MPANews
22.8K subscribers
18.8K photos
449 videos
85 files
9.81K links
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Download Telegram
နောင်ချိုတစ်မြို့လုံးကို သိမ်းရန် နောက်ဆုံးလက်ကျန် ၆၀၆ တပ်အနီး တိုက်ပွဲပြင်းထန်နေ

29 June 2024 By Poe Sangle / MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုတစ်မြို့လုံးကို သိမ်းပိုက်ရန် ကျန်ရှိနေသော ၆၀၆ တပ်စခန်း အနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ယနေ့( ဇွန်လ ၂၉ ရက်) နံနက်အစောပိုင်းတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး နောင်ချိုမြို့ထဲတွင်မူ ငြိမ်သက်နေကြောင်း TNLAနှင့်နီးစပ်သည့် စစ်မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/1DUBB
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
နွားထိုးကြီးတွင် ရွာစဥ်လှည့် မီးရှို့နေသည့်စစ်တပ် မိုင်းဆွဲခံရပြီး ငါးဦး သေဆုံးဟုဆို

29 June 2024 By Ko Paing / MPA

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ရွာစဥ်လှည့်မီးရှို့နေသော စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးသေဆုံးကြောင်းသိရသည်။

ဇွန်လ ၂၈ ရက်၊ မွန်းလွဲ နှစ်နာရီခွဲခန့်တွင် နွားထိုးကြီးမြို့နယ် ကန်ဆင့်(မြောက်)ရွာမှ ပြန်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://mpapress.com/pdf/48809/
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြန်မာခြောက်ဦးပါဝင်သော တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းကို ချင်းမိုင်တွင် ဖမ်းဆီးမိ

29 June 2024 By MPA

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မြန်မာနိုင်ငံသား ခြောက်ဦးပါဝင်သည့် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၁၃ဦးပါဝင်သော ယင်းအွန်လိုင်းငွေလိမ်ဂိုဏ်းတွင် တရုတ်နိုင်ငံသားခုနှစ်ဦး ပါဝင်ပြီး ချင်းမိုင်မြို့၊ Doi Saketခရိုင်၌ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုက်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဗျူရို (CCIB)က ဇွန် ၂၈ရက်တွင် ထုတ်ပြန်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/8K6Cg
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ကျွန်းလှတွင် အထိုင်ချရန်ပြင်နေသော စစ်တပ်ကို PDF ဝင်တိုက်၊ ၂ဦးအရှင်မိပြီး သေနတ် ရှစ်လက် သိမ်းဆည်းရရှိ

29 June 2024 By Nway / MPA

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာနှင့် ကျောက်ပုံကုန်းရွာတို့တွင် အထိုင်ချရန် ပြင်ဆင်နေသော စစ်တပ်နှင့်ပျူစောထီးတို့ကို PDFတို့က စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနှစ်ဦး ဖမ်းဆီးမိခဲ့ပြီး သေနတ် ရှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၈ ရက်၊ နံနက် လေးနာရီခန့်က ခမရ၃၆၁နှင့် ပျူစောထီး ပူးပေါင်းအင်အား ၂၀၀ခန့်က အင်တိုင်းရွာနှင့် ကျောက်ပုံကုန်းရွာတို့တွင် အထိုင်ချရန် ပြင်ဆင်နေစဉ် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမှတ်တစ် စစ်ဒေသက သတင်းထုတ်ပြန်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/ddf03
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းတို့ကို ထောင်ဒဏ် ငါးနှစ်စီ ချမှတ်

29 June 2024 By Nway / MPA

ရခိုင်ပြည်နယ် အခြေစိုက် Development Media Group ( DMG ) သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီလက်အောက်ခံ စစ်တွေမြို့နယ်တ ရားရုံးက ဇွန်လ ၂၈ ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခဲ့ ကြောင်း သိရသည်။

သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့မှာ ဖမ်းဆီးခံရပြီး ရှစ် လအကြာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂(က) ဖြင့် အလုပ်နှင့် ထောင်ဒဏ်ငါး နှစ်စီ ချမှတ်ခဲ့ ခြင်း ဖြစ်ကြောင်း DMG သတင်းဌာနက ထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Bmv3H
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
နောင်ချို၊ ရှုခင်းသာတိုက်ပွဲ၌ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိဟု TNLAဆို

29 June 2024 By MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရှုခင်းသာရှိ ခလရ၁၄၆ တပ်စခန်းကို တအောင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယနေ့(ဇွန်၂၉ရက်)နံနက်ခုနှစ်နာရီတွင် ခလရ၁၄၆ တပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား အလောင်း၁၀လောင်းကိုလည်း တွေ့ရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/vVTJz
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
လားရှိုးတွင် ကိုးကန့်တပ် MNDAAနှင့် စစ်တပ် ထိတွေ့တိုက်ပွဲဖြစ်ဟုဆို

29 June 2024 By Poe Sangle / MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှောင်လမ်း ၁၂ မိုင်တွင် ကိုးကန့် MNDAAနှင့် စစ်ကောင်စီတပ် အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့ (ဇွန်လ ၂၉ ရက်)နံနက် ၁၀ နာရီခန့်တွင် လားရှိုးမှ သိန္နီသို့ တက်သည့်လမ်း ၁၂ မိုင်တွင် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) မှ ၁၂ မိုင်ဘက်သို့ လက်နက်ကြီး ပစ်ကူခဲ့ကြောင်း လားရှိုးမြို့ခံအမျိုးသားတစ်ဦးကပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/ECorZ
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
အသံများ ကြားနိုင်ပါစေ

29 June 2024 By Sayar Ngaat / MPA (ဆောင်းပါး)

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းအကျဉ်းထောင်များတွင် အကျဉ်းကျနေသူများ၏ ဘဝနှင့် လုံခြုံရေးသည် ဆိုးရွားစွာ တွေ့ကြုံခံစားနေကြရသည်။ ၎င်းတို့၏ အခြေအနေသည် သေမည့်ရက်ကို ထိုင်စောင့်နေရသကဲ့သို့ ဖြစ်နေပြီး ထောင်အာဏာပိုင်များက အကျဉ်းကျနေသူများကို မည်သည့်အချိန်တွင် အကြောင်းပြချက်မရှိ ဆွဲထုတ်ပြီး သတ်ဖြတ်မည်ကို မသိရှိနိုင်ဖြစ်နေရသလို အန္တရာယ်ရှိနိုင်သည့် အလုပ်များကိုလည်း မည်သည့် အချိန်တွင် လုပ်ရမည်ကို စိုးရိမ်ထိတ်လန့်စွာဖြင့် စောင့်စားနေရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/f8LrV
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ရခိုင်မြောက်ပိုင်းတွင် ဆေးကုသရေးလုပ်ငန်း ရပ်ဆိုင်းထားရကြောင်း MSF ဆို

29 June 2024 By MPA

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဆေးဝါးကုသရေးလုပ်ငန်းစဥ်များကို ရပ်ဆိုင်းထားရကြောင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ဆိုသည်။

ပဋိပက္ခများ ပြင်းထန်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးရေးအပေါ် ပြင်းထန်သောကန့်သတ်ချက်များ ရှိနေခြင်းတို့ကြောင့် ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/4b3U6
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စစ်ဆင်ရေး ငါးရက်တာအတွင်း ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၃ ဦး လက်နက်ချအလင်းဝင်

29 June 2024 By Poe Sangle / MPA

၁၀၂၇ စစ်ဆင်ရေး ငါးရက်တာအတွင်း စစ်ကောင်စီတပ်အရာရှိ ငါးဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၃ ဦး လက်နက်ချအလင်းဝင်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ဇွန်လ၂၅ရက်မှ ယနေ့(ဇွန်၂၉ရက်)အထိ ငါးရက်တာ တိုက်ပွဲအတွင်းဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး လေးဦး၊ ရဲအုပ် တစ်ဦး၊ တပ်ကြပ်ကြီးခြောက်ဦး၊ ယာဉ်ထိန်းရဲတပ်ကြပ်တစ်ဦး၊ တပ်ကြပ် ၁၁ဦး၊ ဒုတပ်ကြပ်၉ဦး၊ ရဲတပ်သားတစ်ဦးနှင့် တပ်သား၁၉ဦး စုစုပေါင်း (၅၃)ဦးတို့ TNLA ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/WxpnJ
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မိုးကုတ်မြို့ပေါ် တပ်စခန်းနှစ်ခုကို TNLA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲ

30 June 2024 By Haythar / MPA

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ရှိ တပ်စခန်းနှစ်ခုကို TNLA ကတိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့အရှေ့ပိုင်းရှိ အောင်သာယာတပ်စခန်းနှင့် အရှေ့ပိုင်းရှိ အာကာမိုးတပ်စခန်းတို့ကို ယနေ့(ဇွန် ၂၉ရက်)ညနေလေးနာရီခန့်တွင် TNLA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ညနေ ခြောက်နာရီခွဲ ဝန်းကျင်၌ စစ်တပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချခဲ့ကြောင်း မိုးကုတ်မြို့ခံတစ်ဦးကဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/67JU3
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ဆိုင်းဘုတ်ထောင် ဝါဒဖြန့်နေ

30 June 2024 By Than Lyan / MPA

နိုင်ငံတဝှမ်း တိုက်ပွဲများဖြစ်ပွားနေပြီးပြည်သူများ၏ လူမှုစီပွားရေး အထွေထွေကြပ်တည်းနေချိန်တွင် စစ်ကောင်စီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်အတွက် ဆိုင်းဘုတ်ထောင်ဝါဒဖြန့်ချီလျှက်ရှိသည်။

ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင်စစ်ကောင်စီနှင့် တော်လှန်ရးတပ်ဖွဲ့များကြားတိုက်ပွဲများပြင်းထန်နေပြီး ပြည်သူ လူမှထုမှာ အကြပ်အတည်းမျိုးစုံနှင့် ရင်ဆိုင်နေရသည့်အတွက်ကြောင့် စစ်ကောင်စီ ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း မဖြစ်နိုင်ကြောင်း ပြည်သူအများကပြောဆိုကြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားသည်။

၂၀၁၀ ခုနှစ် စစ်အုပ်ချုပ်ရေးမှ ဦးသိန်းစိန် အစိုးရ ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန်စီစဉ် ဆောင်ရွက်ခဲ့ပြီး နှစ် ၃၀ အကြာ သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၀ ရက်ကြာ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကောက်ခံခဲ့သည်။

#Photo #Census #MPA #Myanmar