MPANews
22.8K subscribers
19.4K photos
459 videos
85 files
10.2K links
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Download Telegram
[Fact Check]

သံတွဲလေဆိပ်ကို AA သိမ်းထားကြောင်း သတင်းဌာနတွေက ဖော်ပြထားသော်လည်း အသိမ်းမခံရသေးဟု စစ်ကောင်စီ လော်ဘီများ သတင်းအမှားဖြန့်

24 June 2024 By Haythar / MPA

ရခိုင်ပြည်နယ် သံတွဲမြို့၊သံတွဲလေဆိပ်ကို အာရက္ခတပ်တော်(AA) သိမ်းထားကြောင်း သတင်းဌာနတွေက ဖော်ပြထားသော်လည်း အသိမ်းမခံရသေးဘူးဟူ၍ စစ်ကောင်စီလော်ဘီများ ဇွန် ၂၃ရက်နှင့် ၂၄ရက်တို့တွင် တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား ဖြန့်ဝေနေကြသည်။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/oFCZQ
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ကျေးရွာအချို့ရှိ အမျိုးသမီးများ ပုံမှန်ဝင်ငွေရသည့် အလုပ်ကိုင်ရှားပါးလာမှုကြောင့် စားဝတ်နေရေးကျပ်တည်းလာ

24 June 2024 By Zwe Ko / MPA

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်အချို့မှ ကျေးရွာများတွင် နေထိုင်သည့် လက်လုပ်လက်စား အမျိုးသမီးများသည် ပုံမှန်ဝင်ငွေရသည့် အလုပ်အကိုင် ရှားပါးလာသည့်အပြင် ကုန်စျေးနှုန်းကြီးမြင့်မှုကို ရင်ဆိုင်နေရသောကြောင့် စားဝတ်နေရေးကျပ်တည်းလာကြောင်း စုံစမ်းသိရှိရသည်။

စစ်တပ်အာဏာမသိမ်းမီက ကုန်စိမ်းသီးနှံများဖြစ်သည့် ဂေါ်ဖီ၊ ငရုတ်၊ ကြက်ဟင်းခါးနှင့် ဘူးသီးစသည့် သီးနှံစိုက်ပျိုးသူများပြားသော်လည်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်းစျေးနှုန်းမတည်ငြိမ်မှုနှင့်အတူ စိုက်ပျိုးစရိတ်ကြီးမြင့်လာမှုကြောင့် စိုက်ပျိုးသည့်တောင်သူနည်းပါးလာကြောင်း သာယာ၀တီမြို့မှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/rkjl9
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စစ်မှုထမ်း ပထမအသုတ် ၅၀၀၀ ယခုလကုန်တွင် စတင်တာဝန်ထမ်းရတော့မည်

24 June 2024 By MPA

စစ်ကောင်စီက ဆင့်ခေါ်ထားသော စစ်မှုထမ်း ပထမအသုတ် ၅၀၀၀ သည် ယခုလကုန်၌ စတင်တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်ကြောင်း AFP ကဖော်ပြသည်။

ဧပြီလ အစောပိုင်းကစတင်ခဲ့သော စစ်မှုထမ်းပထမအသုတ် တပ်သားသစ်များသည် ဇွန်လကုန်တွင် လေ့ကျင့်မှုပြီးဆုံးမည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက AFP သို့ ပြောသည်။

အပြည့်အစုံဖတ်ရန် >>>> https://shorturl.at/royqW
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
MPA ညပိုင်းသတင်း ( ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်)

- မြင်းခြံမြို့နယ်၊ ဆခမ ဆရာတော် ဦးဥတ္တမကို ပျူစောထီးနဲ့စစ်တပ်က ပစ်ခတ်

- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် CNO လက်အောက်ရှိ စာသင်ကျောင်းများတွင် သစ်ပင် ၃၀၀၀ ကျော်စိုက်ပျိုး

- ဈေးနှုန်းမြင့်တက်လာမှုကြောင့် မန္တလေးကျောက်ဝိုင်းအတွင်း ဝယ်လက်ပါး

- မန္တလေး ICON KTV တွင် မီးလောင်

(စမ်းသပ်ထုတ်လွှင့်နေခြင်း ဖြစ်ပါသည်)

Youtube တွင် ကြည့်ရှုရန် >>> https://youtu.be/CbBdahyRlkg
ကျောက်မဲနှင့်နောင်ချိုတွင် TNLAနှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်၊တစ်ကျော့ပြန် ရှမ်းမြောက်စစ်ပွဲ ပြန်လည် စတင်

25 June 2024 By Poe Sangle / MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့်နောင်ချိုမြို့နယ်အတွင်း TNLAနှင့်စစ်ကောင်စီတပ် တို့ ယနေ့ နံနက်ပိုင်းမှ စတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

လက်ရှိ ကျောက်မဲမြို့အတွင်းရှိ စစ်ကောင်စီ တပ်စခန်းနေရာအများစုတွင် လက်နက်ကြီး၊ လက်နက်ငယ်သံများထွက်ပေါ်နေကြောင်း ကျောက်မဲမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မနက်အစောကတည်းက ဖြစ်တယ်။ တရုတ်ကျောင်းတက်နေတဲ့ ကလေးတွေလည်း အကုန်ပြန်ခေါ်ကြပြီ။ အခု မြို့မှာလူသိပ်မရှိတော့ဘူး။ တချို့လည်း ထွက်ပြေး၊ တချို့လည်း တံခါးပိတ်ပြီးနေကြတယ်” ဟု ၎င်းက MPAသို့ ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/ITVJj
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မတ္တရာ လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေ

25 June 2024 By Ra Wai / MPA

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကို PDFတို့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းမှ အဆက်မပြတ်တိုက်ခိုက်နေ ကြောင်းသိရသည်။

ယနေ့(ဇွန်လ ၂၅ရက်) နံနက် ရှစ်နာရီဝန်းကျင်က မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ အင်ကြင်းမြိုင်လေ ကြောင်းရန် ကာကွယ်ရေးတပ်ကို ဒေသခံ PDFတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ် တိုက်နယ်ခြောက် ရပ်ကျေးပကဖမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/KFxuQ
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဝိနိမ္မိတာရုံဆရာတော် အသတ်ခံရမှု မင်းအောင်လှိုင်၏ တောင်းပန်ချက် စစ်ကောင်စီသတင်းစာများတွင် မထည့်
မတတ်သာ၍ စိတ်ထဲမပါဘဲ တောင်းပန်ခြင်းဟု အရှင်သူရိယာလင်္ကာရ မိန့်ကြား

25 June 2024 By Ko Paing / MPA

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဝိနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ခြင်း အပေါ် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တောင်းပန်ကြောင်း လျှောက်ထားချက်ကို စစ်ကောင်စီထိန်းချုပ်သတင်းစာများ၌ ဖော်ပြခြင်းမရှိကြောင်း သိရသည်။

ယနေ့ (ဇွန်၂၅ရက်) ထုတ် ကြေးမုံနှင့်မြန်မာ့အလင်းသတင်းစာတို့တွင် မင်းအောင်လှိုင်၏ တောင်းပန် ကြောင်း လျှောက်ထားချက်နှင့် ဇွန်လ၂၄ရက်က ပဲခူးမြို့၊ ဝိနိမ္မိတာရုံကျောင်းတိုက်သို့ မင်းအောင်လှိုင် ခန့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး တင်ဦးလွင်နှင့်အဖွဲ့ ရောက်ရှိလာကာ တောင်းပန်ကြောင်း လျှောက်ထားချက် ကိုယ်စား ဖတ်ကြားသည့်သတင်းကိုလည်း ဖော်ပြထားခြင်းမရှိသလိုစစ်ကောင်စီ ရုပ်သံမီဒီယာတို့၏ ဇွန်လ၂၄ရက်ည သတင်းထုတ်လွှတ်ချက်တွင်လည်း ဖော်ပြခြင်း မရှိပေ။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/4Qong
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မိုးကုတ်မြို့အနီး တိုက်ပွဲဖြစ်ပွား၊ မြို့တွင်းဆိုင်များပိတ်ပြီး အသွားအလာ တိတ်

25 June 2024 By Haythar / MPA

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသဖြင့် မြို့တွင်း၌ လူအသွားအလာမရှိဘဲ တိတ်ဆိတ်နေကြောင်း သိရသည်။

မိုးကုတ်မြို့အနောက်ပိုင်း၊ ဘားဂါးကျေးရွာအနီးတွင် ယနေ့ (ဇွန်၂၅ရက်) နံနက် ၁၁နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၁နာရီခွဲကျော်အထိ သေနတ်သံများ ကြားနေရဆဲဖြစ်ကြောင်း မိုးကုတ်မြို့ အနောက်ပိုင်းနေ အသက်၃၀အရွယ်ရှိ အမျိုးသမီးတစ်ဦးကပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/hhmmx
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြင်းမူမြို့ပေါ် ကင်းလှည့်နေသော စစ်ယာဥ်တန်း မိုင်းဆွဲခံရပြီး ကားနှစ်စီး ပျက်စီး

25 June 2024 By Nway / MPA

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် အင်အားအပြည့်ဖြင့် ကင်းလှည့်ထွက်လာသည့် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကား နှစ်စီး ထိခိုက်ပျက်စီးသွားကြောင်း Dog Killers People’s Defense Force Myinmu (DK-PDF)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်၂၅ရက်) နံနက် ခုနှစ်နာရီဝန်းကျင်တွင် မြင်းမူမြို့ပေါ်ရှိ ကြံ့ခိုင်ရေးပါတီရုံးအနီး၌ စစ်တပ် ကင်းလှည့်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပထမဆုံးကားနှင့် ဒုတိယမြောက်ကား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Trn5b
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ကျောက်မဲမြို့ပေါ် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူနှစ်ဦး သေဆုံး

25 June 2024 By Poe Sangle/ MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ (ဇွန်လ၂၅ရက်) နံနက်ရှစ်နာရီခန့်တွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကျောက်မဲမြို့၊ရပ်ကွက်ရှစ်နေ အမျိုးသားတစ်ဦးနှင့် ရပ်ကွက်ကိုးနေ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး ရပ်ကွက်ရှစ်နေ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/Hfl68
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြန်မာနိုင်ငံအတွင်း ပြန်ပေးဆွဲခံရသော မော်ရိုကိုနိုင်ငံသားသုံးဦး ဒေါ်လာ၁၀,၀၀၀ စီ ပေးပြီးနောက် ပြန်လွတ်လာ

25 June 2024 By MPA

မြန်မာနိုင်ငံအတွင်း ပြန်ပေးဆွဲခံရသူ မော်ရိုကိုနိုင်ငံသားသုံးဦး ဒေါ်လာ ၁၀,၀၀၀ စီ ပေးခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာကြောင်း Morocco World News က ဇွန် ၂၄ရက်တွင် ဖော်ပြသည်။

မကြာသေးမီလပိုင်းအတွင်း မော်ရိုကိုနိုင်ငံသား ၁၄ ဦးထက်မနည်း ပြန်ပေးဆွဲခံခဲ့ရကာ အများစုမှာ ထိုင်း-မြန်မာနယ်စပ် ရွှေတြိဂံနယ်မြေ၌ ပိတ်မိနေကြသည်။

ပြန်ပေးဆွဲခံရသူတစ်ဦး၏ ဖခင်က “သူတို့(ပြန်ပေးဆွဲတဲ့သူတွေ)ရဲ့ တောင်းဆိုချက်ကို လက်ခံလိုက်တော့မှ ကျတော့်သားကို နှိပ်စက်တာတွေ မလုပ်တော့တာ။ သူတို့တောင်းဆိုတာတွေ လက်မခံတဲ့တခြားလူငယ်တွေကို ဘယ်လိုနှိပ်စက်မယ်ဆိုတာ ပြမယ်လို့ ပြောတယ်” ဟု ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/zC4W7
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဒိုက်ဦးထောင်တွင်း နိုင်ငံရေးအကျဉ်းသူများအပေါ် လူအခွင့်အရေးချိုးဖောက်နေမှုများ ချက်ချင်းရပ်ရန် တောင်းဆို

25 June 2024 By Nway / MPA

ဒိုက်ဦးထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသူများကို ရိုက်နှက်ကာ လုံလောက်သည့်ဆေးကုသမှု မပေးခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်နေမှုများအား ချက်ချင်းရပ်ရန် နိုင်ငံရေးအကျဉ်းသား များဆိုင်ရာအဖွဲ့ ရှစ်ဖွဲ့က ယနေ့(ဇွန်၂၅ရက်)တွင် ပူးတွဲ‌ကြေညာချက်ထုတ်ပြန်ကာ တောင်းဆို လိုက်သည်

ယင်းထုတ်ပြန်ချက်တွင် ဇွန်လ ၁၅ရက်က ဒိုက်ဦးထောင်တွင်း အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ထောင်ပြောင်း ရောက်ရှိလာသည့် နိုင်ငံရေးအကျဉ်းသူငါးဦးနှင့်အထက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၃၀ကျော် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/A4jSe
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ထိုင်း ရှစ်ရက်ကြာစစ်ဆင်ရေးအတွင်း တရားမဝင်မြန်မာလုပ်သားအများဆုံး ဖမ်းဆီးမိ

25 June 2024 By MPA

ဇွန်လအစောပိုင်းကစပြီး ဘန်ကောက်နှင့် အနီးနားခရိုင်များ၌ပြုလုပ်သည့် ရှစ်ရက်ကြာ စစ်ဆင်ရေးအတွင်း မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယားတို့မှ တရားမဝင်ရွှေ့ပြောင်းလုပ်သား ၂၅,၀၀၀ ကျော်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးရန် ရက်ပေါင်း ၁၂၀ ကြိုးပမ်းမှု၏ အစတွင်အထက်ပါအတိုင်း ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/7gUyX
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
နောင်ချိုမြို့ပေါ် ဌာနဆိုင်ရာအချို့ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်

25 June 2024 By Poe Sangle/ MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ရှိ ဌာနဆိုင်ရာအချို့ကို TNLAနှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယနေ့ (ဇွန်လ ၂၅ ရက်) နံနက်အစောပိုင်းတွင် နောင်ချိုမြို့ကို စတင်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ တစ်နာရီ ကျော်၌ နောင်ချိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော မိုး/ဇလရုံး၊ မီးသတ်၊ ရဲစခန်း နှင့် ပြည်သူ့ဆေးရုံတို့ကို TNLAပူးပေါင်းတပ်က တိုက်ခိုက်သိမ်းလိုက်နိုင်ခဲ့ကာ ခမရ ၁၁၅ ၊ခမရ ၁၁၄ နှင့် စစ်မှုထမ်းဟောင်းရုံးဘက်၌ ဆက်လက်တိုက်ပွဲပြင်းထန်နေကြောင်း TNLA နှင့် နီးစပ်သူ အမျိုးသားတစ်ဦးထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/XcrIl
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ကျောက်မဲမြို့တွင်း တိုက်ပွဲများကြား ပြည်သူ ရာနှင့်ချီ ပိတ်မိနေ

25 June 2024 By Bala / MPA

ယနေ့(ဇွန်၂၅ရက်)နံနက် ခြောက်နာရီဝန်းကျင်မှ စတင်ပြီး ကျောက်မဲမြို့ပတ်လည်နှင့် မြို့တွင်းတို့တွင် စစ်ကောင်စီတပ်နှင့် TNLAပူးပေါင်းတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်(ညနေ ၅နာရီခွဲ)တွင် ငြိမ်သက်လျက်ရှိကြောင်း ကျောက်မဲမြို့နေပြည်သူတစ်ဦးထံက သိရသည်။

"ဒီနေ့မနက် ခြောက်နာရီလောက်က စ ကြားတာ။ မနက်ရှစ်နာရီလောက်က မြို့လယ်ခေါင်က အခွန်လွတ်ဈေးနားကို လက်နက်ကြီးကျပြီး အမျိုးသားတစ်ဦးသေတယ်။ကြားတာတော့ လက်နက်ငယ်သံတွေရော၊ လက်နက်ကြီးသံတွေရော။ မြို့ထဲမှာ လက်နက်ကြီးထိလို့ သေတဲ့သူတွေက တစ်ယောက်မကရှိတယ်လို့ ပြောတယ်။ အခုကတော့ ငြိမ်နေတယ်။အခုညနေ ၅နာရီလောက်က တောင်နောက်ဘုန်းကြီးကျောင်း မီးလောင်သွားတယ်။ပြည်သူတွေလည်း အိမ်ထဲက ခုံအမာတွေအောက်မှာ နေနေရတယ်။လက်နက်ကြီးကျမှာစိုးလို့" ဟု ၎င်းက MPAသို့ ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorturl.at/QMIuT
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en