Create with OMERA
23.9K subscribers
805 photos
339 videos
493 files
200 links
Create smarter with AI, editing & modern workflows.

DM @pyaesone_8989
Download Telegram
ဒါလေးက Alight motion 1 year plan Giveaway လေးရထားတဲ့သူတွေပါခင်ဗျ |


တချို့က မပေးကြဘူးထင်လို့ပါ တကယ်ပေးပါတယ်ခင်ဗျ 🔫

စကားမစပ် Davinci Resolve Plugin Giveaway ကတော့ပါ၀င်ထားတဲ့သူတိုင်းကိုပေးထားပါတယ်


📱 Davinci Resolve plugin မရသေးတဲ့ သူတွေရှိရင် (OME DV) Comment မန့်ခဲ့လို့ရပါတယ်ခင်ဗျ Dm ထိလာပို့ပေးပါမယ်

ဒီခါမရလိုက်တဲ့သူတွေလဲ နောက်ခေါက်ပေါ့ဗျာ

Giveaway ထဲပါ၀င်ပေးကြလို့လဲ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ 😍
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
17🔥5👍2💔1
❗️သတိ

ထားရန် ❗️

ဒါလေး သူများလာ ပြောမှ သတိထားမိတယ်ဗျ အကောင့်တုတွေနဲ့ ပတ်လိမ်နေတယ့် ပုံစံမျိုးပါ
Video editing service အပ်မဲ့သူတွေအတွက်လဲ ကျန်တော်ဘက်ကလက်မခံပါဘူး လက်ခံရင်လဲကျန်တော်မဟုတ်ပါဘူးခင်ဗျ

Alight motion / Davinci Resolve Course join ဖြစ်ခဲ့ရင်လဲ
K pay
09756132405
Santo

e

Telegram
@Pyaesone_8989

Davinci Resolve Course ADM
@HsuHtoo5302

Alight motion Course ADM
@LaPyaeXO1

ကလွဲတခြားဟာမသုံးဖြစ်ပါဘူးခင်ဗျ 😪

Profile / Username /
Channel link ကစ အကုန်ပုံတူယူထားတာမို့ ကိစ္စတခုခုကြောင့်ငွေ‌လွှဲဖြစ်ရင် နံပတ် အရင်စစ်ပေးကြပါ

ဗျ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
22👍3🥰3💔3🔥2🤗1🎄1🗿1
Davinci Resolve Plugin Pack ကို 100K တန် update အသစ် ထပ်လုပ်ပေးထားပါပြီခင်ဗျ 🎁


အပြင်မှာ Davinci Resolve Plugin တွေ ဝယ်စုနေရင် တခုတခုကိုတင် 1 သိန်းဝန်ကျင် ရှိပါတယ်
ဒါပေမယ့် ကျန်တော့် Davinci Resolve Course လေးမှာဆိုရင် Paid Plugin around +3*0K ဖိုး / Paid SFX / Font အကုန်လုံးကို အသေအချာ လုပ်ပေးထားတာမလို့ Plugin Pack ဖိုးတခုစာမရှိတဲ့ ဈေးလေးနဲ့ အကုန်ရပါတယ်ခင်ဗျ
စိတ်ဝင်စားတဲ့သူတွေ အသေးစိတ်ကို ဒီမှာ လေ့လာလို့ရပါတယ် 👇
https://t.me/+3X-7JUSJA2M4MWZl

စကားမစပ်

Old 6MT Davinci Resolve Course member တွေအတွက် ကျန်တော်ဘက်က သိန်းချီတန်တဲ့ surprise သီသန့် လုပ်ပေးထားပါတယ်ခင်ဗျ
အဲတာလေးကိုလဲမကြာခင် Course ထဲမှာဘဲ
အသေးစိတ် မကြာခင် ကြေညာပေးပါမယ် 😜
Please open Telegram to view this post
VIEW IN TELEGRAM
17🥰2
ကျန်တော်ရဲ့ အရင်အသံက ပျော့ပြီး‌ေတာ့ ခုအသံ ကျ ဘယ်လိုလုပ်ပြီး ခုလို ကြည်အောင် လုပ်တာလဲ ဆိုပြီး လာမေးကြတာများတဲ့
အမေးများဆုံးမေးခွန်းဖြစ်တဲ့ Vocal exercise လုပ်နည်းလေးကို ကျန်တော် အနည်းငယ်ရှင်းပြပေးမယ်ဗျ
သူရဲ့ အဖြေက အပိုင်း 2 ပိုင်း ရှိတယ်
Part 1: Vocal Exercise
အသံကို တရက်ထက်တရက် ပိုကောင်းအောင် ကြိုစားမို့လိုတယ်

💖 Humming Exercise

ပါးစပ်ပိတ်ထားပြီး "Hmmmm" ဆိုပြီး humming လုပ် — ဒါက vocal cord ကို warm up လုပ်ပေးတယ် (လုပ်တဲ့အချိန် လည်ပင်းက အသံအိမ်က တုန်ခါနေရပါမယ်ဗျ )

💖 Breathing Control

အသက်ရှူရင် ပါးစပ်နဲ့ မရှူဘူး, နှာခေါင်းနဲ့ပဲ ရှူရတယ် / ဒါလေးက တော်ယုံတန်ယုံဖြစ်မလာတက်ဘူးဗျ ကျန်တော်လဲ ၂၄ နာရီလုံးတော့ မဖြစ်ဘူး ဒါပေမဲ့ သတိရတိုင်း ဒါမျိုးလေးလုပ်ဖြစ်တယ်

လေရှူတဲ့အချိန် ဗိုက်ပဲ တင်းရမယ် — ပုခုံးအပေါ်မြောက်လို့ မရဘူး
ဒါကို diaphragm breathing ခေါ်တယ်, အသံ stable ဖြစ်အောင် အခြေခံအကျဆုံးအရာထဲကတခု ( Deep Voice လုပ်နည်းထဲမှာ ဒါလေးက အရမ်းအရေးပါပါတယ် )

💖 Vocal Scale Exercise

သီချင်းဆိုတဲ့သူတွေ လေ့ကျင့်တဲ့ပုံစံ
ဟ → ဟား → ဟားး → ဟာ → ဟားး → ဟားး → ဟားးး → ဟားး → ဟာ.......
အနိမ့်ကနေ အမြင့်ကို တက်ပြီး ပြန်ဆင်းလာတဲ့, ဒါက pitch control ကို train ပေးပါတယ်ခင်ဗျ

အဓိကကတော့ ဒါတွေကို video မရိုက်ခင် 5-10 မိနစ် warm up လုပ်ရုံပဲ ကွာခြားချက် အကြီးကြီး ရှိလာတာကို မထင်ထားတဲ့ပုံစံနဲ့ သတိ ထားမိလာကြလိမ့်မယ်ဗျ


Part 2ကတော့ : Post-Production
ကျန်တော်တို့ထင်သလို Vocal Exercise တခုတည်းနဲ့လဲ မပြီးဘူး — Edit မှာလည်း ထပ်ညှိမို့လိုအပ်ပါတယ်


💖 ကျန်တော်လုပ်တာက Bass နည်းနည်း boost လုပ်တယ် — အသံမှာ weight ရှိလာတယ်

💖 Speed ကို နည်းနည်း တင်တယ် — energy ရှိပြီး ကြည်လင်တဲ့ tone ဖြစ်လာတယ်

ဒီနည်းလမ်းလေးနဲ့ ကျန်တော်ရဲ့ ဘိန်းဆွဲနေသလိုမျိုး ဖြစ်နေတဲ့အသံကို ခုလိုမျိုး ကြည်လာအောင် အဆင့်ဆင့် လေ့ကျင့်လာခဲ့တာပါခင်‌ဗျ / ကိုယ့်လူတို့အနေနဲ့လဲ လက်တွေ့လေ့လာချင်ရင်
YouTube မှာ
Vocal exercise
How to speak Fast / Clear ဆိုတဲ့ Topic လေးတွေကိုရှာလေ့လာလို့ရပါတယ် 😜


.
Please open Telegram to view this post
VIEW IN TELEGRAM
52🔥8🍓3🥰1
OMERA က ခုနောက်ပိုင်းTelegram မှာ Course ပဲ ထိုးရောင်းနေပြီး YouTube မှာ ဘာမှ မတင်တော့ဘူးလို့ ထင်ကြလိမ့်မယ်ဗျ
တကယ်တမ်းကတော့ editor တိုင်းအတွက် ရွှေဖြစ်မယ့် Client ရှာနည်းကို လက်တွေ့ သက်သေနဲ့တကွ ချပြပေးဖို့ လုပ်နေတာမလို့ ခဏလေး ပျောက်နေတာပါ ( တပုဒ်ကို ၃/၄သောင်းဘဲယူမယ် ပိုယူရင် client တွက်အဆင်မပြေဘူးလို့တွက်တဲ့ ဘဲတွေကတော့ မကြည့်လဲရပါတယ်ဗျ 🤪)

မကြာခင် YouTube မှာ Proof နဲ့တကွ surprise video လေး တပုဒ် လာပါမယ်ခင်ဗျ

မကြာခင် YouTube မှာတွေ့ကြမယ်ဗျ 🤟


.
93🔥19🍓6👍31
Capcut pro 1 year plan private 75k နဲ့ တကောင့်ရမယ်ဗျ ဉီးသူယူပါ 🌚
#ယူသွားပါပြီ
Please open Telegram to view this post
VIEW IN TELEGRAM
🗿11🥰2😭21
ဈေးများနေတာလား 🗿
#ယူသွားပါပြီ
Please open Telegram to view this post
VIEW IN TELEGRAM
🗿18👍4😭3
အချိန်သီသန့်ထုတ်နေရတယ်လို့ မခံစားရအောင် Time management ဘယ်လိုလုပ်မလဲ ☺️

ကိုယ့်လူတို့ တစ်နေ့တာကို circle တစ်ခုလို တွက်ကြည့်ဖူးလားဗျ

ကိုယ်က အလုပ် လုပ်တယ် ဒါမှမဟုတ်ကျောင်းသားဆိုရင် 9 to 5— တရက် 8နာရီ

လူတယောက်က တရက်ကို အနည်းဆုံးအိပ်ချိန် 7နာရီလိုအပ်တယ်ဆိုတော့ — 7နာရီ (ဒီထက်ပိုအိပ်ရင်တော့ ဘ၀မှာ ဘာမှဖြစ်မလာပါဘူး )
ထမင်းစားတာ + Tikok + ဘောကန် ဘာညာက— တရက် 5နာရီထား

ပေါင်းလိုက်ရင် ၂၀ နာရီ က ဒီချိန် ကုန်သွားပြီ ဒီတိုင်းကြည့်ရင်အလုပ်အကုန်ပြီးသွားသလိုဘဲ

ဒါပေမဲ့4နာရီကျန်သေးတယ် ကျန်နေသေးတဲ့ 4 နာရီ ကိုပဲ ကျွန်တော်တို့ Golden Hours လို့ ခေါ်တာပါ

ဒီ 4 နာရီက ကိုယ့်လူတို့ဘဝကို တကယ်ပြောင်းပေးနိုင်တဲ့ အချိန်ပါ

ဒါပေမဲ့ ဘယ်အချိန်မှာ သုံးလဲဆိုတာအရေးကြီးပါတယ်

ည အလုပ်ပြန်လာတဲ့အချိန် skill သင်မယ်ဆိုရင် ပင်ပန်းနေပြီ, စိတ်လည်း ရှုပ်နေပြီ, ဘာမှ မလှုပ်ချင်ဘဲ ဖုန်းဘဲပွတ်မိလိမ့်မယ် ထိုင်လှုပ်လဲစိတ်မပါ ဖုန်းဘဲကိုင်မိမယ်

ဒါကြောင့် အကောင်းဆုံးအချိန်က ညစောစောအိပ်ပြီး မနက် 5 နာရီ ထမယ် 5နာရီကနေ 9နာရီ ထိ 4 နာရီ — ဆူညံသံ မရှိ, energy peak ဖြစ်တဲ့အချိန်, စော်ဖုန်းလဲမလာမဲ့အချိန် ဒီ အချိန်က deep focus အတွက်အကောင်းဆုံးပါ ဒါပေမဲ့ ကျန်တော်က အပြင်အလုပ်မလုပ်တာဖြစ်တဲ့အတွက် deep focus 4 နာရီကို ည 12 နာရီ ကနေ မနက် 4 နာရီထိ လုပ်ပါတယ်

ဆိုတော့ ဒီ 4 နာရီကို ဘယ်လို ခွဲမလဲဆိုတာ နည်းနည်းရှင်းပြပေးမယ်

2နာရီ ကို Learning (skill တစ်ခုတည်းကိုပဲ focus လုပ်မယ်)
ကျန်တဲ့ 2နာရီ ကိုကျတော့ — Implementation (သင်ထားတာကို လက်တွေ့ လုပ်ကြည့်မို့)
ဒါမှမဟုတ် Script ရေးစရာဘာညာရှိတယ်ဆိုရင်ထိုင်ရေးမို့ တရက်တာရဲ့ လုံး၀ peak ဖြစ်နေတဲ့အချိန် ဒီချိန်ကို အဓိက ကိုယ့်ကိုကိုယ်ပြောင်းလဲမို့ သင်ရမဲ့ skill &အလုပ်ကိုလုပ်ရပါတယ်

ဒီနေရာမှာ တခုသတိထားရမှာကတော့ — ကြည့်ရုံနဲ့တော့ မရပါဘူး, တကယ် create လုပ်မှ ရပါတယ် မဟုတ်ရင် မနက်4နာရီလဲ အလကားဖြစ်ပါမယ်


နောက်ဆုံးတခုပြောချင်တာက ထတာနဲ့ အလုပ်လုပ်ဖြစ်ချင်ရင်တော့

ည ကတည်းက ဘာလုပ်ရမလဲဆိုတာကို
Diary စာအုပ်မှာချရေးပြီးမှတ်ထားပါ

ညကျရင်ပြန်
ဒီနေ့ ဘာသင်ခဲ့လဲ ရေး မယ် မနက်ဖြန် ဘာလုပ်မလဲ ကြိုရေးထားမယ် ဒါမျိုးသွားမယ်ဆိုရင်

မနက်ထတာနဲ့ "ဘာလုပ်ရမှန်း မသိဘူး" ဆိုတာ မဖြစ်တော့ဘူးဗျ

@Pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
162🔥8👍51🍓1
Success ဖြစ်ချင်ရင် Systems ဆောက်ပါ

ကိုယ့်လူတို့ တစ်နေ့လုံး အလုပ်/ editing လုပ်နေတယ်, ဒါပေမဲ့ progress မရှိဘူး ဆိုတဲ့ feeling ဖြစ်ဖူးကြလားဗျ

ပြဿနာက Motivation နည်းတာ မဟုတ်ဘဲ Systems မရှိလို့ပါ 💖

(System ဆိုတာ — Motivation မလို, Mood မလို, process ထဲ ဝင်လိုက်ရင် result က အလိုလို လာတယ်)

ကျန်တော် ၇ လကြာ ဆောက်ထားတဲ့ Systems 5 ခု မျှပေးမယ်ဗျ

💖 Trigger System
ရှိပြီးသား habit တစ်ခုနဲ့ habit အသစ်ကို တွဲချုပ်ပါ
(ထမင်းစားပြီးတာနဲ့ → script ရေး)

💖Time Block System
အရေးကြီးတဲ့ အလုပ်ကို fix time တစ်ခုမှာပဲ ထပ်ထပ်လုပ် ဘယ်လိုမျိုးလဲဆိုရင် ည ၁၂ ကနေ ၂နာရီထိ edit လုပ်မယ်ဆိုရင် နေ့တိုင်းအဲချိန်ဘဲလုပ်ကျန်တဲ့ချိန်
("Free time ရရင်လုပ်မယ်" ဆိုရင် ဘယ်တော့မှ မလုပ်ဖြစ်ဘူး like ကျန်တော်ဉီးနောက်က ဘယ်ချိန်လုပ်လုပ်ရတယ်ဆိုပြီး အလုပ်ပေးမလုပ်ဘူး)

💖Deep Work System
တရက် 1,2 နာရီ ဖုန်းမရှိ, multitasking မရှိ, အလုပ်တစ်ခုပဲ focus

💖Momentum System
အလုပ်တစ်ခုလုပ်ပြီး‌ေတာ့ momentum ရှိနေသေးချိန် break မယူဘဲ အသေးအဖွဲ အလုပ်လေးတွေ ပြီးအောင်ဆက်လုပ်ပါ(ဒါဆို အလုပ်အသေးတွေကျန်ခဲ့တာမျိုးမဖြစ်တော့ဘူး)

💖 No Zero Day System
တနေ့မှ "ဘာမှ မလုပ်ဖြစ်ဘူး" ဆိုတဲ့ feeling မရှိစေနဲ့ တစ်ခုခု လုပ်ထား
ဒါက အပေါကပြောလာတဲ့အရာတွေလုပ်ထားရင် သူ့သူပေါလာတာဗျ ဉပမာ ကျန်တော် မနက် ၁၁ ကနေ ၁နာရီထိ အလုပ်တခုလုပ်နေကျ နောက်နေ့အဲတာပျက်ကွတ်လိုက်ရင် ကိုယ့်ကိုကိုယ်အားမရတော့ဘူး

ဒီ‌ Systems တွေက Mood ပေါ်မမူတည်ဘူးဗျ

99% လူတွေ mood ပေါ်မှာပဲ depend လုပ်လို့ မအောင်မြင်ကြတာ

အဓိကကတော့"Mood မရှိတောင် ငါ action ယူမယ်" ဆိုပြီး ဦးနှောက်ကို challenge ပေးမို့ လိုအပ်ပါတယ်

@Pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
157👍4🔥4🍓3🗿2🎄1
ကိုယ့်လူတို့ Google IO 2026 ပြီးသွားပြီဗျ တချို့က ဒါကိုတောင်သိချင်မှသိကြမယ် ဒီနှစ်ရဲ့ keyword က "Agentic" ဖြစ်သွားပါပြီ

Agentic ဆိုတာ Claude ai လိုမျိုးဘဲ aiက ကိုယ်စား အလုပ်လုပ်ပေးတာဗျ 💎

➡️ Docs Live


Google Docs ဖွင့်ပြီး အကုန်ကိုယ်တိုင်စဉ်းစားရတဲ့ခေတ် | blank page ကြည့်နေတဲ့ ခေတ်ကပြီးသွားပါပြီ

ဒါပေမဲ့ ခုဆိုရင် like နိုင်ငံခြား Client နဲ့အလုပ်လုပ်နေကျဆိုရင် "ငါ့ proposal အတွက် client report ရေးပေး ငါ့ Gmail ထဲက info ယူသုံး" လို့ ပြောရုံပဲ document တစ်ခုလုံး Done Ai ကထုတ်ပေးလာလိမ့်မယ်

➡️Ask Google Maps


ကျွန်တော်တို့လို နိုင်ငံခြားမှာ နေတဲ့သူတွေအတွက်ကတော့ တော်တော် အဆင်ပြေတဲ့အချိန်တခုရောက်လာပါပြီ

ဥပမာ — "အိမ်ပြန်လမ်းမှာ Lotus ဝင်ပြီး မုန့် ဝယ်ချင်တယ်, ပြီးရင် KFC စားချင်တယ်" ဆိုတာနဲ့ aiက route တစ်ခုလုံး အလိုလို plan ပေးတယ်

➡️ Ask YouTube


YouTube မှာ တခုခုလိုချင်ရင် အရင်ကလို keywords နဲ့ ရှာစရာ မလိုတော့ဘူး

ဥပမာ "ငါ Alight Motion မှာ Graph Edit မလုပ်တတ်ဘူး" ဆိုပြီး ပြောရုံပဲ Beginner video, Tutorial, Advanced — learning path တစ်ခုလုံး ပြပေးတယ်
(YouTube ပေါ်က ဘယ်ကစရမယ်, ဘယ်ဟာ ဆက်ကြည့်ရမယ်ဆိုတာ မရှာတော့ဘူး)

➡️ Gemini Daily Brief


မနက်တိုင်း Gemini app ဖွင့်တာနဲ့
ဒီနေ့လုပ်ရမယ့်အရာ အကုန် ပြဆိုတာနဲ့ ai ကအကုန်လုပ်ပေးတယ်

ဥပမာ "ဒီနေ့ Zoom meeting 7 PM ရှိမယ် Course student တစ်ယောက်က DM ပို့ထား"မယ် ဘာဘာညာညာ
သီးသန့် open လုပ်စရာ မလိုဘဲ တနေရာထဲ စုပြပေးတယ်

➡️ Anti-Gravity 2.0


ဒါက developer/coder တွေ အတွက်ပါ
ဥပမာ အရင်က app တစ်ခုဆောက်ဖို့ programmer ၅ ယောက် ၁ လ ကြာတယ်ဆိုရင် ခုက AI agent တွေ parallel run ပြီး ၁ ရက်ထဲ နဲ့အပြီးကျုံးပေးတယ်

➡️ Flow Music


မြန်မာက လူတိုင်းအကြိုက် flowmusic.app မှာ Music + Lyrics + Video တနေရာထဲမှာ အကုန်create လို့နေပါပြီ
ဥပမာ — "Sad song, slow tempo, Burmese style" ဆိုပြီး ပြောရင် Tune, lyrics, music video အကုန် ထွက်လာတယ်
အမိုက်ဆုံးက Producer ကို chat ပြောပြီး remix တောင်လုပ်လို့ရတယ်

➡️SynthID Detection


မြင်ဖူးကြမှာပါ Tiktok မှာ Ai & Fake ဆိုတဲ့ comment တွေ ခုက ရေးစရာကိုမလိုဘူး Scam content ဖမ်း‌ေပမဲ့အကောင်းဆုံး tool တခုပေါလာပြီ
ဥပမာ tiktok ပေါ်က "ပြိုင်ပွဲနိုင်ပြီ" ဆိုတဲ့ video တစ်ခု မြင်တယ်, ဒါ fake/real ဖြစ်/ မဖြစ် မသိဘူးဆိုရင် Screenshot ရိုက်ပြီး Gemini ကို မေးယုံဘဲ "ဒါ AI generated ဖြစ်တယ်" ဆိုပြီး ချက်ခြင်း ဖြေပေးတယ်

🔥Gemini Mac App

Mac သုံးတဲ့ သူတွေ အတွက်ကတော့လုံး၀ကိုမှ game changer ဗျ

ဥပမာ Downloads folder ထဲမှာ client file 5 ခု ရှိနေမယ် — "ဒီ file တွေ ဖတ်ပြီး summary ထုတ်ပေး, client ဆီ email တစ်ပုဒ် ရေး, မနက်ဖြန် 9 AM schedule လုပ်ပေး" ပြောရုံပဲ ပြီးပြီ Claude Aiနီးပါထိကိုကြမ်းနေပြီ ✔️

➡️Search — Generative UI


ဒါကကျောင်းတက်နေတဲ့သူတွေအတွက်

ဥပမာ ကလေးတစ်ယောက်က "Solar system ဘယ်လို အလုပ်လုပ်လဲ" ဆိုပြီး search လုပ်ရင် article မဟုတ်ဘဲ interactive visualization ထွက်လာတယ်, planets တွေ ပြောင်းကြည့်လို့ ရတယ်
Learning အတွက် ပိုနက်နက် နားလည်နိုင်တယ်

➡️ Information Agents


နေ့စဉ်စောင့်ကြည့်ရတဲ့ data တွေအတွက် ပါ

ဥပမာ "Bitcoin price $100K အောက်ဖြစ်ရင် ပြောပေး" သို့မဟုတ် "AI news daily summary ပို့ပေး"ဆိုပြီးတော့ set လုပ်ထားရင် Auto track, Auto update လုပ်ပြီးသားဘဲ

ဒါတွေကိုကြည့်မယ်ဆိုရင် AI က တရက်ထက်တရက် speed အပြည့်နဲ့ ပြောင်းနေပြီဗျ

ဒီ tools တွေ ဘယ်လို သုံးမလဲဆိုတာတိတိကျကျ သိချင်တဲ့သူ‌ေတွရှိမယ်ဆိုရင် ကျန်‌ေတာ်ရဲ့ YouTube မှာ တင်ပေးရမလားခင်ဗျ 🥰

@Pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
357🔥11
ကိုယ့်လူတို့ ဒီလို ဖြစ်ဖူးကြလားဗျ ☺️
တယောက်ယောက်ကို ဖုန်းခေါ်လိုက်တယ်, ဟိုဘက်က pickup မလုပ်သေးခင်မှာပဲ Facebook ဖွင့်ပြီး scroll နေပြီ
ဒါဆိုရင်တော့ ခင်ဗျားက ဖုန်းကို မ control တော့ဘဲ, ဖုန်းက ခင်ဗျားကို control နေပြီ
ပိုဆိုးတာက ထမင်းစားနေတုန်း, အိမ်သာထဲ, အိပ်ခါနီး, ထထချင်း ဘယ်နေရာမှာမှ ဖုန်း မချနိုင်ဘူး
ခင်ဗျားတို့ ဦးနှောက်က ၁၀ စက္ကန့်တောင် တိတ်တိတ်ဆိတ်ဆိတ် မနေနိုင်တော့ဘူး ဖြစ်နေတယ်
တကယ်တမ်း အဓိက ပြဿနာက ဖုန်း မဟုတ်ဘူး ကိုယ့်ကိုယ်ကိုယ် တယောက်ထဲ သီသန့် မနေနိုင်လို့ ပြေးနေတာ ပါ
ဒါပေမဲ့ ဒီအရာကို tips ၄ ခုနဲ့ ပြန် build လို့ ရတယ်

Deep Work
၉၀ မိနစ် ဖုန်းမရှိ, distraction မရှိ, multitasking မရှိ အလုပ်တစ်ခုပဲ focus
ဥပမာ Edit လုပ်နေတယ်, ဘေးက ဖုန်းကိုင်ပြီး Facebook ဖွင့်, ၁၀ မိနစ်လုပ်, ပြန်ဖွင့်, ထပ်လုပ် ဒါက
တနေ့လုံး ၈ နာရီ "အလုပ်လုပ်တယ်" ထင်နေပေမယ့် တကယ်တန်း ၂ နာရီစာပဲ ထွက်တာ ဖြစ်နိုင်တယ်ဗျ
၂ နာရီ deep work က ၈ နာရီ shallow work ထက် ပိုသန်တယ်

Eat the Frog
မနက်ထတာနဲ့ — အခက်ဆုံး/အရေးကြီးဆုံး အလုပ်ကို အရင် ပြီးအောင်လုပ်
ဥပမာ ဒီနေ့ Script ရေးရမယ်, Edit လုပ်ရမယ်, Telegram post ထုတ်ရမယ် ဆိုရင် အခက်ဆုံးတစ်ခုကို မနက်ထ ပထမဆုံး လုပ်
( ဒါဆိုရင် တနေ့လုံး စိတ်အေးလို့ ပြီ, ပြီးတော့ confidence ရတယ် — confidence က အလုပ်မလုပ်ဘဲ မလာဘူး, လုပ်ပြီးမှ လာတယ်)

Ritual ဆောက်
အလုပ် မထိုင်ခင် ၃ ခု ကြိုဆုံးဖြတ်:
⚡️ Where ဘယ်နေရာ?
⚡️ When + How long ဘယ်အချိန် ဘယ်လောက်ကြာ?
⚡️ Support ဘာတွေ ကြိုပြင်ထား? (ကော်ဖီ, ရေ, မှတ်စု)
ဥပမာ "ည ၈ နာရီ စားပွဲမှာ ၂ နာရီ script ရေးမယ်, ကော်ဖီ + ရေ ကြိုပြင်ထား" ဆိုပြီး ဆုံးဖြတ်ထား
ဒါမှ "ထထ ထိုင်ထိုင်, ဘာစရမှန်း မသိ, ရေသွားသောက်ရင်း ဖုန်းဖွင့်ကြည့်မယ်” ဆိုတဲ့ loop ပျောက်တယ်

Isolation လိုတယ်
Deep work စာအုပ်ထဲက ကျန်တော်ကြိုက်တဲ့ စာတစ်ကြောင်း ရှိတယ်ဗျ
"Great creative minds think like artists but work like accountants"
ဆိုလိုတာက Creative ဖြစ်ပေမယ့် အလုပ်လုပ်ချိန် System, Rule, Routine ပေါ်မှာပဲ depend တယ်
ဥပမာ ကျွန်တော်ကိုယ်တိုင် important script ရေးချိန် ၁ ရက်လုံး ဖုန်းပိတ်ပြီး ဆိုင်တစ်ဆိုင်မှာ သီးသန့်ထိုင်ရေးတယ်ဗျ
(ဖုန်းကိုင်ပြီး မိနစ်တိုင်း message ဝင်နေတဲ့ environment မှာ creative work မထွက်နိုင်ဘူး)

Bottom Line
Attention span က motivation တခုတည်းနဲ့ build မလုပ်နိုင်ဘူးဆိုတာလက်ခံမို့လိုအပ်တယ် motivation က စိတ်ဓာတ်ကျတဲ့အချိန် ခနဘဲ အသုံးဝင်တာ
အဓ်ိက System နဲ့ပဲ build လုပ်လို့ရတယ်
@Pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
147👍2🔥2🍓2
Video Editing သင်ခါစလူတယောက် မိနေတဲ့ ဂျင်းက
"Cinematic Transitions လုပ်တက်ရမယ်”
"Color Grading လုပ်တတ်ရမယ်"
"motion graphics လုပ်တတ်ရမယ်"
ဒါတွေ မြင်တာနဲ့ ခင်ဗျားတို့က မစခင်ကတည်းက ပြန်ပြေးချင်နေပြီ​
ဒါမျိုးဖြစ်ဖူးတဲ့သူတွေ ဒီထဲမှာရှိကြလား ?
တကယ်က
Video Editing မှာ ဒီ point ၅ ခုပဲ သိရင် လုံလောက်တယ်

Mindset Shift💎

Editing ဆိုတာ ဘာလဲ ဆိုရင် —
"မကောင်းတဲ့အရာ ဖယ်, ကောင်းတဲ့အရာ ထား, sense ဖြစ်အောင် စီစဉ်"
ဒါပါဘဲ
software ၁ ခုလုံး သင်နေစရာ မလိုဘူး ဒါကျန်တော်သင်တန်းမှာကော youtube video မှာကောပြောနေကျ
( Phone ဆို Alight Motion, PC ဆို DaVinci Resolve ၂ ခုလုံးက free, professional level ထွက်တယ်)

Skill 1 Cutting & Trimming

မလိုတဲ့ အပိုင်း ဖြတ်ပစ်, filler word ("အအ", "ဥ") တွေ ဖျက်
(ဒါ ကလေးကအစ လုပ်နိုင်တယ်လို့ ထင်ကြလိမ့်မယ် , ဒါပေမယ့် Clean cut လုပ်တတ်ဖို့က motion graphic နီးပါးခက်တယ်ဆိုရင် ယုံကြမလား )

Skill 2 Clip Arrangement

Timeline ပေါ်မှာ clip တွေ စီနည်းက၂ မျိုး ရှိတယ်
✔️ Chronological ဒါက ဖြစ်တဲ့အတိုင်းစီီတဲ့နည်း (Tutorial, How-to) like omera style
✔️ Narrative Story telling အတွက် clip တွေ ရှေ့နောက် ပြောင်း (Vlog တွေမှာသုံးတာများတယ်) like interesting part ပထမ ၃ စက္ကန့်
အဓိက ဘယ်လို စီစီ တခြားလူ ကြည့်ပြီး နားလည်ရမယ်

Skill 3 Text & Captions

Caption က video ရဲ့ readability ၁၀ ဆ မြှင့်ပေးတယ်
ဒါပေမယ့် Clean Text သုံးရတယ် Fancy Text like က ကို ထ မြင်ရတာတွေသုံးမရဘူး

Skill 4 Music

Music က video ရဲ့ emotion ၁၀၀% control လုပ်တယ်
တူတဲ့ footage တစ်ခုထဲကို Sad music ထည့်ရင် emotional Upbeat music ထည့်ရင် energetic Cinematic music ထည့်ရင် epic
ကျန်တော်ကတော့ epic style music ကိုသုံးဖြစ်တာများတယ်

Skill 5 Basic Color Correction

Professional color grading လုပ်တက်စရာမလိုပါဘူး ဒီ ၃ ခု ပြင်တက်ရင် ရှယ်ပြီ
✔️Exposure Footage မှောင်ရင်တင်,လင်းရင် ချ
✔️Contrast Flat ဖြစ်နေရင် တင်
✔️Saturation Color မှိုင်နေရင် တင် အဓိက ကဒါပါဘဲ

@Pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
154👍5🔥4
fusion ဘဲကိုင်နေကျ ဆိုတော့ edit page က ရှပ်နေသလို ခံစားရ 🍑
ရှိကြလားဗျ ဒီထဲမှာ ✴️davinci edit page အဓ်ိက ကိုင်တဲ့ ဘဲကြီးတွေ😪
Please open Telegram to view this post
VIEW IN TELEGRAM
13
ငါ ဒီပုံမှန်ဘ၀ ကနေ ချမ်းသာတဲ့ ဘ၀ကို ဘယ်လိုသွားရလဲဆိုတာ တခါလောက်စဉ်းစားမိဖူးကြလား ?

ပုံမှန် Motivation video တွေကြည့်ရင် "Hard work, Smart work, Luck, Connection" ဒါတွေပြောနေတာတွေမြင်ရလိမ့်မယ်

ဒါပေမဲ့ ဒါတွေ မှန်နေပေမဲ့ မပြည့်စုံ‌ေသးပါဘူး
ကျန်နော်ခုတလောဖတ်နေတဲ့ The ultimate gift စာအုပ်ထဲကအချက်ဖြစ်တဲ့
Success ဆိုတာ သော့အိမ်တခုလိုပါ အရင်တုန်းက သောအိမ်ကို သော့ထည့်ဖွင့်မှပွင့်ပေမဲ့ ခုခေတ်က Code မှန်မှပွင့်တဲ့ပုံစံမျိူး

ကျန်တော်တို့ ဘ၀လဲဒါမျိုးဘဲ အောင်မြင်တဲ့လမ်းပွင့်မို့လဲ Code က ၅ ခု လိုအပ်တယ်

BRAVE Formula
B

Burn The Pain


Psychology အရ လူတွေ action ယူတာ ၂ မျိုးပဲ ရှိတယ်

၁. Pleasure
၂. Pain
အပျော် ဒါမှမဟုတ် နာကျင်မှု

ဒါပေမဲ့ Pain က ပိုပြီး powerful တယ်

ကိုယ်ခံစားနေတဲ့ နာကျင်မှုကို အောင်မြင်မို့အတွက် လောင်စာအဖြစ်သုံးရတာ‌မျိုး
ဉပမာ_ဆင်းရဲတာ၊ စော်ကားခံရတာ၊ မထီမဲ့မြင်လုပ်ခံရတာမျိူးတွေ ဒါကတော်"ကိုထိရောက်တယ်ဗျ💎

R

Rewire Your Identity


ဆင်းရဲတဲ့ Mindset ထဲမှာ ပိတ်နေတဲ့သူကဘယ်တော့မှ မချမ်းသာဘူး

အပြင်က ဆင်းရဲပေမဲ့ အထဲမှာ "ငါက millionaire တစ်ယောက်ပဲ" ဆိုပြီး ယုံကြည်နေရတာမျိူး
ကြားဖူးကြမယ်ထင်တယ် ဉီးနောက်ထဲမှာ ချမ်းသာမို့အနာဂတ် vision ရှိနေမှာ တကယ် ချမ်းသာလာမယ်ဆိုတာမျိုး

A


Ask Better Questions


လူလတ်တန်းစား လူအများက အလဟသ ဖြစ်တဲ့ မေးခွန်းတွေ မေးကြတယ်

ဘယ်အသင်း ဘယ်ဘောလုံးပွဲ နိုင်လဲ?ဘယ်မောင်းကျိူးလဲ?ဘယ်စော်ကမိုက်လဲ ဘာဘာညာညာ?

ချမ်းသာချင်တဲ့သူက အရေးကြီးတဲ့ မေးခွန်းတွေ မေးတယ်

ငါ သူများကိူဘယ်လို value ပေးနိုင်မလဲ?
ဒီ ပြဿနာ ဘယ်လို ဖြေရှင်းမလဲ? ect..

V


Validate Through Action


Theory တွေ သင်ရုံနဲ့ မရဘူး

သင်တာတိုင်း ချက်ချင်း action ယူရမယ်, လက်တွေ့ လုပ်ရမယ်
Editing tutorial video ၁၀၀ ပုဒ်ကြည့်ပြီး တကယ်တက်သွားတာ မဟုတ်ဘူး, လိုက်လုပ်မှတက်တာ

E


Endure Delayed Rewards


ခုနေရာကနေရုံးထွက်မို့ ချက်ချင်းကျေနပ်မှုရတာတွေ ကို အသေးလေးကစစွန့်ရမယ်
ဉပမာ ဖုန်းကြည့်တာ , p*rn ကြည့်တာ, အားတိုင်းစော်ကိစ္စဘဲလုပ်နေတာ,ect..

အဓိကက
ခုလောလောဆယ် ငယ်တုန်းမှာ ဒါတွေဘေးခေါက်ပြီး ငွေအရင်ရှာကြပါ
ငွေရှိရင် ခုရှာနေတာတွေက မရှာဘဲ ရောက်လာပါလိမ့်မယ် 💖

@Pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
54👍2🔥1🍓1
ကြားထဲမှာ ၁လလောက် video မတင်ဘဲပျောက်နေပေမဲ့ ဒီတပုဒ်ကနေ တပတ် တပုဒ် နှုန်းနဲ့ပြန်လာပါပြီခင်ဗျ

ဒီနေ့ ည 8နာရီ YouTube Video လေးတပုဒ်လာပါမယ်

Video Main topic ကတော့

ငါက local client နဲ့မဟုတ်ဘဲ
International Client နဲ့ဘဲ အဓိကအလုပ်လုပ်ချင်တာ ဘယ်ကစရမှန်းမသိဘူးဆိုတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်
စကားနဲ့ဘဲ‌ပြောမှာမဟုတ်ဘဲ ဒီ video မလုပ်ရင် ကျန်တော်ကိုယ်တိုင်ရအောင် လုပ်ပြီးမှ ပြန်မျှဝေပေးတာမလို့ Global client နဲ့တူတူလုပ်ချင်တဲ့သူတွေအတွက် လမ်းစ ရှာတွေ့မယ်လို့ မျှော်လင့်ပါတယ်

ဆိုတော့ ည 8 နာရီကျရင် YouTube မှာတွေ့လိုက်ကြရအောင် 😍
Please open Telegram to view this post
VIEW IN TELEGRAM
10