Let's Learn Programming - Myanmar
2.93K subscribers
205 photos
9 videos
2 files
154 links
Let's Learn Programming ရဲ့ telegram channel လေးပဲဖြစ်ပါတယ်။ ဒီ channel လေးကနေ Knowledge Sharing တွေ ၊ ထပ်မံဖွင့်လှစ်တဲ့ သင်တန်းအကြောင်းတွေ ၊ Computer Science ရဲ့ပတ်သတ်တဲ့ ebook file resources တွေကို share သွားပေးမှာပါ။
Download Telegram
Let's Learn Programming - Myanmar 🤝 ပြေးလမ်း Event
Let's Learn Programming - Myanmar အနေနဲ့ လူငယ်များ လက်ရှိကြုံတွေ့နေရတဲ့ ပညာရေးနှင့် အလုပ်အကိုင်အခက်အခဲများအတွက် mentoring လုပ်ပေးသွားမယ့် AIESEC in Mandalay ကနေ ဦးစီးကျင်းပတဲ့ "ပြေးလမ်း" event လေးရဲ့ social media collaborator အဖြစ် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ထားပါတယ်။
"ပြေးလမ်း" လို့အမည်ရတဲ့ (၂) ရက်တာကျင်းပသွားမယ့် event ဟာဆိုရင် လူငယ်တိုင်း လက်ရှိအခြေအနေမှာ ခံစားနေရတဲ့ ပြည်တွင်း (သို့) ပြည်ပဆိုင်ရာပညာရေး နှင့် အလုပ်အကိုင်ပြင်ဆင်မှုဆိုင်ရာ အခက်အခဲများ၊ ငွေကြေးအခက်အခဲကြောင့် ရှေ့ဆက်လုပ်ချင်တဲ့အရာတွေအတွက်တွေးပူမှုများ အစရှိသည်တို့အတွက် Mentoring ပြုလုပ်ပေးသွားမှာဖြစ်လို့
📌 ငွေကြေးစီမံခန့်ခွဲခြင်း အသိပညာရလိုသူများ
📌 ပညာရေးလမ်းကြောင်းဆိုင်ရာ တွေးပူနေသူများ
📌 အလုပ်အကိုင်ရရှိရေးအတွက်ပြင်ဆင်နေသူများ
📌 Career field ကူးပြောင်းချင်သူများ
📌 Freelance လုပ်ဖို့ စိတ်ဝင်စားနေသူများ
အတွက် အကူအညီဖြစ်စေမှာဖြစ်ပါတယ်။
ဒါ့အပြင် ပွဲတက်ရောက်သူတို့အတွက် ကိုယ်ရဲ့လက်ရှိဖြစ်နေတဲ့ အခက်အခဲကို သေချာဆွေးနွေးခွင့်ရမယ့် Consultancy and networking space လေးလည်း ပါဝင်တာမို့ တက်ရောက်သူများအတွက် အထောက်အကူဖြစ်မယ့် Event လေးတစ်ခု ဖြစ်ပါတယ်။
"ပြေးလမ်း" event လေးရဲ့ update တွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့ အောက်ပါ event link လေးကို interested / going လုပ်ထားပြီး စောင့်ကြည့်ပေးပါဦးနော်
➡️ Event Link :
https://bit.ly/PyayLann_Event
#ပြေးလမ်း #Pyay_Lann
#fianance #education #career
#aiesecinmandalay