MPANews
22.8K subscribers
18.8K photos
449 videos
85 files
9.81K links
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Download Telegram
နေပြည်တော် သေလမ်း

10 June 2024 By MPA Editorial

ကိုယ့်နေရာ ကိုယ်မသိသော စစ်ဗိုလ်ချုပ်တို့ကြောင့် ရှေ့သို့ချီ တိုင်းပြည်မှာ မှောက်လျက် လဲကျခဲ့ ရသလို ကိုယ့်အခြေအနေကိုယ်မသိသည့် စစ်ကောင်စီကြောင့်လည်း ဟုန်းဟုန်းတောက်နေသော စစ်မီးကို ဆက်လက်လောင်မြိုက်ရန်ကလွဲ၍ အခြားမရှိပေ။

၁၉၆၂ခုနှစ်၊တိုင်ပြည်အာဏာကို သေနတ်ထောက်လုယက်ခဲ့သည့်အချိန်မှစ၍ အာဏာဖြင့်သိုက်တူး ခြင်းအမှုတွင် အရသာတွေ့ခဲ့သော စစ်ဗိုလ်ချုပ်တို့မှာ တင်းတိမ်ရောင့်ရဲနိုင်စွမ်းမရှိ။တိုင်းပြည်အာဏာကို စစ် အုပ်စု ရာသက်ပန်စွန့်လွှတ်ရတော့မည်ဖြစ်ကြောင်း ၂၀၂၀ရွေးကောက်ပွဲရလဒ်က အသိပေးလိုက်သည့်အချိန် တွင် အာဏာငန်းဖမ်းခြင်းအမှုကို အရှက်အကြောက်ကင်းစွာဖြင့် စတင်ကာ တိုင်းပြည်အာဏာသည် စစ်တပ် ၏ဘိုးဘွားပိုင်အမွေဖြစ်ကြောင်း အတိအလင်းကြေညာတော့သည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/dkmasudx
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စစ်မှုမထမ်းချင်သူများအား ကောက်ခံသည့် ပိုက်ဆံ ၈၀ ရာခိုင်နှုန်း စစ်တပ်က ယူနေခြင်းဖြစ်

10 Jun 2024 By Black Panda / MPA

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီက စစ်သားသစ်စုဆောင်းရာ၌ စစ်မှုမထမ်းလိုသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုပိုက်ဆံပေးရပြီး ရရှိငွေ၏ ၈၀ ရာခိုင်နှုန်းကို စစ်တပ်သို့ ပေးရကြောင်း အုပ်ချုပ်ရေးမှူးတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

"ကျတော်တို့ ယူတယ်ထင်နေကြတာ၊ အထက်ကလူကြီးတွေကိုလည်းပေးရတယ်။ ဥပမာ တစ်သိန်းရရင် ခုနှစ်သောင်း၊ ရှစ်သောင်းလောက်ကို သူတို့(စစ်တပ်)ကိုပေးရတယ်" ဟု ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4feapp5w
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မိုးမိတ် TNLA တပ်စခန်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ၊ ရဲဘော် သုံးဦး ပြင်းထန်ဒဏ်ရာရ

10 June 2024 By Poe Sangle / MPA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ တပ်သား သုံးဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်၊ပန်တင်ရွာနှင့် မန်ပိန်းရွာကြားတပ်စွဲထားသော TNLA တပ်စခန်းကို ဇွန်ကိုးရက်၊ ညနေ လေးနာရီခွဲခန့်တွင်စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/3ke7x5h4
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ရေစကြိုပြည်သူ ၃၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ် စစ်တပ် ဖမ်းဆီးထား

10 June 2024 By Ra Wai / MPA

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၃၀ ဝန်းကျင်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်းသိရသည်။

ဇွန် ရှစ်ရက်နေ့က ရေစကြိုမြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ဇွန် ကိုးရက်နေ့၌ ကုတို့စုရွာသို့ဝင်ကာ ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/86bn5pjt
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ချင်းပြည်ကောင်စီ၏ အဖွဲ့ဝင်သစ်အဖြစ်ကြေညာလိုက်သော Kanpetlet နှင့် Mindat Council တို့မှာ လူထုအများစုကို ကိုယ်စားမပြုဟုဆို

10 Jun 2024 By Garcia Ni / MPA

ချင်းပြည်ကောင်စီ (Chinland Council)က ဇွန် ၉ရက် ရက်စွဲဖြင့် အဖွဲ့ဝင်အသစ်အဖြစ်ကြေညာလိုက်သော Kanpetlet Councilနှင့် Mindat Council(ယာယီ)တို့မှာ မြို့နယ်ပြည်သူလူထုအများစုကို ကိုယ်စားပြုခြင်းမရှိကြောင်း ကန်ပက်လက်မြို့နယ်ကောင်စီနှင့် Chin National Council(CNC-မင်းတပ်) တာဝန်ရှိသူများက ပြောသည်။

ချင်းပြည်ကောင်စီ(CC)အနေဖြင့် ချင်းလုံမြို့တွင် ဇွန် ၅ ရက မှ ၆ ရက်နေ့ အထိ ကျင်းပပြုလုပ်သော တတိယအကြိမ်ကောင်စီအစည်းအဝေးတွင် Zanniatram People's Organization၊ Kanpetlet Council၊ Thado Councilနှင့် Mindat Council(ယာယီ)တို့ကို ချင်း​ပြည်ကောင်စီ အဖွဲ့ဝင်အသစ်အဖြစ် လက်ခံအတည်ပြုခဲ့ခြင်းဖြစ်သည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/3zt52sdc
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြန်မာ လူသားချင်းစာနာမှုအရေး တောင်းခံငွေ၏ ၁၂ ရာခိုင်နှုန်းသာ ရရှိသေးဟု UNOCHA ဆို

10 June 2024 By Ra Wai / MPA

၂၀၂၄ နှစ်ဝက်ကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း မြန်မာလူသားချင်းစာနာမှုလုပ်ငန်းအတွက် တောင်းခံထားသောငွေ၏ ၁၂ ရာခိုင်နှုန်းမျှသာ ရရှိသေးကြောင်း UNOCHA Myanmar က ယနေ့ (ဇွန် ၁၀ ရက်) သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုန့်ပြန်ရေးလုပ်ငန်းအစီအစဉ်အရ လိုအပ်သော အမေရိကန် ဒေါ်လာ ၉၉၄ သန်းတောင်းခံထားရာ ယင်းငွေ၏ ၁၂ ရာခိုင်နှုန်းမျှသာ ရန်ပုံငွေ ရရှိသေးခြင်းဖြစ်သည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/3jrywmn5
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မုံရွာတွင် စစ်တပ်ကို တိုက်ခိုက်စဉ် လက်လုပ်သေနတ် ချို့ယွင်းမှုကြောင့် ၁၆ နှစ်သား PDF ရဲဘော် ကျဆုံး

10 June 2024 By Nway/ MPA

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်စဉ် ‌လက်လုပ်သေနတ်ချို့ ယွင်းမှုကြောင့် အသက်၁၆နှစ်အရွယ်ရှိ ဒေသခံ ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ (ဇွန်လ ၁၀ရက်)နံနက် ၁၀နာရီခန့်က ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်မှ ထွက်လာသော အင် အား ၃၀ခန့်ပါ စစ်သားများသည် မုံရွာမြို့နယ်၊ မုံရွေးတန်ပိုဂိတ်၌ ခေတ္တအထိုင်ချနေစဉ် ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ လက်လုပ်သေနတ်ချို့ယွင်းမှုကြောင့် မိမိသေနတ်မှကျည် မိမိ ကိုယ်ကို ပြန်ထိမှန်ကာ ကျဆုံးခဲ့ကြောင်း Area 71 တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2jt67sad
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဖရူဆို အနောက်ခြမ်းရှိ စစ်ရှောင် ၇၀၀၀ ကျော် မိုးရာသီအတွက် ဆန်လိုအပ်မှုရှိနေ

10 June, 2024 by Mandy / MPA

ကရင်နီပြည်နယ်၊ ဖရူဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် မိုးရာသီအတွင်း စားနပ်ရိက္ခာအတွက် ဆန် လုံလောက်မှုရှိရန် လိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

“ အဓိကလိုအပ်နေတာကတော့ ဆန်ပေါ့၊ ဒီမှာ စစ်ရှောင်တွေက အလှူရှင်တွေကိုမှီခိုရတာများတယ်။ အလှူရှင်တွေလှူမှ စားရမယ့် အခြေအနေပါ၊ ဒီဘက်ကို အလှူရှင်အရောက်နည်းတော့ ရိက္ခာလုံလောက်မှုမရှိဘူ။ မိုးတွင်းဆို ဆန်လိုအပ်မှု ပြဿနာကပိုဆိုးလာတော့မယ်" ဟု ၂၀၂၁ ခုနှစ်ကတည်းက စစ်ရှောင်နေရသော စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2k6pep7k
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
နတ်တလင်းမြို့ပေါ်နေ နိုင်ကျဉ်းဟောင်းတစ်ဦးအပါအဝင် ပြည်သူလေးဦးကို စစ်ကောင်စီ ဖမ်ဆီး

10 Jun 2024 By Ko Paing / MPA

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်တွင် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးအပါအဝင် ပြည်သူ လေးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။

ဇွန်လကိုးရက်၊မွန်းလွဲသုံးနာရီဝန်းကျင်တွင် နိုင်ငံရေးအကျဥ်းသားဟောင်း ကိုဘဲဥ အပါအဝင် ပြည်သူ လေးဦး၏နေအိမ်သို့ စရဖ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နတ်တလင်းမြို့နယ် နိုင်ငံရေးအသိုင်းအဝိုင်းထံကသိရသည်။

အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2rrr9e9c
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဗုံးဒဏ်ကြားက ပြန်လည်နိုးထလာသည့် တော်လှန်ဖီးနစ် (သို့) ရဲဘော်ကိုလင်း

10 June 2024 By MPA Garcia Ni (ဆောင်းပါး)

အခုတော့ ထီးလင်းနယ်ဘက် ရွာများကပြည်သူတိုင်း ကိုလင်းကို ကြည့်၍ အံ့သြနေကြသည်။

အားလုံးက ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု မထင်ထားသူသည် အခုတော့ ဆိုင်ကယ်ကို ကိုယ်တိုင်မောင်း၍ ရွာတကာလှည့်ပတ်နေပြီ။ စစ်ဘေးရှောင်များဆီ သွားရောက်၍ အကူအညီများပေးနေသည်။

တချို့လူကြီးသူမများက ကိုလင်းကိုကြည့်၍ “ဆံရှည်ဟမ် နင် တကယ်နတ်ကြီးတယ်”ဟူ၍ ယောသံဖြင့် အားရပါးရပြောကြသည်။ ဟုတ်သည်။ ကိုလင်းသည် နတ်ကောင်းနတ်မြတ်များ၏ စောင့်ရှောက်မှုကြောင့်ပင်လော၊ ဗုံးဒဏ်ကြားက ပြန်လည်နိုးထလာသူတစ်ဦးဖြစ်ပါသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/33b8dv5h
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဗိုလ်မှူး သုံးဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ဦး မေလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ

11 June 2024 By Ra Wai / MPA

ဗိုလ်မှူး သုံးဦးအပါအဝင် တပ်သားနှင့်ရဲ ၄၅ဦး ၂၀၂၄ခုနှစ်၊ မေလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာန က ယနေ့ (ဇွန် ၁၁ရက်) သတင်းထုတ်ပြန်သည်။

ယင်း ၄၅ဦးထဲတွင် ဗိုလ်မှူးသုံးဦးအပြင်၊ဗိုလ်ကြီးတစ်ဦး၊ဗိုလ်တစ်ဦးနှင့် ဒုရဲအုပ်တစ်ဦးလည်း ပါဝင်ပြီးအမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှုဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/3w4mckhh
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စစ်တွေ ရွာ ၁၀ ရွာကျော်က ဒေသခံများကို စစ်ကောင်စီတပ် အဓမ္မ နှင်ထုတ်

11 Jun 2024 By Ko Paing / MPA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က အဓမ္မနှင်ထုတ်နေကြောင်းသိရသည်။

ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်တာအတွင်း စစ်တွေမြို့နယ်၊ ကြွီတဲမြစ်ကမ်းနားတစ် လျှောက်ရှိပလ္လင်ပြင်၊အောင်ဒိုင်၊ကျက်တောပြင်၊ကြွီတဲ၊ ကြွီတဲပိုက်ဆိပ်ကြီး၊ကြွီတဲပိုက်ဆိပ်ချေ၊အုန်းရေဖော်၊ရေချမ်းပြင် စသည့်ကျေးရွာများမှ နေအိမ်များကို ဖြိုဖျက်ပေးရမည်ဟု စစ်ကောင်စီဝန်ထမ်းများက လာရောက်ပြောဆိုခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC)က ဇွန်လ ၁၀ ရက်၌ သတင်းထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/335m85ds
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
နာမည်ကျော် မြန်မာ့ရိုးရာလက်ဝှေ့သမား ဒေ့ဗ် ကို ကမ္ဘောဒီးယားတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုဟုဆို

11 June 2024 By MPA

နာမည်ကျော် မြန်မာ့ရိုးရာလက်ဝှေ့သမား ကနေဒါနိုင်ငံသား ဒေ့ဗ် လက်ဒပ် ကို ကမ္ဘောဒီးယားတွင် ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခွင့်ပြုမည်မဟုတ်ကြောင်း ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌက ပြောကြားခဲ့ သည်ဟု The Phnom Penh Post သတင်း၌ ဖော်ပြသည်။

အသစ်ခန့်အပ်လိုက်သော ခမာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး Khov Chhay က ၎င်းအနေနှင့် ရာထူးတွင် ဆက်လက်ရှိနေသရွေ့ ဒေ့ဗ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုကြောင်း ပြောကြားသည်ဟု သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/mr2s6ymj
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en