MPANews
22.8K subscribers
19.4K photos
459 videos
85 files
10.2K links
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Download Telegram
ဆယ်လီမီဒီယာများအား ဆင်ဆာ တင်းကျပ်ရန် စစ်ကောင်စီ ပြန်ကြားရေး စီစဥ်နေ

5 June 2024 By Maung Dagon / MPA

ဆယ်လီ မီဒီယာများအား ဆင်ဆာ တင်းကျပ်ရန်အတွက် စစ်ကောင်စီ၏ ပြန်ကြာရေး ဝန်ကြီးဌာနက စီစဥ်နေကြောင်း အဆိုပါ ဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနသည် ဆယ်လီမီဒီယာများအား ယဥ်ကျေးမှုနှင့် မလျော်ညီသည်များ၊ အဖော်အချွတ်ကိစ္စများ၊ အတင်းအဖျင်းများ လက်လွတ်စပယ် တင်ရှိနေ၍ ယင်းသို့ ဆင်ဆာ တင်းကျပ်ရန် စီစဥ်လာခြင်းဟု သိရသည်။

"အတင်းအဖျင်းတွေ အဖော်အချွတ်တွေကို ထိန်းဖို့လို့ကြားပါတယ်" ဟု ဆင်ဆာတင်းကျပ်ရခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/ej824hkc
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ရန်ကုန်တိုင်းရွှေဆိုင်အားလုံး YGEA သတ်မှတ်ဈေးဖြင့်သာ ရောင်းဝယ်ရန် ဖိအားပေးနေ

6 June 2024 By Ra Wai / MPA

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များအားလုံး YGEA သတ်မှတ်ဈေးဖြင့်သာ အရောင်းအဝယ်လုပ်ကြရန် ဖိအားပေးခံနေရကြောင်း သိရသည်။

ရွှေရောင်းချရာတွင် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန်၊ ရွှေဆိုင်များကို နေ့စဉ်ဖွင့်ရန်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) က ဇွန်လငါးရက်၌ ကြေညာချက် ထုတ် ပြန်ပြီးနောက် ယနေ့(ဇွန်ခြောက်ရက်)နံနက်ပိုင်းက ရွှေဆိုင်များအား ဖိအားပေးလာကြောင်း ရန်ကုန် မြို့တွင်းရှိ ရွှေပွဲစားတစ်ဦးကပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yckat5p8
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ငရဲပြည်၌ ညှိုးနွမ်းရတော့မည့် ပန်းကလေးတစ်ပွင့်

6 June 2024 By MPA / Maung Dagon (ဆောင်းပါး)

"အဲ့ဒီလောက် ဘဝ အခြေအနေဆိုးတဲ့ ကလေးမျိုးတစ်ခါမှ မတွေ့ဖူးဘူး" ဟု ပန်းကလေး (အမည်လွှဲ) ၏ အကြောင်းကို သိရှိသူများက စုတ် တစ်သပ်သပ်ဖြင့် သုံးသပ်ကြသည်။

ပန်းကလေးက အသက် ဆယ်နှစ် အရွယ်သာ ရှိသေးသည့် မိန်းကလေးငယ်လေး တစ်ယောက် ဖြစ်သည်။

လေးနှစ် အရွယ် မောင်ဖြစ်သူ တစ်ယောက် ရှိသည်။ ယခုကဲ့သို့ မိုးရာသီ၌ လမ်းဘေး အလေ့ကျ ပေါက်သည့် ဟင်းရွက်များ ခူးရောင်းပြီး ဝမ်းရေးကို ပန်းကလေးတို့ မောင်နှမ ဖြေရှင်းရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5ypphzu2
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မော်ရိုကိုနိုင်ငံသား လူသိများသော YouTube သမား မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေ

6 Jun 2024 By MPA

“New Battuta” ဟု လူသိများသော မော်ရိုကို YouTuber “Adam Taoufiq” သည် မြန်မာနိုင်ငံရှိ ရွှေတြိဂံဒေသသို့ သွားရောက်ခဲ့ပြီးနောက် ပျောက်ဆုံးနေကြောင်း The New Arab သတင်းတွင် ဖော်ပြထားသည်။

Taoufiq သည် ထိုဒေသတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသော မော်ရိုကိုလူမျိုးများအကြောင်း ဖော်ထုတ်ရန် ကြိုးစားပြီးနောက် ယခုလိုပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

“သူနဲ့ကျတော်က ဗီယက်နမ်မှာ အတူတူနေခဲ့တာ။သူ့မှာ ရွှေတြိဂံဒေသကို သွားချင်တဲ့ဆန္ဒရှိတယ်လို့ ကျတော့်ကို ပြောဖူးတယ်” ဟု Taoufiq နှင့်အတူ ဗီယက်နမ်သို့ အတူသွားခဲ့သည့် အခြားမော်ရိုကို YouTuber “Amjad Rami” က ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/bderywdw
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြင်းမူတွင် စစ်ကောင်စီတပ် အမျိုးသားတစ်ဦးကို သတ်၊ ၁၀ဦးထက်မနည်း ဖမ်းဆီးခံထားရ

6 June 2024 By Nway / MPA

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အာလကပ္ပရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး ပြည်သူ ၁၀ဦးထက်မနည်း ဖမ်း‌ဆီးခံထားရကြောင်းသိရသည်။

ယနေ့(ဇွန်လ ခြောက်ရက်) ၊ နံနက် ကိုးနာရီခွဲခန့်တွင် မုံရွာ - မန္တလေးအမြန်လမ်းမကြီး၊ အာလကပ္ပလမ်းပိုင်း ၊ တို့မြန်မာကျော်ဆီဆိုင် အထိုင်ချဂိတ်မှ စစ်သားအင်အား ၄၀ခန့်သည် ကားဖြင့် အာလကပ္ပရွာထဲသို့ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြင်းမူမြို့နယ်အနောက်ခြမ်းရှိ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2p9mvtpc
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ချောင်းဦးမြို့ခံများကို လူသားဒိုင်းအဖြစ် အသုံးချရန် စစ်ကောင်စီတပ် ပေါ်တာ‌ဆွဲ

6 June 2024 By Ra Wai / MPA

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်တွင် စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးချရန် မြို့ခံများကို ယနေ့(ဇွန်ခြောက်ရက်)နံနက်တွင်ပေါ်တာဆွဲခဲ့ကြောင်းသိရသည်။

ဇွန်လ ခြောက်ရက်၊ နံနက် ခြောက်နာရီဝန်းကျင်၌ ချောင်းဦးမြို့ပေါ် အခြေစိုက် စစ်သားများက မြို့ထဲရှိ ပြည်သူများကို လိုက်လံဖမ်းဆီးခဲ့ရာ အောင်ချမ်းသာရပ်ကွက်က သိုးကျောင်းသား နှစ်ဦးနှင့် လမ်းသွားလမ်းလာ အမျိုးသား တစ်ဦးတို့ ဖမ်းဆီးခံထားရကြောင်း ချောင်းဦးမြို့ခံတစ်ဦးထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4cm2c4yv
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
နွားထိုးကြီး ဘုန်းကြီးကျောင်းထဲ စစ်တပ်ကြဲချသည့် ဗုံးသုံးလုံးကျ၊ ဘုန်းကြီး နှစ်ပါးနှင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရဟု ကနဦး သိရ

6 June 2024 By Ra Wai / MPA

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်သို့ ဗုံးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးနှစ်ပါးနှင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။

ယနေ့(ဇွန်လခြောက်ရက်)နံနက် ၁၁နာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလေးလုံးကြဲချခဲ့ရာ ဘုန်းကြီးကျောင်းထဲသို့ သုံးလုံးနှင့် စာသင်ကျောင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း နွားထိုးကြီးမြို့နယ်ပကဖထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5d5tjkut
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
စစ်ကောင်စီတပ် ဖမ်းဆီး မိုင်းရှာခိုင်းခြင်းခံရသော မြင်းမူပြည်သူတစ်ဦး မိုင်းထိ သေဆုံး

6 June 2024 By Nway / MPA

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ် ဖမ်းဆီး မိုင်းရှာခိုင်းခြင်းခံရသော ပြည်သူ တစ်ဦး မိုင်းထိ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ (ဇွန်လ ခြောက်ရက်) ၊ နံနက် ကိုးနာရီခွဲခန့်က မြင်းမူမြို့နယ်၊ အာလကပ္ပရွာမှ ပြည်သူ ၁၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ရွာထဲဝင်ရောက် ဖမ်းဆီးခဲ့ပြီးနောက် နေ့ခင်း ၁၁နာရီခွဲခန့်တွင် ယင်းပြည်သူများ အား မိုင်းရှာခိုင်းခြင်းဖြစ်ကြောင်း မြင်းမူမြို့နယ်အနောက်ခြမ်းမှ ဒေသခံပြည်သူတစ်ဦးထံက သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/yxrm7jcj
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ရေး ခလရ ၁၀၆မှ ဗိုလ်မှူးကို သေနတ်နှစ်လက်၊ကားတစ်စီးနှင့်တကွ အရှင်ဖမ်းမိ

6 June 2024 By Nway / MPA

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်အခြေစိုက် ခလရ၁၀၆ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးကို သေနတ်နှစ်လက်၊ကားတစ်စီးနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ငါးရက်တွင် ခလရ ၁၀၆ တပ်ရင်းမှ ဗိုလ်မှူး သန်းနိုင်စိုး ဈေးဝယ်ထွက်လာစဉ် MA5 ပစ္စတိုတစ်လက် ၊ MA3 တစ်လက်၊ ကားတစ်စီးနှင့်အတူ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/mt4fv2vu
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မြဝတီ အလုပ်အကိုင် ကမ်းလှမ်းမှုအတုများကို အိန္ဒိယနိုင်ငံသားများ သတိထားကြရန် သံရုံး ထုတ်ပြန်

6 June 2024 By MPA

မြန်မာနိုင်ငံ၊ မြဝတီဒေသရှိ အလုပ်အကိုင်ကမ်းလှမ်းမှုအတုများကို အိန္ဒိယနိုင်ငံသားများ သတိထား ကြရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတိပေးလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အလုပ်အကိုင်ရှာဖွေနေသော အိန္ဒိယနိုင်ငံသားများအား အလုပ်အကိုင် ကမ်းလှမ်းမှုအတု သို့မဟုတ် တရားမဝင်အလုပ်များ၏ သွေးဆောင်ခြင်းမခံရစေရန် သတိပေး တိုက်တွန်းထားခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2m7p6n7p
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ရွှေ့ပြောင်းလုပ်သားဗီဇာ ရန်ကုန် ထိုင်းသံရုံးတွင် လျှောက်ထားနိုင်ပြီ

6 June 2024 By MPA

ရွှေ့ပြောင်းလုပ်သား ဗီဇာ ကို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါဗီဇာလျှောက်ထားမှုကို တစ်နေ့လျှင် အယောက် ၄၀၀ လက်ခံမည်ဖြစ်ပြီး ပြည်ပ အလုပ်အကိုင်ခေါ်ယူရေးအတွက် လုပ်ကိုင်ခွင့်ရထားသည့် MOUကုမ္ပဏီများအနေဖြင့် အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူ လျှောက်ထားရမည်ဟု မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံး(ရန်ကုန်)က မေလငါးရက်တွင် ထုတ်ပြန်ထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/454hau2x
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
ဇွန် ၆ အလုပ်သမားတိုက်ပွဲ နှစ် (၅၀) ပြည့်ပြီ

6 June 2024 By MPA (မှတ်တမ်းဆောင်းပါး)

အလုပ်သမားထုကြီးသည် သမိုင်းဝင် အလုပ်သမားသပိတ်လှုပ်ရှားမှုအား ရဲဝင့်စွာ ဖော်ဆောင်ခဲ့ကြပြီး အလုပ်သမားများ၏ အခွင့်အရေး အပြည့်အဝရရှိရေးအတွက် စုပေါင်း၍ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြရာ ၁၉၇၄ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့မှသည် ယနေ့တွင် (၅၀)နှစ်တိုင် ရောက်ရှိခဲ့ပြီ ဖြစ်သည်။

၁၉၆၂ စစ်အာဏာသိမ်းအစိုးရက ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုကာ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို ဖော်ဆောင်လာခဲ့သည်။

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေပြုလုပ်ပြီးနောက် တစ်တိုင်းတစ်ပြည်လုံးအထွေထွေအကျပ်အတည်း ဖြင့်ရင်ဆိုင်ရကာ ၁၉၇၄ ခုနှစ် မတ်လတွင် ရန်ကုန် ဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ် RASU (ယခု ရန်ကုန်တက္ကသိုလ်) အနီးရှိ ကမာရွတ် ရဲစခန်း မီးရှို့မှု ပေါ်ပေါက်လာခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2f83ppa8
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
မှောင်ခိုတန်းမှ စျေးလေးဆပိုပေးဝင်ကြည့်ရသည့် ပရိသတ်သောင်းချီရှေ့ ရှုံးနိမ့်ခဲ့သည့် မြန်မာအသင်း

7 June 2024 By MPA (Photo News)

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ ဇွန် ၆ ရက်၊ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဆိုပါပွဲလက်မှတ်များမှာ မှောင်ခိုဈေးကွက်တွင် ပုံမှန်ဈေးနှုန်းထက် လေးဆခန့်မြင့်တက်ခဲ့ကြောင်း သိရသည်။

ပွဲလက်မှတ်များသည် ညနေ ၄ နာရီကျော်ကတည်းက ကုန်သလောက်ဖြစ်နေခဲ့ပြီး မှောင်ခိုတန်းမှ ဈေးလေးခန့်ပိုပေး၍ ဝယ်ယူနေကြသည့် ပရိတ်သတ်များကိုလည်း တွေရှိခဲ့ရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/4w989m54
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en