Info Committee Yesagyo
1.48K subscribers
1.49K photos
12 videos
72 links
Freedom, Justice & Peace
Download Telegram
😢4👍2❤1
ယနေ့ နံနက်ပိုင်း ရေစကြိုမြို့ပေါ်မှ မအလ စခများ ရေစကြို့မြို့တောင်ဘက်သို့ စစ်ကြောင်း ထွက်ခွါလာခဲ့ပြီး မြို့ပေါ်နှင့် ၂၅၈ တပ်ရင်းအတွင်းမှ လက်နက်ကြီးများဖြင့် အချက်ရေများစွာ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။
၎င်း မအလ စခများက ကျေးရွာများကို စစ်ကြောင်းထိုးထွက်ခွါလာပြီး မွန်းလွဲပိုင်းအချိန်တွင် သမန္တပို့ရွာ တောင်ပိုင်းနှင့် အလယ်ပိုင်းရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ ပြည်သူများ၏ ပစ္စည်းဥစ္စာများကို ခိုးယူလုယက်သယ်ဆောင်ခဲ့ကြပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။
ဒေသခပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင် နေခဲ့ကြရပြီး အသေးစိတ်အချက်အလက်များ မသိရှိရသေးပါ။
(ပြည်သူများ ဘေးရန်ခွေးရန်အပေါင်းမှ အမြန်ဆုံး ကင်းဝေးကြပါစေ)

ရေစကြို၊ ဖေဖော်ဝါရီ ၁၅

#InfoCommitteeYesagyo
😢7👍4
အကြမ်းဖက် မအလ စခများ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် သမန္တပို့ကျေးရွာတွင် ပြည်သူများ၏ နေအိမ် (၃၄) လုံး မီးလောင်ပျက်စီး

ရေစကြို၊ ဖေဖော်ဝါရီ ၁၇

ရေစကြိုမြို့နယ် သမန္တပို့ရွာကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက်ပိုင်းက ရေစကြိုမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ် မအလ စခများ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူလုယက်ယူ‌ဆောင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် သမန္တပို့အလယ်ရွာက နေအိမ် (၂၅) လုံး၊ သမန္တပို့တောင်ရွာက နေအိမ် (၉) လုံး၊ စုစုပေါင်း ပြည်သူများ၏နေအိမ် (၃၄) လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရပါသည်။

"မနက်အစောကြီးပဲ လက်နက်ကြီးတွေနဲ့ ပစ်လို့ပြေးကြရတာ၊ ခဏကြာတော့ မီးခိုးလုံးတွေ တက်လာတာ မြင်ရတယ်၊ မိန်းမနဲ့ ကလေးတွေကတော့ ဝမ်းနည်းပက်လက် ငိုကြတော့တာပေါ့ဗျာ၊ စားရေး သောက်ရေးတောင် အနိုင်နိုင် ရုန်းကန်နေကြရတာ၊ အလုပ်တွေကလည်း အဆင်ပြေတာမဟုတ်ဘူး၊ အခုနေစရာပါ မရှိတော့ဘူးဆိုပြီး ငိုကြတာပေါ့၊ အတော့်ကို ယုတ်မာ ပက်စက်ကြတာပါဘဲ၊ ဘယ်လိုစိတ်မျိုး‌တွေနဲ့ လုပ်ရက်ကြတာလည်းလို့ နားမလည်နိုင်တော့ပါဘူးဗျာ၊ အိမ်ခြေ ၃/၄ ဆယ်လောက် ပြာကျသွားတယ်၊ ဒါတောင် သူတို့စစ်ကြောင်းထွက်သွားပြီး ပြည်သူတွေက အရဲစွန့်ငြှိမ်းသတ်ကြလို့ အဲလိုမဟုတ်ရင် အတော်များများပြာကျကုန်မှာ၊ အခုတော့ ဘုရားတို့ ဘုန်းကြီးကျောင်းတို့မှာ ဖြစ်သလို နေနေကြရတယ်" ဟု ဒေသခံပြည်သူတစ်ဦးက ပြောပြပါသည်။
(ပြည်သူများ ဘေးရန်၊ မအလ ခွေးရန် အပေါင်းမှ အမြန်ဆုံး ကင်းဝေးကြပါစေ)

#InfoCommitteeYesagyo
😢4👍3❤2
😢8
အကြမ်းဖက် စစ်ကောင်စီတပ် မအလ စခများ ရမ်းကားပစ်ခတ်သော လက်နက်ကြီး မုံညင်းရွာအတွင်းကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ရေစကြို၊ ဖေဖော်ဝါရီ ၁၈

ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက်ပိုင်း ရေစကြိုမြို့နယ် အခြေစိုက် ခလရ ၂၅၈ တပ်ရင်းနှင့် မြိုပေါ်အခြေစိုက် တပ်စွဲထားသော မအလ စခများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်ကျေးရွာများကို ရမ်းကားပစ်ခတ်ခဲ့ပါသည်။
မအလ စခများ ရမ်းကားပစ်ခတ်သော လက်နက်ကြီးတစ်လုံးသည် မုံညင်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။
" အဲဒီနေ့က ခွေးတွေက ရေစကြိုမြို့တောင်ဘက်ရွာတွေဘက်ကို စစ်ကြောင်းထိုးတာ၊ မြို့ပေါ် ရုံးပေါင်းစုံထဲက ခွေးတွေနဲ့ ၂၅၈ က ခွေးတွေက တမနက်လုံး တအုံးတဒိုင်းဒိုင်းနဲ့ ပတ်ဝန်းကျင်ကရွာတွေက လက်နက်ကြီးတွေနဲ့ ထုတာ၊ အချက်ရေတော်တော်များတယ်၊ အကုန်လုံး စိုးရိမ်ထိတ်လန့်နေကြရတာ၊ ဘယ်မှာ ဘာတွေဖြစ်တယ်တော့ အသေအချာမသိရဘူး၊ ရွာမှာတော အဘွားတစ်ဦးဆုံးသွားပြီး အဲဒီအနီးက ပြည်သူတွေထိခိုက်ဒဏ်ရာရတယ်" ဟု ဒေသခံပြည်သူတစ်ဦး ပြောပြပါသည်။

#InfoCommitteeYesagyo
❤2👍1👎1
👍3❤2😢2
တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မအလ စခများက ကြာဇံဟင်းတိုက်၊ လာရောက်သောက်သုံးသူ တစ်ယောက်မျှမရှိ

ရေစကြို၊ မတ် ၂၇

ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရှိ မအလ စခများ၊ ပျူခွေးနှင့် စခဘောမများ ပူးပေါင်းစီစဉ်ပြီး တပ်မတော်နေ့ဂုဏ်ပြုသောအားဖြင့် ရွှေဂူကြီးဘုရားပေါ်တွင် စစ်ချီသီချင်းများဖွင့်ကာ ကြာဇံဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့‌ကြောင်း၊ သို့သော်လည်း ၎င်းတို့စီစဉ်ဆောင်ရွက်ကြသော သူများကလွဲပြီး မြို့ပေါ်ရပ်ကွက်များက ပြည်သူတစ်ဦး တစ်ယောက်မျှ လာရောက် စားသုံးခြင်းမရှိခဲ့ကြသည့်အတွက် မအလ စခများနှင့် စခဘောမများ မကျေမနပ်ဖြစ်ကာ စစ်သီချင်းဖွင့်သည့် အသုဘအခန်းအနားတစ်ခုပမာ ကြေကွဲနေကြကြောင်း သိရှိရပါသည်။

#InfoCommitteeYesagyo
👍7❤5👏1
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြို့နယ် NLD အလုပ်အမှုဆောင်၊ တိုင်းအမျိုးသမီးအဖွဲ့ အဖွဲ့ဝင်ဖြစ်သူ ဒေါ်ဝါဝါခိုင်သည် ယနေ့ နံနက် (၈) နာရီခန့်အချိန်တွင် ပခုက္ကူ‌အကျဥ်း‌ထောင်မှ ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှုခံယူ‌နေစဉ် ကွယ်လွန်သွားခဲ့ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

ဒေါ်ဝါဝါခိုင် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ရေစကြို၊ ဧပြီ ၁

#InfoCommitteeYesagyo
😢23❤4👍3🥰1👏1
ရေစကြိုမြို့ပေါ်တွင် မအလစခများက ရေကစားမဏ္ဍပ်များ ကျင်းပပြုလုပ်နေပြီး မြို့အဝင်နေရာများတွင် စခများ ကင်းပုန်းဝတ်နေ၊ မြို့ပေါ်ကို ရေကစားလာသည့် လူငယ်တစ်ဦး ပစ်ခတ် သတ်ဖြတ်ခံရ

ရေစကြို၊ ဧပြီ ၁၄

အထက်အမိန့်အရဆိုကာ ထင်ရာစိုင်းပြီး ယုတ်မာမိုက်ရိုင်းနေသော မအလ စခများက မြို့ခံပြည်သူများထံမှ အတင်းအဓမ္မငွေကြေးတောင်းယူကာ သင်္ကြန်ကာလ ရေသဘင်မဏ္ဍပ်များကျင်းပပြုလုပ်သော်လည်း ဘောမနှင့် ပျူခွေးအချို့သာ ပါဝင်ဆင်နွဲနေသည်ကိုသာတွေ့ရပြီး ရေကစားမဏ္ဍပ်များတွင် စည်ကားမှုမရှိဘဲ ခြောက်ကပ်လျှက်ရှိကြောင်း မြို့ခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

မြို့ပေါ်တွင် ရေကစားမဏ္ဍပ်များ ကျင်းပပြုလုပ်နေချိန် စခများက မြို့အစွန်၊ မြို့အဝင်နေရာများတွင် ကင်းပုန်းဝတ်နေကြကြောင်း၊ ၎င်း မအလ စခများက ယမန်နေ့ ဧပြီ (၁၃) ရက်နေ့ နေ့လယ် (၁၂) နာရီဝန်းကျင်အချိန်တွင် ရွာသစ်ကျေးရွာမှ မြို့ပေါ်ကို ရေလာကစားလာသည့် အသက် (၁၈) နှစ်ခန့်အရွယ်လူငယ်တစ်ယောက်ကို ရွာသစ်တောရိုး နှစ်ထောင်ပြည့်ရပ်ကွက်အနီးတွင် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။ သတ်ဖြတ်ခံရသည့်လူငယ်၏ အသေးစိတ်အချက်အလက်များ စုံစမ်းနေဆဲဖြစ်ပါသည်။

"သင်္ကြန်ဆိုတာ မြန်မာတို့ရဲ့ ပျော်ရွင်စရာ ရိုးရာဓလေ့တစ်ခုလေ၊ အခုမြို့ပေါ် သူတို့ (..)တွေလုပ်နေတဲ့သင်္ကြန်က ခိုင်းလို့လုပ်တဲ့ ဂွင်ရှာ ဟန်ပြသင်္ကြန်ဆိုတော့ မသာအိမ်က မဏ္ဍပ်လိုပဲ၊ ခြောက်ကပ်ကပ်နဲ့၊ လူလည်းမရှိဘူး၊ နောက်ပြီးသတိပေးချင်တာဗျ၊ နယ်ကလူတွေကို (..)တွေက ကင်းပုန်းတွေဝတ်ပြီး မြို့အစွန်နဲ့ အဝင်လမ်းတွေမှာ ရှိနေကြတာ၊ ဒီစခတွေ ကြောက်ချေးလည်း ပန်းနေကြတဲ့သဘောရှိပါတယ်၊ လူငယ်လေးတစ်ယောက်ဗျာ၊ မြို့ပေါ်ကို ရေကစားလာတာလို့ပြောတယ်၊ အဲဒါ ရွာသစ်နဲ့ နှစ်ထောင်ပြည့်ကြားမှာ မနေ့က ပစ်သတ်ခံရတယ်လေ၊ အဲဒီ (..)တွေ လူစိတ်ကင်းမဲ့ပြီး ယုတ်မာမှုကတော့ ကမ်းကုန်ပါဘဲ၊ အဲဒါကြောင့် ဂရုစိုက်ကြပါ၊ သတိထားသွားလာကြပါလို့ ပြောချင်တယ်" ဟု မြို့ခံပြည်သူတစ်ဦးက ပြောပြပါသည်။

#InfoCommitteeYrsagyo
❤5👍2😢1
ရေစကြိုမြို့တာဝန်ကျ မအလ စခများနှင့် ရခ၊ ပခများက လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်ကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်ထဲစွန့်ပစ်ထားခဲ့

ရေစကြို၊ ဧပြီ ၁၉

ရေစကြိုမြို့တွင် မအလ စခများက ရေကစားမဏ္ဍပ်များ ကျင်းပပြုလုပ်ခဲ့ပြီး သင်္ကြန် အကျနေ့တွင် ရွှေဂူကြီးရှေ့ရေကစားမဏ္ဍပ်၌ ရေကစားနေသော ကျောမကြားကျေးရွာနေ အသက် (၁၇) နှစ်ရွယ် မောင်ဟိန်းထက်ဇော် ကို ရန်ဖြစ်သည်ဟုဆိုကာ မအလ စခနှင့် ရခ၊ ပခများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းကို ကြားကြားခြင်း မိဘဖြစ်သူများက ချက်ချင်းလိုက်သွားခဲ့ကြောင်း၊ လူငယ်လေး၏ မိဘများကို စခ၊ ရခ၊ ပခများက ငေါက်ငန်းပြောဆိုကာ ဒီမှာမရှိဘူးဟု နှင်ထုတ်လွှတ်လိုက်‌ကြောင်း သိရှိရပါသည်။
မိဘများက ပူပင်သောကရောက်ပြီး နောက်ရက် သင်္ကြန်အကြပ်နေ့တွင် လိုက်လံ စုံစမ်းနေခဲ့သော်လည်း ဘာမျှထူးခြားမှုမရှိ၊ ဘာမျှမသိရှိခဲ့ရကြောင်း၊ နောက်တစ်ရက် သင်္ကြန် အတက်နေ့တွင် ဒေသခံတစ်ချို့က ချင်းတွင်းမြစ်ထဲတွင် ဒဏ်ရာ ဒဏ်ချက်များဖြင့် ရုပ်ပျက်ဆင်းပျက်သေဆုံးနေသော ရုပ်အလောင်းတွေ့ရှိကြောင်း ကြားသိရ၍ သွားရောက်ကြည့်ရှု့ရာ မောင်ဟိန်းထက်ဇော်၏ ရုပ်အလောင်းဖြစ်နေကြောင်း သိရှိရပါသည်။

"အလောင်းက ဒဏ်ရာဗလဘွနဲ့ တော်တော်ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါပြီ၊ တစ်ရွာလုံး ယူကျုံးမရနဲ့ စိတ်မကောင်း ဖြစ်ကြတာပေါ့ဗျာ၊ မိဘတွေတော့ ပြောမနေနဲ့တော့၊ တစ်ဦးတည်းသော သားလေးလေ၊ ပြင်ဦးလွင်က မုန့်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပြီး မိဘကို လုပ်ကျွေးနေတာပါ၊ သင်္ကြန်ရက် ရွာကို ခဏပြန်လာတာ၊ ဒီကလေးက ရိုးရိုးအေးအေးနေတတ်သူပါ၊ လူချစ်လူခင်လည်းပေါတယ်လေ၊ တကယ်ဆို အပြစ်ရှိရင် သူတို့ ဥပဒေအတိုင်း လုပ်ကြ အရေးယူကြပေါ့၊ ဘာလို့ဒီလို ရက်ရက်စက်စက် ယုတ်ယုတ်မာမာ လုပ်ရလဲ၊ မကောင်းပါဘူးဗျာ၊ ဟို မအေး-ိုး မင်းအောင်လှိုင် ခွေးဇာတ်ခင်းကတည်း တစ်တိုင်းတစ်ပြည်လုံး ပျက်ချင်တိုင်းပျက်နေတာ" ဟု မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောပြပါသည်။

သေဆုံးသူ လူငယ်လေး၏နာရေးကို ဧပြီလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး တစ်ရွာလုံး လိုက်ပါပို့‌ဆောင်ခဲ့ကြ‌ကြောင်း သိရှိရပါသည်။

#InfoCommitteeYesagyo
😢7❤5👍2
❤4🥰2
မေလ (၂၂) ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင် အချိန်တွင် မင်းရွာမှ ပျူခွေးများ ကိုင်းရွာနှင့် ငတရော်ရွာကြားကို ရောက်ရှိလာပြီး တောထဲတွင် တောင်ယာလုပ်‌နေသော ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
ရေလယ်ကျွန်းဒေသ လက်နက်ကိုင်ပျူစောထီးများ စခန်းချတပ်စွဲထားသော မင်းရွာကျေးရွာ၏ အနီးပါတ်ဝန်းကျင်ကျေးရွာများတွင် ယခုကဲ့သို့ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်နေပြီး မင်းရွာမှ ပျူခွေးများသည် ရိက္ခာပြတ်လျှင် အနီးပါတ်ဝန်းကျင်ကျေးရွာများကို ခိုးကြောင်ခိုးဝှက်သွားရောက်ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်နေကြသော အပြစ်မဲ့ပြည်သူများကို ယုတ်မာအောက်တမ်းကျစွာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့၏ မိသားစုများကို ဆန်အိတ် များ၊ ဆီပုံးများ၊ ငွေကြေးများနှင့် အရွေးခိုင်းကြောင်း သိရှိရပါသည်။

မေ ၂၃၊ ၂၀၂၆

#InfoCommitteeYesagyo
👍5❤2😢2