ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် မိခင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ပြန်လွှတ်ပေးရေးနှင့် မင်းအောင်လှိုင်၏ လုပ်ရပ်များ တာဝန်ခံမှု ရှိစေရေး တောင်းဆိုရန် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်ပြော

အောက်တိုဘာ ၂၀ ရက်
မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးနေကြသည့် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် တာဝန်ခံမှုရှိစေရန် တောင်းဆိုပေးရန်နှင့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် တောင်းဆိုပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် တောင်းဆိုလိုက်သည်။
ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ကြည့်မိတိုင်း လူများအနေဖြင့် နေ့စဉ်ဘဝတွင် သာမန်ကိစ္စများအဖြစ် ထင်မြင်တတ်သည့် အရာများ၏ တန်ဖိုးကို သတိပြုမိကြောင်းနှင့် ထိုအရာမှာ လွတ်လပ်ခွင့်ဖြစ်ကြောင်း ပြောဆိုသည်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘာဝအလှအပများကို ခံစားနိုင်ခြင်း၊ နေရောင်ခြည်အောက်တွင် လွတ်လပ်စွာ နေထိုင်နိုင်ခြင်းနှင့် မိသားစုနှင့်အတူ နေထိုင်နိုင်ခြင်းတို့သည် လူတိုင်းရသင့်သည့် ရိုးရှင်းသော်လည်း တန်ဖိုးရှိသည့် အခွင့်အရေးများဖြစ်ကြောင်းလည်း ကိုထိန်လင်းက လူမှုကွန်ရက်တွင် ရေးသားတောင်းဆိုထားသည်။
လက်ရှိတွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၁ နှစ်ရှိပြီဖြစ်သော်လည်း မတရားဖမ်းဆီးခံထားရဆဲဖြစ်ပြီး ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်တောက်ခံထားရကာ ဖွက်ထားခံနေရဆဲဖြစ်သည့်အတွက် ယင်းကဲ့သို့ ရိုးရှင်းသည့် ပျော်ရွှင်မှုများကိုပင် ခံစားခွင့်မရရှိကြောင်း ကိုထိန်လင်းက ဆိုထားသည်။
ထို့နောက် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးနေကြသည့် ကမ္ဘာ့ခေါင်းဆောင်များကို မေးခွန်းထုတ်သည့်အနေဖြင့် မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် တာဝန်ခံမှုရှိစေရန် တောင်းဆိုခဲ့ကြခြင်း ရှိ၊ မရှိနှင့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြခြင်း ရှိ၊ မရှိကို ကိုထိန်လင်းက မေးမြန်းထားသည်။
“မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးနေကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျွန်တော် မေးချင်တယ်။ သူ့လုပ်ရပ်တွေအတွက် တာဝန်ခံဖို့၊ ကျွန်တော့်မေမေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ခင်ဗျားတို့ တောင်းဆိုခဲ့ကြရဲ့လား” ဟု ကိုထိန်လင်းက ပြောဆိုသည်။
ကိုထိန်လင်းက မိမိအနေဖြင့် လိုချင်သည်မှာ များပြားသည့် အရာမဟုတ်ဘဲ မိခင်ဖြစ်သူ၏ ဘဝလက်ကျန်အချိန်များကို မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းနိုင်စေရန်သာ လိုလားကြောင်း ပြောဆိုသည်။
“ကျွန်တော် လိုချင်တာ မများပါဘူး။ မေမေ့ဘဝရဲ့ ကျန်ရှိတဲ့အချိန်လေးတွေကို မိသားစုနဲ့အတူ အေးအေးချမ်းချမ်း ဖြတ်သန်းစေချင်တာပါပဲ” ဟု ၎င်းက ဆိုထားသည်။
ထို့အပြင် လွတ်လပ်ခွင့်သည် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အတွက်သာမက မြန်မာပြည်သူများအတွက်လည်း ရရှိသင့်သည့် အခွင့်အရေးဖြစ်ကြောင်း ကိုထိန်လင်းက အလေးထားရေးသားထားသည်။
“မေမေလည်း လွတ်လပ်ခွင့်ရသင့်တယ်။ မြန်မာပြည်သူတွေလည်း လွတ်လပ်ခွင့်ရသင့်တယ်” ဟု ၎င်းက ရေးသားထားပြီး အဆုံးတွင် “မေမေ့ကို လွှတ်ပေးပါ။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ” ဟု ထပ်မံတောင်းဆိုထားသည်။
အကြမ်းဖက်စစ်တပ်က ယမန်နေ့ ဗြိတိန်ဘုရင် ချားလ်စ်က ပေးပို့သော စာအုပ်နှင့် အိတ်ပိတ်စာများကို ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်ပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
↪ မြန်မာသတင်း | MYANMAR NEWS» @MMNewsLive

မာန်အောင်မြို့နယ်ရှိ ကအီးချောင်းတွင် Check Dam တည်ဆောက်၍ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးသွားမည်

အောက်တိုဘာ ၁၉၊ ၂၀၂၆
မာန်အောင်မြို့နယ်ရှိ ကအီးချောင်းတွင် Check Dam တည်ဆောက်၍ ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထိုသို့ ဆောင်ရွက်မည့်အခြေအနေများကို အောက်တိုဘာ ၁၇ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထို့အတူ ဆားချက်ကျေးရွာ ရေရရှိရေးအတွက် ဆားချက်ဆည်မှ ကျေးရွာအတွင်းသို့ ရေပေးရေး ဆောင်ရွက်မည့်အခြေအနေ၊ ပလင်တောကျေးရွာနှင့် သာယာကုန်းကျေးရွာ ရေရရှိရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ထိုမှတစ်ဆင့် အခြေခံပညာအထက်တန်းကျောင်း (ဆားချက်)၊ အခြေခံပညာအထက်တန်းကျောင်း (သာယာကုန်း) တို့ရှိ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာသူ ကျေးရွာသားများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရေး၊ ကျောင်းဆောင်များ ကောင်းမွန်စေရေး၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးနှင့် ရေရရှိရေးအတွက် ဆောင်ရွက်နိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ခအုန်းမော်ကျေးရွာအုပ်စုတွင် မာန်အောင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ဆိုလာစက်ရုံကိုလည်းကောင်း၊ ဆိုလာစက်ရုံအနီးရှိ အမဲသားပြားလွှာစက်ရုံ တည်ဆောက်မည့်နေရာကိုလည်းကောင်း၊ ဆားချက်တိုက်နယ်ဆေးရုံကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း (ဇရပ်ကုန်းခင်)၊ အခြေခံပညာအလယ်တန်းကျောင်း(မျှော်တော်ဦး)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (အိုးဝ)နှင့် အခြေခံပညာအထက်တန်း ကျောင်း(ကမား)တို့ရှိ ဆရာ ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာသူ ကျေးရွာသားများအား သွားရောက်တွေ့ဆုံအားပေး စကားပြောကြားသည်။
ထို့အတူ မျှော်တော်ဦးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းကာ မျိုးစေ့ထုတ်စိုက်ခင်းဧက ၂၀ ဖြစ်ထွန်းအောင်မြင်မှု၊ ဇီးတောကျေးရွာတွင် မာန်အောင်ကျွန်းကို အခြေခံ၍ သဘာဝကျောက်ပုစွန် မွေးမြူရေးလုပ်ငန်း အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စမ်းသပ်လုပ်ကွက်များ ဆောင်ရွက်နေမှု၊ သရော်တောကျေးရွာသွားလမ်း၊ ကမားကျေးရွာကုန်ထုတ်လမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေ၊ မျှော်တော်ဦးကျေးရွာ ရေရရှိရေးအတွက် မြေသားရေကန်တူးဖော်နိုင်ရေး၊ သစ်ပုံချောင်းတွင် Check Dam တည်ဆောက်၍ ရေရရှိရေးဆောင်ရွက် မည့်အခြေအနေ၊ ပြင်ကောက်ကျေးရွာ ရေရရှိရေး ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။
↪ မြန်မာသတင်း | MYANMAR NEWS» @MMNewsLive
📰 မြန်မာသတင်း | MYANMAR NEWS
သတင်းများကို အမျိုးအစားအလိုက် ရှာဖွေရန်၊ သိမ်းဆည်းရန်၊ မိတ်ဆွေများထံ မျှဝေရန် —
သတင်းလမ်းညွှန် Bot မှ ဝန်ဆောင်ပေးပါသည်။
👇 အောက်ပါခလုတ်မှ ဝင်ရောက်နိုင်ပါသည်။

ယူကရိန်းသမ္မတ ဇလန်းစကီးက လော့ခ်ဟိဒ် မာတင်ထံ လက်နက်များ တောင်းခံခဲ့ရာမှ အရုပ် F-16 တိုက်လေယာဉ်သာ ရရှိခဲ့

လော့ခ်ဟိဒ် မာတင် (Lockheed Martin) ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့ဟာ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ် (Kiev) မြို့တော်ကို လာရောက်လည်ပတ်ခဲ့ပြီး၊ ပူးတွဲထုတ်လုပ်ရေးနဲ့ နည်းပညာလွှဲပြောင်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။
သို့သော် သဘောတူညီချက် တစ်စုံတစ်ရာနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။
ဇလန်းစကီး လက်ဝယ် ရရှိခဲ့တာကတော့ လော့ခ်ဟိဒ် မာတင်က ပြန်ခါနီးလက်ဆောင်အဖြစ် ပေးအပ်ခဲ့တဲ့ F-16 တိုက်လေယာဉ် ပုံစံငယ်အရုပ် တစ်ရုပ်ပဲ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ လက်တွေ့ရရှိထားတဲ့ F-16 လေယာဉ်တွေဆိုတာကလည်း ဥရောပနိုင်ငံတွေက ပေးအပ်ခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာက (၁၉၈၀ ပြည့်လွန်နှစ်တွေအစောပိုင်းက) တည်ဆောက်ခဲ့ပြီး နောက်ပိုင်းမှ အဆင့်မြှင့်တင်ထားတဲ့ တစ်ပတ်ရစ် လေယာဉ်ဟောင်းတွေသာ ဖြစ်ပါတယ်။
အနည်းဆုံးတော့ အခုရတဲ့ ပုံစံငယ်အရုပ်လေးကတော့ အသစ်ဖြစ်နေပါတယ်။
↪ မြန်မာသတင်း | MYANMAR NEWS» @MMNewsLive
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်မရေးထိုးထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် နိုင်ငံရေးပါတီများက ဘာသာပေါင်းစုံကွဲပြားနေသည့် ပြည်သူများကို ပေါင်းစည်းပေးပြီး လူမှုသဟဇာတဖြစ်ရေးကို ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
↪ မြန်မာသတင်း | MYANMAR NEWS» @MMNewsLive
သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်၌ ၄ ရက်တိုင်ကျင်းပမည်

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းသီ တင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲအား အောက်တိုဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ၄ ရက်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။