HELLO YDB
3.64K subscribers
191 photos
18 videos
4 files
141 links
Mobile Games များကို Review နဲ့တကွ Up To Date တင်ပေးနေပါသည်။
Download Telegram
FM26 Mobile ကတော့ Unity Engine အသစ်မပါဘဲ Netflix သီးသန့်ဆိုပြီး ထွက်လာပါပြီ..

Netflix က အသက်ဆက်ပေးလိုက်တဲ့ FM26 Mobile ဟာဆိုရင် PC တွေလို ရုပ်ထွက်အလန်းစား Unity Engine နဲ့ ထွက်မလာပေမယ့်၊ FM24 က Save တွေကိုတိုက်ရိုက် ပြန်ဆွဲယူဆော့လို့ရမယ့် ပထမဆုံး Mobile ဂိမ်းတစ်ခု ဖြစ်လာတာပါ။ အမျိုးသမီး ဘောလုံးလောကပါ အပြည့်အစုံ ပါဝင်လာပြီး တင်းကျပ်တဲ့ ဘဏ္ဍာရေး စည်းမျဉ်းဖြစ်တဲ့ FFP ကြောင့်ပါ ပိုပြီးတော့ လက်တွေ့ကျတဲ့ Transfer Market ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥 𝐌𝐚𝐧𝐚𝐠𝐞𝐫 𝟐𝟎𝟐𝟔 𝐌𝐨𝐛𝐢𝐥𝐞
( iOS, Android, PC )

📱 Mobile Specs & Hardware
-------------------------------
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 11 +
◈ 𝐑𝐚𝐦 = 4GB Minimum
◈ 𝐒𝐎𝐂 = Snapdragon 680 / Helio G99 +
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 2 GB
◈ 𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐞𝐫 𝐒𝐮𝐩𝐩𝐨𝐫𝐭 = No
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/03/football-manager-2026-mobile.html?m=1

Mod Patch Version မလို့ အသင်းနာမည်တွေ၊ Logo တွေ၊ Name တွေကအစ Official မှန်ပြီးသားပါ။
သရဲဘဝကို စွန့်လွှတ်ပြီး လယ်စိုက်တော့မယ့် Vampire

Cosy farming ဂိမ်းတွေကြိုက်တဲ့ သူတွေအတွက် ဒီတစ်ခါမှာတော့ ရိုးရိုးစိုက်ပျိုးရေး ဂိမ်းတွေနဲ့မတူဘဲ သွေးစုပ်ဖုတ်ကောင် Vampire အနေနဲ့ ဇာတ်လမ်းသွားရမယ့် Moonlight Peaks ဆိုတဲ့ဂိမ်းလေးဟာ လာမယ့် ဇူလိုင်လ 7 ရက်နေ့မှာ Android, PC နဲ့ Switch အတွက် တရားဝင် ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

ဒီဂိမ်းထဲမှာဆိုရင် ကိုယ်က နာမည်ကျော် Count Dracula ရဲ့ သားသမီး တစ်ယောက်အနေနဲ့ ကစားရမှာပါ။ ဖခင်ဖြစ်သူရဲ့ မျှော်လင့်ချက်တွေကို ဆန့်ကျင်ပြီး ကြောက်စရာကောင်းတဲ့ ဘဝကိုစွန့်လွှတ်ကာ စိုက်ပျိုးရေးလုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့တဲ့ ဇာတ်အိမ်မျိုးလေး မြင်တွေ့ရမှာပါ။ ဘာတွေလုပ်ရမလဲဆိုရင် ဥပမာ - စွန့်ပစ်ခံထားရတဲ့ မိသားစုခြံကြီးကို ပြန်လည်ပြုပြင်တာမျိုးတွေ၊ မှော်ဝင်အပင်တွေ စိုက်ပျိုးရတာမျိုးတွေ၊ နောက်ပြီး မှော်သတ္တဝါလေးတွေပါ မွေးမြူရတာမျိုးတွေအထိ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မြို့ထဲက စုန်းမတွေ၊ Werewolf တွေအပြင် ရေသူမတွေအထိတောင် မိတ်ဆွေဖွဲ့နိုင်တာကြောင့် Romance ပါတနာပေါင်း 20 ကျော်ထဲကနေ ကိုယ်ကြိုက်တဲ့သူကို ရွေးချယ်နိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Vampire တစ်ကောင်ဖြစ်တဲ့အတွက် Shapeshifting ပြောင်းတာတွေ၊ Spellcasting မှုတ်တာတွေအပြင် Potion ဖျော်စပ်တဲ့ စွမ်းရည်တွေအထိပါ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ Fishing, Crafting လုပ်တာတွေအပြင် မြို့ခံတွေ အရမ်းကို စွဲလမ်းနေကြတဲ့ Nokturna လို့ခေါ်တဲ့ Mini Card Game လေးတွေပါ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

❖ HELLO YDB အမြင်
—--------------------
မင်မင်အနေနဲ့ကတော့ Farming Sim တွေ အရမ်းခေတ်စားနေတဲ့ အချိန်မှာ Vampire Theme ကို ယူသုံးထားတာက တော်တော်လေးကို Fresh ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ Idea တစ်ခုလို့ မြင်မိတယ်။ Stardew Valley လို ဂိမ်းမျိုးကိုမှ Supernatural vibe လေးနဲ့ ကစားချင်တဲ့ Casual Gamers တွေအတွက် တော်တော်လေး သဘောကျစေမယ့် ဂိမ်းမျိုးလေးဖြစ်လာဖို့ များပါတယ်။ Developer တွေဘက်ကလဲ Android အတွက်ပါ PC နဲ့ တစ်ပြိုင်နက်တည်း ထုတ်ပေးမှာမို့ Mobile သမားတွေအတွက် Optimization ပိုင်းကိုပဲ မျှော်လင့်ရမှာပါ။

#HELLOYDB #MoonlightPeaks #FarmingSim #MobileGames #gamingnews
ရွေးချယ်မှုတိုင်းကို အသက်နဲ့ရင်းရမယ့် FMV Horror ဂိမ်းတစ်ခု

ကိုယ့်ရဲ့ လူအသိမခံချင်တဲ့ အနက်ရှိုင်းဆုံး အကြောက်တရားတွေ၊ ဖုံးကွယ်ထားချင်တဲ့ အတိတ်က လျှို့ဝှက်ချက်တွေကို တောအုပ်ကြီးကနေ ပြန်လည်အသက်သွင်းလိုက်တဲ့အခါ... ကြက်သီးတဖြန်းဖြန်းထစရာ အငွေ့အသက်တွေနဲ့အတူ ရင်တမမဖြစ်စေမယ့် ဂိမ်းကတော့ Heart of the Forest ပဲဖြစ်ပါတယ်။

📱 Mobile Specs & Hardware
-------------------------------
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 10.0
◈ 𝐑𝐚𝐦 = 4GB Minimum
◈ 𝐒𝐎𝐂 = Snapdragon 720G
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = 3.5 GB
◈ 𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐞𝐫 𝐒𝐮𝐩𝐩𝐨𝐫𝐭 = Partial
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline

💻 PC Minimum Specs
------------------------
◈ 𝐎𝐒 = Windows 10 64-bit
◈ 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐨𝐫 = 2.0 GHz
◈ 𝐑𝐀𝐌 = 2 GB RAM
◈ 𝐆𝐫𝐚𝐩𝐡𝐢𝐜𝐬 = DirectX 11.0 compatible video card
◈ 𝐒𝐭𝐨𝐫𝐚𝐠𝐞 = 14 GB available space
◈ 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐚𝐲𝐞𝐫 = Singleplayer

( PC / Playstation / Xbox / Switch / Android / iOS )

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/03/heart-of-forest_12.html?m=1

( Android သမားတွေက In Game ကြရင် 2 GB လောက် ထပ်ပြီး Download ဆွဲရပါမယ်။ )
6🍓1
ဘိုလီးဗီးယား တောင်တန်းတွေပေါ်မှာ ကားမောင်းချင်တဲ့သူတွေအတွက် Hono Truck

𝐇𝐨𝐧𝐨 𝐓𝐫𝐮𝐜𝐤 ( 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 )
-----------------------------
မင်မင်တို့ မြန်မာဂိမ်းမာတွေ ကြားမှာ Truck Simulator တွေဆိုတာ တော်တော်လေး ခေတ်စားတဲ့ အမျိုးအစားတစ်ခုလို့ ပြောလို့ရပါတယ်။ Hino လို ကားကြီးတွေကို မောင်းပြီး လမ်းကြမ်းတွေပေါ် သွားရတာကြိုက်တဲ့သူတွေအတွက် ဒီဂိမ်းက ဘိုလီးဗီးယားနိုင်ငံက အင်မတန် အန္တရာယ်များတဲ့ တောင်တန်းတွေ၊ ရွှံ့ဗွက်လမ်းတွေနဲ့အတူ ကျဉ်းမြောင်းတဲ့ လမ်းဆိုးလမ်းကြမ်းတွေပေါ်မှာ ကုန်တင်ကားကို ကျွမ်းကျင်စွာ မောင်းနှင်ရမှာပဲဖြစ်ပါတယ်။

📱 Mobile Specs & Hardware
-------------------------------
◈ 𝐀𝐧𝐝𝐫𝐨𝐢𝐝 𝐕𝐞𝐫𝐬𝐢𝐨𝐧 = Android 8.0 +
◈ 𝐑𝐚𝐦 = 3 GB Minimum +
◈ 𝐒𝐎𝐂 = Snapdragon 660 / Helio G80 +
◈ 𝐓𝐨𝐭𝐚𝐥 𝐒𝐢𝐳𝐞 = ~259 MB
◈ 𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐞𝐫 𝐒𝐮𝐩𝐩𝐨𝐫𝐭 = No
◈ 𝐍𝐞𝐭𝐰𝐨𝐫𝐤 = Offline
◈ 𝐌𝐮𝐥𝐭𝐢𝐩𝐥𝐚𝐲𝐞𝐫 = Singleplayer

❖ 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤
https://helloydbgame.blogspot.com/2026/03/hono-truck.html?m=1
3
အေးချမ်းတဲ့ မြို့ငယ်လေးရဲ့ အမှောင်ဘက်အခြမ်း..

Moth Lake ဆိုတဲ့ နယ်မြို့လေးကို ကြည့်လိုက်မယ်ဆိုရင် သစ်ပင်တောတောင်တွေ၊ ရေကန်တွေနဲ့ အေးချမ်းတဲ့ နယ်မြို့လေး တစ်ခုလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် နေကြတ်မယ့် ညနေခင်းတစ်ခုကို အရောက်မှာတော့၊ ဒီမြို့လေးရဲ့ မြေအောက်ထဲမှာ မျိုးဆက်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ အနက်ရှိုင်းဆုံး၊ ကြောက်မက်ဖွယ်အကောင်းဆုံး လျှို့ဝှက်ချက်တွေဟာ အပြင်ကို ယိုဖိတ်ကျလာခဲ့ပါတယ်။

ဆက်ဖတ်ရန်....
https://helloydbgame.blogspot.com/2026/03/moth-lake-horror-story.html?m=1
3🍓1
Angry Birds 2 ထဲကို အမိုက်စား Abilities တွေနဲ့ ရောက်လာတဲ့ Ghost Bird အသစ် "Shade"

Angry Birds 2 ကစားနေတဲ့ သူတွေအတွက် ဒီတစ်ခါ Update မှာတော့ ရိုးရိုး Bird မဟုတ်ဘဲ တားဆီးထားတဲ့ Obstacles တွေကို ဖောက်ထွင်းသွားနိုင်တဲ့ သရဲငှက်မလေး Shade ကို ထည့်သွင်းပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

ဘာတွေထူးခြားသွားလဲဆိုတော့ Shade ဟာ အရင်က Dahlia လို့ခေါ်တဲ့ ငှက်မလေးဖြစ်ခဲ့ပြီး၊ Gale's Ancient Book ထဲက မှော်အတတ်တွေကို Black Pearl, Ghost Orchid တွေနဲ့ ပေါင်းစပ်စမ်းသပ်ရင်းကနေ အခုလို ငှက်သရဲမလေးအဖြစ် ပြောင်းလဲသွားခဲ့တာပါ။

𝐀𝐛𝐢𝐥𝐢𝐭𝐢𝐞𝐬 & 𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲
--------------------
Shade ရဲ့ အဓိက စွမ်းရည်ကတော့ ရန်သူ့ခံတပ်တွေကို Ghost လိုမျိုး ဖောက်ထွင်းဝင်ရောက်နိုင်တာပါ။ Slingshot ကနေ ပစ်လွှတ်လိုက်တာနဲ့ ပစ္စည်းတွေကို ဖြတ်သန်းသွားနိုင်ပြီး၊ Screen ပေါ်က Lantern ကို Tap လုပ်လိုက်တာနဲ့ Spinning Slash ကိုသုံးပြီး ဝက်တွေရဲ့ ခံတပ်အလယ်ဗဟိုကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးပေးမှာပဲဖြစ်ပါတယ်။ High-score ယူရမယ့် ခက်ခဲတဲ့ Level တွေအတွက် တော်တော်လေး အသုံးဝင်မယ့် ကောင်မလေးပါ။

ဘယ်လို Unlock လုပ်ရမလဲ?
--------------------------
Shade ကို အခုအချိန်ကစပြီး May 7 ရက်နေ့အထိပဲ Limited-Time အနေနဲ့ ရယူနိုင်မှာပါ။ Saga Level 23 ကို ကျော်ထားတဲ့ Player တွေအနေနဲ့ In-game events တွေဆော့ပြီး Feathers တွေစုကာ Unlock လုပ်နိုင်သလို၊ ပိုက်ဆံပေးပြီး In-app purchase ကနေလည်း ဝယ်ယူနိုင်ပါတယ်။ တစ်ခါ Unlock လုပ်ထားပြီးရင်တော့ ကိုယ့်ရဲ့ Flock ထဲမှာ အပိုင် Permanent ရသွားမှာပါ။

HELLO YDB အမြင်
-------------------
Puzzle Game တွေမှာ အခုလို ရှေ့ကကာထားတဲ့ Defenses တွေကို ကျော်ပြီး နောက်တန်းကို တိုက်ရိုက် Damage ပေးနိုင်တဲ့ Phasing Mechanic မျိုးက Meta ကို တော်တော်လေး အပြောင်းအလဲဖြစ်စေပါတယ်။ Stage အခက်ကြီးတွေမှာ တွေးရခက်နေရင် Shade က အကောင်းဆုံး Problem-solver ဖြစ်လာမှာ အသေအချာပါပဲ။

#AngryBird2 #NewBird
စစ်တုရင်ရုပ်တွေ၊ မြေအောက်ခန်းထဲက အလွမ်းတွေနဲ့... မိန်းကလေးတစ်ယောက်ရဲ့ ကမ္ဘာကျော် စစ်တုရင် ခရီးစဉ်တစ်ခု..တစ်နည်းအားဖြင့် အထီးကျန်ဆန်မှုတွေကြားကနေ ကမ္ဘာကို သိမ်းပိုက်မယ့် The Queen's Gambit Chess ဆိုတဲ့ ဂိမ်းအကြောင်းလေးပေါ့။

"Beth... မင်းက စစ်တုရင် ကစားဖို့ မွေးဖွားလာတာ။ ဒါပေမယ့် မင်းရဲ့ အကြီးမားဆုံး ရန်သူက မင်းကိုယ်မင်းပဲ။"
အေးစက်နေတဲ့ မြေအောက်ခန်းလေးထဲက ဖုန်နံ့ သင်းသင်းလေးရယ်၊ သစ်သား စစ်တုရင်ရုပ်လေးတွေ အချင်းချင်း ထိခတ်သွားတဲ့ အသံလေးရယ်...

ဒါတွေဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေက မိဘမဲ့ဂေဟာတစ်ခုရဲ့ လျှို့ဝှက်ချက်တွေပါပဲ။ ဒီနေ့မှာတော့ တကယ့်ကို ရင်ထဲထိ ဝင်ရောက်သွားစေမယ့် ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်တဲ့ The Queen's Gambit Chess ဆိုတဲ့ ဂိမ်းအကြောင်းလေးကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ဆက်ဖတ်ရန်...
https://helloydbgame.blogspot.com/2026/03/the-queens-gambit-chess.html?m=1
1
Sigma Theory ဆိုတာ Turn-based Strategy နဲ့ သူလျှိုလုပ်ငန်း Espionage ကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ ကိုယ်က Agent တွေကို စေခိုင်းပြီး ရန်သူနိုင်ငံတွေဆီကနေ သိပ္ပံပညာရှင်တွေကို ခိုးယူတာ‌‌တွေ၊ သံတမန်ရေးရာ ကစားတာတွေလုပ်ရင်း ကမ္ဘာပျက်နာရီလို့ တင်စားကြတဲ့ Doomsday Clock ကို အချိန်မီ တားဆီးရမယ့် ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

အစအဆုံးဖတ်ရန်...
https://helloydbgame.blogspot.com/2026/03/sigma-theory.html?m=1
1🍓1
Anime RPG တွေ ရိုးအီနေပြီဆိုရင်တော့ Black Anvil Studio ကနေ 5 နှစ်တိုင်တိုင် ဖန်တီးထားတဲ့ ဂိမ်းအသစ်ကို စမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။ Auto-Play လုံးဝမပါဝင်တဲ့အပြင် Procedurally Generated ဖြစ်တဲ့ ဝင်တိုင်းပြောင်းလဲနေတဲ့ Dungeon တွေပါ ပါဝင်တာမလို့ ကိုယ်တိုင် Skill သုံး၊ ကိုယ်တိုင် Dodge လုပ်ရမယ့် Hardcore Combat ဂိမ်းအမျိုးစားပဲဖြစ်ပါတယ်။ လောလောဆယ် Server Issue နဲ့ Input Delay ပိုင်းကိုတော့ နည်းနည်းသည်းခံရပါလိမ့်မယ်။

ဆက်ဖတ်ရန်...
https://helloydbgame.blogspot.com/2026/03/hellguard-online-action-rpg.html?m=1
4
ကတ်ဂိမ်းလို့ ထင်ပြီး ဆော့လိုက်တာ... အခန်းထဲမှာ ပိတ်လှောင်ခံရပြီး ကိုယ့်အသက်ကိုပါ လောင်းကြေးထပ်ရတဲ့အထိ ဖြစ်သွားတဲ့ ဂိမ်းတစ်ခု

Inscryption ဆိုတာ Deck-building Card Game ကိုမှ Roguelike နဲ့ Escape Room Horror တို့ကို အမိုက်စား ပေါင်းစပ်ထားတဲ့ ဂိမ်းအမျိုးစားတစ်ခုပါ။ စဆော့တဲ့အချိန်ကစပြီး ဇာတ်ကောင်နဲ့အတူ ကိုယ်ပါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ လုံးဝကို ခန့်မှန်းလို့မရအောင်အထိ ဆွဲခေါ်သွားမှာမလို့ ရင်တထိတ်ထိတ်နဲ့ကို ကစားရမှာပဲဖြစ်ပါတယ်။ ပြောရရင် နားမလည်ရင်တောင် ကြောက်ကြောက်နဲ့ ကစားရမှာမလို့ First Person View နဲ့ ကိုင်ထားတဲ့ ကဒ်တွေပါ တုန်တုန်ရီရီဖြစ်နေတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ဆက်ဖတ်ရန်
https://helloydbgame.blogspot.com/2026/03/inscryption.html?m=1
4
အိပ်ရေးပျက်ခံမလား၊ Multiplier တွေ သိန်းချီတက်သွားတဲ့ အရသာကို ခံစားကြည့်မလား... ပြောရရင် ရိုးရိုးဖဲဂိမ်းမဟုတ်ပဲ ကိုယ့်ရဲ့ဦးနှောက်ကို Dopamine တွေနဲ့ ရေချိုးပေးမယ့် Balatro ဂိမ်းပဲဖြစ်ပါတယ်။

𝐁𝐚𝐥𝐚𝐭𝐫𝐨 ( 𝐒𝐮𝐦𝐦𝐚𝐫𝐲 )
--------------------
Balatro ဆိုတာ Poker ကစားနည်းကို အခြေခံထားတဲ့ Roguelike Deck-builder ဂိမ်းကြီးပါ။ P2W လည်း မပါ၊ အင်တာနက်လည်း လုံးဝမလိုတဲ့အပြင် Joker ကတ်တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ဖဲချပ်တွေကို သိန်း၊ သန်း၊ ဘီလီယံချီတဲ့ အမှတ်တွေရအောင် Combo စပ်ရတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Multiplier နံပါတ်ကြီးတွေ မီးပွင့်ပြီး တက်သွားတဲ့ အရသာက တကယ်ကို စွဲလမ်းစေတာကြောင့် Digital Crack လို့တောင် တင်စားခံရတဲ့ Masterpiece ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

ဆက်ဖတ်ရန်
https://helloydbgame.blogspot.com/2026/03/balatro.html?m=1
2🍓1
ဒီဂိမ်းက Mobile မှာ မြင်ရခဲတဲ့ ဇာတ်အိမ်မျိုးနဲ့ ဖန်တီးထားတာကြောင့် ပြောရရင် ဒီလို Society ပျက်ဆီးသွားတဲ့အခြေနေမျိုးထက် Zombie ကပ်ဘေးကမှ တော်ရာကြအုံးမယ်ဆိုပြီး ‌တွေးကောင်း‌‌တွေးမိသွားနိုင်ပါတယ်။

𝐓𝐡𝐞 𝐃𝐢𝐯𝐢𝐬𝐢𝐨𝐧 𝐑𝐞𝐬𝐮𝐫𝐠𝐞𝐧𝐜𝐞 ( 𝐒𝐮𝐦𝐦𝐚𝐫𝐲 )
-------------------------------------
The Division Resurgence ဆိုတာက Ubisoft ကနေ Mobile အတွက် သီးသန့်ထုတ်လုပ်လိုက်တဲ့ AAA Open-World TPS ဂိမ်းကြီးဖြစ်ပြီး The Division 1 & 2 ရဲ့ အနှစ်သာရတွေ အကုန်လုံးကို ယူဆောင်လာပေးတာပါ။ လူနေမှုအဖွဲ့စည်းကြီး ပြိုလဲကျသွားတဲ့အချိန်၊ အစိုးရယန္တရားကြီး ပျက်စီးသွားတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ ပဋိပက္ခပြဿနာတွေကို မြင်တွေ့ရမှာဖြစ်တာကြောင့် ကစားကို ကစားကြည့်သင့်တဲ့ ဂိမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

ဆက်ဖတ်ရန်
https://helloydbgame.blogspot.com/2026/03/the-division-resurgence.html?m=1
💘31
ဆီဈေးပြဿနာက ဂိမ်းထဲမှာလဲ ကြုံရမှာမလို့ ကိုယ့်စိတ်ကိုယ် မနိုင်ဘူးဆိုရင် ဒီဂိမ်းလေးကို မဆော့စေချင်ပါဘူး။ ဂိမ်းကစားတယ်ဆိုတာ တစ်နည်းအားဖြင့် တကယ့်လက်တွေ့ဘဝမှာ အလုပ်လုပ်ရတာ ပင်ပန်းလို့ ဂိမ်းထဲကိုဝင်ပြီး အနားယူကြတာပါ။ ဒါပေမယ့် ဒီ Easy Delivery Co. ကတော့ မင်မင်တို့ကို ဂိမ်းထဲမှာပါ Minimum Wage နဲ့ ခိုင်းစားမယ့် ဂိမ်းတစ်ခုဖြစ်နေပါတယ်။

𝐄𝐚𝐬𝐲 𝐃𝐞𝐥𝐢𝐯𝐞𝐫𝐲 𝐂𝐨. ( 𝐒𝐮𝐦𝐦𝐚𝐫𝐲 )
-------------------------------
Easy Delivery Co. ဟာ PS1 ခေတ်ကလို Classic Graphic လေးတွေနဲ့ ဖန်တီးထားတဲ့ Story-rich Delivery Game လေးဖြစ်ပါတယ်။ သာမန် ပစ္စည်းပို့တဲ့ ဂိမ်းလေးလို့ ထင်ရပေမယ့်၊ တကယ့်တကယ်က နှင်းတွေဖုံးနေတဲ့ တောင်ပေါ်မြို့လေးရဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ မြို့ခံတွေရဲ့ ထူးဆန်းတဲ့ ဇာတ်လမ်းတွေကိုပါ ဖော်ထုတ်ပေးရမယ့် ထူးထူးဆန်းဆန်းဂိမ်းလေးလို့ ပြောလို့ရပါတယ်။ ဘာလို့ဆို Developer တွေကိုယ်တိုင်ကိုယ်က ဘာလျှိုဝှက်ချက်မှ မရှိတဲ့ သာမန် Delivery ဂိမ်းလေးပါလို့ ပြောထားတာကြောင့် စိတ်ဝင်စားစရာကောင်းနေတာပဲဖြစ်ပါတယ်။

ဆက်ဖတ်ရန်
https://helloydbgame.blogspot.com/2026/03/easy-delivery-co.html?m=1
4👍1
This media is not supported in your browser
VIEW IN TELEGRAM
Capcom ကြောင့် ကလေးထိန်းနေရပြီ
4😱1🍓1
This media is not supported in your browser
VIEW IN TELEGRAM
နေရင်းထိုင်ရင်း ရည်းစားမရှိပဲ သမီးလေးလိုချင်လာပြီ 😂
🤣2