MPANews
22.8K subscribers
19.4K photos
459 videos
85 files
10.2K links
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Download Telegram
ဘုတလင်မြို့ပေါ် စစ်ရေးပစ်မှတ် သုံးနေရာကို PDF ဗုံးကြဲ

5 July 2024 By Ko Paing / MPA

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ရေးပစ်မှတ် သုံးနေရာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း ကျောက်လုံးကြီး KLG PDF က ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင်လေးရက်၊မွန်းလွဲနှစ်နာရီခန့်တွင် ဘုတလင်မြို့မရဲစခန်း၊ ရဲစခန်းရှေ့ ဘုတလင်-ချောင်းဦး လမ်းမပေါ်ရှိ စစ်ဆေးရေး ဂိတ်နှင့် ဘောလုံးကွင်း၌ စခန်းချတပ်စွဲထားသော စစ်သားများကို Fixed Wings Drone များဖြင့် ဗုံးသီးကိုးလုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/NuOMW
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ရေဖြူ ရွာသားလေးဦးကို စစ်ကောင်စီတပ် နှိပ်စက် သတ်

5 July 2024 By Black Panda / MPA

တနင်္ဿာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခေါင်ပြန်ကျေးရွာမှ စစ်ကောင်စီတပ် ဖမ်းဆီးထားသော ရွာသား၄ဦးကို နှိပ်စက်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ် ဖမ်းဆီးသွားသူ ရှစ်ဦးအနက် လေးဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီထံက သိရသည်။

“ဖမ်းထားတာကတော့ ရှစ်ဦးဗျ။ လေးဦးကို သတ်ပစ်လိုက်တာ။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မနေ့ကနဲ့ တစ်နေ့က ခေါင်းပြန်ရွာချောင်းထဲမှာ တွေ့ရတာပါ” ဟု ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီမှ ပြန်ကြားရေးတာဝန်ခံက MPAသို့ ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/idDZN
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
[Weekly Fact Check]
ဇူလိုင် ပထမပတ်အတွင်း MPA က သတင်းအချက်အလက်စစ်ဆေးခဲ့သော သတင်းအမှားများ

5 July 2024 By Fact Check Team / MPA

ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် သတင်းအတု၊ သတင်းအမှားအကြောင်းအရာများပျံ့နှံ့လျက်ရှိပါ သည်။ ပျံ့နှံ့နေသော သတင်းအကြောင်းအရာများကို MPA၏ သတင်းအချက်အလက်စစ်ဆေးသူများက လေ့လာစောင့်ကြည့်၍ သတင်းအတု၊ သတင်းအမှားများဖြစ်ကြောင်း စိစစ်ဖော်ထုတ်ကာ Fact Check News အနေဖြင့် ရေးသားဖော်ပြပေးလျက်ရှိသည်။

ဇွန် ၂၉ရက်မှ ဇူလိုင် ၅ရက်အထိ တစ်ပတ်အတွင်း သတင်းအတု၊ သတင်းအမှားဖြစ်ကြောင်း သက်သေပြ အချက်အလက်စစ်ဆေးခဲ့သော Fact Check News များအား ပြန်လည်စုစည်းဖော်ပြပေးလိုက်ပါသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/lX6DX
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မိုးကုတ်ဘဏ်နှစ်ခုမှ ငွေနှင့်ကျောက်မျက် ကျပ်သိန်းနှစ်သောင်းဝန်းကျင် စစ်တပ် ဖောက်ထွင်းသွား ဟုဆို

5 July 2024 By Haythar / MPA

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ပုဂ္ဂလိကဘဏ်နှစ်ခုမှ ငွေသားနှင့် ကျောက်မျက်ရတနာ စုစုပေါင်း တန်ဖိုး ကျပ်သိန်းနှစ်သောင်းဝန်းကျင်ကို စစ်ကောင်စီတပ်က ဖောက်ထွင်း ယူဆောင်သွားကြောင်းTNLA က သတင်းထုတ်ပြန်သည်။

မိုးကုတ်မြို့အနောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်တပ်က ကမ္ဘောဇဘဏ်နှင့် CB ဘဏ် တို့မှ ဖောက်ထွင်းသွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မိုးကုတ်မြို့အနောက်ပိုင်းနေပြည်သူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “ဘဏ်ကနေ ပိုက်ဆံယူသလား၊မယူဘူးလားဆိုတာ မကြားမိဘူး”ဟု MPAသို့ ပြန်လည်ဖြေကြားခဲ့ သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/zP1TE
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဈေးကွက်အတွင်း ဆန်များကို ရောနှောရောင်းချနေ

5 July 2024 MPA Bywar Oo

ဈေးကွက်အတွင်း ဆန်များကို သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချပေးနေသော်လည်း ဆန်အမျိုးအစားများ ရောနှောရောင်းချခြင်းမျိုးရှိနေကြောင်း ဆန်ဈေးကွက်အတွင်းက စုံစမ်းသိရှိရသည်။

လုပ်ငန်းရှင်များအနေဖြင့် ဆန်စပါးအသင်းက သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းဖြင့် အရှုံးခံရောင်းချပေးနေရသောကြောင့် အရှုံးသက်သာစေရန် ဆန်များကို ရောနှောရောင်းချခြင်းဖြစ်နိုင်ကြောင်း ဆန်ကုန်သည်တွေကပြောသည်။

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/Nf_jvfmSZM8
ရွာငံတွင် စစ်ကြောင်းထိုးလာသည့်တပ် ဖြတ်တိုက်ခံရပြီး ၁၂ဦးထက်မနည်း သေဆုံးဟုဆို

5 July 2024 By Nway / MPA

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ်တိုက် ခိုက်ရာ စစ်သား ၁၂ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိကြောင်း Ywangan PDF - JPRF (ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့) က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်ငါးရက်) နံနက် ကိုးနာရီကျော်တွင် ရွာငံမြို့နယ်၊ရေချမ်းရွာနှင့်ဝက်ကဘူးရွာကြား၌ အင်အား ၄၀ပါ ခြေလျင်စစ်ကြောင်းနှင့်စစ်ကား နှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက တစ် နာရီကျော်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/rQNvv
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ထိုင်း၊ ခိုဖာငန်ကျွန်းတွင် မြန်မာခြောက်ဦးကို ခွင့်မပြုအလုပ် လုပ်ကိုင်မှုဖြင့် ဖမ်းဆီး

5 July 2024 By MPA

ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းရှိ ခိုဖာငန်ကျွန်းတွင် မြန်မာခြောက်ဦးကို ခွင့်မပြုထားသော အလုပ်များ လုပ်ကိုင်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းစာ Thaiger သတင်း၌ ဇူလိုင်လေးရက်က ဖော်ပြထားသည်။

ထိုသို့ ဖမ်းဆီးရခြင်းသည် ဒေသခံများ၏ တိုင်ကြားမှုကြောင့် ဖြစ်ပြီး ထမင်းဟင်းရောင်းချနေသူ၊ ကုန်စုံဆိုင်ဖွင့်ထားသူ၊ ကားပစ္စည်းရောင်းချနေသူ ၊ လက်ဖက်ရည်ဆိုင်ဖွင့်ထားသူ၊ စတိုးဆိုင်ဖွင့်ထားသူ၊ တရားမဝင်နေထိုင်သူမြန်မာခြောက်ဦးနှင့် ထိုင်းအလုပ်ရှင် ဂျန်ဂျန်ဖာ တို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/hEbWu
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဆားလင်းကြီးတွင် စစ်သင်္ဘောနှစ်စီးကို PDF ကြားဖြတ်တိုက်

6 July 2024 By Ko Paing / MPA

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောနှစ်စီးကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်ငါးရက်၊ မွန်းလွဲသုံးနာရီခန့်တွင် ဆားလင်းကြီးမြို့နယ်၊ခွန်သာကျေးရွာအနီး၌ ရှေ့ထွက်ပြောင်းနှင့်လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း၃၅၊တပ်ခွဲသုံး တောင်ပံနီပြောက်ကျားတပ်ဖွဲ့(Salingyi)က သတင်းထုတ်ပြန်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/97nl1
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြိုင်တွင် မိသားစုစကားဝိုင်း တည့်တည့် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျ၊ အမျိုးသမီး သေဆုံးကာ သုံးဦး ပြင်းထန်ဒဏ်ရာရ

6 July 2024 By Ko Paing / MPA

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အိမ်ရှေ့၌ ထိုင်စကားပြောနေသော မိသားစုတည့်တည့် စစ်ကောင်စီတပ် ပစ်လိုက်သည့် လက်နက်ကြီး ကျရောက်ခဲ့ရာ အမျိုးသမီး သေဆုံးပြီး သုံဦးပြင်းထန်ဒဏ်ရာရခဲ့ ကြောင်း မြိုင်ပကဖထံက သိရသည်။

ဇူလိုင်ငါးရက်၊ ည ရှစ်နာရီခွဲဝန်းကျင်တွင် မြိုင်မြို့နယ်၊တွင်းမ ပျူစောထီးကျေးရွာမှ ရမ်းသန်းပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည်သည် အိုရင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/d4yJs
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en