MYSPORT MYANMAR
6.18K subscribers
12.6K photos
55 videos
1 file
4.63K links
MYSPORT MYANMAR - A RFOX Media Brand.
RFOX Media is a RedFOX Labs venture centered on products that allow our users to create, earn and contribute using cutting edge technologies.
Download Telegram
နည်းပြနယ်ပယ်ထဲကို ဝင်ရောက်လာတော့မယ့် အယ်လ်နီနီ

အာဆင်နယ်အသင်းရဲ့ အီဂျစ် ကွင်းလယ်ကစားသမားဟောင်း မိုဟာမက် အယ်လ်နီနီကတော့ လက်ရှိ အီဂျစ်ကလပ် အယ်လ်ဂျာဇီးယားအသင်းမှာ ပါဝင်နေရင်းနဲ့ UEFA ရဲ့ အေလိုင်စင်ရ နည်းပြတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

#MYSPORTMYANMAR
လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ အိုဒီဂတ်

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား မာတင် အိုဒီဂတ်ဟာ ခြေချင်းဝတ် ဒဏ်ရာကနေ သက်သာ ပျောက်ကင်းလာပြီဖြစ်လို့ အသင်းနဲ့အတူ full training အသင်းလိုက် လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနေပြီး အင်တာမီလန်နဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာပါ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

နော်ဝေ ကွင်းလယ်လူ အိုဒီဂတ်ဟာ ဒဏ်ရာအခြေအနေကြောင့် အာဆင်နယ်အသင်းရဲ့ ပြိုင်ပွဲစုံ (၁၂)ပွဲအထိ လွဲချော်ခဲ့ရပြီး အာဆင်နယ်ကလည်း အိုဒီဂတ် မပါဝင်နိုင်တဲ့ ပွဲတွေမှာ (၂)ပွဲရှုံး (၃)ပွဲသရေကျခဲ့ရပါတယ်။

#MYSPORTMYANMAR
ချန်ပီယံလိဂ်ပြိုင်ပွဲ league phase ပွဲစဥ် (၄)

ပွဲပြီးရလဒ်များ

စပို့တင်းလစ္စဘွန်း 4-1 မန်စီးတီး

Gyokeres 38' (p)49' (p)81' Araujo 46'

Foden 4' Haaland (p)69'

လီဗာပူးလ် 4-0 လေဗာကူဆင်

Diaz 61' 83' 90+2' Gakpo 63'

ရီးယဲလ်မက်ဒရစ် 1-3 အေစီမီလန်

Vinicius (p)23'

Thiaw 12' Morata 39' Reijnders 73'

လိုင်လီ 1-1 ဂျုဗင်တပ်စ်

J.David 27'

Vlahovic (p)60'

ဒေါ့မွန် 1-0 စတမ်းဂရက်ဇ်

Malen 86'

ဘိုလော့ဂ်နာ 0-1 မိုနာကို

Kehrer 87'

ဆဲလ်တစ် 3-1 လိုက်ပ်ဇစ်

Kuhn 35' 45+1' Hatete 72'

Baumgartner 23'

PSV 4-0 ဂျီရိုနာ

Flamingo 16' Tillman 33' Bakayoko 83' Krejci (og)88'

ဆလိုဗန် 1-4 ဒိုင်နမိုဇာဂရက်

Strelec 5'

Spikic 10' Sucic 30' Kulenovic 54' 72'

Photos Credit - 433's X

#MYSPORTMYANMAR
အဓိက ပြိုင်ပွဲကြီး (၂)ခုလုံးမှာ စပယ်ရှယ် ချက်ပြုတ်နေတဲ့ လီဗာပူးလ်

နည်းပြကြီး ယာဂန် ကလော့ ခေတ်အလွန် အာနယ် ဆလော့လက်ထက်မှာ လီဗာပူးလ်တို့ ဘယ်လောက်အထိ ချက်ပြုတ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

#MYSPORTMYANMAR
ဂိုး (၁၀၀)ပြည့်ဖို့ (၁)ဂိုးအလို

ဘာစီလိုနာအသင်းရဲ့ ပိုလန် ဂိုးမုဆိုးကြီး ရောဘတ် လီဝန်ဒေါစကီးကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုး (၁၀၀) ပြည့်မြောက်ဖို့ သွင်းဂိုး (၁)ဂိုးသာ လိုအပ်ပါတော့တယ်။

#MYSPORTMYANMAR