Create with OMERA
24K subscribers
808 photos
339 videos
493 files
200 links
Create smarter with AI, editing & modern workflows.

DM @pyaesone_8989
Download Telegram
ဒါလေးက မနက်ဖြန်ထိဘဲနော်ညီကိုတို့
မနက်ဖြန်ကျရင် ဟိုနေ့က Alight motion giveaway ရသွားတဲ့သူနဲ့ Alight motion course giveaway လေးထပ်ပေးပါမယ်ဗျ😜
Please open Telegram to view this post
VIEW IN TELEGRAM
38🥰3🔥2
Forwarded from OMERA
🎆အားလုံးဘဲ Happy new year ပါ ခင်ဗျ 🎆

🤩🤩

မနေ့ကပြောထားတဲ့အတိုင်းဘဲ New year Course Giveaway လေးလာပါပြီ 💖
ဒီတခါ Giveaway ကတော့
Content writing
Script writing
Video editing (Basic)
Motion graphic
3d edit
Video editing (Advance)
Graphic design (Basic)
Graphic design (Advance)
ဒါတွေအပါ video editing နဲ့ပတ်သတ်တဲ့တခြား
Course အကုန်စုထားတဲ့ Package ကို 180k ကနေ 50k

တရက်စာ Giveaway လေးလုပ်ပေးထားပါတယ်ခင်ဗျ

ဉီးတဲ့သူ 10ယောက်ကတော့ Giveaway 30k နဲ့ရပါမယ်

တရက်သာ


စကားမစပ် Alight motion 2 years
winners က ညနေလာပါမယ် ဘယ်သူ Giveaway ရသွားမလဲဆိုတာကို ညကျရင်တူတူကြည့်လိုက်ကြရအောင် 🤪
@pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
49🎄3
Create with OMERA
🎆အားလုံးဘဲ Happy new year ပါ ခင်ဗျ 🎆 🤩🤩 မနေ့ကပြောထားတဲ့အတိုင်းဘဲ New year Course Giveaway လေးလာပါပြီ 💖 ဒီတခါ Giveaway ကတော့ Content writing Script writing Video editing (Basic) Motion graphic 3d edit Video editing (Advance)…
30k 10ယောက်စာပြည့်ပါပြီဗျ

Graphic design သီသန့်ကိုတင် 100k အထက်ပေးတက်နေရတဲ့အချိန်

Content writing
Script writing
Video editing (Basic)
Motion graphic
3d edit
Video editing (Advance)
Graphic design (Basic)
Graphic design (Advance)
ဒါတွေအပါ video editing နဲ့ပတ်သတ်တဲ့တခြား
Course အကုန်စုထားတဲ့ Package ကို 180k ကနေ 50k
နှစ်သစ်ကူးလျှော့ဈေးလေးရပါအုံးမယ်ဗျ😜
Please open Telegram to view this post
VIEW IN TELEGRAM
353
🎆Happy new year par 🎆
Alight motion yearly subscription ပေါက်သွားတဲ့ 2ယောက်ပါဗျ 💖
2 year subscription က seller နား မရတော့လို့ 1 year အကောင့်တယောက်တကောင့်စီ DM လာယူကြပါဗျ 💎
စကားမစပ် 180k ကနေ 50k လျှော့ဈေးကမနက်ဖြန်နောက်ဆုံးအနေနဲ့ရပါမယ်ဗျ Giveaway မရလိုက်လဲ လျှော့ဈေးအမှီရအောင် အချိန်မလွန်ခင် လာ join ကြပါညီကိုတို့ 😜

Davinci Resolve Course + Tiktok automation လဲ နှစ်သစ်ကူးလျှော့ဈေး နှစ်ခုပေါင်း 150k နဲ့ရပါအုံးမယ်ခ😜
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
27
၃ဝ စက္ကန့်စာ Reel ဗီဒီယိုတစ်ခုရဖို့ဆိုတာ လွယ်လွယ်လေးလား?

လူတွေက ၃၀ စက္ကန့်စာ Reel ဗီဒီယိုလေးကိုပဲ မြင်ကြတာ။
အဲ့ဒီနောက်ကွယ်မှာ ဘာတွေရှိလဲဆိုတာကိုတော့ သိပ်မမြင်ကြဘူး။

အပြင်ပန်းကြည့်ရင်တော့-
▫️အချောသတ်ထားတဲ့ Video အတိုလေးတစ်ခု။
▫️သေသပ်တဲ့ Cut တွေ။
▫️ကောင်းမွန်ပြီး ချောမွေ့တဲ့ Flow တွေပဲ။

ဒါပေမဲ့ လူတွေမမြင်ရတဲ့ တကယ့်လက်တွေ့ကတော့ -

▫️ခေါင်းရှုပ်လောက်အောင် Scipt ရေးရတာတွေ။
▫️၅ နာရီက‌နေ တရက် လောက်ကြာတဲ့ Shooting အပိုင်းတွေ
▫️Sound Design တွေကို စိတ်တိုင်းကျတဲ့ထိ စနစ်တကျထည့်ရတာတွေ
▫️Color Grading ချိန်ရတာတွေ
▫️စိတ်ရှည်လက်ရှည်ထည့်ရတဲ့ ရာနဲ့ချီတဲ့ Cut တွေ။
▫️ပြီးတော့... နှစ်နဲ့ချီပြီး စုဆောင်းခဲ့ရတဲ့ အတွေ့အကြုံတွေ။

ဒါဟာ Video Editing နဲ့ Content Creation ရဲ့ တကယ့် Reality ပါပဲ။
Editing ကောင်းတယ်ဆိုတာ ကြည့်ရတာ အစအဆုံး ချောမွေ့နေပြီး ဘယ်နားမှာ ဖြတ်ထားလဲဆိုတာတောင် မသိသာအောင် လုပ်နိုင်တာမျိုး ကိုခေါပါတယ်။
ဇာတ်လမ်းက စီးမျောနေမယ်၊ Pacing က သဘာဝကျနေမယ်။ ဘယ်အရာကမှ ကြည့်ရတာ ထောက်မနေဘူး။

ဒါပေမဲ့ ဒီလို "အေးဆေးပဲလို့ထင်ရပြီး ကောင်းနေတဲ့" ရလဒ်နောက်ကွယ်မှာ စည်းကမ်းရှိရှိနဲ့၊ ထပ်ခါတလဲလဲ ကြိုးစားပြီး သင်ယူခဲ့ရတဲ့ အချိန်တွေ အများကြီး ရှိပါတယ်။

ဒါဟာ Creative Process ရဲ့ တကယ့်ပုံရိပ်ပါပဲ။
ကောင်းမွန်တဲ့ video editing ဆိုတာက
အမြန်ပြီးဖို့ မဟုတ်ဘူး။
ဖြတ်လမ်းနည်းတွေလည်း မဟုတ်ဘူး။
ကိုယ့်ရဲ့ အတတ်ပညာ (Craft) အပေါ် ထားတဲ့ လေးစားမှုပဲ ဖြစ်ပါတယ်။

🔥Creator တစ်ယောက်အနေနဲ့ ရလဒ်ကို တန်ဖိုးထားသလိုပဲ အဲ့ဒီနောက်ကွယ်က လုပ်ငန်းစဉ် (Process) ကိုလည်း တန်ဖိုးထားတတ်တယ်။ ဘာလို့လဲဆိုတော့ လူတွေ သတိထားမိတဲ့ "Quality" ဆိုတာ သူတို့မမြင်ရတဲ့ စိတ်ရှည်မှုတွေ၊ အိပ်ပျက်ညတွေ၊ ပင်ပန်းမှုတွေနဲ့ တည်ဆောက်ထားတာမလို့ပဲ။

ဒီမမြင်ရတဲ့ ကြိုးစားမှုတွေကပဲ professional ကျတဲ့ video edit ကိုတခြားသူတွေနဲ့ ကွဲထွက်သွားအောင် လုပ်ပေးတာ‌ပါ💖
Please open Telegram to view this post
VIEW IN TELEGRAM
89🔥9👍6
Alight motion + Ai Doc Tutorial
လေး YouTube မှာတင်ပေးရမလားဗျ 🤪
Anonymous Poll
9%
မတင်နဲ့
91%
တင်ပေးပါ💖
🥰21🎄21🍓1😭1
Forwarded from OMERA
⚠️View များပြီး Watch Time မတက်တဲ့ "Retention ပြဿနာ" ကို ဘယ်လိုဖြေရှင်းကြမလဲ?

Video View တွေတက်နေပေမယ့် လူတွေက အဆုံးထိမကြည့်ဘဲ ကျော်သွားကြလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီ Post ကိုဆုံးအောင်ဖတ်လိုက်ပါ ⛔️

Video view မတက်တာ view ရပ်တာတွေက ပုံမှန် Creator တိုင်းကြုံရတဲ့ "Retention Problem" တခုဘဲဗျ
Viewersတွေက နှိပ်ကြည့်တယ်... ပြီးတော့... စက္ကန့်ပိုင်းအတွင်း ပြန်ထွက်သွားကြတယ်။

ဒီလိုဖြစ်တာက Video Quality မကောင်းလို့၊ video edit မလုပ်တက်လို့ မဟုတ်ပါဘူး။ ကြည့်တဲ့သူကို "ဘာကြောင့် ဆက်ကြည့်သင့်လဲ" ဆိုတဲ့ Reason (အကြောင်းပြချက်) ခိုင်ခိုင်လုံလုံ မပေးနိုင်လို့ပါပဲ။

ဘာကြောင့် လူတွေ ထွက်သွားကြတာလဲ?
💖Slow Intro: Intro က အရမ်းကြာနေတာ။
💖Weak Hook: Hookက ဘာပြောချင်မှန်း မရှင်းလင်းတာ။
💖Buried Lead: လိုရင်း Message က Video အလယ်လောက်မှ ရောက်လာတာ။
💖Monotone: Scene တိုင်းက ပုံစံတူကြီးဖြစ်နေပြီး ငြီးငွေ့စရာ ပျင်းစရာကောင်းနေတာ ဒါတွေကအဓိကပြဿနာတွေပါဘဲ

ဆိုတော့ အဓိက ပြဿနာရဲ့ အဖြေကတော့ video editမှာ Effects တွေ အများကြီးသုံးဖို့ လုံး၀မဟုတ်ပါဘူး ၊ Video Structure (Video တည်ဆောက်ပုံ) ကို ပြင်ဖို့ပါပဲ။

🚀 Retention မြင့်တက်စေမယ့် နည်းလမ်း (၄) ခု

Start with the Bang (အကောင်းဆုံးကို အရင်ချပြပါ)
Intro မှာ "မင်္ဂလာပါ..." လို့ အချိန်ဆွဲနေမယ့်အစား Highlight အခန်းကို Teaser အနေနဲ့ အရင်ပြလိုက်မယ်ဆိုရင် viewers တွေက Ending အထိ သိချင်စိတ်ဖြစ်ပြီးတော့ ဆက်ကြည့်ကြမှာပါ။
The 5-Second Rule (၅ စက္ကန့် စည်းမျဉ်း)
ပထမ ၅ စက္ကန့်အတွင်း viewers တွေက ဒီ Video ကနေ သူတို့ဘာရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိပါစေ။ Value မပါရင် Viewerတွေ က လုံး၀ ဆက်ကြည့်ကြမှာ မဟုတ်ပါဘူး
Keep it Lean (အပိုတွေဖြတ်ပါ)
ဇာတ်လမ်းရှေ့မရောက်တဲ့ စကားထစ်တာတွေ၊ ပေါတာတွေကို ရက်ရက်ရောရော ဖြတ်ထုတ်မို့အ‌ရေးကြီးပါတယ် ။ Video က တိုပြီးလိုရင်းရောက်လေ ကြည့်ရတာ ပိုတန်ဖိုးရှိလေပါပဲ။
Pacing ကို ပြောင်းပေးပါ: လူတွေ ပျင်းမသွားအောင် Scene တွေ၊ စကားပြောနှုန်းတွေကို လိုသလို အနိမ့်အမြင့် လုပ်ပေးပါ။


👑 Bonus Tips: Psychology Hacks

Open Loops: "အဖြေကို နောက်ဆုံးမှ ပြောပြမယ်" ဆိုတဲ့ စူးစမ်းလိုစိတ်ကို မြှင့်ပေးမယ့် မေးခွန်းမျိုး အစမှာ ထည့်မေးပါ။
Visual Interrupts: ၃ စက္ကန့်တစ်ခါ B-roll ပြောင်းတာ၊ Zoom in/out လုပ်တာမျိုးက ကြည့်တဲ့သူရဲ့အာရုံကိုဖမ်းစားနိုင်ပါတယ်။ 3 second မဟုတ်ရင်တောင်မှ 5 second တခါတော့ Sence ပြောင်းပေးရပါတယ်။

Retention ဆိုတာ ကံကောင်းလို့ ရလာတာမဟုတ်ပါဘူး။ Frame တစ်ခုချင်းစီကို သေချာ Strategy ချထားလို့ ရလာတာပါ။

ဆိုတော့ ကိုယ့်လူတို့လဲ ဒီအချက်တွေကို နောက် Video မှာ စမ်းသုံးကြည့်ပြီး Result ဘယ်လိုကွာခြားသွားလဲဆိုတာ လက်တွေ့ကြည့်လိုက်ပါ! 😜
Please open Telegram to view this post
VIEW IN TELEGRAM
52🔥8👍4
⚠️ 2026 ရောက်နေပြီ ဖုန်းတစ်လုံးရှိရုံနဲ့ Content Creator လုပ်လို့ရတဲ့ခေတ်ဆိုပေမယ့် clip တွေ ဆက်တတ်ရုံနဲ့တော့ Editor ဖြစ်မလာပါဘူး။

CapCut ပဲသုံးသုံး၊ Premiere Pro နဲ့ DaVinci Resolve ပဲကိုင်ကိုင် Tool က အဲ့လောက်အဓိကမကျပါဘူး။ ကိုယ့် video ကောင်းမကောင်းဆိုတာ Editor ရဲ့ Sense ပေါ်မှာ အများကြီးမူတည်ပါတယ်။ Beginner တွေအနေနဲ့ မကြာခဏလုပ်မိနေကြတဲ့ ဒီအမှားလေးတွေကိုပြင်လိုက်မယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ကိုယ့်လူတို့ video တွေကရှယ်ဖြစ်လာမှာအသေချာပဲဗျ။

1. Effect နဲ့ Transition တွေကို အန်ထွက်နေအောင်သုံးတာ

အထူးသဖြင့် CapCut တို့ Alight Motion တို့ စသုံးတဲ့သူတွေမှာ တွေ့ရတတ်တယ်။ တွေ့တဲ့ Effect တိုင်း၊ ရှိသမျှ Transition တိုင်းလျှောက်ထည့်ထားရင် Video က Cheap ဖြစ်သွားတတ်ပါတယ်။

💖ဆိုတော့ ProEditor တွေက ရိုးရှင်းတဲ့ Cut (Standard Cut) တွေကိုပဲ 90%လောက်သုံးကြတာပါ။ Effect ဆိုတာက လိုအပ်မှသုံးတာ ပိုကောင်းပါတယ်။ Clean & Simple ဖြစ်တာကမှ ကိုယ့် video ကို cool ဖြစ်စေပြီး High Level တစ်ခုလိုခံစားရစေမှာပါ။

2. Music သံက စကားသံကိုဖုံးနေတာ။ဒါမှမဟုတ် အတူတူဖြစ်နေတာ

⛔️B-roll တွေမှာ သီချင်းသံကျယ်တာ ပြဿနာမရှိပေမဲ့၊ စကားပြောတဲ့အခါတော့ သီချင်းသံက စကားသံထက်လျှော့ထားတာကောင်းပါတယ်။ မဟုတ်ရင်တော့ ကြည့်တဲ့သူက စကားသံကို အားစိုက်ပြီးနားထောင်နေရရင် ကိုယ့် video ကို scroll လုပ်သွားပါလိမ့်မယ်။

💖 ဆိုတော့ Background Music ကို -15dB/-20dBလောက်ထိ လျှော့ထားသင့်ပါတယ်။ CapCut မှာ ဆိုရင်လည်း Volume ကို 10-15လောက်ထိပဲထားမှ အဆင်ပြေပါလိမ့်မယ်။ But ကိုယ့် Video ရဲ့ voiceover အနေအထားထက် အတတ်နိုင်ဆုံး လျှော့ပြီးချိန်ပေးတာကောင်းပါတယ်။

3. Dead Air တွေကို နှမြောပြီး မဖြတ်တာ

💖စကားမပြောဘဲစဥ်းစားနေတဲ့အချိန်တွေ၊ "အာ...အမ်..."နဲ့ လုပ်နေတာတွေကို ဖြတ်ထုတ်မပစ်ဘဲထားတာက video ကို quality/value လျော့သွားစေတတ်ပါတယ်။

💖 ဆိုတော့ Jump Cut ပဲ သုံးသုံး၊ Zoom in/Zoom out လေးနဲ့ပဲ cut cut လိုရင်းမရောက်ဘဲ အီလေးဆွဲနေတာတွေကို သေချာလေးသာဖြတ်ပစ်ပါ။ Video က တိုလေ၊ လိုရင်းရောက်လေ ပိုကောင်းလေ။ ကြည့်တဲ့သူကလည်း ဆက်ကြည့်ချင်လေပဲဗျ။

4. Device ကိုပဲ အပြစ်တင်ပြီး ဘာမှမလုပ်ဘဲနေတာ

💖Video Edit တာတော့ ကျွမ်းကျင်ချင်ပါရဲ့ Professional ကြီးဖြစ်ချင်ပါရဲ့ ငါ့မှာ PC မရှိလို့ DaVinci မသုံးနိုင်ဘူး၊ After Effects မသုံးနိုင်ဘူးဆိုပြီး ဘာမှမလုပ်ဘဲမနေပါနဲ့။

💖ဒီခေတ်က Storytelling ကောင်းရင် CapCut နဲ့ edit ထားတဲ့ video ကလည်း Viral ဖြစ်နိုင်ပါတယ်။ Tool က အဓိကမဟုတ်ဘူးဗျ ကိုယ့်ရဲ့ Creativity နဲ့ လက်တွေ့လုပ်နိုင်စွမ်း၊ ရှိတာလေးနဲ့ သေချာအသုံးချနိုင်စွမ်းကသာ အဓိကပါ။ ဆိုတော့ အရင်ဆုံး ရှိတာလေးနဲ့ပဲ အကောင်းဆုံးဖြစ်အောင်ဖန်တီးပါဗျ။

💖 Editing ဆိုတာလည်း Feeling ပဲဗျ။ နည်းပညာထက် စိတ်ရှည်မှုက ပိုလိုပါတယ်။ အခုပြောပြခဲ့တဲ့ အမှားလေးတွေကိုသာ ရှောင်ပြီး ပုံမှန်လေးသာ လေ့လာရင်း လေ့ကျင့်သွားမယ်ဆိုရင် ကိုယ့်လူတို့ video editing skill က အများကြီး upgrade ဖြစ်လာမှာအသေချာပါပဲ။

ဆိုတော့ Keep Creating ပါ!😜
Please open Telegram to view this post
VIEW IN TELEGRAM
92🔥9🎄2
AI ကြောင့် "လူတွေ အလုပ်ပြုတ်တော့မှာ" ဆိုပြီး စိုးရိမ်နေကြသေးလား။ 2026 မှာတော့ တချို့လူတွေက မစိုးရိမ်ကြတော့ဘူးဗျ။ ဒါဆို သူတို့က ဘာလို့မစိုးရိမ်ကြတော့တာလဲ?

လုပ်ငန်းခွင်ထဲမှာ၊ Freelance လောကကမှာ လူနှစ်မျိုးကွဲထွက်သွားတယ်။
တစ်မျိုးက AI ကိုပဲ အတုခိုး၊ Copy-Paste လုပ်ဖို့လောက်ပဲ သုံးတဲ့သူတွေ။ နောက်တစ်မျိုးက AI ကို ကိုယ့်ရဲ့ Assistant/Partner လို သုံးပြီး သူများ ၅နာရီလောက်လုပ်ရတဲ့အလုပ်ကို ၁နာရီလောက်နဲ့ အပြီးဖြတ်နိုင်တဲ့သူတွေ။ ကိုယ့်လူတို့ရော ဘယ်လိုလူဖြစ်ချင်လဲ?

ဒီနေ့တော့ Theory တွေ၊ Prompt အရှည်ကြီးတွေ ရိုက်ထည့်နည်းတွေမလိုဘဲ ကျွန်တော်ကိုယ်တိုင် လက်တွေ့အလုပ်လုပ်ရင်း တွေ့ရှိထားတဲ့ AI ကိုအသုံးချပြီး Level တက်နိုင်မဲ့ နည်းလမ်း ၃ခုကို ပြောပြပါမယ်။

1. Learning မှာ One-way မသွားဘဲ Personal Tutor လို သုံးတာ

အရင်ကဆို တစ်ခုခုလေ့လာချင်ရင် Google ခေါက်၊ Blog တွေဖတ်၊ YouTube ကြည့်တာနဲ့တင် အချိန်ကုန်တယ်။

︎ အခုကတော့ ဥပမာ- English စာလေ့လာချင်တယ်ဆိုပါစို့။ "Explain Past Tense" လို့ ရိုက်မရှာတော့ဘူး။
ကိုယ်မပိုင်တဲ့ စာပိုဒ်တစ်ခုကို AI ထဲ ပစ်ထည့်။ "ဒီစာပိုဒ်မှာ ငါ့ရဲ့ Grammar အမှားတွေကို ထောက်ပြပေး၊ ပြီးရင် ငါ့ level နဲ့ ကိုက်မဲ့ လေ့ကျင့်ခန်း ၅ပုဒ်ထုတ်ပေး" ဆိုပြီး ခိုင်းလိုက်တယ်။

︎ Coding လေ့လာနေတဲ့သူတွေဆိုရင်လည်း "ငါ့ Code က ဘာလို့ Error တက်နေတာလဲ၊ ဘယ်လို Logic နဲ့ ပြင်သင့်လဲ" ဆိုပြီး မေးတဲ့အကျင့်လေးလုပ်ပါ။ ကိုယ့်အတွက် သီးသန့်ငှားထားတဲ့ ဆရာတစ်ယောက်လိုပဲ မရှင်းမချင်းမေးလို့ရတယ်။ ဒါက Skill တစ်ခုကို မြန်မြန်တတ်ဖို့ အကောင်းဆုံး Shortcut ပဲဗျ။

2. Career မှာ First Draft ကို AI သုံးပြီးလုပ်ကြည့်တာ

📥အဆက် 📥
Please open Telegram to view this post
VIEW IN TELEGRAM
46🔥2🤗1
Forwarded from Petar
Media is too big
VIEW IN TELEGRAM
🥰81
Forwarded from Peter
💫Facebook မှာContent တွေဖန်တီးပြီး Income ရှာချင်ပေမယ့် content idea မရှိလို့ ရှေ့မရောက်ဘူးဖြစ်နေတဲ့သူများအတွက်💯

သူများ Video တွေက Views တွေ Millionထိ
ရနေတဲ့အချိန်မှာ ကိုယ်ဖန်တီးထားတဲ့ video က views 10,20က မတတ်ဘူးဆိုရင် ကိုယ်ရွေးချယ်ထားတဲ့ content typeက လူကြိုက်မများတာ မဟုတ်ပါဘူး။ ကိုယ်အသုံးပြုနေတဲ့ content strategyနဲ့ content idea ကို ပြောင်းလဲဖို့ လိုအပ်နေတာပါ💡

💢Page ၊Channel တွေ Runပြီး Reseller လုပ်
မယ့်တဲ့သူတွေ
💢Own content တွေဖန်တီးပြီး creator လုပ်
မယ့်သူတွေ

🔥Pageမှာ ရှိတဲ့ Policy Copyrightအကြောင်း🔥

💢ကိုယ်ရဲ့ Business Page အတွက် Content
တွေပေါက်ဖို့ လိုအပ်နေတဲ့သူတွေ Content ideas ကို Life Time လေ့လာလို့ရမယ့် Course တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

💫သင်တန်းကနေ ဘယ်လို Content ideas ‌တွေကို ရရှိနိုင်လဲဆိုတော့...

💡Gaming Content
💡Cele Content
💡Trend Based Content
💡movie recap Content
💡Motivation Content
💡Series Content
💡B roll Content
💡Relaxation Content တွေကို Video Edit ပါတစ်ခါတည်းလုပ်နိုင်အောင် သင်ပေးမှာဖြစ်ပါတယ်ဗျ။

🎯 နောက်ထက် Facebook ရဲ့ ငွေဝင်ပေါက်တွေဖြစ်တဲ့
1.Facebook Acc ဖြင့် Passive Income ရှာနည်း
2.Id Comfirm Accကနေ Passive Incomeရှာနည်း
3.FaceBook Pageမှ Passive Income ရှာနည်း
4.Page Runနည်း ဖြင့် Passive Income ရှာနည်း
5.Page Collaboration ဖြင့် Passive Income ရှာနည်း
6.Pageတစ်ခုမှာ အရေးကြီးတဲ ငွေဝင်ပေါက်တစ်ခု ဖွင့်နည်း
7.Monetization Page Runပြီး Passive Income ရှာနည်း
8.Page အကြီး Groupအကြီးနဲ့ Passive Income တည်ဆောက်နည်း
9.Facebook Accကနေ ဝင်ပေါက် တည်ဆောက်နည်း
10.CopyContentဖြင့် Passive Income တည်ဆောက်နည်း
11.RSC မှ တစ်ဆင့် Passive Income တည်ဆောက်နည်း
12.Groupအကြီးဖြင့် Passive Income တည်ဆောက်နည်း
13.AccအများကြီးသုံးပြီးPassive Income တည်ဆောက်နည်း။

🔗Video Editing မှာဆိုရင်တော့
🎬Motion edit 3D Edit
🎬Graphic Design နဲ့
🎬Colour Grading ကို စနစ်တကျ
သင်ကြားပေးမှာ ဖြစ်ပါတယ်။

📌Ideas Class တက်တာနဲ့ Editing ကို Free သင်ခွင့်ရမှာဆိုတော့ video editing မလုပ်နိုင်သေးတဲ့သူလေးတွေလဲ Creator Intensity ထဲကို စတင်ဝင်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခု
ဖြစ်ပါတယ်။

💁ဒါတင်မကသေးဘူးနော် FOC အနေနဲ့ Tiktok marketingမှာ အသုံးပြုကြတဲ့ (3)Secondhook video packge ကိုလဲ ပေးမှာဖြစ်ပါတယ်။

နောက်ထပ် Facebook ရဲ့ အလုပ်လုပ်ပုံ ကို အ​ခြေ ခံ ကျကျ သင်ယူနိုင်မှာ ဖြစ်ပြီး
Facebook မှာ ဝင်ငွေတစ်ခုနဲ့ ရပ်တည်နိုင်ဖို့ အတွေးခေါ်ပိုင်းတွေကို တစ်ပါထဲ ထည့်ပေးထားမှာ ဖြစ်ပါတယ်

👉Video Course ဖြစ်တာကြောင့် ကိုယ်အားတဲ့ အချိန်လေးတွေမှာ လေ့လာနိုင်မှာ ဖြစ်သလို သင်တန်းမှာ Member Chatလဲလုပ်ပေးထားလို့ ကိုယ်သိချင်တာတွေ၊ နားမလည်တာတွေကို အချိန်မရွေး မေးမြန်းနိုင်မှာ ဖြစ်ပါတယ်ဗျ။

လက်တွေ့လိုက်လုပ်ရမယ့် သင်ခန်းစာတွေ
ဖြစ်တာကြောင့် အမှန်တကယ် ကြိုးစားကြတဲ့ သူတွေအနေနဲ့ (၃)လအတွင်း အနေအထားတစ်ခု
အထိ ရောက်ဖို့ အာမခံပါတယ်ဗျ။

ဒီလိုအာမခံချက် အပြည့်အဝပေးထားပြီး သင်ခန်းစာတွေကို တစ်သတ်တာ လေ့လာခွင့်ရမယ့် Content ideas Courseသင်တန်း ကြေးကို (300000)ကျပ် သတ်မှတ်ထားပါတယ်"

📱သင်တန်းနဲ့ပတ်သက်လို့ အသေးစိတ်သိချင်သူများအနေ နဲ့
🖇09670502857 Viber ကိုဆက်သွယ်စုံစမ်းနိုင်သလို

🌐 @snap105 Telegram Acc မှာ လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။
9👍2🔥1
⬆️Video Editor ဘဝ အစမှာ အမြဲလွဲကြတဲ့ အလွဲ(၃)ခု⬆️

Video Editing စလုပ်တုန်းက ကျွန်တော်လည်း အများနည်းတူပဲဗျ။ Visual လှရင်၊ Effect တွေ ကြမ်းရင် Video ကောင်းပြီလို့ ထင်ခဲ့တာပေါ့။

တကယ်တမ်းကျတော့ Video တစ်ပုဒ်ကောင်းဖို့ဆိုတာ ရုပ်ထွက်လှရုံနဲ့မပြီးဘဲ ကြည့်တဲ့သူကို Feeling တစ်ခုခု Value တစ်ခုခုပေးနိုင်ဖို့က ပိုအရေးကြီးတယ်ဆိုတာ နောက်ပိုင်းမှကောင်းကောင်းသဘောပေါက်လာတာ။ 😁

ဆိုတော့ ကိုယ့်လူတို့ရော Edit လုပ်ရင်း ဒီအမှားတွေ လုပ်မိနေသေးလား တစ်ချက် Check ကြည့်ရအောင်...

(1) Over-editing

Effect တွေ၊ Transition တွေ၊ Filter တွေကို ပြွန်သိပ်ထည့်လိုက်ရင် မိုက်မယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ ကိုယ်ပြချင်တဲ့ Story ကိုယ်ပေးချင်တဲ့ message ပျောက်ပြီး confuse ဖြစ်သွားတတ်ပါတယ်။ Less is More ဆိုတာ Editor တွေအတွက်တော့ ရွှေစကားပဲဗျ။

(2) Pacing ကို မေ့နေတတ်တာ

ကျွန်တော်တို့ အစတုန်းကတော့ clip တစ်ခုနဲ့တစ်ခုကြား နည်းနည်းလေးမှ ဟ နေတာမကြိုက်ဘူး။ Dead Air ဖြစ်မှာကြောက်လို့ Jump Cut တွေ တောက်လျှောက်သုံး၊ စကားပြောသံတွေကြားက လေယူလေသိမ်းတွေကိုပါ လိုက်ဖြတ်... နောက်ဆုံး ကြည့်တဲ့သူက ဘာမှန်းမသိလိုက်ဘဲ Video က ပြီးသွားရော။

ဆိုတော့ Video တစ်ပုဒ်လုံး မြန်နေစရာမလိုဘူးဗျ။
တစ်ခါတလေကျရင် ငြိမ်ကျသွားတဲ့ အချိန်လေးတွေ၊ ခံစားချက်ပြရမယ့်အချိန်လေးတွေက စကားပြောတာထက် ပိုပြီးထိရောက်နေတတ်တယ်။ ရုပ်ရှင်တွေမှာ စကားမပြောဘဲ တိတ်သွားတဲ့ scene လေးတွေက ဘယ်လောက် impact ရှိလဲ သတိထားမိကြတယ်မလားဗျ။

(3) Trend ထက် Clarity ကို ဦးစားပေးပါ

Trending ဖြစ်နေတဲ့ Effect တွေ လိုက်သုံးတာ ကောင်းပေမဲ့ ကိုယ်ပြချင်တဲ့ အကြောင်းအရာက Clarity မရှိဘူးဆိုရင်တော့ အလကားပဲဗျ။ Trend ဆိုတာ ဒီနေ့ trend ပြီး နောက်နေ့ရိုးသွားမှာဆိုတော့ တကယ်ကောင်းမွန်တဲ့ Storytelling ကသာ ဘယ်တော့မှရိုးမသွားတာဗျ။

👑 Bonus Tips

Visual ထက် Sound Design ကို ပိုဂရုစိုက်ပါ။ ရုပ်ထွက်က 4K မဟုတ်ရင်တောင် ကြည့်လို့ရပေမဲ့ အသံက တိုးလိုက်ကျယ်လိုက် noise တွေဖြစ်နေလိုက်ဆိုရင်တော့ ဘယ်သူမှ ဆက်မကြည့်ချင်ကြတော့ဘူး။ Good Sound is 50% of the video ပါပဲဗျ။

⚠️နောက်ဆုံးမှတ်ထားဖို့က...Editing ဆိုတာ အကုန် Perfection ဖြစ်နေဖို့ ကြိုးစားရတာမဟုတ်ဘဲ ကိုယ်ပေးချင်တဲ့ Message ရောက်ဖို့ Intention ဖန်တီးရတာပဲဗျ။

ကိုယ့်လူတို့ရော Editor ဘဝအစမှာ ဘာတွေလွဲခဲ့ဖူးလဲ? 💖
Please open Telegram to view this post
VIEW IN TELEGRAM
43🍓5🔥31
⚠️ AI ခေတ်မှာ One-Man Army ဖြစ်ဖို့လိုအပ်နေပါပြီ

AI ကို သုံးတတ်ပြီလား? လို့မေးရင် အားလုံးက "သုံးတတ်တာပေါ့" လို့ ဖြေကြလိမ့်မယ်။ ဒါပေမဲ့ "AI သုံးပြီး ဝင်ငွေလမ်းကြောင်း (Income Stream) တစ်ခု တည်ဆောက်ထားပြီလား?" လို့မေးရင်တော့ ခေါင်းကုတ်သွားမဲ့သူတွေ များနေဦးမယ်ထင်တယ်ဗျ။

၂၀၂၆ ရောက်နေပြီဗျာ။ Prompt လေးရိုက်ပြီး စာလေးဘာလေး ထွက်လာရုံလောက်နဲ့တော့ AI ကျွမ်းကျင်တဲ့သူလို့ ပြောလို့မရတော့ဘူး။ အခုခေတ်က Integrationခေတ် ဖြစ်သွားပြီ။ ‼️

အရင်က Video Content တစ်ခုဖန်တီးဖို့ဆိုရင် Script ရေးမယ့်သူ၊ Voice Over ပြောမယ့်သူ၊ Video Edit မယ့်သူ၊ Thumbnail Design ဆွဲမယ့်သူ ဆိုပြီး လူတွေအများကြီးလိုတယ်။

အခုတော့ အဲ့ဒါတွေအကုန်လုံးကို AI Tools တွေပေါင်းပြီး တစ်ယောက်တည်းနဲ့ One-Man Agency ပုံစံ လုပ်လို့ရသွားပြီဗျ။

ဒီနေရာမှာ လူငယ်တွေ အများဆုံးမှားနေတာက Skill တစ်ခုတည်းမှာပဲ အချိန်ကုန်နေတာဗျ။
● စာရေးတာပဲ လုပ်တတ်ပြီး ပုံမထုတ်တတ်ရင် အဆင်မပြေဘူး။
● ပုံထုတ်တတ်ပြန်တော့လည်း Video မဖန်တီးနိုင်ရင် နောက်ကျကျန်ခဲ့ရော။
● Video လုပ်တတ်ပြန်တော့လည်း ကိုယ်မအားတဲ့အချိန် အလုပ်လုပ်ပေးမဲ့ Automation/AI Agent တွေအကြောင်း နားမလည်ရင် Scale up လုပ်ဖို့ ခက်ပြန်ရော။

ဒါကြောင့် အခုအချိန်မှာ အကောင်းဆုံး Strategy က "Full-Stack AI Creator" တစ်ယောက်ဖြစ်အောင် လုပ်တာပါပဲ။


🤔 စဉ်းစားကြည့်ဗျာ...
(1) ကိုယ်ပိုင် Youtube Channel/Page ထောင်မလား? AI Movie Recap တွေ၊ Storytelling Video တွေ ဖန်တီးလို့ရမယ်။
(2) Freelance လုပ်မလား? AI Content Writing + Design တွဲပြီး Package နဲ့ ရောင်းလို့ရမယ်။
(3) အချိန်ကုန်သက်သာချင်လား? AI Agent တွေကို ခိုင်းပြီး ကိုယ်အိပ်နေချိန်တောင် အလုပ်လုပ်ခိုင်းထားလို့ရမယ်။

Tools တွေနောက်ကိုပဲ ပြေးမလိုက်ပါနဲ့။ Tools တွေကို ဘယ်လိုပေါင်းစပ်ပြီး ရလဒ်ထွက်အောင် လုပ်မလဲဆိုတဲ့ Workflow ကိုပဲ အရင်လေ့လာပါဗျ။ အဲ့ဒါကမှ ကိုယ့်ရဲ့ တကယ်စစ်မှန်တဲ့ Value ဖြစ်မှာဗျ။

⛔️AI Tools တွေ အများကြီးကိုသိတယ်ဆိုပေမဲ့၊ ဒါတွေအကုန်လုံးကို ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း လိုက်စမ်းရင်း အချိန်မကုန်ချင်ဘူး၊ မြန်မြန်ဆန်ဆန်နဲ့ စနစ်တကျ လေ့လာပြီး လက်တွေ့ အသုံးချချင်တယ်ဆိုရင်တော့...

ကျွန်တော်ရဲ့ TikTok Automation သင်တန်းမှာ ဝင်ပြီးစနစ်တကျသင်ယူလို့ရပါတယ်ဗျ။ ဒီသင်တန်းမှာက သဘောတရားတွေပဲ ပြောနေမှာမဟုတ်ဘဲ လက်တွေ့ Income ဝင်နိုင်မဲ့ လမ်းကြောင်း ၅ ခုကို သေချာသင်ပေးသွားမှာပါ။
💖 AI Movie Recap (လူကြိုက်များတဲ့ ရုပ်ရှင်အနှစ်ချုပ် လုပ်နည်း)
💖 AI Content Writing (လူရေးသလို သဘာဝကျကျ ရေးနည်း)
😀 AI Design & Image Gen (Creative ဖြစ်တဲ့ ပုံတွေ ဖန်တီးနည်း)
💖 AI Video Creation (မျက်နှာပြစရာမလိုဘဲ Video ဖန်တီးနည်း)
😀 AI Agent & Automation (ကိုယ့်ရဲ့အလုပ်တွေကို AI သုံးပြီး Auto လည်ပတ်နည်း)

စတာတွေအပြင်

💖 AI Prompt Engineering
💖 TikTok Full Course
💖 YouTube Full Course
💖 Alight Motion Basic

Skill တစ်ခုချင်းစီ လိုက်သင်နေစရာမလိုဘဲ တစ်နေရာတည်းမှာ All-in-one ရနိုင်ဖို့ စီစဉ်ပေးထားပါတယ်ဗျ။

ဆိုတော့ ၂၀၂၆ မှာ သူများထက် ခြေတစ်လှမ်းသာနေဖို့ အခုပဲ စာရင်းပေးသွင်းပြီး သင်ယူလို့ရပါပြီဗျ။

@pyaesone_8989
Please open Telegram to view this post
VIEW IN TELEGRAM
27🔥4
အခု​ခေတ်က ရုံးသွား၊ ရုံးပြန် ကားပိတ်ခံ၊ သူများခိုင်းတာလုပ်ပြီး လစာနည်းနည်း​လေးနဲ့ ​​ကျေနပ်​နေရမဲ့ခေတ် မဟုတ်​တော့ဘူးဗျ။

ဆို​တော့ ကိုယ့်လူတို့အ​နေနဲ့ အပြင်သွားအလုပ်​တွေလုပ်ရတာ ငြီး​ငွေ့​နေပြီဆိုရင် အိမ်က​နေပဲ ကိုယ်ပိုင် Online income ရှာလို့ရ​တဲ့ လမ်း​တွေအများကြီးရှိ​နေပြီ။

အခု​ခေတ်က အိမ်မှာ​နေရင်း Online က ပိုက်ဆံရှာမယ်ဆိုတာ စိတ်ကူးယဥ်​နေတာမဟုတ်​တော့ဘူးဆိုတာ လူတိုင်းသိကြမှာပါဗျ​။ မြန်မာနိုင်ငံက​နေပဲ အိမ်မှာ​နေရင်း နိုင်ငံခြားက Client ​တွေဆီက​နေ Dollar နဲ့ဝင်​ငွေယူ​နေတဲ့ လူငယ်​တွေလည်း အများကြီးရှိ​နေပြီဗျ။

⛔️ ဒါ​ပေမဲ့ ဖုန်း​လေးပွတ်ပြီး ဂိမ်း​ဆော့၊ ​ကြော်ငြာ​တွေကြည့်ရုံနဲ့ ပိုက်ဆံရမယ်ဆိုတာ​မျိုး​တွေ​​တော့ ​ခေါင်းထဲကထုတ်လိုက်ပါ။

ဒါ​ပေမဲ့ ကိုယ့်မှာ Skill မရှိဘဲနဲ့​တော့ ဘာမှလုပ်လို့မရဘူးဗျ။ ဆို​တော့ ဝင်​ငွေအ​ကောင်းဆုံးနဲ့ market က လိုအပ်​​နေတဲ့ Skill ​တွေကို​ပြောပြ​ပေးပါမယ်။

(1) Video Editing

Facebook, Instagram Reels ​တွေ TikTok ​တွေကို ကြည့်လိုက်ဗျာ။ စာဖတ်ရမှာပျင်းတဲ့ ဒီဘက်​ခေတ်မှာ Video Content ​တွေက ​နေရာတိုင်းမှာရှိ​နေတယ်။ လုပ်ငန်းတိုင်းကလည်း Video content ​တွေ လုပ်​နေကြတယ်။ YouTuber ​တွေ၊ TikTok Cele ​တွေနဲ့ လုပ်ငန်းရှင်​တွေက သူတို့ video ​တွေအတွက် အရည်ချင်းရှိတဲ့ Editor ​တွေလိုအပ်လာပြီ။

ဆို​တော့ Video Editing သာ ကျွမ်းကျွမ်းကျင်ကျင်တတ်ထားရင် ကိုယ်​ပေးနိုင်သ​လောက် အိမ်က​နေပဲ ​ဝင်​ငွေ​ကောင်း​ကောင်းရှာလို့ရပြီ။

(2) Graphic Design

Logo Design, Social Media Post Design,  Packaging Design စသဖြင့် ဘယ်လုပ်ငန်းမဆို Ads အတွက် Design လိုကို လိုအပ်ပါတယ်။ ဆို​တော့ ကိုယ်က အ​ရောင်​တွေ၊ ပုံ​​တွေနဲ့၊ design ​တွေဖန်တီးရတာကြိုက်တယ်ဆိုရင် ကျွမ်းကျင်​အောင်လုပ်ပြီး ဝင်​ငွေ​ကောင်း​ကောင်းရှာလို့ရပါတယ်ဗျ။ Template ​တွေ Ebook ​တွေလို Digital Product ​တွေ ဖန်တီးပြီး​လည်း ရောင်းလို့ရတယ်ဗျ။

(3) Content Writing, Script Writing နဲ့ AI Mastery

စာရေးတာ AI ရှိနေပြီပဲ၊ လူလိုဦးမလား လို့ မေးစရာရှိတယ်ဆို​ပေမဲ့...အဖြေက လိုပါတယ် ဗျ။ AI က ကူညီပေးနိုင်ပေမယ့် လူရဲ့ စိတ်ခံစားမှု (Emotion) နဲ့ ဖန်တီးနိုင်စွမ်း (Creativity) နဲ့ဆိုင်တာ​တွေအတွက်​တော့ လိုအပ်​နေတုန်းပါပဲဗျ။

ဒါပေမဲ့ AI Tools တွေကိုပါ ကျွမ်းကျင်ထားမယ်ဆိုရင်တော့ ကိုယ့်လူက သာမန် Writer မဟုတ်တော့ဘူး။ စာတစ်ပုဒ်ရေးဖို့၊ Video Script တစ်ပုဒ်ရေးဖို့ အချိန်ကုန်သက်သာပြီး Quality ပိုကောင်းတာတွေ ဖန်တီးနိုင်မှာပါ။ ဒါက​တော့ လူတိုင်းမလုပ်နိုင်​သေးတဲ့ Skill တစ်ခုပဲဗျ။

ဒါဆို ဘယ်ကစကြမလဲ?
ကိုယ့်လူတို့အနေနဲ့ လုပ်ရမှာက ရိုးရှင်းပါတယ်။

● Skill ဖြည့်ပါ - ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းတစ်ခု (Video လား၊ Design လား၊ Writing လား) ကို ရွေးပြီး တကယ်တတ်အောင် အရင်သင်ပါ။ (Youtube က ကြည့်သင်မလား၊ သင်တန်းတက်မလား သဘောပါ)။

● Portfolio တည်ဆောက်ပါ - ကိုယ်လုပ်တတ်တာကို လူသိအောင် နမူနာတွေ လုပ်ပြပါ။

● Income ရှာပါ - Local မှာ အိမ်မှာ​နေရင်း အချိန်ပိုင်းပဲလုပ်မလား၊ Freelance ပဲလုပ်မလား။ ဒါမှမဟုတ် Fiverr/Upwork လို နိုင်ငံခြား Platform တွေကနေ စမလား။ လမ်းစတွေ အများကြီးရှိတယ်။

အဓိကက "စဖို့" ပါပဲ။ အချိန်မဆွဲပါနဲ့။

⚠️ ကိုယ့်လူတို့အ​နေနဲ့ ဘယ်ကစရမှန်းမသိ လမ်း​ပျောက်​နေတယ်ဆိုရင်​တော့ ကျွန်​တော့်ဆီမှာ Video Editing, Graphic Design, Content Writing, Script Writing အပြင် AI အသုံးချ Skill ​တွေအတွက် လက်​တွေ့ကျကျ သင်​ပေးထားတဲ့ ​အတန်း​တွေရှိပါတယ်။

စုံစမ်းချင်ရင် လမ်းပျောက်နေရင်
@pyaesone_8989 ကို ဆက်သွယ်လို့ရပါတယ်။
34🥰5
🥶 Video Editing ဆိုတာ "ဖြတ်၊ညှပ်၊ကပ်" သက်သက်ပဲလား?

ဆိုတော့...လူတော်တော်များများက Video Editor တွေကို clip လေးတွေဖြတ်၊ သီချင်းတွေဆက်ပြီးရင် ပြီးသွားတာပဲလို့ ထင်တတ်ကြတယ်ဗျ။ တကယ်က ကျွန်တော်တို့ Editorတွေဆိုတာ ကြည့်တဲ့သူတွေကို ခံစားချက်ပေးနိုင်အောင်လည်း လုပ်ရတဲ့သူတွေဗျ။

Timelien ထဲမှာ ကြည့်လိုက်ရင်တော့ ရှုပ်ပွနေပေမဲ့ တကယ်တမ်း အဲ့ဒီအရှုပ်တွေကနေ Art(အနုပညာ)၊ Psychology(စိတ်ပညာ) နဲ့ Strategy(နည်းဗျူဟာ) တွေ ပေါင်းစပ်ပြီး video ကောင်းတစ်ပုဒ်ရအောင် ဖန်တီးရတာဗျ။

👑 ဒီနေ့ ကိုယ့်လူတို့သိထားသင့်တယ်လို့ထင်တဲ့ Pro Editor တွေရဲ့ Secret (4)ခုကို ပြောပြပေးမယ်။

(1) The Invisible Cut

ရှင်းရှင်းပြောရရင် တကယ်ကောင်းတဲ့ Edit တစ်ခုဆိုတာ Edit လုပ်ထားမှန်းတောင် မသိသာစေရဘူးဆိုတာပဲဗျ။ ဥပမာ- J-Cut လိုမျိုးပေါ့ ရုပ်မပေါ်ခင် အသံအရင်ကြားရတာမျိုး။ အဲ့နေရာမှာ ကြည့်တဲ့သူက ဒီနေရာကြီးက ဖြတ်ထားတာကြီးလို့ သတိထားမိလိုက်တာနဲ့ သူတို့ရဲ့ စိတ်ဝင်စားမှု Immersion ပြတ်တောက်သွားတယ်ဗျ။

(2) Engineering Silence

Beginner တွေက နေရာလပ်မရှိအောက် သီချင်းတွေ၊ Sound Effect တွေ ထည့်တတ်ကြတယ်။ တကယ်တော့ silent ဖြစ်သွားတဲ့ ငြိမ်သက်သွားတဲ့ scene တွေက ကြည့်တဲ့သူကို စိတ်လှုပ်ရှား ရင်တထိတ်ထိတ်ဖြစ်စေတာဗျ။ ဥပမာ-အရေးကြီးတဲ့ စကားတစ်ခွန်းမပြောခင် Music ကို ရပ်လိုက်တာမျိုးပေါ့။ အသံထည့်တာပဲမဟုတ်ဘူး၊ အသံဖျောက်တာကလည်း Editing ပဲဗျ။

(3) The Kuleshov Effect

ဒါကတော့ Editing ရဲ့ psychology ပိုင်းနဲ့ပတ်သက်တဲ့ကျောရိုးပဲဗျ။ မျက်နှာအမူအရာ မပြောင်းတဲ့ လူတစ်ယောက်ရဲ့ shot တစ်ခုကိုပဲ သုံးထားရင်တောင်၊ အဲ့နောက်မှ အစားအစာတစ်ခုခုကိုပြရင် ဗိုက်ဆာနေတယ်လို့ထင်ရနိုင်ပြီး အခေါင်း(coffin) ပုံကိုပြထားရင်တော့ ဝမ်းနည်းနေတယ်လို့ ခံစားရနိုင်တယ်။ ကျွန်တော်တို့ ပြလိုက်တဲ့ Context ပေါ်မူတည်ပြီးပဲ အဓိပ္ပါယ်ကပြောင်းသွားတာဗျ။

(4) Pacing is Retention

GenZ ခေတ်မို့လို့ မြန်မှရမယ်မထင်နဲ့နော် မြန်သင့်တဲ့နေရာ မြန်၊ နှေးသင့်တဲ့နေရာ နှေးပြီး Rhythm ကို ထိန်းနိုင်မှ Proကျတာဗျ။ Cut မြန်ရင် ရင်တုန်စေတယ် Adrenaline တက်စေတယ်ပေါ့ဗျာ။ Shot ရှည်ရှည်သုံးရင်တော့ Trust ကို တည်ဆောက်ပေးတယ်ဗျ။ Video တစ်ခုဖန်တီးတဲ့အခါ ဒီအချက်ကို အရေးမထားရင် Rhythm မမှန်တဲ့အတွက် Video က ကြည့်ရတာ Cheap ဖြစ်သွားတတ်တယ်ဗျ။

ဆိုတော့ ကျွန်တော်တို့က Post-production သမားတွေတင်မဟုတ်ဘူးဗျ။ ရှုပ်ယှက်ခတ်နေတဲ့ Footage တွေကို ကြည့်တဲ့သူတွေရင်ထဲရောက်သွားစေမဲ့ videoကောင်းတစ်ပုဒ်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ Strategist တွေ Storyteller တွေပဲဗျ။ 😜

ကိုယ့်လူတို့ရော Video တစ်ပုဒ်ကို watch time များအောင် retention ကောင်းအောင် သုံးနေကျ ကိုယ်ပိုင် secret လေးတွေရှိကြလားဗျ?
Please open Telegram to view this post
VIEW IN TELEGRAM
34🔥7👍2🍓1
၂၀၂၆ မှာ ဘွဲ့မလိုဘဲ ဖုန်းတစ်လုံးရှိရုံနဲ့ ဝင်ငွေလမ်းကြောင်းဖောက်ချင်တဲ့သူတွေအတွက် (Beginner Guide)

အခုခေတ်မှာ "အွန်လိုင်းက ပိုက်ဆံရှာမယ်" လို့ပြောလိုက်ရင် လူတိုင်းစိတ်ဝင်စားတယ်မလားဗျ။ ဒါပေမဲ့ လက်တွေ့ကျတော့...
"ငါ့မှာ computerမရှိဘူး"
"အင်္ဂလိပ်စာ မကျွမ်းဘူး"
"Video Edit တာ ဘာမှနားမလည်ဘူး"
ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပဲ တုန့်ဆိုင်းနေတတ်ကြတယ်ဗျ။
တကယ်တမ်း အွန်လိုင်းမှာ ဝင်ငွေအကြမ်းဆုံးရနေတဲ့ သူတွေက Content Creator တွေပါ။ ကိုယ်ပိုင် Productမရှိရင်တောင် Content ကောင်းရင် ဝင်ငွေက လမ်းကြောင်းပေါင်းစုံက ဝင်နိုင်ပါတယ်ဗျ။

အခုလက်ရှိ Trend ဖြစ်နေတာကတော့ Facebook တို့ TikTok တို့မှာတွေ့နေရတဲ့ Movie Recapတွေ Movie News တွေ Movie Review တွေနဲ့ Audiobook တွေပါပဲ။ လူတွေက ရုပ်ရှင်တစ်ကားလုံးထိုင်ကြည့်ဖို့ အချိန်မရှိကြတော့ဘူး။ ဒါကြောင့် ၄/၅/၁၀ မိနစ်စာ Recap လေးတွေကို ကြိုက်ကြတယ်။ ဒီလို Content မျိုးလုပ်နိုင်ရင် YouTube, Facebook, TikTok ဘယ်နေရာတင်တင် View တွေ သိန်းချီတက်ပြီး Monetization ကနေ ဝင်ငွေရနိုင်တယ်ဗျ။

ဒါပေမဲ့ ဒီနေရာမှာ အခက်အခဲရှိတာက Copyright နဲ့ ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းပညာပဲဗျ။ Copyright မမိအောင် ဘယ်လိုရှောင်ရမလဲ? ဘယ်လို Edit ရမလဲ? Channel ကို ဘယ်လိုgrowလုပ်မလဲ? ဒါတွေက YouTube ပေါ်မှာ လိုက်ရှာရုံနဲ့ ပြည့်ပြည့်စုံစုံမရနိုင်ပါဘူး။

🔥 ဒါကြောင့် လမ်းမမှားဘဲ အချိန်တိုအတွင်း ထိထိရောက်ရောက် လုပ်တတ်ချင်သူတွေအတွက် ဒီ "All-in-One Creator Course" လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီသင်တန်းက Zero ကနေ Pro အထိ၊ Telegram ကနေ YouTube အထိ အကုန်ပါတဲ့ အပြည့်စုံဆုံး Course တစ်ခုပါ။ ဘာတွေသင်ပေးမှာလဲဆိုရင် -
✈️ Telegram Mastery: Channel ထောင်နည်းကနေ Copyright လွတ်အောင် Movie တင်နည်း၊ Download/Upload နည်းလမ်းအစုံနဲ့ ဝင်ငွေရှာနည်း A to Z။
Movie Recap & News: ဝင်ငွေအကြမ်းဆုံးရနိုင်တဲ့ Movie Recap တွေကို Information ရှာနည်း၊ Script ရေးနည်း၊ No-sub ဖိုင်ရှာနည်းကနေ Fair Use Policy နဲ့အညီ Copyright ရှောင်ပြီး Edit လုပ်နည်းအထိ ပါမယ်။ (AI သုံးပြီး Recap လုပ်နည်းတောင် ပါသေးတယ်ဗျ)။
Audiobook & Branding: ကိုယ်ပိုင် Audiobook လုပ်နည်း၊ Logo ဆွဲနည်း၊ Intro/Outro ဖန်တီးနည်း၊ Sound wave ထည့်နည်းတွေ သင်ပေးမယ်။
Bonus Skills: ဒါတင်မကဘူး... Graphic Design, 3D Editing, Motion Graphic, DaVinci Resolve (Basic), Script & Content Writing, TikTok Boosting နဲ့ MLBB KOL lesson တွေအထိ လက်ဆောင်အနေနဲ့ထပ်သင်ပေးမှာ။

💰 ဈေးနှုန်းကရော?
ပုံမှန် Package ဈေး 180,000 ကျပ် ကိုမှ အခု နှစ်သစ်ကူး Promotion အနေနဲ့ 100,000 (15ရက်‌နေ့နောက်ဆုံး) ကျပ် တည်းနဲ့ ရမှာပါ။ (Review ပြန်ကြည့်ဖို့ အတွေ့အကြုံရှိတဲ့ Admin တွေကလည်း နားမလည်တာရှိရင် ဖြေပေးဖို့ အသင့်ရှိနေမှာပါဗျ)။

Content Creation ဆိုတာ ရေရှည်သွားရတဲ့ ခရီးတစ်ခုပါ။
ဒီသင်တန်းမှာပါတဲ့ Skill တွေက Movie Review တစ်ခုတည်းအတွက် မဟုတ်ဘူးဗျ။ Video Editing နဲ့ Graphic Design ဆိုတာ ဒီဘက်ခေတ်ရဲ့ "High-Income Skills" တွေပါပဲ။ ဒီ Skill တွေကိုပိုင်နိုင်သွားရင် -
• ကိုယ်ပိုင် Channel ထောင်မလား?
• Business Owner တွေအတွက် Freelance လုပ်ပေးမလား?
• Company တွေမှာ Content Writer/ Editor ဝင်လုပ်မလား?
အခွင့်အလမ်းက အများကြီးရှိတယ်ဗျ။

အရေးကြီးတာက "စလုပ်ဖို့" ပါပဲ။ ဘယ်ကစရမှန်းမသိ ဖြစ်နေရင်တော့ လမ်းပြပေးမဲ့သူ၊ မေးလို့ရမဲ့သူရှိတဲ့ သင်တန်းကောင်းတစ်ခုက သင့်ရဲ့ အချိန်တွေအများကြီးကို သက်သာစေမှာပါ။

ဆိုတော့ 2026 ကို Skill အသစ်တွေ၊ ဝင်ငွေလမ်းကြောင်းအသစ်တွေနဲ့ ပြောင်းလဲချင်တယ်ဆိုရင်တော့ @Pyaesone_8989 ကိုဆက်သွယ်လိုက်ပါဗျ။
Please open Telegram to view this post
VIEW IN TELEGRAM
44🔥2
ဒီ Content မှာ အဓိကအနေနဲ့ Movie recap/ Movie reup ကိုပြထားပေမဲ့
ကျန်တော်အရင် partner လုပ်တဲ့ AIO ထဲက Lesson တွေအကုန်ပါ၀င်ပါတယ်ခင်ဗျ
ကျန်တော်ဘက်က content ရေးတဲ့အချိန် main အသစ်ပါလာတဲ့ Lesson တွေကိုအဓိကအနေနဲ့ချဲ့ပြလို့သာ တောသီးဖမ်းတယ်လိုမျိုးဖြစ်နေတာပါ
ဒီ course ထဲမှာ
Content writing
Script writing
Video editing (Basic)
Motion graphic
3d edit
Video editing (Advance)
Graphic design (Basic)
Graphic design (Advance)
Tiktok automation
YouTube Full Course
Tiktok Boosting
ကျန်တော်ကိုယ်တိုင်သီသန့်ပြပေးတဲ့ Davinci pc Course ကလွဲအကုန်ပါပါတယ်ခင်ဗျ (ဒါတောင် Basic 10ပုဒ်ပါပါတယ်)

သီသန့် joinနေရင် တခုကို 50k နဲ့ ပိုကုန်တာဖြစ်တဲ့အတွက် All in one ကို 100k နဲ့ဈေးလျှော့ပေးထားတာပါ

ပြီးတော့ Davinci Resolve Course မှာလဲ
300k ဆိုတာ pc course တွေရဲ့ Update ပေါက်ဈေးပါဗျ / Foreign Course တွေဆိုရင်
$150_300ကြားကိုပေါက်ပါတယ်
ဒါပေမဲ့ တက်တဲ့သူတွေအတွက်အဆင်ပြေအောင်
Tiktok automation / YouTube full course/ Movie recap တွေ အကုန်ပါပေါင်းပေးထားပါတယ် Course နှစ်ခုကိုပေါင်းပြီးတော့မှ pc course joinတဲ့သူ‌တွေအနေနဲ့ တခြား ထက်လေ့လာချင်ရင် အပိုမပေးရအောင် 150k နဲ့ Davinci Resolve Course ကိုလုပ်ပေးထားတာပါ

ကျန်တာကတော့ ကိုယ့်လူတို့မြင်ချင်သလိုမြင်လို့ရပါတယ်ခင်ဗျ (ဘလိန်းတယ်ဆိုလဲစာအဆုံးထိဖတ်ကြပါခင်ဗျ)😢
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
26😭2
Editor ဖြစ်ချင်တာ PC မရှိလို့ မစရသေးဘူးဆိုရင် ဒီစာကို ဆုံးအောင်ဖတ်ကြည့်ပါဗျ!

ဆိုတော့... ကျွန်တော့်ကို တချို့ညီ၊ ညီမတွေ မေးလေ့ရှိတာတစ်ခုက "အစ်ကို... ကျွန်တော့်မှာ PC မရှိသေးဘူး၊ ဖုန်းနဲ့ပဲ စလို့ရမလား" တဲ့။

အဖြေက - ရပါတယ်၊ ဒါပေမဲ့ စနစ်တကျတော့ သွားဖို့လိုမယ်ဗျ။
Video Editing ဆိုတာ Software တစ်ခုတည်းကို ကျွမ်းကျင်တာ မဟုတ်ဘူး၊ Storytelling ကိုလည်း ကျွမ်းကျင်ဖို့ လိုတာပါ။ ဒါကြောင့် ကိုယ့်လူတို့ လမ်းမပျောက်ရအောင် အဆင့် (၃) ဆင့် ခွဲပြီး လမ်းညွှန်ပေးပါမယ်ဗျ။

💖Step 1: ဖုန်းထဲမှာ အခြေခံ အရင်ပိုင်အောင်လုပ် (The Basics)
PC မရှိလို့ စိတ်မပူနဲ့။ CapCut တို့ Alight Motion တို့ဆိုတာ အခုခေတ်မှာ တော်တော်ကို Powerful ဖြစ်နေပါပြီ။ ဒီအဆင့်မှာ Effect တွေ အများကြီးသုံးဖို့ထက် ဒါတွေကို အရင်လေ့ကျင့်ပါ။

● Cuts & Trims: ဘယ်နေရာမှာ ဖြတ်ရင် ကြည့်ကောင်းလဲ?
● Music Sync: သီချင်းရဲ့ Beat နဲ့ Video ကို ဘယ်လိုကိုက်အောင် ညှိမလဲ?
ဒါတွေက ဖုန်းနဲ့လုပ်လုပ်၊ PC နဲ့လုပ်လုပ် သဘောတရားက အတူတူပဲဗျ။ Tool မရွေးဘူး၊ Skill က အဓိကပဲ။

💖Step 2: PC ရောက်ရင် Industry Standard ကို ပြောင်းသုံး (Level Upလုပ်တာ)

နောက်ပိုင်း ကိုယ့်လူတို့ PC ဝယ်နိုင်ပြီ၊ ဒါမှမဟုတ် အလုပ်ခွင်ဝင်တော့မယ်ဆိုရင်တော့ Adobe Premiere Pro (သို့) DaVinci Resolve ကို ပြောင်းကိုင်ဖို့ တိုက်တွန်းချင်တယ်။
ဘာလို့လဲဆိုတော့ Client အကြီးကြီးတွေနဲ့ အလုပ်လုပ်တဲ့အခါ၊ ဖိုင်တွေအများကြီးနဲ့ ရှုပ်လာတဲ့အခါ ဖုန်းနဲ့က မနိုင်တော့ဘူး။ Color Grading တွေ၊ Sound Design တွေ သေချာလုပ်ဖို့အတွက် PC Software တွေက မဖြစ်မနေ လိုလာလိမ့်မယ်။ Motion Graphic ဘက်ကို သွားချင်ရင်တော့ After Effects ပေါ့။

💖 Step 3: AI ကို ကြောက်စရာမလို၊ အသုံးချပါ (The AI Advantage)

အခုဆို AI Video Tool တွေ ခေတ်စားလာပြီ။ ဒါကို ကိုယ့်ရဲ့ Assistant လို့ မြင်ကြည့်ဗျာ။
Script ရေးတာ၊ စာတန်းထိုးတာ (Captioning)၊ အသံရှင်းတာလိုမျိုး အချိန်ကုန်တဲ့ အလုပ်တွေကို AI နဲ့ ခိုင်းလိုက်။ ပြီးမှ ကိုယ်က Editor တစ်ယောက်ရဲ့ Creativity နဲ့ Emotion ကို ပေါင်းထည့်လိုက်။ ဒါဆိုရင် ကိုယ်က သူများထက် ခြေလှမ်းသာနေပြီ။

💡 လက်တွေ့လေ့ကျင့်ချင်သူတွေအတွက် Pro Tip:

သင်တန်းတွေ လိုက်တက်နေရုံနဲ့ မတတ်ဘူးဗျ။ "Copycat Method" ကို သုံးပါ။
YouTube မှာ ကိုယ်ကြိုက်တဲ့ Video တစ်ပုဒ်ကို ဒေါင်း၊ ပြီးရင် သူဖြတ်ထားတဲ့အတိုင်း တစ်ပုံစံတည်းတူအောင် လိုက်ဖြတ်ကြည့်။ ဥပမာ-သူဘယ်နားမှာ သီချင်းအမြူးတွေထည့်လဲ၊ ဘယ်နားမှာ အသံတိတ်လိုက်လဲ ဆိုတာကို လက်တွေ့လိုက်လုပ်ကြည့်တာက အထိရောက်ဆုံး နည်းလမ်းပဲ။
Editing ဆိုတာ ချက်ချင်းကြီး ဆရာတစ်ဆူ ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့ပဲ CapCut လေးဖွင့်ပြီး Clip နှစ်ခုကို ဆက်ကြည့်လိုက်ပါ။ အဲဒါ အစပဲဗျ။

ကဲ... ကိုယ့်လူတို့ရော လောလောဆယ် ဖုန်းနဲ့ Edit နေတာလား၊ PC နဲ့လား? ကိုယ်သုံးနေတဲ့ Software လေးတွေ Comment မှာ မန့်ခဲ့လို့ရတယ်ဗျ။
Please open Telegram to view this post
VIEW IN TELEGRAM
57🍓1
📺Content တွေများပြီး လည်ထွက်နေပြီလား? ဒါဆို Quality Game ပြောင်းကစားပါဗျ။

📱Video Editor တစ်ယောက်အနေနဲ့ နေ့တိုင်း Content တွေ၊ Project တွေ ဒလဟော ဖန်တီးနေရလို့ တခါတလေ Burn out ဖြစ်ပြီး လည်ထွက်သွားတာမျိုး ကြုံဖူးကြတယ်မလား။

အခုခေတ်က Content တွေ အရမ်းများလာတော့ ကိုယ်ကပါ လိုက်ပြီး အများကြီး တင်နိုင်မှ ဖြစ်မယ်လို့ ထင်နေကြတာ။ တကယ်တမ်းကျတော့ အဲ့ဒီအတွေးက မှားပါတယ်ဗျ။

အဓိက လိုရင်းက "ဘယ်လောက်များများ တင်နိုင်လဲ" ဆိုတာထက် "ကြည့်တဲ့သူ့ စိတ်ထဲ ဘယ်လောက်ထိ ရောက်သွားလဲ" ဆိုတာက ပိုအရေးကြီးတာပါ။ Video ၁၀ ပုဒ် လိုလိုမယ်မယ် တင်လိုက်တာထက်၊ ကြည့်တဲ့သူ ရင်ထဲထိသွားမယ့် Video ၁ ပုဒ်က ပိုပြီး Impact ရှိတယ်၊ ပိုပြီး တန်ဖိုးရှိပါတယ်ဗျာ။

ဒါကြောင့် ကိုယ့်ရဲ့ Editing Game ကို မြှင့်ချင်ရင် ဒီအချက် (၃) ချက်ကို စမ်းကြည့်စေချင်တယ်ဗျ။

💖(1) ကိုယ့်ရဲ့ Content တွေကို ပြန်စစ်ဆေးတာ

Timeline ပေါ်မှာ Edit နေရင်း ကိုယ့်ကိုယ်ကို ပြန်မေးပါ။ "ငါ ဒီ Video မှာ ဘာတန်ဖိုးပေးနေတာလဲ?" ဒါမှမဟုတ် ရိုးရိုးကြီး Noise တစ်ခု ထပ်တိုးလိုက်တာပဲလား ဆိုတာကိုပေါ့။

💖(2) Impact ဖြစ်ဖို့ ဦးစားပေးတာ

Editor ကောင်းတစ်ယောက်ဟာ Effect တွေအများကြီး သုံးတတ်ရုံနဲ့ မပြီးပါဘူး။ ကြည့်တဲ့သူတွေရဲ့ လိုအပ်ချက်နဲ့ စိတ်ခံစားချက်ကို ထိတွေ့နိုင်ဖို့က ပိုအရေးကြီးပါတယ်။ Storytelling ကောင်းကောင်းနဲ့ ဆွဲဆောင်နိုင်မှ ကိုယ့်လူတို့ရဲ့ content က ပိုကောင်းလာမှာဗျ။

💖(3) Viewer တွေနဲ့ connection လုပ်တာ

Engagement ဆိုတာ Like နဲ့ Share အရေအတွက်သက်သက် မဟုတ်ပါဘူး။ ကိုယ့် Video အောက်မှာ လာရေးတဲ့ Comment တွေကို ဖတ်ပါ၊ စကားပြန်ပြောပါ။ သူတို့တွေရဲ့ အမြင်တွေနဲ့ သူတို့ဘာကြိုက်လဲဆိုတာလည်း နားထောင်ကြည့်မှ နောက်ထပ်လုပ်မဲ့ content တွေက ပိုမိုက်လာမှာဗျ။

ဆိုတော့ ကိုယ့်လူတို့အနေနဲ့ကော Content တွေ ဖန်တီးတဲ့အခါ အရေအတွက် (Quantity) ကို ဦးစားပေးလား၊ အရည်အသွေး (Quality) ကို ဦးစားပေးလား?
Please open Telegram to view this post
VIEW IN TELEGRAM
15🔥6🥰1