းမြို့ အမှတ် ၂ရဲစခန်းတွင် လာရောက်အပ်နှံရန် လိုက်လံပြောဆိုပြီးနောက် ယမန်နေ့က စက်များကို လိုက်လံသိမ်းယူနေကြောင်း၊ အဆိုပါ စစ်ကြောင်းကို ဗျူဟာမှူး ၁ကောင်က ကွပ်ကဲနေကြောင်း၊ ယနေ့တွင်လည်း ပြောင်းရွာတွင် အထိုင်ချထားသော စစ်တပ်မှ စစ်ခွေး ၂ကောင်က ၎င်းတို့ပျော်ပါးရန်ခေါ်ထားသော ပြည့်တန်ဆာအမျိုးသမီး ၂ဦးနှင့်အတူ ထွက်ပြေးသွားသဖြင့် စစ်တပ်က လိုက်လံရှာဖွေနေကြောင်း၊ အဆိုပါ ထွက်ပြေးသူ ၄ဦးလုံးကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးရမိထားကြောင်း သိရ။

#Thadinsubue
Crd to original uploader with respect
👍74
Daily Highlight 2
May 26 (10:30 PM)

- မေလ ၂၄ရက်နေ့ မနက်ပိုင်းက မြင်းခြံမြို့ပေါ်မှ မြင်းခြံ-တောင်သာလမ်းအတိုင်း ထွက်လာသော ကားတန်းကို တော်လှန်ရေးအဖွဲ့များက မြင်းခြံမြို့အနီးတွင်ပင် ကြားဖြတ်တိုက်ခိုက်၊ Super Custom ကား ၁စီးကို စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီး အခြားကား ၁စီးမှာ မြင်းခြံမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ စီးနင်းရရှိခဲ့သည့် ကားပေါ်တွင် သေဆုံးနေသည့် စစ်ခွေး ပျူခွေး ၄ကောင်နှင့် သေနတ်မျိုးစုံ ၄လက်၊ ဆက်စပ်ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိ၊ ထို့ပြင် ထွက်ပြေးသွားသောကားပေါ်မှ အရာရှိ ၁ကောင်အပါအဝင် စစ်ခွေးပျူခွေး ၈ကောင်မှာလည်း ထပ်မံသေဆုံးသွားကြောင်း သိရ။

- ယနေ့ နေ့လယ်ပိုင်းက မြင်းမူနယ်၊ ပဒတ္တိုင်းရွာနှင့်  ငါးကင်းရွာတို့ကို စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာအပြင်းအထန်ရ၊ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရ။

- ယနေ့ မင်းကင်းနယ်၊ ကံရွာမှ စစ်ကြောင်း ၂ကြောင်းခွဲ၍ထွက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေး၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့​ကြောင်း သိရ။

- ယနေ့ သရက်ချောင်းမြို့မှထွက်လာသော စစ်တပ်စစ်ကြောင်းက ကျွဲဇပ်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေး၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ခွေးများ သရက်ချောင်းမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရ။

- ယနေ့ မြိုင်မြို့နယ် လင်းကတောရဲစခန်းမှ ထွက်လာပြီး အနီးဝန်းကျင်ရှိ ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေသည့် စစ်ခွေးများကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ လင်းကတောရွာအဝင်နေရာတွင် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ခွေး ၁၅ကောင်ခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရှိခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းမှာ ယမန်နေ့ကလည်း လင်းကတောရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ခွေး ၁ကောင် သေဆုံးခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရ။

#Thadinsubue
Crd to original uploader with respect
9👍6
Daily Highlight 3
May 26 (10:30 PM)

     ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- မင်းတပ်နယ် ၂ကြိမ်
- ကျောက်ထုနယ် ၁ကြိမ်
- မတူပီနယ် ၇ကြိမ်
- ကန်ပက်လက်နယ် ၄ကြိမ်
- မြင်းမူနယ် ၄ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- ခင်ဦးနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ငဖဲနယ် ၂ကြိမ်
- မုံရွာနယ် ၃ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)

(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)

#Thadinsubue
Crd to original uploader with respect
😢8👍2🔥2🙏1
😚 MDY Revolution 😚 ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု 😹 အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A06BlackMR တို့နှင့်

😄 Telegram bot 😄 ဖြစ်သော

@MDYRevolution_bot

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team
Please open Telegram to view this post
VIEW IN TELEGRAM
13👍3
လကုန်ခါနီးပြီ…
မင်းအခွင့်အရေးရယူပြီးပြီလား
? 💸

တချို့လူတွေက “ကံ” ကိုစောင့်နေကြတယ်…
တချို့လူတွေကတော့ “အခွင့်အရေး” ကို ကိုယ်တိုင်ဖန်တီးနေကြတယ်။ 😎

နွေဦးထီ တစောင်ကို 2️⃣0️⃣0️⃣0️⃣ ကျပ်နဲ့
👉 သိန်းရာချီဆုကြီးတွေကို စိန်ခေါ်နိုင်တယ်
👉 ကိုယ့်အနာဂတ်ကို ပြောင်းလဲနိုင်တယ်
👉 ကံကောင်းမှုကို ကိုယ်တိုင်ဖမ်းဆုပ်နိုင်တယ်
“မဝယ်ရသေးဘူး” ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆုကြီးတွေကို တခြားသူလက်ထဲ မပေးလိုက်နဲ့နော် 🔥

ဒီလရဲ့ Winner List ထဲမှာ မင်းနာမည်ပါမပါဆိုတာ… ဒီနေ့ မင်းရွေးချယ်မှုအပေါ်ပဲ မူတည်နေတယ် 💛

😚 MDY Revolution မှာ နွေဦးထီ၊ Super 4 ကံစမ်းရင်း မြေပြင်တပ်ရင်းတပ်ဖွဲ့များကို ထောက်ပံ့လိုက်ပါ .....

#NwayOoHti
#WeDreamBold
#MDYRevo
Please open Telegram to view this post
VIEW IN TELEGRAM
13👍4
မန္တလေးမြို့ 🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် အဓမ္မစစ်မှုထမ်းစေခြင်းနှင့် ငွေညစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့်မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

May 27
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-9:30AM
အရှေ့မြို့ပတ်လမ်း ၂၅× ၂၆ကြား ဖမ်းနေ

-9:35AM
၃၆လမ်း ၇၈× ၇၉ကြား ဖမ်းနေ

-9:50AM
၇၉လမ်း ၂၆× ၂၇ကြား မထသများ အိုးဝေ ဖမ်းနေ

-10:30AM
၆၂× ၁၁၀(မနော်)
၆၂လမ်း ၁၁၈× ၁၁၉ကြား
၆၂လမ်း ၁၃၂× ၁၃၃ကြား ဖမ်းနေ

-11:35AM
၆၈လမ်း× ၁၁၅လမ်း ဖမ်းနေ

-12:00PM
၆၆လမ်း× ၁၉လမ်း ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

📮သတင်းပေးပို့ရန် @MDYRevolution_bot
👍217🔥1
အောင်မြင်မှုတွေကို ငွေ ၂၀၀၀ ကျပ်နဲ့ စတင်ဝယ်ယူလို့ရပါတယ်။

ဟုတ်ပါတယ်…
နွေဦးထီမှာဆို သင့်ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို အချိန်ခဏလေးအတွင်း စတင် အကောင်အထည်ဖော်နိုင်ပါတယ်။ 💛

သေးသေးလေးကနေ စတင်တဲ့ ခြေလှမ်းတခုက တနေ့မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ၊ ကံကောင်းမှုတွေ၊ဘဝပြောင်းလဲစေမယ့် အခွင့်အရေးတွေအဖြစ် ပြန်လာနိုင်ပါတယ်။

😚 MDY Revolution မှာ နွေဦးထီ၊ Super 4 ကံစမ်းရင်း မြေပြင်တပ်ရင်းတပ်ဖွဲ့များကို ထောက်ပံ့လိုက်ပါ .....

#NwayOoHti
#WeDreamBold
#MDYRevo
Please open Telegram to view this post
VIEW IN TELEGRAM
👍125🏆1
မန္တလေးမြို့ 🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

May 27
နေ့လယ်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-2:10PM
၁၀၇× ၁၀၈လမ်း ၆၇× ၆၈ကြား ဖမ်းနေ

-2:25PM
၃၈လမ်း၊ ၈၀× ၈၁× ၈၂ကြား ဖမ်းနေ

-3:35PM
၁၉လမ်း× ၆၂လမ်း ဖမ်းနေ

-3:35PM
၄၅လမ်း၊ ၈၁× ၈၄ကြား ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

📮သတင်းပေးပို့ရန် @MDYRevolution_bot
👍266🔥1
ကျွန်တော်တို့အားလုံးကို သတင်းအမှောင်ဖုံး ဝေဝါးအောင်ထားလို့ မရပါဘူး...

အပြစ်မဲ့ပြည်သူမှန်း သိရက်နဲ့တောင် အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်နိုင်တဲ့ စကစဟာ အသက်၈၀ကျော် ဒီအမေအိုတစ်ဦးကို ပြည်သူမြင်အောင် ထုတ်မပြရဲတာဟာ ဘာကြောင့်ပါလဲ???

ဒီလောက်ရိုးရှင်းတဲ့တောင်းဆိုချက်ကို ဘာအတွက် မလိုက်လျောနိုင်ရပါသလဲ????

တကယ်ပဲ ကြောက်လန့်နေပြီလား....

တစုံတရာ ထူးခြားမှုမရှိလာသ၍ ဒီ Post ကို ညစဉ်တင်နေမှာဖြစ်ပါတယ်..

"Seeing Is Believing"

MDY Revolution
#Proofoflife
May 27, Wednesday
29👍2🥰2🔥1
4👍4
Daily Highlight 1
May 27 (10:30 PM)

- မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် နောက်ဆက်တွဲ သက်ရောက်မှုများအပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာနေသည့် အခြေအနေများကြောင့် ဒေသတွင်းလုံခြုံရေးအပေါ် အထူးစိုးရိမ်ပူပန်မိကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း၊ ဘေးဒုက္ခကြုံတွေ့နေရသည့် ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဟန့်အတားမရှိ ရောက်ရှိနိုင်မည့် ကောင်းမွန်သောပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန်နှင့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့များ၊ နစ်နာဆုံးရှုံးမှုရှိနေသည့်အုပ်စုများအားလုံးအကြား အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြရန်လည်း တိုက်တွန်းကြောင်း၊ မြန်မာ့အရေးအကြပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်နေသည့် အာဆီယံ၏ လုပ်ငန်းစဉ်များနှင့် ဘုံသဘောတူညီချက်များကို ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း စသည့်အချက်များပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ယမန်နေ့က နယူးဒေလီမြို့တွင် ကျင်းပပြီးစီးခဲ့သည့် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျတို့ပါဝင်သော Quad မဟာမိတ် ၄နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ထုတ်ပြန်လိုက်ကြောင်း သိရ။

- ယနေ့ မနက်အစောပိုင်း ညသန်းခေါင်းကျော်အချိန်က ရေးမြို့နယ်အတွင်းရှိ ရေးဘီလူးတပ်ဖွဲ့၏ စခန်းတစ်ခုကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ တပ်ဖွဲ့ဝင် ၅ဦးထက်မနည်း ကျဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာများ ရရှိ၊ စခန်းအဆောက်အဦများလည်း အားလုံးနီးပါး ပျက်စီးသွားကြောင်း သိရ။

- ယမန်နေ့ ညနေပိုင်းက ဆိပ်ဖြူနယ် ဆယ်မိုင်လမ်းဆုံ ဝေါထန်းပင်ချောင်းလမ်းခွဲ စစ်တပ်ဂိတ်မှ ထန်းချောင်းရွာဘက်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ အသက် ၄၅နှစ်အရွယ် အမျိုးသား ၁ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရ။

- မေလ ၂၄ရက်နေ့က မြင်းခြံမြို့အခြေစိုက် ခမရ ၁၅မှ အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ နွားထိုးကြီးနယ်အတွင်းရှိ သူစိုးရွာ တိုက်နယ်ဆေးရုံကို ထိမှန်ပြီး လူသူထိခိုက်မှုမရှိသော်လည်း ဆေးရုံအဆောက်အဦ ၂လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရ။

- မေလဆန်းပိုင်းမှစတင်ပြီး ဆောမြို့နယ်ဘက်မှ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းက ချင်းပြည်နယ်တောင်ပိုင်းဘက်သို့ ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေပြီး ကန်ပက်လက်မြို့ကို ဦးတည်စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေ၊ စစ်ခွေးများ ထိခိုက်သေဆုံးမှု များပြားနေပြီး စစ်ကြောင်း ရှေ့မတိုးနိုင်သေးကြောင်း၊ စစ်တပ်က ကန်ပက်လက်မြို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော မတူပီနှင့် မင်းတပ်မြို့များကိုပါ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရ။

- ယနေ့ နေ့လယ်ပိုင်းက ချောင်းဦးနယ်အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ ၅နှစ်အောက် ကလေးငယ် ၁ဦးနှင့် အမျိုးသမီး ၁ဦး သေဆုံးပြီး ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။

- မေလ ၂၄ရက် မနက်ပိုင်းက ညောင်ဦးနယ် ငါ့သရောက်မြို့နယ်ခွဲ ဖလန်ကန်ရွာအနီးသို့ စစ်ကြောင်း ၃ကြောင်းခွဲကာ ဝင်ရောက်လာသော စစ်ခွေးများကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ လက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်ခွေး ၁၇ကောင် နေရာတွင်ပင် သေဆုံးပြီး ၅၀ထက်မနည်း ဒဏ်ရာရ၊ ဒဏ်ရာရ စစ်ခွေးများကို ပြည်သူပိုင်ယာဉ်များကို အဓမ္မချောဆွဲပြီး ညောင်ဦးဆေးရုံနှင့် ကျောက်ပန်းတောင်းဆေးရုံများသို့ ပို့ဆောင်ခဲ့ကြကြောင်း၊ ဒဏ်ရာရစစ်ခွေးများအနက်မှ ၄ကောင်မှာလည်း ထပ်မံသေဆုံးသွားခဲ့ကြောင်း၊ စစ်ခွေး ၂၀ခန့်မှာလည်း သွေးရူးသွေးတန်းဖြင့် ခြေဦးတည့်ရာ ထွက်ပြေးနေကြသဖြင့် မိမိတို့နေရာများတွင် လူစိမ်းများ တွေ့ရှိရပါက သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များထံ သတင်းပေးအကြောင်းကြားရန် မေတ္တာရပ်ခံကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း ရှုံးနိမ့်ပြီး အထိနာသွားသော စစ်ခွေးများက တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကူတောရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံး ၃၀၀နီးပါး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရ။

- ယနေ့ မနက်ပိုင်းက အုတ်ဖိုနယ်၊ ချောင်းဂွရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးသွားကြောင်း သိရ။

#Thadinsubue
Crd to original uploader with respect
👍61
Daily Highlight 2
May 27 (10:30 PM)

- မေလ ၂၁ရက်နေ့မှစတင်ပြီး အုတ်ဖိုနယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းက ကျေးပျက်ရွာနှင့် စံပြရွာတို့တွင် အထိုင်ချပြီး အနီးဝန်းကျင်ရှိကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ ကြို့ကိုးပင်ရွာ၊ မအူတန်းရွာ၊ ကိုင်းကြီးရွာနှင့် ရှားစေးဘိုရွာတို့တွင် ကျရောက်ပေါက်ကွဲပြီး ချောင်းခွရွာမှ သက်ကြီးပိုင်းအမျိုးသား ၁ဦး ဒဏ်ရာအပြင်းအထန်ရ၊ အဆိုပါစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက လိုက်လံတိုက်ခိုက်နေပြီး စစ်ခွေးများကလည်း စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားကျေးရွာများကို ဒရုန်း လက်နက်ကြီးများဖြင့် နေ့စဉ် အကြောင်းမဲ့ တိုက်ခိုက်နေကြောင်း၊ ယနေ့ မေလ ၂၇ရက်နေ့တွင် ကိုင်းကြီးရွာသို့ ခေတ္တပြန်လည်ဝင်ရောက်လာသော စစ်ဘေးရှောင်ပြည်သူ ၃ဦးမှာ စစ်ခွေးများနှင့် ထိပ်တိုက်တွေ့ပြီး စစ်ခွေးများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ အမျိုးသား ၂ဦး သေဆုံးပြီး ၁ဦးမှာ သေနတ်ဒဏ်ရာများရရှိခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကို စစ်တပ်က စစ်ဘေးရှောင်ပြည်သူများကို PDF တပ်များက ပစ်ခတ်သတ်ဖြတ်သည်ဟု လိမ်လည်ဝါဒဖြန့်ရန် လုပ်ဆောင်နေကြောင်း၊ အဆိပါစစ်ကြောင်းကြောင့် ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျေးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ ခန့်မှ သောင်းနှင့်ချီသောပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း သိရ။

- စစ်တွေမြို့အနီးရှိ ရွှေမင်းဂံရေတပ်စခန်းနှင့် ရွှေမင်းဂံရွာရှိ စစ်တပ်စခန်းတို့ကို အာရက္ခတပ်တော် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၊ ယမန်နေ့ညက ရေတပ်စခန်းအတွင်းသို့ ပစ်ခတ်မှုတွင် အဆောင်တစ်ခုကို ထိမှန်ပြီး စစ်ခွေးများ ထိခိုက်မှုအများအပြားရှိကြောင်း၊ ထို့ပြင် AA က ဒကစ စစ်တွေ အနီးရှိ ကျားမသောက်ရွာအခြေစိုက် စစ်တပ် တပ်ရင်းများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ​ပြီး တောကန်ရွာအနီးတွင် မြေပြင်တိုက်ပွဲများပါ ဖြစ်ပွား​နေကြောင်း၊ ထို့ပြင် AA က စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်အတွင်းနှင့် တောင်ဘက်ရှိ ဘင်္ဂလားပင်လယ်၀အတွင်း ရပ်တန့်ထားသည့် ရေတပ်သင်္ဘောများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး မေလ ၂၄ရက်နေ့က ဖောင်တော်ကြီးအနီးတွင် ရပ်တန့်ထားသော သင်္ဘော ၁စီး ထိမှန်သွားကြောင်း၊ လက်ရှိအချိန်တွင် AA က စစ်တွေနယ် ရွှေမင်းဂံရေ
တပ်စခန်းအနီးရှိ ကံ့ကော်ကျွန်းအပါ
အဝင် ရှေ့တန်းကာကင်းစခန်းအချို့ကို သိမ်းပိုက်ရရှိထားကြောင်း သိရ။

- မေလ ၂၅ရက်နေ့ ညပိုင်းက ပခုက္ကူနယ်အခြေစိုက် ခလရ ၂၅၂ တပ်ရင်းကို တော်လှန်ရေးအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်ကို မသိရသေးကြောင်း၊ ရှော့တိုက်ဒုံး ၁လုံးမှာ ခဲယမ်းတိုက်ကို ထိမှန်ခဲ့ပြီး စစ်ခွေးများ ရုန်းရင်းဆန်ခတ်ဖြင့် ရှုပ်ထွေးသွားစဉ် လျှပ်စစ်မီးများ ချက်ခြင်းပိတ်ချလိုက်သဖြင့် တပ်ပြေး ၇ကောင်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရ။

- ယမန်နေ့က ဆိပ်ဖြူနယ်အခြေစိုက် ကပစ ၂၂မှ ထွက်လာသော စစ်ခွေးများ ချောင်းဆုံလမ်းခွဲအနီးတွင် တော်လှန်ရေးအဖွဲ့များထောင်ထားသော မိုင်းများ နင်းမိပြီး အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း၊ အရေအတွက်ကိုမူ အတည်မပြုနိုင်သေးကြောင်း သိရ။

- ယနေ့ မနက်ပိုင်းက ရွှေဘိုမြို့အခြေစိုက် ခလရ ၄၂မှ အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဘုန်းဘွဲ့ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အကင်ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ အသက် ၃၀အရွယ် အမျိုးသမီး ၁ဦး သေဆုံးသွားကြောင်း သိရ။

#Thadinsubue
Crd to original uploader with respect
👍71
Daily Highlight 3
May 27 (10:30 PM)

     ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)

- ချောင်းဦးနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ရေးနယ် ၁ကြိမ်ထက်မနည်း (Source: CJ)
- အင်းတော်နယ် ၁ကြိမ်
- ရွှေဘိုနယ် ၃ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။)
- ပေါက်နယ် ၃ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- မုံရွာနယ် ၂ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- မင်းတပ်နယ် ၃ကြိမ်
- ဒီပဲယင်းနယ် ၂ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။)
- ရွှေဘိုနယ် ၁ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။)
- အုတ်ဖိုနယ် ၁ကြိမ်ထက်မနည်း (Source: CJ)

- ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း အနောက်မြောက်ခြမ်း၊ မကွေးတိုင်း အနောက်ခြမ်း၊ ပဲခူးတိုင်း အနောက်ခြမ်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အခြားလေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။

(မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။)

#Thadinsubue
Crd to original uploader with respect
👍7😢2🔥1🙏1
😚 MDY Revolution 😚 ၏ သတင်းလုံခြုံမှု ပိုမိုအားကောင်းလာစေရန် ယခု 😹 အကောင့်များဖြစ်သော

@A01RedMR
@A02FWhiteMR
@A03YELLOWMR
@A04OrangeMR
@A06BlackMR တို့နှင့်

😄 Telegram bot 😄 ဖြစ်သော

@MDYRevolution_bot

တို့ထံ သတင်းများကို တိုက်ရိုက်(DM)မှ ပေးပို့နိုင်ပါသည်

MDY Revolution Admin Team
Please open Telegram to view this post
VIEW IN TELEGRAM
👍85
လကုန်ခါနီးပြီ…
မင်းအခွင့်အရေးရယူပြီးပြီလား
? 💸

တချို့လူတွေက “ကံ” ကိုစောင့်နေကြတယ်…
တချို့လူတွေကတော့ “အခွင့်အရေး” ကို ကိုယ်တိုင်ဖန်တီးနေကြတယ်။ 😎

နွေဦးထီ တစောင်ကို 2️⃣0️⃣0️⃣0️⃣ ကျပ်နဲ့
👉 သိန်းရာချီဆုကြီးတွေကို စိန်ခေါ်နိုင်တယ်
👉 ကိုယ့်အနာဂတ်ကို ပြောင်းလဲနိုင်တယ်
👉 ကံကောင်းမှုကို ကိုယ်တိုင်ဖမ်းဆုပ်နိုင်တယ်
“မဝယ်ရသေးဘူး” ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆုကြီးတွေကို တခြားသူလက်ထဲ မပေးလိုက်နဲ့နော် 🔥

ဒီလရဲ့ Winner List ထဲမှာ မင်းနာမည်ပါမပါဆိုတာ… ဒီနေ့ မင်းရွေးချယ်မှုအပေါ်ပဲ မူတည်နေတယ် 💛

😚 MDY Revolution မှာ နွေဦးထီ၊ Super 4 ကံစမ်းရင်း မြေပြင်တပ်ရင်းတပ်ဖွဲ့များကို ထောက်ပံ့လိုက်ပါ .....

#NwayOoHti
#WeDreamBold
#MDYRevo
Please open Telegram to view this post
VIEW IN TELEGRAM
9
မန္တလေးမြို့ 🚨🚨
May 28

-8:45AM
အမရပူရမြို့နယ် ဓနုံး၊ယာဥ်တော်စံရပ်ရှိ ရပ်တော်မူဘုရားသို့ ခွေးကြီးလမ်းကြောင်းရှိသဖြင့် ရခ၊ ပသစများ လခရချထားကြောင်း သတင်းရရှိပါသည်။

Source - MR Informer
#MDYRevo
📮သတင်းပေးပို့ရန် @MDYRevolution_bot
👍75🔥2
မန္တလေးမြို့ 🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် အဓမ္မစစ်မှုထမ်းစေခြင်းနှင့် ငွေညစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့်မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

May 28
နံနက်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-9:05AM
၈၁× ၃၅လမ်း တပြပတ်လည် ဖမ်းနေ

-9:18AM
၈၄လမ်း၊ဘုရားကြီးအနောက်မုဒ်ကား၊ဆိုင်ကယ် အကုန်ဖမ်းနေ ဖုန်းတွေပါ စစ်နေ

-9:25AM
အရှေ့မြို့ပတ်လမ်း ၄၈လမ်းထိပ် ဖမ်းနေ

-9:35AM
၆၁× ၆၂× ၆၃ကြား၊ ၄၁× ၄၂× ၄၃× ၁၀၁(သပ္ပံ)ကြား ပတ်လည် ဖမ်းနေ

-9:50AM
လမ်း၈၀× ၁၂လမ်း ဖမ်းနေ

-9:50AM
၇၃လမ်း ၃၇× ၃၈ကြား ဖမ်းနေ

-10:20AM
၇၃လမ်း အာထူးလေးနား ဖမ်းနေ

-10:20AM
၇၈လမ်း မြဝတီမင်းကြီးသံလမ်း မထသများ အိုးဝေ ဖမ်းနေ

-10:30AM
၁၉လမ်း နန်းရှေ့သံလမ်း မထသများ အိုးဝေ ဖမ်းနေ

-10:35AM
တောင်မြင့် ပန်းခြံအနီး ဖမ်းနေ

-11:40AM
၁၂လမ်း ၇၄× ၇၅ကြား ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

📮သတင်းပေးပို့ရန် @MDYRevolution_bot
👍2218
မန္တလေးမြို့ 🚨🚨

‼️မိဘပြည်သူများခင်ဗျာ ယခုရက်ပိုင်း မြို့ပေါ်အစစ်ဆေးများတွင် လုံခြုံရေးအရ စစ်ဆေးခြင်းထက် ငွေညှစ်ရန်အတွက် စစ်ဆေးနေခြင်းများ ဖြစ်နေပါသဖြင့် အဖမ်းဆီးသတင်းများကို အချိန်မှီတင်ပေးနေသည့် မြေပြင်သတင်းChannelများကိုကြိုတင်‌ကြည့်ရှုပြီးမှသာ အပြင်ထွက်သင့်ပါကြောင်း အသိပေးအပ်ပါသည်။

May 28
နေ့လယ်ခင်းပိုင်း အစစ်ဆေး သတင်းများအား ယခုpostတွင် Edit တင်ပြပေးပါမည်။

-1:35PM
၈၁လမ်း၊ ဘုရားကြီးအရှေ့မုခ်အနီး ဖမ်းနေ

-1:40PM
၆၂လမ်း× ၁၃၃လမ်း ဖမ်းနေ (မရှိတော့ပါ)

-2:05PM
အရှေ့မြို့ပတ်လမ်း× ၄၈လမ်း ဖမ်းနေ

-3:30PM
၂၂လမ်း× ၈၆လမ်း ဖမ်းနေ
၃၅လမ်း၊ ၈၀× ၈၁× ၈၂ကြား ဖမ်းနေ

-3:35PM
၆၃လမ်း ၄၃× ၁၀၁(သိပ္ပံ)ကြား ဖမ်းနေ

Source -MR Informer
#MDYRevo
https://t.me/MDYRevolution1

📮သတင်းပေးပို့ရန် @MDYRevolution_bot
👍105
အီဒုလ်အသွဟာ ကုရ်ဘာနီ အီးဒ်ပွဲတော် (Eid Al-Adha) နေ့ ဆုမွန်လွှာ

ယနေ့ကျရောက်သော ကုရ်ဘာနီ အီးဒ်နေ့ တွင် နိုင်ငံတဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များအပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

MDY Revolution
8👍3