GED Success Hub
528 subscribers
67 photos
1 video
21 links
A hub of success and improvement for every GED student
Download Telegram
⁉️“ဘာလို့ 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞လုပ်တိုင်း အဖြေတွေမှားနေရတာလဲ”⁉️

𝐆𝐄𝐃 𝐬𝐭𝐮𝐝𝐞𝐧𝐭တွေထဲမှာ စာလည်းလုပ်တယ်၊ 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐪𝐮𝐞𝐬𝐭𝐢𝐨𝐧တွေလည်း အမြဲတမ်း ကျင့်နေပေမဲ့ 𝐪𝐮𝐢𝐳တွေဖြေတိုင်းမှားနေကြတဲ့သူတွေရှိလားဗျ

𝐆𝐄𝐃က ဒါကျက်ဒါဖြေမျိုးမဟုတ်တာမို့ တစ်ခါတရံမှာ ဘယ်လောက်ပဲ လေ့ကျင့်ပြင်ဆင်ထားပါစေ နည်းနည်းလေး အတွေးချော်သွားရင်တောင် မှားသွားတတ်တာမျိုးရှိတာမို့ ကိုယ့်ကြိုးစားမှုနဲ့ ရလဒ်နဲ့ မကိုက်တာမျိုးဖြစ်နေတတ်ပါတယ်

ဒီနေ့ 𝐆𝐄𝐃 𝐒𝐮𝐜𝐜𝐞𝐬𝐬 𝐇𝐮𝐛မှာတော့ ဘာကြောင့် အဖြေတွေမှားကြတယ်ဆိုတာကို 𝐩𝐫𝐨𝐛𝐥𝐞𝐦နဲ့တကွ 𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧ကိုပါပြောပြပေးသွားပါမယ်ဗျ
𝐏𝐫𝐨𝐛𝐥𝐞𝐦 1️⃣ - မေးခွန်းကို နားလည်မှုလွှဲခြင်း

📖𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐜𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐨𝐧 𝐭𝐞𝐬𝐭တိုင်းမှာ အဓိကအရေးပါတာကတော့ မေးခွန်းကိုသေချာနားလည်သဘောပေါက်ဖို့ပဲဖြစ်ပါတယ်

⁉️တစ်ခါတရံမှာ ရွေးချယ်စရာလေးခုလုံးဟာ စာပိုဒ်ထဲမှာလည်းဖော်ပြထားသလို၊ အဓိပ္ပါယ်လည်းရှိတဲ့အဖြေမျိုးတွေ ဖြစ်နေတတ်ပါတယ်
ဒီလို 𝐜𝐨𝐧𝐟𝐮𝐬𝐢𝐧𝐠ဖြစ်တဲ့အဖြေတွေကို ရွေးချယ်ရာမှာ အဓိကစဉ်းစားရမှာကတော့ “မေးခွန်းက ဘာကို လိုချင်သလဲ” ဆိုတာပဲဖြစ်ပါတယ်ဗျ

အဓိကကတော့ “ဘယ်အချက်အလက်ဟာ မှန်ကန်သလဲ” ဆိုတာထက် “ဘယ်အချက်ကို မေးခွန်းက လိုချင်သလဲ”ဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်နော်

🧩𝐆𝐄𝐃နဲ့အမေးနဲ့ အဖြေတွေဟာ 𝐣𝐢𝐠𝐬𝐚𝐰 𝐩𝐮𝐳𝐳𝐥𝐞လိူပါပဲ၊ သူလိုချင်တဲ့အချက်အလက်တွေကို ကွက်တိကျအောင် ဖြေပေးနိုင်ဖို့လိုပါတယ်ဗျ
အဖြေတွေဟာ အကုန်မှန်နိုင်တယ်ဆိုရင်တောင်မှ မေးခွန်းနဲ့အသင့်တော်ဆုံးအဖြေကို ရွေးချယ်ရမှာမို့ သတိထားရပါမယ်

ဥပမာ - 𝐢𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 တွေ 𝐜𝐨𝐧𝐜𝐥𝐮𝐬𝐢𝐨𝐧 တွေ ရှာခိုင်းတဲ့မေးခွန်းမျိုးမှာဆိုရင် အဖြေလေးခုလုံးက
စာပိုဒ်နဲ့သက်ဆိုင်ပြီး 𝐫𝐞𝐚𝐬𝐨𝐧𝐚𝐛𝐥𝐞 ဖြစ်တဲ့အဖြေမျိုးတွေဖြစ်နိုင်ပေမဲ့ စာပိုဒ်ထဲမှာပေးထားတဲ့ 𝐝𝐞𝐭𝐚𝐢𝐥မဟုတ်ဘဲ ကိုယ့်ဟာကိုယ် 𝐜𝐨𝐧𝐜𝐥𝐮𝐝𝐞လုပ်နိုင်တဲ့အချက်မျိုးကိုရှာရတာမို့ 𝐜𝐨𝐧𝐟𝐮𝐬𝐞𝐝ဖြစ်နိုင်ပါတယ်

🪄𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧
-မေးခွန်းများများလေ့ကျင့်ပြီး အမြဲမေးတတ်တဲ့မေးခွန်းပုံစံတွေကို ရင်းနှီးနေအောင်လုပ်ထားပြီး 𝐚𝐩𝐩𝐫𝐨𝐚𝐜𝐡 လုပ်ပါ

-အဖြေတစ်ခုကို စဉ်းစားတိုင်း မေးခွန်းကို အမြဲပြန်ဖတ်ပြီး မေးထားတဲ့အချက်ဟုတ်မဟုတ် ပြန်တိုက်ပါ

-𝐞𝐱𝐜𝐞𝐩𝐭, 𝐬𝐮𝐩𝐩𝐨𝐫𝐭, 𝐧𝐨𝐭 𝐬𝐮𝐩𝐩𝐨𝐫𝐭 စတဲ့ 𝐭𝐰𝐢𝐬𝐭လုပ်ထားတဲ့ 𝐤𝐞𝐲𝐰𝐨𝐫𝐝တွေကို အမြဲသတိထားပါ
3
𝐏𝐫𝐨𝐛𝐥𝐞𝐦 2️⃣- 𝐌𝐞𝐧𝐭𝐚𝐥 𝐩𝐫𝐞𝐬𝐬𝐮𝐫𝐞

😶‍🌫️စာရပေမဲ့ စာမေးပွဲတိုင်းအမှတ်နည်းနေတတ်တဲ့ကျောင်းသားတွေရဲ့ အဓိကပြဿနာကတော့ စိုးရိန်ပူပန်မှု များခြင်းပဲ ဖြစ်ပါတယ်

𝐆𝐄𝐃က အတွေးအခေါ်ကိုသုံးပြီးဖြေရတာမို့ စိတ်လှုပ်ရှားလွန်းပြီး ပူပန်မှုများနေရင် မတွေးနိုင်ဖြစ်ပြီး မှားယွင်းတတ်ပါတယ်

ပြီးတော့ အရမ်း 𝐞𝐱𝐩𝐞𝐜𝐭𝐚𝐭𝐢𝐨𝐧𝐬 မြင့်မားလွန်းခြင်းကလည်း 𝐟𝐚𝐜𝐭𝐨𝐫တစ်ခုပါပဲဗျ
အမှတ်ရချင်လွန်းဇောကြီးရင်လည်း မှားတတ်တာမို့ အမြဲတမ်း စိတ်ကို အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးထားပြီး ဖြေဆိုကြဖို့ အကြံပေးချင်ပါတယ်ဗျ

🪄𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧 :
-အမြဲတမ်း အိပ်ရေးဝဝအိပ်ပြီးအစာကောင်းကောင်းစားပါ၊ ကိုယ်ကျန်းမာရေးကောင်းနေမှ စိတ်ကျန်းမာမှာ မို့လို့ပါ

-ရလဒ်တွေ၊ အဆင့်တွေကို ကြိုမတွေးဘဲနဲ့ 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞လုပ်နေသလိုသဘောထားပြီး စာထဲကိုပဲ စိတ်နှစ်ပြီး စာတွေကိုခေါင်းထဲ စဉ်းစားပုံဖော်ပြီးဖြေပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Problem 3️⃣ - အတွေးလွန်ခြင်း

𝐂𝐨𝐧𝐜𝐞𝐩𝐭လည်းပိုင်ပြီး တွေးတတ်ခေါ်တတ်ပေမဲ့လည်း အဖြေတွေမှားနေသေးတဲ့ ကျောင်းသားအချို့ရဲ့ ပြဿနာအရင်းအမြစ်ကတော့ 𝐨𝐯𝐞𝐫𝐭𝐡𝐢𝐧𝐤𝐢𝐧𝐠 ပဲ ဖြစ်ပါတယ်

𝐆𝐄𝐃မေးခွန်းအများစုက 𝐛𝐚𝐜𝐤𝐠𝐫𝐨𝐮𝐧𝐝 𝐜𝐨𝐧𝐜𝐞𝐩𝐭ကို နားလည်ဖို့လိုအပ်တယ်ဆိုပေမဲ့ အဖြေကိုတော့ ပေးထားတဲ့အချက်အလက်နဲ့ မေးခွန်းရဲ့ ပေးထားတဲ့ ဘောင်ထဲကနေပဲ စဉ်းစားရပါတယ်

တစ်ခါတရံမှာ ပေးထားတဲ့အဖြေတစ်ခုဟာ 𝐟𝐚𝐜𝐭𝐮𝐚𝐥ဖြစ်နေပေမဲ့လည်း 𝐩𝐚𝐬𝐬𝐚𝐠𝐞ကပေးထားတဲ့ 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧ထဲမှာပါမနေဘူးဆိုရင် ပယ်ရပါတယ်ဗျ

🪄𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧
-အပေါ်မှာပြောထားသလိုပဲ မေးခွန်းကိုသေချာနားလည်သဘောပေါက်ပြီး ပေးထားတဲ့ 𝐢𝐧𝐟𝐨တွေကိုပဲ 𝐚𝐧𝐚𝐥𝐲𝐳𝐞 လုပ်ပါ
-အပြင်မှာသိထားတဲ့ 𝐟𝐚𝐜𝐭တွေထက် စာပိုဒ်ကပေးထားတဲ့အချက်တွေကိုပဲ အလေးထားစဉ်းစားပါ

ဒီလောက်ဆိုရင်တော့ ဒီ 𝐭𝐢𝐩𝐬တွေကိုသုံးပြီး မေးခွန်းတွေအကုန်မှန်၊ အမှတ်ပြည့်တွေရဖို့ မျှော်လင့်ပါတယ်ဗျ❣️

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Join our facebook page - https://www.facebook.com/profile.php?id=61561676176824&mibextid=LQQJ4d

Join our telegram channel - https://t.me/GEDSuccessHub

#GEDSuccessHub #GEDMyanmar #GEDtips
5👍1🥰1
🫵“ပြန်စစ်ပါ”🫵

ခေါင်းစဉ်လေးကို ဖတ်လိုက်တော့ ဘာကို “ပြန်စစ်” ရမလဲဆိုတာကို စဉ်းစားမိသွားမယ်လို့ထင်တယ်

ဘာပြန်စစ်ရမလဲဆိုတော့ စာမေးပွဲဖြေတိုင်း ခုံနံပါတ်နဲ့ နာမည်တပ်ပြီးပြီးလားဆိုတာ စစ်ရမှာပါနော် 🤓

ဟဲဟဲ စတာပါဗျ 𝐆𝐄𝐃မှာ အဲဒါတွေ စစ်စရာမလိုပါဘူး ဒါပေမဲ့ စစ်ကို ပြန်စစ်သင့်တဲ့အချိန် သုံးချိန်ရှိပါတယ်ဗျ

အဲဒါတွေက ဘယ်အချိန်တွေလဲဆိုတော့

1️⃣𝐀𝐜𝐜𝐨𝐮𝐧𝐭 ဖွင့်တဲ့ အချိန်

🪪𝐀𝐜𝐜𝐨𝐮𝐧𝐭ဖွင့်တဲ့အခါမှာ သေချာစစ်ရမှာကတော့
ကိုယ့်ရဲ့နာမည်က မှတ်ပုံတင်/𝐩𝐚𝐬𝐬𝐩𝐨𝐫𝐭တွေထဲက နာမည်နဲ့ တူရဲ့လားဆိုတာကို စစ်ဆေးပါ
ကိုယ့် 𝐧𝐢𝐜𝐤𝐧𝐚𝐦𝐞မဟုတ်ဘဲ မှတ်ပုံတင်ထဲက နာမည်ကို အတိအကျဖြည့်ရပါမယ်ဗျ

နာမည်ကိုလည်း နှစ်ခြမ်းခွဲပြီး 𝐟𝐢𝐫𝐬𝐭 𝐧𝐚𝐦𝐞 နဲ့ 𝐥𝐚𝐬𝐭 𝐧𝐚𝐦𝐞မှာ အစဉ်လိုက်ထည့်ပါ
ကိုယ့်နာမည် ပြောင်းပြန်ကြီးထွက်လာတာမျိုး မဖြစ်ပါစေနဲ့နော်

ပြီးတော့ စစ်ဆေးရမှာက ကိုယ့်ရဲ့ မွေးနေ့၊လိပ်စာအပြင် အခြား 𝐚𝐜𝐜𝐨𝐮𝐧𝐭 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 တွေအားလုံးကို သေချာဖြည့်ထားလားစစ်ဆေးပါ

📝ဒါတွေဟာ 𝐜𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞မှာ ပါလာမှာမို့ မှားယွင်းနေတယ်ဆိုရင် ကျောင်းလျှောက်တဲ့အခါ အခက်အခဲရှိနိုင်လို့ပါဗျ
1
2️⃣ 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞ယူတဲ့အချိန်

🗓️𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞ယူတဲ့အချိန်မှာ ကိုယ်ဖြေရမဲ့ ရက်၊ အချိန်၊ နေရာ ကို အနည်းဆုံးနှစ်ကြိမ်ပြန်စစ်ဆေးပါ

စာမေးဖြေရမဲ့ရက်ရောက်မှ ရက်မှားယူမိတာသတိထားမိပြီး အဆင်သင့်မဖြစ်သေးဘဲ ပြေးဖြေရတာမျိုးမဖြစ်ပါစေနဲ့နော်

🏬𝐀𝐝𝐦𝐢𝐧လိုမျိုးလည်း အခြားမြို့ကနေ မုန့်မှားမှာမိသလို 𝐜𝐞𝐧𝐭𝐫𝐞မှားယူမိပြီး မဖြေလိုက်ရတာမျိုးလည်း မဖြစ်ပါစေနဲ့ဗျ

ကိုယ်အဆင်သင့်ဖြစ်မယ်လို့ထင်တဲ့ ရက်တစ်ရက်ကို သေချာရွေးချယ်ပြီး လုပ်ပါနော်

3️⃣ စာဖြေတဲ့အချိန်

🧐အခြားစာမေးပွဲတွေလိုပဲ စာဖြေဆိုပြီးတိုင်း ပြန်စစ်ဖို့က အရမ်းအရေးကြီးပါတယ်

𝐆𝐄𝐃က 𝐫𝐞𝐚𝐝𝐢𝐧𝐠ကို အလေးထားတဲ့ 𝐭𝐞𝐬𝐭ဖြစ်တဲ့အတွက် ပထမဆုံးအကြိမ်ဖတ်မိတာနဲ့ ဒုတိယအကြိမ်ပြန်ဖတ်တာနဲ့ နားလည်မှု 𝐥𝐞𝐯𝐞𝐥ချင်းမတူတာမို့ ပြန်ဖတ်စေချင်ပါတယ်နော်

အမြဲတမ်း ကိုယ့်အဖြေကို ဘာကြောင့်ဖြေထားလဲ၊ ပယ်တဲ့အဖြေတွေကို ဘာကြောင့်ပယ်ထားလဲဆိုတာကို သေချာ 𝐛𝐚𝐜𝐤𝐮𝐩ပြန်လုပ်ပေးပါဗျ

𝐀𝐝𝐦𝐢𝐧ဆိုရင် စာပြန်စစ်တဲ့ဘာသာနဲ့ အချိန်မလောက်လို့ စာပြန်မစစ်မိတဲ့ဘာသာနဲ့ အမဇတ်အရမ်းကွာတာမို့ 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 အရ သတိပေးရခြင်း ဖြစ်ပါတယ်ဗျ

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီအချက်သုံးချက်ကို သေချာသတိထားပြီး စစ်ဆေးမယ်ဆိုရင်တော့ စာမေးပွဲကို ချောချောရှူရှူနဲ့ ဖြေဆိုနိုင်မယ်လို့ထင်ပါတယ်ဗျ

ဒီလို 𝐆𝐄𝐃အတွက် အသုံးဝင်တဲ့𝐜𝐨𝐧𝐭𝐞𝐧𝐭တွေကို ဖတ်ရှုချင်တယ်ဆိုရင်တော့ 𝐆𝐄𝐃 𝐒𝐮𝐜𝐜𝐞𝐬𝐬 𝐇𝐮𝐛ကို 𝐟𝐨𝐥𝐥𝐨𝐰လုပ်ထားပေးပါခင်ဗျ

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးပါဗျ❣️❣️

Join our facebook page - https://www.facebook.com/profile.php?id=61561676176824&mibextid=LQQJ4d

Join our telegram channel - https://t.me/GEDSuccessHub

#GEDSuccessHub #GEDMyanmar #GEDtips
5
“𝐆𝐄𝐃မှာ ဘယ်ဘာသာက အခက်ဆုံးလဲ”🤔

ဒီမေးခွန်းအတွက်အဖြေကတော့ အမျိုးမျိုးရှိနိုင်ပါတယ်

📚ကိုယ့်ရဲ့ 𝐛𝐚𝐜𝐤𝐠𝐫𝐨𝐮𝐧𝐝 𝐤𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞,𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐥𝐞𝐯𝐞𝐥, 𝐫𝐞𝐚𝐝𝐢𝐧𝐠 𝐜𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐨𝐧 𝐬𝐤𝐢𝐥𝐥𝐬, 𝐞𝐧𝐠𝐥𝐢𝐬𝐡 𝐩𝐫𝐨𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 စတဲ့ 𝐟𝐚𝐜𝐭𝐨𝐫တွေအများကြီးနဲ့သက်ဆိုင်နေတာမို့ လူတစ်ယောက်ချင်းစီအတွက်တော့ မတူတဲ့အဖြေတွေရှိကြမှာပါ

ဒီနေ့မှာတော့ 𝐆𝐄𝐃 𝐒𝐮𝐜𝐜𝐞𝐬𝐬 𝐇𝐮𝐛 ကနေတစ်ဆင့် ဘယ်ဘာသာက အခက်ခဲဆုံးလဲဆိုတာကို တူတူ 𝐞𝐱𝐩𝐥𝐨𝐫𝐞လုပ်ကြည့်လိုက်ရအောင်နော်

🌏နိုင်ငံတကာမှာရော ဘယ်လိုသက်မှတ်ကြသလဲ⁉️

စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ မြန်မာကျောင်းသားတွေအတွက် အလွယ်ကူဆုံးလို့ ပြောလို့ရတဲ့ 𝐌𝐚𝐭𝐡𝐬ဘာသာရပ်ဟာ အနောက်တိုင်းက ဖြေဆိုသူတွေအတွက်တော့ အခက်ခဲဆုံးဖြစ်ပါတယ်တဲ့

ဒီကနေတစ်ဆင့် အရှေ့တိုင်းနဲ့ အနောက်တိုင်း သင်ကြားမှုပုံစံခြင်းကွဲပြားမှုကို တွေ့နိုင်တယ်လို့ မြင်မိပါတယ်

🇲🇲မြန်မာနိုင်ငံက ကျောင်းသားတွေ အတွက်ကရော?

𝐠𝐞𝐧𝐞𝐫𝐚𝐥𝐥𝐲အရ စဉ်းစားကြည့်မယ်ဆိုရင်တော့ မြန်မာကျောင်းသားတွေအတွက် အခက်ခဲဆုံးက
🍓4
1️⃣𝐑𝐋𝐀 𝐚𝐧𝐝 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬

𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐜𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐨𝐧 𝐫𝐞𝐚𝐝𝐢𝐧𝐠နဲ့ 𝐜𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐭𝐡𝐢𝐧𝐤𝐢𝐧𝐠ပိုင်းတွေကို ဦးစားပေးသင်ကြားခြင်းမဟုတ်တဲ့ မြန်မာပညာရေးစနစ်ကြောင့် မြန်မာ 𝐆𝐄𝐃ကျောင်းသားတွေဟာ 𝐑𝐋𝐀နဲ့ 𝐒𝐨𝐜𝐢𝐚𝐥လို 𝐄𝐧𝐠𝐥𝐢𝐬𝐡စာပိုဒ်တွေ ဖတ်ပြီး တစ်ဆင့် တွေးခေါ်ဆန်းစစ်ရတဲ့ ဘာသာရပ်တွေမှာ အားနည်းလေ့ရှိပါတယ်

နောက်ထပ်အကြောင်းအရင်းကတော့ 𝐆𝐄𝐃ဟာ 𝐍𝐨𝐧-𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐬𝐩𝐞𝐚𝐤𝐞𝐫တွေကို 𝐄𝐧𝐠𝐥𝐢𝐬𝐡စာတတ်မြှောက်အောင်သင်ကြားပေးတဲ့ 𝐄𝐒𝐋(𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐚𝐬 𝐬𝐞𝐜𝐨𝐧𝐝 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞) ပုံစံမျိုးမဟုတ်ဘဲ 𝐄𝐧𝐠𝐥𝐢𝐬𝐡စာ တတ်မြှောက်ပြီးထားသူတွေအတွက် အတွေးအခေါ်ပိုင်းကို ဦးတည်ထားတဲ့ 𝐄𝐅𝐋(𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐚𝐬 𝐟𝐢𝐫𝐬𝐭 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞)ပုံစံမျိုးဖြစ်တာကြောင့် 𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐛𝐚𝐫𝐫𝐢𝐞𝐫ကိုကျော်လွန်နိုင်မှ တွေးခေါ်လို့ရမှာဖြစ်လို့ 𝐄𝐧𝐠𝐥𝐢𝐬𝐡စာနဲ့ ထိတွေ့လေ့မရှိတဲ့ကျောင်းသားတွေ အခက်တွေ့ကြရတာပဲဖြစ်ပါတယ်

ဒါ့အပြင် 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬ဘာသာရပ်ဟာဆိုရင် မြန်မာကျောင်းသားတွေမသင်ကြားဖူးတဲ့ 𝐠𝐨𝐯𝐞𝐫𝐧𝐦𝐞𝐧𝐭 𝐬𝐲𝐬𝐭𝐞𝐦တွေ၊ 𝐔𝐒 𝐡𝐢𝐬𝐭𝐨𝐫𝐲၊ 𝐖𝐨𝐫𝐥𝐝 𝐡𝐢𝐬𝐭𝐨𝐫𝐲တွေကို သင်ကြားရတာဖြစ်လို့ ပညာရပ်အသစ်တစ်ခုကို သင်ကြားနေရသလိုဖြစ်နေတာကြောင့် ခက်ခဲတယ်လို့ပြောရခြင်းဖြစ်ပါတယ်
🍓3
2️⃣𝐒𝐜𝐢𝐞𝐧𝐜𝐞

မြန်မာအထက်တန်းကျောင်း ၉ တန်းလောက်ထိ ပြီးမြှောက်ထားတဲ့ ကျောင်းသားကျောင်းသူတွေကတော့ 𝐁𝐢𝐨,𝐏𝐡𝐲𝐬𝐢𝐜𝐬,𝐂𝐡𝐞𝐦𝐢𝐬𝐭𝐫𝐲 တို့အတွက် အခြေခံပါပြီးသားဖြစ်လို့ စာနဲ့ရင်းနှီးပြီးသားဖြစ်နိုင်ပါတယ်
ဒါတွေကို အခြေခံမသင်ဖူးတဲ့ကျောင်းသာစတွေအတွက်တော့ အနည်းငယ်စိမ်းနေနိုင်ပါတယ်ဗျ

ဒါပေမဲ့ 𝐆𝐄𝐃မှာ အရင်က မသင်ခဲ့ရဖူးတဲ့ 𝐄𝐱𝐩𝐞𝐫𝐢𝐦𝐞𝐧𝐭 𝐩𝐫𝐨𝐜𝐞𝐝𝐮𝐫𝐞𝐬တွေ အခြား အကြောင်းအရာတွေကျယ်ကျယ်ပြန့်ပြန့်ပါဝင်တာမို့ မရင်းနှီးတဲ့အပိုင်းလည်းရှိနေနိုင်ပါတယ်

အချို့ မေးခွန်းတွေက 𝐜𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐨𝐧ပိုင်းကို ဦးတည်ပြီး အချို့မေးခွန်းတွေကတော့ 𝐜𝐨𝐧𝐜𝐞𝐩𝐭ပိုင်နိုင်မှုကို ဦးတည်တာမို့ 𝐭𝐫𝐢𝐜𝐤𝐲ဖြစ်တာမျိုးတွေရှိနိုင်တဲ့အတွက် ဒုတိယမြှောက် အခက်ခဲဆုံးလို့ ပြောရခြင်းဖြစ်ပါတယ်

3️⃣𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬

𝐆𝐄𝐃ကို ဖြေဆိုဖူးတဲ့ကျောင်းသားတွေကတော့ 𝐆𝐄𝐃 𝐌𝐚𝐭𝐡𝐬ရဲ့အထာကို သိပြီးသားဖြစ်ကြပါလိမ့်မယ်
𝐆𝐄𝐃 𝐌𝐚𝐭𝐡𝐬မှာဆိုရင် 𝐜𝐨𝐧𝐜𝐞𝐩𝐭 𝐚𝐫𝐞𝐚𝐬တွေကို သုံလင်အောင်ထည့်မေးလေ့ရှိပြီမဲ့ 𝐢𝐧 𝐝𝐞𝐩𝐭𝐡 မေးခွန်းမျိုးတွေမဟုတ်ဘဲ အခြေခံ 𝐜𝐨𝐧𝐜𝐞𝐩𝐭ကိုနားလည်ထားရင် ဖြေဆိုလို့ရတာမို့ မြန်မာကျောင်း (၉)တန်း အောင်မြင်ထားတဲ့ ကျောင်းသားတွေဆိုရင် အနည်းငယ်မေးခွန်းနဲ့ နေသားကျအောင် သင်ယူပြီးရင် အမှတ်ကောင်းကောင်းရအောင် ဖြေဆိုနိုင်မှာပါ

𝐆𝐄𝐃 𝐌𝐚𝐭𝐡𝐬ဟာ တွက်ချက်ရတဲ့အပိုင်းမှာ ခက်တာမဟုတ်ဘဲ မေးခွန်းကို 𝐜𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐝လုပ်ရတဲ့အပိုင်းမှာ အခက်တွေ့လေ့ရှိကြပါတယ်
မေးခွန်းမှာ 𝐭𝐰𝐢𝐬𝐭ကလေးတွေ ထည့်ထားလေ့ရှိတာမို့ 𝐭𝐫𝐢𝐜𝐤𝐲ဖြစ်နိုင်ပေမဲ့ အဲဒီ 𝐭𝐰𝐢𝐬𝐭တွေ ကျော်ဖြတ်နိုင်ပြီး တွက်ချက်ရတဲ့အပိုင်းမှာတော့ မြန်မာကျောင်းသားတွေဟာ အတော်ကို ကျွမ်းကျင်တယ်လို့ ပြောနိုင်တဲ့အတွက် 𝐦𝐚𝐭𝐡𝐬ဟာ 𝐆𝐄𝐃မှာ ခက်ခဲမှု အနည်းဆုံးဘာသာရပ်လို့ ပြောရခြင်းဖြစ်ပါတယ်ဗျ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

⛔️ဒါတွေဟာ 𝐚𝐝𝐦𝐢𝐧တစ်ယောက်တည်းရဲ့ အမြင်ယူဆချက်တွေဖြစ်တာမို့ သဘောထားကွဲလွှဲမှုတွေရှိနိုင်ပါတယ်ဗျ

ကိုယ့်အတွက်ရော ဘယ်ဘာသာက အခက်ဆုံးဖြစ်မလဲဆိုတာကို 𝐜𝐨𝐦𝐦𝐞𝐧𝐭မှာ ဖြေခဲ့ပေးကြဦးနော်!!

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Join our facebook page - https://www.facebook.com/profile.php?id=61561676176824&mibextid=LQQJ4d

Join our telegram channel - https://t.me/GEDSuccessHub

#GEDSuccessHub #GEDMyanmar #GEDtips
🍓3
Media is too big
VIEW IN TELEGRAM
🚨GED main ideaရှာတဲ့မေးခွန်းတွေကို အလွယ်တကူဖြေနိုင်ဖို့ tips and tricksများ🚨

😵‍💫Main ideaရှာရင်းရဲ့ စာရှည်ကြီးတွေဖတ်ရင်း ခေါင်းကိုက်လေ့ရှိတဲ့သူတွေရှိလားဗျ

ဒီနေ့မှာတော့ adminက ကိုယ်တိုင်အမြဲသုံးလေ့ရှိတဲ့ tips and tricksတွေကို sharingလုပ်ပေးရင်း မေးခွန်းလေးတစ်ပုဒ်ကို တူတူဖြေပြထားပါတယ်နော်

1️⃣main ideaဆိုတာ ဘာလဲ
2️⃣ဘယ်ဘာသာရပ်တွေမှာမေးလေ့ရှိသလဲ
3️⃣ဘယ်လိုမေးခွန်းတွေ လာလေ့ရှိသလဲ
4️⃣ဘယ်လိုနည်းလမ်းနဲ့ အလွယ်တကူရှာရမလဲ

ဆိုတာတွေကိုသေချာလေးပြောပြပေးထားတာမို့ အကုန်လုံးအတွက် အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်ဗျ❣️

#GEDSuccessHub #GEDMyanmar
#GSHScoreBooster

Join our facebook page - https://www.facebook.com/profile.php?id=61561676176824&mibextid=LQQJ4d

Join our telegram channel - https://t.me/GEDSuccessHub

#GEDSuccessHub #GEDMyanmar #GEDtips
6👍1
“ဘာဆိုင်လို့လဲ”🤔

💭GEDမှာ သူနဲ့ကိုယ့်လိုပဲ ဘာမှမသက်ဆိုင်တဲ့ မေးခွန်းနဲ့အဖြေတွေပါတတ်ပါတယ်💭

⁉️တစ်ခါတလေမှာတော့ မေးခွန်းနဲ့အဖြေတွေကိုကြည့်ရင်းနဲ့ “ဆိုင်လို့လား” ဆိုတဲ့မေးခွန်းကို ခေါင်းထဲပေါ်လာမိကြမှာပါ

ဒီမေးခွန်းဟာ GEDမေးခွန်းတွေဖြေနေတဲ့အချိန်တိုင်းမှာ ခေါင်းထဲ ထပ်ခါထပ်ခါမေးနေရမဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်

🔻ကျောင်းသားအများစုဟာ ကျယ်ပြန့်တဲ့ background knowledgeနဲ့ English skillကောင်းကောင်းကို ပိုင်ဆိုင်ထားပေမဲ့လည်း စာဖြေရာမှာ overthinkingဖြစ်ပြီး မမှားသင့်တဲ့အမှားတွေကို နှမြောစရာကောင်းစွာနဲ့ မှားတတ်ကြပါတယ်

ဒီအထက်ပါအရာတွေကို ပိုင်နိုင်တာက တကယ်ကိုကောင်းတဲ့အရာတစ်ခုဆိုပေမဲ့ တစ်ခုသတိထားရမှာကတော့ GEDဟာ reading comprehensionဖြစ်တဲ့အလျောက် ပေးထားတဲ့ materialအပေါ်မှာပဲ မူတည်ပြီး စဉ်းစားရမှာဖြစ်တာကြောင့် backgroundကိုမှီပြီး စဉ်းစားလွန်းတာက တစ်ခါတရံမှာ disadvantage တစ်ခု ဖြစ်နိုင်ပါတယ်ဗျ
😭2
📝တစ်ခါတလေမှာ အဖြေထဲမှာ ကျိုးကြောင်းဆီလျော်တဲ့၊ အချက်အလက်မှန်ကန်တဲ့အဖြေတွေပါလာနိုင်ပေမဲ့လည်း ပေးထားတဲ့ passageနဲ့ ဒါမှမဟုတ် graphicနဲ့ မသက်ဆိုင်တာမျိုးဖြစ်နေတတ်ပါတယ်

ဒါကြောင့် အဖြေတွေကို ဆန်းစစ်တိုင်းမှာ “ဆိုင်ရဲ့လား ၊ ပါရဲ့လား” ဆိုတဲ့မေးခွန်းကို အရင်မေးပါ

သွေးထွက်အောင်မှန်နေလည်း စာပိုဒ်ထဲမပါရင် အလကားပါပဲနော်

ဥပမာ - world war 2အကြောင်းမေးထားတဲ့ စာပိုဒ်တစ်ပိုဒ်ရဲ့အဖြေထဲမှာ The World War 2 started in 1939. လို့ပေးထားတယ်ဆိုရင်
ဒီအချက်အလက်ဟာ မှန်ကန်နေပေမဲ့လည်း စာပိုဒ်ထဲမှာ World War 2ရဲ့ start dateအကြောင်းကို ထည့်မရေးထားဘူးဆိုရင် ဒါဟာ မှားပါတယ်

ပြီးတော့ တစ်ခါတရံမှာ အဝေးကြီး ဆက်စပ်တွေးမိလို့ ချိတ်စပ်မိတဲ့ after effectတွေ၊ trendတွေ၊ consequences တွေဟာလည်း စာပိုဒ်ထဲမှာ မတွေ့ရဘူးဆိုရင် ပယ်ရပါမယ်ဗျ

👉ဒါကြောင့် အဓိကအချက်ကတော့ “ပေးထားတဲ့ informationကနေတစ်ဆင့်မသိနိုင်တဲ့အဖြေတွေကို မှန်မှန်မှားမှားပယ်ရမယ်” ဆိုတာပဲဖြစ်ပါတယ်👈

ဒီလိုဆိုရင်တော့ မဆိုင်တာတွေပြီး အဖြေမှန်တွေကို ပိုပြီးရွေးနိုင်ကြပါစေလို့ ဆုတောငိးပေးပါတယ်ဗျ❣️

Join our facebook page - https://www.facebook.com/profile.php?id=61561676176824&mibextid=LQQJ4d

Join our telegram channel - https://t.me/GEDSuccessHub

#GEDSuccessHub #GEDMyanmar #GEDtips
7
“𝐃𝐮𝐦𝐦𝐢𝐞𝐬 𝟏𝟎𝟎𝟏ကို သုံးသင့်ရဲ့လား ၊ ဘယ်လိုသုံးရမလဲ”

📚𝐆𝐄𝐃 𝐏𝐫𝐞𝐩 𝐁𝐨𝐨𝐤တွေထဲမှာ လူသုံးအများဆုံးစာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့ 𝐃𝐮𝐦𝐦𝐢𝐞𝐬 𝟏𝟎𝟎𝟏 ကတော့ မေးခွန်းတွေ 𝟏𝟎𝟎𝟏ပုဒ်ကြီးတောင် ပါဝင်တာမို့ 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞လုပ်ဖို့ ကောင်းတဲ့စာအုပ်ထဲပါပါတယ်ဗျ

အခြား 𝐏𝐫𝐢𝐧𝐜𝐞𝐭𝐨𝐧, 𝐊𝐚𝐩𝐥𝐚𝐧တို့လိုမျိုး စာရှင်းတဲ့ 𝐥𝐞𝐬𝐬𝐨𝐧နဲ့ 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞တွဲပါတာမဟုတ်ဘဲ မေးခွန်းတွေချည်းသီးသန့်ပါတာဖြစ်ပြီး လေးဘာသာလုံးကို ထည့်သွင်းထားပါတယ်

⚠️ဒါပေမဲ့ သုံးတဲ့အခါမှာ သတိထားရမဲ့အချက်တွေရှိပါတယ်⚠️

အရင်ဆုံးကတော့ စာအုပ်နာမည် 𝐃𝐮𝐦𝐦𝐢𝐞𝐬 ဆိုတဲ့အလိုက်ပဲ ရိုးရှင်းတဲ့မေးခွန်းတွေပါဝင်နေလေ့ရှိတာမို့ 𝐫𝐞𝐚𝐥 𝐭𝐞𝐬𝐭နဲ့ 𝐪𝐮𝐞𝐬𝐭𝐢𝐨𝐧 𝐭𝐲𝐩𝐞ရော 𝐝𝐢𝐟𝐟𝐢𝐜𝐮𝐥𝐭𝐲 အရရော နီးစပ်တာကို လုပ်ချင်တယ်ဆိုရင်တော့ မသင့်တော်ပါဘူးဗျ

𝐀𝐝𝐦𝐢𝐧ရဲ့ ကိုယ်ပိုင်အမြင်အရဆိုရင်တော့ 𝐃𝐮𝐦𝐦𝐢𝐞𝐬ရဲ့မေးခွန်းတွေဟာ အရမ်းကိုလွယ်ကူရိုးရှင်းတာမို့ 𝐆𝐄𝐃စလေ့လာသူတွေနဲ့ စာပြန်နွှေးဖို့အတွက်ပဲ သုံးဖို့ သင့်တော်ပါတယ်
5
⁉️ဒါဆို ဘယ်လိုအချိန်မှာ လေ့ကျင့်ဖို့ သင့်တော်သလဲ⁉️

- 𝐆𝐄𝐃ကို စပြီးလေ့လာစဉ်မှာ မေးခွန်းပုံစံတွေ၊ 𝐜𝐨𝐧𝐜𝐞𝐩𝐭တွေနဲ့စပြီး ရင်းနှီးအောင်လုပ်ဖို့သင့်တော်ပါတယ်

- စာကို ဘယ်ကစကြည့်ရမလဲမသိတဲ့အခါ မေးခွန်းတွေဖြေရင်းနဲ့ မပိုင်သေးတဲ့ 𝐜𝐨𝐧𝐜𝐞𝐩𝐭တွေကိုသွားကြည့်ဖို့ 𝐫𝐞𝐦𝐢𝐧𝐝𝐞𝐫အနေနဲ့ သုံးလို့ရပါတယ်

- စာမေးပွဲနီးတဲ့အခါမှာ 𝐬𝐜𝐢𝐞𝐧𝐜𝐞နဲ့ 𝐬𝐨𝐜𝐢𝐚𝐥 𝐬𝐭𝐮𝐝𝐢𝐞𝐬အတွက် 𝐟𝐚𝐜𝐭𝐬တွေကို ပြန်ပြီးနွှေးဖို့အတွက် သင့်တော်ပါတယ်

- 𝐌𝐚𝐭𝐡𝐬ကတော့ စာမေးပွဲရဲ့ 𝐝𝐢𝐟𝐟𝐢𝐜𝐮𝐥𝐭𝐲 ဟာ သိပ်မမြင့်တာမို့ 𝐃𝐮𝐦𝐦𝐢𝐞𝐬ထဲက မေးခွန်းတွေသေချာလေ့ကျင့်တာက အထောက်အကူပြုပါတယ်ဗျ

📖တစ်ဘာသာချင်းစီအတွက် 𝐫𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 လုပ်ရမယ်ဆိုရင်

📕 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬နဲ့ 𝐒𝐜𝐢𝐞𝐧𝐜𝐞 အတွက်ကတော့ ကျယ်ပြန့်လှတဲ့ 𝐬𝐜𝐨𝐩𝐞ကို ခြုံငုံမိဖို့ မေးခွန်းများများနဲ့ သိထားတဲ့ 𝐟𝐚𝐜𝐭တွေ ပြန်နွှေးဖို့ မသိသေးတဲ့အရာတွေကို ရှာဖို့ရာ 𝐫𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞 အနေနဲ့ ကျင့်ရင်းသုံးလို့ရပါတယ်
-စာမေးပွဲနဲ့တော့ မနီးစပ်ပါဘူးဗျ-

📗 𝐑𝐋𝐀အတွက်ကတော့ 𝐫𝐞𝐚𝐝𝐢𝐧𝐠နဲ့ မရင်းနှီးသေးတဲ့ ကျောင်းသားသစ်တွေအတွက် 𝐫𝐞𝐚𝐝𝐢𝐧𝐠 𝐜𝐨𝐦𝐩𝐫𝐞𝐡𝐞𝐧𝐬𝐢𝐨𝐧 မေးခွန်းတွေရဲ့ အခြေခံသဘောသဘာဝကိုနားလည်ဖို့ သုံးနိုင်ပါတယ်
-စာမေးပွဲနဲ့တော့ တော်တော်ကိုကွာခြားပါတယ်ဗျ-

📘 𝐌𝐚𝐭𝐡𝐬အတွက်ကတော့ အဆင်ပြေတဲ့စာအုပ်ထဲ ပါပါတယ်ဗျ
မေးခွန်းများများလေ့ကျင့်မိပြီး စာမေးပွဲနဲ့လည်း အရမ်းကြီးမကွာလို့ပါ

ဒါဆိုရင်တော့ Dummies 1001စာအုပ်ကို ဘယ်လိုအကျိုးရှိရှိအသုံးချရမလဲဆိုတာကို သိသွားလောက်ပြီထင်ပါတယ်ဗျ❣️

Join our facebook page - https://www.facebook.com/profile.php?id=61561676176824&mibextid=LQQJ4d

Join our telegram channel - https://t.me/GEDSuccessHub

#GEDSuccessHub #GEDMyanmar #GEDtips
3
Major ဘယ်လိုရွေးကြမလဲ (Part-1)
Majorရွေးဖို့အတွက် tips (6)ခု

GEDကျောင်းသားတွေတင်မကဘဲ ပညာရေးလမ်းကြောင်းကိုလျှောက်လမ်းနေကြသူတိုင်းအတွက် အမြဲတမ်းခေါင်းခြောက်ရတဲ့ မေးခွန်းကတော့ “ဘယ်မေဂျာရွေးရမလဲ” ဆ်ိုတာပဲ ဖြစ်ပါတယ်

မေဂျာဆိုတဲ့အရာကလည်း ဘဝလက်တွဲဖော် ရွေးရသလိုပဲ ကိုယ့်ဘဝကြီးတစ်ခုလုံးရော ကိုယ့်ရဲ့အနာဂတ်၊ ပျော်ရွှင်မှု၊ အလုပ်အကိုင် စတဲ့ အရာအားလုံးနဲ့ ချိတ်ဆက်နေလေတော့ တွေးမိတိုင်း ခေါင်းပူရတဲ့အရာဖြစ်ပါတယ်

မေဂျာရွေးတဲ့နေရာမှာ အများစုအခက်အခဲ ကြုံတွေ့ရတာကတော့ ကိုယ်ဘာဖြစ်ချင်သလဲ၊ ဘာလုပ်သင့်သလဲဆိုတာကို ခွဲခြားပြီးမသိတာရယ် ၊ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြားမှာ ဗျာများကြရတာပါ

ဒါကြောင့် ဒီနေ့မှာတော့ မေဂျာရွေးချယ်ဖို့အတွက် စဉ်းစားရမဲ့အချက်တွေ၊ အထောက်အကူဖြစ်စေမဲ့ နည်းလမ်းတွေကို မျှဝေပေးသွားပါမယ်ဗျ
3❤‍🔥1
1️⃣ ပထမဆုံးအချက်အနေနဲ့ စဉ်းစားရမှာကတော့ ကိုယ်ဘာကို စိတ်ဝင်စားလဲ၊ ဘယ်အရာကိုလုပ်ရတာ ပျော်သလဲဆိုတာပါ

ပိုက်ဆံရှာဖို့တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ နဲ့ အခြား factorတွေကို ထည့်သွင်းစဉ်းစားရတာမှန်ပေမဲ့ ဒီအရာဟာ ကိုယ်တစ်သက်လုံး မဟုတ်ခဲ့ရင်တောင် (၄) နှစ်ကြီးတောင် လေ့လာရမဲ့အရာဖြစ်တဲ့အတွက် ကိုယ်ပျော်ဖို့လိုပါတယ်၊ မပျော်ရင်တောင် ကိုယ့်အတွက် အချိန်ဖြုန်းနေသလို မခံစားရစေမဲ့အရာမျိုးကို ရွေးသင့်ပါတယ်ဗျ

ဒီအဆင့်ကတော့ ပြောလိုက်ရင် ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ အခက်ခဲဆုံးအဆင့်လို့ပြောလို့ရပါတယ်
အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် ဘယ်အရာကို အမှတ်တကယ်စိတ်ဝင်စားမှန်း ဝေခွဲရ ခက်တာမို့ပါ

ဒီတော့ ကိုယ့်ရဲ့ passionကိုရှာဖို့ သုံးလို့ရတဲ့ နည်းလမ်းတွေ ပြောပြပေးပါမယ်

💡စမ်းသပ်ကြည့်ပါ

ဘယ်အရာမဆို စမ်းပြီးထိတွေ့ခံစားဖူးမှ ကိုယ်ကြိုက်မကြိုက်ကို သိနိုင်မှာဖြစ်လို့ ကိုယ်စိတ်ဝင်စားမိတဲ့အရာတွေကို အတည်တကျ စမ်းပြီး လေ့လာကြည့်ပါ

ဥပမာ - programmingအကြောင်း စိတ်ဝင်စားတယ်ဆိုရင် အဲဒီအတွက် websiteတွေ၊ videoတွေ၊ စာအုပ်တွေက တစ်ဆင့် လေ့လာကြည့်တာမျိုး၊
သင်တန်းတွေ၊ workshopတွေ တက်ကြည့်တာမျိုး၊ Professionalတွေဆီ ချဉ်းကပ်ပြီး အကဲခက်ကြည့်တာမျိုးလုပ်ကြည့်ပါ

ဒီလိုလုပ်ရင်းနဲ့ ကိုယ်ဒီအရာကို ဘယ်လိုခံစားရလဲဆိုတာ သိလာပါလိမ့်မယ်

💪ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ

ကိုယ်က စကားပြောကောင်းတဲ့သူလား၊ ဟင်းချက်တော်တဲ့သူလား၊ ရှက်တတ်တဲ့သူလား ဆိုတာမျိုးတွေကို တွေးကြည့်ပြီး ကိုယ့်ရဲ့ personalityနဲ့ အားသာချက်၊အားနည်းချက်တွေနဲ့ ကိုက်ညီတာကို ရှာဖွေကြည့်ပါ

❤️‍🔥ကိုယ့်ရဲ့အမူအကျင့်တွေ၊အပြုအမူတွေ၊ ကျွမ်းကျင်တဲ့အရာတွေကို စဉ်းစားပါ

ကိုယ်က အမြဲတမ်း စာရေးလေ့ရှိလား၊ ရုပ်ရှင်တစ်ခုကိုကြည့်ပြီး ဝေဖန်ဖို့တွေးတောနေတဲ့သူလား၊ ပန်းချီဆွဲတဲ့အလေ့ရှိသလား….

လူတွေဟာ ကိုယ့်ကျွမ်းကျင်မှုကနေ စိတ်ကျေနပ်မှု၊ အောင်မြင်မှုတွေရလေ့ရှိတဲ့အတွကိ ကိုယ်နေသားကျနေတဲ့ skillfulဖြစ်ပြီးသားအရာမှာ ပျော်မွှေ့နိုင်တာမို့ ကိုယ့်ကိုယ်ကိုယ် သိခြင်းဟာ passionကိုရှာဖွေရာမှာ အထောက်အကူဖြစ်ပါတယ်
2
2️⃣ဒုတိယအနေနဲ့စဉ်းစားရမှာကတော့ ကိုယ်ရွေးမဲ့ မေဂျာဟာ အခွင့်အလမ်းကောင်းတွေရှိလား၊ ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီမှုရှိရဲ့လား ဆိုတာအပြင် “ငွေကြေးလုံခြုံမှု” (financial security) ရှိရဲ့လား ဆိုတာပါပဲ

အပေါ်မှာပြောသလို ကိုယ်ပျော်မဲ့၊စိတ်ဝင်စားမဲ့ အရာကို လေ့လာသင့်တယ် ဆိုပေမဲ့လည်း စာဝတ်နေရေးနဲ့ အနာဂတ်အတွက် ဖူလုံစေမဲ့၊ အလုပ်အကိုင်အခွင့်အလှမ်းရှိတဲ့မေဂျာမျိုးကို ထည့်သွင်းစဉ်းစားရပါမယ်

နောက်တစ်ခုကတော့ ခေတ်မှီတိုးတက်လာတာနဲ့အမျှ အရင်တုန်းကမရှိခဲ့ဖူးတဲ့ Social Media Manager, Content Marketer စသဖြင့် အလုပ်အကိုင်အခွင့်အလှမ်းအသစ်တွေဟာ အမြဲပေါ်ပေါက်လာနေတာမို့ ပြောင်းလဲမှုတွေနဲ့ adaptဖြစ်နိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်ဗျ
3
3️⃣တတိယစဉ်းစားရမှာကတော့ ကိုယ်ဟာ ဘယ်လိုပုံစံမျိုးနဲ့အလုပ်လုပ်ချင်တာလဲ၊ ကိုယ်နေချင်တဲ့ life styleက ဘယ်လိုပုံစံလဲ၊ ကိုယ့်ရဲ့ personalityက ဘယ်လိုအရာမျိုးနဲ့ ကိုက်ညီသလဲဆိုတာပါပဲ

Fieldတစ်ခုခုကို စိတ်ဝင်စားတယ်ဆိုရင် အဲဒီ fieldတစ်ခုတည်းမှာတင် ရွေးချယ်စရာ အများကြီးရှိတာကို သတိရပါ

ဥပမာ - အနုပညာကို စိတ်ဝင်စားတယ် ဆိုပါစို့

ကိုယ်ဟာ လူရှေ့ထွက်ပြီး လူတွေနဲ့ထိတွေ့ဆက်ဆံရတာကိုကြိုက်တဲ့သူမျိုးဆိုရင် performance majorမျိုးကိုရွေးပြီး artistတစ်ယောက်ဖြစ်အောင် ကြိုးစားလို့ရပါတယ်
အဲဒီလိုမဟုတ်ဘဲ နောက်ကွယ်ကနေ အေးဆေးလုပ်ကိုင်ချင်တဲ့သူတွေကတော့ production design, audio engineering, advertising စတဲ့ majorမျိုးတွေက ပိုသင့်တော်နိုင်ပါတယ်

ဒါကြောင့် စဉ်းစားကြည့်ပါ၊ နောက်ဆယ်နှစ်နေရင် ကိုယ်က ခရီးတွေထွက်ရင်း နေရာတွေကိုလှည့်ပတ်သွားရင်း အလုပ်လုပ်ချင်သလား၊ ရုံးခန်းထဲမှာ ထိုင်ပြီး လုပ်ချင်သလား၊ ဘယ်လိုပုံစံမျိုးနေထိုင်ချင်သလဲဆိုတာ တွေးပါ

4️⃣ သူငယ်ချင်း၊ မိဘ၊ ဆရာသမား တွေဆီက အကြံဉာဏ်တောင်းကြည့်ပါ

တစ်ခါတလေမှာ ကိုယ်ကိုယ်တိုင် သတိမမူမိတဲ့ ကိုယ့်အပြုအမူအလေ့အကျင့်တွေ၊ ကိုယ့်အကြောင်းတွေကို ဘေးလူတွေက သိနေနိုင်တာမို့ self awarenessရအောင် မေးကြည့်ပြီး အကြံဉာဏ်တောင်းကြည့်ရင်း ကိုယ်မတွေးမိတဲ့ pathwayတွေကို ရှာတွေ့နိုင်ပါသေးတယ်

5️⃣ Majorအရွေးမှားတယ်လို့ခံစားရတယ်ဆိုရင်လည်း ပြန်ပြီးပြောင်းလဲလို့ရပါသေးတယ်

University ကျောင်းသားတွေရဲ့ 1/3ဟာ မေဂျာကိုပြောင်းလေ့ရှိကြပြီး 52%သော ဘွဲ့ရတွေဟာ ကိုယ့်ရဲ့ degreeနဲ့မသက်ဆိုင်တဲ့အလုပ်တွေကို လုပ်ကိုင်နေကြပါတယ်

ကိုယ် မေဂျာပြောင်းလိုက်ရတယ်ဆိုရင်တောင်မှ ကိုယ်သင်ယူခဲ့ရတဲ့ skill setတွေ၊ knowledge တွေဟာ နောက်မေဂျာမှာရော အခြားနေရာတွေမှာပါ applyလုပ်ပြီးအသုံးချလို့ရနိုင်သေးတာမို့ အလဟဿဖြစ်သွားမှာ စိတ်မပူပါနဲ့နော်

6️⃣ Onlineကနေပြီးတော့ career testတွေ ဖြေကြည့်တာမျိုးအပြင် ဆန္ဒရှိတယ်ဆိုရင် education/ career counselorတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်တာမျိုး လုပ်လို့ရပါတယ်နော်

Testတွေဟာ ကိုယ့်ရဲ့ personalityအရစစ်ဆေးပေးတာဖြစ်လို့ referenceတစ်ခုအနေနဲ့ အသုံးပြုလို့ရပြီး counselor တွေကတော့ ပညာရှင်တွေဖြစ်တဲ့အလျောက် ကိုယ့်အတွက် အကြံဉာဏ်ကောင်းတွေ ပေးနိုင်မှာပါဗျ

~~~~~~

ဒါဖတ်ပြီးသွားရင်တော့ Majorရွေးချယ်ရာမှာ အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်နော်❣️

Join our facebook page - https://www.facebook.com/profile.php?id=61561676176824&mibextid=LQQJ4d

Join our telegram channel - https://t.me/GEDSuccessHub

#GEDSuccessHub #GEDMyanmar #GEDtips
2👍2
“𝐌𝐚𝐣𝐨𝐫ကို စနစ်တကျရွေးဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု”

မနေ့က “𝐦𝐚𝐣𝐨𝐫 ဘယ်လိုရွေးကြမလဲ” 𝐏𝐚𝐫𝐭 -𝟏 မှာတော့ 𝐦𝐚𝐣𝐨𝐫ရွေးဖို့အတွက် 𝐭𝐢𝐩𝐬 ခြောက်ခုကို ပြောပြပေးသွားခဲ့ပါတယ်
(𝐏𝐨𝐬𝐭 𝐥𝐢𝐧𝐤 - https://www.facebook.com/share/p/15GoGujQYt/?mibextid=WC7FNe)

ဒီနေ့မှာတော့ ကိုယ်တိုင်စနစ်တကျစမ်းသပ်ပြီး အဖြေရရှိနိုင်မဲ့ နည်းလမ်းကောင်းတစ်ခုကို 𝐬𝐡𝐚𝐫𝐢𝐧𝐠လုပ်ပေးသွားပါမယ်ဗျ

🔎ကျွန်တော် 𝐦𝐚𝐣𝐨𝐫ရွေးခြင်းနဲ့ ပက်သတ်ပြီး 𝐫𝐞𝐬𝐞𝐚𝐫𝐜𝐡လုပ်ကြည့်တဲ့အခါမှာ အသုံးဝင်နိုင်မဲ့ နည်းလမ်းတစ်ခုကိုတွေ့ခဲ့ပါတယ်
အဲဒါကတော့ 𝐕𝐞𝐧𝐧 𝐃𝐢𝐚𝐠𝐫𝐚𝐦 ဆွဲခြင်းပဲ ဖြစ်ပါတယ်

⭕️𝐕𝐞𝐧𝐧 𝐝𝐢𝐚𝐠𝐫𝐚𝐦ဆိုတာကတော့ စက်ဝိုင်းတွေကိုအသုံးပြုပြီး 𝐨𝐯𝐞𝐫𝐥𝐚𝐩ဖြစ်တဲ့နေရာတွေမှာ ကိုယ်ထည့်သွင်းထားတဲ့ အချက်အလက်တွေရဲ့ ဆက်နွှယ်မှုကို မြင်တွေ့နိုင်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်
1👍1
ဒီနေ့လုပ်မဲ့ 𝐕𝐞𝐧𝐧 𝐝𝐢𝐚𝐠𝐫𝐚𝐦 ကတော့ ကိုယ့်မေဂျာ/ 𝐜𝐚𝐫𝐞𝐞𝐫ကို ရွေးချယ်မှာဖြစ်လို့ အချက်သုံးချက်ကို အဓိက ထည့်ရပါမယ်

1️⃣ပထမစက်ဝိုင်းကတော့ ပျော်ရွှင်မှု စက်ဝိုင်းဖြစ်ပြီး
❤️‍🔥ဘယ်အရာတွေကို လုပ်ရတာ ပျော်သလဲ/ ဝါဿနာပါသလဲ ဆိုတာကို ထည့်ရပါမယ်❤️‍🔥

2️⃣ဒုတိယစက်ဝိုင်းကတော့ ကျွမ်းကျင်မှုစက်ဝိုင်းဖြစ်တဲ့အလျောက်
⚖️ဘယ်အရာတွေကို ကိုယ်ကျွမ်းကျင်သလဲ ဆိုတာကို ထည့်ရပါမယ်⚖️

3️⃣တတိယစက်ဝိုင်းကတော့ အသက်မွေးဝမ်းကြောင်း စက်ဝိုင်းဖြစ်တာကြောင့်
💵ဘယ်အရာတွေဟာ ပိုက်ဆံရစေနိုင်သလဲ၊ အလုပ်အကိုင်အခွင့်အလမ်းရှိနိုင်မလဲဆိုတာကို ထည့်ရပါမယ်💵

ဒီလိုအချက်အလက်တွေကို ထည့်တဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် မညာဘဲ အရိုးသားဆုံးဖြစ်ဖို့အရေးကြီးပါတယ်
6
အပေါ်မှာပြောထားတဲ့အချက်တွေကို ထည့်ပြီးသွားရင်တော့ ကိုယ့်ရဲ့ ပုံဖော်ထားတဲ့ဘဝပုံစံပေါ်မူတည်ပြီး ရွေးချယ်လို့ရပါတယ်

🟢စိတ်ဝင်စားမှုနဲ့ ကျွမ်းကျင်မှု ထပ်တူကျရင်တော့ ပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းက မသေချာဘူးဆိုရင် ဒီအရာကို ဝါဿနာအဖြစ်ထားသင့်ပါတယ်တဲ့
ဒီ 𝐚𝐫𝐞𝐚ထဲက အရာကိုတော့ ကိုယ့်ပျော်ရွှင်မှုကို ဦးစားပေးတတ်တဲ့သူတွေ ရွေးချယ်သင့်ပါတယ်

🔵ကျွမ်းကျင်မှုနဲ့ အလုပ်ကိုင်အခွင့်အလမ်းရနိုင်မဲ့အရာတွေက ထပ်တူကျပေမဲ့ ကိုယ်ပျော်ရွှင်တဲ့အရာမဟုတ်ဘူးဆိုရင်တော့ ဒါဟာ ကိုယ့်ဘဝရှေ့ရေးအတွက်ကောင်းပေမဲ့ 𝐬𝐚𝐭𝐢𝐬𝐟𝐚𝐜𝐭𝐢𝐨𝐧 ရဖို့အတွက် အခက်တွေ့နိုင်ပါတယ်
ဒီ 𝐚𝐫𝐞𝐚ထဲက အရာတွေကိုတော့ ငွေကြေးနဲ့ 𝐜𝐚𝐫𝐞𝐞𝐫ကို အဓိက ထားသူတွေ ရွေးသင့်ပါတယ်

🔴အလုပ်ကိုင်အခွင့်အလမ်းနဲ့ ကျွမ်းကျင်မှု ထပ်တူကျပေမဲ့ စိတ်ဝင်စားမှု မရှိဘူးဆိုရင်တော့ ဒီအရာကို 𝐦𝐢𝐧𝐨𝐫အနေနဲ့လေ့လာပြီး နောက်ကျရင် 𝐬𝐢𝐝𝐞 𝐡𝐮𝐬𝐭𝐥𝐞 အဖြစ်လုပ်ဖို့သင့်တော်ပါတယ်တဲ့

🌟ဒီစက်ဝိုင်းသုံးခုလုံးစုံတဲ့နေရာကတော့ ကိုယ့်အတွက် အသင့်တော်ဆုံး 𝐦𝐚𝐣𝐨𝐫/ 𝐜𝐚𝐫𝐞𝐞𝐫ထဲက တစ်ခုဖြစ်လာနိုင်ပါတယ်ဗျ

⛔️တစ်ခု သတိချပ်ရမှာကတော့ ဒီနည်းလမ်းဟာ 𝐫𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞တစ်ခုသာဖြစ်ပြီး ကိုယ့်အတွက်ဘယ်အရာဟာ အသင့်တော်ဆုံးဖြစ်မလဲဆိုတဲ့နေရာမှာ အခြား 𝐟𝐚𝐜𝐭𝐨𝐫တွေအများကြီးရှိနိုင်သေးတာမို့ ကိုယ်ကိုယ်တိုင် ချင့်ချိန်ပြီး ဆုံးဖြတ်စေချင်ပါတယ်ဗျ

အားလုံးပဲ ကိုယ့်အတွက် 𝐩𝐞𝐫𝐟𝐞𝐜𝐭 𝐦𝐚𝐣𝐨𝐫/ 𝐜𝐚𝐫𝐞𝐞𝐫ကို ရွေးနိုင်ကြပါစေဗျာ

©️ဒီ Venn diagramကတော့ ဂျပန်လူမျိုးတွေရဲ့ conceptတစ်ခုဖြစ်တဲ့ Ikigai ဆိုတဲ့ ရှင်သန်ခြင်းရဲ့ purposeကိုရှာဖွေတဲ့ Venn diagramအပေါ်ကို အခြေခံထားတာဖြစ်ပြီး careee diagramရဲ့ အထင်ရှားဆုံးအသုံးပြုမှုကတော့ 2020ခုနှစ်မှာ Don McMillanဆိုတဲ့ ဟာသပညာရှင်တစ်ယောက်ရဲ့ comedian diagramပဲ ဖြစ်ပါတယ်ဗျ
~~~
Join our facebook page - https://www.facebook.com/profile.php?id=61561676176824&mibextid=LQQJ4d

Join our telegram channel - https://t.me/GEDSuccessHub

#GEDSuccessHub #GEDMyanmar #GEDtips
8👍1