🍀 Randy 🍀
6.91K subscribers
115 photos
6 videos
151 links
🎁 Personal Growth & Spirituality 🎁
Download Telegram
ဘဝရဲ့ အမှောင်မိုက်ဆုံး အချိန်ကာလတွေကို ဘယ်လို ဖြတ်ကျော်ကြမလဲ ?

ကိုယ့် ဘဝအတွက် အရေးကြီးတဲ့ တစ်စုံတစ်ဉီး, ပိုင်ဆိုင်မှု, ဖြစ်တည်မှု, ရပ်တည်မှု တစ်ခုခုဟာ ချက်ခြင်း ဆိုသလို ပျောက်ဆုံး ဆုံးရှုံးသွားတဲ့ အခါ Randy တို့ရဲ့ Soul ဟာ အမှောင်ထုထဲကို ပြုတ်ကျသွားတတ်ပါတယ် ... ဒါကို Dark Night of the Soul … စိတ်ဝိဉာဉ်ရဲ့ အမှောင်မိုက်ဆုံး အချိန်တွေလို့ ခေါ်ပါတယ် ...

🦋 အဲ့ဒီလို အခြေအနေမျိုးမှာ ကြေကွဲ ဝမ်းနည်းမှု, စိတ်ရှုပ်ထွေးမှု တို့နဲ့ အတူ ... ရင်ဘတ်ထဲမှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေပြီး ... ဘဝရဲ့ ရှင်သန်မှု အဓိပ္ပါယ်ဟာ ဗလာဟင်းလင်း ဖြစ်သွားတာမျိုးကို ခံစားရပါတယ် ...

မခံစားနိုင်တဲ့ နာကျင်မှုတွေနဲ့ အတူ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားကာ ... ကိုယ့်ရဲ့ လက်ရှိ ဖြစ်တည်မှုကို အကြပ် ရိုက်စေတဲ့ စိတ် အခြေအနေတွေထိ ဉီးတည်သွားစေပြီး ... မိမိတို့ရဲ့ စိတ်ဟာ, မိမိတို့ရဲ့ Soul ဟာ အမှောင်အတိ ဖုံးလွှမ်းသွားပါတော့တယ် ...

🦋 အသက်ရှင်လျက်နဲ့ ေ-သဆုံးသွား သလိုမျိုး, ကိုယ်ဟာ ရှင်လျက်နဲ့ ပျောက်ဆုံး သွားသလိုမျိုး ခံစားရပြီး ... တစ်ခါတလေ တိတ်တိတ်ကလေး အငွေ့ပျံပြီး ပျောက်ကွယ်သွားလိုက် ချင်တဲ့ အထိ ဖြစ်တတ်ပါတယ် ...

အဲ့ဒီလို အခြေအနေမျိုးမှာ အရာရာဟာ မေးခွန်း ထုတ်စရာတွေ, အဖြေ ရှာစရာတွေ ဖြစ်လာခဲ့ပါတော့တယ် ...

🦋 What? ဘာဖြစ်တာလဲ ... Why? ဘာကြောင့်လဲ ... ဆိုတာမျိုးနဲ့ အတူ ငါ ဘာမှားတာလဲ? ဒါမှမဟုတ် လောကကြီးက ဘာတွေ မှားနေတာလဲ? ... ကိုယ် သိထားတဲ့ ကိုယ် လက်ခံထားတဲ့ အတွေး အခေါ် အယူအဆ တွေကရော ဘယ်နေရာမှာ မှားနေတာလဲ? စသည်ဖြင့် မေးခွန်းပေါင်း မြောက်များစွာကို အဖြေ မရနိုင်ပဲ ထပ်တလဲလဲ တွေးနေမိတတ်ပါတယ် ...

စိတ်ဒဏ်ရာ အဟောင်း Trauma တွေ ပြန်ပြီး တတ်လာသလို, စိတ်ဒဏ်ရာ အသစ် အသစ်တွေလဲ ထပ်ထပ်တိုးပြီး ရလာကာ ... အနာပေါ် ဒုတ်ကျသလိုမျိုး နာကျင်စရာ Trigger တွေ အများကြီးလဲ ပေါ်ပေါက်လာပါတော့တယ် ...

ဒီကနေ ကိုယ့်ကိုယ်ကို အပြစ်တင်တာ, အသုံးမကျဘူးလို့ ထင်တာ, အပြစ်ပေးချင်စိတ်တွေ ဖြစ်လာတာ, ဘဝကြီးကို အဆုံးသတ်လိုက်ချင်တာ မျိုးတွေလဲ ဆက်ပြီး ဖြစ်နေတတ်ပါသေးတယ် ...

ကိုယ့်စိတ်နဲ့ကိုယ် အရမ်းကို ရုန်းကန်ရတဲ့ အချိန်တွေ, တိုက်ပွဲတွေ ဖြစ်ရတဲ့ အချိန်တွေ, လက်ရှိ အခြေအနေ အချိန်တွေကို နိုင်အောင် ကြိုးစားတိုက်ယူနေရတဲ့ အချိန်တွေပေါ့ ...

🦋 Dark Night of the Soul ကြောင့် ...

🦋 ဘဝရဲ့ ရည်ရွယ်ချက်တွေ ပျောက်သွားတာ ...

🦋 လျှောက်နေတဲ့ လမ်းတွေဟာ ဝေဝါးကုန်တာ ...

🦋 ဝမ်းနည်းမှု, ကြောက်ရွံ့မှု, ဒေါသထွက်မှု အစရှိတဲ့ ခံစားချက်တွေနဲ့ အတူ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေ များစွာ ဖြစ်ပေါ်စေတာ ...

🦋 ကိုယ်ဟာ အခြားသူတွေနဲ့ ဝေးကွာ သွားပြီး သီးခြား ဖြစ်သွားသလို ခံစားရတာ ...

🦋 ကိုယ့်ကိုယ်ကိုနဲ့ ကိုယ် ဝေးကွာသွားတာ ...

🦋 ကိုယ့် အရင်က နက်နက်နဲနဲ အလေးထားရတဲ့ ယုံကြည်ချက်တွေ, တန်ဖိုးထားမှုတွေဟာ မေးခွန်း ထုတ်စရာတွေ ဖြစ်လာတာ ... စတာတွေ ဖြစ်လာစေပါတယ် ...

ဒါတွေဟာ မိမိကိုယ်မိမိ ပိုမို စစ်မှန်တဲ့ ပုံစံဖြစ်စေဖို့ ... ထင်ယောင်ထင်မှား ဖြစ်မှု Illusion တွေကို ခွာချပေးဖို့ Process တစ်ခုပဲ ဖြစ်ပါတယ် ... စစ်မှန်တဲ့ မိမိ Authentic Self ဖြစ်ဖို့ ငယ်ငယ်ကနေ အခုချိန်ထိ Layer by Layer ဖုံးကွယ် ခံထားရတဲ့ ... အခွံ ချွတ်ရတာ, အရေခွံ ခွာထုတ် ချွတ်ရတဲ့ Process ဖြစ်တာမို့ နာကျင်ရတာတော့ အကြီးကြီးပါပဲ ...

#MyoThihaKyaw ~ Randy

🦋 အမှောင်ထု Dark Night of the Soul ကို ကျော်ဖြတ်နိုင်ဖို့ ပထမဆုံး အဆင့်က ဖြစ်ပျက်နေတဲ့ အခြေအနေတွေ, မိမိရဲ့ ဖြစ်တည်မှုတွေကို လက်ခံလိုက်ခြင်းပါပဲ ... ခုခံ တွန်းလှန်နေခြင်း, လက်မခံနိုင်ခြင်းတွေက အမှောင်ထုထဲ ရုန်းကန်မှုကို ပိုပြီး ရှည်ကြာနေစေလို့ပါပဲ ...

Acceptance ဟာ လွတ်မြောက်လာဖို့, တိုးတတ်လာဖို့ အတွက် ပထမဆုံး ခြေလှမ်း အဆင့်ပါ ...

ကိုယ့်ကိုယ်ကို သတိပေး Remind လုပ်ရမှာက အရာ အားလုံးဟာ ခေတ္တ ခဏ ယာယီသာဖြစ်တယ် ... ခံစားချက်တွေဟာလဲ မမြဲသလို ... မမြဲခြင်း သဘောတရားနဲ့ အတူ ကိုယ်ဆက်လျောက်ရမယ့် ပန်းတိုင် ခရီးလမ်းတွေ, မြင့်မားတဲ့ ရည်ရွယ်ချက်တွေကို ပြန်ပြီး သတိရ အမှတ်ရပေးဖို့ပါပဲ ...

🦋 ဒီလို အချိန်မျိုးမှာ ကိုယ့်ကိုယ်ကို စိတ်ရှည် သည်းခံပြီး ကြင်ကြင်နာနာ ဆက်ဆံနိုင်ဖို့လဲ လိုအပ်ပါသေးတယ် ... လူအတော်များများက ပြသနာတွေ အတွက် အခြားသူကို လက်ညိုးထိုးရင်ထိုး ... မထိုးရရင် ကိုယ့်ကိုယ်ကို ပြန်ပြီး လက်ညိုးထိုးတာမျိုး, Blame တာမျိုး လုပ်တတ်ပါတယ် ...

Dark Night of the Soul အခြေအနေမှာတော့ ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး လက်ညိုးထိုးတတ်ကာ ... နာကျင်စေတဲ့ အတွေးတွေ, ကိုယ့်ကိုယ်ကို အားမရနိုင်တဲ့ ခံစားချက်တွေက ပိုပြီး များနေတတ်ပါတယ် ... ကိုယ့်ရဲ့ စိတ် ကျန်းမာ ချမ်းသာရေး Well Being ကို ကောင်းကောင်း စောင့်ရှောက်နိုင်ဖို့ လိုအပ်ပါတယ် ...

🦋 ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ကြင်ကြင်နာနာ ဆက်ဆံပါ ... ကောင်းကောင်း အနားယူပါ ... Self Love . Self Care များများလုပ်ပါ ...
❤19
ကိုယ့်ရဲ့ ခံစားချက်တွေ အားလုံးကို သုံးသပ် အကဲဖြတ် Judgment လုပ်မနေတော့ပဲ ရိုးရိုးရှင်းရှင်းလေး လက်ခံ Allow လုပ် ခွင့်ပြုပေးလိုက်ပါ ...

🦋 တိတ်ဆိတ် ငြိမ်သက်ခြင်းကို ရှာဖွေပါ ... တိတ်ဆိတ်ခြင်းနဲ့ ငြိမ်သက်ခြင်းဟာ မိမိတို့ရဲ့ အတွင်း Inner Self နဲ့ ပြန်လည် ချိတ်ဆက်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ် ...

တရားထိုင် Meditation လုပ်တာမျိုး, သတိပဌာန် အကျင့် Mindfulness Practice လုပ်တာမျိုး, သဘာဝတရားနဲ့ ပြန်လည် ထိတွေ့ကာ အေးအေးချမ်းချမ်း နေတာမျိုး တွေက မိမိတို့ရဲ့ ပရမ်းပတာ Chaos အခြေအနေ တွေကနေ ကြည်လင် ပြတ်သားတဲ့ အခိုက်အတန့် အခြေအနေတွေကို ပြန်ပြီး ဖန်တီးပေးလာပါလိမ့်မယ် ...

🦋 ကိုယ့်ရဲ့ ခံစားချက်တွေကို လွှတ်ချနိုင်ဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ပြန်လည် ရှာဖွေနိုင်ဖို့ ကတော့ မိမိတို့ရဲ့ အတွေးတွေ, ခံစားချက်တွေကို စာရွက်ပေါ်မှာ ချရေးကာ Journal လုပ်ရမှာပဲ ဖြစ်ပါတယ် ... Journaling လုပ်ခြင်းဟာ ကိုယ့်ရဲ့ တိုးတတ်လာမှုကို ခြေရာခံ Track လုပ်နိုင်မှာ ဖြစ်သလို အပြောင်းအလဲ အတွက် မိမိကိုယ် မိမိ သတိပေးနေသလိုလဲ ဖြစ်စေပါတယ် ...

🦋 ဒီအချိန်မှာ အတော်များများဟာ ကိုယ် တစ်ယောက်ထဲ ဆိုတဲ့ ခံစားချက်မျိုး ဖြစ်နေတတ်တာမို့ ကိုယ် ချစ်ခင်ရတဲ့ မိသားစုဝင်တွေ, ယုံကြည်ရတဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေ, Supportive ဖြစ်စေတဲ့ သူတွေ, လမ်းညွှန် ပြသပေးနိုင်တဲ့ Mentor တွေနဲ့ Connect လုပ် ဆက်သွယ်ထား သင့်ပါတယ် ...

သူတို့ရဲ့ အတွေး အမြင် Perspective တွေ, နှစ်သိမ့်မှု တွေဟာ ကိုယ်ကို လုံခြုံစိတ်ချမှုကို ပေးစေနိုင်သလို Guide Line ကိုလဲ ရစေနိုင်ပါတယ် ... ဒါ့ကြောင့် သေသေချာချာ ရွေးချယ်ပြီး ကိုယ် စိတ်ချရတယ် လို့ ခံစားရတဲ့ လူတွေစီမှာ ရင်ဖွင့်ရမှာ မကြောက်ပါနဲ့ ... ယနေ့ ခေတ်မှာ Professional Help ယူရတာလဲ ရှက်စရာ တစ်ခု မဟုတ်ပါဘူး ...

🦋 မှောင်မိုက်တဲ့ အချိန်တွေ ပြီးရင် လင်းရောင်ခြည်ဟာ ကျရောက်လာမှာမို့ ... နာကျင်စရာ အချိန်တွေကို ကျော်ဖြတ်ပြီးတဲ့ နောက်မှာ ကိုယ်ဟာ ဒီထက် ပိုသန်မာလာတဲ့ သူ ... ဒီထက် ပိုပြီး အမှန်တရားတွေကို နားလည်လာတဲ့ သူ ... ဒီထက် ပိုပြီး ရင့်ကျက်လာတဲ့ သူ ... ဒီထက် ပိုပြီး ဉာဏ်ပညာရှိတဲ့ သူ ... ဒီထက်ပိုပြီး မေတ္တာတရား အားကောင်းလာတဲ့ သူ ဖြစ်လာမှာ အမှန်ပဲ ဖြစ်ပါတယ် ...

Dark Night of the Soul ကို အကောင်းဆုံး ကျော်ဖြတ် နိုင်ကြပါစေ …

🍀 လိုအပ်လျှင် Coaching ယူပါ …
#Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

#မျိုးသီဟကျော် ~ #Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤35
ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုဟာ ကျွန်တော်တို့ လက်ထဲမှာပဲ ရှိပါတယ် ... ပျော်ရွှင်မှုဟာ ဘယ်သူ့အပေါ် ဘယ်အရာမှာမှ မမှီခိုနေဘူး ဆိုတာကို စွဲစွဲမြဲမြဲ မှတ်ထားဖို့ လိုအပ်ပါတယ် ...

လူတွေက ဘဝမှာ ကောင်းမွန်တဲ့ ထူးထူးခြားခြားဖြစ်ရပ် ဖြစ်ပွားမှ ပျော်ရတယ် ဆိုတာမျိုးလဲ ဖြစ်တတ်ပါတယ် ...

ဉပမာ ထီ ဆုကြီး ပေါက်မှ, ကိုယ်အလိုရှိတဲ့ သူနဲ့ လက်ထပ်လိုက်ရပြီး Happy Ending ဖြစ်သွားမှ, ကိုယ်ကချည်း အမြဲ ကံကောင်းနေမှ ... ပျော်ရွှင်ရတယ် ဆိုတာမျိုးပေါ့ ... ကိုယ့်ဘဝမှာ ဒါမျိုးတွေ ပိုင်ဆိုင်ခဲ့တယ် ... ရထားတယ် ဆိုရင်လဲ အတိုင်းမသိ ဝမ်းသာပါတယ် ...

ဘဝက တကယ်တမ်းတော့ ဒီလိုမှ မဟုတ်ပဲလေ ... ဒီလို ကောင်းမွန်တာတွေက တစ်ချိန်လုံး ကိုယ့်စီကို အမြဲတမ်း မလာနိုင်ပါဘူး ... ရှိမနေနိုင်ပါဘူး ... ဒါတွေ အားလုံးက ပြင်ပ Physical World ဖြစ်ပြီး ကိုယ်က ပျော်ရွှင်မှုအတွက် External ကို မှီခိုမိနေတာပဲ ဖြစ်ပါတယ် ...

“ လောက သဘာဝ အတိုင်း အနိမ့်အမြင့် အတတ်အကျတွေက ကြုံနေရမှာပဲမို့ အချိန်တိုင်း ကိုယ်က တည်ငြိမ်တဲ့ စိတ်, အေးချမ်းတဲ့ စိတ်, ပျော်ရွှင်တဲ့ စိတ်လေးနဲ့ ဖြတ်သန်းနိုင်ဖို့က ပိုပြီး အရေးကြီးပါတယ် ... ”

Inner ဖြစ်တဲ့ Randy တို့ရဲ့ အတွေးတွေကို အမှန်တရား, အလှတရား, စစ်မှန်မှုတွေ အပေါ်မှာပဲ အာရုံပိုပြီး စိုက်ကာ ကိုယ့်ဘဝရဲ့ အတွင်း အရည်အသွေးနဲ့ ပြင်ပ ကမ္ဘာကို Balance ဖြစ်ဖြစ် Harmony ဖြစ်ဖြစ် တိုးမြင့်ရမှာပဲ ဖြစ်ပါတယ် ...

ပြီးတော့ ကိုယ့် ရှိတာလေးတွေ, ပိုင်ဆိုင်တာလေးတွေကို သေသေချာချာ ကြည့်တတ် မြင်တတ်မယ် ကျေးဇူးတင်တတ်မယ် ဆိုရင် ပျော်ရွှင်ရမှာပါ ...

“ ဒီလို စိတ် အေးချမ်း ပျော်ရွှင်နေတဲ့ အခါ ကိုယ်လုပ်စရာ ရှိတာတွေ, လုပ်ချင်တာတွေ, ပိုပြီး အာရုံစိုက်ချင်တဲ့ အရာတွေကို ကောင်းမွန်တဲ့ Energy တွေ ထည့်ကာ အကောင်အထည် ဖော်ဆောင်နိုင်မှာ အသေအချာပဲ ဖြစ်ပါတယ် ... ”

ဒါ့ကြောင့် ထီပေါက်မှ ပျော်ရွှင်ရမယ် ဆိုတာလဲ မဟုတ်ပါဘူး ... ကိုယ်မျှော်လင့်ထားတဲ့ ကြီးကြီးမားမား အရာတွေ ပိုင်ဆိုင်လာမဲ့ နေ့မှ ပျော်ရွှင်ရမယ် ဆိုတာလဲ မဟုတ်သေးပါဘူး ... အဲ့ဒီလိုပဲ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်မှ .. အောင်မြင်မှုတွေ ရရှိမှ ပျော်ရွှင်ရမယ် ဆိုတာလဲ မဟုတ်သေးပါဘူး ...

#MyoThihaKyaw - Randy

ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း အချိန်တိုင်းမှာ ပျော်ရွှင်နေဖို့ အခွင့်အရေးတွေ အများကြီး ရှိနေပါတယ် ... သေးငယ်တဲ့ လုပ်ငန်းဆောင်တာလေးတွေ ပြီးစီးသွားတိုင်း ... ပြသနာသေးသေးလေးက အစ ဖြေးဖြေးချင်း ဖြေရှင်းနိုင်သွားတိုင်း ပျော်ရွှင်လို့ ရပါတယ် ...

အေးချမ်းမှု ငြိမ်းချမ်းမှုကို ရှာဖွေတယ် ဆိုတာလဲ ဒီပျော်ရွှင်မှုလိုပါပဲ ... “ ဆရာမိုက်ကယ် ပြောတဲ့ စကားအတိုင်း အေးချမ်းမှုကို သွားရာ လမ်းတစ်လျောက်မှာ ကိုယ်က ပူလောင်နေရတယ် ပင်ပန်းနေရတယ် ဆိုရင် မဟုတ်သေးဘူးတဲ့ ... ”

ဒါ့ကြောင့် ပျော်ရွှင်မှုကို ရဖို့ အောင်မြင်မှုကို ရဖို့ ... ပန်းတိုင်းကို သွားရာ လမ်းတစ်လျောက်မှာ ကိုယ်က ပင်ပန်း ဆင်းရဲလွန်းတယ် လို့ ခံစားနေရရင် မကောင်းပါဘူး ...

ရှိတာလေးနဲ့ ပျော်ပါ ... ပိုင်ဆိုင်ထားတဲ့ အရာတွေကို အသိအမှတ်ပြုပါ ... ဖြတ်ကျော်နိုင်ခဲ့တဲ့ အရာတွေကို ပြန်လှည့်ကြည့်ပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူပါ ...

အဝေးကို ကျော်ကြည့်ပြီး ပူလောင်လွန်းရင် ... အနီးက ကောင်းမွန်တဲ့ အရာတွေနဲ့ ပြီးခဲ့တဲ့ အတိတ်က အောင်မြင်ခဲ့တဲ့ အရာတွေကို မြင်နိုင်မှာ မဟုတ်တော့ပါဘူး ...

ကျွန်တော်တို့ လုပ်စရာရှိတဲ့ အရာတွေကိုပဲ တစ်နေ့ချင်းစီ လုပ်သွားရင်း စဉ်ဆက်မပျက် ဆောင်ရွက်နေရင်း ပျော်ရွှင်ပါ ...

ကိုယ်ဟာ လုပ်နိုင်တဲ့သူ စွမ်းဆောင်နိုင်တဲ့ သူတစ်ယောက် ဖြစ်ကြောင်း အသိအမှတ်ပြုပါ ... ဂုဏ်ယူပါ ...

“ ကိုယ်ဟာ ကိုယ်လိုချင်တဲ့ အရာ ကိုယ်ဖြစ်ချင်တဲ့ အရာတွေနဲ့ ထိုက်တန်တဲ့ သူတစ်ယောက် ဖြစ်ကြောင်းကို သိစိတ်ကရော မသိစိတ်ကပါ စွဲနေအောင် မှတ်ထားပေးပါ ...”

ဒီလို စာတွေချည် ဖတ်နေပြီး ကိုယ်ဖြစ်ချင်တဲ့ ဘဝတစ်ခုကို ရလာမှာတော့ မဟုတ်ပါဘူး …

ဒါ့ကြောင့် ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်လည် သုံးသပ် စမ်းစစ်ရင်း လက်တွေ့အကောင်အထည်ဖော်ဖို့ Action ယူဖို့က ပိုပြီး အရေးကြီးပါတယ် ...

30 Days Miracle Life Program မှ…
နှစ်သစ် အတွက် …

စိတ်ဝင်စားလျှင် Comment မှာ ဖြစ်စေ ... Messenger မှာ ဖြစ်စေ ML လို စာရိုက်ပြီး စုံစမ်းမေးမြန် စရင်းသွင်းနိုင်ပါတယ် ...

🍀 လိုအပ်လျှင် Coaching ယူပါ …
#Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 💙💙💙

#မျိုးသီဟကျော် ~ #Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤39
ကောင်းတာတွေလုပ်ပြီး ဘာလို့ မကောင်းတာတွေ ကြုံနေရတာလဲ ...

ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ် ဆိုတာမှန်ပါတယ် ... ဒါပေမဲ့ ကောင်းတာလုပ်တိုင်း ကောင်းတာ ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ အစွဲကို စွဲသွားမိရင်တော့ ... ကိုယ် ကောင်းတာတွေ လုပ်ပြီး မကောင်းတာ တစ်ခုခု ကြုံလာရတဲ့ အခါ အရမ်းကို ခံစားရခက်ပါတယ် ...

ဘဝမှာ ကိုယ်ကောင်းအောင် နေရဲ့သားနဲ့ အဆိုးလောကဓံတွေ ထပ်ကာ ထပ်ကာ ကြုံရတဲ့ အခါ … ကံ, ကံ၏ အကျိုးကို ယုံမှား သံသယ ဖြစ်လာတတ်ပါတယ် ... ဗုဒ္ဓဘာသာရဲ့ အခြေခံကိုက ကံ, ကံ၏ အကျိုးကို ယုံကြည်ခြင်းဆိုပြီး စတင်ဖွင့်ဆိုထားပါတယ် ...

ကျွန်တော်တို့ လူတစ်ယောက် အပေါ် ကောင်းပေးလိုက်တယ် ... သူက ကိုယ့်အပေါ် ပြန်ပြီး ကောင်းမလာတဲ့ အခါမျိုး ... လောကမှာ မိမိတို့ရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံတွေ ထိန်းသိမ်းပြီး နေနေတဲ့ ကြားထဲက ကြုံနေရတဲ့ အခြေအနေတွေက မကောင်းတဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်နေရတာမျိုးတွေ ဆိုတာ တစ်ခါတလေမှ မဟုတ်ပဲ မထင်ရင် မထင်သလို ခဏ ခဏ ကြုံနေရတာမျိုးတောင် ဖြစ်နေနိုင်ပါတယ် ...

အဲ့ဒီလို အခါမျိုးမှာ မိမိတို့ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ၊ ကောင်းမွန်တဲ့ စေတနာတွေ၊ ကောင်းမွန်တဲ့ လူတစ်ယောက်အနေနဲ့ ဖြစ်တည်မှုတွေဟာ ပျောက်ပျက်သွားချင်လောက်အောင် ... ကိုယ့်ကိုယ်ကိုရော၊ လူတွေအပေါ်မှာရော၊ ဘဝကြီးအပေါ်မှာပါ စိတ်ပျက်သွားနိုင်ပါတယ် ...

ဒီတော့ သူကောင်းမှ ငါကောင်းမယ်တို့ ... လူကောင်းတစ်ယောက် ဖြစ်နေလို့လဲ ဘာမှ မထူးပါဘူးတို့ ... စသည်ဖြင့် ခံယူချက်တွေ ပျက်ပြားလာကာ မိမိတို့ ကိုးကွယ်ရာ ဘာသာ အဆုံးအမတွေ အပေါ်မှာပါ သက်ဝင်ယုံကြည်မှု လျော့နည်းလာတတ်ပါတယ် ...

ဒါ့ကြောင့် ကံရဲ့ အလုပ်လုပ်ပုံတွေကို သေသေချာချာ လေ့လာသိရှိ နားလည်ထားဖို့ လိုအပ်တယ် ... တချို့လူတွေ အတွက် ကံရဲ့ အလုပ်လုပ်ပုံက လွယ်ပါတယ်ကွာလို့ ပြောချင်ပြောမယ် ... တချို့လူတွေကတော့ ကံရဲ့ အလုပ်လုပ်ပုံက ရှုပ်ထွေးပါတယ်လို့ ပြောချင်ပြောပါလိမ့်မယ် ...

ဒါက ကိုယ့်ရဲ့ ထိုးထွင်းသိစိတ်၊ ပါရမီ ဒါမှမဟုတ် လေ့လာအားနဲ့ သက်ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ် ... ကံ ဆိုတာ အလုပ် လို့ပြောရင် အလုပ် Action ကောင်းရင် ကံ Reaction ကောင်းမှာ ဖြစ်ပြီး ... အလုပ် မကောင်းရင် ကံကောင်းမှာ မဟုတ်ဘူး ဆိုတာလောက်တော့ လူတိုင်း သိကြပါတယ် ...

ကံ, အမျိုးအစားတွေထဲကမှ ... Randy တို့ ပြုလုပ်သမျှ ကာယကံ၊ ဝစီကံ၊ မနောကံ တွေဟာ ကံ အသစ်အသစ်တွေကို ဖြစ်ပေါ်နေစေပြီး ...

🔹 ချက်ချင်းလက်ငင်း အကျိုးပေးတဲ့ ကံ ..

🔹 လက်ရှိဘဝမှာ အကျိုးမပေးပဲ နောက်ကပ်ရပ်ဘဝမှာ အကျိုးပေးတဲ့ ကံ ...

🔹 ယခုဘဝရော နောက်ဘဝမှာပါ အကျိုးမပေးပဲ တတိယ ဘဝမှ နိဗ္ဗာန်မရောက်မှီ ကြားကာလ တစ်ချိန်ချိန်မှာ အကျိုးပေးတဲ့ ကံ ...

🔹 ချက်ချင်းလက်ငင်း အကျိုးပေးခွင့်မရပဲ ကြားကာလမှာ အခြားအင်အားကြီး ကံတစ်ခုခုရဲ့ ချေဖျက်ခြင်းကို ခံလိုက်ရတဲ့ ကံ ...

စသည်ဖြင့် ကံ အလုပ်လုပ်ပုံတွေကို နားလည် သဘောပေါက်ထားရင် လက်ရှိကြုံတွေ့နေရတာတွေကို နားလည် လက်ခံလာနိုင်ကာ ပိုကောင်းတဲ့ ကံတွေကို ဘယ်လို ပြုလုပ် ဖန်တီးရမှာလဲ ဆိုတာကိုလဲ လမ်းစ တွေ့လာမှာပဲ ဖြစ်ပါတယ် ...

ဒီလို ဆိုတော့ ကောင်းတာလုပ်နေရင်း မကောင်းတာတွေ ဖြစ်နေ ကြုံနေရတယ် ဆိုတာက အတိတ်ဘဝ တစ်ချိန်ချိန်က ကိုယ်ပြုခဲ့တဲ့ ကံ အမှားတွေကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်သလို ... ကိုယ့်ရဲ့ ယုံကြည်သက်ဝင်မှု ဘယ်လောက်ထိ နက်နက်ရှိုင်းရှိုင်းရှိတယ် ဆိုတာကို စာမေးပွဲစစ်တဲ့ Test တွေလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ...

တချို့ စာမေးပွဲတွေ မဖြေနိုင်လို့ ယုံကြည်ချက်တွေ ပျက်ယွင်းပြီး လှည့်ပြန်သွားရတာတွေ ရှိသလို အဲ့ဒီနေရာ Level မှာပဲ ရပ်နေပြီး ရှေ့မဆက်နိုင်တော့တာလဲ ဖြစ်သွားတတ်ပါတယ် ... အခုကောင်းတာတွေ လုပ်နေပြီး ချက်ချင်းလက်ငင်း ဒီကောင်းကျိုးတွေကို ခံစား စံစားရမှာပဲ ဆိုရင်တော့ အစွဲတစ်ခုလို ဖြစ်သွားနိုင်ပါတယ် ...

မြတ်ဗုဒ္ဓတောင်မှ ပရိနိဗ္ဗာန်စံခါနီးမှာ အတိတ်ဘဝတစ်ခုက ပြုခဲ့တဲ့ ကံကြွေးကြောင့် ဝမ်းတော်လားတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ် ... ဒါ့ကြောင့် ကျွန်တော်တို့လို သာမာန် ပုထုဇဉ်လူသားတွေက ကောင်းတာလုပ်နေတဲ့ ကြားက အတိတ်တစ်ခုခုက ပြုခဲ့တဲ့ ကံတွေကို ဆပ်နေရတာ မဆန်းပါဘူး ...

#VitaminsForSoul စာအုပ်မှ …

🍀 လိုအပ်လျှင် Coaching ယူပါ …
#Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

#မျိုးသီဟကျော် ~ #Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤49
စိတ်ပူတယ်ဆိုတာ တကယ်တော့ စိတ်က ပူတာ မဟုတ်ဘူး။

စိတ်ထဲမှာ ဖြစ်တဲ့ ကိလေသာတွေကြောင့် ပူတာ။

လူတွေဟာ စိတ်ပူတတ်ကြတယ်။

အဲဒီစိတ်ပူတာတွေဟာ ကိလေသာတွေ မပယ်နိုင်သေးလို့ စိတ်ပူတာပဲဖြစ်တယ်။

တဏှာကို ဖယ်ရှားလိုက်မယ်၊ သံသယကို ဖယ်ရှားလိုက်မယ်။

ကျန်တဲ့ ကိလေသာတွေကို ဖယ်ရှား လိုက်မယ်ဆိုရင်
ဘယ်အတွက်မှ စိတ်ပူစရာမရှိဘူး။

စိတ်နှလုံးဟာ အေးချမ်းသွားမှာပဲ ဖြစ်တယ်
ဘယ်အတွက်မှ ဘေးရန်အန္တရာယ်တွေ ဖြစ်နေတာ မရှိတော့ဘူး။

ဘေးရန်ကင်းကွာ,အန္တရာယ်ဆိုတာမရှိတော့ဘူး။

အန္တရာယ်ဆိုတဲ့အထဲမယ် အတွင်းအန္တရာယ်၊
အပြင်အန္တရာယ်လို့ ဒီလို ၂-ခုမှတ်သားရမယ်။

အဲဒီအန္တရာယ် ၂-ခုထဲမှာ အတွင်းအန္တရာယ်က
ပိုကြောက်စရာကောင်းတယ်။

ဆိုလိုတာက လူတွေဟာ အတွင်း အန္တရာယ်ကို
သိပ် မကြောက်ဘူး။

အပြင်အန္တရာယ်ကိုပဲ ကြောက်နေတယ်။
ဘေးရန်ဆိုလို့ရှိရင်လည်း
အပြင်ကလာတဲ့ဘေးရန်ကိုပဲ ကြောက်တယ်။

အတွင်းမှာရှိတဲ့ရန်က ပိုကြောက်ရမှာဖြစ်တယ်။

ဘာလဲဆိုရင် ကိုယ့်စိတ်မှာ မပယ်နိုင်သေးတဲ့ လောဘတွေ၊ဒေါသတွေ၊ မောဟတွေ။

အဲဒီ ကိလေသာတွေဟာ တကယ့် အန္တရာယ်ပြုမယ့်
ဘေးရန်တွေပဲ ဖြစ်တယ်ပေါ့။

အပြင်ကလာတဲ့ဘေးရန်အန္တရာယ်ဆိုတာ ကိုယ့်ကို အပါယ် ဆွဲမချနိုင်ဘူး။လုံခြုံအောင် နေလို့ရတယ်။
ရှောင်တိမ်းလို့ရတယ်။

အတွင်းရန်ဆိုတာ ရှောင်တိမ်းလို့မရဘူး။

ကိလေသာတွေ ဖယ်ရှားနိုင်အောင် ကြိုးစားမှအတွင်း ရန်ဆိုတာ အေးမယ်။

အဲဒီ အတွင်းရန်အေးမှ ငြိမ်းချမ်းတဲ့အဆင့်ကို
ရောက်နိုင်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
Credit ... ဒေါက်တာ နန္ဒမာလာဘိဝံသ

Share by .. Myo Thiha Kyaw ~ Randy
❤138
အတွေးတွေ ဘာကြောင့် ဘယ်လို ဖြစ်ပေါ်လာရတာလဲ? အတွေးတွေကို ဘာလို့ လွယ်လွယ်နဲ့ ရပ်တန့်လို့ မရနိုင်ရတာလဲ?

လူအတော်များများဟာ ကိုယ့် အတွေးတွေနဲ့ ကိုယ် စိတ် ရှုပ်ထွေး နေရတတ်ပါတယ်။ ကိုယ့် အတွေးတွေကြောင့် Suffering ဖြစ်ရသလို ကိုယ် တွေးတာကမှ မှန်တယ် ဆိုပြီး ဖြစ်တတ်ကြပါသေးတယ်။

အတွေးတွေဟာ ကိုယ်ရခဲ့တဲ့ မှတ်ဉာဏ်တွေက လာသလို၊ ကြောက်စိတ်တွေ၊ စိတ်ဆန္ဒတွေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကနေ လာတာပဲ ဖြစ်ပါတယ်။

စိတ်နဲ့ အတွေးတွေဟာ များသောအားဖြင့် အေးချမ်းဖို့ ငြိမ်းချမ်းဖို့ကို အလိုအလျောက် အလုပ် မလုပ်နေပါဘူး။ ရှင်သန်ဖို့ အတွက်၊ ကာကွယ်ဖို့ အတွက်၊ ကြိုတင် ခန့်မှန်းနိုင်ဖို့ အတွက် အမြဲတမ်း အလုပ်လုပ်နေတာပါ။

ကိုယ့်ရဲ့ မှတ်ဉာဏ်တွေကတော့ အတွေးတွေ ဖြစ်ပေါ်လာခြင်းရဲ့ အခိုင်အမာဆုံးသော အရင်းမြစ်တစ်ခုပါပဲ။ ကိုယ် ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံတိုင်းဟာ အမှတ်အသားတစ်ခု အနေနဲ့ မိမိတို့ရဲ့ စိတ်ထဲမှာ ကျန်နေခဲ့ပါတယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတိုင်းဟာ အတိတ်ကို အမြဲတမ်း ပြန်ပြန်ပြီး သတိပေးနေ သလို ဖြစ်လာတဲ့ အခါ အတွေးတွေ အလိုအလျောက် ပေါ်ထွက်လာတော့ တာပါပဲ။

အရင်က ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေးနဲ့ Relationship တွေမှာ အရင်က နာကျင်ခဲ့ဖူးတဲ့ အခါ အဲ့ဒီ အရာဟာ အန္တရာယ် ရှိတယ်ဆိုတဲ့ အတွေးဟာ အလိုအလျောက် ပေါ်ပါတယ်။

ဘဝရဲ့ အခန်းကဏ္ဍ တစ်ခုခုမှာ အဆင်မပြေဘူး ဆိုတာကို နာကျင်ဖူးတာနဲ့ တွဲပြီး မှတ်မိနေရင် မကောင်းတဲ့ အတွေး Negative Thought တွေဟာ အရင်ဆုံး ပေါ်ပေါက်လာတာပါ။

ဒါဟာ ဒီအတွေးတွေက တစ်ခုခု မှားနေတာကို ဖော်ပြနေတာ မဟုတ်ပါပဲ ကိုယ် တစ်ခုခု ကြုံတွေ့ ဖြစ်ပျက်ခဲ့ဖူးလို့ ဆိုတာကို အရင်ဆုံး နားလည်ရပါမယ်။

စိတ်က ပစ္စုပ္ပန်နဲ့ အတိတ် ဆိုတာကို အမြဲ ရောထွေး ပစ်တတ်ပါတယ်။ ဆိုလိုတာက သိစိတ်က ပစ္စုပ္ပန်မှာ ရှိနေရင်တောင် မသိစိတ်က အတိတ်က အရာတွေကို ဆွဲထုတ်လာတတ်ပါတယ်။

ဒါ့ကြောင့် Mindfulness Practice ဟာ အရမ်းကို အရေးကြီးပါတယ်။

နောက်ထပ် အတွေးတွေရဲ့ ဒုတိယ အရင်းမြစ်ဟာ ကြောက်စိတ်ပါ။

လူအတော်များများ ထင်ထားသလို ကြောက်စိတ်ဟာ သိသိသာသာ ကျယ်ကျယ်လောင်လောင် ကိုယ့်ကို ဖော်ပြနေတာ ရှိသလို တစ်ခါတလေကျ တိတ်ဆိတ် ငြိမ်သက်နေတဲ့ ကြောက်စိတ်တွေဟာ Randy တို့ရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေတာမျိုးလဲ ရှိနိုင်ပါတယ်။

ဒီလို Hidden ဖြစ်နေတဲ့ ကြောက်စိတ်တွေကြောင့် လူတွေဟာ စိုးရိမ် ပူပန်လွန်းခြင်း၊ အစီအစဉ် Plan တွေ သေချာ ဆွဲလွန်းခြင်း၊ အလွန်အကျွံ တွေးပြီး အတွေးလွန်ခြင်းတွေ ဖြစ်လာပါတော့တယ်။

စိုးရိမ်စိတ် ကြောက်စိတ် Fear ကြောင့် “ ဒီလို ဖြစ်လာရင် ဘယ်လို လုပ်မလဲ … ဒါမှမဟုတ် ဒီလို မဖြစ်ခဲ့ရင်ရော … သေသေချာချာ သတိထားသင့်တယ်။ … ဒါက မှားသွားနိုင်တယ်။ … “ စသည်ဖြင့် မပြီးဆုံးနိုင်တဲ့ အတွေးတွေကို ဆက်ပြီး ဖြစ်ပေါ်စေပါတယ်။

ဒီလို အတွေးတွေ ရှိတာက မကောင်းဘူးလား မလိုအပ်ဘူးလား ဆိုတော့ ကောင်းပါတယ် လိုအပ်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံ တွေးနေပြီး ဒီအတွေးတွေနဲ့ ပတ်ချာလည်နေပြီ ဆိုရင်တော့ မကောင်းတော့ပါဘူး။

ဗုဒ္ဓ ဟောကြားခဲ့တဲ့ အလယ်အလတ် လမ်းစဉ်ကို ပြန်ပြီး သတိပေး Remind လုပ်ဖို့ အရေးကြီးပါတယ်။ တွေးရမယ်လဲ မဟုတ် မတွေးရဘူး ဆိုတာလဲ မဟုတ်ပါဘူး။ အားလုံးဟာ မျှမျှတတ ရှိနေဖို့ ပါပဲ။

ကြောက်စိတ် အခြေခံ အတွေး Fear Based Thought တွေဟာ မဖြစ်သေးတာတွေကို တတ်နိုင်သလောက် ထိန်းချုပ်နိုင်ဖို့ Control လုပ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

နောက်ထပ် အတွေးတွေ ဖြစ်ပေါ်လာစေတာက စိတ်ဆန္ဒ Desire ပါပဲ။ Randy တို့ တစ်ခုခုကို လိုချင်လာတဲ့ အခါ အတွေးတွေက အရင်ကထက် ပိုပြီး များလာပါတယ်။

လုပ်ဆောင်ရမည့် အရာတွေ၊ ပြောရမည့် စကားတွေ၊ ရလဒ်တွေ၊ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ အားလုံးကို စတင်ပြီး လိုက် တွေးပါတော့တယ်။

ဒီအတွေးတွေ အားလုံးကိုလဲ အရင်က အတွေ့ အကြုံတွေ၊ ကြောက်စိတ်တွေနဲ့လဲ ချိတ်ဆက်ပြီး အလိုလို လိုက် တွေးပါသေးတယ်။

ဆန္ဒတွေ ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ ဆန္ဒတွေကို စွဲလန်းမိလွန်း အားကြီးတဲ့ အခါ စိတ်ဟာ ထောင်ချောက် တစ်ခုထဲမှာ ပိတ်မိလာပါတော့တယ်။

ဒီတော့ ဆန္ဒတွေကိုရော၊ ဆန္ဒနဲ့ ပတ်သက်တဲ့ အတွေးတွေကိုပါ အစွန်း မရောက်စေတာက စိတ် အတွေးတွေ အတွက် ပိုပြီး အဆင်ပြေစေပါလိမ့်မယ်။

နောက်ထပ် အတွေးတွေကို သူ့အလိုလို ဖန်တီးပေးတာ Conditioning လို့ ခေါ်တဲ့ အခြေအနေပြု သင်ယူခြင်း သို့ အပြုအမူကို လေ့ကျင့်ယူခြင်း ဆိုတဲ့ အရာကြောင့်ပါပဲ။

ရိုးရိုးရှင်းရှင်း ပြောရရင် ပတ်ဝန်းကျင်က လာတဲ့ လှုံ့ဆော်မှုတွေနဲ့ ကိုယ့်ရဲ့ တုန့်ပြန်မှုတွေကို ချိတ်ဆက်ပြီး အလေ့အကျင့် တစ်ခုဖြစ်သွားအောင် သင်ယူရတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

ကလေး ဘဝ ကထဲက Randy တို့ အားလုံးဟာ ဘယ်လို ပုံစံ တွေးရမယ်၊ တွေးသင့်တယ် ဆိုတာကို သင်ယူခဲ့ ရပါတယ်။

ဒီထဲမှာ မိသားစုရဲ့ တွေးခေါ်ပုံတွေ၊ ကျောင်းက သင်ကြားပေးတဲ့ တွေးခေါ်ပုံတွေ၊ ယဉ်ကျေးမှု ဘာသာရေးတွေက ပြဌာန်းထားတဲ့ တွေးခေါ်ပုံတွေ၊ ပတ်ဝန်းကျင် လူမှု အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ တွေးခေါ်ပုံတွေ အားလုံး ပါဝင် ပါတယ်။

ဒီ အတွေးအခေါ်တွေ အားလုံးဟာ ကျွန်တော်တို့ရဲ့ အတွင်း အသံ Inner Voice ကို ဖြစ်ပေါ်စေပါတယ်။
❤25
သင်က တစ်ခုခု လုပ်နိုင် စွမ်းဆောင်နိုင်မှ ချီးကျူးခံရတယ်။ အသိအမှတ် အပြုခံရတယ် ဆိုရင် သင့်ရဲ့ အတွေးတွေဟာ အမြဲတမ်း တစ်ခုခုကို သက်သေပြနိုင်ဖို့ ကြိုးစားနေမှာပါ။

သင်ဟာ အမြဲတမ်း ဝေဖန် အပြစ်တင် ခံနေရတယ် ဆိုရင် သင့်ရဲ့ အတွေးတွေဟာ ကိုယ့်ကိုယ်ကို မကောင်းဘူး၊ မတော်ဘူး၊ အသုံးမကျဘူး ဆိုတဲ့ ပြစ်တင် ဝေဖန်သံတွေနဲ့ပဲ ကိုယ့် စိတ်ထဲ ပြောနေမိမှာ ဖြစ်ပါတယ်။

ဒါတွေ အားလုံးဟာ ကိုယ့် အတွေး တွေ ဆိုတာထက် လေ့လာ သင်ယူ ထားခြင်း ခံရလို့ ဖြစ်လာရတာပါ။ ကိုယ့် အတွေးတွေ မဟုတ်ပါဘူး။

ဒါကြောင့် ဒီလို အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်နေတဲ့ အတွေးတွေကို လွယ်လွယ်နဲ့ ရပ်တန့် နိုင်ဖို့ ဆိုတာ အရမ်းကို ခက်ခဲ နေရတာပဲ ဖြစ်ပါတယ်။

စိတ်ဟာ အတွေးတွေဟာ ငယ်ရွယ်စဉ်ကနေ အခုအချိန်ထိ လေ့ကျင့်ထားတဲ့ အတိုင်း သင်ကြားထားခြင်း ခံရတဲ့ အတိုင်း အလုပ်လုပ်နေတာပဲ ဖြစ်ပါတယ်။

တစ်ခါတလေမှာ အတွေးတွေကို မတွေးဖို့ ရပ်တန့်သွားဖို့ တိုက်ခိုက်နေရတာဟာ အတွေးကို ပိုပြီး များလာအောင် ဖန်တီးနေသလို ဖြစ်နေတတ်ပါတယ်။

အတွေးတွေကို လိုက်လံ သုံးသပ်နေတာ၊ အကဲဖြတ်နေတာတွေက အတွေးတွေကို ပိုပြီး သန်မာလာအောင် အားကောင်းလာအောင် ဖန်တီးနေသလိုပါပဲ။

ဒါကြောင့် တရားထိုင် Meditation လုပ်တာဟာ အတွေးတွေကို သိနေရုံလေး သိနေပြီး ရပ်တန့်သွားအောင် လေ့ကျင့်ပေးနေတာနဲ့ အတူတူပါပဲ။

ပြီးတော့ လူ အတော်များများ ဒုက္ခ Suffering ကို ခံစားရတာဟာ အတွေးတွေကြောင့် မဟုတ်ပဲ သူတို့ အတွေးကို သူတို့ ယုံကြည်ကြလို့ ခံစားရတာပါ။

ကိုယ့် အတွေးတစ်ခုက “ ငါဟာ မပြည့်စုံဘူး၊ မလုံလောက်ဘူး” လို့ ပြောနေပြီ ဆိုတာနဲ့ ကိုယ့် ခန္ဓာကိုယ်က နာကျင်မှု ဝေဒနာကို စတင်ပြီး ခံစားလာရပါပြီ။

“ ငါဟာ စွန့်ပစ် ခံရ လိမ့်မယ်၊ ငြင်းပယ် ခံရ လိမ့်မယ်” လို့ တွေးမိတာနဲ့ ကြောက်ရွံတဲ့ အတွေးတွေက စတင်ပြီး ပေါ်ပေါက်လာမှာပါ။

တကယ်တော့ အတွေးတွေဟာ စိတ်ထဲမှာ ရှိတဲ့ စာကြောင်း တစ်ကြောင်းမျှသာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အပြုသဘော ဆောင်တဲ့ စကား Positive Affirmation တွေ ထည့်ပေးတယ် ဆိုတာက စိတ်ထဲကို အတွေးတွေ ကောင်းဖို့ အတွက် စာကြောင်းတွေ ထည့်ပေးတာပဲ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကျွန်တော်တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နေတဲ့ အတွေးတွေကို ကိုယ်လိုချင်တဲ့ အတွေး ပုံစံမျိုးပဲ ဖြစ်နေအောင် လေ့ကျင့်ယူဖို့ ခက်ခဲမယ် ဆိုတာကို နားလည်လောက်ပြီ ထင်ပါတယ်။

ဒါကြောင့် ပေါ်လာတဲ့ အတွေးတွေကို ရွေးချယ်လို့ မရပေမဲ့ အဲ့ဒီ အတွေးတွေနဲ့ ကိုယ်နဲ့ ဆက်ဆံရေးကို ဘယ်လို ထားမလဲ ဆိုတာကိုတော့ ရွေးချယ်လို့ ရပါတယ်။

ဒီနေရာမှာ အသိ သတိ ရှိမှု Awareness အားကောင်းတာဟာ အရမ်းကို အစွမ်း ထက်ပါတယ်။

အတွေးတွေ နောက်ကို လိုက်နေမည့် အစား အသိ သတိနဲ့ စောင့်ကြည့်လိုက်တဲ့ အခါ အတွေးဟာ ပုံစံ ပြောင်းသွားပါတယ်။

သင်ဟာ အတွေးထဲမှာ မရှိတော့ပဲ အတွေးကို သိတယ် မြင်တယ် ဆိုတဲ့ အခြေအနေကို ရောက်သွားပါတယ်။

ဒီလို သေးငယ်တဲ့ အပြောင်းအလဲဟာ ကိုယ့်ကို အတွေးတွေ ကနေ လွတ်မြောက်စေပါတယ်။

အသိ သတိ ထားတယ် ဆိုတာက စိတ်ကို သွားပြီး အငြင်းအခုန်တွေ ဝေဖန်တာတွေ လုပ်နေတာ မဟုတ်ပဲ အတွေးတွေကို သိရုံလေး သိနေပေးလိုက်တာ ဖြစ်ပါတယ်။

အတွေးတွေကို သတိထားမိတဲ့ အခါ ဖြစ်နေကျ ပုံစံ Pattern ကို မြင်လာ သတိထားမိလာ ပါလိမ့်မယ်။

ဘဝရဲ့ အခန်းကဏ္ဍ တစ်ခုခုမှာ တူညီတဲ့ ကြောက်စိတ် Fear တွေ ထပ်ကာ ထပ်ကာ ပေါ်ပေါက်လာတဲ့ အခါ တူညီတဲ့ အတွေးတွေ၊ တူညီတဲ့ ပုံပြင်တွေဟာ ထပ်ကာ ထပ်ကာ ပေါ်ပေါက်လာပါ တော့တယ်။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကို Awareness ရှိဖို့ အရေးကြီးပါတယ်။

အသိ သတိ အားကောင်းမှု ဟာ တုန့်ပြန်မှု Reaction ကို နှေးကွေးစေပါတယ်။ တုန့်ပြန်မှု နှေးကွေးသွားစေတဲ့ အတွက် ကိုယ် ဘာကို ရွေးချယ်ရမလဲ ဆိုတဲ့ အချိန် Space ကို ဖန်တီးပေးပါတယ်။

အဲ့ဒီလို အချိန် ခဏ အတွင်းမှာ အသက်ကို ဝအောင်ရှုပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို Feel your body ခံစားကြည့်ကာ အရင်နဲ့ မတူတဲ့ ကိုယ့်ကို Program မလုပ်ထားတဲ့ နေရာကနေ ရွေးချယ်မှုတွေကို သင် ပြုလုပ် လာနိုင် ပါလိမ့်မယ်။

အချုပ်အားဖြင့် ဆိုရသော် အတွေးတွေဟာ ထိန်းချုပ်ဖို့ အရာ မဟုတ်ပဲ မြင်အောင် ကြည့်တတ်ဖို့ အရာတစ်ခုသာ ဖြစ်ပါတယ်။

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤48
အဆိုးမြင်ဝါဒီ သမားတွေဟာ အခွင့်အလမ်းက တံခါးလာ ခေါက်ရင်တောင် ဘယ်ကလဲ ဘယ်သူလဲ ဆူညံလိုက်တာကွာဆိုပြီး ပြောကြပါလိမ့်မယ် ...

William Shakespeare ကလည်း ပြောတယ် “ ကောင်းတယ် ဆိုးတယ် ဆိုတာ မရှိပါဘူး ... ကိုယ် မြင်ချင်တဲ့ ရှုထောင့်ကနေ ကြည့်ပြီး မိမိတို့ရဲ့ အတွေးက သတ်မှတ်လိုက်တာပါ ” တဲ့ ...

ဒါ့ကြောင့် မိမိတို့ရဲ့ ရှုဒေါင့် အတွေး အမြင်တွေကို သတိထားမိဖို့ လိုအပ်ပါတယ် ...

တစ်ခါတလေကျရင် ကျွန်တော်တို့က ပြသနာနဲ့ နီးနီးကပ်ကပ် ရှိလွန်းတဲ့ အခါ ဘယ်လို ဖြေရှင်းရမယ် ဆိုတာကို မကြည့်တတ် မမြင်တတ်ကြတော့ပါဘူး ...

ဒီလိုဆိုရင် Randy တို့က ပြသနာနဲ့ နဲနဲ ခွာပြီးကြည့် ... အနောက်ကိုဆုတ်ပြီး ကြည့်နိုင်ရမှာပါ ...

ပြသနာ တစ်ခုလုံးကို ခြုံငုံ သုံးသပ်ပြီး အပေါ်စီး Bird Eye View ကကြည့် တတ်ရမှာပါ ...

ကြီးကြီးကျယ်ကျယ် ပြောရရင် Universal View က ကြည့်နိုင်မယ်ဆို အဖြေတွေ, ဖြေရှင်းရမယ့် ပုံစံတွေ ကို တွေ့နိုင်မှာ အမှန်ပါပဲ ...

တစ်ကယ်လဲ လောကဓမ္မ လောကအမှန်တရား စစ်စစ် The Law of Nature ကနေ ကြည့်နိုင်ရင် အဖြေတွေ တွေ့ရမှာပါ ...

ဒါ့အပြင် ကိုယ် ဘယ်လို ခံစားပြီး ကြည့်မြင်နေလဲ ဆိုတာကလဲ အရေးကြီးပါသေးတယ် ...

Feeling တွေ အလွန်အကျွံ တတ်နေတာလား, ထည့်ထားမိတာလား ...

တတ်နေတဲ့ Feeling တွေကမှ Low Vibe ကို ဖြစ်စေတဲ့ Emotion တွေထည့်ပြီး ကြည့်နေမိတာလား ...

ကုသိုလ်စိတ်တွေ ပျောက်ပြီး ကြည့်နေမိတာလား ... ဆိုတာ သတိထား မိဖို့ လိုအပ်ပါတယ် ...

Feeling တွေ အနည်းဆုံး ဖြစ်အောင် ခွာချပြီး ကုသိုလ်စိတ်လေးနဲ့ မေတ္တာ ဂရုဏာတရားလေးနဲ့ အမှန်ကို အမှန်အတိုင်း မြင်အောင် ကြည့်တတ်ဖို့ ...

ပြသနာကို ကိုယ့်အတွက် အထောက်အကူ ဖြစ်စေတဲ့ စိန်ခေါ်မှုတစ်ရပ်လို မြင်ပြီး ကြည့်နိုင်ဖို့ လိုအပ်ပါတယ် ...

ကိုယ့် ဘဝမှာ ကြုံခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ပြန်ပြီး မြင်ယောင်ကြည့်လိုက်ပါ ...

အဲ့ဒီလို မကောင်းတဲ့ အတွေ့အကြုံတိုင်းမှာ ကိုယ့်အတွက် ကောင်းတဲ့ အပြောင်းအလဲတွေ ကောင်းတဲ့ သင်ခန်းစာတွေ ဘာတွေ ရခဲ့လဲ ပြန်လည် ရှာဖွေ စဉ်းစားကြည့်ပါ ...

ဒီလိုမျိုး ကောင်းတာတွေ ရွေးမြင်တတ်တဲ့ အလေ့အကျင့်မျိုးကိုသာ ကိုယ်က ပြုစု ပျိုးထောင်ထားမယ် ဆိုရင် ဘယ်လို အခြေအနေပဲ ကြုံရ ကြုံရ ကိုယ်ဟာ ကောင်းတာတွေကို မြင်နိုင်လာမှာ အသုံးချနိုင်လာမှာ အမှန်ပါပဲ ...

ထို့အပြင် ဖြစ်နေတဲ့ ပြသနာ အခြေအနေတွေထဲက Solution ကို ရှာတွေ့ကာ ရုန်းထွက်လာနိုင်မှာ အမှန်ပါပဲ ...

ဒါ့ကြောင့် ဘဝမှာ ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် ကိုယ် ဘယ်ရှုထောင့်ကနေ ရှုမြင်သုံးသပ်လဲ စဉ်းစားတွေးခေါ် လုပ်ကိုင်လဲ ဆိုတာက အရမ်းကို အရေးကြီးပါတယ် ...


ကိုယ့်ကိုယ်ကို မြင်တဲ့ အမြင် ... အခြားသူတွေ အပေါ်မြင်တဲ့ အမြင် ... လောကကြီးကို မြင်တဲ့ အမြင် ...

Perspective ရှုမြင်ပုံသာ ကောင်းနေမယ် ဆိုရင် ကိုယ့် Feeling တွေ, Emotion တွေလဲ ကောင်းနေမှာမို့ ဖြေရှင်း တုန့်ပြန်ပုံတွေလဲ မှန်ကန်ပြီး ရလဒ် Result တွေ ကောင်းနေမှာပဲ ဖြစ်ပါတယ် ...

အနည်းဆုံးတော့ Peaceful Mind, Positive Vibe နဲ့ နေထိုင် ဖြေရှင်း နိုင်မှာပဲ ဖြစ်ပါတယ် ...

ကိုယ့်ရဲ့ ပြီးခဲ့တဲ့ အဆိုးဝါးဆုံး ရင်ဆိုင် ဖြေရှင်းခဲ့ရတဲ့ ပြသနာတစ်ခုကို ပြန်ကြည့်ကြည့်ပါ ...

သေချာတာကတော့ ကျွန်တော်တို့ဟာ အဲ့ဒီအရာထဲက အသင်ယူစရာတွေ အများကြီးရခဲ့ပြီး ဒါမျိုး နောက်ထပ် ပုံစံတူ အမှားမျိုး ဘယ်တော့မှ ထပ်လုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး ...

🍀 30 Days Miracle Life Program မှ…

စိတ်ဝင်စားလျှင် Comment မှာ ဖြစ်စေ ... Messenger မှာ ဖြစ်စေ ML လို စာရိုက်ပြီး စုံစမ်းမေးမြန် စရင်းသွင်းနိုင်ပါတယ် ...

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤39
Soul Journey မှာ အခက်ခဲဆုံး အပိုင်းက ကျွန်တော်တို့ ကိုယ်ပိုင် ဖြစ်တည်မှုရဲ့ အမြင့်ဆုံးသော အပိုင်းနဲ့ အနိမ်းဆုံးသော အပိုင်းတွေကို ကျော်လွန်ပြီး ချဲ့ကား ပြောင်းလဲ Evolve ဖြစ်ကာ Soul Experience အတွေ့အကြုံ ကို ယူရတာမို့ ...

ကျွန်တော်တို့ဟာ ဘဝမှာ ကောင်းမွန်တဲ့ Positive အမြင့်ဆုံး အပိုင်းတွေထိ တတ်သွားတာ ရှိသလို့ ... အဆိုးဆုံး အခြေအနေ Negative တွင်း နက်နက်ထဲထိ ပြုတ်ကျသွားတာတွေလဲ ရှိပါတယ် ...

ဒါကို အဓိက တာဝန်ယူ ဆောင်ရွက်ပေးတာကတော့ ကျွန်တော်တို့နဲ့ ဘဝ တစ်ခုခုက ‌ရေစက်လို့ ပြောရမလား ဝဋ်ကြွေးလို့ ပြောရမလား ဆိုတဲ့ သူတွေက Auto စွမ်းဆောင်နိုင်စွမ်း ရှိကြပါတယ် ...

ဟုတ်ပါတယ် Randy တို့ဟာ သူတို့တွေကြောင့်ပဲ ပျော်ရွှင်ကြရပြီး ... သူတို့တွေကြောင့်ပဲ ကြေကွဲ ဝမ်းနည်းကြရပါတယ် ...

သူတို့တွေကြောင့်ပဲ အမြင့်ဆုံး အပိုင်းတွေကို တွယ်တတ်နိုင်ခဲ့သလို ... သူတို့တွေကြောင့်ပဲ ချောက်နက်နက်ထဲကို ခုန်ချနိုင်စွမ်း ရှိလာကြပါတယ် ..

ဒါကို အနောက်တိုင်းဘက်က ပြောရင် Soul Contract လို့ ခေါ်ပါတယ် ... ကျွန်တော်တို့မှာ အရင်ဘဝက သူတို့နဲ့ ချုပ်ခဲ့ရတဲ့ စာချုပ်တွေ ရှိခဲ့တယ် ...

မြန်မာလို့ ပြောရင်တော့ အတိတ်ဘဝက ရေစက် တစ်ခုခုကြောင့် ... ပြောခဲ့ဖူးတဲ့ ကိုယ့်ရဲ့ စကားတစ်ခွန်း ကတိတစ်လုံးကြောင့် ... ဒါမှမဟုတ် သူတို့ အပေါ်မှာ ပြုခဲ့ဖူးတဲ့ အပြုအမူ တစ်ခုကြောင့် ...

ဒီဘဝ ဒီခန္ဓာမှာ စာချုပ်အရ ဝဋ်ကြွေးတွေ ကြေအောင် အပြန်အလှန် ဆပ်ရတယ်လို့ ပြောရမှာပါပဲ ...

မိဘနဲ့ သားသမီး Soul Contract တွေ ရှိတယ် ... Relationship Soul Contract တွေ ရှိတယ် ...

မိတ်ဆွေ အပေါင်းအသင်း အချို့နဲ့ Soul Contract တွေ ဆိုတာလဲ ရှိပါတယ် ...

Soul Contract မှာ တစ်ချို့က ပါရမီ ဖြည့်ဖို့ ဖြစ်တည်လာကြရသလို တစ်ချို့က ဝဋ်ကြွေးဆပ်ဖို့ သက်သက်လဲ ဖြစ်တည်လာတတ်ကြပါတယ် ...

ဒီနေရာမှာ တစ်ချို့သော Soul Contract တွေဟာ အားကောင်းလွန်းလို့ ကြုံကို ကြုံရ ဖြစ်ကို ဖြစ်ရတဲ့ အခြေအနေမျိုး အပြင် ...

ရပ်တန့်လိုက်ချင်ရင်တောင် ရပ်တန့်လို့ မရပဲ Soul Contract သက်တမ်း မကုန်မချင်း နိမ့်ချည် မြင့်ချည်နဲ့ ကံကြွေး Karmic Debt ကို ကြေအောင် ဆပ်ကြရပါတယ် ...

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤45
ကျေးဇူးတရား သိတတ်ခြင်းက ကျွန်တော်တို့ ဘဝတွေကို သိသိသာသာ ကောင်းသော ပြောင်းလဲမှုတွကို ဆောင်ကျဉ်း ပေးလာနိုင်ပါတယ် ...

မည်သူ့ကို မဆို, မည်သည့် အရာကို မဆို ... ရင်ဘတ်ထဲက နှလုံးသားထဲက နှစ်နှစ်ကာကာ ကျေးဇူးတင်တတ်တဲ့ သူတွေဟာ ... ပထမဆုံး သူ့ကိုသူ အေးချမ်းစေပါတယ် ...

ပတ်ဝန်းကျင်ကိုလဲ အေးချမ်းစေပါတယ် ...

မေတ္တာကို အရင်းခံပြီး ကျေးဇူးတင်တတ်တဲ့ သူတွေစီကိုတော့ ပျော်ရွှင်ခြင်းတွေ, ကျန်းမာခြင်းတွေ, အောင်မြင်ခြင်းတွေ, ပေါကြွယ်ဝခြင်းတွေ စီးဝင်လာလေ့ရှိပါတယ် ...

လူတွေ ဘဝမှာ ဘာကြောင့် မပျော်ရွှင်ရလဲ ဆိုရင် ... ကိုယ့်မှာ မရှိတဲ့ အရာတွေ ... မပိုင်ဆိုင်ရသေးတဲ့ အရာတွေကိုပဲ တောင့်တ ကြောင့်ကြပြီး တွေးပူလောင် နေတတ်ကြလို့ပါပဲ ...

တကယ်က ကိုယ့်မှာ ရှိတဲ့ အရာတွေကို မြင်တတ်မယ် ... ကျေးဇူးတင်တတ်မယ် ဆိုရင် အတော်လေး စိတ်ချမ်းသာရပြီး Positive Mindset နဲ့ အတွင်းစိတ် ငြိမ်းအေးမှု Inner Peace လဲ အချိန်တိုင်း ဖြစ်ပေါ်နေစေမှာပါ …

ဒါ့အပြင် လူအတော်များများက မရောက်လာသေးတဲ့ အနာဂါတ်အတွက် ယခုအချိန်ထဲက ကြိုတင်ပြီး ပူလောင်နေတာမျိုးနဲ့ ...

ရှေ့ရေးအတွက် တွေးပြီး ပူပန်နေကြတဲ့ အခြေအနေတွေမှာ စိတ်ဆင်းရဲ စရာတွေပဲ ခံစားလာရကာ … ကိုယ့်ကိုယ်ကို ကံ မကောင်းလိုက်တာလို့ တွေးနေမိမှာ အမှန်ပါပဲ …

ဒါပေမဲ့ မဖြစ်လာသေးတဲ့ အရာတွေအတွက် တွေးပြီး စိတ်ဓါတ်ကျနေမဲ့ အစား … လက်ရှိမှာ အခြား လူတွေထက်စာရင် ကိုယ် ကံကောင်းနေတဲ့ အချက်တွေကို ပြောင်း တွေးကြည့်ပြီး … ကျေးဇူးတင်တတ်မယ် ဆိုရင် လက်ရှိ ပစ္စုပ္ပန်တည့်တည့်က စိတ်ချမ်းသာစရာတွေကို တွေ့ရှိလာမှာ အမှန်ပဲ ဖြစ်ပါတယ် ...

MyoThihaKyaw ~ Randy

ယခု လက်ရှိ အချိန်မှာ ... အသက်ကောင်းကောင်း ရှူလို့ ရနေရင် ... အစားစာ ကောင်းကောင်း စားနိုင်သေးရင် ... ဆိုးဝါးတဲ့ ဝေဒနာတွေ မခံစားရရင် ... ဒါမှမဟုတ် အသက်ရှင်နေသေးတယ် ဆိုရင် ...

ကျန်းမာရေး ကောင်းမွန်နေရင် ... စားစရာ သောက်စရာတွေ ရှိနေရင် ... လုံခြုံစွာ နေနိုင်တဲ့ နေစရာရှိရင် ... ညဘက်တွေ ကောင်းကောင်း အိပ်စက်ခွင့် ရှိရင် ...

သုံးစရာ ပိုက်ဆံ အချို့ရှိနေရင် ... ဝတ်စရာ လုံလောက်နေသေးရင် ... ကိုယ်က တစုံတယောက်ကို ဂရုစိုက်ပေး နိုင်သေးရင် ...

ကိုယ့်ကို ဂရုစိုက်ပေးမဲ့သူ ရှိနေရင် ... ကိုယ်က အခြားသူတွေထက် အများကြီး ကံကောင်းနေသေးတာမို့ ... ကိုယ့်မှာ ရှိတဲ့ အရာတွေကို ကျေးဇူးတင်တဲ့ စိတ်လေး Attitude of Gratitude ထားရမှာပါ …

ဒါမှ Inner Peace ကို ခံစားရပြီး ... ပစ္စုပ္ပန်တည့်တည့်မှာ လက်ရှိ လုပ်သင့် လုပ်ထိုက်တဲ့ အရာတွေကို စိတ်ချမ်းချမ်းသာသာနဲ့ ကောင်းကောင်းမွန်မွန် လုပ်နိုင်လာမှာဖြစ်ပါတယ် ...

သိပ္ပံပညာ တွေ့ရှိချက်များ အရ ကျေးဇူးတရား မှတ်တမ်း Gratitude Journal ပုံမှန် ရေးခြင်းအားဖြင့် ... ဘဝမှာ ဘာတွေ ပြောင်းလဲ လာမလဲဆိုရင် အကောင်းမြင်စိတ်တွေ တိုးတတ်လာမယ် ...

ဒီလိုဆို Negativity တွေက သူ့အလိုလို လျော့ကျသွားပြီး Positivity တွေတိုးလာမှာပါ ... ဒီတော့ ကောင်းတာတွေကို ကိုယ့် ဘဝထဲကို သူ့အလိုလို ဆွဲဆောင်နိုင် လာပါလိမ့်မယ် ...

ပြီးတော့ ကိုယ်, စိတ်, နှလုံး သုံးပါး ... Body, Mind & Spirit လဲ ပိုပြီး ကျန်းမာ, ချမ်းသာ လာမှာပါ …

⭐️ Manifest with Gratitude 14 Days
( Journaling Telegram Paid Group ) ကို စုံစမ်း မေးမြန်းနိုင်ပါတယ် ခင်ဗျ …

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤77
အမှား လုပ်မိတာလဲ ပုံမှန်ပါပဲ ...

အခြားသူ အမုန်းခံရတာလဲ ပုံမှန်ပါပဲ ...

အကူညီတောင်းရတာလဲ ပုံမှန်ပါပဲ ...

ကံဆိုးတဲ့နေ့တွေ ကြုံရတာလဲ ပုံမှန်ပါပဲ ...

ပြီးပြည့်စုံမှု မရှိတာလဲ ပုံမှန်ပါပဲ ...

ဉီးစားပေး မခံရတာလဲ ပုံမှန်ပါပဲ ...

အခြားသူတွေနဲ့ ကွဲထွက်နေတာလဲ ပုံမှန်ပါပဲ ...

ဝေဖန်ခံရတာလဲ ပုံမှန်ပါပဲ …

~ Myo Thiha Kyaw ~ Randy ~

တချို့လူတွေကို စွန့်ခွာရတာလဲ ပုံမှန်ပါပဲ ...

တောင်းပန်ရတယ် ဆိုတာလဲ ပုံမှန်ပါပဲ ...

ခက်ခဲတဲ့ ရွေးချယ်မှုတွေ လုပ်ရတာလဲ ပုံမှန်ပါပဲ ...

လူတချို့ စွန့်ခွါသွားတာလဲ ပုံမှန်ပါပဲ …

ပြောင်းလဲမှုတွေကို လက်မခံနိုင်တာလဲ ပုံမှန်ပါပဲ ...

တစ်ယောက်ထဲ ရှိနေချင်တာလဲ ပုံမှန်ပါပဲ ...

ဘာပဲ ဖြစ်ဖြစ် အားလုံးဟာ ပုံမှန်ပါပဲ ...

ဘာက ပုံမှန် မဟုတ်ဘူးလို့ တွေးနေတုန်းလဲ ...

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤78
♦️ Ho’oponopono ( ဟို အို ပို နို ပို နို ) နည်းနဲ့ စိတ်ကို လွှတ်ချကြည့်ကြမယ်။ စိတ်ကို Release, Relax, Healing လုပ်ချင်တဲ့ အခါတွေမှာ Hawaiian ဟာဝိုင်ယီကျွန်းပေါ်က လူတွေသုံးတဲ့ ရှေးဟောင်း ရိုးရာဓလေ့ နည်းလမ်းတစ်ခုပါ။ အခုနောက်ပိုင်း တစ်ကမ္ဘာလုံးက ဒီိ Healing Method Mediation ကို တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ နည်းလမ်းကလဲ အရမ်းကို ရိုးရှင်းပြီး လွယ်ကူပါတယ်။

🔹 လူတွေမှာ ကိုယ့်ကိုယ်ကိုနဲ့ အခြားလူတွေ အပေါ်မှာ ခွင့်လွှတ်နိုင်ခြင်းနဲ့ ခွင့်မလွတ်နိုင်ခြင်းဆိုတဲ့ စိတ်က အမြဲလွန်ဆွဲနေတတ်ကြပါတယ်။ တခါတလေကျတော့ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်တဲ့ အကြောင်းအရာတွေက ပိုများနေသလိုတောင် ခံစားနေရနိုင်ပါတယ်။

ကိုယ့်ဘာသာ တစ်ယောက်ထဲ ဝမ်းနည်းမှုတွေ၊ နာကြည်းမှုတွေ၊ ဒေါသတွေ၊ အလိုမကျခြင်းတွေ၊ အပြစ်ရှိသလို ခံစားနေရတာတွေ စတဲ့ Negative Emotion တွေကြောင့် နေရထိုင်ရတာ ကိုယ့်စိတ်နဲ့ကိုယ်တောင် အဆင်မပြေတော့တဲ့ အခါတွေဆိုတာ ရှိပါတယ်။

ဒါ့ကြောင့် ဒီမကောင်းတဲ့ ခံစားချက်တွေကို လျော့ချပြီး ကိုယ့်စိတ်နဲ့ ကိုယ့် Soul ကို ပြန်လည်သင့်မြတ်စေရေးနှင့် Self-Forgiveness ကိုယ့်ကိုယ်ကို အပြည့်အဝ ခွင့်လွတ်ခြင်းပေးခြင်းဖြင့် ဘဝမှာ ပိုပြီး နေလိုထိုင်လို့ အဆင်ပြေလာတဲ့ အကျိုးကျေးဇူးတွေ၊ စိတ်ချမ်းသာမှုတွေကို Ho’ohponopono Practice လုပ်ပေးခြင်းအားဖြင့် ရရှိနိုင်ပါတယ်။

ဒီလို Negative Emotions တွေကို Cleansing လုပ်ပေးခြင်းအားဖြင့် ကိုယ်လဲ နေရထိုင်ရတာ ပိုအဆင်ပြေလာမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေ၊ မိသားစုတွေ၊ Relationship တွေနဲ့လဲ ပိုပြီး ဆက်ဆံရေးကောင်းမွန်လာမယ်။ ကိုယ့်ရဲ့ Energy တွေလဲ ပိုကောင်းလာနိုင်ပါတယ်။

Ho’oponopono စကားလုံးရဲ့ အဓိပ္ပါယ်က “ အကြောင်းတရားတွေကို ဟန်ချက်ညီညီ ပြန်ဖြစ်စေတာနဲ့ ကိုယ့်အတွက် အရာရာကို မှန်အောင် လုပ်ပေးတယ်၊ ထားပေးတယ်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ လေ့ကျင့်ရမှာက Self-Love ကိုယ့်ကိုယ်ကို နှစ်နှစ်ကာကာ ချစ်ပြီး၊ Self-Forgiveness ကိုယ့်ကိုယ်ကို သေသေချာချာ ခွင့်လွှတ်ပေးရမှာပါ။

~ Myo Thiha Kyaw ~ Randy ~

ဘဝမှာ မွေးလာပြီးကထဲက အခုချိန်ထိ ဒုက္ခတွေ၊ သောကတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို အခံရဆုံးက ကိုယ်နဲ့ ကိုယ့်စိတ်နဲ့ ကိုယ့်ခန္ဓာကိုယ်ပါပဲ။ ဒါကိုတောင် ကိုယ်က ကိုယ့်ခန္တာနဲ့ ကိုယ့်စိတ်ကို အပြစ်တင်နေဦးမယ်။ ခွင့်မလွတ်နိုင်ဘူးဆိုပြီး ဒုက္ခတွေ သောကတွေ ထပ်ပေးနေရင်တော့ ဘယ်သူ လွန်သလဲ ဆိုတာ စဉ်းစားကြည့်ပေါ့။

♦️ ဒါ့ကြောင့် Ho’oponopono ရဲ့ ကိုယ့်ကိုယ်ကို ပြန်ပြောပေးရမဲ့ စကားက “ I am sorry, please forgive me, thank you, I love you.” ပါ။ ကိုယ့်ကိုယ်ကို သေသေချာချာလေး အာရုံစိုက်ပြီး “ ငါမင်းကို တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွတ်ပေးပါ။ ပြီးတော့ ငါမင်းကို အရမ်းကျေးဇူးတင်ပါတယ်။ ငါမင်းကို ချစ်ပါတယ်” ဆိုပြီး ရင်ထဲက အလေးအနက်ထားပြီးတော့ ကိုယ့်ကိုယ်ကို သေသေချာချာ ပြောပေးပါ။

ဒီအရာကို ထပ်ကာ ထပ်ကာ ပြောပေးပြီး ကိုယ့်ကိုယ်ကို တစ််ကယ် တောင်းပန်ပါ။ ခွင့်လွတ်ပေးပါ။ ကျေးဇူးတင်ပါ။ ချစ်ပေးပါ။ ဒါကို သေသေချာချာ လုပ်ရုံပါပဲ။ Mediation Video တွေနဲ့ တွဲပြီးလုပ်ချင်တယ် ဆိုရင်တော့ အောက်မှာ Link ပေးထားပါမယ်။

တိတ်ဆိတ်တဲ့ နေရာမှာ နားကြပ်တပ်ပြီး လဲလှောင်းပြီး ဖြစ်စေ၊ ထိုင်ခုံမှာ ထိုင်ပြီးဖြစ်စေ၊ တရားထိုင်သလို ထိုင်ပြီးတော့ ဖြစ်စေ လုပ်လို့ ရပါတယ်။ ကားမောင်းနေရင်း၊ အန္တရာယ်ရှိတဲ့ စက်တွေ ကိုင်တွယ်နေတဲ့ အချိန်တွေမှာ လုပ်လို့ မရပါဘူး။

https://youtu.be/vVFZmKSDS6w

Have A Nice Day! 🩵🩵🩵

🍀 Myo Thiha Kyaw ~ Randy 🍀

⭐️ Life Coach & Spiritual Guidance

PS ~ 5 Years Ago ~ Post

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤60
Happy Myanmar New Year … ဆုတောင်: Affirmation ⭐️⭐️⭐️

ပထမဦးစွာ … မိမိတို့ဘဝမှာ ရရှိခဲ့တဲ့ ပိုင်ဆိုင်မှု အားလုံးကို … လေးလေးနက်နက် ကျေးဇူးတင်တဲ့ စိတ်နဲ့ စတင်ပါ့မယ် …

ဒီနေ့ ဒီချိန်ကစပြီး … ဒီနှစ်သစ်ဟာ မိမိအတွက် အကောင်းဆုံးသော နှစ်တစ်နှစ် ဖြစ်ပါစေ…

ကျန်းမာရေး … လူမှုရေး … စီးပွားရေး … တို့ဟာလဲ အစစအရာရာ တိုးတက်ကောင်းမွန်တဲ့ နှစ်တစ်နှစ် ဖြစ်ပါစေ …

မိမိဟာလဲ ဒီလိုလှပတဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ရဖို့ Ready ဖြစ်ပြီး …

နှစ်သစ်မှာ အေးချမ်းမှုတွေ … ပျော်ရွှင်မှုတွေ … Abundance တွေ … အလုပ်အကိုင်ကောင်းတွေ … အခွင့်အလမ်းအသစ်တွေနဲ့ ပြည့်ဝနေပါစေ …

မိမိရဲ့ ပတ်ဝန်းကျင်မှာလဲ … Healthy ဖြစ်တဲ့ Relationship တွေ … Positivity တွေနဲ့ ဝန်းရံနေတဲ့ နှစ်သစ် ဖြစ်နေပါစေ ...

~ Myo Thiha Kyaw ~ Randy ~

မိမိတို့ဟာ မေတ္တာတရားနဲ့ ပြည့်ဝတဲ့ နှစ်ကောင်း နှစ်မြတ်ကိုလဲ ပိုင်ဆိုင်ခွင့် ရပါစေ …

မိမိဖြစ်ချင်တဲ့ အရာ … မိမိနေချင်တဲ့ Life Style … မိမိလိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ရရှိနေတဲ့ နှစ်သစ်ကို Attract လုပ်နိုင်တဲ့သူ ဖြစ်နေရပါစေ …

မိမိဘဝကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိဖို့ … Ready ဖြစ်နေသလို … အောင်မြင်မှုတို့ကို ဖန်တီးဖို့လဲ Ready ဖြစ်ပါစေ …

ကောင်းမွန်တဲ့ဘဝကို ဖန်တီးဖို့ … အလိုရှိတဲ့ဘဝကို ရရှိဖို့ … မိမိမှာ Energy ကောင်းတွေ … လုပ်ဆောင်နိုင်စွမ်းတွေလဲ ပြည့်ဝနေပါစေ …

နှစ်သစ်မှာ မိမိအလိုရှိတဲ့ ဘဝနဲ့ ထိုက်တန်တဲ့သူလဲ ဖြစ်ပါစေ …

ပေါကြွယ်ဝခြင်းတွေ … ကျန်းမာ ချမ်းသာခြင်းတွေကလဲ … မိမိဆီကို စီးဝင်လာပါစေ ...

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း … ကိုယ်၏ကျန်းမာခြင်း … ပေါကြွယ်ဝခြင်းတို့နဲ့ ပြည့်စုံပြီး … ဘေးဘယာတွေ ဝေးကွာကြပါစေ …

New Year Guidance Meditation for Abundance အသံဖိုင်ကတော့ YouTube မှာ ရှိပါတယ် … Comment မှာ Link ချထားပေးပါ့မယ် … YouTube Channel ကိုလဲ Subscribe လုပ်ပေးကြပါဦး … ❤️

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤24
❤32
တစ်ခုခုကို တကယ်ဖြစ်ချင်တယ် တကယ် လုပ်ချင်တယ် ဆို ...

အခု ဖြစ်အောင် လုပ်လိုက်မယ် ... ပြောင်းလဲ ပစ်လိုက်မယ် ဆိုတဲ့ ခံယူချက် စိတ်ထား ထည့်လိုက်ဖို့ပါပဲ ...

ဒီလို ဘဝကြီးနဲ့ မနေချင်တော့ဘူး ဆိုပြီး တချို့က ပြောကြတယ် ...

တချို့ကလဲ ဒီလိုလူနဲ့ ဆက်ပြီး မနေချင်တော့ဘူး ...

တချို့ကလဲ ဒီထက် ပိုကောင်းတဲ့ Life လိုချင်တယ် ...

The time is now. ပဲ ...

သင်တန်းတွေ တတ်ချင်လိုက်တာ ...

စီးပွားရေး တစ်ခု စလုပ်ချင်လိုက်တာ ... စသည်ဖြင့် ... ခံယူချက်

ဆန္ဒသာ ပြင်းပြင်းပြပြ ရှိလာပြီဆို ... လမ်းစက သူဘာသာ ရှာတွေ့လာပါလိမ့်မယ် ...

လူတွေမှာ စိတ်က အင်အား အရှိဆုံးမို့ ...

လေယာဉ်ပျံ တီထွင်ချင်တယ် ဆိုတဲ့ သူတွေလဲ ဆန္ဒပြင်းပြင်းပြပြ ရှိကြတဲ့ အခါ လေယာဉ်ပျံ ဖြစ်ဖို့ နည်းလမ်းတွေကို တွေ့ရှိလာကြတာပါပဲ ...

ဒီတော့ ကျွန်တော်တို့ က ဘာဖြစ်ချင်လဲ ဆိုတဲ့ ဆန္ဒပြင်းပြင်းပြပြ ရှိဖို့ပါပဲ ...

ကျွန်တော်တို့ Spiritual ဘက် အပိုင်းမှာ Law of attraction အကြောင်းတွေ,

Manifestation တွေ, Journaling ရေးကြတာတွေ,

Attitude of Gratitude တွေ, Positive Mindset ထားဖို့ အကြောင်းတွေ ...

သင်ကြားရခြင်း လေ့ကျင့်ရခြင်းကိုက

မိမိတို့ ဖြစ်ချင်တဲ့ အရာတွေ, မိမိတို့ ရချင်တဲ့ အရာတွေ,

ပြောင်းလဲချင်တဲ့ အရာတွေကို ပိုင်ဆိုင်ရဖို့ မိမိတို့ အတွင်းသဏ္ဍာန်ကို စတင်ပြောင်းလဲ ကြခြင်းပဲ ဖြစ်ပါတယ် ...

မိမိတို့ရဲ့ ပြင်ပသဏ္ဍာန်ကို ပြောင်းလဲဖို့ ဆိုလျှင် အတွင်းကို အရင်ပြောင်းရတာမို့ ...

Affirmation တွေ ရွတ်တာ ... Mirror Work တွေလုပ်တာ ...

Chakra တွေ Healing လုပ်တာ Align လုပ်တာတွေကို လုပ်ကြပြီး

ဒါတွေ အားလုံးက အတွင်းကနေ စပြောင်းတဲ့ Tools တွေပါပဲ ...

ဒီ Tools တွေ, Practice တွေက အရေးကြီးသလို

မိမိတို့ရဲ့ ခံယူချက်တွေ ပြုပြင် ပြောင်းလဲချင်စိတ်တွေက ပိုပြီး အရေးကြီးပါတယ် ...

အရာရာ စိတ်က ဉီးဆောင်တာမို့ စိတ်ကိုသာ ပြောင်းလဲ နိုင်ရင် မိမိပြောင်းလဲ ချင်တဲ့ အရာတွေကလဲ ပြောင်းလဲ လာမှာပါ ...

ပါချုပ်ဆရာတော်ကြီး ဟောကြားထားသော ဆန္ဒရှိလျှင် အသက်ကိုတောင် ဆွဲဆန့်ထားနိုင်တဲ့ အဓိပတိတရား လေးပါး ထဲမှာ ဆိုလျှင်

လူတိုင်းလူတိုင်းမှာ
ဆန္ဒ ... ဝီရိယ ... စိတ်တ ... ဝီမံသ
ဆိုတာ အခြေခံအားဖြင့် ရှိကြပါတယ်တဲ့ ....

အဲ့ဒီ ရှိနေတာတွေကို စွမ်းအားပြည့်အောင် ကျင့်ပြီးတော့ ထားမယ် ဆိုရင် လူ့ရဲ့ စွမ်းအား တစ်ခု ဖြစ်လာမယ် တဲ့ ...

တစ်ခုခု ဖြစ်ချင်တယ် ဆိုတဲ့ ဆန္ဒက နံပါတ်တစ်နေရာက အရေးကြီးသလို ...

ဖြစ်ချင်နေရုံနဲ့ မရပဲ ကြိုးစားအားထုတ်မှုဆိုတဲ့ ဝီရိယ လဲ လိုအပ်ပါတယ် ...

ဒီလို ကြိုးစားနေတဲ့ အချိန်မှာ ကြုံလာနိုင်တဲ့ အခက်ခဲတွေ အတွက် ကြံ့ခိုင်တဲ့ စိတ်ဓါတ်တို့ အပြင် ...

ဝီမံသလို့ ခေါ်တဲ့ စူစမ်းဆင်ခြင် သင်ယူတတ်တဲ့ ပညာကလဲ အရေးကြီးပါတယ် ...

ဒီ အဓိပတိတရား လေးပါးတို့ကို အသုံးချပြီး

မိမိတို့ လိုချင်တောင့်တတဲ့ ဘဝ ... ပြောင်းလဲချင်တဲ့ အရာတွေကို ရယူနိုင်တယ်လို့ ဟောကြားပေးထားပါတယ် ...

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤87
စိတ်၏ ဖြေရာ စာအုပ် … နောက်ထပ် လိုချင်သူတွေ အတွက် ဒုတိယ အကြိမ် ပြန်လည် ထုတ်ဝေခြင်းပါ … မူရင်း Post မှာ Giveaway လဲ ပေးထားပါတယ် … 💙

𝐁𝐨𝐨𝐤 𝐒𝐮𝐦𝐦𝐚𝐫𝐲

• ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့အတွက်... မိမိတို့ရဲ့ စိတ်လေးက ရှင်းလင်းနေဖို့၊ တည်ကြင်္ညငြိမ်သက်နေဖို့၊ Powerful ဖြစ်နေဖို့ လိုအပ်ပါတယ်...။ ဒီလိုမှမဟုတ်ဘဲ သောကတွေ၊ စိုးရိမ်ပူပန်စရာတွေ၊ ဆုံးရှုံးမှုတွေအပြင် လူမှုရေး၊ စီးပွားရေး၊ Relationship ပြဿနာတွေထဲမှာပဲ စိတ်က ဖြေမဆည်နိုင်ဘဲ ရပ်တန့်နေပြီဆိုရင်တော့.... ကိုယ့်ရဲ့ ဘ၀ကြီးက အဓိပ္ပာယ်မရှိတာမျိုး .... ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားတာမျိုး စတာတွေကို ခံစားရမှာပဲ ဖြစ်ပါတယ်...။

• စိတ်က တည်ကြည်ရှင်းလင်းနေမှသာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ ကိုယ်လုပ်ချင်တာတွေကို စိတ်သွားတိုင်းကိုယ်ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်...။ ပြီးတော့ စိတ်ရဲ့ ဖြစ်တတ်တဲ့ သဘောတရားတွေ ... မိမိကိုယ်မိမိ သေသေချာချာ သိနားလည်ခြင်းတွေ... လောကကြီးရဲ့ ဖြစ်တတ်တဲ့ သဘောတရားတွေကို အနည်းအကျဉ်းနားလည်ထားမှသာ မိမိတို့ရဲ့စိတ်ကို ဘယ်လိုဟန်ချက်ညီအောင် ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သိနားလည်မှာ ဖြစ်ပါတယ်။

• ဒီ 'စိတ်၏ဖြေရာ' စာအုပ်က .... မိမိစိတ်နဲ့ပတ်သက်ပြီး သိသင့်သိထိုကု်တဲ့ အကြောင်းအရာတွေ...၊ သောက၊ ဒုက္ခကြုံတွေ့လာရင် ထားသင့်တဲ့ စိတ်နေစိတ်ထားတွေ.... စိတ်ခွန်အားဖြစ်စရာတွေ.... စိတ်ဖြေတတ်ဖို့ အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်...။
➖➖➖➖

မူရင်း Link 👇🏻👇🏻👇🏻

https://www.facebook.com/share/p/18LmVE2Amp/?mibextid=wwXIfr
❤27
လောကဓံ အနိမ့်အမြင့်၊ အတက်အကျတွေ ကြုံတွေ့လာတဲ့ အခါ ... စိတ်ကို ဖြေတတ်ဖို့က အရမ်းကို အရေးကြီးပါတယ် …

စိတ်က အဆင်မပြေတဲ့ အကြောင်းအရာ တစ်ခုမှာ ပိတ်မိနေပြီ ဆိုရင် ... လူက လုပ်စရာ ရှိတာတွေ ဆက်လုပ်ဖို့၊ တိုးတက်ရာ တိုးတက်ကြောင်းတွေကို ဆက်လက် ဆောင်ရွက်နိုင်ဖို့ ...

ခွန်အားတွေ၊ အင်အားတွေ မရှိတော့ပဲ ... ဘယ်ကိုမှ ဆက်ပြီး Move On လုပ်လို့ မရတော့ပါဘူး ...

ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ အတွက် ... မိမိတို့ရဲ့ စိတ်လေးက ရှင်းလင်းနေဖို့၊ တည်ကြည် ငြိမ်သက်နေဖို့၊ Powerful ဖြစ်နေဖို့ လိုအပ်ပါတယ် ...

ဒီလိုမှ မဟုတ်ပဲ သောကတွေ၊ စိုးရိမ် ပူပန်စရာတွေ၊ ဆုံးရှုံးမှုတွေ အပြင် ... လူမှုရေး၊ စီးပွားရေး၊ Relationship ပြဿနာတွေထဲမှာပဲ စိတ်က ဖြေမဆည်နိုင်ပဲ ရပ်တန့်နေပြီဆိုရင်တော့ …

ကိုယ့်ရဲ့ ဘဝကြီးက အဓိပ္ပါယ် မရှိတာမျိုး ... ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားတာမျိုး စတာတွေကို ခံစားရမှာပဲ ဖြစ်ပါတယ် ...

စိတ်က တည်ကြည် ရှင်းလင်း နေမှသာ ကိုယ်ဖြစ်ချင်တဲ့ အရာတွေ ကိုယ်လုပ်ချင်တာတွေကို စိတ်သွားတိုင်း ကိုယ်ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ...

ပြီးတော့ စိတ်ရဲ့ ဖြစ်တတ်တဲ့ သဘောတရားတွေ ... မိမိကိုယ် မိမိသေသေချာချာ သိနားလည်ခြင်းတွေ ... လောကကြီးရဲ့ ဖြစ်တတ်တဲ့ သဘောတရားတွေကို

အနည်းအကျဉ်း နားလည်ထားမှသာ မိမိတို့ရဲ့ စိတ်ကို ဘယ်လို ဟန်ချက်ညီအောင် ကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာကို သိနားလည်မှာ ဖြစ်ပါတယ် ...

လူ အတော်များများက အခြားသူတွေကို အပေါ်ယံ ကြည့်ပြီး ... သူတို့ ဘဝလေးက သာယာလိုက်တာ၊ အားကျစရာ ကောင်းလိုက်တာလို့ ထင်ပြီး ...

အခက်အခဲတွေ၊ ပြဿနာတွေ မရှိကြဘူး၊ မကြုံဖူးကြဘူး လို့ ထင်ကောင်း ထင်နိုင်ကြပါတယ် ...

တကယ်တမ်း လူတွေ အားလုံး ရှောင်လွှဲလို့ မရတာက လောကဓံ အနိမ့်၊ အမြင့်၊ အတတ်၊ အကျတွေပဲ ဖြစ်ပါတယ် ...

ဒါကြောင့် ဘာတွေပဲ ဖြစ်လာ ဖြစ်လာ၊ ဘာတွေပဲ ကြုံရ ကြုံရ ... စိတ်ဖြေနည်း၊ စိတ်ထားနည်းတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ် ...

ဘဝ တစ်ခု ပျော်ရွှင်ဖို့၊ ဟန်ချက်ညီဖို့ ... စိတ် တစ်ခုကို နားလည်ဖို့၊ အေးချမ်းဖို့၊ ငြိမ်းချမ်းနေဖို့ ဆိုတာက အခန်းကဏ္ဍပေါင်း များစွာ ပါဝင် ပတ်သက် မှီခိုနေပါတယ် ...

ဒါ့ကြောင့် ကိုယ့်ဘဝရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ချမ်းသာရေးအပြင် ... စီးပွားရေး, လူမှုရေး, အိမ်ထောင်ရေး, ပညာရေး, စတဲ့

ကဏ္ဍတိုင်းကို အဆင်ပြေနေအောင် ချိန်ညှိပြီး ဆောင်ရွက်ထားနိုင်မှသာ ဘဝကို ဟန်ချက်ညီညီ လျှောက်လှမ်းနိုင်ကာ ပျော်ရွှင်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင် ရရှိမှာပဲ ဖြစ်ပါတယ် ...

စိတ်၏ဖြေရာ စာအုပ်မှ …

🍀 လိုအပ်လျှင် Coaching ယူပါ …
Twinflame Coaching သီးသန့် ရှိပါတယ် …

Have A Nice Day! 🩵🩵🩵

မျိုးသီဟကျော် ~ Randy
⭐️ Life & Relationship Coach
⭐️ Healer & Spiritual Guidance

Please Don’t Copy … လွတ်လပ်စွာ ဝေမျှ ရှဲနိုင်ပါတယ် …
❤31
တချို့သော စိတ်ဒဏ်ရာတွေ Wound တွေက Randy တို့ ကိုယ်တိုင်ကနေ စတင်ခဲ့တာ မဟုတ်ပါပဲ မျိုးရိုး စဉ်ဆက်လိုက် လက်ဆင့်ကမ်းပြီး ရရှိ လာခဲ့တဲ့ Generational Trauma တွေပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်အတွင်းထဲမှာ ရှိနေတဲ့ တချို့သော နာကျင်မှုတွေက ကိုယ်က စတင်ခဲ့တာ မဟုတ်သလို တချို့သော ဝမ်းနည်းမှုတွေက ကိုယ် မမွေးဖွားမှီ အချိန်ကထဲက မိသားစုထဲ ရောက်ရှိ နေခဲ့တာပါပဲ။

တချို့သော ကြောက်ရွံ့မှုတွေက မျိုးဆက်အလိုက် အမွေအနှစ် တစ်ခုလို တိတ်တဆိတ် သယ်ဆောင်လာခဲ့ကြပြီး ဒီလို စိတ်ဒဏ်ရာ Trauma တွေ အကြောင်းကို ဘယ်သူ့ကိုမှ ထုတ်ဖော် မပြောရဲခဲ့ကြပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခါတလေမှာ အခြေအနေ အချိန်အခါ အရ စိတ်ဒဏ်ရာတွေကို ကုသ ပျောက်ကင်းဖို့ထက် အသက်ရှင်သန် ရပ်တည်နိုင်ဖို့က ပိုပြီး အရေးကြီးခဲ့လိုပါပဲ။

ဒီလို Trauma တွေ ဘယ်လို ပုံစံမျိုးနဲ့ မွေးကထဲက Randy တို့ရဲ့ အသက်သွေးကြေားထဲမှာ စီးဆင်းနေခဲ့လဲ ဆိုတော့ …

ပဋိပက္ခတွေကို ရှောင်ရှားနိုင်ဖို့ အတွက် တိတ်ဆိတ်စွာ နေထိုင်တတ်ခဲ့တဲ့ အဖွားဖြစ်သူ စီက …

ဒါမှမဟုတ် အားနည်းချက်တွေ ရှိခြင်းကို အခြားသူတွေ သိရှိသွားခြင်းက အန္တရာယ်ရှိတယ်လို့ ဘဝက သင်ကြားပေးလိုက်တဲ့ အတွက် ခံစားချက်တွေကို ဖုံးကွယ် မြှုပ်နှံထားရမယ်လို့ ခံယူပြီး နေထိုင်တတ်ခဲ့တဲ့ အဖိုး ဖြစ်သူ စီက …

စိတ်ဒဏ်ရာ Wound တွေ Randy တို့ DNA ထဲ လှည့်ပတ် စီးဆင်းနေတာလဲ ဖြစ်နိုင်ပါတယ်။

ပြီးတော့ အလွန် ချစ်တတ်ပေမဲ့ ထို မေတ္တာတရားကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ဘေးကင်း လုံခြုံ စိတ်ချစွာ ဘယ်လို ဖော်ပြရမှန်း မသိခဲ့တဲ့ မိခင်စီက လည်းကောင်း …

လောကရဲ့ ဖိအားတွေ၊ မောပန်း နွမ်းနွယ်မှုတွေ သယ်ဆောင်ထားရင်း နောက်ဆုံး စိတ်ပိုင်း ဆိုင်ရာ ခံစားချက်တွေကို လစ်လျူရှုရင်း မိမိကိုယ် မိမိ ကာကွယ်နိုင်ဖို့ ကသာ အဓိက နည်းလမ်း တစ်ခု ဖြစ်လာတဲ့ ဖခင်ဖြစ်သူ စီက လည်းကောင်း …

စိတ်ဒဏ်ရာ Trauma တွေ လက်ဆင့်ကမ်း ကူးစက်သလို ဖြစ်လာခဲ့ပါတယ်။

ဒါတွေ အားလုံးဟာ မိသားစု ပုံစံ တစ်ခု ဖြစ်ပေါ်လာပြီး သတိ မထားမိပဲ Generational Trauma တစ်ခုအနေနဲ့ ကိုယ်တိုင်ကပါ သယ်ဆောင်ထားမိကာ

မိသားစု အလိုက် စိတ်ဒဏ်ရာ ကိုယ်စီနဲ့ ဆက်လက် တည်ရှိ နေတတ်ပါတယ်။

ဒါဟာ ကိုယ့် မိသားစုကမှ ဆိုးသွမ်းနေတာလဲ မဟုတ်သလို ကိုယ့် မိသားစုကမှ ကျိန်စာ သင့်နေတာလဲ မဟုတ်ပါဘူး။ မိသားစုတိုင်းမှာ သယ်ဆောင်လာတဲ့ Pattern ပုံစံတွေ ဆိုတာ ရှိပါတယ်။

ဒါတွေဟာ ဆိုးတာ၊ ကောင်းတာ မဟုတ်ပါပဲ မကုသရသေး၊ မကုစားရသေးတဲ့ နာကျင်မှု Unhealed Pain တွေပဲ ဖြစ်ပါတယ်။

ဒီလို Unhealed Pain တွေ Unhealed Trauma တွေ ထပ်ကာ ထပ်ကာ ဘာလို့ ပေါ်လာပြီး ထပ်ကာ ထပ်ကာ မိသားစုထဲ လက်ဆင့်ကမ်းနေရလဲ ဆိုတော့ …

ဒီ မိသားစုထဲမှာ ဘယ်သူမှာ မှ ဒီလို အကြောင်းအရာတွေကို သေသေချာချာ နားမလည်သေးလို့၊ သေသေချာချာ Awareness မရှိသေးလို့၊ ထုတ်ပြောဖို့ အတွက် စကားလုံးတွေ မရှိသေးလို့

ဒါမှမဟုတ် ထုတ်ဖော် ပြောကြားတာကို လက်ခံနိုင်ဖို့ အဆင်သင့် Ready မဖြစ်သေးလို့ပါပဲ။

Randy တို့ အားလုံးရဲ့ Nervous System ဟာ လုံခြုံစိတ်ချမှုကို လိုလားကြပါတယ်။ လူတိုင်းဟာ သူတို့ ကြုံတွေ့ ရတဲ့ အရာတွေကို ရင်ဆိုင်တဲ့ အခါမှာ အရမ်း Safe ဖြစ်ချင်ကြပါတယ်။

မကုစားရသေးတဲ့ ဒဏ်ရာတွေနဲ့ နေလာတာ ကြာတော့ ဒီ မကုစားရသေးတဲ့ Pattern တွေကပဲ ကိုယ့်အတွက် လုံခြုံ စိတ်ချမှု ရှိတယ်လို့ ကိုယ့် ကိုယ်ကို အမြဲ ပြောနေတတ်ပါတယ်။

ဒါ့ကြောင့် အပြင်လူတွေနဲ့ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေ အချင်းချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူ သမီး ရည်းစာ Relationship အချင်းချင်းပဲ ဖြစ်ဖြစ် …

မိသားစုဝင်တွေ အချင်းချင်းပဲ ဖြစ်ဖြစ် ဘယ်လောက် ချစ်ချစ် သူတို့ စိတ်ဒဏ်ရာတွေနဲ့ ပတ်သက်ပြီး ခလုတ်တိုက်မိရင်၊ တိုက်ဆိုင်သွားရင်၊ ဒါမှမဟုတ် ထုတ်ပြောဖြစ်ရင်

သူတို့ရဲ့ လုံခြုံမှုကို ချိမ်းခြောက်သလို ဖြစ်သွားပြီး ဆက်ဆက်ခါအောင် လက်မခံနိုင်တာ၊ တုန့်ပြန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါက Generational Trauma နဲ့ ပတ်သက်တဲ့ Awareness ဖြစ်အောင် ပြောပေးတာပါ။

လူတွေက သူတို့နဲ့ ရင်းနှီးကျွမ်းဝင် Familiar ဖြစ်တဲ့ အရာတွေကိုပဲ လိုချင်ကြတာ ဖြစ်တဲ့ အတွက် သူတို့ သယ်ဆောင်ထားတဲ့ စိတ်ဒဏ်ရာတွေက ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ …

ဘယ်လောက်ပဲ ယနေ့ခေတ်မှာ အသုံးမဝင်တော့ပါစေ သူတို့နဲ့ အသားကျနေပြီ ဖြစ်လို့ သူတို့ မစွန့်လွှတ်နိုင်ကြပါဘူး။

ကိုယ်တိုင်လဲ အဲ့ဒီလိုပါပဲ ပြောရတာသာ လွယ်တာပါ။ Let go လုပ်ဖို့ ဆိုတာ တကယ်ကို ခက်ပါတယ်။

စိတ်ဒဏ်ရာ Trauma တွေ ဆိုတာက Randy တို့ အာရုံကြော မှတ်ဉာဏ်တွေက တဆင့် ပုံသေမှတ်ထားပြီး ထပ်ကာ ထပ်ကာ သူ့အလိုလို ပြုမူနေမိတတ်တဲ့ အလေ့အကျင့် တစ်ခုပါပဲ။

ဒီကနေ ကိုယ့်ရဲ့ အပြုအမူ Behavior ဆိုတာ ဖြစ်လာတာပါ။ အဲ့ဒီ Behavior မှ တဆင့် ကိုယ့်ရဲ့ ကံကြမ္မာ Karma ဆိုတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။

ဒါကို အသိ သတိ Awareness လေးထားပြီး ပြုပြင်လို့ ရပါတယ်။

Generational Trauma တွေ ဆိုတာက စိတ်ခံစားမှု မှတ်ဉာဏ်တွေက တစ်ဆင့် … အာရုံကြော စနစ်တွေက တစ်ဆင့် … စိတ်ဒဏ်ရာ တုန့်ပြန်မှုတွေက တစ်ဆင့် …

Comment တွင် ဆက်ဖတ်ပါရန် …
❤27
ဘဝမှာ လိုက်ရှာနေရတာ၊ တစ်ခုခုနောက် ပြေးလိုက်နေရတာ တွေကို မောပန်း နွမ်းနယ်လာတဲ့ အခိုက်အတန့် တစ်ခု ဆိုတာ ရောက်လာ တတ်ပါတယ်။
 
အချစ်၊ အသိအမှတ်ပြုခံရမှု၊ စိတ်ဒဏ်ရာတွေ ကုစားနိုင်မှု၊ အောင်မြင်မှု၊ ဘဝရဲ့ အဓိပ္ပာယ် …
 
ဒါမှမဟုတ် တစ်ယောက်ယောက်က ကိုယ့်ကို “မင်းဟာ အဖိုးတန်တဲ့သူပါ” လို့ လာပြောပေးမယ့်အချိန်ကို လိုက်ရှာရင်း မောဟိုက်လာကြတာပါ။
 
လူအများစုဟာ ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ ပြင်ပမှာပဲ ရှိတယ်လို့ နှစ်ပေါင်းများစွာ ယုံကြည်နေတတ် ကြပါတယ်။
 
ဆက်ဆံရေးတွေ၊ အောင်မြင်မှုတွေ၊ အလှအပ၊ ငွေကြေး၊ အာရုံစိုက်ခံရမှု ဒါမှမဟုတ် အများရဲ့ အသိအမှတ်ပြုမှုတွေထဲမှာ ပျော်ရွှင်မှုကို လိုက်ရှာကြတာပါ။
 
ဒါပေမဲ့ ကျွန်တော်တို့ သဘောပေါက်နားလည်နိုင်မယ့် အနက်ရှိုင်းဆုံး အမှန်တရားတစ်ခုကတော့ "မင်း အသည်းအသန် လိုက်ရှာနေခဲ့တဲ့သူဟာ တကယ်တော့ မင်းကိုယ်တိုင်ပါပဲ။"
 
လူအများစုရဲ့ ရင်ထဲမှာ ခံစားနေရတဲ့ ဟာလာဟင်းလင်းဖြစ်မှုဟာ ကိုယ့်မှာ ချို့ယွင်းချက်ရှိနေလို့ မဟုတ်ပါဘူး။
 
အများအားဖြင့်တော့ ကျွန်တော်တို့ဟာ “မင်းတို့ မပြည့်စုံသေးဘူး” လို့ အမြဲတမ်း သွန်သင်နေတဲ့ ကမ္ဘာကြီးထဲမှာ ရှင်သန်နေထိုင်နေရလို့ ဖြစ်ပါတယ်။
 
ခေတ်သစ် လူ့အဖွဲ့အစည်းဟာ လူတွေကို “မင်းတို့ မလုံလောက်သေးဘူး” လို့ ယုံကြည်အောင် လုပ်ပြီး ရပ်တည်နေတာပါ။
 
ကြော်ငြာတွေကလည်း ကျွန်တော်တို့ဟာ တကယ့်ကို တန်ဖိုးရှိတဲ့ သူတစ်ယောက်လို့ မခံစား ရခင်မှာ
 
ပိုကောင်းတဲ့ ခန္ဓာကိုယ်၊ ပိုလှတဲ့ မျက်နှာ၊ ပိုသာလွန်တဲ့ လူနေမှုပုံစံ ဒါမှမဟုတ် ပိုကောင်းတဲ့ အချစ်ရေးတစ်ခု လိုအပ်တယ်လို့ အမြဲပြောနေတတ်ကြပါတယ်။
 
ကျွန်တော်တို့ဟာ ပြီးပြည့်စုံမှုတွေကို ငွေနဲ့ဝယ်လို့ရတယ်ဆိုတဲ့ လှည့်စားမှုအောက်မှာ အသက်သွင်းထား ခံရတာပါ။
 
ဒီပစ္စည်းကို ဝယ်လိုက်ရင် မင်း ဆွဲဆောင်မှုရှိလာလိမ့်မယ်။
ဒီလို လူနေမှုပုံစံမျိုးကို ဝယ်ယူနိုင်ရင် မင်း အချစ်ခံရလိမ့်မယ်။
ဒီလို ပုံရိပ်မျိုး ဖန်တီးနိုင်ရင် မင်း တန်ဖိုးရှိလာလိမ့်မယ်။
 
အချိန်ကြာလာတာနဲ့အမျှ ဒီလို သတင်းစကားတွေဟာ ကိုယ့်စိတ်ထဲက အတွင်းသံစဉ်တွေ ဖြစ်လာပါတော့တယ်။
 
လူတွေဟာ မိမိကိုယ်ကိုယ် ရက်ရက်စက်စက် ပြန်ပြောဆိုလာကြပါတယ်။ မှန်ထဲကိုကြည့်တဲ့အခါ သူတို့ရဲ့ လူသားဆန်မှုကို မမြင်တော့ဘဲ အပြစ်အနာအဆာတွေကိုပဲ မြင်လာကြပါတယ်။
 
ကိုယ့်ရဲ့ ခန္ဓာကိုယ်၊ ကိုယ့်ရဲ့ ခံစားချက်၊ ကိုယ့်ရဲ့ ကျရှုံးမှုတွေနဲ့ မပြည့်စုံမှုတွေကို အမြဲအပြစ်တင် ဝေဖန်ရင်းနဲ့ နောက်ဆုံးမှာ မိမိကိုယ်ကိုယ် မုန်းတီးခြင်းဟာ ပုံမှန်အရာတစ်ခုလို ဖြစ်သွားတတ်ကြပါတယ်။
 
ဒါပေမဲ့ ထူးဆန်းတာက ဒီလို လူတွေဟာ တခြားသူတွေအပေါ်မှာတော့ အလွန်အမင်း ဂရုဏာသက် တတ်ကြပြန်ပါတယ်။
 
သူငယ်ချင်းတစ်ယောက်က သူ့ကိုယ်သူ ရုပ်ဆိုးတယ်လို့ ခံစားရတဲ့အခါ ကျွန်တော်တို့က သူတို့လှတဲ့အကြောင်း ပြောပေးတတ်ကြတယ်။
တစ်ယောက်ယောက်က အားငယ်နေတဲ့အခါ သူတို့မှာ ရှိတဲ့ ခွန်အားတွေကို သတိပေးတတ်ကြတယ်။
ချစ်ရတဲ့သူတစ်ယောက်က မျှော်လင့်ချက်မဲ့နေတဲ့အခါ ဆက်လျှောက်လှမ်းဖို့ အားပေးတတ်ကြတယ်။
 
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်သက်လာရင်တော့ ကျွန်တော်တို့ဟာ ကရုဏာမရှိတဲ့ စီရင်ချက်ချသူ တရားသူကြီးတွေ ဖြစ်လာကြပါတယ်။
 
ဒါ့ကြောင့် “ကိုယ့်ကိုယ်ကိုယ်လည်း ကိုယ်ချစ်ရတဲ့ သူတစ်ယောက်လို ဆက်ဆံတတ်ဖို့ သင်ယူခြင်း” ဆိုတာကို လေ့ကျင့်ရမှာပါ။
 
ဒီအတွေးအခေါ်က ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ လူအများစုအတွက်တော့ စိမ်းသက်ပြီး နေရခက်စေပါတယ်။
 
လူ့အဖွဲ့အစည်းဟာ မိမိကိုယ်ကိုယ် ချစ်ခြင်း Self Love ကို မာန်မာနကြီးခြင်း ဒါမှမဟုတ် အတ္တဆန်ခြင်းတွေနဲ့ မကြာခဏ ရောထွေးတတ်ကြပါတယ်။
 
လူအတော်များများဟာ တခြားသူတွေကို ဂရုစိုက်ဖို့ သင်ယူခဲ့ကြရပေမဲ့ ကိုယ့်ရဲ့ စိတ်ခံစားချက်ကိုတော့ ပစ်ပယ်ထားခဲ့ကြတာပါ။
 
Randy တို့ဟာ ဘယ်လို ရှင်သန်ရမလဲဆိုတာ သိကြပေမဲ့ ကိုယ့်ရဲ့ နှလုံးသားကို ဘယ်လို ပျိုးထောင်ရမလဲဆိုတာ မသိခဲ့ကြပါဘူး။
 
စစ်မှန်တဲ့ မိမိကိုယ်ကိုယ်ချစ်ခြင်းဆိုတာ အတ္တကြီးခြင်း Narcissist ဆန်ခြင်း မဟုတ်ပါဘူး။ အဲဒါဟာ ကိုယ်နဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးတစ်ခုပါ။
 
တခြားသူတွေနဲ့ ဆက်ဆံရေးမှာ ဂရုစိုက်မှု၊ အာရုံစိုက်မှု၊ စိတ်ရှည်မှု၊ ကြင်နာမှု၊ ရိုးသားမှုနဲ့ ခွင့်လွှတ်မှုတွေ လိုအပ်သလိုပဲ၊ မိမိကိုယ်ကိုယ်နဲ့ ရှိတဲ့ ဆက်ဆံရေးမှာလည်း ဒီအရည်အသွေးတွေ အားလုံး လိုအပ်ပါတယ်။
 
အွန်လိုင်းပေါ်မှာ လူသန်းပေါင်းရာနဲ့ချီ ကြည့်ရှုခဲ့ပြီး လူကြိုက်များခဲ့တဲ့ “You Are Who You’ve Been Looking For” (မင်းရှာနေတဲ့သူဟာ မင်းကိုယ်တိုင်ပဲ) ဆိုတဲ့ ဟောပြောသူဟာလည်း ဒီအမှန်တရားကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရပါတယ်။
 
ကဗျာဟာ အွန်လိုင်းမှာ ပေါက်ကွဲသွားပြီးနောက် သူ့ဘဝဟာ တစ်ညတွင်းချင်း ပြောင်းလဲသွားခဲ့ပါတယ်။
 
ကျော်ကြားမှုတွေ ချက်ချင်းရောက်လာသလိုပဲ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေလည်း ပါလာခဲ့ပါတယ်။
 
မသိတဲ့သူ ထောင်ပေါင်းများစွာက သူတို့ ကြုံတွေ့နေရတဲ့ စော်ကားနှိပ်စက်ခံရမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ စိတ်ဓာတ်ကျမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် 6သကြောင်းကြံစည်ချင်တဲ့ အတွေးတွေ အကြောင်းကို မက်ဆေ့တွေ ပို့ပြီး
 
သူ မကူညီတတ်တဲ့ အကူအညီတွေကို တောင်းခံလာကြပါတယ်။

Comment တွင် ဆက်ဖတ်ပါရန် …
❤27
လူတိုင်းမှာ ကိုယ်ပိုင် အရိပ် Shadow တွေ ရှိကြပါတယ်။ ဒါက Randy တို့ ကိုယ်တိုင် ဆိုးယုတ်နေလို့၊ ကျိန်စာသင့်နေလို့ ဒါမှမဟုတ် ပျက်စီးနေလို့ မဟုတ်ပါဘူး။
 
အသိဉာဏ် Consciousness ဆိုတာ ဆန့်ကျင်ဘက် အရာတွေကနေ တဆင့် ကြီးထွားလာလို့ပါ။ အမှောင်ထု Shadow ထဲကို ဖြတ်လျှောက်ခြင်းအားဖြင့် အလင်းရောင်အကြောင်းကို ကျွန်တော်တို့ သင်ယူကြရပါတယ်။
 
စိတ်ကူးယဉ် ထင်ယောင်ထင်မှားတွေကို ရင်ဆိုင်ခြင်းဖြင့် အမှန်တရားကို ရှာဖွေတွေ့ရှိကြပါတယ်။ ကွဲကွာခြင်းကို ဖြတ်သန်းပြီးမှသာ ချစ်ခြင်းမေတ္တာကို ကျွန်တော်တို့ နားလည်ကြပါတယ်။
 
အရိပ် Shadow ဆိုတာ ကျွန်တော်တို့ရဲ့ ရန်သူ မဟုတ်ပါဘူး။
 
ကိုယ့်ရဲ့ အရိပ် Shadow တွေ ဆိုတာက နာကျင်မှု၊ အကြောက်တရား၊ ငယ်ဘဝ ပုံသွင်းခံရမှု၊ စိတ်ဒဏ်ရာ၊ နှလုံးကွဲကြေမှုနဲ့
 
ကိုယ့်ရဲ့ တန်ဖိုးကို မိမိတို့ရဲ့ Soul ဝိညာဉ်က မေ့လျော့သွားတဲ့ အခိုက်အတန့်တွေကနေ တည်ဆောက်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ ရှင်သန်ရေးစနစ် တစ်ခုသာ ဖြစ်ပါတယ်။
 
လူအများစုဟာ အရိပ်ကနေ ရုန်းထွက်ဖို့ တစ်သက်လုံး ကြိုးစားနေတတ်ကြပါတယ်။ ဖိနှိပ်ကြတယ်၊ ငြင်းပယ်ကြတယ်၊ ဒါမှမဟုတ် တခြားသူတွေ အပေါ်  Project လုပ် ပုံချတတ်ကြပါတယ်။
 
ဒါပေမဲ့ အရိပ်ကို ရှောင်ဖယ်နေရုံနဲ့ ကုစားလို့ မရနိုင်ပါဘူး။ သတိပြု ဆင်ခြင်မိခြင်း Awareness ဖြင့်သာ ၎င်းကို အသွင်ပြောင်းနိုင်ပါတယ်။
 
ဘာကြောင့်လဲဆိုတော့ အရိပ်ကြိမ်နှုန်း Shadow Frequency တိုင်းရဲ့ အတွင်းထဲမှာ နိုးထလာဖို့ စောင့်ဆိုင်းနေတဲ့ ပိုမို မြင့်မားတဲ့ လက်ဆောင် တစ်ခု ပုန်းကွယ်နေလို့ပါပဲ။
 
ဒါဟာ Soul ရဲ့ ကြီးမြတ်လှတဲ့ အတွင်း စိတ်ပိုင်းဆိုင်ရာ အသွင်ပြောင်းခြင်း Alchemy ပါပဲ။
 
၁။ စွန့်ပစ်ခံရခြင်း Shadow ( The Abandonment Frequency )
 
ချစ်ခြင်း မေတ္တာဟာ မတည်ငြိမ်ဘူး သို့မဟုတ် မလုံခြုံဘူးလို့ ခံစားရတဲ့အခါ ဒီ အရိပ်က ပေါ်ပေါက် လာပါတယ်။
 
လူတွေက သင့်ကို စိတ်ပိုင်းဆိုင်ရာ Mentally၊ ရုပ်ပိုင်းဆိုင်ရာ Physically ဒါမှမဟုတ် Emotionally or Soul Level အရ စွန့်ပစ်သွားခဲ့တာ ဖြစ်နိုင်ပါတယ်။
 
သံယောဇဉ်တွေက မတည်မြဲတာ၊ အပေးအယူဆန်တာ ဒါမှမဟုတ် ခန့်မှန်းရ ခက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
 
အချိန်ကြာလာတာနဲ့အမျှ သင့်ရဲ့ အာရုံကြောစနစ် Nervous system က "အချစ်ဆိုတာ မြဲတဲ့အရာ မဟုတ်ဘူး" လို့ မှတ်ယူ သွားတတ်ကြပါတယ်။
 
ဒါကြောင့် ဒီလို လူတွေဟာ အခြားသူတွေထက် ပိုပြီး တွယ်ကပ်ကြတယ်၊ အလွန်အမင်း ပေးဆပ်ကြတယ်၊ စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း မြန်မြန် တွယ်တာတတ်ကြတယ်၊
 
ဒါမှမဟုတ် တခြားသူတွေကို အနားမှာ ရှိနေစေဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားတတ်ကြပါတယ်။
 
ဒါပေမဲ့ အနက်ရှိုင်းဆုံး စွန့်ပစ်ခံရခြင်းဆိုတာ တခြားသူတွေက သင့်ကို ထားရစ်ခဲ့ခြင်း မဟုတ်ပါဘူး။
 
အထီးကျန်သူ မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်လိုက်တဲ့ အခိုက်အတန့်တွေကသာ အဆိုးရွားဆုံးပါ။
 
ကိုယ့်ရဲ့ ပုံစံ Identity ကို ဖြည့်ဆည်းပေးဖို့ တခြားသူတွေကို ရှာဖွေနေတာ ရပ်တန့်လိုက်တဲ့ အခါ ဒီ အရိပ် Shadow ကို ကုစားခြင်း စတင်ပါပြီ။
 
စွန့်ပစ်ခံရခြင်း Abandonment ဆိုတဲ့ Shadow အတွင်းထဲမှာ ပုန်းကွယ်နေတဲ့ လက်ဆောင်ကတော့ 'ကိုယ့်ကိုယ်ကိုယ် ပိုင်ဆိုင်ခြင်း' Self-belonging ပါပဲ။
ကိုယ် ကိုယ်တိုင်ရဲ့ ပြီးပြည့်စုံမှုကို မေ့သွားခဲ့ပြီး ကိုယ့်ရဲ့ Soul ဟာ ဘယ်တော့မှ မပြည့်စုံနေဘူး ဆိုတဲ့ Shadow အောက်မှာ ပိတ်မိနေတာကို သင် သိလာပါလိမ့်မယ်။
 
၂။ မျိုသိပ်ထားခြင်း Shadow ( The Suppression Frequency )
 
ရိုးသား ပွင့်လင်းမှုဟာ အန္တရာယ်ရှိတယ်လို့ ခံစားရတဲ့အခါ ဒီ အရိပ်က ပေါ်ပေါက်လာပါတယ်။
 
သင့်ရဲ့ ခံစားချက်တွေကို လျစ်လျူရှု ခံရတာ၊ ဝေဖန် ခံရတာ၊ အပြစ်ပေး ခံရတာ ဒါမှမဟုတ် ငြင်းပယ် ခံရတာတွေ ဖြစ်ခဲ့နိုင်ပါတယ်။
 
ဒါကြောင့် သင်ဟာ တိတ်တိတ်နေဖို့ သင်ယူခဲ့ရပါတယ်။ ငြိမ်းချမ်းရေး Peace ကို ထိန်းသိမ်းဖို့ သင့်ရဲ့ အမှန်တရားကို မျိုသိပ်ခဲ့ရတယ်။
 
တခြားသူတွေက သင့်ကို လက်ခံနိုင်ဖို့ အတွက် သင်ဟာ သဘောတူလွယ်သူ၊ အလိုက်တသိနေတတ်သူနဲ့ စိတ်ခံစားချက်တွေကို စစ်ထုတ် ထိန်းချုပ်တတ်သူ ဖြစ်လာခဲ့ရပါတယ်။
 
ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ Soul ဟာ သူ့ရဲ့ စစ်မှန်တဲ့ အသံနဲ့ အဆက်အသွယ် ပြတ်တောက်လို့ သွားရပါတယ်။
 
ဒီလို ဖိနှိပ်ထားခြင်းရဲ့ အတွင်း Shadow ထဲမှာ ပုန်းကွယ်နေတဲ့ လက်ဆောင်ကတော့ 'မွန်မြတ်သော ထုတ်ဖော် ပြောဆိုခွင့်' Fully Expression ပါပဲ။
 
ကုစားမှု Healing ကို စတင်နိုင်တဲ့ အခါ သင့်ရဲ့ အသံ Expression & Voice ဟာ အကြောက်တရား သို့မဟုတ် ဟန်ဆောင်မှုကနေ ထွက်ပေါ်လာတာ မဟုတ်တော့ပါဘူး။ ၎င်းဟာ မှန်ကန် ညီညွတ်မှုကနေ ထွက်ပေါ် လာပါတယ်။
 
သင့် စကားတွေက စိတ်ခံစားမှု အနက်ရှိုင်းဆုံး၊ အမှန်တရားနဲ့ ငြိမ်သက်တိတ်ဆိတ်တဲ့ စွမ်းအားတွေကို သယ်ဆောင်လာပါလိမ့်မယ်။
 
၃။ ကမောက်ကမဖြစ်မှု Shadow ( The Chaos Frequency )
 
တချို့ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေကြားမှာ အချိန်ကြာမြင့်စွာ ကြီးပြင်းလာခဲ့ရတာကြောင့် ယခုအခါ ငြိမ်းချမ်းခြင်းဆိုတာဟာ သူတို့အတွက် သက်တောင့်သက်သာ မဖြစ်လှပါဘူး။

Comment တွင် ဆက်ဖတ်ပါရန် …
❤12