ချန်ပီယံလိဂ်ဝင်ခွင့်မရရင် ချယ်လ်ဆီးကစားသမားတွေ လစာ(၃၀)ရာခိုင်နှုန်းဝန်းကျင် လျှော့ချခံရမယ်
ချယ်လ်ဆီးအသင်းက ကစားသမားတွေဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် လစာ(၃၀)ရာခိုင်နှုန်းဝန်းကျင် လျှော့ချခံရမှာဖြစ်ကြောင်း ဗြိတိန်မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကစားသမားအများစုကို နှစ်ရှည်စာချုပ် ချုပ်ဆိုထားရာမှာ အခြေခံလစာနှုန်းထားကို ပြိုင်ဘက်အသင်းတွေလောက် ပေးချေခြင်းမရှိဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှ၊ ဆုဖလားအောင်မြင်မှုတွေရရှိမှ တိုးမြှင့်ပေးတဲ့စနစ်ကို ကျင့်သုံးကြောင်း သိရပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ရင် လစာလျှော့ချမယ့် သဘောတူညီချက်လည်း စာချုပ်မှာ ထည့်သွင်းထားတာကြောင့် ချယ်လ်ဆီးအသင်းမှာ လစာအများဆုံးရရှိနေတဲ့ ကစားသမားတွေအနေနဲ့ တစ်ပတ်ကို ပေါင်(၃၀၀၀၀)ကနေ (၄၀၀၀၀)ကြားအထိ လျှော့ချခံရဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၉)နေရာရောက်ရှိနေပြီး ပြိုင်ပွဲပြီးဆုံးဖို့ (၃)ပွဲအလိုမှာ အဆင့်(၅)နေရာကအသင်းနဲ့ (၁၀)မှတ်ကွာဟနေပြီဖြစ်တာကြောင့် ပုံမှန်အတိုင်းဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒါပေမဲ့ အက်စတွန်ဗီလာအသင်းက အဆင့်(၅)နေရာမှာ ရပ်တည်ပြီး ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ရင်တော့ အဆင့်(၆)နေရာက အသင်းလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းမှာ မျှော်လင့်ချက်ရှိနေသေးကြောင်း သိရပါတယ်။
Photos: X
#Goalcast

ကလပ်အသင်း ၃ သင်းနဲ့အတူ သုံးနှစ်ဆက် ဥရောပအဆင့်ဗိုလ်လုပွဲ တက်ရောက်တဲ့ ပထမဆုံးကစားသမားအဖြစ် ဆန်ချို မှတ်တမ်းဝင်
အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုဟာ ကလပ် ၃ သင်းနဲ့အတူ သုံးနှစ်ဆက် ဥရောပအဆင့်ဗိုလ်လုပွဲတက်ရောက်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ဆန်ချိုဟာ မန်ယူအသင်းကနေ အငှားချခံခဲ့ရတဲ့ ၃ ရာသီအတွင်း ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။
ဆန်ချိုက ဒေါ့မွန်အသင်းမှာ အငှားကစားခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်ခဲ့သလို၊ ပြီးခဲ့တဲ့ရာသီကလည်း ချယ်လ်ဆီးနဲ့အတူ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲ ရောက်ခဲ့ပြီး ဒီရာသီမှာ အက်စတွန်ဗီလာနဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲ ရောက်ခဲ့တာပါ။
ဆန်ချိုက ချန်ပီယံလိဂ်ဖလား မရခဲ့ပေမဲ့ ကွန်းဖရန့်လိဂ်ဖလား ရယူနိုင်ခဲ့ပြီး အက်စတွန်ဗီလာနဲ့ ယူရိုပါလိဂ်ဖလား ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
လာမယ့်နွေရာသီမှာ မန်ယူနဲ့ စာချုပ်သက်တမ်းကုန်မယ့် ဆန်ချိုဟာ အသင်းဟောင်း ဒေါ့မွန်နဲ့ ပြန်လက်တွဲဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။

ကမ္ဘာ့ဖလားကို ကျင်းပမယ့်သူက ထရန့် မဟုတ်သလို အမေရိကန်လည်း မဟုတ်ကြောင်း အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဝေဖန်
အီရန်ဘောလုံးအဖွဲ့ချုပ်(FFIRI) ဥက္ကဋ္ဌ မာဒီတာ့ဂျ်က ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပမယ့်သူက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မဟုတ်သလို အမေရိကန်နိုင်ငံလည်း မဟုတ်ဘဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သာဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။
မာဒီတာ့ဂျ်အပါအဝင် တခြားတာဝန်ရှိသူနှစ်ဦးဟာ ပြီးခဲ့တဲ့တစ်ပတ်က ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ကျင်းပတဲ့ ဖီဖာကွန်ဂရက်ကို တက်ရောက်ဖို့အတွက် တိုရွန်တိုမြို့ရှိ လေဆိပ်ကို ရောက်ရှိလာပြီးမှ ဗီဇာငြင်းပယ်ခံရတာကြောင့် ပြန်လာခဲ့ရပါတယ်။
ဒါကြောင့် မာဒီတာ့ဂျ်က အမေရိကန်ကို သွားရောက်ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားခရီးစဉ်အတွက် အာမခံချက်ရှိရန်လိုကြောင်း ပြောကြားစဉ် အခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
''ကျွန်တော်တို့ ခရီးစဉ်အတွက် အာမခံချက်တစ်ခု လိုပါတယ်။ အဲဒါက သူတို့အနေနဲ့ ကျွန်တော်တို့စနစ်ရဲ့ ပြယုဂ်တွေကို အထူးသဖြင့် IRGC (အီရန်တော်လှန်ရေးအစောင့်တပ်) ကို စော်ကားခွင့်မရှိဘူးဆိုတာပါပဲ။ ဒါက သူတို့အလေးအနက်ထား ဂရုစိုက်ရမယ့် ကိစ္စတစ်ခုပါ။ ကျွန်တော်တို့အနေနဲ့ ခြေစစ်ပွဲအောင်မြင်ထားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သွားရမှာဖြစ်ပြီး ကျွန်တော်တို့ကို လက်ခံကျင်းပပေးမယ့်သူက ဖီဖာပဲ ဖြစ်ပါတယ်။ မစ္စတာထရန့် ဒါမှမဟုတ် အမေရိကန်မဟုတ်ပါဘူး။ သူတို့က ကျွန်တော်တို့ကို ဧည့်သည်အဖြစ် လက်ခံပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဘယ်လိုနည်းနဲ့မှ စော်ကားခွင့်မရှိဘူးဆိုတာလည်း လက်ခံရပါမယ်'' လို့ မာဒီတာ့ဂျ်က အစိုးရပိုင် IRIB ရုပ်သံကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

■ လေ့ကျင့်ရေးမှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဗယ်လ်ဗာဒီနဲ့ ချူယာမန်နီကို ဒဏ်ငွေ ယူရို ငါးသိန်းစီ တပ်ရိုက်
ရီးယဲလ်မက်ဒရစ်အသင်းဟာ လေ့ကျင့်ရေးမှာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဗယ်လ်ဗာဒီနဲ့ ချူယာမန်နီကို ဒဏ်ငွေ ယူရို ငါးသိန်းစီ တပ်ရိုက်ခဲ့ပါတယ်။
ဒီကစားသမားနှစ်ဦးဟာ လေ့ကျင့်ရေးအပြီးမှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။
အခုဖြစ်စဉ်မှာ အသင်းခေါင်းဆောင် ဗယ်လ်ဗာဒီကတော့ နဖူးကွဲပြီး ဦးခေါင်းထိခိုက်ခဲ့လို့ ဆေးရုံတင်ပို့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က ဗယ်လ်ဗာဒီဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းခဲ့သလို၊ မေလ ၁၀ ရက်မှာကစားမယ့် El Clásico ပွဲမှာလည်း
ပါဝင်နိုင်ဖို့ မရှိတော့ပါဘူး။
ချူယာမန်နီကတော့ သောကြာနေ့မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့တာ တွေ့ရပါတယ်။
ရီးယဲလ်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ကစားသမားနှစ်ဦးဟာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် နောင်တရနေပြီး ပြန်လည်တောင်းပန်ခဲ့တယ်လို့
ရေးသားခဲ့ပါတယ်။

■ လာလီဂါ ပွဲစဉ်-၃၅ ပွဲကြိုသုံးသပ်ချက်
◘ ဘက်တစ် - အယ်လ်ချီ (မေလ ၁၃ ရက် နံနက် ၀၀း၃၀ နာရီ)
ဘက်တစ်အသင်း ပြီးခဲ့တဲ့အပတ်မှာ သရေကျခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့်ငါး
နေရာအတွက် ပိုအရေးကြီးလာပြီ။ အဆင့်ခြောက်နေရာက ဆယ်လ်တာဗီဂို နဲ့လည်း လေးမှတ်ပဲ ကွာတော့လို့ အမှားထပ်အဖြစ်ခံတော့မယ် မထင်ဘူး။
အယ်လ်ချီကတော့ တန်းဆင်းဇုန်အန္တရာယ်ရှိနေသေးတဲ့အသင်းပါ။ ဘက်တစ်
အနိုင်ကစားမှာ သေချာပါတယ်။
◘ အိုဆာဆူနာ - အက်သလက်တီကို (မေလ ၁၃ ရက် နံနက် ၂း၀၀ နာရီ)
အက်သလက်တီကိုအသင်းက အမှတ်မလိုတော့လို့ တခြားအသင်းတွေကို ဆွဲခေါ်ဖို့
များနေတယ်။ အိုဆာဆူနာအသင်းက တန်းဆင်းဇုန်နဲ့ ငါးမှတ်ပဲကွာနေလို့ လုံးဝ
လွတ်မြောက်ပြီလို့ မပြောနိုင်သေးဘူး။ ဒီလိုအခြေအနေမှာ အိမ်ကွင်းကစားရမယ့်
အိုဆာဆူနာအဖို့ အခွင့်အရေးတစ်ခုပါပဲ။ အက်သလက်တီကိုကလည်း အားထုတ်
တော့မယ်မထင်ဘူး။ အိုဆာဆူနာ အမှတ်ရလိမ့်မယ်။
◘ အခြားပွဲစဉ်
*ဆယ်လ်တာဗီဂို - လီဗန်တေး
Photos: Teams' Facebook