Create with OMERA
24K subscribers
807 photos
339 videos
493 files
200 links
Create smarter with AI, editing & modern workflows.

DM @pyaesone_8989
Download Telegram
📱YouTube Channel Sub 60k ပြည့်တုန်းက လုပ်ပေးတဲ့ Capcut Pro ACC Giveaway winner 3 ယောက်ပါခင်ဗျ ☺️

စကားမစပ် ကျန်တော် ရဲ့ ခုနောက်ပိုင်း
YouTube video တွေကို ကျန်တော်ကိုယ်တိုင် edit မလုပ်ပါဘူး ။😜
⚠️ကျန်တော်ရဲ့ Davinci Resolve Course Member တွေကိုင်ပါတယ်ဗျ ⚠️

🔽🔽🔽🔽🔽🔽🔽🔽🔽🔽🔽
ပြီးတော့ Am / Cc / Gpt / Gemini ကို ၁သောင်း၀န်ကျင်နဲ့ ၀ယ်ချင်တယ်ဆိုရင် အောက်က Button ကိုနှိပ်ပြီးတော့ သွားရောက်၀ယ်ယူလို့ရပါတယ် 💎

💎ပြီးတော့ အဲ Giveaway မှာ Comment မန့်ပြီးတော့ မပေါက်တဲ့သူတွေအတွက်တော့ 100k တန် Tiktok Automation+Ai course ကို 30k နဲ့သွား joinလို့ရပါတယ် 💌
Please open Telegram to view this post
VIEW IN TELEGRAM
❤18🔥3🍓2
Alight Motion Edit တွေကို AI နဲ့ပေါင်းပြီး God Level ရောက်အောင် သွားချင်ရင်...

ကိုယ့်လူတို့အတွက်... ဒီနေ့ညကျရင် Alight Motion နဲ့ AI ကို ပေါင်းပြီး professional edit တွေလုပ်နိုင်ဖို့ ရှယ် Video အသစ်တစ်ပုဒ် လာဖို့ရှိတယ်ဗျ။ ❤️‍🔥

❗ဒီတစ်ခါတော့ Alight Motion မှာ ရိုးရိုး Edit လုပ်တာမျိုး မဟုတ်ဘဲ AI + Alight Motion ပေါင်းပြီး ဖန်တီးလို့ရတဲ့ Creative ဖြစ်တဲ့ နည်းလမ်းအသစ်တွေကို ချပြပေးမှာပါ။ Editor တစ်ယောက်အနေနဲ့ ခေတ်နဲ့အညီ မဖြစ်မနေ သိထားသင့်တဲ့ Skill တွေပေါ့ဗျာ။❗❗

Video ထဲမှာ ဘာတွေပါမလဲဆိုတော့...
💎AI Video Gen: AI ကိုသုံးပြီး Video clip တွေကို ဘယ်လို Generate လုပ်မလဲ?
💖 Pro Typography: Alight Motion မှာ စာလုံး Design အလန်းစားတွေ၊ Overlays တွေနဲ့ Effect တွေကို ဘယ်လို ကလိမလဲ?
💖 Motion UI & 3D: Motion UI Animation တွေနဲ့ 3D ပုံတွေကို ကိုယ်တိုင် ဘယ်လို ဖန်တီးမလဲ?

💖Video တစ်ပုဒ်တည်းမှာတင် Editing ပိုင်းရော AI ပိုင်းရော စုံနေအောင် အကုန်ထည့်ပြောပြပေးထားတယ်ဗျ။ ကြည့်ပြီးတာနဲ့ ကိုယ့်ရဲ့ Edit တွေကို Level တစ်ဆင့် မြှင့်တင်နိုင်စေရမယ်လို့ ယုံကြည်တယ်ဗျာ။

💖 ဒီည 8:30နာရီ YouTube Channel မှာ တင်ပေးပါမယ်။💖

Notification လေးဖွင့်ပြီး စောင့်နေပေးကြပါဦးဗျ...🎉
Please open Telegram to view this post
VIEW IN TELEGRAM
❤45🔥8🍓3👍1
💎ဒီတစ်ခါတော့ Alight Motion မှာ ရိုးရိုး Edit လုပ်တာမျိုး မဟုတ်ဘဲ AI + Alight Motion ပေါင်းပြီး ဖန်တီးလို့ရတဲ့ Creative ဖြစ်တဲ့ နည်းလမ်းအသစ်တွေကို ချပြပေးမှာပါ။ Editor တစ်ယောက်အနေနဲ့ ခေတ်နဲ့အညီ မဖြစ်မနေ သိထားသင့်တဲ့ Skill တွေပေါ့ဗျာ။❗❗

Video ထဲမှာ ဘာတွေပါမလဲဆိုတော့...
💖AI Video Gen: AI ကိုသုံးပြီး Video clip တွေကို ဘယ်လို Generate လုပ်မလဲ?
💖 Pro Typography: Alight Motion မှာ စာလုံး Design အလန်းစားတွေ၊ Overlays တွေနဲ့ Effect တွေကို ဘယ်လို ကလိမလဲ?
Motion UI & 3D: Motion UI Animation တွေနဲ့ 3D ပုံတွေကို ကိုယ်တိုင် ဘယ်လို ဖန်တီးမလဲ?

💖Video တစ်ပုဒ်တည်းမှာတင် Editing ပိုင်းရော AI ပိုင်းရော စုံနေအောင် အကုန်ထည့်ပြောပြပေးထားတယ်ဗျ။ ကြည့်ပြီးတာနဲ့ ကိုယ့်ရဲ့ Edit တွေကို Level တစ်ဆင့် မြှင့်တင်နိုင်စေရမယ်လို့ ယုံကြည်တယ်ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤20🔥5👍2
Editing သမားတိုင်း မဖြစ်မနေ သိထားသင့်တဲ့ Render Speed ‼️

ကိုယ့်လူတို့.. Video Edit လုပ်နေတုန်း ပြီးခါနီး 99%လောက်ကျမှ။ရပ်သွားတာမျိုး၊ ဒါမှမဟုတ် Render တစ်ခါချဖို့ နာရီနဲ့ချီ စောင့်နေရတာမျိုး ကြုံဖူးကြတယ်မလား? အဲ့ဒီအချိန်ဆို "computer ကြီးပဲ ထုခွဲပစ်လိုက်ရင် ကောင်းမလား" ဆိုပြီး စိတ်ပေါက်မိတဲ့အထိ ဖြစ်ဖူးကြမယ်ထင်တယ်။

တကယ်တော့ Render Speed ဆိုတာ ကိုယ့်စက်ကမြန်တာ၊ နှေးတာတစ်ခုတည်းကို ပြောချင်တာ မဟုတ်ပါဘူးဗျ။ ဒါက Professional Editor တစ်ယောက်အနေနဲ့ ရပ်တည်နိုင်မလား၊ ပိုက်ဆံပိုရှာနိုင်မလားဆိုတဲ့ အချက်တွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်ဗျ။

ဘာကြောင့်လဲဆိုတော့...
(1) အချိန်က ငွေပဲ (Time is Money) ‼️
Project တစ်ခုကို Render ချတာ ၁ နာရီကြာတာနဲ့ ၁၀ မိနစ်ပဲကြာတာ တခြားစီပဲဗျ။ Render Speed မြန်ရင် Project တစ်ခုကို မြန်မြန်ပြီးမယ်၊ Client ဆီ မြန်မြန်ပို့နိုင်မယ်။ ဆိုတော့... တစ်လကို Project များများလက်ခံနိုင်မယ်၊ incomeလည်း ပိုတိုးလာမှာပေါ့။ Deadline နားနီးမှ ကမန်းကတန်းလုပ်ရတဲ့အခါ Render ကြာနေရင် ရင်ကွဲပြီသာမှတ်တော့။

(2) Client တွေရဲ့ "နည်းနည်းလောက် ပြန်ပြင်ပေးပါလား" ဆိုတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိမယ် 🗿

Editor တွေအကြောက်ဆုံးစကားက "ညီလေး... ဒီနေရာလေး အရောင်လေး ပြန်ချိန်းပေးပါလား" အဲ့လိုစကားတွေပါပဲ။ အဲ့လို အသေးအဖွဲလေးပြင်ဖို့ Render ပြန်ချတိုင်း နာရီဝက်လောက် ထပ်စောင့်နေရရင် ကိုယ့်ဘက်ကလည်း စိတ်မရှည်တော့သလို၊ Client ဘက်ကလည်း ကြာလိုက်တာဆိုပြီး အထင်သေးသွားနိုင်တယ်။ Render Speed သာမြန်ရင် "ရတယ် အစ်ကို... ၁၀/၁၅ မိနစ်နေရင် ဖိုင်အသစ်ပို့လိုက်မယ်" ဆိုပြီး ပြောလိုက်တာက ကိုယ့်ရဲ့ Professional ဆန်မှုကို ပြလိုက်တာပါပဲ။

(3) ဖန်တီးချင်တဲ့ စိတ်တွေ မပြတ်တော့ဘူး 🧠

ဒါက အရေးကြီးဆုံးပဲဗျ။ ကိုယ်က အကြံတွေထွက်၊ Mood တွေဝင်ပြီး တောက်လျှောက် Edit နေတုန်း Preview ကြည့်မရလို့ Loading bar ကြီး ထိုင်စောင့်နေရရင် ရှိသမျှ Mood တွေ ပျောက်ကုန်ရော။ Render/Playback မြန်မှ ကိုယ့်ရဲ့ Workflow က ချောမွေ့ပြီး Quality ကောင်းတဲ့ Video တွေ ထွက်လာမှာပါ။

(4) Content Creator တွေဆို Consistency ရှိဖို့လိုတယ် ❤️‍🔥
Facebook, YouTube, TikTok တို့မှာ Page ထောင်ပြီး ပိုက်ဆံရှာမယ့် ကိုယ့်လူတွေအတွက် Video ပုံမှန်တင်နိုင်ဖို့က အသက်ပဲ။ နေ့တိုင်း၊ တစ်ရက်ခြား Video တင်နိုင်မှ Reach တက်မှာ။ Render ကြာနေရင် တစ်ပုဒ်ပြီးဖို့ အချိန်တွေကုန်ပြီး နောက်တစ်ပုဒ်လုပ်ဖို့ အားကုန်သွားတတ်ပါတယ်။

✅အတိုချုပ်ပြောရရင်ဗျာ Render Speed မြန်တာဟာ Editor တစ်ယောက်အတွက် Luxury မဟုတ်ပါဘူး၊ မရှိမဖြစ် လိုအပ်ချက် Necessity တစ်ခုပါ။ မြန်ဆန်မှုက ကိုယ့်ကို ပိုပြီး Productivity ဖြစ်စေတယ်၊ ယုံကြည်စိတ်ချရတဲ့ Editor တစ်ယောက် ဖြစ်စေတယ်။

💖ကိုယ့်လူတို့အနေနဲ့ Video Editing ကို Career တစ်ခုအနေနဲ့ လေးလေးနက်နက်သွားမယ်ဆိုရင်တော့ ကိုယ့်ရဲ့ PC Spec နဲ့ Workflow မှာ Render Speed ကောင်းအောင် Invest လုပ်ဖို့ လုံးဝ မနှမြောပါနဲ့လို့ အကြံပေးချင်ပါတယ်ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤18🔥18🗿3🍓2
😎 Income တိုးချင်တဲ့ Video Editor တိုင်း သိထားရမယ့် Editing vs. Motion Design! ဘယ်လမ်းကို ရွေးကြမလဲ?.

ကိုယ့်လူတို့.. Content Creation လောကထဲ ဝင်မယ်၊ ဒါမှမဟုတ် Freelance Video Editor လုပ်မယ်ဆိုရင် ဒီအသုံးအနှုန်းနှစ်ခုကို သေချာကွဲကွဲပြားပြား သိထားဖို့လိုတယ်ဗျ။

တော်တော်များများက Video Editing နဲ့ Motion Designing ကို ရောနေကြတုန်းပဲ။ တကယ်တမ်းကျတော့ သူတို့က Role မတူသလို၊ ပေးနိုင်တဲ့ Value ချင်းလည်း မတူဘူးဗျ။

ကဲ... ရှုပ်မနေအောင် ရှင်းပြပေးမယ်။

🎥 Video Editing ဆိုတာက
တကယ့်ရိုက်ကူးထားတဲ့ Footage အစစ်တွေကို ကိုင်တွယ်ရတာပါ။ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာအောင် ဖြတ်ညှပ်ကပ်လုပ်မယ်၊ သီချင်းထည့်မယ်၊ Pacing ချိန်မယ်၊ Color Gradingလုပ်မယ် စသဖြင့်ပေါ့။ Vlog တွေ၊ ရုပ်ရှင်တွေ၊ Interview တွေက Video Editing သမားတွေရဲ့ လက်ရာပေါ့ဗျာ။
Storytelling ကတော့ သူ့ရဲ့ အသက်ပဲ။

🧐 Motion Designing ဆိုတာက
သူကကျတော့ Graphic တွေ၊ စာလုံးတွေ၊ ပုံတွေကို လှုပ်ရှားသက်ဝင်လာအောင် (Animation) ဖန်တီးရတာဗျ။ ကြော်ငြာတွေ၊ Brand Video တွေ၊ Explainer Video တွေမှာ အများဆုံးတွေ့ရတတ်တယ်။
😂 Visual Magic မျက်စိပသာဒဖြစ်အောင် ဖန်တီးတာက သူ့ရဲ့ အားသာချက်ပဲ။

😪 ဒါဆို ကိုယ်က ဘယ်လမ်းကို ရွေးမလဲ?
လွယ်လွယ်လေးပဲ မှတ်ထားဗျာ...
☺️ တကယ့်လူတွေ၊ ဇာတ်လမ်းတွေနဲ့ ကလိရတာကြိုက်ရင် Video Editing လမ်းကိုလိုက်။
👊 ဒီဇိုင်းတွေ၊ Animation တွေ၊ ဖန်တီးမှုအသစ်တွေကို ပိုအားသန်ရင် Motion Designing လမ်းကိုလိုက်။

😂 အတွေ့အကြုံအရ Pro Tip ပေးရရင်တော့...
စလေ့လာခါစဆိုရင် Video Editing အခြေခံကို အရင်ပိုင်အောင်လုပ်ဗျ။ ပြီးမှ Motion Design ကို ထပ်ဖြည့်ပြီး လေ့လာပါ။

ဘာလို့လဲဆိုတော့...
Video Editing Skill က ကိုယ့်ကို "ပုံမှန်ဝင်ငွေ ပုံမှန်အလုပ် (Consistency Work) ရစေမယ့်အပြင်၊ Motion Design Skill ပါ ပါလာပြီဆိုရင်တော့ ကိုယ့်ရဲ့ Project တန်ဖိုးက အများကြီး မြင့်တက်သွားလိမ့်မယ်။ Client တွေက Video လည်းတည်းတတ်၊ Animation လည်းထည့်တတ်တဲ့သူဆို အရမ်းသဘောကျတာဗျ။

Digital Marketing ခေတ်မှာ...
• Editing ကောင်းရင် လူတွေ ဗီဒီယိုကို ဆုံးအောင်ကြည့်တယ် (Retention)။
• Motion ပါရင် လူတွေ ပိုစိတ်ဝင်စားတယ် (Engagement)။
ဒီနှစ်ခုပေါင်းလိုက်ရင်တော့... "Next Level" ပဲပေါ့ဗျာ။

ဆိုတော့... ကိုယ့်လူတို့ရော လက်ရှိ ဘယ် Level မှာလဲ? Editing ပဲ လုပ်နေတာလား? Motion ပါ စလေ့လာနေပြီလား? Comment မှာ ဝင်ဆွေးနွေးသွားလို့ရပါတယ်ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
❤31🔥2🗿2
All-in-One Video Editing & AI Income Mastery Course

🧠 Graphic Design သင်တန်းတစ်ခုတည်းကိုတင် 100k အထက် ပေးတက်နေရတဲ့ခေတ်မှာ... Skills အကုန်လုံးကို ဒီဈေးနဲ့ရမယ်ဆို ယုံမလား? 💫

ကိုယ့်လူတို့... Video Editing, Graphic Design နဲ့ AI နည်းပညာတွေခေတ်စားလာတဲ့အချိန်မှာ ဟိုသင်တန်းတက်ရနိုးနိုး၊ ဒီသင်တန်းပဲ ကောင်းမလားနဲ့ ဟိုငေးဒီငေး ဖြစ်နေတုန်းလား? တခြားနေရာတွေမှာ ဘာသာရပ်တစ်ခုကိုတင် သင်တန်းကြေး သိန်းချီပေးနေရတဲ့အချိန် ကျွန်တော်တို့ဆီမှာတော့ "အကုန်ရမယ်" ဗျာ။

ဆိုတော့... ဘာတွေပါမလဲ? စာဖတ်ရမှာပျင်းတဲ့သူတွေအတွက် လိုရင်းတိုရှင်း ပြောပြမယ်။
Video Editing, Motion Graphic နဲ့ Design ပိုင်းအတွက် လိုအပ်တဲ့ Tools တွေ၊ Skills တွေအကုန် All-in-One ထည့်ပေးထားတယ်။

🎉 Editor တိုင်းလိုချင်တဲ့ Assets တွေ

🎉Trending ဖြစ်နေတဲ့ Text Animation တွေ (ကိုယ်တိုင်လုပ်စရာမလို၊ အသင့်သုံး Preset တွေပါမယ်)

ďťż
🎆အချိန်ကုန်သက်သာစေမယ့် Alight Motion Project Files 📁

🎆သီးသန့်ဝယ်ရင် ၂ သောင်းဝန်းကျင်ပေးရတဲ့ Premium Fonts တွေနဲ့


🎆သိန်းဂဏန်းတန်တဲ့ Premium SFX (Sound Effects) တွေပါ Free ပေးဦးမှာဗျ။

🎉 ဒီခေတ်ထဲမှာ Essential Skills တွေ
💎Content/Script Writing ကနေစပြီး
💎Alight Motion
💎Motion Graphic,
💎3D Edit နဲ့
💎Graphic Design (Basic to Advance) အထိ စုံမှစုံပဲဗျ။

ဒီလောက်နဲ့ မပြီးသေးဘူးနော်။ ကိုယ့်လူတို့အတွက် အသက်သာဆုံးဈေးနဲ့ အတန်ဆုံးဖြစ်အောင် နောက်ထပ် 100k တန် Gift 🎁 (AI + TikTok Automation Course) ကိုပါ ထပ်ဆောင်းပေးဦးမှာဗျ။

ဒါက ရိုးရိုးလက်ဆောင်မဟုတ်ဘူးဗျ၊ ဝင်ငွေချက်ချင်းရှာနိုင်မယ့် လမ်းကြောင်းပဲ။

💎 Gift ထဲမှာပါမယ့် Secret Sauce တွေက:
💎Japan Region TikTok အကောင့်ဖွင့်နည်း (ရှားပါးနည်းနော်)
💎ကျွန်တော်ကိုယ်တိုင် ၉ ရက်အတွင်း Follower 12k ရအောင်လုပ်ခဲ့တဲ့ "Real Case Study" နဲ့ TikTok Psychology တွေ။
💎AI Movie Recap,
💎Copy Paste Content
💎Ai content Writing
💎Ai Design & Image Generation
💎Ai video Creation နဲ့ မျက်နှာပြစရာမလိုဘဲ ငွေရှာမယ့်နည်းလမ်းတွေ အများကြီးပါမယ်ဗျာ။


ဆိုတော့... စဉ်းစားကြည့်ဗျာ။ ဒီလောက် Value တွေအများကြီးပါတဲ့ Package တစ်ခုလုံးကို တခြားဆီမှာ လိုက်တက်မယ်ဆို သိန်းချီကုန်မှာ သေချာတယ်။😜
ဒါပေမဲ့ ကျွန်တော့်ဆီမှာတော့ ဒီ Course တွေ၊ Assets တွေ၊ Secret Method တွေအကုန်လုံးပါတဲ့ Package ကြီးတစ်ခုလုံးကိုမှ 💰180,000 Ks (180k) တည်းနဲ့ ရမှာပါ‼️

လေ့လာပြီးတာနဲ့ ချက်ချင်းဝင်ငွေလမ်းကြောင်း ရှာနိုင်မယ့် အခွင့်အရေးဖြစ်လို့ ချက်ချင်းလာjoinထားမှ သူများတွေရဲ့နောက် ကျန်မနေခဲ့မှာပါ။

💌 အသေးစိတ်မေးချင်ရင်တော့ @Pyaesone_8989 ကို လာခဲ့လိုက်တော့ဗျ! 😕
Please open Telegram to view this post
VIEW IN TELEGRAM
❤69💔6🗿6🥰3🔥2🍓1
Video Editor တစ်ယောက်နဲ့ အလုပ်တွဲလုပ်တော့မယ်ဆိုရင် ဒါတွေ မဖြစ်မနေ သိထားပါ ✅

ကိုယ့်လူတို့... Content Creation လောကထဲမှာ Video Editor တစ်ယောက်နဲ့ Client ဒါမှမဟုတ် Creator တစ်ယောက်ကြား အလုပ်လုပ်ရတာ အမြဲတမ်း အဆင်ပြေချောမွေ့နေတာတော့ မဟုတ်ဘူးဗျ။ တချို့ကိစ္စတွေက "နားလည်မှုလွဲတာ" တွေကနေ စတာများတယ်။
ဒီတော့ ကိုယ်က Video Editor အနေနဲ့ပဲ ရပ်တည်မလား၊ ကိုယ့်အဖွဲ့အတွက် Editor ခေါ်ခန့်မလား... ဒီအချက်တွေကို သိထားရင် အလုပ်လုပ်ရတာ ပိုတွင်ကျယ်ပြီး Quality ကောင်းတဲ့ Video တွေ ထွက်လာမှာ သေချာတယ်ဗျာ။

✅ အလုပ်လုပ်တဲ့အခါ ဒီအလွဲတွေ ဖြစ်တတ်တယ် (ဒါမျိုးတွေ ရှောင်ကြမယ်)

✅Reference ပေးတုန်းက ဒီလို၊ ပြီးမှ စတိုင်လ်ကို နောက်တစ်မျိုး ပြောင်းခိုင်းတာမျိုး။
✅"ရိုက်သာရိုက်လိုက်၊ Edit ကျမှ ကြည့်လုပ်မယ် (We'll fix it in edit)" ဆိုပြီး ဇွတ်လုပ်တာမျိုး (ဒါ Editor ကို သတ်တာပဲဗျ)။
✅File တွေပို့တာ နောက်ကျပြီး Video ကိုတော့ ချက်ချင်းလိုချင်တာ။
✅Video အကြမ်း (Rough Cut) တောင် မပြီးသေးဘူး၊ ဝင်ဝင်ပြီး ပြောနေတာ။
✅Edit လုပ်ပြီးမှ ဇာတ်လမ်းတွေ လျှောက်ပြောင်းတာ။
"ဒါလေး နည်းနည်း ပြင်ပေး" ဆိုပြီး ၁၅ ခါလောက် ခိုင်းတာ (တကယ်တမ်း တစ်ခါတည်း စုပြောလို့ရလျက်နဲ့ဗျာ)။
✅Editor ကို ဖန်တီးသူလို့ မမြင်ဘဲ ခလုတ်နှိပ်ပေးတဲ့သူ လောက်ပဲ သဘောထားတာ။

💖ဒီတော့ Professional ဆန်ဆန် ဘယ်လိုလုပ်ကြမလဲ?
(1) ရည်ရွယ်ချက်ကို အရင်ပြောပါ - Footage တွေ မပို့ခင် ကိုယ်ဘာလိုချင်လဲ၊ ဘယ်သူ့အတွက်လဲ၊ ဘယ် Platform (Facebook/TikTok) တင်မှာလဲဆိုတာ သေချာရှင်းပြပါ။
(2) Script/Concept ကို အတည်ပြုပါ - မရိုက်ခင်ကတည်းက သေချာပိုင်နိုင်ပါစေ။
(3) Editor ရဲ့ အမြင်ကို ယုံကြည်ပါ - Storytelling ပိုင်းမှာ သူတို့က ပိုမြင်တတ်ကြတယ်ဗျ။
(4) ပြင်စရာရှိရင် စုပြောပါ - ဟိုတစ်စ၊ ဒီတစ်စ ပြောမယ့်အစား တစ်ခါတည်း စုပြီး Feedback ပေးတာက Editor အတွက် အာရုံစိုက်ရတာ ပိုလွယ်ကူစေပါတယ်။
(5) အချိန်ပေးပါ - Editing ဆိုတာ ကလစ်နှိပ်ရုံမဟုတ်ဘူးဗျ၊ စဉ်းစားရတယ်၊ ခံစားရတယ်။ ဒါမှ Impact ရှိတဲ့ Video ထွက်လာမှာ။

💎 မှတ်ထားဖို့က -
Video Editor ဆိုတာ Clips တွေကို ဆက်ပေးရုံ သက်သက်မဟုတ်ဘူးဗျ။ Video တစ်ပုဒ်လုံးရဲ့ Flow၊ Emotions နဲ့ ကိုယ့် Brand ရဲ့ တန်ဖိုးကို ပုံဖော်ပေးနေတဲ့သူတွေပါ။

Editor နဲ့ ကောင်းကောင်း ချိတ်ဆက်နိုင်လေ... ကိုယ့် Content တွေ ပိုပေါက်လေပါပဲ။

ကဲ... ကိုယ့်လူတို့ရော Editor တွေနဲ့ အလုပ်လုပ်တုန်းက ဘယ်လို အလွဲလေးတွေ ကြုံဖူးလဲ? Comment မှာ မျှဝေပေးခဲ့ပါဦးဗျ။
Please open Telegram to view this post
VIEW IN TELEGRAM
❤25🔥13👍2
This media is not supported in your browser
VIEW IN TELEGRAM
ကျန်တော်ရဲ့ Youtube Video Editing Style နဲ့ကျုံးထားတာ တပုံစံထဲကိုထွက်😜
⚡️Content Creation Course join တာ မကြာသေးပေမဲ့ YouTube video ထဲက Style အတိုင်း တူအောင် လုပ်နိုင်တာ တော်တော်လေး ကိုမိုက်နေပြီ😂
သူဖက်က Moti လေးတက်အောင် သူ Skill ကိုပြန် share ပေးထားတာမလို့ 💫Rate လေး သတ်မှတ်ပေးကြပါအုံးဗျ 👀
ကျန်တော်ကတော့ 8/10 ပေးပါတယ်ခင်‌ဗျ ❤️‍🔥
Please open Telegram to view this post
VIEW IN TELEGRAM
❤42🔥6🍓3👍2☃1🥰1
ဖုန်းကနေ Laptop ပြောင်းပြီး Edit လုပ်ချင်တဲ့လူတွေအတွက်‼️

မနေ့က comment မှာ မေးထားတဲ့... cm တစ်ခုကို ဖုန်းကနေ Laptop ပြောင်းပြီး Edit လုပ်ချင်တဲ့ ကိုယ့်လူတို့အတွက်ပါ အသုံးတည့်မယ်ထင်လို့ Post တစ်ခုအနေနဲ့ပဲ သေချာဖြေပေးလိုက်တယ်ဗျာ။ 😜

ဖုန်းနဲ့ Edit လုပ်နေရာကနေ Laptop ပြောင်းတော့မယ်ဆိုတာ Video Editor တစ်ယောက်အတွက် Level Up ဖြစ်သွားသလိုပဲဗျ။ ဒါပေမဲ့ ကိုယ့်ဆီက အခြေအနေအရ မီးကလည်းအမြဲမမှန်၊ ဒေါ်လာဈေးကလည်း မြင့်နေတဲ့အချိန်ဆိုတော့ Laptop တစ်လုံးဝယ်ဖို့ဆိုတာ လူငယ်တစ်ယောက်အတွက် investment အကြီးကြီးတစ်ခုဖြစ်လာပြီထင်တယ်ဗျ။

ဆိုတော့ ပိုက်ဆံအလဟဿမဖြစ်အောင် ဘာတွေသိထားသင့်လဲ၊ ဘာတွေပြင်ဆင်ရမလဲဆိုတာ လက်တွေ့ကျကျ ပြောပြမယ်ဗျာ။

💻 Laptop ဝယ်မယ်ဆိုရင် သိထားရမယ့် အခြေခံလိုအပ်ချက်များ (Specs)

ဈေးကြီးတိုင်း ကိုယ့်အတွက် အဆင်ပြေချင်မှ ပြေမှာပါ။ Editing အတွက် အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဦးစားပေးရွေးရမယ်ဗျ။
‼️CPU (Processor): အနည်းဆုံး Intel Core i5 သို့မဟုတ် AMD Ryzen 5 (Generation မြင့်လေ ကောင်းလေပါပဲ)။ Apple ဘက်သွားမယ်ဆိုရင်တော့ M1 chip လောက်ကစပြီး တော်တော်လေး အဆင်ပြေနေပါပြီ။
‼️RAM: အနည်းဆုံး 8GB ပါတာကို ရွေးပါ။ ဒါတောင်အရမ်းနည်းပါသေးတယ်။ ရေရှည်အတွက်နဲ့ Effect တွေထည့်တဲ့အခါ မထစ်ဖို့ဆိုရင် 16GB ရှိတာက အဆင်ပြေလိမ့်မယ်ဗျ။ တတ်နိုင်ရင် သူ့ထက်ပိုများတာဆို အကောင်းဆုံးပဲ။
‼️Storage: Video file တွေက နေရာအရမ်းစားတဲ့အတွက် အနည်းဆုံး SSD 512GB လောက်ပါမှ အဆင်ပြေမယ်။
‼️GPU (Graphic Card): သီးသန့် Graphic Card (Dedicated GPU) ပါတာက Render ဆွဲတဲ့အခါ အရမ်းကွာတယ်ဗျ။ Budget အခြေနေကြောင့် မတတ်နိုင်ရင်တောင် အနည်းဆုံး GTX 1650, RTX 3050 လောက်ပါတဲ့ စက်မျိုးလေး ဝယ်နိုင်ရင် ပိုကောင်းတယ်။

✔️ Do's

❗Proxy သုံးဖို့လေ့လာပါ: ကိုယ့်စက်က သိပ်မမြင့်ဘူး၊ ဒါပေမဲ့ 4K Video တွေ Edit လုပ်ရမယ်ဆိုရင် "Proxy Editing" လုပ်နည်းကို အရင်လေ့လာထားပါ။ စက်မနိုင်လည်း Proxy ခံပြီးလုပ်ရင် ချောချောမွေ့မွေ့ လုပ်လို့ရတယ်ဗျ။
❗Shortcut Key တွေကို ရအောင်လုပ်ပါ: ဖုန်းနဲ့တုန်းက လက်နဲ့ရွှေ့ပြီး လုပ်ရပေမဲ့ Laptop မှာက Keyboard Shortcut တွေက အသက်ပဲ။ အလုပ်ပြီးတာ အရမ်းမြန်သွားလိမ့်မယ်။
❗Cooling Pad သုံးပါ: မြန်မာပြည်ရာသီဥတုက ပူတဲ့အပြင် Editing က စက်ကို အလုပ်အရမ်းပေးရလို့ အပူတက်မြန်တယ်။ Laptop ရဲ့ သက်တမ်းရှည်အောင် Cooling Pad) လေး သုံးပေးတာကောင်းပါတယ်ဗျ။

❌ Don'ts

❗U-Series CPU တွေရှောင်: Windows Laptop ဝယ်ရင် Model နာမည်နောက်ဆုံးမှာ 'U' ပါတာတွေ (ဥပမာ i5-1135G7 လိုမျိုး) က ရုံးသုံးစာစီစာရိုက်နဲ့ Battery အားခံဖို့ထုတ်ထားတာမို့ Editing အတွက် သိပ်မဟန်ဘူးဗျ။ 'H' series (ဥပမာ i5-11400H) တွေကမှ Performance အပြည့်ထွက်တာ။ သုံးရမယ့် Software က CapCut PC လောက်ပဲဆိုရင်တော့ ရပါတယ်။
❗Battery နဲ့ချည်းပဲ Edit လုပ်တာရှောင်: ဖြစ်နိုင်ရင် plugထိုးပြီးမှ Edit လုပ်ပါဗျ။ Battery သက်သက်နဲ့ဆို စက်က power အပြည့်မထုတ်ပေးနိုင်လို့ ထစ်တာ၊ ဟန်းတာတွေ ဖြစ်တတ်တယ်။
⚡️Save လုပ်ဖို့ မမေ့နဲ့: Ctrl+S (သို့) Cmd+S နှိပ်တဲ့ အကျင့်လေးကို စက္ကန့်တိုင်း လုပ်ထားပါ။ မီးရုတ်တရက်ပျက်သွားလို့၊ ဒါမှမဟုတ် Software Error တက်ပြီး ပိတ်ကျသွားလို့ ကိုယ်အချိန်ကြာကြီး အပင်ပန်းခံလုပ်ထားတာတွေ သဲထဲရေသွန်ဖြစ်သွားရင် ငိုချင်စိတ်ပေါက်သွားလိမ့်မယ် ဟဲ"

💎နောက်ဆုံးအနေနဲ့ ပြောချင်တာက ကိုယ့်လူတို့... Premiere Pro လို၊ DaVinci Resolve လို Professional Software ကြီးတွေ မြင်ပြီး အစပိုင်းမှာ လန့်မသွားပါနဲ့။ Software တွေဆိုတာ ကိုယ့်ရဲ့ Idea တွေကို အကောင်အထည်ဖော်ပေးတဲ့ Tools တွေပါပဲ။ အဓိကက ကိုယ့်ရဲ့ Idea နဲ့ Storytelling စွမ်းရည်ပဲဗျ။

ဖုန်းကနေ Laptop ပြောင်းကိုင်လိုက်တဲ့ အချိန်မှာ ကိုယ်မသိသေးတဲ့ ပိုကျယ်ပြန့်တဲ့ လောကကြီးထဲ ရောက်သွားသလို ခံစားရလိမ့်မယ်။ အခက်အခဲလေးတွေတော့ ရှိနိုင်ပေမဲ့ Never give up ပါ။ ကိုယ်ဝါသနာပါတဲ့လမ်းကို ရွေးထားတာပဲ၊ သေချာလေးသာ လေ့လာပြီး အဆုံးထိ ကျုံးလိုက်!
Please open Telegram to view this post
VIEW IN TELEGRAM
❤25🔥4
This media is not supported in your browser
VIEW IN TELEGRAM
SaaS edit in alight motion 70/100 လောက်နဲ့ အဓိက ကျုံးထားပေမဲ့ ဒီ Level လောက်ထိကျုံးတက်ရင်ကိုတော်တော်လေးဟုတ်နေပါပြီ
မကြာခင် ဒီ Tutorial လေးလာပါမယ် ❤️‍🔥
@Pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
❤28🔥6👍2🥰2
⚠️ Editing app တွေနဲ့ တခြား App တွေရဲ့ premium မဝယ်ဘဲ Mod version ဆိုတာတွေကို သုံးတဲ့ သူတွေကိုရော ဘာဆိုးကျိုးတွေရှိနိုင်မလဲ

ဒါလေးက တော်တော်လေး စိတ်ဝင်စားစရာကောင်းသလို၊ ကိုယ်တိုင်လည်း Video Editor တစ်ယောက်ဖြစ်နေတော့ ကိုယ့်လူတို့ကို သေချာလေး ရှင်းပြချင်လို့ Comment မှာ မဖြေတော့ဘဲ Content တစ်ခုအနေနဲ့ ရေးပေးလိုက်ပါတယ်ဗျာ။

မြန်မာနိုင်ငံရဲ့ အခြေအနေအရ ဒေါ်လာဈေးတွေကလည်း မြင့်၊ ငွေချေဖို့ Master/Visa ကတ်ကိစ္စတွေကလည်း ခက်ခဲတော့ Mod version တွေကို လှည့်သုံးကြတာ ကျွန်တော် အပြည့်အဝ နားလည်ပါတယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လည်း အစပထမတုန်းက ဒီလိုပဲ ဖြတ်သန်းခဲ့ရတာပဲလေ။ ဒါပေမဲ့ Professional တစ်ယောက်အနေနဲ့ ရေရှည်ရပ်တည်လာတဲ့အခါ Mod တွေသုံးတာက ကိုယ့်အတွက် တော်တော်လေးကို နစ်နာမှန်း လက်တွေ့သိလာရတယ်။

⛔ Mod Version တွေသုံးရင် ဘာဆိုးကျိုးတွေ ရှိလဲဆိုတော့...

🔺(1) လုံခြုံရေး (Security Risk) - ကိုယ့်လူတို့ စဉ်းစားကြည့်ဗျာ။ Mod App တွေဆိုတာ တခြား Hacker တစ်ယောက်ယောက်က App ရဲ့ Source Code တွေကို ဖောက်ပြီး ပြင်ရေးထားတာဗျ။ ဆိုတော့ အထဲမှာ ဘာ Virus တွေ၊ Malware တွေ ထည့်ထားလဲ ကျွန်တော်တို့ ဘယ်လိုမှ မသိနိုင်ဘူး။ ကိုယ့်ဖုန်းထဲက Kpay, CB pay စတဲ့ Banking data တွေ၊ Personal password တွေ အချိန်မရွေး ပါသွားနိုင်တယ်ဗျ။

🔺(2) အလုပ်ပျက်စေတဲ့ Error တွေ (App Crashes) - ဒါက Editor တွေအတွက် အကြောက်ဆုံးပဲ။ Client ရဲ့ Project ကြီးကို ညလုံးပေါက် အပင်ပန်းခံ Edit လုပ်နေရင်းနဲ့ ရုတ်တရက် App ကြီး Crash ဖြစ်ပြီး ထွက်သွားတာမျိုး၊ Export ထုတ်ခါနီးမှ File ကြီး Corrupt ဖြစ်သွားတာမျိုးတွေက Mod app တွေမှာ အမြဲကြုံရတတ်တဲ့ ပြဿနာတွေပဲဗျာ။ အဲဒီအချိန်ကျရင် ခံစားရတဲ့ feeling က တကယ် ငိုချင်စရာကောင်းတာ။

🔺(3) Updates နဲ့ AI Features တွေ နောက်ကျတာ - အခုခေတ်က AI ခေတ်လေဗျာ။ Editing app တွေ (ဥပမာ- CapCut တို့လိုဟာမျိုး) မှာ AI tools အသစ်တွေ ခဏခဏ Update လာတယ်။ Mod version တွေက အဲဒီ Cloud-based AI tools တွေ၊ နောက်ဆုံးပေါ် Effect တွေကို သုံးလို့မရဘူးဗျ။ တခြားသူတွေက Premium သုံးပြီး မြန်မြန်ဆန်ဆန်နဲ့ အမိုက်စားလေးတွေ ဖန်တီးနေချိန်မှာ ကိုယ့်လူတို့က နောက်ကောက်ကျန်ခဲ့မှာပေါ့။

🚨 ဆိုတော့... ကိုယ်က ဒီနယ်ပယ်မှာ Professional တစ်ယောက်အနေနဲ့ ရေရှည်သွားမယ်၊ ဒီပညာရပ်နဲ့ပဲ ပိုက်ဆံရှာမယ်ဆိုရင် ကိုယ့်ကိုငွေပြန်ရှာပေးမဲ့ App တွေကို သေချာလေး ရင်းနှီးမြှုပ်နှံစေချင်တယ်ဗျ။ ဖုန်းတစ်လုံး၊ လပ်တော့တစ်လုံး ဝယ်ဖို့ သိန်းဆယ်ချီ၊ ရာချီ ရင်းနှီးနိုင်ပေမဲ့ တကယ်တမ်း ကိုယ့်အတွက် ပိုက်ဆံရှာပေးမယ့် App တွေအတွက် တစ်လကို သောင်းဂဏန်းလောက်လေးတော့ မနှမြောသင့်ဘူးလို့ ကျွန်တော်ကတော့ လက်တွေ့ကျကျပဲ အကြံပေးချင်ပါတယ်ဗျာ။

🤔 အခုနောက်ပိုင်း မြန်မာနိုင်ငံကနေ Premium ဝယ်ရတာ အရင်လို မခက်ခဲတော့ဘူးဗျ။ ကိုယ့်လူတို့အနေနဲ့ ငွေပေးချေရတာ အခက်အခဲဖြစ်နေရင် ယုံကြည်စိတ်ချရတဲ့ ကျွန်တော့် Business Partner ဆီမှာ လွယ်လွယ်ကူကူ ဝယ်လို့ရအောင် စီစဉ်ပေးထားပါတယ်ဗျာ။ ဈေးနှုန်းလေးတွေကလည်း အတန်ဆုံးနဲ့ Service အာမခံချက်အပြည့်ရှိတာမို့ ကိုယ့်အလုပ်လေးတွေ အဆင်ပြေပြေလုပ်နိုင်ဖို့ အောက်မှာ လေ့လာပြီး ဝယ်ယူနိုင်ပါတယ်ဗျ... 👇
@Kaung_digitalshop
❤23🔥10
☺️ Editing Skill ကို နောက်တစ်ဆင့်မြှင့်ချင်တဲ့ ကိုယ့်လူတို့အတွက် သတင်းကောင်းဗျာ!

အခုနောက်ပိုင်း Market မှာ တအား Trend ဖြစ်နေတဲ့ "SaaS Edit" ကို ဖုန်းတစ်လုံးတည်းနဲ့ Alight Motion ထဲမှာ Proကျကျ ဘယ်လိုဖန်တီးရမလဲဆိုတာကို Tutorial လုပ်ပေးထားတယ်ဗျ။

SaaS ဆိုတာ ဘာလဲ? 🧐

SaaS ဆိုတာ Software as a Service ကိုပြောတာပါ။ အလွယ်ဆုံးရှင်းပြရရင် နိုင်ငံတကာက Tech ကုမ္ပဏီတွေ၊ App တွေက သူတို့ရဲ့ Product တွေကို ကြော်ငြာတဲ့အခါ သုံးလေ့ရှိတဲ့ Clean & Smooth ဖြစ်တဲ့ အလန်းစား Motion Graphics/UI Animation Editing ပုံစံမျိုးပါဗျ။

ဒီလို SaaS Edit ပုံစံတွေက အခုဆိုရင် Demand အရမ်းများပြီး Client တွေဆီကနေ ဈေးကောင်းကောင်းရတဲ့ Skill တစ်ခုဖြစ်နေပါပြီ။ ဒါကို ကွန်ပျူတာမလိုဘဲ ဖုန်းထဲက Alight Motion နဲ့တင် Professional ကျကျ ဘယ်လိုဖန်တီးမလဲဆိုတဲ့ Tricks တွေ၊ Techniques တွေကို အမိုက်စား ရှင်းပြပေးထားတယ်ဗျာ။ Editing ကို ဝါသနာပါလို့ လေ့လာနေတာဖြစ်ဖြစ် ဝင်ငွေရှာချင်တာဖြစ်ဖြစ် ကိုယ့်လူတို့အတွက်တော့ လုံးဝ အဆင်ပြေစေမယ့် Video လေးပါပဲ။ ❤️‍🔥

🔮 ဒီည 9 နာရီတိတိ မှာ ကျွန်တော့် YouTube Channel ကနေ တင်ပေးသွားမှာဖြစ်လို့ Noti လေးဖွင့်ပြီး အသင့်စောင့်နေပေးကြပါဦးဗျ။

ည 9 နာရီ YouTube မှာ ဆုံကြမယ် ကိုယ့်လူတို့! 😜
Please open Telegram to view this post
VIEW IN TELEGRAM
❤25🔥4🍓3
Video လေးရပါပြီခင်ဗျ
Link 🖇️ လေးကို နှိပ်ပြီးတော့
Saas Edit လေးကို Tutorial လေးနဲ့ ကိုယ်တိုင်ကျူံးလို့ရပါပြီဗျ😜
https://youtu.be/WvXsdgODnm4?si=nwveupfFb7eJERIQ
Please open Telegram to view this post
VIEW IN TELEGRAM
❤18🔥3
လာမယ့် ၁၀ရက်နေ့ကြရင် ကျနော် Seminar လေး လုပ်ပေးဖို့ ရှိပါတယ်။

အဓိက ဘာလို့ အဲ့ Seminar လုပ်ရတာလဲ ဆိုရင်တော့...

ကျနော့် DM မှာ ‌အမေးများဆုံး ဖြစ်တဲ့ မေးခွန်းတွေ!

Video edit လုပ်ပြီး လမ်းပျောက်နေတဲ့ လူတွေအတွက်.. Edit နဲ့ income ဘယ်လို ရှာလို့ရနိုင်မလဲ?

Beginner level ကနေ Professional level ကို တက်ဖို့အတွက် Video edit ကို ဘယ်လို လေ့လာရမလဲ?

Client များများရအောင် ကိုယ့် portfolio ကို ဘယ်လို တည်ဆောက်ရလဲ?

ဆိုတဲ့ အကြောင်း‌အရာတွေကို သေ"ချာ" Sharing ပေးချင်လို့ရယ်..

နောက်တစ်ခုက ဝယ်သုံးရတဲ့
Sound effects/ Font / ကျနော့်ဘက်က လုပ်ပေးထားတဲ့ Text Preset Link အကုန်လုံး...

Giveaway ပေးချင်လို့လည်း ပါပါတယ်။

အဓိကကတော့ ရှေ့မှာပြောသလို Q&A လေးလည်း ပါမှာမို့...

ကျနော်နဲ့ တိုက်ရိုက် မေးချင်တာလေးတွေလည်း မေးလို့ရအောင်ပါ။

ဆိုတော့ ဒီ Seminar လေးကို Join သင့်တဲ့ လူတွေကတော့..

Video edit ကို ကြမ်းအောင် စလေ့လာချင်သူတွေ!

Freelance စလုပ်ချင်တဲ့ လူတွေ!

Video edit နဲ့ ဝင်ငွေရှာချင်တဲ့ လူတွေ အတွက်က တော်တော်လေးကို အဆင်ပြေစေမှာမို့!

မဖြစ်မနေကို ဝင် Join သင့်တဲ့ Seminar လေး တစ်ခုပါ။

ဒီ Seminar လေးကို join ချင်တယ်ဆိုရင်တော့ ဒီအောက်က ကျနော်ပေးထားတဲ့ link ကနေ ဝင်ထားလို့ရပါတယ်။😜

https://t.me/Omeracmt
Please open Telegram to view this post
VIEW IN TELEGRAM
❤36👍4🔥1🎄1🗿1
Davinci Resolve User တွေအတွက်
ဒီနေ့ည 9:00 ကျရင်

✴️YouTube video လေးလာပါမယ်ဗျ
Video ထဲမှာ
Material ရှာနည်းကစ
Ai နဲ့ generate လုပ်နည်းတွေကောပါတာမလို့ ✴️ DV / Alight motion users ဘယ်သူကြည့်ကြည့် အဆင်ပြေပါမယ်ဗျ
ဆိုတော့ ည 9:00 ကျရင် တွေ့လိုက်ကြရအောင် 😜
Please open Telegram to view this post
VIEW IN TELEGRAM
❤18☃2🔥1
🐸 သိန်းချီတန်တဲ့ Premium Plugins တွေ အလကားယူမလား? ဒါမှမဟုတ် Video Edit လုပ်ပြီး ဝင်ငွေရှာဖို့ လမ်းပျောက်နေလား?

ကိုယ့်လူတို့အတွက် ကျနော့် DM မှာ အမေးအများဆုံးဖြစ်တဲ့ မေးခွန်းတွေကို တိုက်ရိုက်ဖြေပေးမယ့်အပြင်၊ Pro တစ်ယောက်လို အချိန်ကုန်သက်သာစွာ Edit နိုင်ဖို့ ကိုယ်တိုင်ဝယ်ရင် ဒေါ်လာရာချီပေးရမယ့် Premium Plugins တွေကို Free ပေးသွားမယ့် အစီအစဉ်ရှိပါတယ်။

💡 ဘာတွေ Sharing လုပ်ပေးသွားမှာလဲ?
လာမယ့် မတ်လ (၁၀) ရက်နေ့မှာ ကျင်းပသွားမယ့် Free Webinar လေးမှာ အောက်ပါအကြောင်းအရာတွေကို သေ"ချာ" ရှင်းပြပေးသွားမှာပါ...

✅ Video edit လုပ်ပြီး လမ်းပျောက်နေတဲ့သူတွေအတွက်... Edit နဲ့ Income ဘယ်လိုရှာမလဲ?
✅ Beginner level ကနေ Professional level ကို တက်ဖို့ Video edit ကို ဘယ်လိုလေ့လာရမလဲ?
✅ Client များများရအောင် ကိုယ့် Portfolio ကို ဘယ်လို တည်ဆောက်ရမလဲ?

ဒါ့အပြင် ကိုယ်တိုင်တိုက်ရိုက်သိချင်တာတွေ မေးလို့ရမယ့် Q&A Session လည်း ပါဝင်မှာဖြစ်လို့ Freelance စလုပ်ချင်သူတွေ၊ Video Edit နဲ့ ဝင်ငွေရှာချင်သူတွေနဲ့ အကြမ်းစားစလေ့လာချင်သူတွေအတွက် မဖြစ်မနေ လာတက်သင့်တဲ့ပွဲပါ။

🎁✅ ဘယ်လို Premium လက်ဆောင်တွေ ရမှာလဲ?
Webinar ကို ကိုယ်တိုင်လာတက်တဲ့သူတိုင်းအတွက် သိန်းချီတန်တဲ့ အောက်ပါ Premium Items တွေကို Free Giveaway ပေးသွားဦးမှာပါ...

💎 DaVinci Resolve Paid Plugins (၁ သိန်းကျော်တန်)
💎 Text & Transition Plugins 100+
💎 Effect Plugins & Premium Sound Effects
💎 Premium Fonts & Color Presets
💎 ကျနော်ကိုယ်တိုင် လုပ်ပေးထားတဲ့ Alight Motion Text Presets + Premium SFX Link အကုန်လုံး

‼️ဘယ်လို Join ရမလဲ?
Webinar တက်ရင်း ပိုက်ဆံရှာနိုင်မယ့် လမ်းကြောင်းတွေလည်းသိ၊ Pro တစ်ယောက်လို Edit နိုင်မယ့် Premium Plugins တွေလည်း အလကားရမယ့် ဒီအခွင့်အရေးကို လုံးဝ လက်မလွှတ်လိုက်ပါနဲ့ဗျ။
ဒီ Webinar လေးကို Join ချင်တယ်ဆိုရင်တော့ အောက်က ကျနော်ပေးထားတဲ့ Link ကနေ အခုပဲ ဝင်ထားလို့ရပါပြီ။ 😜‼️

👉 https://t.me/Omeracmt
Please open Telegram to view this post
VIEW IN TELEGRAM
❤13🔥2
Fusion မှာ Camera သုံးရတာ ခေါင်းစားနေတဲ့ ကိုယ့်လူတို့အတွက် အလန်းစား Solution တစ်ခု ဒီည လာမယ်ဗျ☺️

✴️ဒီညမှာ တင်မဲ့ Video ထဲမှာ DaVinci Resolve ရဲ့ Fusion ကိုသုံးပြီး 3D Edit တွေ ဘယ်လိုအမိုက်စား လုပ်မလဲဆိုတာကို Step-by-Step ရှင်းပြထားတယ်ဗျ။

Material ရှာနည်းကအစ
Fusion ထဲမှာ 3D Camera တွေနဲ့
ကစားပြသွားမှာ ဆိုတော့
လုံးဝ လက်မလွှတ်သင့်ဘူးပေါ့။😜

ကိုယ့်ရဲ့ Edit တွေကို
ပုံမှန် Level ထက်ကျော်ပြီး
Professional ဆန်ဆန် 3D Vibes တွေ ထည့်ချင်တယ်၊
DaVinci Resolve ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ချင်တယ်ဆိုရင်တော့ ဒီ Video က အဖြေပဲဗျ။

PC ရှေ့မှာ ထိုင်ရင်းနဲ့ Cinema Quality Edit တွေ ဖန်တီးဖို့ အဆင်သင့်ပဲလား? 😜
ဆိုတော့... ဒီည 10 နာရီ တိတိမှာ ✴️YouTube မှာ လာပါမယ်ဗျ
Please open Telegram to view this post
VIEW IN TELEGRAM
❤19🥰4🔥3