Fun Fun 🍀 (Link Channel)
34.5K subscribers
424 photos
56 videos
459 links
Download Telegram
Mission: Mompossible

Channel Link
https://t.me/+H4ZFEQcqHi00MmM1

မိသားစုနှစ်ခုရဲ့ ကွဲပြားခြားနားတဲ့ အမေတွေနဲ့အတူ စတင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်။

တစ်ဖက်မှာ သေမင်းကို ရင်ဆိုင်နေရပေမယ့် ကိုယ်မရှိတော့တဲ့နောက် သားသမီးတွေ ဘေးကင်းဖို့အတွက် အစွမ်းကုန်ကြိုးစားနေတဲ့အမေတစ်ယောက်ရှိသလို၊ တစ်ဖက်မှာတော့ ကိုယ့်ရဲ့အလိုဆန္ဒနဲ့ လောဘနောက်ကိုသာ လိုက်ရင်း ကိုယ်တိုင်မွေးခဲ့တဲ့ သမီးကိုတောင် စွန့်ပစ်ထားခဲ့တဲ့ “အမေ” တစ်ယောက်ရှိနေပါတယ်။

အမေတစ်ယောက်ရဲ့ “ရူးသွပ်ခြင်း” က မေတ္တာကြောင့်ဖြစ်ပြီး၊ နောက်တစ်ယောက်ရဲ့ “ရူးသွပ်ခြင်း” ကတော့ ကိုယ့်အတွက်သာ ဖြစ်နေတဲ့အခါ…
ဒီလိုဆန့်ကျင်ဘက်မိသားစုနှစ်ခုက သား၊ သမီးတွေရဲ့ဘဝတွေ ရောယှက်လာတဲ့အခါ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် မိသားစု Drama ဇာတ်လမ်းလေးဖြစ်ပါတယ်။
❤4🥰1😍1
Your Personal Taxi

Channel Link
https://t.me/+_aDxIJShOj9hYTFl

တစ်ခါတလေမှာ လူတစ်ယောက်အတွက် ကိုယ့်စကားကို အမှန်တကယ်နားထောင်ပေးမယ့်သူတစ်ယောက်လိုအပ်ကြတယ်မဟုတ်ပါလား… တစ်ခါတလေမှာတော့ ကိုယ်ပြောချင်တဲ့အရာတွေကို ကိုယ့်အစား ပြောပြပေးနိုင်တဲ့ သီချင်းတစ်ပုဒ်တစ်လေကိုလည်း နားထောင်မိတတ်ကြတယ်လေ…
အဲဒီလိုခံစားချက်တွေနဲ့ကိုက်ညီတဲ့ သီချင်းတွေကို အမှတ်တရတွေအဖြစ် ပြန်လည်ဖော်ပြပေးပြီး ဒီအမှတ်တရတွေကို နားထောင်ပေးမယ့် Your Personal Taxi မှ ကြိုဆိုလိုက်ပါတယ်….
ဒါကတော့ သာမန်တက္ကစီကားတစ်စီးနဲ့ မတူတဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ ခေတ်ဟောင်းကားလေးတစ်စီး ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အငွေ့အသက်တစ်မျိုးရှိသလို၊ အဲဒီကားထဲကို ဝင်လာတဲ့ ခရီးသည်တိုင်းမှာလည်း ကိုယ်စီကိုယ်စီရဲ့ ထူးခြားတဲ့ခံစားချက်တွေကိုသိမ်းဆည်းထားတဲ့ ဇာတ်လမ်းတွေ ရှိနေတာမို့ လိုက်ပါ ခံစားကြည့်လိုက်ပါဦး…
❤2
Between Steps

Channel Link
https://t.me/+OVOqhBJmC-cyMGZl

Park Min Jae ဟာ အထက်တန်းကျောင်းတုန်းက ရေကူးအားကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့် ရောဂါတစ်ခုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုးခဲ့ရပါတယ်။ လက်ရှိမှာတော့ စက်ရုပ်နည်းပညာဆိုင်ရာ ပါရဂူဘွဲသင်တန်းသား တစ်ယောက်အနေနဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်နေထိုင်နေပေမယ့် သူ့မှာ ရိုးရှင်းတဲ့ဆန္ဒတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အချစ်စစ်နဲ့ ဆုံတွေ့ဖိုပါ။
Im Yu Jin ဟာ ဖက်ရှင်အထူးပြုဘာသာရပ်ကို စွန့်လွှတ်ခဲ့ပြီး သဲသဲကွဲကွဲမရှိတဲ့ လမ်းကြောင်းပေါ်မှာ လွင့်မျှောနေစဉ် Park Min Jae က သူမကို စက်ရုပ်နည်းပညာကမ္ဘာနဲ့ အိမ်မက်သစ်တစ်ခုဆီ မျက်စိပွင့်သွားအောင် လမ်းပြပေးခဲ့ပါတယ်။ ပထမဆုံးတွေ့ဆုံမှုမှာတင် စတင်ခဲ့တဲ့ လျှပ်စစ်ဓာတ်စီးကြောင်းလေးက တိတ်ဆိတ်နေတဲ့ ဓာတ်ခွဲခန်းကို လှုပ်ခတ်သွားစေခဲ့ပြီး Yu Jin ရဲ့ ရဲရင့်တဲ့ ချဉ်းကပ်မှုတွေက Min Jae ရဲ့ ပိတ်လှောင်ထားတဲ့ နှလုံးသားတံခါးကို ဖွင့်ပေးနိုင်ခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတိုနှစ်ယောက်ဟာ ပိုမိုနီးစပ်လာကြပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်လာခဲ့ပါတယ်။
❤12🥰2🔥1🤩1
Merry Berry Love အပိုင်း (၁)

Channel Link
https://t.me/+YazjnjVZsms2YjM1

တောင်ကိုရီးယားမှာ Spatial Designer အဖြစ် အကြီးအကျယ် ကျရှုးမှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက်၊ Lee Yu Bin တစ်ယောက် ဘဝကို အသစ်ကပြန်စဖိုအတွက် ဂျပန်နိုင်ငံရဲ့ အေးချမ်းဆိတ်ငြိမ်တဲ့ ကျွန်းငယ်လေးတစ်ခုဆီ ထွက်ခွာလာခဲ့ပါတယ်

အဲဒီကျွန်းလေးမှာပဲ သူဟာ ဆန်းကြယ်တဲ့ ရောဂါဝေဒနာကို ရင်ဆိုင်နေရပေမယ့် အပြုံးမပျက်ဘဲ စတော်ဘယ်ရီစိုက်ပျိုးရင်း ရှင်သန်နေတဲ့ Shirahama Karin ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်

မတူညီတဲ့ နိုင်ငံ၊ ကွဲပြားခြားနားတဲ့ ဘဝနောက်ခံတွေနဲ့ စတင်ကြတဲ့ သူတိုနှစ်ယောက်ရဲ့ မထင်မှတ်ထားတဲ့ ဆုံစည်းမှုဟာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဒဏ်ရာတွေကို ကုစားပေးရင်း၊ နှစ်ဦးစလုံးရဲ့ ဘဝကို ထာဝရပြောင်းလဲသွားစေမယ့်အချစ်ဇာတ်လမ်းလေးဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်ပါနော်
❤4
Kidnap Game

⭐️ Channel Link
https://t.me/+KOi4kHKhhn1jNjRl

တိုကျို၊ ဆိုးလ်၊ တိုင်ပေ၊ စင်ကာပူ၊ ဘန်ကောက်၊ မနီလာနဲ့ နာဟာ စတဲ့ အာရှမြို့ကြီး ၇ မြို့မှာ မထင်မှတ်ဘဲ ပြိုင်တူ ဖြစ်ပွားသွားတဲ့ ပြန်ပေးဆွဲမှုလှိုင်းလုံးကြီးတစ်ခုက ကမ္ဘာကြီးကို လှုပ်ခတ်သွားစေခဲ့ပါတယ်။

ဒီဖြစ်ရပ်ဆိုးကြီးထဲမှာ မတူညီတဲ့ လူမှုပတ်ဝန်းကျင်၊ နိုင်ငံသားနဲ့ ဘာသာတရားတွေ နောက်ခံရှိကြတဲ့လူ ၇ ယောက်ရဲ့ မိသားစုဝင်တွေ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။
အဲဒီနောက်မှာတော့ သူတို့အားလုံးဆီကို "မင်းရဲ့ ချစ်ရသူကို ကယ်ဖို့ ဘယ်လောက်အထိ လုပ်နိုင်မလဲ?" ဆိုတဲ့ အီးမေးလ်တစ်စောင် ရောက်ရှိလာပြီး သေတွင်းထဲက Survival Game ကြီး စတင်ပါတော့တယ်။

ကစားသမားတစ်ယောက်ချင်းစီမှာ မတူညီတဲ့ စည်းကမ်းချက်တွေ၊ မစ်ရှင်တွေ ရှိနေပြီး အခြားသူတွေထက် အရင်ဆုံး မစ်ရှင်အောင်မြင်အောင် လုပ်ဆောင်ရမှာပါ။ ဒါပေမဲ့ ရင်နာစရာကောင်းတာက သားကောင်တွေထဲက တစ်ဦးတည်းသာ အသက်ရှင်ခွင့်ရမှာ ဖြစ်လို့ ကစားသမား ၇ ယောက်ကြားထဲမှာ သစ္စာဖောက်မှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ ရက်စက်မှုတွေ ပြည့်နှက်နေတော့မှာပါ။

ဇာတ်လမ်းထဲမှာ ဇနီးဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဂျပန်စုံထောက် ဖြစ်သူနေရာက Kentaro Sakaguchi နဲ့ သမီးဖြစ်သူကို ကယ်တင်ချင်တဲ့ ကမ္ဘာ့အဆင့်မီ ငြိမ်းစား ဆိုးလ်ခွဲစိတ်ဆရာဝန်ကြီးနေရာက Lee Joon-gi အပြင်ကို သရုပ်ဆောင်အရမ်းကောင်းလို့ နာမည်ကြီးတဲ့ ဖစ်လပိုင်မင်းသား Joel Torre တို့လည်း ပါ၀င်တာကြောင့် survival thrillerကြိုက်တဲ့လူတွေ Squid game, alice in borderland ကြိုက်တဲ့လူတွေကတော့ အပတ်စဥ် အင်္ဂါနေ့တိုင်းစောင့်ကြည့်ပေးပါဦးနော်။
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1
❤️ Take Charge of My Heart

💫 Channel Link
https://t.me/+4cTIbyxe6BNjOGI1

Baek Ho Rang ဟာ နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုရဲ့ အပန်းဖြေစခန်းလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတဲ့ တတိယမြောက်မျိုးဆက် သူဌေးသား တစ်ယောက်ပါ။ စီးပွားရေးအမြင် ထက်မြက်ပြီး ဗျူဟာကျကျ စီမံခန့်ခွဲနိုင်သူဖြစ်တာကြောင့် လုပ်ငန်းစုကြီးတစ်ခုလုံးရဲ့ ဥက္ကဋ္ဌနေရာကို ဆက်ခံဖို အလားအလာအရှိဆုံးသူ ဖြစ်နေပေမယ့် ပြည့်စုံမှုတွေနောက်ကွယ်မှာ ဖွင့်မပြောနိုင်တဲ့ လျှိဝှက်အားနည်းချက်တစ်ခု ရှိနေခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ ရင်ဘတ်ထဲမှာ နှလုံးတုတစ်ခု ခုန်လှုပ်နေရတာပါပဲ။ စီးပွားရေးလုပ်ငန်းစုတွင်း အာဏာလုပွဲတွေ ပြင်းထန်နေချိန်မှာပဲ သူ့နှလုံးတုရဲ့ ဘက်ထရီအားကလည်း တဖြည်းဖြည်း ကုန်ခမ်းလာနေချိန် သူ့နှလုံးတုကို ပြန်လည်အားသွင်းပေးနိုင်တဲ့ အံ့ဖွယ်စွမ်းအားရှင် Na Bo Bae နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ပြီး စာချုပ်တစ်ခုကို ကမ်းလှမ်းလိုက်ပါတော့တယ်။

Na Bo Bae ကတော့ စာချုပ်သက်တမ်းမကုန်ခင် အချစ်ဇာတ်ညွှန်းတစ်ခု အပြီးသတ်ရေးသားရမယ့် ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ပါ။ ငယ်စဉ်က မိုးကြိုးပစ်ခံခဲ့ရဖူးတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ လျှပ်စစ်ဓာတ်စီးကြောင်းတွေ အမြဲလည်ပတ်နေပြီး ချစ်ရတဲ့သူနဲ့ လက်တွဲဖိုတောင် မဖြစ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ ထိတွေ့မိတဲ့အခါ လျှပ်စစ်ဓာတ်လိုက်ခြင်းမရှိတဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့ Baek Ho Rang နဲ့ ဆုံတွေ့လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ အချစ်ရေးကို အသစ်တစ်ဖန် ပြန်လည်အသက်သွင်းဖို အခွင့်အရေး ရရှိလာတဲ့အကြောင်းကို ကြည့်ရှုရမယ့် ရင်ခုန်ဖွယ် romantic-comedy ဇာတ်လမ်းတွဲဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
❤14🔥1🥰1
Doctor X : Mafia in White

Channel Link
https://t.me/+Kb0qWrxNY5ZhNDll

ပါရမီရှင်ခွဲစိတ်ဆရာဝန် Gye Su Jeong (Kim Ji-won) ဟာ Guseo University Hospital ကို ရောက်ရှိလာပြီး သူမရဲ့ ထူးချွန်တဲ့ ခွဲစိတ်စွမ်းရည်နဲ့ ဆေးရုံတွင်းက အာဏာ၊ ငွေကြေးနဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကို ရင်ဆိုင်ရပါတော့တယ်။

ဆေးရုံအတွင်းမှာ လူနာတွေရဲ့အသက်ထက် ရာထူး၊ အာဏာနဲ့ ငွေကြေးကို ပိုအရေးပေးနေကြတဲ့ အကျင့်ပျက်စနစ်တွေ ရှိနေပြီး Su Jeong ဟာ ဒီလို အဖြူရောင်ဝတ်ရုံခြုံထားတဲ့ မာဖီးယားဆန်ဆန် ဆေးရုံအသိုင်းအဝိုင်းရဲ့ အမှောင်ဘက်ခြမ်းကို ရင်ဆိုင်ရင်း မတရားမှုတွေကို တစ်ခုပြီးတစ်ခု ဖော်ထုတ်သွားမှာပါ။

ခွဲစိတ်ဓားနဲ့ လူနာတွေရဲ့အသက်ကို ကယ်တင်ရင်း ဆေးလောကရဲ့ ပျက်စီးနေတဲ့ အာဏာစနစ်ကိုပါ ထိုးဖောက်ဖော်ထုတ်မယ့် Medical Thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့အပြင်...
Queen of Tears နဲ့ ပရိသတ်တွေရဲ့ အသည်းထဲနေရာယူခဲ့တဲ့ Kim Ji-won ကို အရင်ကမြင်တွေ့နေကျ ဇာတ်ရုပ်တွေနဲ့ လုံးဝကွဲထွက်တဲ့ အေးစက်ပြီးအထာကျတဲ့ ဆရာဝန်အဖြစ် ပြန်လည်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
❤7🤩1😍1
100 Days of Deception အပိုင်း (၁)

Channel Link
https://t.me/+AITbdFZtZH5jOGNl

၁၉၃၀ခုနှစ် ဂျပန်ကိုလိုနီလက်အောက်ခံ Gyeongseong မြိုတော်မှာ အမေရိကန်သွားဖို ပိုက်ဆံစုနေတဲ့ ပါရမီရှင်ခါးပိုက်နှိက်မလေး Lee Ga-gyeong တစ်ယောက် တစ်နေ့မှာတော့ ဂျပန်တော်လှန်ရေးအဖွဲ Gugukdanရဲ့ စနိုက်ပါ Yoo So-ran ဆီကနေ မငြင်းပယ်နိုင်တဲ့ ကမ်းလှမ်းချက်တစ်ခု ရရှိခဲ့ပါတယ် အဲဒါကတော့ ဂျပန်ဘုရင်ခံချုပ်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် Shinichi Sato ကို လုပ်ကြံဖိုအတွက် ဘာသာပြန်သင်တန်းသူအဖြစ် ရုံးမှာ ရက်ပေါင်း ၁၀၀ ကြာ သူလျှိဝင်လုပ်ပေးဖိုပါပဲ ဒါပေမယ့် ဘုရင်ခံချုပ်ရုံးထဲ ရောက်သွားတဲ့အခါမှာတော့ Shinichi Sato ရဲ့ မွေးစားသားလည်းဖြစ်၊ အင်္ဂလိပ်-ဂျပန်-ကိုရီးယား ဘာသာစကားသုံးမျိုး ကျွမ်းကျင်တဲ့ ထိပ်တန်း ဘာသာပြန်အရာရှိ Kim Tae-woong နဲ့ စတင်တွေ့ဆုံရပါတော့တယ် ရန်သူ့နယ်မြေထဲမှာ ရက်ပေါင်း ၁၀၀အတွင်း လျှိဝှက်တာဝန်တွေနဲ့ ကိုယ်ပိုင်ခံစားချက်တွေကြား ဖြစ်ပေါ်လာမယ့် ရင်ခုန်သံနဲ့ အန္တရာယ်ရှိတဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးဆက်ဖြစ်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
❤7
Make Me Tingle

💫Channel Link
https://t.me/+d2DXE7tCIkg5NmY9

ရှေးရိုးစွဲ ကြော်ငြာမန်နေဂျာမလေးနဲ့ လူကြီးသုံးပစ္စည်း Startup CEO တိုရဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ကြမဲ့ ရင်ခုန်စရာ ဇာတ်လမ်း

အိမ်ထောင်မပြုခင် ချစ်ကြိုက်တဲ့အဆင့်မှာတောင် စည်းစနစ်ကြီးလွန်းပြီး ပကာသနကင်းတဲ့ ရှေးရိုးစွဲ ကြော်ငြာအေဂျင်စီဝန်ထမ်း Gong Yeon-su。
တစ်ဖက်မှာလည်း "အချစ်ဆိုတာ ဘာစည်းမျဉ်းမှမရှိဘူး" လို ခံယူထားပြီး လူကြီးသုံး လျှိဝှက်ကစားစရာတွေထုတ်လုပ်တဲ့ Adult Novelty Startup ကုမ္ပဏီရဲ့ လွတ်လပ်ပွင့်လင်းလွန်းတဲ့ CEO Dokgo Dal。
အတွေးအခေါ်၊ လူနေမှုပုံစံနဲ့ အချစ်အမြင်ချင်း ကောင်းကင်နဲ့မြေကြီးလို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတိုနှစ်ဦးဟာ Yeon-su တို ကြော်ငြာအေဂျင်စီရဲ့ အဓိက Project ကြောင့် မလွှမရှောင်သာ အတူတွဲလုပ်ကြရပါတော့တယ်။
သူမအတွက်တော့ ရင်ဆိုင်ရခက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ အလုပ်ခွင်ပတ်ဝန်းကျင် ဖြစ်နေပေမယ့်... နေ့စဉ်တွေ့ဆုံမှုတွေ၊ အလွဲအချော်တွေနဲ့ အလုပ်ကိစ္စဆွေးနွေးရာကနေ ထွက်ပေါ်လာတဲ့ ရိုမန်တစ်ဆန်ဆန် စိတ်လှုပ်ရှားစရာ Chemistry တွေက သူတိုနှစ်ဦးကြားက အချစ်စည်းဝိုင်းကို ဘယ်လိုပြောင်းလဲသွားစေမလဲ။
ရှေးရိုးစွဲမိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားတံခါးကို ခေတ်မီပြီးဆွဲဆောင်မှုရှိတဲ့ CEO က ဘယ်လိုနည်းလမ်းတွေနဲ့ ဖွင့်လှစ်မလဲဆိုတာကို အပိုင်း ၁၀ ပိုင်းအတွင်း ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
❤7
Love in Disguise

⭐️ Channel Link
https://t.me/+iX8wfVROGjkzN2U1

Yoon Yi Jun ဟာဆိုရင် နာမည်ကြီးစီးပွားရေးလုပ်ငန်းစုတစ်ခုရဲ့ ဆက်ခံသူတစ်ယောက်ဖြစ်ပြီးတော့ လက်ရှိမှာတော့ လူသတ်မှုမှာ သံသယရှိသူဖြစ်နေပါတယ်။ တစ်ဖက်မှာ စုံထောက် Kang Jae Hee ကတော့ အထူးတပ်ဖွဲဝင်ဟောင်းဖြစ်ပြီးတော့ ဘာမဆိုဇွဲရှိရှိ အောင်မြင်အောင်လုပ်တတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ စုံထောက် Kang Jae Hee တစ်ယောက် ယောက်ျားလေးတစ်ယောက်အဖြစ် ရုပ်ဖျက်ရင်း လူသတ်မှုကိုစုံစမ်းဖိုရန်အတွက် Yoon Yi Jun ရဲ့အနားကို အတွင်းရေးမှူးအနေနဲ့ ရောက်လာတဲ့အခါ....

သူတိုနှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားမလဲ၊ လူသတ်မှုရဲ့တရားခံကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
❤7👏1🎉1😍1
Final Table

Channel Link
https://t.me/+AwRc5SuSqOQ5ODE1

ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံး ထိပ်တန်းစားဖိုမှူးကို ရွေးချယ်တင်မြှောက်မယ့် "The Table: K-Chef 2026" အမည်ရှိ အကြီးစား ဟင်းချက်ပြိုင်ပွဲကြီးအကြောင်း ပုံဖော်တင်ဆက်ပေးထားတဲ့ Final Table။ဖခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားပြီးနောက် စားသောက်ဆိုင်သစ်ရဲ့ မန်နေဂျာဖြစ်လာသူ Choi Song I ၊ လျှိဝှက်ဆန်းကြယ်တဲ့ အတိတ်တစ်ခုကို ဖုံးကွယ်ထားပြီး နိုင်ငံတကာမှာ နာမည်ကြီးလူသိများတဲ့ စားဖိုမှူး Kang Han ၊ ပါရမီရှင်တစ်ဦးအဖြစ် ပြုစုပျိုးထောင်ခြင်းခံရပြီး ပြီးပြည့်စုံမှုကိုသာ လိုလားတဲ့ Cha U Jin ၊ ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ စားဖိုမှူးတွေကို နောက်ကွယ်ကနေစီစဉ်ညွှန်ကြားမယ့် အမှုဆောင်ထုတ်လုပ်သူ Seon Jeong Won။ပြိုင်ပွဲရဲ့ ရည်မှန်းချက်က အကောင်းဆုံးဟင်းပွဲကို ဖန်တီးရုံတင်မကဘဲ ပါဝင်ယှဉ်ပြိုင်ကြတဲ့ စားဖိုမှူးတစ်ဦးချင်းစီရဲ့ နက်ရှိင်းတဲ့နောက်ခံဇာတ်လမ်းတွေနဲ့ ဘဝအတွေ့အကြုံတွေကိုပါ ဖော်ထုတ်ပြသရမှာဖြစ်လို သာမန်ဟင်းချက်ပြိုင်ပွဲတွေနဲ့မတူဘဲ ခက်ခဲကြမ်းတမ်းမှာဖြစ်ပါတယ်။မီးဖိုချောင်အတွင်း ၁ စက္ကန့်ချင်းစီရဲ့ အချိန်အကန့်အသတ်၊ ပါဝင်ပစ္စည်း ရွေးချယ်မှုနဲ့ ပန်းကန်ပေါ်မှာပြင်ဆင်တဲ့အထိအသေးစိတ်ကျကျ ပုံဖော်ထားပြီး ကြည့်ရှုသူတွေကို ရင်တထိတ်ထိတ်နဲ့ အာရုံစိုက်မိစေမှာပါ။အစားအစာဆိုတာ စားသုံးသူဗိုက်ဝရုံတင်မကဘဲ ချက်ပြုတ်သူနဲ့စားသုံးသူတိုကြားက ဘဝအမောတွေ ဝမ်းနည်းမှုတွေကိုပါ ကုစားပေးနိုင်တဲ့အထိ စွမ်းအားကြီးမားပုံကိုပါမြင်တွေ့ရမှာဖြစ်လို အစားအစာဝါသနာပါသူတွေ စိတ်လှုပ်ရှားဖွယ် ပြိုင်ပွဲဝါသနာပါသူတွေအတွက် လက်မလွှတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်။