ဒါလေးက Alight motion 1 year plan Giveaway လေးရထားတဲ့သူတွေပါခင်ဗျ |
တချို့က မပေးကြဘူးထင်လို့ပါ တကယ်ပေးပါတယ်ခင်ဗျ
စကားမစပ် Davinci Resolve Plugin Giveaway ကတော့ပါ၀င်ထားတဲ့သူတိုင်းကိုပေးထားပါတယ်
ဒီခါမရလိုက်တဲ့သူတွေလဲ နောက်ခေါက်ပေါ့ဗျာ
Giveaway ထဲပါ၀င်ပေးကြလို့လဲ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ😍
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤17🔥5👍2💔1
❗️ သတိ
ထားရန်
ဒါလေး သူများလာ ပြောမှ သတိထားမိတယ်ဗျ အကောင့်တုတွေနဲ့ ပတ်လိမ်နေတယ့် ပုံစံမျိုးပါ
Video editing service အပ်မဲ့သူတွေအတွက်လဲ ကျန်တော်ဘက်ကလက်မခံပါဘူး လက်ခံရင်လဲကျန်တော်မဟုတ်ပါဘူးခင်ဗျ
Alight motion / Davinci Resolve Course join ဖြစ်ခဲ့ရင်လဲ
K pay
09756132405
Santo
e
Telegram
@Pyaesone_8989
Davinci Resolve Course ADM
@HsuHtoo5302
Alight motion Course ADM
@LaPyaeXO1
ကလွဲတခြားဟာမသုံးဖြစ်ပါဘူးခင်ဗျ
Profile / Username /
Channel link ကစ အကုန်ပုံတူယူထားတာမို့ ကိစ္စတခုခုကြောင့်ငွေလွှဲဖြစ်ရင် နံပတ် အရင်စစ်ပေးကြပါ
ဗျ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤22👍3🥰3💔3🔥2🤗1🎄1🗿1
Davinci Resolve Plugin Pack ကို 100K တန် update အသစ် ထပ်လုပ်ပေးထားပါပြီခင်ဗျ🎁
အပြင်မှာ Davinci Resolve Plugin တွေ ဝယ်စုနေရင် တခုတခုကိုတင် 1 သိန်းဝန်ကျင် ရှိပါတယ်
ဒါပေမယ့် ကျန်တော့် Davinci Resolve Course လေးမှာဆိုရင် Paid Plugin around +3*0K ဖိုး / Paid SFX / Font အကုန်လုံးကို အသေအချာ လုပ်ပေးထားတာမလို့ Plugin Pack ဖိုးတခုစာမရှိတဲ့ ဈေးလေးနဲ့ အကုန်ရပါတယ်ခင်ဗျ
စိတ်ဝင်စားတဲ့သူတွေ အသေးစိတ်ကို ဒီမှာ လေ့လာလို့ရပါတယ် 👇
https://t.me/+3X-7JUSJA2M4MWZl
စကားမစပ်
Old 6MT Davinci Resolve Course member တွေအတွက် ကျန်တော်ဘက်က သိန်းချီတန်တဲ့ surprise သီသန့် လုပ်ပေးထားပါတယ်ခင်ဗျ
အဲတာလေးကိုလဲမကြာခင် Course ထဲမှာဘဲ
အသေးစိတ် မကြာခင် ကြေညာပေးပါမယ်
Please open Telegram to view this post
VIEW IN TELEGRAM
❤18🥰2
ကျန်တော်ရဲ့ အရင်အသံက ပျော့ပြီးေတာ့ ခုအသံ ကျ ဘယ်လိုလုပ်ပြီး ခုလို ကြည်အောင် လုပ်တာလဲ ဆိုပြီး လာမေးကြတာများတဲ့
အမေးများဆုံးမေးခွန်းဖြစ်တဲ့ Vocal exercise လုပ်နည်းလေးကို ကျန်တော် အနည်းငယ်ရှင်းပြပေးမယ်ဗျ
သူရဲ့ အဖြေက အပိုင်း 2 ပိုင်း ရှိတယ်
Part 1: Vocal Exercise
အသံကို တရက်ထက်တရက် ပိုကောင်းအောင် ကြိုစားမို့လိုတယ်
💖 Humming Exercise
ပါးစပ်ပိတ်ထားပြီး "Hmmmm" ဆိုပြီး humming လုပ် — ဒါက vocal cord ကို warm up လုပ်ပေးတယ် (လုပ်တဲ့အချိန် လည်ပင်းက အသံအိမ်က တုန်ခါနေရပါမယ်ဗျ )
💖 Breathing Control
အသက်ရှူရင် ပါးစပ်နဲ့ မရှူဘူး, နှာခေါင်းနဲ့ပဲ ရှူရတယ် / ဒါလေးက တော်ယုံတန်ယုံဖြစ်မလာတက်ဘူးဗျ ကျန်တော်လဲ ၂၄ နာရီလုံးတော့ မဖြစ်ဘူး ဒါပေမဲ့ သတိရတိုင်း ဒါမျိုးလေးလုပ်ဖြစ်တယ်
လေရှူတဲ့အချိန် ဗိုက်ပဲ တင်းရမယ် — ပုခုံးအပေါ်မြောက်လို့ မရဘူး
ဒါကို diaphragm breathing ခေါ်တယ်, အသံ stable ဖြစ်အောင် အခြေခံအကျဆုံးအရာထဲကတခု ( Deep Voice လုပ်နည်းထဲမှာ ဒါလေးက အရမ်းအရေးပါပါတယ် )
💖 Vocal Scale Exercise
သီချင်းဆိုတဲ့သူတွေ လေ့ကျင့်တဲ့ပုံစံ
ဟ → ဟား → ဟားး → ဟာ → ဟားး → ဟားး → ဟားးး → ဟားး → ဟာ.......
အနိမ့်ကနေ အမြင့်ကို တက်ပြီး ပြန်ဆင်းလာတဲ့, ဒါက pitch control ကို train ပေးပါတယ်ခင်ဗျ
အဓိကကတော့ ဒါတွေကို video မရိုက်ခင် 5-10 မိနစ် warm up လုပ်ရုံပဲ ကွာခြားချက် အကြီးကြီး ရှိလာတာကို မထင်ထားတဲ့ပုံစံနဲ့ သတိ ထားမိလာကြလိမ့်မယ်ဗျ
Part 2ကတော့ : Post-Production
ကျန်တော်တို့ထင်သလို Vocal Exercise တခုတည်းနဲ့လဲ မပြီးဘူး — Edit မှာလည်း ထပ်ညှိမို့လိုအပ်ပါတယ်
💖 ကျန်တော်လုပ်တာက Bass နည်းနည်း boost လုပ်တယ် — အသံမှာ weight ရှိလာတယ်
💖 Speed ကို နည်းနည်း တင်တယ် — energy ရှိပြီး ကြည်လင်တဲ့ tone ဖြစ်လာတယ်
ဒီနည်းလမ်းလေးနဲ့ ကျန်တော်ရဲ့ ဘိန်းဆွဲနေသလိုမျိုး ဖြစ်နေတဲ့အသံကို ခုလိုမျိုး ကြည်လာအောင် အဆင့်ဆင့် လေ့ကျင့်လာခဲ့တာပါခင်ဗျ / ကိုယ့်လူတို့အနေနဲ့လဲ လက်တွေ့လေ့လာချင်ရင်
YouTube မှာ
Vocal exercise
How to speak Fast / Clear ဆိုတဲ့ Topic လေးတွေကိုရှာလေ့လာလို့ရပါတယ်😜
.
အမေးများဆုံးမေးခွန်းဖြစ်တဲ့ Vocal exercise လုပ်နည်းလေးကို ကျန်တော် အနည်းငယ်ရှင်းပြပေးမယ်ဗျ
သူရဲ့ အဖြေက အပိုင်း 2 ပိုင်း ရှိတယ်
Part 1: Vocal Exercise
အသံကို တရက်ထက်တရက် ပိုကောင်းအောင် ကြိုစားမို့လိုတယ်
ပါးစပ်ပိတ်ထားပြီး "Hmmmm" ဆိုပြီး humming လုပ် — ဒါက vocal cord ကို warm up လုပ်ပေးတယ် (လုပ်တဲ့အချိန် လည်ပင်းက အသံအိမ်က တုန်ခါနေရပါမယ်ဗျ )
အသက်ရှူရင် ပါးစပ်နဲ့ မရှူဘူး, နှာခေါင်းနဲ့ပဲ ရှူရတယ် / ဒါလေးက တော်ယုံတန်ယုံဖြစ်မလာတက်ဘူးဗျ ကျန်တော်လဲ ၂၄ နာရီလုံးတော့ မဖြစ်ဘူး ဒါပေမဲ့ သတိရတိုင်း ဒါမျိုးလေးလုပ်ဖြစ်တယ်
လေရှူတဲ့အချိန် ဗိုက်ပဲ တင်းရမယ် — ပုခုံးအပေါ်မြောက်လို့ မရဘူး
ဒါကို diaphragm breathing ခေါ်တယ်, အသံ stable ဖြစ်အောင် အခြေခံအကျဆုံးအရာထဲကတခု ( Deep Voice လုပ်နည်းထဲမှာ ဒါလေးက အရမ်းအရေးပါပါတယ် )
သီချင်းဆိုတဲ့သူတွေ လေ့ကျင့်တဲ့ပုံစံ
ဟ → ဟား → ဟားး → ဟာ → ဟားး → ဟားး → ဟားးး → ဟားး → ဟာ.......
အနိမ့်ကနေ အမြင့်ကို တက်ပြီး ပြန်ဆင်းလာတဲ့, ဒါက pitch control ကို train ပေးပါတယ်ခင်ဗျ
အဓိကကတော့ ဒါတွေကို video မရိုက်ခင် 5-10 မိနစ် warm up လုပ်ရုံပဲ ကွာခြားချက် အကြီးကြီး ရှိလာတာကို မထင်ထားတဲ့ပုံစံနဲ့ သတိ ထားမိလာကြလိမ့်မယ်ဗျ
Part 2ကတော့ : Post-Production
ကျန်တော်တို့ထင်သလို Vocal Exercise တခုတည်းနဲ့လဲ မပြီးဘူး — Edit မှာလည်း ထပ်ညှိမို့လိုအပ်ပါတယ်
ဒီနည်းလမ်းလေးနဲ့ ကျန်တော်ရဲ့ ဘိန်းဆွဲနေသလိုမျိုး ဖြစ်နေတဲ့အသံကို ခုလိုမျိုး ကြည်လာအောင် အဆင့်ဆင့် လေ့ကျင့်လာခဲ့တာပါခင်ဗျ / ကိုယ့်လူတို့အနေနဲ့လဲ လက်တွေ့လေ့လာချင်ရင်
YouTube မှာ
Vocal exercise
How to speak Fast / Clear ဆိုတဲ့ Topic လေးတွေကိုရှာလေ့လာလို့ရပါတယ်
.
Please open Telegram to view this post
VIEW IN TELEGRAM
❤52🔥8🍓3🥰1
OMERA က ခုနောက်ပိုင်းTelegram မှာ Course ပဲ ထိုးရောင်းနေပြီး YouTube မှာ ဘာမှ မတင်တော့ဘူးလို့ ထင်ကြလိမ့်မယ်ဗျ
တကယ်တမ်းကတော့ editor တိုင်းအတွက် ရွှေဖြစ်မယ့် Client ရှာနည်းကို လက်တွေ့ သက်သေနဲ့တကွ ချပြပေးဖို့ လုပ်နေတာမလို့ ခဏလေး ပျောက်နေတာပါ ( တပုဒ်ကို ၃/၄သောင်းဘဲယူမယ် ပိုယူရင် client တွက်အဆင်မပြေဘူးလို့တွက်တဲ့ ဘဲတွေကတော့ မကြည့်လဲရပါတယ်ဗျ 🤪)
မကြာခင် YouTube မှာ Proof နဲ့တကွ surprise video လေး တပုဒ် လာပါမယ်ခင်ဗျ
မကြာခင် YouTube မှာတွေ့ကြမယ်ဗျ 🤟

❤93🔥19🍓6👍3☃1
အချိန်သီသန့်ထုတ်နေရတယ်လို့ မခံစားရအောင် Time management ဘယ်လိုလုပ်မလဲ ☺️
ကိုယ့်လူတို့ တစ်နေ့တာကို circle တစ်ခုလို တွက်ကြည့်ဖူးလားဗျ
ကိုယ်က အလုပ် လုပ်တယ် ဒါမှမဟုတ်ကျောင်းသားဆိုရင် 9 to 5— တရက် 8နာရီ
လူတယောက်က တရက်ကို အနည်းဆုံးအိပ်ချိန် 7နာရီလိုအပ်တယ်ဆိုတော့ — 7နာရီ (ဒီထက်ပိုအိပ်ရင်တော့ ဘ၀မှာ ဘာမှဖြစ်မလာပါဘူး )
ထမင်းစားတာ + Tikok + ဘောကန် ဘာညာက— တရက် 5နာရီထား
ပေါင်းလိုက်ရင် ၂၀ နာရီ က ဒီချိန် ကုန်သွားပြီ ဒီတိုင်းကြည့်ရင်အလုပ်အကုန်ပြီးသွားသလိုဘဲ
ဒါပေမဲ့4နာရီကျန်သေးတယ် ကျန်နေသေးတဲ့ 4 နာရီ ကိုပဲ ကျွန်တော်တို့ Golden Hours လို့ ခေါ်တာပါ
ဒီ 4 နာရီက ကိုယ့်လူတို့ဘဝကို တကယ်ပြောင်းပေးနိုင်တဲ့ အချိန်ပါ
ဒါပေမဲ့ ဘယ်အချိန်မှာ သုံးလဲဆိုတာအရေးကြီးပါတယ်
ည အလုပ်ပြန်လာတဲ့အချိန် skill သင်မယ်ဆိုရင် ပင်ပန်းနေပြီ, စိတ်လည်း ရှုပ်နေပြီ, ဘာမှ မလှုပ်ချင်ဘဲ ဖုန်းဘဲပွတ်မိလိမ့်မယ် ထိုင်လှုပ်လဲစိတ်မပါ ဖုန်းဘဲကိုင်မိမယ်
ဒါကြောင့် အကောင်းဆုံးအချိန်က ညစောစောအိပ်ပြီး မနက် 5 နာရီ ထမယ် 5နာရီကနေ 9နာရီ ထိ 4 နာရီ — ဆူညံသံ မရှိ, energy peak ဖြစ်တဲ့အချိန်, စော်ဖုန်းလဲမလာမဲ့အချိန် ဒီ အချိန်က deep focus အတွက်အကောင်းဆုံးပါ ဒါပေမဲ့ ကျန်တော်က အပြင်အလုပ်မလုပ်တာဖြစ်တဲ့အတွက် deep focus 4 နာရီကို ည 12 နာရီ ကနေ မနက် 4 နာရီထိ လုပ်ပါတယ်
ဆိုတော့ ဒီ 4 နာရီကို ဘယ်လို ခွဲမလဲဆိုတာ နည်းနည်းရှင်းပြပေးမယ်
2နာရီ ကို Learning (skill တစ်ခုတည်းကိုပဲ focus လုပ်မယ်)
ကျန်တဲ့ 2နာရီ ကိုကျတော့ — Implementation (သင်ထားတာကို လက်တွေ့ လုပ်ကြည့်မို့)
ဒါမှမဟုတ် Script ရေးစရာဘာညာရှိတယ်ဆိုရင်ထိုင်ရေးမို့ တရက်တာရဲ့ လုံး၀ peak ဖြစ်နေတဲ့အချိန် ဒီချိန်ကို အဓိက ကိုယ့်ကိုကိုယ်ပြောင်းလဲမို့ သင်ရမဲ့ skill &အလုပ်ကိုလုပ်ရပါတယ်
ဒီနေရာမှာ တခုသတိထားရမှာကတော့ — ကြည့်ရုံနဲ့တော့ မရပါဘူး, တကယ် create လုပ်မှ ရပါတယ် မဟုတ်ရင် မနက်4နာရီလဲ အလကားဖြစ်ပါမယ်
နောက်ဆုံးတခုပြောချင်တာက ထတာနဲ့ အလုပ်လုပ်ဖြစ်ချင်ရင်တော့
ည ကတည်းက ဘာလုပ်ရမလဲဆိုတာကို
Diary စာအုပ်မှာချရေးပြီးမှတ်ထားပါ
ညကျရင်ပြန်
ဒီနေ့ ဘာသင်ခဲ့လဲ ရေး မယ် မနက်ဖြန် ဘာလုပ်မလဲ ကြိုရေးထားမယ် ဒါမျိုးသွားမယ်ဆိုရင်
မနက်ထတာနဲ့ "ဘာလုပ်ရမှန်း မသိဘူး" ဆိုတာ မဖြစ်တော့ဘူးဗျ

1❤62🔥8👍5☃1🍓1
Success ဖြစ်ချင်ရင် Systems ဆောက်ပါ
ကိုယ့်လူတို့ တစ်နေ့လုံး အလုပ်/ editing လုပ်နေတယ်, ဒါပေမဲ့ progress မရှိဘူး ဆိုတဲ့ feeling ဖြစ်ဖူးကြလားဗျ
ပြဿနာက Motivation နည်းတာ မဟုတ်ဘဲ Systems မရှိလို့ပါ
(System ဆိုတာ — Motivation မလို, Mood မလို, process ထဲ ဝင်လိုက်ရင် result က အလိုလို လာတယ်)
ကျန်တော် ၇ လကြာ ဆောက်ထားတဲ့ Systems 5 ခု မျှပေးမယ်ဗျ
ရှိပြီးသား habit တစ်ခုနဲ့ habit အသစ်ကို တွဲချုပ်ပါ
(ထမင်းစားပြီးတာနဲ့ → script ရေး)
အရေးကြီးတဲ့ အလုပ်ကို fix time တစ်ခုမှာပဲ ထပ်ထပ်လုပ် ဘယ်လိုမျိုးလဲဆိုရင် ည ၁၂ ကနေ ၂နာရီထိ edit လုပ်မယ်ဆိုရင် နေ့တိုင်းအဲချိန်ဘဲလုပ်ကျန်တဲ့ချိန်
("Free time ရရင်လုပ်မယ်" ဆိုရင် ဘယ်တော့မှ မလုပ်ဖြစ်ဘူး like ကျန်တော်ဉီးနောက်က ဘယ်ချိန်လုပ်လုပ်ရတယ်ဆိုပြီး အလုပ်ပေးမလုပ်ဘူး)
တရက် 1,2 နာရီ ဖုန်းမရှိ, multitasking မရှိ, အလုပ်တစ်ခုပဲ focus
အလုပ်တစ်ခုလုပ်ပြီးေတာ့ momentum ရှိနေသေးချိန် break မယူဘဲ အသေးအဖွဲ အလုပ်လေးတွေ ပြီးအောင်ဆက်လုပ်ပါ(ဒါဆို အလုပ်အသေးတွေကျန်ခဲ့တာမျိုးမဖြစ်တော့ဘူး)
တနေ့မှ "ဘာမှ မလုပ်ဖြစ်ဘူး" ဆိုတဲ့ feeling မရှိစေနဲ့ တစ်ခုခု လုပ်ထား
ဒါက အပေါကပြောလာတဲ့အရာတွေလုပ်ထားရင် သူ့သူပေါလာတာဗျ ဉပမာ ကျန်တော် မနက် ၁၁ ကနေ ၁နာရီထိ အလုပ်တခုလုပ်နေကျ နောက်နေ့အဲတာပျက်ကွတ်လိုက်ရင် ကိုယ့်ကိုကိုယ်အားမရတော့ဘူး
ဒီ Systems တွေက Mood ပေါ်မမူတည်ဘူးဗျ
99% လူတွေ mood ပေါ်မှာပဲ depend လုပ်လို့ မအောင်မြင်ကြတာ
အဓိကကတော့"Mood မရှိတောင် ငါ action ယူမယ်" ဆိုပြီး ဦးနှောက်ကို challenge ပေးမို့ လိုအပ်ပါတယ်
@Pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
1❤58👍4🔥4🍓3🗿2🎄1
ကိုယ့်လူတို့ Google IO 2026 ပြီးသွားပြီဗျ တချို့က ဒါကိုတောင်သိချင်မှသိကြမယ် ဒီနှစ်ရဲ့ keyword က "Agentic" ဖြစ်သွားပါပြီ ✅
Agentic ဆိုတာ Claude ai လိုမျိုးဘဲ aiက ကိုယ်စား အလုပ်လုပ်ပေးတာဗျ💎
Google Docs ဖွင့်ပြီး အကုန်ကိုယ်တိုင်စဉ်းစားရတဲ့ခေတ် | blank page ကြည့်နေတဲ့ ခေတ်ကပြီးသွားပါပြီ
ဒါပေမဲ့ ခုဆိုရင် like နိုင်ငံခြား Client နဲ့အလုပ်လုပ်နေကျဆိုရင် "ငါ့ proposal အတွက် client report ရေးပေး ငါ့ Gmail ထဲက info ယူသုံး" လို့ ပြောရုံပဲ document တစ်ခုလုံး Done Ai ကထုတ်ပေးလာလိမ့်မယ်
ကျွန်တော်တို့လို နိုင်ငံခြားမှာ နေတဲ့သူတွေအတွက်ကတော့ တော်တော် အဆင်ပြေတဲ့အချိန်တခုရောက်လာပါပြီ
ဥပမာ — "အိမ်ပြန်လမ်းမှာ Lotus ဝင်ပြီး မုန့် ဝယ်ချင်တယ်, ပြီးရင် KFC စားချင်တယ်" ဆိုတာနဲ့ aiက route တစ်ခုလုံး အလိုလို plan ပေးတယ်
YouTube မှာ တခုခုလိုချင်ရင် အရင်ကလို keywords နဲ့ ရှာစရာ မလိုတော့ဘူး
ဥပမာ "ငါ Alight Motion မှာ Graph Edit မလုပ်တတ်ဘူး" ဆိုပြီး ပြောရုံပဲ Beginner video, Tutorial, Advanced — learning path တစ်ခုလုံး ပြပေးတယ်
(YouTube ပေါ်က ဘယ်ကစရမယ်, ဘယ်ဟာ ဆက်ကြည့်ရမယ်ဆိုတာ မရှာတော့ဘူး)
မနက်တိုင်း Gemini app ဖွင့်တာနဲ့
ဒီနေ့လုပ်ရမယ့်အရာ အကုန် ပြဆိုတာနဲ့ ai ကအကုန်လုပ်ပေးတယ်
ဥပမာ "ဒီနေ့ Zoom meeting 7 PM ရှိမယ် Course student တစ်ယောက်က DM ပို့ထား"မယ် ဘာဘာညာညာ
သီးသန့် open လုပ်စရာ မလိုဘဲ တနေရာထဲ စုပြပေးတယ်
ဒါက developer/coder တွေ အတွက်ပါ
ဥပမာ အရင်က app တစ်ခုဆောက်ဖို့ programmer ၅ ယောက် ၁ လ ကြာတယ်ဆိုရင် ခုက AI agent တွေ parallel run ပြီး ၁ ရက်ထဲ နဲ့အပြီးကျုံးပေးတယ်
မြန်မာက လူတိုင်းအကြိုက် flowmusic.app မှာ Music + Lyrics + Video တနေရာထဲမှာ အကုန်create လို့နေပါပြီ
ဥပမာ — "Sad song, slow tempo, Burmese style" ဆိုပြီး ပြောရင် Tune, lyrics, music video အကုန် ထွက်လာတယ်
အမိုက်ဆုံးက Producer ကို chat ပြောပြီး remix တောင်လုပ်လို့ရတယ်
မြင်ဖူးကြမှာပါ Tiktok မှာ Ai & Fake ဆိုတဲ့ comment တွေ ခုက ရေးစရာကိုမလိုဘူး Scam content ဖမ်းေပမဲ့အကောင်းဆုံး tool တခုပေါလာပြီ
ဥပမာ tiktok ပေါ်က "ပြိုင်ပွဲနိုင်ပြီ" ဆိုတဲ့ video တစ်ခု မြင်တယ်, ဒါ fake/real ဖြစ်/ မဖြစ် မသိဘူးဆိုရင် Screenshot ရိုက်ပြီး Gemini ကို မေးယုံဘဲ "ဒါ AI generated ဖြစ်တယ်" ဆိုပြီး ချက်ခြင်း ဖြေပေးတယ်
Mac သုံးတဲ့ သူတွေ အတွက်ကတော့လုံး၀ကိုမှ game changer ဗျ
ဥပမာ Downloads folder ထဲမှာ client file 5 ခု ရှိနေမယ် — "ဒီ file တွေ ဖတ်ပြီး summary ထုတ်ပေး, client ဆီ email တစ်ပုဒ် ရေး, မနက်ဖြန် 9 AM schedule လုပ်ပေး" ပြောရုံပဲ ပြီးပြီ Claude Aiနီးပါထိကိုကြမ်းနေပြီ✔️
ဒါကကျောင်းတက်နေတဲ့သူတွေအတွက်
ဥပမာ ကလေးတစ်ယောက်က "Solar system ဘယ်လို အလုပ်လုပ်လဲ" ဆိုပြီး search လုပ်ရင် article မဟုတ်ဘဲ interactive visualization ထွက်လာတယ်, planets တွေ ပြောင်းကြည့်လို့ ရတယ်
Learning အတွက် ပိုနက်နက် နားလည်နိုင်တယ်
နေ့စဉ်စောင့်ကြည့်ရတဲ့ data တွေအတွက် ပါ
ဥပမာ "Bitcoin price $100K အောက်ဖြစ်ရင် ပြောပေး" သို့မဟုတ် "AI news daily summary ပို့ပေး"ဆိုပြီးတော့ set လုပ်ထားရင် Auto track, Auto update လုပ်ပြီးသားဘဲ
ဒါတွေကိုကြည့်မယ်ဆိုရင် AI က တရက်ထက်တရက် speed အပြည့်နဲ့ ပြောင်းနေပြီဗျ
ဒီ tools တွေ ဘယ်လို သုံးမလဲဆိုတာတိတိကျကျ သိချင်တဲ့သူေတွရှိမယ်ဆိုရင် ကျန်ေတာ်ရဲ့ YouTube မှာ တင်ပေးရမလားခင်ဗျ🥰
Agentic ဆိုတာ Claude ai လိုမျိုးဘဲ aiက ကိုယ်စား အလုပ်လုပ်ပေးတာဗျ
➡️ Docs Live
Google Docs ဖွင့်ပြီး အကုန်ကိုယ်တိုင်စဉ်းစားရတဲ့ခေတ် | blank page ကြည့်နေတဲ့ ခေတ်ကပြီးသွားပါပြီ
ဒါပေမဲ့ ခုဆိုရင် like နိုင်ငံခြား Client နဲ့အလုပ်လုပ်နေကျဆိုရင် "ငါ့ proposal အတွက် client report ရေးပေး ငါ့ Gmail ထဲက info ယူသုံး" လို့ ပြောရုံပဲ document တစ်ခုလုံး Done Ai ကထုတ်ပေးလာလိမ့်မယ်
➡️ Ask Google Maps
ကျွန်တော်တို့လို နိုင်ငံခြားမှာ နေတဲ့သူတွေအတွက်ကတော့ တော်တော် အဆင်ပြေတဲ့အချိန်တခုရောက်လာပါပြီ
ဥပမာ — "အိမ်ပြန်လမ်းမှာ Lotus ဝင်ပြီး မုန့် ဝယ်ချင်တယ်, ပြီးရင် KFC စားချင်တယ်" ဆိုတာနဲ့ aiက route တစ်ခုလုံး အလိုလို plan ပေးတယ်
➡️ Ask YouTube
YouTube မှာ တခုခုလိုချင်ရင် အရင်ကလို keywords နဲ့ ရှာစရာ မလိုတော့ဘူး
ဥပမာ "ငါ Alight Motion မှာ Graph Edit မလုပ်တတ်ဘူး" ဆိုပြီး ပြောရုံပဲ Beginner video, Tutorial, Advanced — learning path တစ်ခုလုံး ပြပေးတယ်
(YouTube ပေါ်က ဘယ်ကစရမယ်, ဘယ်ဟာ ဆက်ကြည့်ရမယ်ဆိုတာ မရှာတော့ဘူး)
➡️ Gemini Daily Brief
မနက်တိုင်း Gemini app ဖွင့်တာနဲ့
ဒီနေ့လုပ်ရမယ့်အရာ အကုန် ပြဆိုတာနဲ့ ai ကအကုန်လုပ်ပေးတယ်
ဥပမာ "ဒီနေ့ Zoom meeting 7 PM ရှိမယ် Course student တစ်ယောက်က DM ပို့ထား"မယ် ဘာဘာညာညာ
သီးသန့် open လုပ်စရာ မလိုဘဲ တနေရာထဲ စုပြပေးတယ်
➡️ Anti-Gravity 2.0
ဒါက developer/coder တွေ အတွက်ပါ
ဥပမာ အရင်က app တစ်ခုဆောက်ဖို့ programmer ၅ ယောက် ၁ လ ကြာတယ်ဆိုရင် ခုက AI agent တွေ parallel run ပြီး ၁ ရက်ထဲ နဲ့အပြီးကျုံးပေးတယ်
➡️ Flow Music
မြန်မာက လူတိုင်းအကြိုက် flowmusic.app မှာ Music + Lyrics + Video တနေရာထဲမှာ အကုန်create လို့နေပါပြီ
ဥပမာ — "Sad song, slow tempo, Burmese style" ဆိုပြီး ပြောရင် Tune, lyrics, music video အကုန် ထွက်လာတယ်
အမိုက်ဆုံးက Producer ကို chat ပြောပြီး remix တောင်လုပ်လို့ရတယ်
➡️ SynthID Detection
မြင်ဖူးကြမှာပါ Tiktok မှာ Ai & Fake ဆိုတဲ့ comment တွေ ခုက ရေးစရာကိုမလိုဘူး Scam content ဖမ်းေပမဲ့အကောင်းဆုံး tool တခုပေါလာပြီ
ဥပမာ tiktok ပေါ်က "ပြိုင်ပွဲနိုင်ပြီ" ဆိုတဲ့ video တစ်ခု မြင်တယ်, ဒါ fake/real ဖြစ်/ မဖြစ် မသိဘူးဆိုရင် Screenshot ရိုက်ပြီး Gemini ကို မေးယုံဘဲ "ဒါ AI generated ဖြစ်တယ်" ဆိုပြီး ချက်ခြင်း ဖြေပေးတယ်
🔥 Gemini Mac App
Mac သုံးတဲ့ သူတွေ အတွက်ကတော့လုံး၀ကိုမှ game changer ဗျ
ဥပမာ Downloads folder ထဲမှာ client file 5 ခု ရှိနေမယ် — "ဒီ file တွေ ဖတ်ပြီး summary ထုတ်ပေး, client ဆီ email တစ်ပုဒ် ရေး, မနက်ဖြန် 9 AM schedule လုပ်ပေး" ပြောရုံပဲ ပြီးပြီ Claude Aiနီးပါထိကိုကြမ်းနေပြီ
➡️ Search — Generative UI
ဒါကကျောင်းတက်နေတဲ့သူတွေအတွက်
ဥပမာ ကလေးတစ်ယောက်က "Solar system ဘယ်လို အလုပ်လုပ်လဲ" ဆိုပြီး search လုပ်ရင် article မဟုတ်ဘဲ interactive visualization ထွက်လာတယ်, planets တွေ ပြောင်းကြည့်လို့ ရတယ်
Learning အတွက် ပိုနက်နက် နားလည်နိုင်တယ်
➡️ Information Agents
နေ့စဉ်စောင့်ကြည့်ရတဲ့ data တွေအတွက် ပါ
ဥပမာ "Bitcoin price $100K အောက်ဖြစ်ရင် ပြောပေး" သို့မဟုတ် "AI news daily summary ပို့ပေး"ဆိုပြီးတော့ set လုပ်ထားရင် Auto track, Auto update လုပ်ပြီးသားဘဲ
ဒါတွေကိုကြည့်မယ်ဆိုရင် AI က တရက်ထက်တရက် speed အပြည့်နဲ့ ပြောင်းနေပြီဗျ
ဒီ tools တွေ ဘယ်လို သုံးမလဲဆိုတာတိတိကျကျ သိချင်တဲ့သူေတွရှိမယ်ဆိုရင် ကျန်ေတာ်ရဲ့ YouTube မှာ တင်ပေးရမလားခင်ဗျ
@Pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
3❤58🔥11