HELLO YDB
3.59K subscribers
267 photos
22 videos
4 files
184 links
Mobile Games များကို Review နဲ့တကွ Up To Date တင်ပေးနေပါသည်။
Download Telegram
လစာလေးထုတ်၊ အိမ်လခလေးပေးပြီး ကျန်တဲ့ပိုက်ဆံနဲ့ ဘဝကို ရုန်းကန်နေရတဲ့ လူငယ်တွေအတွက်....

တကယ့် လက်တွေ့ဘဝရဲ့ Simulation ပုံစံကို သေချာ အသေးစိတ်‌တွေ့မြင်ရမယ့် ဂိမ်းကောင်းလေးတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ ဘယ်လောက်အထိ အသေးစိတ်ကျလဲဆိုရင် ကိုယ့်ရဲ့ ကြိုးစားမှု၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီး အနာဂတ်မှာ ကိုယ်ဘယ်လိုလူစားမျိုးဖြစ်လာနိုင်သလဲဆိုတာကို ဗေဒင်မေးစရာမလိုတဲ့အထိ ကြိုမြင်နိုင်မှာပဲဖြစ်ပါတယ်။

အဲတော့ သူဌေးဖြစ်မလား၊ ဝန်ထမ်းဖြစ်မလား? ဒါမှမဟုတ် ခွေးဖြစ်မလားဆိုတာကတော့ သတ္တိရှိရင် ကစားကြည့်လိုက်ပါ။

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
( https://helloydbgame.blogspot.com/2026/09/the-peak-of-life.html?m=1 )

🍀 အချိန်မပေးနိုင်ရင် Full Story ကို Spoiler Button လေးနိပ်ပြီး ဖတ်လို့ရတယ်နော်။
❤3⚡2
PC နဲ့ Console မှာ နာမည်ကြီးခဲ့တဲ့ Looter-Shooter ဂိမ်းကြီး Borderlands ဟာဆိုရင် အခု Borderlands Mobile အမည်နဲ့ iOS (Canada Region) မှာ Soft Launch ထပ်မံဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။

ဒါက ပြီးခဲ့တဲ့ US Limited Test အပြီးမှာ အခုလို Canada အတွက် App Store မှာ တိတ်တိတ်လေး စမ်းသပ်ခွင့်ပေးထားတာပါ။

◾ နာမည်ကြီး Vault Hunters တွေဖြစ်တဲ့ Zer0 နဲ့ Moxxi တို့ကိုပါ ဆော့ကစားနိုင်မှာဖြစ်ပြီး၊ Mobile အတွက် သီးသန့် Optimization လုပ်ထားတဲ့ Fast-paced Action တွေလည်း ပါဝင်လာပါတယ်။

◾ Main Campaign Missions တွေအပြင်၊ Wave-survival ပုံစံ Circle of Slaughter နဲ့ Tower of Terror လိုမျိုး Modes အသစ်တွေပါ ထပ်မံ ပါဝင်လာပါတယ်။

◾ စိတ်မကောင်းစရာက Open-world အပြည့်အဝမဟုတ်ဘဲ Short sessions တွေဆော့ဖို့ပဲ ဖန်တီးထားတဲ့အပြင် Gacha ဆန်တဲ့ Paid random items စနစ်တွေကိုပါ မြင်တွေ့လာရတာပဲဖြစ်ပါတယ်။
❤3
HELLO YDB
PC နဲ့ Console မှာ နာမည်ကြီးခဲ့တဲ့ Looter-Shooter ဂိမ်းကြီး Borderlands ဟာဆိုရင် အခု Borderlands Mobile အမည်နဲ့ iOS (Canada Region) မှာ Soft Launch ထပ်မံဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့ US Limited Test အပြီးမှာ အခုလို Canada အတွက် App Store မှာ…
💡 𝗛𝗘𝗟𝗟𝗢 𝗬𝗗𝗕 အမြင်

Zynga နဲ့ Gearbox တို့ ပူးပေါင်းဖန်တီးထားတဲ့ ဒီ Borderlands Mobile ဟာ မူရင်းဂိမ်းရဲ့ Signature Art Style နဲ့ Gunplay ကို Mobile ပေါ် ကောင်းကောင်းသယ်ဆောင်လာနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် Open-world အတွေ့အကြုံ မရနိုင်တော့တာနဲ့ Gacha စနစ် P2W Elements တွေ ပါဝင်လာတာကြောင့် Hardcore Gamer တွေအတွက်တော့ စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် ကိုယ်က Casual Mobile Looter-Shooter ရှာနေတဲ့ သူဆိုရင်တော့ Graphic နဲ့ Gameplay ပိုင်းမှာ စမ်းကြည့်သင့်တဲ့ Title တစ်ခုလို့ မြင်မိပါတယ်။

ဒီတော့ Mobile ပေါ်က Borderlands ရဲ့ Gacha စနစ်က ဂိမ်းရဲ့ Meta ကို ဖျက်ဆီးပစ်နိုင်မယ်လို့ ထင်ကြလား? ဒါမှမဟုတ် Mobile ထွက်လာတာကိုပဲ သဘောကျနေပြီလား? Comment မှာ ဝင်ရောက် ဆွေးနွေးသွားကြပါအုံး....

#HELLOYDB #BorderlandsMobile #LooterShooter #iOSGames #MobileGamingNews

Sources: GamingonPhone, Pocket Gamer
❤1
မနက်ခင်းလေး Surprise တိုက်သွားတာကတော့ GTA မလာခင် Saints Row: The Third Remastered ရဲ့ Mobile Version ထွက်တော့မယ်ဆိုတာပါပဲ။

Open World Crazy သမားတွေအတွက် တကယ့်ကို Golden ဂိမ်းတွေထဲက တစ်ခုမလို့ လာမယ့် အောက်တိုဘာလ 29 ရက်နေ့မှာ Mobile အတွက် တရားဝင်ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

ထုံးစံအတိုင်း PC/Console ဂိမ်းတွေကို Mobile အတွက် Port လုပ်ပေးတဲ့ နေရာမှာ နာမည်ကြီးတဲ့ Feral Interactive ကနေပဲ ထပ်မံ တာဝန်ယူ ရေးဆွဲပေးထားတာပါ။

မူရင်း Desktop Version မှာ ပါဝင်တဲ့ DLC တွေဖြစ်တဲ့ Genkibowl VII, Gangstas in Space နဲ့ The Trouble With Clones တို့ကို အခမဲ့ ထည့်သွင်းပေးထားတဲ့အပြင် Extra အနေနဲ့ လက်နက်၊ Vehicles 30 ကျော်အထိ ပါဝင်မယ်လို့ သိရပါတယ်။

Touchscreen တွေအတွက် သေချာ Optimization ပြုလုပ်ထားပြီး Custom Control တွေပါ သတ်မှတ်လို့ရမှာပါ။ ဒါ့အပြင် Gamepad နဲ့ Keyboard & Mouse တွေကိုပါ Full Support ပေးထားတယ်လို့ သိရပါတယ်။

ဒီလိုဂိမ်းကောင်းတွေကတော့ ထုံးစံအတိုင်း Free-to-play (P2W) ပုံစံမျိုး လာမှာမဟုတ်ဘဲ Premium Game သီးသန့် အနေနဲ့ ($19.99) ဝန်းကျင် ကျသင့်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Region အလိုက် စျေးနှုန်းတူမှာမဟုတ်ပါဘူး။
💘5❤1
HELLO YDB
မနက်ခင်းလေး Surprise တိုက်သွားတာကတော့ GTA မလာခင် Saints Row: The Third Remastered ရဲ့ Mobile Version ထွက်တော့မယ်ဆိုတာပါပဲ။ Open World Crazy သမားတွေအတွက် တကယ့်ကို Golden ဂိမ်းတွေထဲက တစ်ခုမလို့ လာမယ့် အောက်တိုဘာလ 29 ရက်နေ့မှာ Mobile အတွက် တရားဝင်ထွက်ရှိလ…
စိတ်မကောင်းစရာက အကယ်လို့ မြန်မာနိုင်ငံမှာသာ Cash Flow ခွင့်ပြုထားအုံးမယ်ဆိုရင် ဂိမ်းကို အပိုင်ဝယ်ဖို့အတွက် Discount အနေနဲ့ 3000 ကနေ 15000 ကျပ်ကြားသာ ကျသင့်မှာပဲဖြစ်ပါတယ်။ အခုတော့ Official Support မပေးတော့ပါဘူးနော်။ Myanmar Region နဲ့ ဝယ်လို့ရခဲ့ရင်တောင် အခွန်ဖြတ်တာနဲ့တင် စျေးက အတော်ကွာသွားမှာပါ။

ကိုယ်က တခြားနိုင်ငံမှာ ရောက်နေမယ်ဆိုရင်တော့ လက်ရှိမှာ App Store နဲ့ Google Play Store တွေမှာ Pre-registration စတင်ပြုလုပ်နိုင်ပြီပဲဖြစ်ပါတယ်။

💡 HELLO YDB အမြင် (Opinion)
--------------------------------------
Feral Interactive က GRID Autosport နဲ့ Alien: Isolation တို့လို AAA ဂိမ်းတွေကို Mobile ပေါ်မှာ အကောင်းဆုံး Port လုပ်ပေးနိုင်ခဲ့တဲ့ Studio တစ်ခုဖြစ်တာကြောင့် ဒီ Saints Row ရဲ့ Optimization အပိုင်းမှာလည်း လုံးဝကို စိတ်ချရပါတယ်။ Free-to-play နဲ့ Gacha ဂိမ်းတွေ လွှမ်းမိုးနေတဲ့ Mobile Market ကြီးမှာ အခုလို Premium Quality ဂိမ်းတစ်ခု ထွက်လာတာက Hardcore Gamers တွေအတွက်တော့ သတင်းကောင်း တစ်ခုပါပဲ။

Gamepad ရော Keyboard နဲ့ Mouse ပါ Support ပေးထားတာကြောင့် Mobile ပေါ်မှာ Console Level Experience ကို အပြည့်အဝ ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Saints Row ရဲ့ Crazy Steelport မြို့ကြီးကို Mobile ပေါ်မှာ ဝင်မွှေဖို့အတွက် အဆင်သင့်ဖြစ်နေပြီလား? Comment မှာ ဆွေးနွေးသွားကြပါဦး။...
💘4
ဖြစ်ဖူးကြလား? မိဘတွေကပေးတဲ့ စိတ်ဒဏ်ရာတွေကို ကိုယ့်လက်ထက်၊ ကိုယ့်သားသမီးတွေ အလှည့်ကြရင် လုံးဝ မခံစားစေရဘူးဆိုပြီး....

ဒီဘက်ခေတ် လူငယ်တွေ အတော်များများ၊ မင်မင် အပါအဝင် စိတ်ထဲမှာ ဆုံးဖြတ်ချက်လေးတစ်ခု ရှိတတ်ကြပါတယ်။ အဲဒါကတော့ ရှေ့ကလူကြီးတွေ လွဲမှားစွာ ဆုံးမခဲ့သမျှ ကိုယ့်လက်ထက်၊ ကိုယ့်သားသမီးတွေ အလှည့်ကြရင် ဒီလိုမျိုး မကြုံစေချင်ကြဘူးဆိုတာပါ။ အပြင်မှာ ထုတ်မပြောတောင် စိတ်ထဲမှာ အဲဒီလို ခံယူချက်လေးတွေရှိတတ်တာကြောင့် ဒီနေ့ ပြောပြမယ့် ဂိမ်းလေးက အဲဒီ ခံစားချက်တွေနဲ့ ထပ်တူတဲ့ ဇာတ်ညွှန်းရေး ဆရာမလေးတစ်ယောက်ရဲ့ ရင်နှင့်ဖွယ် ဖြစ်ရပ်မှန် ဇာတ်ကြောင်းလေး တစ်ခုကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
( https://helloydbgame.blogspot.com/2026/09/the-wreck.html?m=1 )
⚡3❤1💘1
အချိုးမ‌ပြေရင် ဖိနပ်နဲ့ ကောက်ပေါက်ချင်တဲ့သူတွေအတွက် စိတ်ပြေစေမယ့် ဂိမ်းအသစ်.....

အခုလ 3 ရက်နေ့ကမှ ထွက်ရှိထားတဲ့ ဒီဂိမ်းဟာ ဆွစ်ဇာလန်နိုင်ငံ Amberbite Games ကနေ ထုတ်ဝေထားတာဖြစ်ပြီး လူ့အသိုင်းအဝိုင်းရဲ့ ဖိအားတွေကို ဖိနပ်အစုတ်တွေနဲ့ ပစ်ပေါက်ပြီး တော်လှန်ရမယ့် Punk Rock ဂိမ်းကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
( https://helloydbgame.blogspot.com/2026/09/shoe-it-all.html?m=1 )
❤3
စောစောစီးစီး Survey ဆင်းလိုက်ပါအုံးမယ်...

◾ သတိထားမိတဲ့ Fan တွေဆိုရင် အခုတလော တစ်ရက်တစ်ပုဒ် မရရအောင် တင်ပေးနေတာကို ရိပ်မိကြမှာပါ။ အရင်က Daily တင်နိုင်ခဲ့တဲ့ Prime Time ကိုလည်း သတိရတာကြောင့်ကော၊ ကိုယ့်ကိုယ်ကိုယ်ပါ Challenge လုပ်ချင်တာကြောင့် အချိန်သီးသန့်ခွဲပြီး ကြိုးစားပေးနေပါတယ်။

နောက်ပိုင်း ဂိမ်းအသစ်ကော၊ ဂိမ်း‌အဟောင်းကော ဆော့ကောင်းမယ့်အရာလေးတွေပါ တစ်နေ့ တစ်ပုဒ်တင်ပေးမယ်ဆိုပေမယ့် Fan တွေ ပိုသဘောကျတဲ့၊ Review လုပ်စေချင်တဲ့ ဂိမ်းလေးတွေ ဒါမှမဟုတ် ဂိမ်း Type လေးတွေကိုလည်း ပိုပြီးတော့ ဦးစားပေးသွားချင်လို့ အခုလို Survey လေး လုပ်လိုက်တာပါ။ အဲတော့ အချိန်ရရင် ဖြေပေးခဲ့ကြပါနော်။

◾ Website ထဲမှာ Request လုပ်ထားတဲ့ ဂိမ်းတွေကိုလည်း On Going အနေနဲ့ အချိန်သီးသန့်ပေးပြီး ကစားကြည့်နေပါတယ်။ အဲဒါကြောင့် ကိုယ်တောင်းထားတဲ့ ဂိမ်းတွေ မတင်ပေးမှာကိုလည်း စိတ်မပူပါနဲ့နော်။

အရင်က Mobile Game တွေကို ဦးစားပေး တင်ခဲ့တယ်ဆိုပေမယ့် အခုအခါမှာတော့ PC နဲ့ Consoles သမား‌‌တွေ အတွက်ပါ ထပ်မံ တိုးချဲ့ပေးထားပါတယ်။

အဆင်မပြေတာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါနော်...
❤17
ရန်သူရဲ့ သွေးကို တစ်စက်တောင် အကျမခံဘဲ လက်နက်ချ အရှုံးပေးသွားအောင် ပညာပေးရမယ့် ဆာမူရိုင်းတစ်ယောက်ရဲ့ ခရီးစဉ်တစ်ခု...

‌တွေးကြည့်ရင် မဖြစ်နိုင်ဘူးဆိုပေမယ့် တကယ် လူတိုင်း ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရတဲ့ ဆာမူရိုင်းတစ်ယောက်ဟာ သည်းခံစိတ်နဲ့ သူတစ်ပါးအသက်ကို မသတ်ပါဘူးဆိုတဲ့ သစ္စာတရားကို ရင်ဝယ်ပိုက်လိုက်တဲ့အချိန်မှာတော့ အရာရာဟာ ကလေးဆုံးမသလိုမျိုးအထိ ဒီဂိမ်းထဲမှာ စိတ်ဝင်စားဖွယ်ကောင်းအောင် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Review မဖတ်ခင် ကြိုအသိပေးချင်တာက ဂိမ်းက Hardcore အမျိုးစားပါ။ ကိုယ့်ကို ဓားနဲ့ ရွယ်တဲ့သူကို လက်နက်ချ အရှုံးပေးအောင် လုပ်ဖို့ဆိုတာက တော်ရုံတန်ရုံ စိတ်ရှည်သည်းခံမှု‌နဲ့တော့ ဆော့နိုင်မှာ မဟုတ်ပါဘူး။ တကယ်ကို Next-Level Concept တစ်ခုမလို့ မင်မင်ကတော့ အရမ်းသဘောကျတယ်။

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
( https://helloydbgame.blogspot.com/2026/09/bloodless.html?m=1 )

🍁 Full Storyline လေးလဲ ထည့်ပေးထားတာမလို့ အချိန်ပေးမဆော့နိုင်ရင် ဝင်ဖတ်ကြည့်လို့ရပါတယ်။
❤7
ပြောချင်တာတွေများပြီး Facebook မှာ စာထည့်တာ အတော်ရှည်သွားပြီလား မသိဘူး။ Fan တွေလည်း ပျောက်သွားသလိုပဲ
❤17⚡1
မိုးအေးအေးနဲ့ Cozy ဓာတ်လေးရချင်တဲ့သူတွေအတွက် ဒီဂိမ်းလေးက လုံးဝကို Perfect ပါပဲ...

ဂိမ်းထဲ ရောက်သွားတာနဲ့ တကယ့်ကို Ghibli ကမ္ဘာထဲ ဆွဲခေါ်သွားသလိုအထိ ခံစားရမှာဖြစ်ပြီး နောက်ခံတီးလုံးလေးတွေကအစ တကယ့်ကို Peaceful ဖြစ်တဲ့ ဂိမ်းကောင်းလေးတစ်ခုကို မြင်တွေ့ရမှာပါ။

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
➥ Android / iOS / PC / PS5 / Xbox / Nintendo
( https://helloydbgame.blogspot.com/2026/09/hoa.html?m=1 )

( Full Storyline လေးလဲ အချိန်မပေးနိုင်ရင် ဖတ်ကြည့်လို့ရတယ်နော်။ Test ဖို့အတွက် Android / PC နဲ့ Nintendo Switch တွေအထိ ထည့်ပေးထားပါတယ် )
❤8
အန္တရာယ်များတဲ့အတွက် 9 နာရီထိုးရင် Post ဖျက်ပါမယ် ⚠️
မင်မင်ကိုယ်တိုင်လည်း အဲဂိမ်းမတင်ခင် ထပ်ခါထပ်ခါ ပြန်စဉ်းစားပေမယ့် အခုခေတ်လို အခြေနေမျိုးကြီးမှာ ဘယ်ဘက်ကနေနေ ကြည့်ကြည့် အားမပေးချင်တာကြောင့် ပြန်ဖျက်လိုက်တာပါ။

ဂိမ်းဆော့နေကျ Gamer တွေအတွက်က စဉ်းစားတွေးခေါ်တတ်လို့ ကိစ္စမရှိပေမယ့် Game ကို Game လို မဆော့တဲ့ သူတွေအတွက်ကျ အတော်အန္တရာယ်များတဲ့ Concept တစ်ခုမလို့ အခုလို ပြန်ဖျက်လိုက်တာပါ။

ပြောချင်တာက ဒီနေ့လည်း ဂိမ်းတင်ပါတယ်နော်။ Challenge မပျက်သေးပါဘူး။ နောက်ထပ် Side Effect ကင်းတဲ့ ဂိမ်းလေးတွေ ထပ်တင်ပေးပါအုံးမယ်။

#HELLOYDB #Challenge
❤8🔥2💘1
Palworld ကိုဖန်တီးခဲ့တဲ့ Pocketpair ဆီကနေ ထွက်လာမယ့် Cozy Truck Delivery ဂိမ်းအသစ် Truckful

အေးအေးဆေးဆေးနဲ့ Delivery ဆွဲရင်း လျှို့ဝှက်ချက်တွေကို ရှာဖွေရမယ့် Truckful ဆိုတဲ့ Indie ဂိမ်းလေးကို လာမယ့် အောက်တိုဘာလ 9 ရက်နေ့မှာ PC နဲ့ Android Platform တွေအတွက် တရားဝင် Release လုပ်တော့မှာပဲဖြစ်ပါတယ်။

ဒီဂိမ်းကို MythicOwl ကနေ Develop လုပ်ထားပြီး နာမည်ကြီး Palworld ကိုဖန်တီးခဲ့တဲ့ Pocketpair ရဲ့ Publishing အောက်ကနေ ထွက်ရှိလာတာပါ။

ဂိမ်းရဲ့ Gameplay ဟာ Physics-based driving ကိုအခြေခံထားပြီး ကိုယ့်ရဲ့ အဟောင်းစား Pickup truck လေးကို Upgrade အမျိုးမျိုးလုပ်ရင်း ရွာသားတွေအတွက် Cargo တွေ ပို့ဆောင်ပေးရမှာပါ။ ပို့ရမယ့် ပစ္စည်းတွေက ရိုးရိုးပစ္စည်းတွေတင်မကဘဲ အချိန်မီပို့ရမယ့် ငါးစိမ်းတွေ၊ အလွယ်တကူကွဲနိုင်တဲ့ ပန်းအိုးတွေ ပါဝင်တာမို့ ကားမောင်းရတာ ပိုပြီးတော့ Challenging ဖြစ်စေမှာပါ။ Map အနေနဲ့ ရွှံ့တောတွေ၊ လမ်းကြမ်းတွေအပြင် လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းသစ်တောကြီးတွေထဲအထိပါ Explore လုပ်နိုင်မှာပဲဖြစ်ပါတယ်။

Android အသုံးပြုသူတွေအနေနဲ့ Google Play Store မှာ Pre-registration ဝင်လုပ်ထားလို့ ရနေပြီနော် ..
❤5💘1
The Fall Series ရဲ့ ဇာတ်သိမ်းပိုင်းလို့ ပြောလို့ရတဲ့ The Fall 3 ကတော့ Official ထွက်ရှိလာပါပြီ..

The Fall 1 တင်ပေးတုန်းက Fan တွေ မှတ်မိကြသေးလားမသိပေမယ့် Mobile Game လောကမှာ တကယ် Horror Vibe အပြည့်ရတဲ့ ဂိမ်းတစ်ခုကို ပြောပါဆိုရင် The Fall က ညွှန်းသင့်တဲ့အထဲမှာ ပါပါတယ်။ အခု Sequel ဖြစ်တဲ့ The Fall 3 မှာတော့ အရင်က Vibe တွေ အကုန် ပေါင်းစပ်ပြီး ရှယ်ကြမ်းထားတာမလို့ Survival ဂိမ်းတစ်ခုထက်ပိုတဲ့ Horror ကော၊ Thrilling Vibe ပါ ပြန်ခံစားရတော့မှာပါ။

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
➥ Google Play Store / Android
( https://helloydbgame.blogspot.com/2026/09/the-fall-3-zombie-survival.html?m=1 )

( အရင် The Fall 1 ကို ပြန်ဖတ်ချင်ရင် အောက်က Link ကနေ Memory တွေ ပြန်သွားကြည့်လို့ရပါတယ်။ မင်မင် The Fall 2 တော့ မတင်ဖြစ်ခဲ့ပါဘူး။ )

The Fall 1 ( Review )
https://www.facebook.com/share/p/1Fuqef3sk3/
❤3💘1
Football Manager Player တွေ စောင့်မျှော်နေကြတဲ့ Soccer Manager 2027 ရဲ့ Open Beta ကို Android, iOS နဲ့ PC (Steam) တွေမှာ တရားဝင် စမ်းသပ်ကစားလို့ ရနေပြီပဲ ဖြစ်ပါတယ်။

ဒီနှစ် Season အသစ်တွက် Invincibles Studio ကနေ ဂိမ်းရဲ့ Immersion နဲ့ Gameplay ပိုင်းကို သိသိသာသာ Upgrade လုပ်ထားတာကို တွေ့ရပါတယ်။ အဓိက Features အနေအနဲ့ ဘာတွေပါလာလဲဆိုရင်

• Club Archetypes ဖြစ်တဲ့ ကလပ်အသင်းတိုင်းက သူတို့ရဲ့ Real-life Philosophy အတိုင်း သီးသန့် Identity နဲ့ Objectives တွေ ရှိလာပါပြီ။

• နောက်ထပ် Ballon D'Or Award System ဖြစ်တဲ့ ရာသီကုန်တိုင်း အကောင်းဆုံး ကစားသမား၊ လူငယ်ကစားသမား၊ ဂိုးသမားနဲ့ မန်နေဂျာတွေအထိပါ ရွေးချယ်ပေးမယ့် စနစ်သစ် ပါဝင်လာပါတယ်။

• Squad Planner အပိုင်းမှာဆိုရင်လည်း လာမယ့် Transfer Window အတွက် ကစားသမား အဝင်အထွက်တွေကို ကြိုတင်ပြင်ဆင်နိုင်မယ့် Feature အသစ်မျိုးဖြစ်ပါတယ်။

• နောက်ထပ် Improve လုပ်ထားတဲ့ အပိုင်းကတော့ Match Engine တွေကို ပိုမိုက်သွားအောင် Remastered လုပ်ထားတဲ့ Player Models တွေ၊ Animations အသစ်တွေနဲ့ မြင်တွေ့ရမှာပါ။
❤2💘1