Knowledge Channel
1.33K subscribers
3.1K photos
30 videos
3 files
3.76K links
သင်က ဗဟုသုတတွေ လိုလားရင် ဒီချန်နယ်လေးကသင့်ကို ကြိုဆိုပါတယ်။

ချန်နယ်လေးက အကျိုးရှိတယ်ဆိုရင် Join ထားလို့ရပါတယ်။

Join 👉 @Knowledge_Channel_By_Timmy

Bot 👉 @knowledgechannelbytimmy_bot

Since Date : December 9, 2023

ကောင်းသောနေ့လေးဖြစ်ပါစေ။

#Timmy
Download Telegram
နိုင်ငံခြားသွားဖို့အတွက် Eng စာဘယ်လိုလေ့လာရမလဲ။ Part 1


အင်္ဂလိပ်စာ စလေ့လာဖို့က နောက်ကျတယ်ဆိုတာမရှိပါဘူး။ ကျွန်မကိုယ်တိုင် အသက် 16 / 17 မှ ကကြီးရေက လေ့လာခဲ့တာပါ။
ဘယ်နှနှစ်ကြာခဲ့လဲတ်ို့ ဘယ်လိုလေ့လာခဲ့လဲတို့ မပြောပြခင် educational background လေးအရင်ပြောပြမယ်နော်။

ငယ်ငယ်က ကိုယ့်ဘာသာ ပညာရေးကောင်းတယ်ထင်ပေမဲ့ တကယ့်တကယ်အများကြားထဲရောက်တော့ ငယ်ငယ်က ပညာရေးမကောင်းခဲ့ဘူးပြောရမယ်။

ကျောင်းပညာရေးမှာဆိုရင် English subject က အမှတ် 50 ဝန်းကျင်ပါ။ ကျောင်းက English subject တောင် အဲ့အမှတ်ဆိုတော့ ငယ်ငယ်အပြင်သင်တန်းတွေမတက်ခဲ့တာ သိသာမယ်ထင်ပါတယ်။

ကိုးတန်မှာ အခြားမြို့ပြောင်းပါတယ်။ အဲ့မှာလဲ English အမှတ်က အမြဲ C ပါဘဲ။ ဒါမဲ့ ကိုးတန်းနှစ်ဆုံးခန်းနီးမှာ သူငယ်ချင်းတစ်ယောက်ကြောင့် English စာစိတ်ဝင်စားလာတော့ graded reader တွေထင်တယ်၊ ကျောင်းက ဆရာမတစ်ယောက်ရဲ့ English စာအုပ် ပါးပါးလေးတွေရယ်၊ အပေါ်ကပြောခဲ့တဲ့ သူငယ်ချင်းနဲ့အတူ English သီချင်းတွေ ဘာသာပြန်တာတွေ လျှောက်လုပ်ခဲ့တယ်ပေါ့နော်။

အဲ့တာနဲ့ ၁၀ တန်းမှ အမှတ်စကောင်းလာပါပြီ။ A နဲ့ B ကို ပတ်ရနေတာပါ။ ဆယ်တန်းအောင်တော့ 71 မှတ်နဲ့ပါ။
ဒါက ကျောင်းစာ တစ်ပိုင်းပါ။ အခုက ဆယ်တန်းပြီး လေ့လာခဲ့ပုံက်ိုပြောပြပါမယ်။

ဆယ်တန်းလဲပြီး Covid ကြောင့် အပြင်လဲမထွက်ရဘူး။ ဆယ်တန်း တစ်နှစ်လုံး အားအားယားယားနေနေတာကနေ ၂၀၂၁ လောက်မှာ YouTube vlogs တွေစကြည့်တယ်။ အဲ့တုန်းက Ha sister က ပေါ်ကာစ ထင်တယ်။ သူ့က်ို vlogs တွေကို ကြည့်ဖြစ်တယ်။ နားလည်လား ဆိုရင်၊ မလည်ပါဘူး။ ရုပ်တွေဘဲ လိုက်ကြည့်တာပါ။ ဒါမဲ့ အဲ့မှာ exposure အတော်လေးရပြီး စာစလုပ်တော့ လွယ်ကူခဲ့တယ်။

နောက်တစ်ခုက အဲ့တုန်းက အိမ်မှာ အားနေလို့ဆိုပြီး online က university foundation လေးတစ်ခုတက်တယ်ပေါ့နော်။ အဲ့တုန်းက ဆယ်တန်းတုန်းက သူငယ်ချင်းနဲ့အတူတူတက်တယ်ပေါ့နော်။ program က English လိုသင်တာပါ။ ဘာမှနားမလည်ခဲ့ပါဘူး။ ဆရာမတစ်ယောက်နဲ့ဆိုရင် ကိုယ်က နားမလည်တာကို သူက စာလိုက်မလုပ်တာထင်ပြီး ခဏခဏ ဆူခံရတယ်။ classmates တွေကကောင်းတော့ သူတို့က zoom chat ကနေ ရှင်းပြကြတယ်။
အဲ့တာနဲ့ အားငယ်ပြီး စာစလုပ်တယ်ဘဲ ဆိုပါတော့။

ဆယ်တန်းက reading နဲ့ grammar ကောင်းတယ်။ ဆယ်တန်းပြီးတော့ အပေါ်က အကြောင်းပြချက်တွေကြောင့် listening နားရည်ဝတယ်။ အဲ့မာ speaking ကို အသည်းအသန်ကျင့်တယ်။ 💜
ဘယ်လိုကျင့်လဲဆိုရင် အိမ်မှာ အိမ်သန့်ရှင်းရေးလုပ်ကူရင်း ပါးစပ်ကနေ ကိုယ်ပြောချင်တာတွေ အကုန်မှန်သမျှ ကိုယ့်ဘာသာ English လိုပြောတာပါ။

အဲ့အကြောင်းကိုလည်း ဒီမှာရေးထားတာရှိပါတယ်။
https://www.facebook.com/mindingmy20s/posts/198308400004658

နောက်တစ်ခုကကျ grammar ပါ။


Grammar ကကျ ဆယ်တန်းက ရထားတယ်ဆိုပြီး လွယ်မယ်ထင်လို့အသေဖိလုပ်ခဲ့တယ်။ Grammar in use ကို level သုံးခုလုံးကို ကိုင်ခဲ့တာပါ။ ( အဲ့နည်းက အဆင်မပြေပါဘူးနော်၊ ကိုယ့် level နဲ့ကိုက်ညီတာဘဲ လေ့လာပါ။) it was a waste of time ပါရှင့်။

အခြားဘယ်လိုလေ့လာလဲဆိုတာတော့ ဒီမှာဖတ်ပါ။

https://www.facebook.com/mindingmy20s/posts/119840367851462

အဲ့လိုနဲ့ အဓိကအားဖြင့် grammar in use, vocabulary in use ရယ် YouTube video တွေကြည့်ပြီး လေ့လာရင်း ၆ လအကြာမှာ EnglishScore မှာ 354 စရလာခဲ့ပါတယ်။

အဲ့တာပြီးတော့ စာလုပ်တာရပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အဲ့တုန်းက YouTube video တွေနားလည်ရင်ရပြီဆိုပြီး ရပ်လိုက်တာပါ။
အဲ့တုန်းက တကယ်က်ို ဘာအတန်းမှမတက်ခဲ့တာပါ။
Intermediate ရောက်ပြီး အတန်းတွေ စ join တာ သုံးခုလောက်ရှိမယ်။ အဲ့တုန်းက အတန်းတွေက သိပ်အဆင်မပြေလို့ တစ်ပတ်၊နှစ်ပတ်ဘဲတက်ပြီး ထွက်လိုက်တာတွေကြည့်ဘဲ။ အဲ့လိုနဲ့ intermediate မှာတင်ရပ်သွားတယ်။
ဒါမဲ့ vlogs ကြည့်တာတွေက မရပ်ခဲ့ပါဘူး။

အိမ်က တူလေးကိုလည်း စာသင်တယ်၊ အခြားမြို့ကိုပြောင်းတော့လဲ ရွာမှာ စာလိုက်သင်ရင်း English ကတော့အမြဲ ထိတွေ့နေတာ။ စာသင်တော့ သင်ရမာတွေလေ့လာရင်း intermediate မှာဘဲ ရှိနေခဲ့ပါတယ်။

ဆရာမလမ်းကြောင်းပေါ်ရောက်လာတော့ အဲ့မှာရပ်နေလို့ အဆင်မပြေဘူးဆိုပြီး ၂၀၂၃ မှာ ပြန်စလေ့လာခဲ့ပါတယ်။
Intermediate နောက်ပိုင်း တခါမှ စာအုပ်က်ို ပြီးအောင်ထိလေ့လာတယ်ဆိုတာ မရှိဘူး 😁 အပျင်းကြီးသွားပြီလေ။ app လေးတွေနဲ့ YouTube အဓိလေ့လာခဲ့တယ်။
Intermediate နောက်ပိုင်းကျ ကိုယ်သင်မှာကို လေ့လာနည်း၊ အခြားသော တက်နေတဲ့ကျောင်းက ခိုင်းတဲ့ case study တွေ research တွေလုပ်ရင်း တိုးတက်လာတာပိုများပါတယ်။ ဒီနေရာမှာ ဘာအတန်းတက်တယ် ဘာနဲ့လုပ်ခဲ့တယ်ဆိုပြီး အတိအကျမပြောနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နည်းလမ်းအကုန်၊ resources အကုန်စမ်းခဲ့လို့ပါ။

Study method: https://www.facebook.com/mindingmy20s/posts/214289121739919

My Fav app: https://www.facebook.com/mindingmy20s/posts/127380463764119 and
https://www.facebook.com/mindingmy20s/posts/206091765892988

#Moe
#learning_English
#study_tips
#forward_only
#As_Reader_Request
🔥1
နိုင်ငံခြားသွားဖို့အတွက် Eng စာဘယ်လိုလေ့လာရမလဲ။ Part 2


ကိုယ့်ဘာသာ ငါဘာလေ့လာချင်လဲဆိုပြီး စဉ်းစားတယ် ကိုယ့်ဘာသာ resources ပေါင်းဆုံသုံးပြီး plan ချတယ်။ အဲ့လိုလေ့လာခဲ့တာပါ။
တက်ခဲ့သမျှ အတန်းတွေမှာ မှတ်မှတ်ရရ တော်တော်ကောင်းတာက ဆရာ Ye Khaung Linn ရဲ့ pronunciation class ပါ။ ဒါအပြင့် university foundation မှာ တွေ့ခဲ့တဲ့ ဖိလစ်ပိုင်က ဆရာက speaking ကျင့်ပေးသေးတယ်။ အခုတော့ စာမသင်တော့ဘူးထင်တယ် page မတွေ့တော့လို့။ သူ့နည်းအတိုင်း ကျွန်မ
အတန်းတွေမှာ ပြန်ကျင့်ဖြစ်တယ်။

နောက်တစ်ခုက တီချယ် Yuzana Ohn Myint ရဲ့ အတန်းတွေက တော်တော်ကောင်းတာပါ။ တီချယ့်အတန်းတွေက အခုတက်နေတုန်း။ တီချယ်တွေ့တာနောက်ကျခဲ့တယ်။
ကြော်ငြာလေးဝင်ရရင် ကိုယ်တုန်းကလို အခု study plan ကို အသေးစိတ် ဆွဲပေးတဲ့ service ပေးပါတယ်။ Speaking Sprint ဆိုပြီး ဖိလစ်ပိုင်က ဆရာသင်တဲ့နည်းနဲ့ class လေးဖွင့်ထားပါတယ်။

ဒီ page မှာပါ။ https://www.facebook.com/BounceEducationCentre?mibextid=LQQJ4d
အခြား မေးစရာရှိရင်မေးခဲ့လို့ရပါတယ်။ အဆုံးထိဖတ်ပေးလို့ကျေးဇူးပါရှင်။
#mindingmy20s

#Moe
#learning_English
#study_tips
#forward_only
#As_Reader_Request
🔥1