Create with OMERA
23.9K subscribers
828 photos
351 videos
498 files
214 links
Create smarter with AI, editing & modern workflows.

DM @pyaesone_8989
Download Telegram
ဟို‌နေ့က Davinci Resolve Course Q&A တစ်ခုမှာ အရေးကြီးတဲ့
မေးခွန်း 1ခုမေးထားတာတွေ့တယ်
ဆိုတော့
အဲ့မေးခွန်းနဲ့ စပ်ပြီးတော့ ကျန်တော် တွေးမိတာတခုရှိတယ်ဗျ

အဖြေက တိုပေမယ့် အလွန်ကို နက်နဲ့တယ်ဗျ


"နိုင်ငံခြားရောက်ပြီးတော့ တယောက်ထဲဖြစ်တယ် တယောက်ထဲနေရတဲ့ဆိုတဲ့ခံစားချက်မျိုးပေါ့"

Lonely ဆိုတာ တကယ်ကျ မရှိဘူး။
ဒါက ခင်ဗျား အတွေး Perspective တခုပါဘဲ။

ကျနော် တနေ့ ၂၄ နာရီ ဒီအခန်းထဲ
တစ်ယောက်တည်း ထိုင်တယ် တပတ်ကို ၁ခါလောက်ဘဲအပြင် ထွက်ဖြစ်တယ် ။

ဘယ်သူမှ မနှောက်ယှက်တာက တော်တော်နေလို့ကောင်းတယ် အလုပ်အများကြီးပြီးတယ် လေ့လာစရာတွေ လုပ်စရာတွေ အနှောက်ယှက်မရှိလုပ်လို့ရတယ်
Loneliness နဲ့ Solitude ကတူတယ်လို့ ထင်ရပေမဲ့ ကွဲတယ်ဗျ

နောက်တခုက
နိုင်ငံခြားမှာ
"အလုပ်ပြောင်းချင်တယ် video editing သင်ပြီး ဒီဘက်၀င်ချင်တယ် ဒါပေမယ့် ကြောက်တယ်" ဒါမျိုးဖြစ်နေတဲ့သူတွေကိုပြောချင်တာက

Skill ရှိရင် ဘယ်သူမှ မတားနိုင်ပါဘူး။

ဒါပေမယ့် အရင် အလုပ်ထွက်လို့တော့မရဘူး
တဖက်ကသင် တဖက်ကလုပ်
ကိုယ်လေ့လာနေတဲ့ နေရာကနေ ၀င်ငွေ မတည်ငြိမ်သေးရင် အလုပ်မထွက်ပါနဲ့

အဓိကကတော့ တံတား ဆောက်ပြီးမှ ကူးပါ ။ ဒါပေမဲ့ တံတားတော့ ခိုင်မို့လိုအပ်ပါတယ်
51🔥2
ရှေ့လာမဲ့ ဗီဒီယိုလေးက Facebook automation နော်ဘဒိုတို့ 🌚

ဒီနေ့တင်မို့ဘဲ project အသစ်၀င်တာနဲ့

ကူလုပ်ပေးတဲ့ editor က video မှာ information အားနည်းနေတာနဲ့
လိုအပ်တဲ့အရာတွေထပ်ဖြည့်ပြီး
အကောင်းဆူံးဖြစ်အောင်
တင်ပေးပါမယ်
2023၀န်းကျင်က
$10k ခုလပိုင်းက $1k
ဒါမျိုးရှယ်ဖြူတ်နေတဲ့ဘဲနဲ့
သေချာဆွေးနွေးလုပ်ထားတာမလို့
ဘဒိုအတွက် အသုံး ၀င်မယ်လို့
ထင်ပါတယ်ဗျ 💎

.
Please open Telegram to view this post
VIEW IN TELEGRAM
27🥰6👍4
ကိုယ့် Video ရဲ့ Animation တွေက Cool ဖြစ်နေရုံနဲ့ Client ရနိုင်ပါပြီ။

Editing ကို ရူးသွပ်ပြီး Mobile ဖုန်းတစ်လုံးနဲ့ပဲ  Career တည်ဆောက်ချင်တဲ့ လူငယ်တွေဟာ တကယ်ကြိုးစားကြပါတယ်။ နေ့တိုင်း Learning တွေလုပ်၊ Practice တွေလုပ်ပြီး  Skill မြှင့်တင်နေကြတာဟာ မှန်တယ်ပေါ့နော်။

ဒါပေမယ့် Color Grading မိုက်ပြီး Animation Cool ဖြစ်နေရင်ဝောာင်  Client ကတော့ မရနိုင်ပါဘူး။
ဘာလို့လဲဆိုတော့  Client တွေဟာ  Cool ဖြစ်တာ ကို ရှာနေတာ မဟုတ်ပဲ  သူတို့ရဲ့ ပြသနာကို ဖြေရှင်းပေးနိုင်တဲ့သူကိုပဲ ရှာနေတာပါ။


Beginner တွေကတော့ Portfolio မရှိလို့၊ Experience မရှိသေးလို့ လို့ ထင်ကြပါလိမ့်မယ်။  တကယ့် အကြောင်းအရင်းကတော့   ရှိနေတဲ့ ပြသနာကို မဖြေရှင်းပေးနိုင်သလို  Storytelling မရှိတာ‌ကြောင့် Client ရဖို့ဟာ ခက်နေတာပေါ့နော်။


ဒါကြောင့် Editing ဆိုတာ  Skill တစ်ခုတည်းကို  မဟုတ်ဘဲ Video ရဲ့ Flow နဲ့  Stracture  တွေကိုပါ လေ့လာဖို့ လိုပါလိမ့်မယ်။

ဒါကြောင့်ပဲ Omera+XO1 All-In Course ဆိုတာလေး  ဖြစ်လာတာပေါ့။ ဒီ Course မှာဆိုရင်  Video Editing တစ်ခုတည်းဘဲ သင်ရမှာ မဟုတ်ဘူးပေါ့နော်။ Client တွေစိတ်တိုင်းကျစေမယ့် ပုံတွေကို ဆွဲပေးနိုင်မဲ့  Graphic Design၊  လူကြည့်များအောင် လုပ်နိုင်မယ့်  Hook တွေရေးနိုင်မယ့်  Content Writing  တွေကိုပါ တစ်ပြိုင်နက်တည်း  သင်ယူနိုင်မှာပါ။

Price ကလည်း ဈေးမကြီးပါဘူး။ အပြင်မှာ သူငယ်ချင်းတွေနဲ့ တစ်ခါဆုံတာလောက်ပဲ  ရှိတာ‌ ပေါ့နော်။ ဒါပေမယ့် ဒီ Investment လေးကပဲ  ကိုယ်လူတို့ ရဲ့ Career ကို  ပြောင်းလဲပေးပါလိမ့်မယ်။

အပေါ်က Video က အတန်းသားတစ်ယောက်ရဲ့ လက်ရာပဲဖြစ်ပါတယ်။

အဲ့လို  တန်ဖိုးရှိတဲ့ Investment ကို   ဘ၀အတွက် မြှုပ်နှံမလား၊ အပျော်မှာပဲ သုံးမလားဆိုတဲ့ ဆုံးဖြတ်ချက်တော့  Brother ကိုယ်တိုင်ချရမှာပါ။ စိတ်ဝင်စားရင်တော့ အခုချက်ချင်း  DM @XO1Admin2 @Pyaesone_8989 လာရောက်မေးလိုက်ပါ။
🔥1413
9
မနက် ၈ နာရီ သွား၊ ညနေ ၅ နာရီ ပြန် အချိန်တန်ရင် လစာရတယ်။ ဒါပေမဲ့ လစာရတဲ့ရက်မှာတောင် ငါ့ဘဝက ဒါပဲလို့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ဖူးတယ်ဆိုရင်တော့ ဒီစာကို ဆက်ဖတ်ပေးပါ။

ဒီလို ရုံးလုပ်ငန်းခွင် ထဲကနေ ရုန်းထွက်ဖို့အတွက် Video Editing Skill ကို လေ့လာကြည့်ချင်တယ်။ ဒါမဲ့ ဘယ်ကစလို့ စရမှန်းမသိ၊ လမ်းပြပေးမယ့် System လည်းမရှိ၊ မေးစရာ ဆရာလည်းမရှိဘဲ တစ်ယောက်တည်း လမ်းပျောက်ပြီး ရုန်းကန်နေရတယ်မလား။

အဲဒီလို လူငယ်တွေအတွက်ပဲ သီးသန့်ရည်ရွယ်ပြီး ဒီ Omera+XO1 All-In-One Course ကို သေချာပြင်ဆင်ပြီး တည်ဆောက်ထားတာပါ။

သင်က အခြေခံမရှိသေးတဲ့ Beginner ပဲဖြစ်ဖြစ်၊ အခြေခံအနည်းငယ်သိထားတဲ့ Mobile Editor ပဲဖြစ်ဖြစ် နှစ်ဦးစလုံးအတွက် ရာနှုန်းပြည့် အဆင်ပြေစေမယ့် Class တစ်ခုပေါ့နော်။

Omera+XO1 All-In-One Course ကနေ ဘာတွေရမှာလဲ။

Graphic Design

Client က မြင်တာနဲ့တင် အလုပ်အပ်ချင်စိတ် ပေါက်သွားစေမယ့် Visual Design ။

Content Writing & Hook

လူတွေ Scroll ဆွဲနေတာကို ရပ်တန့်သွားစေပြီး ကိုယ့် Video View တွေ တက်လာစေမယ့် အရေးအသား။

Video Editing

Template တွေကိုပဲ မှီခိုမနေဘဲ ကိုယ်ပေးချင်တဲ့ Message ကို ထိထိမိမိ ချပြနိုင်မယ့် Mobile Editing။

ဒီ Skill ၃ ခုလုံးကို တစ်ပြိုင်နက်တည်း အချိတ်အဆက်မိမိနဲ့ သင်ယူနိုင်မှာပါ။

ဒါ့အပြင် တစ်ခါ ၀င်တာနဲ့ Lifetime Access ရရှိမှာဖြစ်ပြီး နောက်ပိုင်း Update ဖြစ်လာမယ့် သင်ခန်းစာသစ်တွေကိုလည်း အပိုကုန်ကျစရိတ်လုံးဝမလိုဘဲ ဆက်လက်လေ့လာနိုင်ဦးမှာပါ။

သီးသန့် Telegram Community ရှိတာကြောင့် တစ်ယောက်တည်း အထီးကျန်စွာ ကြိုးစားနေစရာမလိုတော့တဲ့အပြင်၊ တာဝန်ခံတုံ့ပြန်ပေးမယ့် One-by-One Feedback စနစ်နဲ့ Weekly Zoom Setup ပါဝင်လို့ မသိတာတွေကို တိုက်ရိုက် မေးမြန်းနိုင်မှာပေါ့နော်။


Course ပြီးသွားတဲ့အခါမှာလည်း ကိုယ့်ရဲ့ Skill တစ်ခုတည်းနဲ့ Client ရှာဖွေနိုင်တဲ့ Freelancer ကောင်းတစ်ယောက် ဖြစ်လာမှာဆိုတာ အာမခံပါတယ်။

ရုံး Cycle ထဲကနေ ရုန်းထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တည်ဆောက်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့ အခုပဲ DM @XO1Admin @Pyaesone_8989 မှာ Aio လို့ လာရောက်စကားပြောနိုင်ပါပြီ။
33🔥2🍓1
အခုခေတ်မှာ လူငယ် တော်တော်များများက (၁၆၊ ၁၇ နှစ် အရွယ် ကျောင်းသားဘဝကတည်းက) သူများတွေလို
လန်းချင်ကြတယ်။
iPhone အသစ်ကြီး ကိုင်ချင်တယ်၊
ဆိုင်ကယ်အမိုက်စား စီးချင်တယ်၊
Brand အဝတ်အစားတွေ ဝတ်ချင်ကြတယ်ပေါ့ဗျာ။
ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင်... အသက် ၂၅ နှစ်လောက် ရောက်လာတဲ့အခါ
“ငါ ဘာလုပ်ရမလဲ၊ လစာအပြင် တခြား Passive Income ရအောင် ဘယ်လိုလုပ်ရမလဲ” ဆိုပြီး လမ်းပျောက်ပြီး
ဂျာအေးသူ့အမေရိုက် ဖြစ်ကုန်ကြရော။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကိုယ့်ရဲ့ ဝင်ငွေရှာနိုင်စွမ်း (Earning Power) ကို တိုးတက်စေမယ့် အရည်အချင်းတွေကို မရင်းနှီးခဲ့ဘဲ၊ အပေါ်ယံ လှပတဲ့အရာတွေ နောက်ပဲ လိုက်ခဲ့ကြလို့ ပြောလို့ရတယ်။

💡 “ကျန်တော်သာ အခု‌လို အစပျိုးနေတဲ့ နေရာမှာမဟုတ်ဘဲ ကျောင်းသားဘဝ ကျောင်း ပြန်ရောက်ရင် ဘာလုပ်မလဲ?”

တကယ်လို့ ကျွန်တော့်သာ ကျောင်းတက်နေခဲ့မယ်ဆိုရင် ဒီအရာတွေကို အဓိက ပြောင်းလဲပစ်မိမှာဗျ။

iPhone အစား High-end Laptop တစ်လုံး အရင်ဝယ်မယ်

ဖုန်းအလန်းကြီး ကိုင်မယ့်အစား Video Editing, Coding,
Graphic Designing ဒါမှမဟုတ်
AI tools တွေ ကောင်းကောင်း သုံးလို့ရမယ့် Laptop မျိုး ဝယ်မယ်။
ဒါကြောင့် ကိုယ့်အတွက် Skills တစ်ခုခု ကျန်ခဲ့မှာပါ။

ဆိုင်ကယ်အသစ် အလန်းစားကြီးတွေအစား Camera နဲ့ Mic ဝယ်မယ်

အခုခေတ်က Myanmar မှာတင်မကဘူး တစ်ကမ္ဘာလုံးမှာ Content Creation (Content ဖန်တီးတဲ့ အလုပ်) က တအား ခေတ်စားနေတာ။ အချိန်မီ Storytelling နဲ့ Film making တွေ သင်ထားရင် အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်းနဲ့တောင် ဝင်ငွေရှာလို့ရတယ် ဗျ။

Lifestyle မတိုင်ခင် အရင်ဆုံး Skills (အရည်အချင်း) ကို တည်ဆောက်မယ်

အပေါ်ယံ ကြွားလို့ရမယ့်အရာတွေကို “(Reward)” အနေနဲ့ပဲ
သတ်မှတ်ပါ။ အရင်ဆုံး ကိုယ့်ကို ပိုက်ဆံပြန်ရှာပေးမယ့် “အရင်းအနှီး (Assets)” တွေမှာပဲ အချိန်နဲ့ ငွေကို အရင်ရင်းနှီးပါလို့ပြောချင်ပါတယ်ခင်ဗျ

.
76🔥7👍51
Facebook automation ကနေ
ငွေရှာလို့ရတာ လူတိုင်းပြောနေကြပေမဲ့

ဘယ်ကနေဘယ်လိုစပြီး
ဘယ်ဟာတွေ လုပ်ရမလဲ
ဆိုတာတော့ ဘယ်သူမှ
သိပ်မပြောကြဘူး

ဒီတပုဒ်ကတော့
ကျန်တော်ရဲ့ niches နဲ့
နည်းနည်းဆန့်ကျင် နေလိမ့်မယ်

ဒါပေမဲ့ ကိုယ့်လူတို့အတွက်
အသုံး၀င်မယ်ထင်လို့ လက်တွေ့အမှန်ကန်ကြမ်းပြနေတဲ့ ဘဲနဲ့ ၃နာရီ၀န်းကျင်
Zoom ထိုင်ပြီး information တွေအမှန်ကန် စုပေးထားပါတယ်

ဆိုတော့

ဒီနေ့ ည မြန်မာချိန် ၇:၀၀


( Facebook automation ) video လေး YouTube မှာလာပါမယ်ခင်ဗျ ။

.
45💔1
လူအများစုက Skill တစ်ခုပဲ တတ်တဲ့ "Specialist"
ဒါမှမဟုတ် အကုန်နည်းနည်းစီတတ်ပြီး ဘာမှရေရေရာရာမရှိတဲ့ "Jack of all trades" ဖြစ်နေကြတယ်။

💡 ဒါပေမဲ့ ဘက်စုံတော်တဲ့သူ (Polymath) ဆိုတာ အဲဒါမျိုးမဟုတ်ဘူးဗျ။

Video Editing လည်း ကျွမ်းကျင်တယ်။

Graphic Design လည်း အမိုက်စားဆွဲနိုင်တယ်။

Automation နည်းပညာလည်း တတ်တယ်။

ပြီးတော့... အဲဒီ Skill တွေအကုန်လုံးကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး အသစ်အဆန်းတွေ ဖန်တီးနိုင်တာ!

🚀 ဥပမာ Elon Musk ဆိုရင်လည်း Coding ကနေ Physics၊ အဲဒီကနေ Rocket Science အထိ ချိတ်ဆက်ပြီး SpaceX ကို ထောင်ခဲ့တာ

ဒီနေ့ခေတ် အသက် ၂၀ /၂၈ ကြား Creator တွေအတွက် Skill တစ်ခုထဲမှာ ပိတ်မိမနေဘဲ နေရာစုံချိတ်ဆက်နိုင်တဲ့ Polymath Brain က အရာရာမှာ ဆရာကြီးဖြစ်အောင်ကူညီးပေးနိုင်ပါတယ်
နယ်ပယ်စုံကို လျင်မြန်စွာ Master လုပ်ဖို့ (Meta-Learning) ဆိုတဲ့ "လေ့လာနည်းကို ပြန်လည်လေ့လာခြင်း" စွမ်းရည် လိုအပ်ပါတယ်။

✔️ 1. Deconstruction (ခွဲခြမ်းစိတ်ဖြာခြင်း)
Skill အကြီးကြီးတစ်ခုကို အပိုင်းအစလေးတွေ ခွဲပစ်ပါ။

Video Editing ကို တစ်ခါထဲ အကုန်မသင်ပါနဲ့။ eg...
Cutting 🎯
Sound Design 🔔
Color Grading 🎨 ဆိုပြီး တစ်ဆင့်ချင်းခွဲသင်ပါ

📊 2. 80/20 Rule (အဓိကအချက်ကို ရွေးချယ်ခြင်း)
ဘယ်အရာမဆို ၂၀% သော အရေးကြီးဆုံးအချက်က ၈၀% သော ရလဒ်ကို ပေးတယ်။

Graphic Design မှာ အကုန်လိုက်မကျက်ပါနဲ့။

Color Theory နဲ့ Typography နှစ်ခုကိုပဲ အရင်ပိုင်နိုင်အောင်လုပ်ပါ!

ဒီလိုလုပ်ရင် သင်ယူရတဲ့အချိန်ကို အများကြီး လျှော့ချပစ်နိုင်လိမ့်မယ်။

💡နောက်တခုက "Serial Mastery" ကို သုံးရမယ်။

တစ်ကြိမ်မှာ Skill တစ်ခုတည်း ကိုပဲ ရွေးပါ။

၃ လကနေ ၆ လအထိ အဲဒီတစ်ခုထဲကိုပဲ သေချာ Focus လုပ်ပြီး Master လုပ်ပါ။

အဲဒီ Skill တတ်သွားပြီဆိုမှ... နောက်ထပ် Skill အသစ်တစ်ခုကို ကူးပါ။

တတ်ပြီးသား Skill တွေ မေ့မသွားဖို့ Space Repetition (၁ ရက်၊ ၃ ရက်၊ ၇ ရက်ခြားပြီး ပြန်နွှေတဲ့နည်း) ကို သုံးပြီး ထိန်းထားရုံပါဘဲ

.
Please open Telegram to view this post
VIEW IN TELEGRAM
🔥1512
ကျန်တော် Davinci Resolve နဲ့ပတ်သတ်ပြီး ဒီထဲမှာ သိပ်ပြောလေ့မရှိပါဘူးဗျ။ တချို့ဆို ကျန်တော် Davinci Course ရှိတယ်ဆိုတာ Facebook Boosting မှာတွေ့လို့ ရောက်လာတာမျိုးများကြတယ်ဗျ။ အဓိက ဒီ Campaign ကို Boosting နဲ့ အဓိကသွားတာပါ။ Course ရဲ့တန်ကြေးက ၈ သောင်းကျပ်ထဲပါ။

၈ သောင်းဆိုပေမဲ့ အထဲမှာ အဲထက်ပိုတန်ဖိုးရှိတဲ့ Lesson တွေ ၄ ပတ်စာ Roadmap နဲ့တကွပါပါတယ်။ အဲတာအပြင် ၈ သောင်းထက်ပိုတန်ဖိုးရှိတဲ့ Plugin (Alight Motionအခေါဝေါ Preset) Package တစ်ခုတင် ဘတ် ၈၀၀ ဝန်းကျင်ရှိပါတယ်။ ဒါမျိုးဝယ်ရတဲ့ + စုထားတဲ့ ဟာတွေ SFX, Font တွေတင် ၅ သိန်းဝန်းကျင်ထိရှိပါတယ်ဗျ (Course ထက် ၄ ဆလောက်ကိုပိုများပါတယ်)။ အဓိက Davinci Resolve သုံးတဲ့သူများလာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ Boosting ပိုင်းနဲ့ Run ခဲ့တာပါ။

ခုကလူဦးရေက မထင်ထားတဲ့ပုံစံနဲ့ တော်တော်များများဝင်လာလို့ ကျေးဇူးလည်းတင်ပါတယ်။ Campaign လူဦးရေက ပြည့်တော့မှာဖြစ်လို့ ကျန်တော်ရဲ့ YouTube Channel ဘက်က Davinci Resolve လေ့လာနေတဲ့သူတွေအတွက်ပါ အဆင်ပြေအောင် ဒီထဲ တင်လိုက်တာပါခင်ဗျ။

ဒီ Davinci Resolve Course မှာဘာတွေပါမလဲဆိုတာကို အကုန်လုံးဒီထဲမှာချပြပေးထားတာမို့ စိတ်ကြိုက်ဝင်ကြည့် လေ့လာ ဝေဖန်လို့ရပါတယ်ခင်ဗျ။

Group link 💖
https://t.me/+3X-7JUSJA2M4MWZl


💖မဖြစ်မနေကြည့်ပေးရန် 💖
https://t.me/c/3925000979/14/419


တက်လိုက်လို့နောင်တရမဲ့ထဲ မပါဘူးဆိုတာကို ကျန်တော်ဘက်က အာမခံပေးပါတယ် (Review ကြည့်ယုံနဲ့လည်းသိနိုင်ပါတယ်)။

📱Davinci Resolve User တွေအတွက်ပါ
💖Plugin Giveaway💖

လေးထည့်ပေးထားတာမို့ မတက်ရင်တောင် စိတ်ကြိုက်ဝင်ယူပြီးတော့ သုံးလို့ရပါတယ်။ အသုံးပြုနည်းပါထည့်ပေးထားပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
30
🌈Color Theory အကြောင်းလေး

⏯️YouTube ဘက်တင်မို့အတွက်

😅Edit လုပ်မို့ အချိန်မရလို့

✔️ဒီအောက်က Gp ထဲတင်ပေးထားပါတယ်ခင်ဗျ 📣


🔽Group Link 🔽

https://t.me/+3X-7JUSJA2M4MWZl


အရင်ဆုံးမဖြစ်မနေကြည့်ပေးရန်
https://t.me/c/3925000979/14/419


💎Video Link 💎

https://t.me/c/3925000979/295/1148


Davinci Resolve User တင်မဟုတ်ဘဲ

Alight motion User တွေအတွက်ပါ

ရည်ရွယ်ပြီး လုပ်ထားတာမလို့

Editor မှန်ရင် ၀င်လေ့လာလို့

ရပါတယ်ခင်ဗျ 💖
Please open Telegram to view this post
VIEW IN TELEGRAM
21🔥4👍21🎄1🗿1
9
Create with OMERA
Photo
Editing နဲ့ Viral ဆိုတာ တကယ်တော့ တောင်နဲ့မြောက်ပါဘဲ။ 🗺️

တစ်ခါတစ်လေ... Video တစ်ပုဒ် Viral ဖြစ်သွားတဲ့အခါ "ဒီ Video က ငါ Edit ကောင်းလို့ Viral ဖြစ်တာ" လို့ ထင်ကြပါတယ်။ 💭

အဲ့ဒီလိုနဲ့ နောက် Video တွေမှာလည်း Effect အသစ်တွေ ထည့်တယ်။

• Transition အသစ်တွေ သုံးတယ်။ 🎬

• Editing ကို ပိုပြီး အချိန်ပေးတယ်။

ဒါပေမယ့် Result ကတော့... View မတက်၊ Engagement မရှိနဲ့ လူတွေကလည်း အဆုံးထိ မကြည့်သွားပါဘူး။ 📉

အဲ့ဒီအချိန်ကျ အများစုက... Algorithm ကိုပဲ အပြစ်တင်တယ်ပေါ့နော်။ 🤖

တကယ်တော့ ပြဿနာက Editing မှာ မဟုတ်ပါဘူး။

Viral Content တစ်ခုဖြစ်ဖို့အတွက် Editing က အရေးမကြီးဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ 

ဒါမဲ့ Editing က Support Role ပါပဲ။ 💪

Content တစ်ခုရဲ့ အဓိကအရာဟာ... 👇

• လူတွေကို ဆက်ကြည့်ချင်အောင် လုပ်ပေးတဲ့ Storytelling ၊ 📖

• နားထောင်ပြီး တစ်ခုခုရသွားစေတဲ့ Message နဲ့ 💡

• စိတ်ဝင်စားမှုကို အစကနေ အဆုံးထိ ထိန်းထားနိုင်တဲ့ Flow ဆိုတဲ့ အရာတွေပေါ်ဘဲ မူတည်တာပါ။ 🌊

Editing လှပနေရုံနဲ့ လူတွေ ဆက်မကြည့်ပါဘူး။ ဒါပေမယ့် Storytelling ကောင်းရင်... ရိုးရိုး Edit Style နဲ့တောင် လူတွေက အဆုံးထိ ကြည့်သွားကြပါတယ်။ 👀

ဒါကြောင့် Professional Editor တစ်ယောက် ဖြစ်ချင်တယ်ဆို... Software သုံးနည်းတစ်ခုတည်းကို သိထားရုံနဲ့ မရပါဘူး။ 🖥️

• Content ကို ဘယ်လို တည်ဆောက်မလဲ။ 🤔

• Viewer ရဲ့ Attention ကို ဘယ်လို ထိန်းမလဲ။ 🎯

• Message ကို ဘယ်လို ပို့မလဲ။ ✉️

ဆိုတာတွေကိုပါ သိဖို့လိုပါတယ်။

အဲ့ဒါကြောင့် Omera+ XO1 ရဲ့ All In One Program ထဲမှာ 🔥


•  Editing Skill တစ်ခုတည်း မဟုတ်ဘဲ Basic ကနေ Advanced အထိ Systematic Learning Process တွေ၊

• အသေးစိတ် Feedback တွေ၊ 📝

• Experience Sharing Zoom  တွေ၊ 💻

• Content Flow နဲ့ Storytelling Framework တွေနဲ့

Mobile Editor ကောင်းဖြစ်ချင်တဲ့ သူတိုင်း သိထားသင့်တဲ့ Knowledge တွေကိုပါ ထည့်သွင်း သင်ကြားပေးထားပါတယ်။📱🚀

ဒီ course က Skill တစ်ခု သင်ရုံမဟုတ်ဘဲ Career တစ်ခု တည်ဆောက်ချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတာပါ။ 💼💼

Editing ကို နောက်တစ်ဆင့် တက်ချင်တယ်။

အတန်းလေးကို join ချင်တယ်ဆိုရင် @XO1Admin2 @Pyaesone_8989 ကို Edit Class လို့ ပို့လိုက်ပါဗျ။
35
Video တစ်ခုမှာ Visual တွေ ဘယ်လောက်လန်းလန်း

Sound Design ညံ့နေရင် အလကားပဲဆိုတာ သတိထားမိလား? 📌


Editor အများစုကလဲ

ဒါကို နောက်ဆုံးမှ ကမန်းကတန်း လုပ်

တတ်ကြတယ် 😄

ဒါပေမဲ့ တကယ်လက်‌တွေ့မှာတော့

Sound က Video editing တစ်ခုလုံးရဲ့

50% အထိ အရေးပါတယ်လို့

ပြောလို့ရတယ်ဗျ 👑

ကျန်တော်တို့ video တပုဒ်ကို

Voice over + wishhh , woosh SFX တွေထည့်မှ

professional ဆန်တာမဟုတ်ဘဲ 👍

တကယ် professional ဆန်မို့ကတော့

Sound design ကိုလဲ edit like a pro အတိုင်းဘဲ

Layer 5 ခုနဲ့ သေချာသွားရပါတယ်

ဆိုတော့ ဒီ Layer 5ခုက ဘာလဲ 📌


စနစ်တကျ Layer အလိုက် ဘယ်လိုတွဲသုံး

ရမလဲဆိုတာ 📌



ဒီမကြာခင် YouTube မှာလာမဲ့ 🔜

ဗီဒီယိုအသစ်မှာ

အသေးစိတ် လေးမျှဝေးပေးထားပြီးတော့

ကျန်တော်သုံးတဲ့

SFX + BG Music တွေပါ ⚡️

Bonus ထည့်ပေးထားပါတယ်ခင်ဗျ ။ ✔️
#omera #pyaesone
Please open Telegram to view this post
VIEW IN TELEGRAM
14🔥3
Firestarter Free.zip
57.5 MB
ဒီ SFX package တွေကတော့ 💎

မကြာခင် လာမဲ့
🗓

Sound Design Video ထဲက
🌟

Bouns SFX 15% ပါခင်ဗျ
👀
Please open Telegram to view this post
VIEW IN TELEGRAM
25🔥21👍1