Study guide ( grade 12)
1.86K subscribers
1.51K photos
15 videos
233 files
130 links
⚠️ လောင်းကစား၊ဂိမ်း ကြော်ငြာလုံးဝလက်မခံပါ
Download Telegram
မကြာခင်မှာမြင်တွေ့ရတော့မယ်
ရင်ခုန်စရာကောင်းတဲ့ countdown ကြီး ကြည့်ရတာ ဘယ်ခံစားချက်နဲ့မှလဲလို့မရဘူး🫠 တစ်နေ့တစ်နေ့အဲထဲဝင်ကြည့်ကတာအမော🤭
❤13😭11
28ရက်နေ့ ဖြစ်သွားပါပီ ဒီတစ်ခါသေချာပါတယ်
https://result.dme.gov.mm/
http://www.myanmarexam.org
အောင်စာရင်းထွက်ဖို့သိပ်မလိုတော့ဘူး
http://www.myanmarexam.org(‌အမတို့နှစ်တုန်းက ကြည့်ခဲ့ရတဲ့wesbite linkပါ)
https://result.dme.gov.mm/
🥰7❤3
အမတုန်းကတော့ စိတ်လှုပ်ရှားလွန်းလို့တစ်ညလုံးအိပ်မရခဲ့ဘူး ဂုဏ်ထူးရောထွက်ပါ့မလား အမျိုးမျိုးစိုးရိမ်ခဲ့တာပေါ့ ဒီနှစ်ဖြေဆိုထားတဲ့G12အကုန်လုံးနီးပါးလည်း ဒီလိုဖြစ်နေမယ်ထင်ပါတယ် ညရောက်ရင်ဖုန်းသံတို့ဘာတို့စွန်းနားထောင်ပါ တစ်ချို့ညကတည်းကသိရတတ်ပါတယ် အမတို့နှစ်တုန်းကဆိုတစ်ချို့နေရာတွေကအောင်စာရင်းတွေ ပေါက်ပါတယ် အဲအချိန်တုန်းက ပိုစိတ်လှုပ်ရှားပါတယ် ကိုယ်ကမသိရသေးဘူး သူများတွေကသိရပီ ငါအဆင်ရောပြေပါ့မလားပေါ့ အမတုန်းကမနက်၄amမှာသိခဲ့ရတာပါ လက်တွေများတောင်တုန်တယ်ကွယ် ဒီကြားထဲ ခုံနံပါတ်မှားနိပ်မိလို့ငိုချင်စိတ်တောင်ပေါက်သွားတယ် အောင်စာရင်း စောင့်ရတဲ့ညက ဘဝမှာ မေ့ရတဲ့နေတွေထဲကတစ်ခုဖြစ်မှာပါ အောင်စာရင်းမှာကိုယ်နာမည်မြင်လိုက်ရတဲ့အခိုက်အတန့်က တကယ်ကိုဂုဏ်ယူဖို့ကောင်းပါတယ်ကိုယ်ပင်ပန်းခဲ့တာကိုယ်သာအသိဆုံးပါ
အားလုံးအမှတ်ကောင်း"နဲ့အောင်ကြပါစေ အမကတော့ ဂုဏ်ထူးဘာညာထက် အမှတ်ကိုပိုကောင်းစေချင်တယ် ဂုဏ်ထူးလည်းများ အမှတ်လည်းကောင်းဆိုပိုကောင်းတာပေါ့ကွယ် ဖြေဆိုသူအားလုံး အောင်မြင်ပါစေရှင့်
❤20🙏2
❤6🥰3
အရမ်းရင်ခုန်ရတဲ့အချိန်ပါပဲ ညနက်လေပိုရင်ခုန်လေပါပဲ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ကြမှာပါပဲ ကလေးတို့အကောင်းဆုံးကြိုးစားခဲ့ပီဖြစ်လို့ ကိုယ်နဲ့ထိုက်တန်တဲ့ရလဒ်ရကြမှာပါ အမလည်းရင်ခုန်နေပါတယ် မျှော်လင့်ထားသလိုမဖြစ်ခဲ့ရင်တောင်အရမ်းစိတ်မ‌ေကာင်းမဖြစ်ကျပါနဲ့
အမတို့ရမှတ်ကိုမျှော်လို့ရပါတယ် အမဆို၃ဘာသာ‌ေလာက်ပဲပါပေမဲ့ထွက်တဲ့ဘာသာတွေက၉၀/၉၀ကျော်နဲ့ထွက်တာပါ
တစ်ခုသတိပေးချင်တာက အောင်စာရင်းထွက်ပီးရင်အမှတ်စာရင်းထုတ်တဲ့အခါ သတိထားပါ လူလိမ်တွေပေါပါတယ်နော် စိတ်ချတဲ့သူတွေဆီမှာပဲထုတ်ကြပါ
❤36
မနက် 4 နာရီကျရင် အစုလိုက်အပြုံလိုက်
Link ထဲ ဝင်ရောက်မှုကြောင့်
Link တွေ down သွားနိုင်ပါတယ်
နာရီဝက်လောက် ကြိုဝင်ထားဖို့ တိုက်တွန်းပါတယ်
Myint Family Education Centre Thityarkauk
❤19
အခြေအနေဘယ်လိုရှိလဲကလေးတို့
🔥3
ကျရှုံခဲ့ရင်တောင်ဘာမှစိတ်ဓာတ်မကျပါနဲ့ ပြန်ဖြေလို့ရပါတယ် အမတို့ကျောင်းကအတန်းဖော်တွေလည်း တစ်နှစ်ကျခဲ့လို့ပြန်ဖြေတာဒီနှစ်အောင်ကြပါတယ် ဂုဏ်ထူးတောင်ထွက်ကြပါတယ် အရမ်းစိတ်ဓာတ်မကျပါနဲ့နော် ပြန်ကြိုးစားလို့ရပါတယ် Fighting ပါ
❤23
G12အောင်ကျောင်းသား/သူတွေဝင်joinလို့ရပါတယ်
TU,UFL,ဆေးနည်း,ဆေး,MTU,MU,MIIT,MMU,TUM,အခြားTU,.....စတဲ့တက္ကသိုလ်‌နဲ့ပတ်သတ်တာတွေမေးလို့ရပါတယ်
https://t.me/unitribe42026stu
❤7
လိုချင်တဲ့ အမှတ်မမီလို့
ဆေးကျောင်းတက်လို့မရတော့ဘူးဆရာ
တခြားမေဂျာလေးပဲ ရွေးပြီး
ကျနော့်ဘဝကတော့ ဒီလိုပဲ အဆုံးသတ်ပြီထင်ပါရဲ့

စိတ်ပျက်အားငယ်နေတဲ့ လေသံနဲ့
ကောင်လေးတစ်ယောက်က
ကျနော့်ကို လာပြောလေရဲ့ ....

ဒီကိုနိပ်ပြီးဆက်ဖတ်ပါ
❤22
Forwarded from Orange Highlighter
AYA Scholarship (ဧရာ ပညာသင်ဆု) အစီအစဉ်အတွက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ချီးမြှင့်မည်

ဧရာဝတီဖောင်ဒေးရှင်းသည် ၂၀၂၅–၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် မိမိတို့၏ ရည်မှန်းထားသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်ပညာများကို စိတ်အေးချမ်းသာစွာ ဆက်လက်သင်ယူနိုင်စေရန်နှင့် အနာဂတ်မြန်မာနိုင်ငံအတွက် ပညာရည်ထူးချွန်ပြီး လူမှုအကျိုးပြုစိတ်ဓာတ်ရှိသော လူငယ်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ AYA Scholarship အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။

ယခုပညာသင်နှစ်တွင်လည်း ဧရာဝတီဖောင်ဒေးရှင်းမှ သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအား ရွေးချယ်၍ တက္ကသိုလ်ကျောင်းတက်နေစဉ် ကာလတစ်လျှောက်လုံးအတွက် ပညာသင်စရိတ်အဖြစ် လစဉ် (၃) သိန်းကျပ် နှင့်အတူ သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ကြေး နှစ်စဉ် (၅) သိန်းကျပ်ကို ထောက်ပံ့ချီးမြှင့်သွားမည် ဖြစ်ပါသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် မျိုးဆက်သစ်လူငယ်များ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်း အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းခြင်းနှင့် ပြုပြင်မွမ်းမံခြင်း၊ ပညာသင်စရိတ်များနှင့် ဧရာပညာသင်ဆု များ ထောက်ပံ့ပေးခြင်း အပါအဝင် ပညာရေးဆိုင်ရာ အထောက်အပံ့အစီအစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

AYA Scholarship (ဧရာပညာသင်ဆု) ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောက်ဖော်ပြပါ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်။

- ပညာသင်စရိတ် ထောက်ပံ့ကြေး လစဉ် (၃) သိန်းကျပ်
- သင်ထောက်ကူပစ္စည်းများအတွက် ထောက်ပံ့ကြေး နှစ်စဉ် (၅) သိန်းကျပ်

လျှောက်ထားရန် အရည်အချင်းသတ်မှတ်ချက်များ

- မြန်မာနိုင်ငံသား ဖြစ်ရမည်။
- ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူ ဖြစ်ရမည်။
- သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် သို့မဟုတ် ပညာရေးအဖွဲ့အစည်းတွင် တက်ရောက်ခွင့် ရရှိထားသူ ဖြစ်ရမည်။
- ပညာရေးတွင် ထူးချွန်ပြီး သင်ယူလိုစိတ်၊ ကြိုးစားအားထုတ်မှုနှင့် ခေါင်းဆောင်မှုအလားအလာ ရှိသူ ဖြစ်ရမည်။
- ပညာရေးကို ဆက်လက်သင်ယူလိုပြီး အမှန်တကယ် ပညာသင်ထောက်ပံ့ကြေးလိုအပ်သော ‌ကျောင်းသား ကျောင်းသူများအား ဦးစားပေးရွေးချယ်သွားမည် ဖြစ်ပါသည်။

လျှောက်ထားနိုင်မည့် တက္ကသိုလ်များ

- ဆေးတက္ကသိုလ်များ
- နည်းပညာတက္ကသိုလ်များ
- စီးပွါးရေးတက္ကသိုလ်များ
- ကွန်ပျူတာတက္ကသိုလ်များ
- စိုက်ပျိုးရေးတက္ကသိုလ်များ

လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ

- Scholarship လျှောက်လွှာ
- ကိုယ်တိုင်ရေးသားထားသော ပညာသင်ဆု လျှောက်ထားရခြင်း အကြောင်းအရင်းဖော်ပြစာ
- တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် (သို့) အမှတ်စာရင်း
- အမျိုးသားမှတ်ပုံတင်ကတ် မိတ္တူ
- အိမ်ထောင်စုစာရင်း မိတ္တူ
- တက္ကသိုလ်ဝင်ခွင့် အထောက်အထား
- ပညာသင်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း သက်ဆိုင်ရာ ကျောင်း နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ

လျှောက်ထားရမည့် နည်းလမ်း

- သတ်မှတ်ထားသော Scholarship လျှောက်လွှာပုံစံကို ပြည့်စုံစွာ ဖြည့်စွက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာတွင်ပါဝင်သော ဧရာဝတီဖောင်ဒေးရှင်း ရုံးခန်းလိပ်စာသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာဖောင်ရယူရန်
https://www.ayeyarwadyfoundation.org/AYA_Scholarship.pdf

လျှောက်လွှာများကို အောက်တိုဘာလ (၃၁) ရက် ၊ ၂၀၂၆ မတိုင်ခင်ထိ ပေးပို့လျှောက်ထားနိုင်ပါသည်။

#AyeyarwadyFoundation
#AYAScholarship
#Education

မူရင်း link : https://www.facebook.com/share/195AA8x3cA/?mibextid=wwXIfr
❤7
ပြန်လည်စိစစ်နေမှုတွေကြောင့် Grade - 12 အမှတ်စာရင်း ထုတ်ပြန်ရက် နောက်ကျနိုင်

ဇူလိုင် ၈ - ၂၀၂၆
SS (VOM)

ပြန်လည်စိစစ်မှုတွေ လုပ်ဆောင်နေရတာကြောင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade - 12 အမှတ်စာရင်း ထုတ်ပြန်ရက် နောက်ကျနိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။

တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းကို ပြီးခဲ့တဲ့နှစ်တွေက အောင်စာရင်းထွက်ပြီး သုံးရက်ဝန်းကျင်လောက်မှာ ထုတ်ပေးခဲ့တာဖြစ်ပေမယ့် အခုနှစ်မှာတော့ အောင်စာရင်းထွက်ပြီး ၁၀ ရက်တာကာလ ကြာမြင့်လာတဲ့အချိန်အထိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက အမှတ်စာရင်း ထုတ်ပေးမယ့်ရက် အတိအကျကို သတ်မှတ်နိုင်ခြင်း မရှိသေးပါဘူး။

“အမှတ်စာရင်း ထုတ်မပေးနိုင်သေးတာက ပြန်စိစစ်နေရတာတွေကြောင့်ပါ။ ဘာတွေကို စိစစ်နေရလဲဆိုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ အတန်းကျော် ရှိနေတာတွေ၊ repeat & repeat ပေါ့၊ အထပ်ထပ် သင်ကြားမှု ရှိနေတာတွေကို စိစစ်နေရတာတွေကြောင့်ပါ” လို့ ပညာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

လက်ရှိရရှိထားတဲ့ သတင်း အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအတွက် အမှတ်စာရင်း ထုတ်ပြန်ရေးဟာ မျှော်မှန်းထားတာထက် ရက်အနည်းငယ် နောက်ကျနိုင်ဖွယ်ရှိနေပြီး ခန့်မှန်းချက်အရ သက်ဆိုင်ရာဌာနအနေနဲ့ အခု ဇူလိုင်လ ဒုတိယပတ် (ဒါမှမဟုတ်) စတုတ္ထပတ်လောက်မှသာ အမှတ်စာရင်း ထုတ်ပေးမယ့်ရက်ကို ကြေညာနိုင်ခြေရှိနေတယ်လို့ ပညာရေးလောကကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဒါအပြင် အောင်လက်မှတ်ကိုလည်း သြဂုတ်လ တတိယပတ် (ဒါမှမဟုတ်) စတုတ္ထပတ်လောက်မှသာ စတင် ထုတ်ပေးနိုင်ခြေရှိနေပြီး ဒါဟာ တရားဝင်ကြေညာချက် မဟုတ်ဘဲ ခန့်မှန်းချက်သာဖြစ်တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေအနေနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကိုသာ စောင့်ဆိုင်းကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

“Grade - 12 အမှတ်စာရင်းက ခါတိုင်း ဒီအချိန်ရပြီ။ အရင်နှစ်တွေကဆို အောင်စာရင်းထွက်ပြီး နှစ်ရက်၊ သုံးရက်ပဲကြာတာ။ မြန်မာနိုင်ငံစာစစ်က တိုင်းနဲ့ပြည်နယ်တွေမှာ အဖွဲ့လေးတွေခွဲပြီးတော့ စစ်လိုက်တော့ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းကို အရင်နှစ်တွေက တခါတည်း တန်းထုတ်ပေးတာ။ printer လေးနဲ့။ အခု နှောင့်နှေးနေတာက သူတို့ တော်တော်လေးကို စိစစ်နေရလို့ပါ” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။

၂၀၂၅ - ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ချိန် နောက်ကျရတာကလည်း အဲဒီလို မသမာမှုတွေရှိနေတဲ့အတွက် စိစစ်နေရတာတွေကြောင့်လို့ ပညာရေးအသိုင်းအဝိုင်းထဲ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာဖြစ်ပြီး Grade - 11 မနေဖူးတဲ့ ကျောင်းသား၊ ကျောင်းသူတွေက Grade - 12 စာမေးပွဲကို အောင်မြင်နေတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း တချို့ဟာ Grade - 10 အောင်မြင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို Grade - 11 စာ အနည်းငယ်လောက်သာ သင်ပေးပြီး Grade - 12 ကို အလွယ်တကူ တက်ရောက်ခွင့်ပေးနေတဲ့ မသမာမှု ပြုလုပ်နေတာမျိုးတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတွေကြား ပြောဆိုမှုတွေ ရှိနေတာပါ။

အခုလို မသမာမှုတွေဟာ ကိုယ်ပိုင်ကျောင်း အားလုံးလိုလိုမှာ ရှိနေတာလို့သိရပြီး နောက်ဆက်တွဲ ရလဒ်အနေနဲ့ကတော့ အစိုးရကျောင်းတွေက ကျောင်းသား၊ ကျောင်းသူ အတော်များများဟာ Grade - 10 အောင်မြင်ပြီဆိုတာနဲ့ ကျောင်းထွက်လာကြတာတွေ ဖြစ်လာကာ တနှစ်ထက်တနှစ် ကျောင်းထွက်နှုန်း ပိုများလာတယ်လို့ သိရပါတယ်။

“အခုလို ကျောင်းအဆင့် လျှော့ချရတာတွေကလည်း အခြေခံပညာရေး‌ရဲ့ ‌ကျဆုံးမှုလက္ခဏာဖြစ်တယ်။ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာဆိုရင် ကိုယ်ပိုင်ကျောင်းအရေအတွက်က ၄၀ ကျော်နေတယ်။ အစိုးရကျောင်းတွေထက် ပိုများနေတယ်။ ကျောင်းတွေ အဲဒီ‌လောက် လိုအပ်၊ မလိုအပ်၊ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိဘဲ ခွင့်ပြုနေတာ ဘာကြောင့်လဲ။ အဲဒီလို ကျောင်းတွေကြောင့် အစိုးရကျောင်းတွေ ပျောက်သွားတာပဲ” လို့ ပညာရေးဝန်ထမ်း တယောက်က ပြောပါတယ်။

လက်ရှိ ကိုယ်ပိုင်ကျောင်းအများစု ပြုလုပ်နေတဲ့ အတန်းကျော်ပညာရေးနဲ့ Grade - 12 မှာ သင်ခန်းစာတွေကို အထပ်ထပ် သင်ကြားနေတာတွေဟာ အစိုး‌ရကျောင်းတွေက ကျောင်းသား၊ ကျောင်းသူတွေအတွက် တရားမျှတမှုမရှိဘူးလို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။

ဒါအပြင် ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်ဒေသဆိုင်ရာ ကိုယ်ပိုင်ကျောင်း (ဒါမှမဟုတ်) ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့တွေနဲ့ ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ် အကဲဖြတ်ရေး ဦးစီးဌာနတို့မှလည်း ရှောင်တခင်စစ်ဆေးခြင်း (Surprise Check)၊ ကျကောက်စစ်ဆေးခြင်း (Sport Check) တွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားထားပါတယ်။
❤10
2025 ခုနှစ် တက္ကသိုလ်လမ်းညွှန်ချက်ပါ 2026 ကတော့တရားဝင်မထွက်သေးပါဘူး
❤6