Learn To Donate
361 subscribers
2 photos
1 video
5 files
4 links
Download Telegram
Channel created
Hello Learn To Donate Members, Welcome to Learn To Donate
၃ ရက်အတွင်းဝင်ငွေ
English Myanmar Conversation_v1.0.apk
5 MB
English Myanmar Conversation Game
၅ ရက်အတွင်း ဒေါင်းလုပ် ၁ သိန်းကျော်ရရှိ ၊ ဆော့ရင်း လှူပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
This media is not supported in your browser
VIEW IN TELEGRAM
PDF Hero 2 Game မကြာခင်လာပါတော့မယ်။
PDF Hero2 ဘာကြောင့် ကြော်ငြာမပေါ်လဲဆိုတာ အဖြေတွေ့ပါပြီ။
PlayStore ကို Submit မလုပ်ခင်ကတည်းက ကြော်ငြာ Code ကို သုံးထားမိပါတယ်။ PlayStore ပေါ်ရောက်ပြီးတော့ ကြော်ငြာ Code ကို Review အတွက် Submit မလုပ်ဖြစ်ခဲ့ပါ။
ဒါကြောာင့် တော်တော်များများမှာ ကြော်ငြာ မပေါ်ဖြစ်နေတာပါ။
ကြော်ငြာ Code အသစ် နဲ့ Version အသစ်ကို Update လုပ်ပေးပါ။
ကြော်ငြာ Code အသစ်က Under Review ပဲရှိနေသေးတဲ့အတွက် Update လုပ်ပြီး ကြော်ငြာ ချက်ချင်း မပေါ်လောက်သေးပါ။ ဒါပေမယ့် ပုံမှန် အတိုင်း ဆက်သုံး ပေးခြင်းအားဖြင့် Approve ဖြစ်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။
နောက်တစ်ရက် လောက်ဆို ကြော်ငြာပေါ်လောက်ပါပြီ။
Version အသစ်ကို အောက်ပါလင့်တွေမှာ Update လုပ်ပေးပါ။
PlayStore Link
https://bit.ly/3nwc3qJ
APK Pure
https://apkpure.com/p/com.learntodonate.PDFHero2
PDFHero2_V1.0.1.apk
20.9 MB
Update Version V1.0.1
PDF Hero2 Update (Mission 1 to 5)
Mission တစ်ခုထဲကိုပဲ ထပ်ခါထပ်ခါ ဆော့ပြီး ပျင်းစရာ မဖြစ်ရအောင် Mission 1 to 5 ပါတဲ့ Version 1.0.4 ကို Launch လုပ်လိုက်ပါတယ်။
တစ်ခါဆော့ပြီးတိုင်း ကိုယ့် Profile Page မှာ ဘယ်လောက် ဝင်ငွေလှူပြီးသွားပြီလဲ၊ ကိုယ့် Level ဘယ်လောက်ရပြီလဲဆိုတာ ကြည့်ရှုနိုင်ပါတယ်။
ဒီလင့်တွေကိုနှိပ်ပြီး Update လုပ်ပေးပါ။
PlayStore Link
https://bit.ly/3nwc3qJ
APK Pure
https://apkpure.com/p/com.learntodonate.PDFHero2
PDF Hero2 V1.0.4.apk
23.3 MB
PDF Hero2 Version 1.0.4
ကြော်ငြာကြည့်သူတွေ သမိုင်းမှတ်တိုင် စိုက်ထူနိုင်မဲ့ Mobile App

စိတ်ကူးပုံဖော်ကြည့်လိုက်ပါ။

၂၀၅၀ ခုနှစ်လောက် ၊ နေ့တစ်နေ့မှာပေါ့။ နောင်လာမယ့် မျိုးဆက်သစ်တွေကို သင်ပြန်ပြောပြနေလိမ့်မယ်။

၂၀၂၁ အာဏာသိမ်းတုန်းက ဘယ်လိုဒုက္ခတွေ ကြုံခဲ့ရကြောင်း ၊ ဘယ်လိုတွေ ပြေးခဲ့ရကြောင်း ၊ တော်လှန်ရေးကြီးအကြောင်းတွေပေါ့။
"အဲတုန်းက မေမေတို့ ၊ ဖေဖေတို့ ဘယ်လို ပါဝင်လှုပ်ရှားခဲ့ကြလဲ လို့ မျိုးဆက်သစ်တွေက မေးလာရင်
သင် ဘယ်လို ပြန်ဖြေမလဲ။

ငါတို့ FB ပေါ်ကနေ ဆဲပေးတယ် ၊ ငါတို့ လိပ်ပြာလုံတယ် ဆိုတဲ့ စကားလုံးတွေဟာ သူတို့အတွက် ဟာသတွေ ဖြစ်နေမှာ။

ကျွန်တော်တို့ ရဲ့ Hero တွေ လို သူရဲကောင်းတွေ မဟုတ်ရင်တောင် ၊ သူတို့ကို ထောက်ပံ့နိုင်တဲ့ ထောက်ပို့နေရာမှာ တစ်တပ်တစ်အား ပါဝင် နိုင်တယ်ဆိုရင် သင့်မှာ ဖြေစရာရှိပါလိမ့်မယ်။
ဒါဆိုရင် ဘယ်မှာ လဲ Proof ? ဘယ်မှာလဲ Record?

အခုဆိုရင် Clicker တွေကြောင့် Hero တွေအတွက် အများကြီး အထောက်အပံ့ဖြစ်ခဲ့ပါတယ်။

တစ်ချို့ဆို တစ်ရက်ကို ကြော်ငြာ အကြိမ် ၃၀၀ ကနေ ၅၀၀ လောက် နေ့စဉ် ကြည့်ကြတယ်။
တစ်ချို့ကြတော့ ၁ ရက် ၂ ရက်လောက်ပဲ ကောက်ရိုးမီး ဖြစ်ပြီး နောက်ကြတော့ မကြည့်ဖြစ်ကြတော့ဘူး။

ဒါကြောင့် ကြော်ငြာ ကြည့်တဲ့သူ ၊ သူငယ်ချင်းတွေကို Invite လုပ်ပေးနိုင်သူတွေအတွက်
နေ့စဉ် ၊ အပတ်စဉ် ၊ လစဉ် Record တွေ လုပ်ပြီး Milestone တွေ စိုက်ထူနိုင်မယ့် App လာပါတော့မယ်။

ဒီ App မှာ တစ်ဦးချင်စီ ရဲ့ နေ့စဉ် ၊ အပတ်စဉ် ၊ လစဉ် ကြော်ငြာကြည့်တဲ့ဝင်ငွေ နဲ့ ညီတဲ့ Point တွေ ကို မှတ်သားထားမှာဖြစ်ပြီး

Contributor of the week, month စသည်ဖြင့် ဒီအပတ် ၊ ဒီလ ကြော်ငြာ အများဆုံး ကြည့်သူတွေကို Reward တွေ ၊ Certificate တွေ ပေးမှာဖြစ်ပြီး ၊ မိမိတို့ နာမည် နဲ့ Hero တွေကို လှူဒါန်းခွင့်ရမှာဖြစ်ပါတယ်။

ရရှိတဲ့ Point အနဲ အများအလိုက် စီပြီး Contributor List ကို App နဲ့ Website တွေမှာ နှစ်ပေါင်းများစွာအထိ Record ကျန်အောင် သိမ်းပေးထားမှာဖြစ်ပါတယ်။
ဘယ်တိုင်း ၊ ဘယ်ပြည်နယ်က ဘယ်လောက်အထိ Contribute လုပ်ကြလဲဆိုတာကိုလဲ သိရှိနိုင်မှာဖြစ်ပါတယ်။

ကြော်ငြာကြည့်ရင်း ၊ ဗဟုသုတ ရစေမယ့် ဆောင်းပါးတိုလေးတွေကို eBook အနေ နဲ့ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ သင့်ရဲ့ Contribution သမိုင်းမှတ်တိုင်တွေ စိုက်ထူနိုင်မယ့် Learn To Donate Mobile App ရက်ပိုင်းအတွင်း လာပါတော့မယ်။ Android App အရင်လာပါမယ်။ ပြီးမှ iOS ရပါမယ်။

အခုလောလောဆယ်တော့ PDF Hero Game ကိုပဲ နေ့စဉ် ဆော့ပေးကြပါ။
The account of the user that owns this channel has been inactive for the last 5 months. If it remains inactive in the next 9 days, that account will self-destruct and this channel may no longer have an owner.