Create with OMERA
24K subscribers
807 photos
339 videos
493 files
200 links
Create smarter with AI, editing & modern workflows.

DM @pyaesone_8989
Download Telegram
☺️ Editing Skill ကို နောက်တစ်ဆင့်မြှင့်ချင်တဲ့ ကိုယ့်လူတို့အတွက် သတင်းကောင်းဗျာ!

အခုနောက်ပိုင်း Market မှာ တအား Trend ဖြစ်နေတဲ့ "SaaS Edit" ကို ဖုန်းတစ်လုံးတည်းနဲ့ Alight Motion ထဲမှာ Proကျကျ ဘယ်လိုဖန်တီးရမလဲဆိုတာကို Tutorial လုပ်ပေးထားတယ်ဗျ။

SaaS ဆိုတာ ဘာလဲ? 🧐

SaaS ဆိုတာ Software as a Service ကိုပြောတာပါ။ အလွယ်ဆုံးရှင်းပြရရင် နိုင်ငံတကာက Tech ကုမ္ပဏီတွေ၊ App တွေက သူတို့ရဲ့ Product တွေကို ကြော်ငြာတဲ့အခါ သုံးလေ့ရှိတဲ့ Clean & Smooth ဖြစ်တဲ့ အလန်းစား Motion Graphics/UI Animation Editing ပုံစံမျိုးပါဗျ။

ဒီလို SaaS Edit ပုံစံတွေက အခုဆိုရင် Demand အရမ်းများပြီး Client တွေဆီကနေ ဈေးကောင်းကောင်းရတဲ့ Skill တစ်ခုဖြစ်နေပါပြီ။ ဒါကို ကွန်ပျူတာမလိုဘဲ ဖုန်းထဲက Alight Motion နဲ့တင် Professional ကျကျ ဘယ်လိုဖန်တီးမလဲဆိုတဲ့ Tricks တွေ၊ Techniques တွေကို အမိုက်စား ရှင်းပြပေးထားတယ်ဗျာ။ Editing ကို ဝါသနာပါလို့ လေ့လာနေတာဖြစ်ဖြစ် ဝင်ငွေရှာချင်တာဖြစ်ဖြစ် ကိုယ့်လူတို့အတွက်တော့ လုံးဝ အဆင်ပြေစေမယ့် Video လေးပါပဲ။ ❤️‍🔥

🔮 ဒီည 9 နာရီတိတိ မှာ ကျွန်တော့် YouTube Channel ကနေ တင်ပေးသွားမှာဖြစ်လို့ Noti လေးဖွင့်ပြီး အသင့်စောင့်နေပေးကြပါဦးဗျ။

ည 9 နာရီ YouTube မှာ ဆုံကြမယ် ကိုယ့်လူတို့! 😜
Please open Telegram to view this post
VIEW IN TELEGRAM
25🔥4🍓3
လာမယ့် ၁၀ရက်နေ့ကြရင် ကျနော် Seminar လေး လုပ်ပေးဖို့ ရှိပါတယ်။

အဓိက ဘာလို့ အဲ့ Seminar လုပ်ရတာလဲ ဆိုရင်တော့...

ကျနော့် DM မှာ ‌အမေးများဆုံး ဖြစ်တဲ့ မေးခွန်းတွေ!

Video edit လုပ်ပြီး လမ်းပျောက်နေတဲ့ လူတွေအတွက်.. Edit နဲ့ income ဘယ်လို ရှာလို့ရနိုင်မလဲ?

Beginner level ကနေ Professional level ကို တက်ဖို့အတွက် Video edit ကို ဘယ်လို လေ့လာရမလဲ?

Client များများရအောင် ကိုယ့် portfolio ကို ဘယ်လို တည်ဆောက်ရလဲ?

ဆိုတဲ့ အကြောင်း‌အရာတွေကို သေ"ချာ" Sharing ပေးချင်လို့ရယ်..

နောက်တစ်ခုက ဝယ်သုံးရတဲ့
Sound effects/ Font / ကျနော့်ဘက်က လုပ်ပေးထားတဲ့ Text Preset Link အကုန်လုံး...

Giveaway ပေးချင်လို့လည်း ပါပါတယ်။

အဓိကကတော့ ရှေ့မှာပြောသလို Q&A လေးလည်း ပါမှာမို့...

ကျနော်နဲ့ တိုက်ရိုက် မေးချင်တာလေးတွေလည်း မေးလို့ရအောင်ပါ။

ဆိုတော့ ဒီ Seminar လေးကို Join သင့်တဲ့ လူတွေကတော့..

Video edit ကို ကြမ်းအောင် စလေ့လာချင်သူတွေ!

Freelance စလုပ်ချင်တဲ့ လူတွေ!

Video edit နဲ့ ဝင်ငွေရှာချင်တဲ့ လူတွေ အတွက်က တော်တော်လေးကို အဆင်ပြေစေမှာမို့!

မဖြစ်မနေကို ဝင် Join သင့်တဲ့ Seminar လေး တစ်ခုပါ။

ဒီ Seminar လေးကို join ချင်တယ်ဆိုရင်တော့ ဒီအောက်က ကျနော်ပေးထားတဲ့ link ကနေ ဝင်ထားလို့ရပါတယ်။😜

https://t.me/Omeracmt
Please open Telegram to view this post
VIEW IN TELEGRAM
36👍4🔥1🎄1🗿1
Davinci Resolve User တွေအတွက်
ဒီနေ့ည 9:00 ကျရင်

✴️YouTube video လေးလာပါမယ်ဗျ
Video ထဲမှာ
Material ရှာနည်းကစ
Ai နဲ့ generate လုပ်နည်းတွေကောပါတာမလို့ ✴️ DV / Alight motion users ဘယ်သူကြည့်ကြည့် အဆင်ပြေပါမယ်ဗျ
ဆိုတော့ ည 9:00 ကျရင် တွေ့လိုက်ကြရအောင် 😜
Please open Telegram to view this post
VIEW IN TELEGRAM
182🔥1
🐸 သိန်းချီတန်တဲ့ Premium Plugins တွေ အလကားယူမလား? ဒါမှမဟုတ် Video Edit လုပ်ပြီး ဝင်ငွေရှာဖို့ လမ်းပျောက်နေလား?

ကိုယ့်လူတို့အတွက် ကျနော့် DM မှာ အမေးအများဆုံးဖြစ်တဲ့ မေးခွန်းတွေကို တိုက်ရိုက်ဖြေပေးမယ့်အပြင်၊ Pro တစ်ယောက်လို အချိန်ကုန်သက်သာစွာ Edit နိုင်ဖို့ ကိုယ်တိုင်ဝယ်ရင် ဒေါ်လာရာချီပေးရမယ့် Premium Plugins တွေကို Free ပေးသွားမယ့် အစီအစဉ်ရှိပါတယ်။

💡 ဘာတွေ Sharing လုပ်ပေးသွားမှာလဲ?
လာမယ့် မတ်လ (၁၀) ရက်နေ့မှာ ကျင်းပသွားမယ့် Free Webinar လေးမှာ အောက်ပါအကြောင်းအရာတွေကို သေ"ချာ" ရှင်းပြပေးသွားမှာပါ...

Video edit လုပ်ပြီး လမ်းပျောက်နေတဲ့သူတွေအတွက်... Edit နဲ့ Income ဘယ်လိုရှာမလဲ?
Beginner level ကနေ Professional level ကို တက်ဖို့ Video edit ကို ဘယ်လိုလေ့လာရမလဲ?
Client များများရအောင် ကိုယ့် Portfolio ကို ဘယ်လို တည်ဆောက်ရမလဲ?

ဒါ့အပြင် ကိုယ်တိုင်တိုက်ရိုက်သိချင်တာတွေ မေးလို့ရမယ့် Q&A Session လည်း ပါဝင်မှာဖြစ်လို့ Freelance စလုပ်ချင်သူတွေ၊ Video Edit နဲ့ ဝင်ငွေရှာချင်သူတွေနဲ့ အကြမ်းစားစလေ့လာချင်သူတွေအတွက် မဖြစ်မနေ လာတက်သင့်တဲ့ပွဲပါ။

🎁 ဘယ်လို Premium လက်ဆောင်တွေ ရမှာလဲ?
Webinar ကို ကိုယ်တိုင်လာတက်တဲ့သူတိုင်းအတွက် သိန်းချီတန်တဲ့ အောက်ပါ Premium Items တွေကို Free Giveaway ပေးသွားဦးမှာပါ...

💎 DaVinci Resolve Paid Plugins (၁ သိန်းကျော်တန်)
💎 Text & Transition Plugins 100+
💎 Effect Plugins & Premium Sound Effects
💎 Premium Fonts & Color Presets
💎 ကျနော်ကိုယ်တိုင် လုပ်ပေးထားတဲ့ Alight Motion Text Presets + Premium SFX Link အကုန်လုံး

‼️ဘယ်လို Join ရမလဲ?
Webinar တက်ရင်း ပိုက်ဆံရှာနိုင်မယ့် လမ်းကြောင်းတွေလည်းသိ၊ Pro တစ်ယောက်လို Edit နိုင်မယ့် Premium Plugins တွေလည်း အလကားရမယ့် ဒီအခွင့်အရေးကို လုံးဝ လက်မလွှတ်လိုက်ပါနဲ့ဗျ။
ဒီ Webinar လေးကို Join ချင်တယ်ဆိုရင်တော့ အောက်က ကျနော်ပေးထားတဲ့ Link ကနေ အခုပဲ ဝင်ထားလို့ရပါပြီ။ 😜‼️

👉 https://t.me/Omeracmt
Please open Telegram to view this post
VIEW IN TELEGRAM
13🔥2
Fusion မှာ Camera သုံးရတာ ခေါင်းစားနေတဲ့ ကိုယ့်လူတို့အတွက် အလန်းစား Solution တစ်ခု ဒီည လာမယ်ဗျ☺️

✴️ဒီညမှာ တင်မဲ့ Video ထဲမှာ DaVinci Resolve ရဲ့ Fusion ကိုသုံးပြီး 3D Edit တွေ ဘယ်လိုအမိုက်စား လုပ်မလဲဆိုတာကို Step-by-Step ရှင်းပြထားတယ်ဗျ။

Material ရှာနည်းကအစ
Fusion ထဲမှာ 3D Camera တွေနဲ့
ကစားပြသွားမှာ ဆိုတော့
လုံးဝ လက်မလွှတ်သင့်ဘူးပေါ့။😜

ကိုယ့်ရဲ့ Edit တွေကို
ပုံမှန် Level ထက်ကျော်ပြီး
Professional ဆန်ဆန် 3D Vibes တွေ ထည့်ချင်တယ်၊
DaVinci Resolve ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ချင်တယ်ဆိုရင်တော့ ဒီ Video က အဖြေပဲဗျ။

PC ရှေ့မှာ ထိုင်ရင်းနဲ့ Cinema Quality Edit တွေ ဖန်တီးဖို့ အဆင်သင့်ပဲလား? 😜
ဆိုတော့... ဒီည 10 နာရီ တိတိမှာ ✴️YouTube မှာ လာပါမယ်ဗျ
Please open Telegram to view this post
VIEW IN TELEGRAM
19🥰4🔥3
ဒီည ၁၀နာရီကြဆိုရင် ကျနော့် Seminar စပါပြီ။

မသိသေးတဲ့လူတွေကို ရှင်းပြရရင် အဓိက ဘာလို့ ဒီ Seminar လုပ်ရတာလဲ ဆိုရင်တော့...

ကျနော့် DM မှာ ‌အမေးများဆုံး ဖြစ်တဲ့ မေးခွန်းတွေ!

Video edit လုပ်ပြီး လမ်းပျောက်နေတဲ့ လူတွေအတွက်.. Edit နဲ့ income ဘယ်လို ရှာလို့ရနိုင်မလဲ?

Beginner level ကနေ Professional level ကို တက်ဖို့အတွက် Video edit ကို ဘယ်လို လေ့လာရမလဲ?

Client များများရအောင် ကိုယ့် portfolio ကို ဘယ်လို တည်ဆောက်ရလဲ?

ဆိုတဲ့ အကြောင်း‌အရာတွေကို သေ"ချာ" Sharing ပေးချင်လို့ရယ်..

နောက်တစ်ခုက ဝယ်သုံးရတဲ့
Sound effects/ Font / ကျနော့်ဘက်က လုပ်ပေးထားတဲ့ Text Preset Link အကုန်လုံးရယ်...

သိန်းချီတန်တဲ့ ကျနော်စုစည်းထားတဲ့ Davinci Resolve plugin ‌တွေကို...

Giveaway ပေးချင်လို့လည်း ပါပါတယ်။

ပြီးတော့ ရှေ့မှာပြောသလို Q&A လေးလည်း ပါမှာမို့...

ကျနော်နဲ့ တိုက်ရိုက် မေးချင်တာလေးတွေလည်း မေးလို့ရအောင်ပါ။

ဆိုတော့ ဒီ Seminar လေးကို Join သင့်တဲ့ လူတွေကတော့..

Video edit ကို ကြမ်းအောင် စလေ့လာချင်သူတွေ!

Freelance စလုပ်ချင်တဲ့ လူတွေ!

Video edit နဲ့ ဝင်ငွေရှာချင်တဲ့ လူတွေ အတွက်က တော်တော်လေးကို အဆင်ပြေစေမှာမို့!

မဖြစ်မနေကို ဝင် Join သင့်တဲ့ Seminar လေး တစ်ခုပါ။

ဒီ Seminar လေးကို join ချင်တယ်ဆိုရင်တော့ ဒီအောက်က ကျနော်ပေးထားတဲ့ link ကနေ ဝင်ထားလို့ရပါတယ်။😜
Please open Telegram to view this post
VIEW IN TELEGRAM
24🗿4👍1💔1
⚡️ 2026 မှာ Video Editor ဖြစ်ဖို့ Late ဖြစ်နေပြီလား? ⚡️

ကိုယ့်လူတို့... အခုဆို ၂၀၂၆ ထဲတောင် ၃လပိုင်းရောက်နေပြီ။ Facebook, TikTok, Reels, Shorts တွေကလည်း နေရာတိုင်းမှာ ပေါတယ်မလား။ ဒါပေမယ့် တစ်ဖက်မှာလည်း AI တွေက အရမ်းကြမ်းလာတော့...

"ငါ အခုမှ စလုပ်ရင် နောက်ကျသွားပြီလား"
"AI တွေပဲ နေရာယူသွားတော့မလား"
"market ထဲမှာ နေရာရော ရှိပါဦးမလား" ဆိုတဲ့ အတွေးတွေ ဝင်နေတတ်တယ်ဗျ။ မှန်လား?

🎚အဖြေကို တိုက်ရိုက်ပြောရရင် - "လုံးဝ (လုံးဝ) နောက်မကျသေးပါဘူး ဗျာ"။

ဒါပေမယ့်... အရင်လို Clickလေးနှစ်ချက်နှိပ်၊ အပိုင်းလေးတွေဖြတ်ဆက်၊ စာတန်းလေးထိုး၊ သီချင်းလေးထည့်၊ Effect လေးတွေလျှောက်ထည့်ရုံနဲ့တော့ အလုပ်မဖြစ်တော့ဘူး ဆိုတော့... game က နည်းနည်းတော့ ပြောင်းသွားပြီ။

အခုချိန်က Content Creator တွေ၊ Business တွေ အများကြီး ပေါ်လာသလို၊ Video Demand ကလည်း အရင်နှစ်တွေကထက် အဆပေါင်းများစွာကို တက်လာတာပါ။ AI က Video တွေကို မြန်မြန် Edit လုပ်ပေးနိုင်ပေမယ့်၊ လူတစ်ယောက်ရဲ့ Emotion နဲ့ Storytelling ကိုတော့ ဘယ်လိုမှ အစားမထိုးနိုင်သေးဘူး ဗျ။

ဆိုတော့... အခုမှ စမယ့် Beginner တွေ၊ Video Editing နဲ့ ဝင်ငွေရှာချင်တဲ့ ကိုယ့်လူတို့ အနေနဲ့ ၂၀၂၆ မှာ အဓိက ဘာတွေ ပြင်ဆင်ရမလဲ?

၁။ Storytelling ကို Master လုပ်ပါ

Video တစ်ပုဒ်ကို လူတွေ ဆုံးအောင်ကြည့်သွားဖို့ (Hook, Retention) ဘယ်လိုဆွဲဆောင်မလဲ ဆိုတာက Editing Software ကို ကျွမ်းကျင်တာထက် ပိုအရေးကြီးသွားပြီ ဗျ။

၂။ AI ကို ပြိုင်ဘက်လို့ မမြင်ပါနဲ့

"AI တွေကြမ်းလာတော့ ငါတို့အလုပ်ပြုတ်တော့မှာပဲ" လို့ တွေးမယ့်အစား AI Tool တွေကို ကိုယ့်ရဲ့ လက်ထောက်အဖြစ် သုံးတတ်အောင် လေ့လာပါ။ သူများ ၁၀ နာရီကြာမယ့်အလုပ်ကို ကိုယ်က AI သုံးပြီး ၂ နာရီနဲ့ ပြီးအောင်လုပ်နိုင်ရင် ကိုယ်က ဆရာကြီးပဲ။

၃။ Portfolio အသေးလေးကနေ စပါ

Perfect ဖြစ်ဖို့ အများကြီး မတွေးပါနဲ့။ ကိုယ့်ဖုန်းလေး၊ ကိုယ်တတ်နိုင်တဲ့ PC လေးနဲ့ပဲ ကိုယ်ပိုင် Video လေးတွေ စလုပ်ပြီး Social Media မှာ တင်ကြည့်ပါဗျာ။ အမှားတွေထဲကနေပဲ သင်ယူသွားရတာပါ။

ကိုယ့်မှာသာ Skill ရှိရင် ၂၀၂၆ မှာ အခွင့်အရေးတွေက အရင်ကထက်တောင် ပိုများလာပါသေးတယ်။ စက်ဘီးစီးသင်သလိုပဲဗျာ... လမ်းပေါ်မှာ စက်ဘီးတွေ ဘယ်လောက်ပေါပေါ၊ ကိုယ်တိုင်နင်းတတ်ဖို့က ကိုယ်တိုင်စက်ဘီးပေါ်တက်မှ ရမှာလေ။ အခုပဲ စလိုက်ကြရအောင် ကိုယ့်လူတို့။ ☺️

ကျွန်တော်လည်း အမြဲတမ်း Support လုပ်ပေးနေပါမယ်။ ကိုယ့်လူတို့ရော လက်ရှိ Video Editing လေ့လာတဲ့နေရာမှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲ? Comment မှာ ဆွေးနွေးသွားကြဦးဗျာ။ ☺️
Please open Telegram to view this post
VIEW IN TELEGRAM
34🔥5🗿3
🔥 Video Editing Skill အမြန်ဆုံးတက်ချင်လား? ဒါဆို ဒီအလေ့အကျင့် (၅) ခုကို နေ့တိုင်းလုပ်ကြည့်ပါ 🔥

ကိုယ့်လူတို့... Video Editing ကို စလေ့လာနေပြီ၊ ဒီကနေ ဝင်ငွေရှာပြီး Professional တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် Theory တွေချည်းပဲ ထိုင်ဖတ်နေလို့ မရဘူးဗျ။ လက်တွေ့လုပ်ဖို့လိုပါတယ်။

ဆိုတော့... Beginner ဘဝကနေ Pro အဆင့်ကို အမြန်ဆုံးရောက်ဖို့ နေ့တိုင်း မပျက်မကွက် လုပ်သင့်တဲ့ လက်တွေ့ကျကျ အလေ့အကျင့် (၅) ခုကို မျှဝေပေးလိုက်ပါတယ်ဗျာ။

၁။ ပရိသတ်တစ်ယောက်လို မကြည့်ဘဲ Editor တစ်ယောက်လို ကြည့်ပါ (Watch with Intent) 👀

TikTok ဖြစ်ဖြစ်၊ YouTube ဖြစ်ဖြစ် ကြည့်တဲ့အခါ အရင်လို ဇာတ်လမ်းကိုချည်းပဲ မကြည့်ဘဲ "သူ ဒီနေရာမှာ ဘာ Transition သုံးသွားလဲ"၊ "Sound effect ကို ဘယ်လိုထည့်သွားလဲ"၊ "စာတန်း (Caption) တွေ ဘယ်လိုပေါ်လာလဲ" ဆိုတာကို သေချာအာရုံစိုက် လေ့လာပါဗျ။

၂။ နေ့တိုင်း (၁၅) မိနစ် အချိန်ပေးပြီး ကလိပါ (Edit Daily) ⏱️

တစ်ပတ်လုံးမလုပ်ဘဲ တနင်္ဂနွေနေ့မှ ၅ နာရီထိုင်လုပ်တာထက်၊ နေ့တိုင်း ၁၅ မိနစ်ဖြစ်ဖြစ် နာရီဝက်လောက်ဖြစ်ဖြစ် အချိန်ပေးပြီး လုပ်တာက ပိုထိရောက်ပါတယ်။ ဆိုတော့ ဖုန်းထဲမှာ CapCut လေးပဲဖြစ်ဖြစ် ဖွင့်ပြီး ကိုယ်ရိုက်ထားတဲ့ Video လေးတွေကို နေ့တိုင်း ဝင်ပြီး Edit ကြည့်ပါ။

၃။ လိုအပ်တဲ့ Asset တွေ စုဆောင်းပါ (Build Your Asset Library) 🗂️

Professional တွေက Video တစ်ပုဒ်လုပ်တိုင်း အစကနေ ရှာမနေပါဘူး။ ကိုယ့်လူတို့လည်း ကြိုက်တဲ့ ခပ်မိုက်မိုက် Music တွေ၊ Sound effects တွေ၊ Memes တွေ၊ B-roll Video လေးတွေ တွေ့တာနဲ့ ဖုန်းထဲမှာ Folder လေးနဲ့ သေချာ Save ထားတဲ့ အကျင့်လုပ်ထားပါဗျာ။ ဒါက အချိန်တော်တော် သက်သာစေပါတယ်။

၄။ သူများလုပ်ထားတာကို လိုက်လုပ်ကြည့်ပါ (Recreate & Reverse Engineer) 🎬

ကိုယ့်လူတို့ သဘောကျတဲ့ Video တစ်ပုဒ်ကို ယူပါ။ ပြီးရင် အဲ့ဒီ Video ထဲက Color ၊ အသံ၊ အလင်းအမှောင်၊ Transition ကအစ တစ်ပုံစံတည်း တူအောင် လိုက်Editကြည့်ပါ။ ဒါက Skill တက်ဖို့ အမြန်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။

၅။ အမြန်ဆုံးဖြစ်အောင် ကျင့်ပါ (Speed is Money) ⌨️

Video Editing မှာ အချိန်က ငွေပဲ။ လုပ်တာမြန်လေ ပိုက်ဆံပိုရလေ။ ဆိုတော့.. ကိုယ်သုံးနေတဲ့ App ဒါမှမဟုတ် Software မှာ ဘယ် Tools က ဘယ်နေရာမှာရှိလဲဆိုတာ လက်က အလိုလိုသိနေတဲ့အထိ အကျင့်လုပ်ထားပါ။

ဒီ ၅ ချက်ကို ဒီနေ့ကစပြီး ရက် ၃၀ လောက် ဆက်တိုက်လုပ်ကြည့်လိုက်ပါ။ ကိုယ့်လူတို့ရဲ့ Editing Skill က မယုံနိုင်လောက်အောင် တက်လာတာကို လက်တွေ့ မြင်ရပါလိမ့်မယ်ဗျ။

ဒီနေ့ပဲ ဖုန်းလေးထုတ်၊ App လေးဖွင့်ပြီး စကြည့်ပါဗျာ! 🚀

ဒီ Content လေးက ကိုယ့်လူတို့အတွက် အကျိုးရှိတယ်၊ တန်ဖိုးတစ်ခုခုရလိုက်တယ်ဆိုရင် React လေးပေးခဲ့ပြီး၊ Editing လေ့လာနေတဲ့ သူငယ်ချင်းတွေကိုလည်း Share ပေးလိုက်ပါဦး။ 😉

Stay Creative!
@Pyaesone_8989
64🔥8👍4
သင်တန်းတွေ လိုက်အပ်တယ်၊ Video တွေ လိုက် Save တယ်... ဒါပေမယ့် အဆုံးထိ မကြည့်ဖြစ်တာ၊ လက်တွေ့ မလုပ်ဖြစ်တာတွေ ကိုယ့်လူတို့ဆီမှာ ခဏခဏ ဖြစ်ဖူးတယ်မလား? 😒

Onlineသင်တန်း အများစုက Video တွေ ချပေးလိုက်တယ်၊ ပြီးရင် ပြီးသွားရောပဲလေ။ ကိုယ်တကယ် နားလည်လား၊ မလည်ဘူးလား ဘယ်သူမှ လိုက်မစစ်တော့ဘူး။

ကျွန်တော့်ဆီမှာက အဲ့ဒီလိုမဟုတ်ဘူးဗျ။ Batch တွေ မခွဲထားဘဲ ကြိုက်တဲ့အချိန် ဝင်လေ့လာလို့ရအောင် လုပ်ပေးထားတာ မှန်ပေမယ့်... Video ကြည့်ပြီးရင်တော့ ပြီးပြီလို့ မထင်နဲ့နော် 😜

💖 Homework တွေ သေချာ လိုက်လုပ်ရမယ်။
💖 လုပ်ထားတဲ့ လက်ရာတွေကို တင်ပြရမယ်။
💖 Trainer ကိုယ်တိုင်က ဘယ်နားလေး လိုနေတယ်ဆိုတာ သေချာ Feedback ပြန်ပေးတယ်။

Video တွေချည်းပဲ ပေးပြီး ပစ်ထားမယ့်အစား၊ တကယ် လုပ်တတ်သွားတဲ့အထိ Guide လုပ်ပေးချင်လို့ ဒီလို စနစ်မျိုးနဲ့ သွားနေတာပါ။

Video ကြည့်ရုံတင်မဟုတ်ဘဲ၊ တကယ် လက်တွေ့လုပ်ပြီး Skill အသစ်တွေ Upgrade လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ System က ကိုယ့်လူတို့အတွက် ကွက်တိပဲဗျ ✌️

ပြီးတော့ မကြာခင် Big update
Ai + Video editing လေးလဲလာပါအုံးမယ်ဗျ


@Pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
38🔥5👍31🎄1
✴️Davinci Resolve User တွေအတွက် ည 9 နာရီ Davinci Resolve Fusion Zero to Hero Full Course လေးလာပါမယ်ခင်ဗျ 😂

✴️Video ထဲမှာပါမဲ့ အဓိက အကြောင်းအရာတွေကတော့



Fusion ရဲ့ interface အကြောင်းတွေ 💖


Workflow အကြောင်းတွေ 💖


Node Base အကြောင်းတွေ 💖


3D Node အကြောင်းတွေ 💖

အကုန်အကုန်ပါပါမယ်

ဆိုတော့ အားလုံးဘဲ ည 9နာရီ ကြရင်တွေ့လိုက်ကြရအောင်ဗျာ😜
Please open Telegram to view this post
VIEW IN TELEGRAM
15🔥7🎄1
ဖုန်းတစ်လုံးနဲ့ Video Editing လုပ်ပြီး တစ်လဒေါ်လာ ၁၀၀/၂၀၀ ရနိုင်လား? 🤔

ဖုန်းတစ်လုံးရှိရုံနဲ့ တစ်လ ဒေါ်လာ ၁၀၀ လောက် အပိုဝင်ငွေရှာဖို့ဆိုတာ တကယ်ရနိုင်လား ကိုယ့်လူတို့? PC အကြီးကြီးတွေ မလိုဘူးဗျ။ လက်တွေ့မှာ ဖုန်းတစ်လုံးတည်းနဲ့ အိမ်ကနေ ဝင်ငွေရှာနေတဲ့ မြန်မာ Editor တွေဆို အများကြီးရှိနေပြီ‌။

အခုခေတ်မှာ အလိုအပ်ဆုံးက TikTok, Reels, Shorts လို Short-form content တွေပဲ။

🔺Myanmar Market: မြန်မာပြည်က Online Shop တွေ၊ Personal Branding တည်ဆောက်နေတဲ့ Content Creator အသစ်တွေက Video Editor တွေ အများကြီး လိုအပ်နေတာပါ။
🔺Fiverr: အင်္ဂလိပ်စာလေးလည်းရမယ်၊ Trend မိမယ်ဆိုရင် Fiverr လို Freelance Platform တွေကနေတစ်ဆင့် နိုင်ငံခြား Client တွေဆီကပါ ဒေါ်လာရှာလို့ရနေပြီဗျ။

🧭 ဆိုတော့... ဘယ်ကနေ စမလဲ? ဒီ Roadmap လေးအတိုင်း စကြည့်ပါဗျ။

၁။ App တစ်ခုခုကို ကျွမ်းကျင်အောင်လုပ်: CapCut ဖြစ်ဖြစ် Alight Motion ဖြစ်ဖြစ် တစ်ခုကို Tools တွေကအစ သေချာကျွမ်းကျင်အောင် အရင်လုပ်။

၂။ High-Retention Editing: ရိုးရိုး ဖြတ်ဆက်လုပ်ရုံနဲ့ မရတော့ဘူးဗျ။ လူတွေ ဆက်ကြည့်ချင်အောင် Hook ဘယ်လိုလုပ်မလဲ၊ Text (စာတန်း) တွေ၊ Sound Effect တွေနဲ့ Keyframe တွေကို ဘယ်လို သေသေသပ်သပ် ထည့်မလဲဆိုတာ အဓိကထား လေ့ကျင့်။

၃။ Portfolio စုပါ: နာမည်ကြီး Video တွေကို ကိုယ့်စတိုင်နဲ့ ပြန် Edit လုပ်ပြီး Client ပြစရာ လက်ရာ (Portfolio) ကြိုစုထား။

၄။ Client ရှာပါ: Facebook Group တွေ၊ TikTok Creator တွေဆီမှာ ကိုယ့်လက်ရာလေးပြပြီး အလုပ်စရှာကြည့်ပါဗျ။

🔥 PC မရှိလို့ဆိုပြီး ဖြစ်ချင်တဲ့အိပ်မက်ကို ရပ်မထားလိုက်ပါနဲ့။ "ဖုန်းလေးနဲ့လည်း ဒီလိုလုပ်လို့ရတာပဲ၊ ငါလည်း ကျွမ်းကျင်အောင်လုပ်မယ်" ဆိုတဲ့ စိတ်လေးမွေးပြီး လုပ်ကြည့်ပါဗျ။

Stay Creative!
@Pyaesone_8989
514🔥2👍1🎄1🗿1
Mobile Editor တွေအတွက် အကောင်းဆုံးနဲ့အဆင်ပြေဆုံး Free Resources (၅) ခု

Editing App တွေထဲမှာရှိတဲ့ Features တွေချည်းပဲ သုံးနေတာထက်စာရင် အခုပြောပြမယ့် Resources လေးတွေကိုပါ တွဲသုံးတတ်သွားရင် ကိုယ့်လူတို့ရဲ့ Video Quality က တကယ့်ကို သိသိသာသာ ပြောင်းလဲသွားမှာဗျ။ Professional Video Editor တစ်ယောက်ဖြစ်လာဖို့၊ ကိုယ့်ရဲ့ Skill နဲ့ ဝင်ငွေရှာနိုင်တဲ့အထိ သွားချင်တဲ့ ကိုယ့်လူတို့အတွက် ရွှေပဲဗျ။

၁။ Mixkit.co (B-roll & Sound Effects တွေအတွက်) 🎬

Video တစ်ပုဒ်ကြည့်ကောင်းဖို့ B-roll က အရမ်းအရေးကြီးတယ်ဆိုတာ ကိုယ့်လူတို့ သိပြီးသားဖြစ်မှာပါ။ Mixkit မှာဆိုရင် အရည်အသွေးမြင့်တဲ့ Stock Video တွေ၊ Music တွေနဲ့ Sound Effects တွေကို free ဒေါင်းပြီး သုံးလို့ရတယ်ဗျ။ Copyright အတွက်လည်း ပူစရာမလိုတော့ဘူးပေါ့။

၂။ Myinstants.com (Meme Sounds တွေအတွက်) 🔊

TikTok တွေ၊ Reels တွေမှာ လူတွေကို Video ဆုံးတဲ့ထိကြည့်ချင်အောင် (High Retention ရဖို့) ဆိုရင် Sound Effects တွေက အသက်ပဲ‌ဗျ။ ဒီ Website မှာဆိုရင် ခေတ်စားနေတဲ့ Meme အသံတွေ၊ SFX အလန်းစားတွေကို အလွယ်တကူ ရှာပြီး ကိုယ့် Video ထဲ ထည့်သုံးလို့ရတယ်ဗျာ။

၃။ DaFont.com (အလန်းစား Font တွေအတွက်) 🔠

CapCut တို့ AM တို့လို App တွေထဲမှာပါတဲ့ Font တွေချည်းပဲ သုံးနေရင် ရိုးအီသွားတတ်ပါတယ်။ Video ကို Professional ပိုဆန်ချင်ရင် DaFont ကနေ ကိုယ်ကြိုက်တဲ့ English Font အမိုက်စားတွေကို Free ဒေါင်းပြီး ထည့်သုံးကြည့်ပါ။

၄။ Flaticon.com (Icons & Graphics တွေအတွက်) 💡

Video ထဲမှာ အချက်အလက်တွေ ရှင်းပြတဲ့အခါ စာချည်းပဲဆို ပျင်းစရာကောင်းတယ်ဗျ။ အဲ့ခါကျ Flaticon ကနေ ကိုယ့်အကြောင်းအရာနဲ့ လိုက်ဖက်မယ့် Icon လေးတွေ (ဥပမာ - ပိုက်ဆံပုံ၊ နာရီပုံ၊ Idea ပုံ) ကို Free ယူသုံးလိုက်။ ကြည့်ရတဲ့သူအတွက် ရှင်းလင်းပြီး ပို Professional ဆန်သွားစေတယ်ဗျ။

၅။ Colorhunt.co (Color Grading Idea တွေအတွက်) 🎨

ဒါကတော့ တော်တော်များများ သတိမထားမိတဲ့ ဟာပဲဗျ။ ကိုယ့် Video ထဲက Text အရောင်တွေ၊ Background အရောင်တွေကို ရမ်းမရွေးဘဲ Colorhunt က ပြထားတဲ့ Color Palettes လေးတွေအတိုင်း တွဲသုံးကြည့်ပါ။ Old Money Vibe တို့၊ Dark & Cinematic တို့ စသဖြင့် ကိုယ်လိုချင်တဲ့ ခံစားချက်ကို သေသေချာချာ ဖန်တီးလို့ရတယ်ဗျာ။

ဆိုတော့...

ဒီ Content က ကိုယ့်လူတို့အတွက် တကယ် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ နောက်ထပ်ရော ဘယ်လို Editing Tips လေးတွေ သိချင်သေးလဲ? Comment မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ဗျာ။ 🔥
54👍2🍓1🗿1
DaVinci ဆိုတာ ခက်တယ်လို့ ဘယ်သူပြောလဲ?

​Video Editing စလုပ်ချင်ပေမယ့် Software တွေက ခက်ခဲနေမှာ စိုးရိမ်နေလား။ အရင်က William တို့လိုပဲ DaVinci ကို ကြောက်ခဲ့တဲ့သူတွေတောင် အခုဆို ၂ ပတ်အတွင်းမှာတင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ လုပ်နိုင်နေပါပြီ။

​ကျွန်တော့်ဆီမှာ တကယ်တတ်မြောက်ဖို့အတွက် -
Basic Lessons တွေကို အခြေခံကစပြီး သေသေချာချာ ရှင်းပြပေးတယ်။
Software ကို မကြောက်တော့ဘဲ ကျွမ်းကျင်အောင် လေ့ကျင့်ပေးတယ်။
ပေးရတဲ့ သင်တန်းကြေးထက် ပိုတန်တဲ့ ပညာတွေ ရစေရမယ်ဗျ။

​ကျောင်းသားတွေရဲ့ Real Feedback တွေကို Slide တစ်ခုချင်းစီမှာ ဖတ်ကြည့်လို့ရပါတယ်ဗျ။

🔥 ကိုယ့်လူတို့လည်း သူတို့လို တိုးတက်ချင်တယ်ဆိုရင်တော့... စောင့်မနေပါနဲ့တော့။

@Pyaesone_8989
20👍2🔥1