Create with OMERA
24K subscribers
808 photos
339 videos
493 files
200 links
Create smarter with AI, editing & modern workflows.

DM @pyaesone_8989
Download Telegram
Video တွေတင်ပြီး View မတက်ရင် ဒါလေးအရင်ပြင်ကြည့်

ဒီနေ့တော့ ကျွန်တော် အရင်က ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြန်share ပေးချင်တယ်ဗျ။ Content Creator လုပ်နေတဲ့ လူငယ်တွေအတွက်တော့ တကယ့်ကို အသက်ပါပဲ။

ဖြစ်ပုံက ဒီလိုဗျာ...
အရင်က ကျွန်တော့်ဆီမှာ Client တစ်ယောက်ရှိတယ်။ သူ့အတွက် Video အသစ်တွေ ၁၀ ပုဒ်လောက် ဖန်တီးပြီး တင်ပေးတယ်။ Script တွေ၊ ရိုက်ချက်တွေ အကုန်ကောင်းတယ်။ ဒါပေမဲ့... Performance က တက်မလာဘူးဗျ။ View တွေ၊ Click တွေက အီလည်လည်နဲ့ တန့်နေရော။

အဲဒီမှာ ကျွန်တော် တစ်ခုပဲ ပြောင်းလုပ်လိုက်တယ်။ Video တစ်ခုလုံးကို ပြန်ရိုက်တာ မဟုတ်ဘူးနော်။
Thumbnail လေး တစ်ခုတည်းကိုပဲ ပြောင်းလိုက်တာ။
အဲ့နောက် CTR (Click-Through Rate) က ၄၇% တောင် ထိုးတက်သွားပါလေရောဗျာ။

Hook ကြောင်းလည်း မဟုတ်ဘူး၊ Offer ကြောင့်လည်း မဟုတ်ဘူး၊ Script ကြောင့်လည်း မဟုတ်ဘူးနော်။ Video မဖွင့်ခင် မြင်ရတဲ့ ပုံလေးတစ်ခုကြောင့်ပဲ။

ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတော့ -
🔷 အသံပိတ်ပြီး Scroll နေကြလို့ပါ
YouTube တို့ Facebook တို့ သုံးတဲ့သူအများစုက ဖုန်းကို Silent နဲ့ ပွတ်နေကြတာများတယ်ဗျ။ ဆိုတော့ ကိုယ့် Video ရဲ့ Thumbnail က ပထမဆုံး Hook (ဆွဲဆောင်မှု) ပါပဲ။ ပုံမြင်မှ စိတ်ဝင်စားပြီး အသံဖွင့်နားထောင်ကြတာကိုး။
🔷 "ဒါ ငါ့အတွက်ပဲ" လို့ ချက်ချင်းသိစေတယ်
မြင်လိုက်တာနဲ့ ဒါက ဘယ်သူတွေအတွက်လဲ၊ ဘာအကြောင်းလဲဆိုတာ ချက်ချင်း Visual နဲ့ ဆွဲဆောင်နိုင်ရမယ်ဗျ။
🔷 အရမ်းကြီး လှနေဖို့ မလိုပါဘူး
ဒီအချက်က အရေးကြီးတယ်ဗျ။ ဒီဇိုင်းတွေ အရမ်းမိုက်နေမှ၊ အရောင်တွေ စုံနေမှ ကောင်းတာ မဟုတ်ဘူး။ တစ်ခါတလေကျတော့ Raw ဖြစ်တဲ့၊ သဘာဝကျကျ ရိုးရှင်းတဲ့ Thumbnail တွေက ပိုပြီး View ရတတ်တယ်။ လူတွေက ကြော်ငြာမှန်းသိသာတာထက်စာရင် Native ဖြစ်တာမျိုးကို ပိုကြိုက်ကြတယ်လေ။

ဒါကြောင့် ကိုယ့်လူတို့လည်း Content တွေလုပ်တဲ့အခါ Headline (ခေါင်းစဉ်) ကို အချိန်ပေး စဉ်းစားသလိုမျိုး Thumbnail ကိုလည်း သေချာအချိန်ပေးပြီး စမ်းသပ်ကြည့်စေချင်တယ်ဗျ။

Video တစ်ပုဒ် ပေါက်မပေါက်က အဲဒီ ပုံလေးတစ်ပုံပေါ်မှာ မူတည်နေတတ်လို့ပါ။
42👍5🥰3🔥2
TikTok မှာ ဆရာကျဖို့ TikTok Algorithm အကြိုက်ဆုံး Niche Strategy

အရင်တုန်းကတော့ Brand တွေ၊ Creator တွေက "စုံပလုံစိ" တင်မှ လူကြိုက်များမယ်လို့ ထင်ခဲ့ကြတာ။

ဒါပေမဲ့အခုခေတ် TikTok Algorithm က အဲ့လိုမဟုတ်တော့ဘူးဗျ။ သူက "Niche" (ခေါင်းစဉ်တစ်ခုတည်း/ ပုံစံတစ်မျိုးတည်း) သွားတဲ့လူတွေကို ပိုသဘောကျတယ်။

ဥပမာ -

🌍 တစ်ကမ္ဘာလုံးက လူတွေကြည့်နေတာ

သခွာသီးချဉ် (Pickles) ပဲ ထိုင်လုပ်ပြနေတဲ့ ဘဲကြီး @ logan လိုမျိုး။

လမ်းထောင့်တွေကို ကွေ့ပြတဲ့ Video တွေချည်းပဲ ရိုက်တင်တဲ့ @ thetarlov လိုမျိုး။

ဒါမှမဟုတ် လမ်းဘေးခုံတန်းမှာထိုင်ပြီး ခေါက်ဆွဲပြုတ်စားရင်း လူတွေကို အင်တာဗျူးလုပ်နေတဲ့ Ramen Brand လိုမျိုးပေါ့။

"ဟာ... တစ်မျိုးတည်းလုပ်နေရရင် ပျင်းစရာကြီး၊ ဘောင်ခတ်သလို ဖြစ်မနေဘူးလား" လို့ ကိုယ့်လူတို့ မေးချင်မေးမယ်။

အဖြေကတော့
"No"

ပါဗျာ။ ဒါက ကိုယ့်ကို လူတွေကြားထဲမှာ ထင်းခနဲဖြစ်သွားစေပြီး Viral ဖြစ်ဖို့ အသေချာဆုံး နည်းလမ်းပဲ။ ဘာလို့လဲဆိုတော့...

💖(1) Algorithm က ကိုယ့်ကို သဘောကျသွားမယ်
TikTok Algorithm ဆိုတာ ရှင်းရှင်းလင်းလင်းရှိတာကို ကြိုက်တယ်ဗျ။ ကိုယ်က ဘာအကြောင်း ပြောနေလဲဆိုတာ သူက ရှင်းရှင်းလင်းလင်း သိမှ ကိုယ့် Content ကို စိတ်ဝင်စားမယ့်သူတွေဆီ တန်းပို့ပေးနိုင်မှာ။ Reach တွေ တက်လာဖို့ ဒါက အဓိကပဲ။

💖(2) Fan အမာခံတွေ ရလာမယ်
ကိုယ့်ဆီလာရင် ဘာရမယ်ဆိုတာ ပရိသတ်က ကြိုသိနေတော့ မျှော်နေကြပြီလေ။ ဥပမာ - Tech Review ပဲ လုပ်မယ်ဆိုရင် ဖုန်းအသစ်ထွက်တိုင်း ကိုယ့်လူတို့ဆီ ပြေးကြည့်ကြမှာ။ ယုံကြည်မှု (Trust) တည်ဆောက်ပြီးသား ဖြစ်သွားတာပေါ့။

💖(3) ဘောင်ခတ်ထားမှ Idea အလန်းတွေ ထွက်တာ
ဒါက Paradox ပဲဗျ။ ခေါင်းစဉ်တစ်ခုတည်းအောက်မှာ ဘာလုပ်ပြရမလဲ စဉ်းစားရတာက ကိုယ့်ရဲ့ Creativity ကို ပိုပြီး စိန်ခေါ်ရာရောက်တယ်။ ကိုယ်ရွေးထားတဲ့ Niche ထဲမှာပဲ လူတွေမထင်ထားတဲ့ ပုံစံတွေ ဖောက်ထွက်ပြီး လုပ်ပြလို့ရတယ်လေ။

💖(4) Personal Branding အတွက် ရှယ်မိုက်တယ်
"သြော်... ဟို စာအုပ်အကြောင်းပဲ ပြောတဲ့ ကောင်မလေးလား"၊ "ဟို ဆေးနည်းတွေပဲ ပြောပြတဲ့ အစ်ကိုကြီးလား" ဆိုပြီး လူတွေက ကိုယ့်ကို တန်းမှတ်မိသွားမယ်။ ကိုယ့် Identity က ခိုင်မာသွားရော။

💖(5) Content လုပ်ရတာ ခေါင်းမရှုပ်တော့ဘူး
ဒီနေ့ ဘာတင်ရမလဲ၊ ဟိုဟာတင်ရမလဲ ဒီဟာတင်ရမလဲ ခေါင်းစားနေစရာ မလိုတော့ဘူးဗျာ။ ကိုယ့် Format အတိုင်း တောက်လျှောက်သွားရုံပဲဆိုတော့ စဉ်းစားချိန်သက်သာတယ်၊ Shooting လုပ်ရတာ ပိုမြန်တယ်။

💖(6) Viral ဖြစ်ဖို့ ပိုလွယ်တယ်
လူတိုင်းကြိုက်အောင် လုပ်ထားတာထက် Community တစ်ခုကိုပဲ Target ထားတာက ပိုပြီး ထိရောက်မှုရှိတယ်။ ကိုယ့် Video က အဲ့ဒီ Community ထဲမှာ ပြန့်သွားပြီဆိုတာနဲ့ တန်းပြီး Viral ဖြစ်ဖို့ လွယ်သွားပြီ။

ဆိုတော့ကာ...
Topic တစ်ခုတည်းသွားတာက ပျင်းစရာကောင်းလား?
ကောင်းချင် ကောင်းမယ်။
ဒါပေမဲ့ ထိရောက်လား?
သေချာပေါက်ပဲဗျ!!

ကိုယ့်လူတို့ရော TikTok မှာ ဘယ်လို Niche နဲ့ ဖောက်ထွက်ဖို့ စဉ်းစားထားလဲ?
Please open Telegram to view this post
VIEW IN TELEGRAM
35🔥51
Capcut User တွေရှိကြလားခ
Anonymous Poll
86%
ရှိ🤪
14%
မရှိ😌
171
AI ခေတ်မှာ နောက်မကျန်ခဲ့ချင်ရင်၊ ပိုက်ဆံရှာချင်ရင် ဒီ Skill (၃) ခု မဖြစ်မနေ လိုတယ်ဗျ

AI Tool တွေကတော့ နေ့တိုင်းလိုလို အသစ်ထွက်နေတာ။ ဒါတွေကို လိုက်မှတ်နေရုံနဲ့တော့ ပိုက်ဆံမရဘူးဗျ။ ဒီတော့ ဘာတွေလိုလဲ ကြည့်ရအောင်။

(1) AI Orchestration (AI ကို ခိုင်းတတ်၊ ပေါင်းစပ်တတ်တဲ့ စွမ်းရည်)

အခု ၂၀၂၆ မှာတော့ Prompt Engineering က Basic ဖြစ်သွားပြီဗျ။ အခုလိုတာက AI Orchestration။
ဒါက ဘာလဲဆိုတော့ AI တစ်ခုတည်းကို မေးနေတာမျိုး မဟုတ်တော့ဘဲ၊ AI Tool မျိုးစုံကို ချိတ်ဆက်ပြီး ကိုယ်လိုချင်တဲ့ result ထွက်အောင် ဖန်တီးတာမျိုးဗျ။ ဥပမာ - မြန်မာပြည်က SME လုပ်ငန်းရှင်တစ်ယောက်အတွက် Marketing လုပ်ပေးချင်တယ်ဆိုပါစို့။
Idea ထုတ်ဖို့အတွက် AI တစ်ခုသုံးမယ်။
ထွက်လာတဲ့ စာသားကို မြန်မာမှုပြုဖို့ နောက် AI တစ်ခုနဲ့ ပြန်ညှိမယ်။
Poster ဆွဲဖို့ Image Gen AI သုံးမယ်။
Video လုပ်ဖို့ နောက် Tool တစ်ခုနဲ့ ချိတ်မယ်။
ဒီလိုမျိုး မတူညီတဲ့ AI တွေကို Orchestra တစ်ယောက်လို ဟန်ချက်ညီညီ ပေါင်းစပ်ခိုင်းနိုင်တဲ့ Skill ရှိမှသာ သူများနဲ့မတူတဲ့ Quality ထွက်ပြီး ဈေးကောင်းတောင်းလို့ရမှာဗျ။ Command ရိုက်တတ်ရုံနဲ့ မလုံလောက်တော့ဘူး၊ Process တစ်ခုလုံးကို မြင်တတ်ဖို့ လိုလာပြီဗျ။

(2) Domain Expertise + Critical Thinking (ကိုယ့်နယ်ပယ်ကို ကျွမ်းကျင်မှု + ဝေဖန်ပိုင်းခြားနိုင်မှု)

ဒါက တော်တော်များများ မေ့နေကြတဲ့ အချက်ဗျ။ AI က ကုဒ်ရေးပေးနိုင်တယ်၊ စာရေးပေးနိုင်တယ်။ ဒါပေမဲ့ "ဘာရေးရမလဲ" ဆိုတာကိုတော့ ကိုယ့်လူတို့က ဆုံးဖြတ်ရမှာ။
ကိုယ့်လူက Programmer ဆိုရင် System Architecture ကို နားလည်မှ AI ရေးပေးတဲ့ Code က အမှိုက်လား၊ ရွှေလား ခွဲခြားတတ်မှာ။ ကိုယ့်လူက Graphic Designer ဆိုရင် Art Theory ကို နားလည်မှ AI ထုတ်ပေးတဲ့ပုံကို ပြန်ပြင်နိုင်မှာ။
မြန်မာနိုင်ငံမှာ AI နဲ့ ပိုက်ဆံရှာမယ်ဆိုရင် "AI Expert" သက်သက် လုပ်မနေပါနဲ့။
AI + Education
AI + Content Creation
AI + Digital Marketing
ဆိုပြီး ကိုယ်ပိုင်နယ်ပယ် (Domain) တစ်ခုခုမှာ ကျွမ်းကျင်အောင်လုပ်ထားပါ။ အဲ့ဒီကျွမ်းကျင်မှုကို AI နဲ့ ပေါင်းလိုက်တဲ့အခါ ကိုယ့်လူက ဆရာတစ်ဆူ ဖြစ်သွားလိမ့်မယ်။ AI က Tool ပဲရှိသေးတယ်၊ Master ကတော့ ကိုယ့်လူတို့ ဖြစ်ရမှာဗျ။

(3) AI Adaptability & Ethics (ပြောင်းလဲမှုကို ချက်ချင်းလိုက်မီခြင်း နဲ့ ကျင့်ဝတ်)

၂၀၂၆ မှာ နည်းပညာက မနက်နဲ့ ညတောင် မတူတော့ဘူး။ ဒီတော့ အရေးကြီးဆုံးက Unlearn & Relearn ပဲ။ အရင်သိထားတာတွေအပြင် အသစ်ကို ချက်ချင်းသင်ယူနိုင်တဲ့ Skill ဗျ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာက အခုမှ AI တွေ တွင်တွင်ကျယ်ကျယ် စသုံးလာကြတာဆိုတော့ တချို့က လိမ်ညာတာတွေ၊ Deepfake တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိလာကြတယ်။ ဒီနေရာမှာ ကိုယ့်လူတို့က Ethical User အဖြစ် ရပ်တည်နိုင်ရင် ယုံကြည်မှုပိုရမယ်။ Client တွေက ယုံကြည်ရတဲ့သူကိုပဲ အလုပ်အပ်ချင်ကြတာဗျ။
ဥပမာ - သူများပုံတွေ ခိုးသုံးတာမျိုးမဟုတ်ဘဲ၊ ကိုယ်ပိုင် Idea နဲ့ ဖန်တီးထားတဲ့ Original Content မျိုးတွေ၊ Data Privacy ကို လေးစားတဲ့ ဝန်ဆောင်မှုမျိုးတွေက ရေရှည်မှာ ပိုပြီး ပိုက်ဆံရှာလို့ကောင်းပါလိမ့်မယ်။

နောက်ဆုံးပြောရရင်ဗျာ...
AI ဆိုတာ ရထားတစ်စင်းလိုပဲဗျ။ ရထားက ထွက်နေပြီ။ ကိုယ့်လူတို့က ရထားပေါ် လိုက်စီးမလား၊ ဒါမှမဟုတ် ဘူတာရုံမှာ ကျန်ခဲ့ပြီး ရထားကြီးကို ငေးကြည့်နေမလား။
အခုပြောခဲ့တဲ့ (၃) ချက်ဖြစ်တဲ့ AI တွေကို ပေါင်းစပ်သုံးတတ်တာ၊ ကိုယ်ပိုင်နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်တာ၊ အမြဲတမ်း လေ့လာသင်ယူနေတာ... ဒါတွေသာ ရှိထားရင် ၂၀၂၆ မှာ ကိုယ့်လူတို့အတွက် အခွင့်အလမ်းတွေက ပေါမှပေါပဲ။

ဆိုတော့ ဒီနေ့ပဲ ကိုယ်ဘာကို အားသန်လဲ ပြန်စဉ်းစားပြီး AI နဲ့ စတင် ပေါင်းစပ်လိုက်ကြရအောင်ဗျာ။
Let's rock with AI! 🚀
33🔥5🥰3🍓2
Social Media မှာ သူများထက် ခြေတစ်လှမ်းသာချင်ရင် Netflix ဆီကနေ သင်ခန်းစာယူပါ‼️

Social Media ပေါ်မှာ ကိုယ့် Content တွေ လူတွေသတိထားမိဖို့ ခက်လာပြီလို့ ခံစားနေရလား?

👀 ဒါ အမှန်တရားပါပဲဗျာ... နောက်ပိုင်းကျရင် ပိုတောင် ခက်လာဦးမှာ။

ဘာနဲ့တူလဲဆိုတော့ Streaming Industry က Netflix လိုပေါ့။
Netflix စပေါ်တုန်းက သူများရိုက်ပြီးသား ရုပ်ရှင်အဟောင်းတွေ လိုက်ပြပြီး စခဲ့တာလေ။ ဒါပေမဲ့ နောက်ပိုင်း Disney တို့၊ Prime တို့လို တခြားအကောင်ကြီးတွေ ဝင်လာပြီး အပြိုင်အဆိုင်တွေ များလာရော။
အဲ့ဒီမှာ Netflix ဘာလုပ်လိုက်လဲ သတိထားမိကြလား?

သူများတွေ လုပ်ပြီးသားတွေ လိုက်ပြနေမယ့်အစား Original Contentတွေ ကိုယ်တိုင်ထုတ်လုပ်ပြီး သူ့ရဲ့ Game ကို Level မြှင့်လိုက်တယ်။ အခုဆို ကြည့်လိုက်ရင် Netflix Series တွေက ထိပ်ဆုံးမှာပဲလေ။

ဆိုတော့... ကျွန်တော်တို့ Content Creator တွေ၊ Online Business လုပ်နေတဲ့ ကိုယ့်လူတို့လည်း ဒီတိုင်းပါပဲ။ သူများလုပ်သလို လိုက်လုပ်နေရုံနဲ့ မရတော့ဘူး။ ကိုယ့်ရဲ့ Content Quality ကို မြှင့်မှ၊ ကိုယ့်ရဲ့ တင်ဆက်ပုံက "Original" ဖြစ်မှ နေရာတစ်ခု ရတော့မှာဗျ။ 🔥

ဒါကြောင့် ဒီပြိုင်ဆိုင်မှုတွေကြားမှာ Stand Out ဖြစ်ပြီး ထင်းခနဲ နေရာရလာဖို့ ကျွန်တော်သုံးနေတဲ့ Strategy (၆) ခုကို မျှဝေပေးချင်ပါတယ်။

(1) ပြဿနာတစ်ခုကိုပဲ သေချာဖြေရှင်းပေးပါ (Solve a Specific Problem)
Content လုပ်ပြီဆိုရင် ခေါင်းစဉ်ပေါင်းစုံ လျှောက်မလုပ်ပါနဲ့။ ပဒေသာပင်လို အကုန်သီးချင်လို့ မရဘူးဗျ။ ကိုယ့်ပရိသတ် ခံစားနေရတဲ့ "ပြဿနာ တစ်ခု" ကို ရှာပြီး အဲ့ဒါကို ပြေလည်သွားအောင် ကူညီပေးနိုင်တဲ့ Content မျိုးကိုပဲ ဇောက်ချလုပ်ပါ။ ဒါမှ ကိုယ့်ကို အားကိုးတဲ့ Fan အစစ်တွေ ရလာမှာ။

(2) ပရိသတ် ဘာလိုချင်လဲ အရင်စုံစမ်းပါ (Know Your Audience)
သူတို့ ဘာတွေစိတ်ဝင်စားလဲ၊ ဘာတွေ ရှာနေလဲဆိုတာ အရင်လေ့လာဗျာ။ Quora တို့၊ Reddit တို့၊ Answer the Public တို့လို Tool တွေသုံးပြီး ရှာလို့ရသလို၊ AI ကိုမေးပြီး Idea ယူလို့လည်း ရတယ်။ အရိုးရှင်းဆုံးကတော့ ကိုယ့်ပရိသတ်ကို "ဘာလိုချင်လဲ" လို့ တဲ့တိုးသာ မေးလိုက်ဗျာ... အဲ့ဒါ အထိရောက်ဆုံးပဲ။

(3) Hook ဆိုတာက အသက်ပဲ (Master the Hook)
Video ပဲဖြစ်ဖြစ်၊ စာပဲဖြစ်ဖြစ် စစချင်း (၃) စက္ကန့်မှာ ဆွဲဆောင်နိုင်ဖို့ လိုတယ်။ သူတို့ရဲ့ Pain Point ကို ထောက်ပြပြီး Hook လုပ်နိုင်မှ ဆက်ကြည့်ကြမှာ။ Hook မကောင်းရင် ကျော်သွားကြမှာပဲ။

(4) တန်ဖိုးရှိပါစေ (Deliver Value)
ခေါင်းစဉ်တော့ ကောင်းပါရဲ့... ဝင်ကြည့်လိုက်တော့ ဘာမှမဟုတ်ဘူးဆိုရင် ပရိသတ်က ဒေါသထွက်ပြီး ပြန်ထွက်သွားမှာဗျ။ ကိုယ်ပေးချင်တဲ့ တန်ဖိုး (Value) ကို သေချာထည့်ပေးပါ။ ဖတ်ပြီး/ကြည့်ပြီးတာနဲ့ "ဟာ... ငါ့အတွက် တကယ်အကျိုးရှိတယ်" ဆိုတဲ့ ခံစားချက်မျိုး ပေးနိုင်ရမယ်။

(၅) တစ်ချက်ခုတ် သုံးလေးချက်ပြတ် လုပ်ပါ (Repurpose Content)
Content တစ်ခုကို တစ်နေရာတည်းတင်ပြီး မထားလိုက်နဲ့ဗျ။ ဥပမာ- Video အရှည်ကြီး တစ်ပုဒ်လုပ်ထားရင် အဲ့ဒါကိုဖြတ်ပြီး Reel ပြန်တင်၊ အထဲက အနှစ်ချုပ်ကို စာပြန်ရေးပြီး Post တင်၊ Blog ပြန်ရေး... ဒီလိုနည်းနဲ့ Platform စုံမှာ နေရာယူရမယ်။

(၆) ပုံမှန်တင်ပါ (Be Consistent)
ဒါကတော့ အဓိကပဲဗျ။ ကိုယ်နိုင်မယ့် Schedule တစ်ခုဆွဲပြီး မှန်မှန်တင်ပေးဖို့ လိုတယ်။ "ဒီ Page ကတော့ အမြဲတမ်း ဗဟုသုတရစရာတွေ တင်ပေးနေကျပဲ" ဆိုပြီး ယုံကြည်မှု (Trust) ရလာအောင် တည်ဆောက်ရမှာပါ။

Content Creation ဆိုတာ ရေတိုကိစ္စ မဟုတ်ဘူးဗျ။ မာရသွန် ပြေးရသလိုပဲ။ အခုပြောပြခဲ့တဲ့ အချက် (၆) ချက်ကို သေချာ အသုံးချနိုင်ရင်တော့ Social Media ပေါ်မှာ ကိုယ့်လူတို့ရဲ့ နေရာတစ်ခု သေချာပေါက် ရလာမှာပါဗျ။ 🌚
Please open Telegram to view this post
VIEW IN TELEGRAM
36🔥2🎄21👍1
Reliable ဖြစ်ပြီး ပိုက်ဆံရှာပေးမယ့် AI System တည်ဆောက်ချင်ရင် Prompt ကို ဒီလို Optimize လုပ်ပါ။

AIAgent တွေ တည်ဆောက်တဲ့အခါ Prompt တစ်ခါရေး၊ Run ကြည့်၊ မကြိုက်ရင် ပြန်ပြင်... ဒီလို "Hardcoding" လုပ်ပြီး ကံစမ်းနေတဲ့ခေတ်က ကုန်သွားပြီဗျ။

အပျော်တမ်း သုံးတာလောက်က ကိစ္စမရှိပေမဲ့ တကယ်တမ်း Reliable ဖြစ်တဲ့ System တွေ၊ ပိုက်ဆံပြန်ရှာပေးမယ့် Product တွေ Build လုပ်တော့မယ်ဆိုရင် Prompt က "ငါရေးတာ အကောင်းဆုံး" ဆိုပြီး ဇွတ်သွားလုပ်လို့မရတော့ဘူး။ System တစ်ခုလုံးရဲ့ Component တွေလိုပဲ သူ့ကိုလည်း Test လုပ်ရမယ်၊ Evaluate လုပ်ရမယ်၊ ပြီးရင် Optimize ပြန်လုပ်ရမယ်။

ဆိုတော့... ကိုယ့်ရဲ့ AI Agent လေးတွေ လူပါးမဝဘဲ ခိုင်းတဲ့အတိုင်း တိတိကျကျ လုပ်ဆောင်နိုင်ဖို့ Industry မှာ သုံးနေတဲ့ Prompt Optimization နည်းလမ်း (၄) ခုကို လက်တို့ပေးချင်တယ်ဗျာ။

💖(1) Few Shot Prompting (နမူနာပြပြီး သင်ပေးနည်း)
AI ဆိုတာ ကလေးလိုပဲဗျ။ ပါးစပ်ကနေ ဒီလိုလုပ်၊ ဟိုလိုလုပ် ပြောနေတာထက် "ဥပမာ" လေးတွေ ထည့်ပေးလိုက်ရင် ပိုသဘောပေါက်လွယ်တယ်။ Prompt ထဲမှာ Labeled Example လေးတွေ ထည့်ပေးလိုက်တာက Model ကို Fine-tuning လုပ်စရာမလိုဘဲ ရလဒ်ကောင်းတွေ ထွက်စေတဲ့ အမြန်ဆုံးနည်းလမ်းပဲ။ အထူးသဖြင့် ရှုပ်ထွေးတဲ့ (Edge cases) တွေအတွက် ရှယ်မိုက်တယ်ဗျ။

💖(2) Meta Prompting (AI ကို AI နဲ့ ပြန်ထိန်းနည်း)
ဒါကတော့ နည်းနည်း ဆရာကျတယ်ဗျ။ Prompt ကို ကိုယ်တိုင်လိုက်ပြင်နေမယ့်အစား Model ကိုပဲ "မင်း ငါ့ Prompt ကို ပိုကောင်းအောင် ပြန်ပြင်ပေးကွာ" ဆိုပြီး ခိုင်းတာမျိုးပေါ့။ ကိုယ့် Prompt မှာ ဘာလိုနေလဲဆိုတာကို AI ကို Self-reflection လုပ်ခိုင်းလိုက်တဲ့သဘောပဲ။ Agent အဆင့်ဆင့် ချိတ်ဆက်ထားတဲ့ Setup တွေမှာဆို ဒီနည်းက အရမ်း powerful ဖြစ်တယ်။

💖(3) Gradient Prompt Optimization (Data နဲ့ တိုက်စစ်နည်း)
ဒါကတော့ နည်းနည်း Deep သွားပြီ။ Prompt မူကွဲ (Variants) တွေကို ထည့်မယ်၊ ထွက်လာတဲ့အဖြေက မျှော်မှန်းထားတဲ့အဖြေနဲ့ ဘယ်လောက်လွဲနေလဲ (Loss) တွက်မယ်၊ ပြီးရင် အဲ့ဒီ Data ကိုသုံးပြီး Prompt ကို ပြန်ညှိမယ်။ အရင်လို စိတ်မှန်းနဲ့ လျှောက်ပြင်နေတာ မဟုတ်ဘဲ Data-driven ပုံစံနဲ့ Performance ကို Scale လုပ်ယူတဲ့နည်းပေါ့ဗျာ။

💖(4) Prompt Optimization Libraries (Tool တွေ သုံးပြီး အလုပ်တွင်စေနည်း)
အပေါ်ကဟာတွေကို လက်နဲ့လိုက်လုပ်နေရင် ကြာတယ်ဗျာ။ အခုခေတ်က DSPy, AutoPrompt, PEFT နဲ့ PromptWizard လို Tool တွေ ရှိနေပြီ။ ကိုယ့်ရဲ့ Prompt ကို အစမ်းရေးတာကနေ Evaluate လုပ်ပြီး ပြန်ကောင်းအောင် ပြင်တဲ့အထိ သူတို့က Automate လုပ်ပေးနိုင်တယ်။ AI Engineer လုပ်မယ်ဆိုရင် DSPy လောက်တော့ စမ်းဖူးအောင် လုပ်ထားဗျ။

☺️နောက်ဆုံးအ‌နေနဲ့
ကိုယ့်ရဲ့ Agent တွေ တိုးတက်လာသလို ကိုယ့်ရဲ့ Prompt တွေကလည်း အမြဲ Evolve ဖြစ်နေဖို့ လိုတယ်ဗျ။ ဒီနည်းလမ်းတွေကို သုံးပြီး Feedback Loop တည်ဆောက်နိုင်မှ ကိုယ့် Agent က "ခိုင်းတာတခြား လုပ်တာတလွဲ" မဖြစ်ဘဲ ကိုယ်လိုချင်တဲ့ Output ကို ပေးနိုင်မှာ ဖြစ်ပါတယ်။

ဆိုတော့... ကိုယ့်လူတို့ရော ရိုးရိုး Prompt ရေးတာကနေ ဘယ်လို Advance ဖြစ်အောင် ပြောင်းလဲဖို့ စဉ်းစားထားလဲ🤔
Please open Telegram to view this post
VIEW IN TELEGRAM
25🔥1🥰1
🥸Content Creator များအတွက် Beginner အဆင့်ကနေ Next Level ကိုတက်လှမ်းဖို့ ✌️

TrendingAudio လေးသုံး၊ Textလေးထည့်၊ တစ်နေ့ ၃ ပုဒ်တင်...

ဒါတွေက အခြေခံတွေဗျာ။ မှားတော့ မမှားဘူး၊ ဒါပေမဲ့ ဒါတွေလုပ်ရုံနဲ့ View တွေပေါက်ပြီး Personal Brand ကြီးတစ်ခု တည်ဆောက်ဖို့က မလုံလောက်တော့ဘူး။
ဒီအဆင့်မှာပဲ တဝဲလည်လည်ဖြစ်ပြီး ရှေ့မရောက်တဲ့ Creator တွေ အများကြီးပဲ။

Long Game ကစားပြီး AI နည်းပညာနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့် Skill နဲ့ပဲဖြစ်ဖြစ် Career တစ်ခုတည်ဆောက်ချင်တယ်ဆိုရင်တော့ Beginner Tactics တွေထက် ပိုတဲ့ Strategy တွေ လိုလာပြီဗျ။

ကျွန်တော် ဒီ field မှာ ဖြတ်သန်းလာခဲ့တဲ့တစ်လျှောက်သတိထားမိလာတဲ့၊ တကယ် successful ဖြစ်တဲ့ Creator တွေ လုပ်လေ့ရှိတဲ့ အချက် (၅) ချက်ကို ပြောပြပါမယ်။ ဒါက ကိုယ့်လူတို့အတွက် Short-cut ပါပဲ။

😐(1) Data ကိုကြည့်ပြီးမှ နောက် Post ကိုတင်ပါ (Don't Post Blindly)
Content တင်တယ်ဆိုတာ မှန်းရမ်းပြီး ချနေရတာမျိုး မဖြစ်သင့်ဘူးဗျ။ ကိုယ့် Post တွေထဲမှာ ဘယ်လိုပုံစံတွေက လူကြိုက်များလဲ?
Data လေးနည်းနည်းကြည့်၊ Pattern လေးရှာ။ "ငါ့ Audience က ဒီလိုပုံစံဆို ကြိုက်ပါလား" ဆိုတာ သိပြီဆိုတာနဲ့ အဲ့ဒီ Pattern အတိုင်း နောက်ထပ် Content တွေကို ဆက်ထုတ်။ ကိုယ့်ရဲ့ Content တွေကို Report Card ပြန်စစ်သလိုမျိုး သေချာလေး ဂရုစိုက်ဖို့လိုတယ်။

😐(2) Top Performers တွေကို Remix လုပ်ပါ (Recycle Smartly)
သီချင်းတစ်ပုဒ်ပေါက်သွားရင် အဆိုတော်တွေက ဒီတိုင်းမထားဘူးလေ။ Remix ပြန်လုပ်တယ်၊ Acoustic ပြန်ဆိုတယ်၊ Collab လုပ်ကြတယ်။
Content မှာလည်း ဒီသဘောတရားပဲဗျ။ ကိုယ့်ရဲ့ Viral ဖြစ်ဖူးတဲ့၊ Engagement ကောင်းဖူးတဲ့ Post တွေကို ပုံစံပြောင်းပြီး ပြန်သုံး Template လုပ်။ ဥပမာ - AI Tool တစ်ခုအကြောင်း ပြောလို့ပေါက်သွားရင် နောက် Tool တစ်ခုကိုလည်း အဲ့ဒီ Format အတိုင်း ပြောကြည့်။

😐(3) CTA (Call-to-Action) တွေကို ပါးပါးလေးထည်

"Like ပေးခဲ့ပါ၊ Share ပေးခဲ့ပါ၊ ဝယ်ပါ" ဆိုပြီး တဲ့တိုးကြီးပြောတာတွေက အခုခေတ်မှာ သိပ်မထိရောက်တော့ဘူး။ Reach တောင် ကျသွားနိုင်တယ်။
ကိုယ့်လူတို့ ရောင်းချင်တဲ့ Product သို့မဟုတ် Service ကို ပေါ်တင်ကြီး မရောင်းဘဲ ကြော်ငြာရမယ်။
ဥပမာ - ကိုယ်က AI Course ရောင်းချင်တာဆိုရင် "Course ဝယ်ပါ" လို့ ပြောမဲ့အစား ကိုယ်တိုင် အဲ့ဒီ AI သုံးပြီး အလုပ်တွေ ဘယ်လောက်မြန်သွားလဲဆိုတာကို Video ထဲမှာ သဘာဝကျကျ ထည့်ပြလိုက်။ ဒါက ပိုထိရောက်တယ်။

😐(4) Platform အလိုက် ကစားကွက်ပြောင်း
TikTok မှာပေါက်တဲ့ Video က Facebook မှာ ပေါက်ချင်မှ ပေါက်မှာဗျ။
Platform တစ်ခုချင်းစီမှာ သူ့ Nature နဲ့သူရှိတယ်။ Facebook မှာ စာဖတ်ချင်ကြပေမဲ့ TikTok မှာက မြန်မြန်ဆန်ဆန်လိုချင်ကြတယ်။
ဆိုတော့... ဒီတိုင်းကြီး Copy-Paste လိုက်မတင်ဘဲ Platform နဲ့ ကိုက်အောင် နည်းနည်းလေး ပြန်ပြီး Repackage လုပ်ဖို့ မပျင်းပါနဲ့။

😐(5) အရာအားလုံးကို လိုက်ပြီး Track မနေပါနဲ့
Data တွေအများကြီးကြည့်တိုင်း အဖြေမှန်ထွက်တာ မဟုတ်ဘူးဗျ။ ခေါင်းတောင်ရှုပ်သေးတယ်။
ကိုယ့်အတွက် တကယ်အရေးကြီးတဲ့ Metrics ၂ ခု ၃ ခု လောက်ကိုပဲ ရွေးကြည့်။
ဥပမာ - ကျွန်တော့်အတွက်ဆိုရင် Views (ဘယ်လောက်လူမြင်လဲ)၊ Watch Time (ဘယ်လောက်စိတ်ဝင်စားလဲ) နဲ့ Conversions (ငါ့ဆီကနေ ဝယ်သွားလား/ Client ဖြစ်လာလား) ... ဒါပဲ ကြည့်တယ်။ ကျန်တာတွေ ခေါင်းထဲမထည့်ဘူး။

ဒီ ၅ ချက်က Hack နည်းတွေတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရေရှည်မှာ တကယ်တန်ဖိုးရှိတဲ့ Brand တစ်ခုဖြစ်လာဖို့ မဖြစ်မနေ လိုအပ်တဲ့ Habit တွေပါပဲ✌️
Please open Telegram to view this post
VIEW IN TELEGRAM
26👍3🔥3
💖AI Tool တွေ အများကြီး လိုက်စုနေရုံနဲ့ ပိုက်ဆံမရှာနိုင်ဘူးနော် ကိုယ့်လူတို့ 💖

AI ခေတ်စားလာတော့ အားလုံးက Tool သစ်ထွက်တာနဲ့ အလုအယက် လိုက်စမ်းကြ၊ Prompt တွေ လိုက်စုကြနဲ့ အလုပ်ရှုပ်နေကြတာ တွေ့တယ်ဗျ။

ဒါပေမဲ့ မေးချင်တာက... အဲ့ဒီ AI တွေသုံးပြီး တကယ်ရော "Impact" ရှိတဲ့ ရလဒ် ထွက်နေပြီလား? ပိုက်ဆံရော ရှာနိုင်နေပြီလား?
တကယ်တမ်း AI နဲ့ အလုပ်ဖြစ်ဖို့က Tool တွေအများကြီး သုံးတတ်ဖို့ မလိုဘူးဗျ။ Strategy ကောင်းဖို့ပဲ လိုတာ။ AI ကိုသုံးပြီး Real Impact ဖြစ်စေဖို့ ကျွန်တော်တို့ ဘာတွေလုပ်ကြမလဲ? ဒီအချက် (၈) ချက်ကို သေချာဖတ်ကြည့်ဗျာ။

💖(1) ဘာလိုချင်တာလဲ အရင်သိအောင်လုပ်ပါ (Align AI with Goals)
AI သုံးတာ အထာကျဖို့ သက်သက်မဖြစ်စေနဲ့။ ကိုယ်ဘာလိုချင်တာလဲ? ဥပမာ - ဒီဇိုင်းဆွဲချိန် သက်သာချင်တာလား? အရည်အသွေး ပိုကောင်းချင်တာလား? ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ AI ကို တွဲပါ။ ရည်ရွယ်ချက်မရှိဘဲ သုံးနေရင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။

💖(2) ဆုံးဖြတ်ချက်ချနိုင်သူတွေ နားလည်ပါစေ (Engage Leadership)
ကိုယ့်လူတို့က ကုမ္ပဏီမှာလုပ်တာပဲဖြစ်ဖြစ်၊ Freelance လုပ်တာပဲဖြစ်ဖြစ် Leader (သို့) Clientက AI ကို နားလည်ဖို့ လိုတယ်။ ဘာလို့သုံးသင့်လဲဆိုတဲ့ "Why" ကို ရှင်းပြနိုင်ရမယ်။ ဒါမှ သူတို့ဘက်က ယုံကြည်မှုရှိပြီး ရှေ့ဆက်တိုးလို့ရမှာဗျ။

💖(3) ကိုယ့်ကိုကိုယ် အရင်ပြင်ဆင်ပါ (Evaluate Readiness)
နည်းပညာက အဓိက အတားအဆီးမဟုတ်ဘူး၊ "အကြောက်တရား" ကသာ အဓိကပဲ။ "AI က ငါ့နေရာ လုသွားမလား" လို့ တွေးမဲ့အစား ငါ့ရဲ့ Confidence နဲ့ Skill ကို ဘယ်လိုမြှင့်မလဲ စဉ်းစားပါ။ ကိုယ့်စိတ်ကို အရင် Prepare လုပ်ထားဖို့ လိုတယ်။

💖(4) လက်နက်ကောင်းမှ တိုက်ပွဲနိုင်မယ် (Assess Tech Infrastructure)
Idea ကောင်းပြီး စက်က မနိုင်ရင်လည်း အလကားပဲဗျ။ ကိုယ်သုံးမဲ့ AI Tools တွေက ကိုယ့်အလုပ်နဲ့ ကိုက်ရဲ့လား၊ မြန်သလား၊ တခြား Software တွေနဲ့ တွဲသုံးလို့ အဆင်ပြေလားဆိုတာ စစ်ဆေးပါ။ အခြေခံအုတ်မြစ် ခိုင်မှ ရလဒ်ကောင်း ထွက်မှာ။

💖(5) ရလဒ်ကို တိုင်းတာပါ (Define KPIs)
"ပုံထွက်လာရင် ပြီးရော" ဆိုပြီး မလုပ်နဲ့။ ငါအရင်က ဒီအလုပ်ကို ၃ နာရီကြာတယ်၊ AI သုံးလိုက်တော့ ၁ နာရီပဲ ကြာတော့လား? ဒါမှမဟုတ် Quality ပိုကောင်းသွားလား? ဒါတွေကို တိုင်းတာ (Measure) လုပ်မှ ကိုယ်တိုးတက်လား၊ ဆုတ်ယုတ်နေလား သိမှာဗျ။

💖(6) ထည့်တဲ့ Dataက အမှိုက်ဆိုရင် ထွက်လာတာလည်း အမှိုက်ပါပဲ (Data Ready)
ဒါက အရေးအကြီးဆုံးပဲ။ AI ဆိုတာ ကိုယ်ပေးတဲ့ Data (Input) ပေါ်မူတည်ပြီး အလုပ်လုပ်တာ။ ကိုယ့် Input က မသေချာရင်၊ ရှုပ်ပွနေရင် ထွက်လာတဲ့ Output ကလည်း သုံးစားလို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်ရဲ့ Source တွေ၊ Prompt တွေကို သေချာ စနစ်တကျ ပြင်ဆင်ပါ။

💖(7) တဆင့်ချင်း သွားပါ (Phased Roadmap)
တစ်ခါတည်း အကုန်သိမ်းကျုံးလုပ်ဖို့ မကြိုးစားနဲ့ ကိုယ့်လူတို့။ သေချာတဲ့ Use Case တစ်ခုကနေ စမ်းပါ။ ဥပမာ - အရင်ဆုံး Content Writing အတွက်ပဲ သုံးမယ်။ အဲ့ဒါ အောင်မြင်ပြီဆိုမှ နောက်တစ်ဆင့် တက်ပါ။ "Small Win" လေးတွေကနေ ယုံကြည်မှု တည်ဆောက်သွားတာ ပိုခရီးရောက်တယ်။

💖(8) မျက်စိဖွင့် နားစွင့်ထားပါ (Monitor & Adapt)
AI လောကက ဒီနေ့တစ်မျိုး မနက်ဖြန်တစ်မျိုး ပြောင်းနေတာ။ Strategy တစ်ခုဆွဲပြီးရင် ဒီတိုင်းပစ်ထားလို့ မရဘူး။ အမြဲတမ်း ပြန်သုံးသပ်၊ လိုအပ်ရင် ပြင်ဆင်ပြီး Update လုပ်နေမှ ခေတ်နောက်မကျန်ခဲ့မှာ။

ဆိုတော့... AI ကို အသုံးချပြီး ဆရာကျကျ အလုပ်လုပ်ချင်ရင် ဒီအချက်တွေကို သတိထားကြည့်ပါ။ Tool တွေနောက် လိုက်ပြေးနေတာထက် Strategy ကောင်းကောင်းနဲ့ သုံးတတ်တဲ့သူကပဲ အောင်မြင်မှာဗျ။
Please open Telegram to view this post
VIEW IN TELEGRAM
24
Editor တွေဆိုတာ နောက်ကွယ်က "မှော်ဆရာ" တွေပဲ 🪄

Video Editor တစ်ယောက်ကို "မင်းက Clipလေးတွေ ဆက်ပေးလိုက်ရုံပဲမလား" လို့ လာပြောရင် နည်းနည်းတော့ စိတ်ဆိုးချင်စရာပဲဗျ။ ဘာလို့လဲဆိုတော့ တကယ့် Editor အစစ်တစ်ယောက်က Tools သမား သက်သက်မဟုတ်ဘူး။ သူက Storyteller လည်းဟုတ်တယ်၊ Technicianလည်းဟုတ်သလို၊ Creative Director တစ်ယောက်လည်း ဖြစ်နေလို့ပဲဗျ။

Content Creation လောကထဲ ဝင်လာမယ့် ကိုယ့်လူတို့အတွက်... တကယ်တမ်း Editor တစ်ယောက်ရဲ့ ခေါင်းထဲမှာ ဘာတွေလုပ်နေလဲဆိုတာ ပြောပြမယ်။

(1) Video တစ်ခုရဲ့ "အသက်" ကို ဖန်တီးတဲ့သူ 👑

Clip တွေကို ဖြတ်ညှပ်ကပ် လုပ်ရုံနဲ့မပြီးဘူးဗျ။
ဒီ Video က ပေးချင်တဲ့ Message က ဘာလဲ?
ကြည့်တဲ့သူရဲ့ စိတ်ခံစားချက် (Emotion) ကို ဘယ်လိုဆွဲခေါ်မလဲ?
ဘယ်နေရာမှာ အရှိန်မြှင့်ပြီး၊ ဘယ်နေရာမှာ ဆွဲဆန့်မလဲ (Pacing & Rhythm)?
ဒါတွေအားလုံးက Editor လက်ထဲမှာပဲ ရှိတာပါ။ ကြည့်တဲ့သူ ပျင်းသွားမလား၊ စိတ်ဝင်စားသွားမလားဆိုတာ ကျွန်တော်တို့ အပေါ်မူတည်တယ်ဗျ။

(2) Creative ဆုံးဖြတ်ချက်တွေ ချရတယ် 🧠

Visual Storytelling: ပုံလေးတွေကနေ စကားပြောအောင် လုပ်ရတယ်။
Timing: ဟာသပဲဖြစ်ဖြစ်၊ ကြော်ငြာပဲဖြစ်ဖြစ် Timing တစ်စက္ကန့် လွဲတာနဲ့ အဲ့ဒီ Video က ပေါ့သွားရော။
Music & Sound: Music ရွေးမှားရင် Video ကဟာတာတာကြီးဖြစ်ပြီပဲ။ Mood ကို အတက်အကျလုပ်ဖို့ Sound Design က အသက်ဗျ။

(3) နည်းပညာပိုင်းလည်း နိုင်နင်းရတယ် ⚙️

Color Grading မလုပ်တတ်ရင် ရုပ်ပုံတွေက ပြာနှမ်းနှမ်းနဲ့ ကြည့်မကောင်းဘူးလေ။ Audio တွေ ရှင်းနေအောင်၊ format တွေက ဖုန်းနဲ့ကြည့်မလား TV နဲ့ကြည့်မလား အကုန်အဆင်ပြေအောင် လုပ်ပေးရတာလည်း ကျွန်တော်တို့ပါပဲ။ Codec တွေ၊ Workflow တွေ နားမလည်ရင်တော့ Render ချရင်း အချိန်ကုန်နေမှာ။

(4) ပြဿနာတွေကို ဖြေရှင်းပေးသူ (The Real Savior) 🎭
ရိုက်ကူးရေးမှာ တလွဲတွေပါလာရင် ဘယ်သူကယ်ရလဲ? Editor ပဲလေ။
Bad footage တွေကို ကြည့်ကောင်းအောင် ပြန်လုပ်ပေးရတယ်။
Continuity လွဲနေတာတွေကို ပြန်ညှိပေးရတယ်။
Deadline တွေက ကြပ်တဲ့ကြားထဲက အကောင်းဆုံးထွက်အောင် ဖန်တီးရတယ်။

‼️ဒါကြောင့်... "Video Editing ဆိုတာ Button လေးတွေ နှိပ်ရုံပဲ" လို့ ဘယ်သူလာပြောပြော ခေါင်းထဲမထည့်ပါနဲ့ ကိုယ့်လူတို့။
Video Editing ဆိုတာ Creative Profession တစ်ခုပါ။ အနုပညာတစ်ခုပါ။ ခံစားချက်မပါဘဲ၊ အမြင်မရှိဘဲ လုပ်လို့မရပါဘူး။

ကိုယ်က ဒီလမ်းကြောင်းကို ရွေးထားတယ်ဆိုရင် ဂုဏ်ယူလိုက်ပါဗျာ။ ကျွန်တော်တို့က နောက်ကွယ်ကနေ ဇာတ်လမ်းတွေကို အသက်သွင်းပေးနေတဲ့သူတွေမို့လို့ပဲဗျ။ 🔥

Professional Video Editor တစ်ယောက်ဖြစ်ဖို့ လေ့လာနေတယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ YouTube channel ဒါမှမဟုတ် ခုလက်ရှိလျှော့ဈေးပေးထားတဲ့ ကျန်တော့်ရဲ့ Course တွေမှာလေ့လာလို့ရပါတယ်ခင်ဗျ
🔥229👍1💔1
မကြာခင် Capcut + Ai tutorial လေးလာပါမယ်ခင်ဗျ brother တို့ကော အဲထဲက ဘယ်ဟာလေးကို လေ့လာချင်လဲ ပြောခဲ့ကြပါအုံး🔥
Anonymous Poll
52%
Capcut tutorial လေ့လာချင်တယ်
48%
Ai tutorial လေ့လာချင်တယ်
🥰20🗿7😭2
CapCut Edit တွေကို Level တစ်ဆင့် မြှင့်ကြမယ် 🚀

ကိုယ့်လူတို့အတွက်... မနက်ဖြန်ညနေကျရင် Video Editing နဲ့ပတ်သက်ပြီး အမိုက်စား Video အသစ်တစ်ပုဒ် လာဖို့ရှိတယ်ဗျ။ ❤️‍🔥

ဒီတစ်ခါတော့ ရိုးရိုး CapCut Edit မျိုးမဟုတ်ဘဲ AI + CapCut ပေါင်းပြီး ဖန်တီးလို့ရတဲ့ Creative ဖြစ်တဲ့နည်းလမ်းတွေကို ပြပေးမှာပါ။ Editor တစ်ယောက်အနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ Skill တွေပေါ့။

Video ထဲမှာ ဘာတွေပါမလဲဆိုတော့...
🧊 3D Edits: CapCut ထဲမှာ 3D vibe ရအောင် ဘယ်လိုလုပ်မလဲ?
🖼 Typography: စာလုံး ဒီဇိုင်းတွေကို ခပ်မိုက်မိုက်နဲ့ ဆန်းဆန်းပြားပြား ဘယ်လို Edit လုပ်မလဲ?
🤖 AI to CapCut: အဓိက Highlight အနေနဲ့... AI ကိုသုံးပြီး ကိုယ်လိုချင်တဲ့ 3D Model တွေကို ထုတ်မယ်၊ ပြီးရင် CapCut ထဲကို ဘယ်လိုပြန်ထည့်သုံးမလဲ ဆိုတာတွေကို အဆင့်ဆင့် ပြောပြပေးသွားမှာပါ။

Video Editing ကို Level Up ချင်တဲ့ ကိုယ့်လူတို့အတွက် လုံးဝ အလွတ်မခံသင့်တဲ့ Video လေးပါဗျာ။ ကြည့်ပြီးတာနဲ့ ချက်ချင်း လက်တွေ့ လိုက်လုပ်ချင်စိတ် ပေါက်သွားစေရမယ်။ 💯

မနက်ဖြန် ညနေ (၆) နာရီတိတိ မှာ YouTube channel မှာ တင်ပေးပါမယ်။

Notification လေးဖွင့်ပြီး စောင့်နေပေးကြပါဦးဗျ... See you guys!
Please open Telegram to view this post
VIEW IN TELEGRAM
5064👍8🔥3💔1
Channel ဒါရိုက်စကားပြောမို့ အတွက် ဒီက လာပြောလို့ရတယ်ဗျ😂
Please open Telegram to view this post
VIEW IN TELEGRAM
112
ကျန်တော် ခုလာမဲ့ YouTube video  နဲ့  အဲရှေ့က  Video ကို ဘယ်သူ edit လုပ်ထားတာလဲ?💎
Comment မှာကောရေးခဲ့ပေးကြပါခင်ဗျ 😀
Anonymous Poll
41%
ကျန်တော်ကိုယ်တိုင် 🔽
37%
Alight Motion Course Member 🔽
22%
Davinci Resolve Course Member 🔽
23🔥2🥰1
အားလုံးပဲ မင်္ဂလာပါဗျာ... 😜
OMERA YouTube Channel လေး အခုဆိုရင် Subscriber 60,000 ပြည့်သွားပါပြီ!🥳 ဒါဟာ အားလုံးရဲ့ အားပေးမှုကြောင့်မို့လို့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ CapCut + ကျွန်တော် Video Editing Course ကို Giveaway ပေးသွားဖို့ ရှိပါတယ်။🎆

⭐️gw မှာပါ၀င်မို့ကတော့
အပေါက post အဖြေမှန်ရွေးယုံဘဲ ခင်ဗျ ကျန်တော်ရဲ့ ဒီနေ့ ညနေတင်မဲ့ video နဲ့
အဲ့ရှေ့က Video တပုဒ်ကို
ဘယ်သူ Edit ထားတာလဲဆိုတာကို ပြောယုံပါဘဲခင်ဗျ
အဖြေမှန်တဲ့သူတွေကတော့

📌Ai + Tiktok Automation Course
Phone Content Creation Course ကို 100k ကနေ
30k နဲ့ join ရပါမယ်ခင်ဗျ
ဒီထက်ကြမ်းတဲ့ Gwကတော့ ညနေတင်မဲ့ 📌Capcut + Ai
Video ကြည့်ပြီး လေ့ကျင့်လို့ရအောင်
အဲထဲက 3ယောက်ကိုရွေးပြီးတော့
Capcut 1 month pro plan လေး Giveaway ပေးပါမယ်ခင်ဗျ 🎁
Please open Telegram to view this post
VIEW IN TELEGRAM
439🔥6👍21
Create with OMERA pinned «ကျန်တော် ခုလာမဲ့ YouTube video  နဲ့  အဲရှေ့က  Video ကို ဘယ်သူ edit လုပ်ထားတာလဲ?💎
Comment မှာကောရေးခဲ့ပေးကြပါခင်ဗျ 😀
»
Create with OMERA
ကျန်တော် ခုလာမဲ့ YouTube video  နဲ့  အဲရှေ့က  Video ကို ဘယ်သူ edit လုပ်ထားတာလဲ?💎
Comment မှာကောရေးခဲ့ပေးကြပါခင်ဗျ 😀
Vote 150 လောက်ရှိပြီး
comment နည်းနေတယ်ဗျ
Comment မှာမန့်မှာရွေးလို့အဆင်ပြေမှာ
ဆိုတော့

အကုန်ပြန်မန့်လိုအဆင်ပြေအောင်
အပေါက Video ကိုအရင်ကြည့်ပြီးမှ ဘယ်သူကိုင်ထားတဲ့ edit လဲဆိုတာ

🎞YouTube video comment မှာမန့်ခဲ့ကြပါအုံးဗျ

မနက်ဖြန်ညနေကျ 👑Winner ရွေးပါမယ်ခင်ဗျ
Course Free Giveaway 1ခုပါပါမယ်ခင်ဗျ😘
Please open Telegram to view this post
VIEW IN TELEGRAM
27