Fun Fun 🍀 (Link Channel)
38.4K subscribers
380 photos
56 videos
415 links
Download Telegram
Cabbage Your Life အပိုင်း (၁)

Channel Link
https://t.me/+SnFxgeTL5bc1NTE1

ဆိုးလ်မြို့ပြရဲ့ လူနေမှုပုံစံကို စွန့်ခွာပြီး "Yeonriri" ဆိုတဲ့ ရွာလေးဆီကို အသစ်တစ်ဖန် ပြန်လည်စတင်ဖို့ ရောက်ရှိလာတဲ့ Seong Tae Hun တို့ မိသားစု။ သူတို့ရဲ့ ရည်မှန်းချက်က ဒီရွာလေးမှာ ခဏတာ အခြေချပြီး မြို့ပေါ်ကို အမြန်ဆုံး ပြန်တက်နိုင်ဖို့ပါပဲ။

ဒါပေမယ့်... ရွာကို အသက်ပေးကာကွယ်ချင်တဲ့ ရွာသူကြီးနဲ့ ရွာရဲ့သြဇာအရှိဆုံး အမျိုးသမီးအသင်းဥက္ကဋ္ဌတို့ရှိရာ Yeonriri ရွာလေးထဲကို မြို့ပြက မိသားစုတစ်စု ရုတ်တရက် ရောက်ရှိလာတဲ့အခါမှာတော့... အေးချမ်းလှပါတယ်ဆိုတဲ့ ရွာလေးတစ်ရွာလုံး ဆူညံပွက်လောရိုက်သွားပါတော့တယ်။ အစဉ်အလာကို တန်ဖိုးထားတဲ့ ရွာခံတွေနဲ့ မြို့ပြကလာတဲ့ မိသားစုကြားက အားပြိုင်မှုတွေက ဘယ်လို ဟာသနှောတဲ့ ပြဿနာတွေ ဖန်တီးဦးမှာလဲ

တစ်ဖက်မှာလည်း ဆေးကျောင်းကနေ တိတ်တဆိတ် ကျောင်းထွက်လာခဲ့ပြီး ကိုယ့်ရဲ့ အစစ်အမှန်ဘဝကို ရှာဖွေနေတဲ့ သားဖြစ်သူ Seong Ji Cheon တစ်ယောက် ရွာသူကြီးရဲ့ သမီးချောလေး Im Bo Mi နဲ့ ဆုံတွေ့မိတဲ့အခါ... ပဋိပက္ခတွေကြားက ပွင့်လန်းလာမယ့် သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လို အဆုံးသတ်မလဲ

မြို့ပြနဲ့ ကျေးလက်ကြားက မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မိသားစုအချင်းချင်း ပြန်လည်နားလည်မှု တည်ဆောက်ပုံတွေကို ပေါ့ပေါ့ပါးပါးနဲ့ ခံစားရမယ့် Healing Drama ကားကောင်းလေးမို့ အခုပဲ အတူတူ စောင့်ကြည့်လိုက်ရအောင်နော်။
❤15🥰1
Our Happy Days အပိုင်း (၁)

Channel Link
https://t.me/+PUuhQTg8DJ83OTk1

Go Gyeol (Yoon Jong-Hoon) ကတော့ အရည်အချင်းရှိသလောက် မာနလည်းကြီးတဲ့ ဗိသုကာပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ Go Gyeol ဟာ အဘိုးဖြစ်တဲ့ Gangsu လုပ်ငန်းစု ဥက္ကဌ Go Gang-su ရဲ့ တောင်းဆိုချက်အရ အမွေဆက်ခံမှုအတွက် ယှဥ်ပြိုင်ဖို ၁၀ နှစ်အကြာမှ အိမ်ကို ပြန်လာပြီး Gangsu ဆောက်လုပ်ရေးမှာ အဖွဲမှူးတစ်ယောက်အနေနဲ့ တာဝန်ယူနေတာလည်း ဖြစ်ပါတယ်။ Go Gyeol မှာ Go Min-ho ဆိုတဲ့ အစ်ကိုတစ်ယောက်လည်း ရှိပြီး အဲဒီအစ်ကိုကတော့ Gangsu ဆောက်လုပ်ရေးမှာပဲ ဒါရိုက်တာတစ်ယောက်အနေနဲ့ အလုပ်လုပ်နေပါတယ်။

Jo Eun-Ae (Uhm Hyun-Kyung) ကတော့ AI လုပ်ငန်းနဲ့ ပတ်သတ်တဲ့ startup developer တစ်ယောက်ဖြစ်ပါတယ်။ နမော်နမဲ့နိုင်ပေမယ့် အကောင်းမြင်စိတ်ရှိပြီး ပျော်ပျော်နေတတ်တဲ့သူလည်း ဖြစ်ပါတယ်။

Go Gyeol နဲ့ Jo Eun-Ae တိုက မထင်မှတ်တဲ့ ကိစ္စတွေကြောင့် အတူပူးပေါင်းပြီး အလုပ်လုပ်ဖြစ်လာတဲ့အခါ သူတိုရဲ့ ဆက်ဆံရေး ဘယ်လိုပြောင်းလဲသွားမလဲ၊ Go Gyeol ရဲ့ အမွေဆက်ခံမှု ပြိုင်ပွဲကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီ မိသားစု Melodrama ဇာတ်လမ်းတွဲလေးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
❤7
Bloodhounds Season 2

ဒီနေ့ နေ့ခင်း လာမယ်နော်။


Channel Link
https://t.me/+ilb-3fS6tiQwNTU1

Bloodhounds Season 2 ကတော့ ပရိသတ်တွေ ၃ နှစ်နီးပါး စောင့်မျှော်ခဲ့ရပြီးနောက်မှာ ထွက်ရှိလိုလာပါပြီ။ဇာတ်လမ်းထဲမှာလည်း ၃ နှစ်တာ အချိန်ကျော်လွန်သွားပြီးတော့ Kim Geon U က လက်ဝှေ့သမားချန်ပီယံဆုရဖို ကြိုးစားနေသလို ညီအစ်ကိုလိုခင်မင်ရတဲ့ Hong U Jin ကတော့ နည်းပြအဖြစ် ဘေးကနေအားဖြည့်ပေးနေတာပါ။ဒီတစ်ခေါက်မှာတော့ အတိုးပေးစားတဲ့ ချေးငွေလောကထက် ပိုမိုကြမ်းတမ်းတဲ့ မြေအောက် လက်ဝှေ့လောကကို ခြေဆန့်ပြီး ပိုမိုကြီးမားတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတော့မှာပါ။ဒီ Season 2 မှာ ပရိသတ်ကြီးအကြည့်ချင်ဆုံးဖြစ်တဲ့ ဗီလိန်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Rain ရဲ့အမိုက်စားသရုပ်ဆောင်မှုတွေကြား ဘယ်လောက်ထိ ရင်တထိတ်ထိတ်ဖြစ်စေမလဲ။အက်ရှင်ကား ကြိုက်သူတွေအတွက်တော့ မလွတ်တမ်း ကြည့်သင့်တဲ့ဒရာမာလေးပါပဲ။
❤11🥰1
Perfect Crown အပိုင်း (၉)

Channel Link
https://t.me/+W3ufdaLhlhc5YjFl

K Drama ဖန်များအားလုံး စောင့်မျှော်နေကြတဲ့ IU နဲ့ Byeon Woo Seok တိုပါဝင်ထားတဲ့ "Perfect Crown" ဇာတ်လမ်းလေး ထွက်ရှိလာပါပြီ။

တရားမဝင်ကလေးဆိုတဲ့ နာမည်တစ်ခုကြောင့် အရာရာပိုင်ဆိုင်ထားပေမယ့် လူအများရဲ့ရှုချပြောတာတွေကိုခံနေရတဲ့ သူဌေးသမီးလေး Seong Hui Ju ဟာ သူမရဲ့လူမှုအသိုင်းအဝိုင်းထဲမှာ အဆင့်တက်နိုင်ဖိုအတွက် တော်ဝင်မင်းသားနဲ့ Yi An နဲ့လက်ထပ်ဖို ကြိုးစားပါတော့တယ်။ အပေးအယူတစ်ခုအရ လက်ထပ်ဖိုစတင်ခဲ့ကြတဲ့ သူတိုရဲ့ ဆက်ဆံရေးက တဖြည်းဖြည်းပြောင်းလဲပြီး သူတိုနှစ်ယောက်ကြားမှာ အချစ်တွေပေါက်ဖွားလာဦးမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးပါကြပါဦးနော်~~
❤31👍2🥰2
Yumi's Cells 3

Channel Link
https://t.me/+uXGPBVlFhKwxOGU1

Yumi ရဲ့ cells လေးတွေ ပြန်လာပါပြီနော်…
ဒီတစ်ခေါက်မှာတော့ ယူမီအတွက် ချစ်စရာ ရိုမန့်စ်ဆိုတာထက် ပိုပြီး mature ဖြစ်လာပြီး လက်တွေ့ကျတဲ့ အချစ်ဇာတ်လမ်းအသစ်လေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
Cells လေးတွေကတော့ ထုံးစံအတိုင်း ချစ်ဖိုကောင်းပြီး ရယ်ရတဲ့အပြင်မှာ ယူမီရဲ့စိတ်နဲ့အတွေးတွေကို မြင်သာထင်သာရှိစေမှာပါ။ ကဲ ဒီတစ်ခေါက်မှာရော ယူမီက ဘယ်သူနဲ့ ending ဖြစ်နိုင်မလဲဆိုတာ အတူတူ ရင်ခုန်ရင်း ကြည့်လိုက်ရအောင်နော်…
❤10
Reverse အပိုင်း (၁) (၂)

Channel Link
https://t.me/+q2l94t9h3vg5MGNl

လျှို့ဝှက်ချက်တွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ "Reverse" ဆိုတဲ့ mystery thriller ကားလေးမှာတော့ Myo Jin (Seo Ji Hye) ရဲ့ဘဝကို အဓိကထားပြီး ရိုက်ကူးထားပါတယ်။ သူမဟာ ဗီလာပေါက်ကွဲမှုကြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် အတိတ်ကို လုံးဝမမှတ်မိတော့ပါဘူး။ အဲ့ဒီအခြေအနေမှာ သူမရဲ့ လက်ထပ်မယ့်သူဖြစ်တဲ့ Seokwang လုပ်ငန်းစုရဲ့ အနာဂတ်အမွေဆက်ခံသူ Jun-ho (Go Soo) ရဲ့ အကူအညီနဲ့ပဲ သူမရဲ့ဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် ပေါက်ကွဲမှုနောက်ကွယ်က အမှန်တရားတွေ ပေါ်ပေါက်လာတာနဲ့အမျှ သူတို့ဆက်ဆံရေးက အချစ်ကနေ ဘယ်လိုမျိုးတွေ ပြောင်းလဲသွားဦးမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်~~
❤7
Absolute Value of Romance အပိုင်း (၁)

Channel Link
https://t.me/+eLAJizTzyXA4YTJl

Yeo Eui Ju ဟာကျောင်းမှာလူမသိသူမသိ အေးအေးချမ်းချမ်းနေတတ်သူဖြစ်ပေမယ့် ညဘက်မှာတော့ BL ဝတ္ထုတွေလျှိဝှက်ရေးသားနေတဲ့ ကျောင်းသူလေးတစ်ဦးပါ။ အချစ်ဝတ္ထုတွေရေးနေပေမယ့် အချစ်ရေးမှာတော့ လုံးဝအတွေ့အကြုံမရှိသူပါ။ ဒီလိုနဲ့ကျောင်းကို သင်္ချာပါရမီရှင် Ga U Su, ဘာသာကျွမ်းကျင်ဆရာ No Da Ju, အားကစားဆရာ Jung Gi Jeon နဲ့ အပြောချိုတဲ့ ကိုရီးယားဆရာ Yun Dong Ju တို ဆရာချောချောလေးတွေပြောင်းလာပါတယ်။
ဒီလိုနဲ့ ဆရာ ၄ ယောက်ဟာ ဝတ္ထုရေးဖိုအတွက် စိတ်ကူးစိတ်သန်းတွေဖြစ်လာပြီးတော့ Yeo Eui Ju ရဲ့သာမန်ဘဝကိုရော စာရေးဆရာမဘဝကိုပါ လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။
လျှိဝှက်ချက်ကိုယ်စီရှိကြတဲ့ ဆရာတွေနဲ့ အတွေ့အကြုံမရှိသေးတဲ့ စာရေးဆရာမကျောင်းသူလေးတိုကြားက လွဲချော်မှုများနဲ့ အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Rom-Com ဇာတ်လမ်းအမျိုးအစားလေးပဲဖြစ်ပါတယ်။
❤9
We Are All Trying Here အပိုင်း (၁)

Channel Link
https://t.me/+su8Jr0g42_YzNGVl

Hwang Dong Man(Koo Kyo Hwan) က ရုပ်ရှင်လောကမှာ နာမည်ကြီးအဖွဲဖြစ်တဲ့ The Eight အဖွဲထဲမှာ ပွဲဦးမထွက်ရသေးတဲ့ တစ်ဦးတည်းသောသူဖြစ်ပြီး အောင်မြင်နေတဲ့ သူငယ်ချင်းတွေကြားထဲမှာ သိမ်ငယ်စိတ်နဲ့ အသုံးမကျဘူးဆိုတဲ့ ခံစားချက်ကို တွန်းလှန်တိုက်ဖျက်နေရတဲ့သူပါ။ အလုပ်ထဲမှာ "ပုဆိန်" လို နာမည်ကြီးတဲ့ Byeon Eun A(Go Youn Jung) ကတော့ Choi Film မှာ producerအနေနဲ့လုပ်နေပြီး သူမရဲ့ထက်မြက်လှတဲ့ ဝေဖန်မှုတွေအောက်မှာ နက်ရှိင်းတဲ့ ဒေါသနဲ့ ကြောက်ရွံမှုတွေကို ဖုံးကွယ်ထားပါတယ်။ Park Gyeong Se ကတော့ ရုပ်ရှင်ကမအောင်မြင်တာကြောင့် စိတ်ဓာတ်ကျနေပြီး Hwang Dong Man ကို မနာလိုဖြစ်ပြီး ဖိအားတွေခံစားနေရတဲ့လူတစ်ယောက်ပါ။သူ့ရဲဇနီးဖြစ်သူ Ko Hye Jin ကတော့ Gobak Film ရဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။သူမက စိတ်ရှည်သည်းခံပြီး စိတ်ဒဏ်ရာတွေကို ကူညီဖေးမပေးတတ်ပြီး Hwang Dong Manရဲ့အစ်ကို မျှော်လင့်ချက်မဲ့နေတဲ့ ကဗျာဆရာဟောင်း Hwang Jin Man ကို တိုင်ပင်ဆွေးနွေးပေးနေတဲ့လူတစ်ယောက်ပါ။ အောင်မြင်မှုနဲ့ မနာလိုမှုတွေကြားမှာ လမ်းပျောက်နေကြပြီး ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေဖို ဘယ်လိုကြိုးစားကြမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
❤9👍1🍓1
The Scarecrow အပိုင်း (၁)

Channel Link
https://t.me/+EZBrMZXK7V9lNDc1

Kang Tae-Ju ဟာ စူးစမ်းလေ့လာမှုနှင့် သိမြင်နိုင်မှုအားကောင်းသော စုံထောက်တစ်ဦးဖြစ်ပြီး ဆိုးလ်မြိုမှ သူ၏ ဇာတိမြိုဖြစ်သော ဂန်ဆွန်းသို ရာထူးချခံခဲ့ရ၍ သူ၏ သိက္ခာကို အဖတ်ဆယ်ရန်အတွက် ဂန်ဆွန်းတွင်ဖြစ်ပွားနေသော ကွင်းဆက်လူသတ်မှုကို စုံစမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ ကွင်းဆက်လူသတ်သမားကို စုံစမ်းနေစဉ်တွင် ကျောင်းတုန်းက သူ့အပေါ် အနိုင်ကျင့်ခဲ့သဖြင့် မုန်းတီးခဲ့ရသော အမှုစစ် Cha Shi-Young နှင့်တွေ့ဆုံခဲ့ရတယ်။ Cha Shi-Young သည် ဆုံးဖြတ်ချက်ချရာတွင် ခေါင်းအေးအေးထားတတ်ပြီး နိုင်ငံရေးပိုင်းတွင် စိတ်ဝင်စားသော ရေပေါ်ဆီအထက်တန်းလွှာ အမှုစစ်တစ်ဦးဖြစ်ပြီး ကွင်းဆက်လူသတ်မှုတွင် ဦးဆောင်၍ နိုင်ငံရေးလောကသို ဝင်ရောက်ရန်အတွက် လှေကားထစ်အဖြစ်အသုံးချရန် ရည်ရွယ်ထားပါတယ်။ Kang Tae-Ju သည် Cha Shi-Young ကို မုန်းတီးသော်လည်း တရားခံအားဖမ်းဆီးနိုင်ရန်အတွက် နှစ်ဦးသားလက်တွဲ၍ အလုပ်လုပ်ခဲ့ရသောအခါ.....
❤7🥰1
Sold Out On You

Channel Link
https://t.me/+XY8LKrKN23cyN2Vl

Matthew Lee ဆိုတာ စကားပြောရင် ခပ်ပြတ်ပြတ်နဲ့ အသံမာမာ ပြောတတ်လို ရွာထဲမှာ "ငုံး" ဆိုပြီး နာမည်ပြောင်ပေးခံထားရတဲ့ လူငယ်တောင်သူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ခက်ထန်တဲ့ ပုံရိပ်နောက်ကွယ်မှာ နူးညံ့တဲ့ နှလုံးသားရှိပြီး ကိုယ်တိုင် အပင်ပန်းခံ စိုက်ပျိုးထားတဲ့ အဖြူရောင် နူရီမှိတွေကိုတော့ အင်မတန် ဂရုစိုက်တတ်သူပါ။ တစ်နေ့မှာတော့ သူ့ရဲ့အေးချမ်းတဲ့ စိုက်ခင်းလေးထဲကို Dam Ye-Jin ဆိုတဲ့ မြိုသူလေးတစ်ယောက်က မဖိတ်ခေါ်ပဲ ရောက်ရှိလာပါတယ်။ သူမက Home Shopping နယ်ပယ်မှာ ထိပ်တန်းအရောင်းအလှည့်စားဆုံး Host တစ်ယောက်ဖြစ်ပြီး Matthew ရဲ့ နူရီမှိတွေကို စွဲလန်းလွန်းလို စာချုပ်အသစ်ချုပ်ဖို ရောက်လာတာပါ။ အေးအေးဆေးဆေး စိုက်ချင်လို အကြိမ်ကြိမ်ငြင်းလွှတ်ခဲ့ပေမယ့် သူမကတော့ အခွင့်အရေးမရမချင်း Matthew နောက်က တစ်ကောက်ကောက်လိုက်နေပါတော့တယ်။ မှိစိုက်ခင်းထဲမှာ စတင်ခဲ့တဲ့ စီးပွားရေးစစ်ပွဲလေးကနေ ဘယ်အချိန်မှာ အချစ်တွေ ပွင့်လန်းသွားမလဲ။ မြိုပြနဲ့ တောရွာအကြာက ကွာဟချက်တွေကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်လမ်းလေးဟာ ကြည့်ရှုသူတွေကို အပြုံးတွေ၊ ရင်ခုန်သံတွေနဲ့အတူ ဆွဲဆောင်စေမှာပဲဖြစ်ပါတယ်။
❤4👍2
If Wishes Could Kill အပိုင်း (၁)

Channel Link
https://t.me/+F_nSAvj9VlQ3ZDM1

Seorin အထက်တန်းကျောင်းက သူငယ်ချင်း ငါးယောက်စုမိရာကနေ "Girigo" လိုခေါ်တဲ့ လျှိဝှက်ဆန်းကြယ်တဲ့ App တစ်ခုကို မတော်တဆ တွေ့ရှိခဲ့ကြပါတယ်။ ဒီ App ရဲ့ ထူးခြားချက်က ကိုယ်ဖြစ်ချင်တဲ့ ဘယ်လိုဆုတောင်းကိုမဆို ပြည့်ဝစေတာပါ။ ဒါပေမယ့် အဲဒီဆုတောင်းတွေရဲ့ နောက်ကွယ်မှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာတစ်ခု ကပ်ပါလာပါတယ်။

အဲဒါကတော့... ဒီ App ကို အသုံးပြုပြီး ဆုတောင်းလိုက်တဲ့သူတိုင်းဟာ ရှောင်လွှလိုမရတဲ့ "ရုတ်တရက် သေဆုံးခြင်း" ဆိုတဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ရမှာပါပဲ။

ကိုယ့်ရဲ့ လောဘနဲ့ ဆန္ဒတွေကြောင့် ဆုတောင်းမိခဲ့ကြတဲ့ သူငယ်ချင်းတစ်စုဟာ App ရဲ့ မှောင်မိုက်တဲ့ လျှိဝှက်ချက်တွေကို ဖော်ထုတ်ဖို ကြိုးစားရင်း၊ တစ်ယောက်နဲ့တစ်ယောက် သံသယတွေ၊ ကြောက်ရွံမှုတွေကြားမှာ အသက်ရှင်ကျန်ရစ်ဖို ဘယ်လိုရုန်းကန်ကြမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါနော်
❤8
Filling For Love (2026) အပိုင်း (၁)

Channel Link
https://t.me/+Te8Im797NVFjOWE1

Haemu Group စစ်ဆေးရေးအဖွဲ ၁ ရဲ့ ကျွမ်းကျင်သူ Gi Jun ဟာ ဉာဏ်လည်းကောင်းပြီး တော်လည်းတော်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချောမွေ့ပြီး အဆင်ပြေနေတဲ့ Gi Jun ရဲ့ ဘဝထဲကို Joo In A က စစ်ဆေးရေးဌာန ခေါင်းဆောင်အဖြစ် ရောက်လာတဲ့အခါ Gi Jun က နာမည်ကြီး စစ်ဆေးရေးအဖွဲ ၁ ကနေ ပြဿနာအိုး အဖွဲ ၃ ကို ပြောင်းရွှေ့ ရာထူးချခံလိုက်ရပါတော့တယ်။

တစ်နေ့မှာတော့ In A က ကုမ္ပဏီအတွင်းမှာ မသင့်တော်တဲ့ ဆက်ဆံရေးရှိနေတယ်လို သတင်းရလာတဲ့အခါ Gi Jun က လက်စားချေဖို လိုက်စုံစမ်းရင်း In A ရဲ့ လျှိဝှက်ချက်တွေကို သိလာရပါတော့တယ်။ Gi Jun က In A အတွက် အတိတ်က နာကျင်မှုတွေကို ကျော်လွှားနိုင်ပြီး ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေပေးနိုင်မယ့်သူ ဖြစ်လာနိုင်မလားဆိုတာကိုတော့ ဒီအချစ်ဟာသဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
❤11😁1
Gold Land အပိုင်း (၁)

Channel Link
https://t.me/+v5sbbPWc53g2NzY9

Hee Joo (Park Bo-young) ဆိုတဲ့ လေဆိပ်လုံခြုံ‌ရေး ဝန်ထမ်းအမျိုးသမီးဟာ ချစ်သူ (လေယာဉ်မှူး) ရဲ့ အကူအညီတောင်းမှုကြောင့် မှောင်ခိုပစ္စည်းတွေပါတဲ့ ခေါင်းတလားတစ်ခုကို အစစ်အဆေးမရှိဘဲ ဖြတ်ပေးလိုက်ရာကနေ ဇာတ်လမ်းစတာပါ။

Hee Joo တစ်ယောက် မမျှော်လင့်ဘဲ အဲဒီ‌ခေါင်းတလားထဲမှာ တရားမဝင် မှောင်ခိုသယ်ဆောင်လာတဲ့ ရွှေတုံးအမြောက်အမြား ရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့ လောဘနဲ့ ကြောက်ရွံမှုကြားထဲမှာ ရုန်းကန်ရပါတော့တယ်။ ဒီရွှေတွေဟာ သာမန်မှောင်ခိုရွှေတွေမဟုတ်ဘဲ အဆင့်မြင့်အရာရှိတွေနဲ့ လူမိုက်ဂိုဏ်းတွေ ပတ်သက်နေတဲ့အတွက် Hee Joo က အမှောင်လောကရဲ့ အမဲလိုက်ကွင်းထဲကို ရောက်သွားခဲ့ပါတယ်။

အရင်းနှီးဆုံးလို ထင်ရတဲ့သူတွေက ဘယ်အချိန်မှာ ကိုယ့်ကို သစ္စာဖောက်မလဲဆိုတာ မသိနိုင်တဲ့အခြေအနေမှာ Hee Joo အနေနဲ့ ဒီ "ရွှေတွေ" ကို ယူပြီး အသက်ဘေးကနေ ဘယ်လိုလွတ်အောင် ပြေးမလဲဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ပြထားတာဆိုတော့ ဆက်ကြည့်လိုက်ရအောင်ပါနော်
❤7
My Royal Nemesis အပိုင်း (၁)

Channel Link
https://t.me/+j26Ncn3n2mc3MWVl

ဂျိုဆွန်းခေတ်ရဲ့ ရာဇဝင်တွင်အောင် ရက်စက်ပြီး အလှသွေးကြွယ်ခဲ့တဲ့ ကိုယ်လုပ်တော် Kang Dan-Sim ဟာ တိုင်းပြည်ကို ဖျက်ဆီးတဲ့ "မြှူဆွယ်သူ" အဖြစ် အဆိပ်သောက် သေဒဏ်ပေးခံခဲ့ရပါတယ်။ ဒါပေမယ့် သူမ နိုးလာတဲ့အချိန်မှာတော့ ၂၀၂၆ ခုနှစ်ရဲ့ အောင်မြင်မှုမရှိတဲ့ သရုပ်ဆောင်မလေး Sin Seo-Ri ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိနေခဲ့ပါပြီ။ Chail Group ရဲ့ တစ်ဦးတည်းသော အမွေခံ Cha Se-Kye ကတော လူတိုင်းကို နှိမ်ဆက်တတ်တဲ့ ရိုင်းစိုင်းမောက်မာသူပါ။ သူ့ဘဝမှာ ဘယ်သူ့ကိုမှ အရှုးမပေးခဲ့ဘူးပေမယ့် ကြောက်တတ်ပြီး အေးဆေးလွန်းတဲ့ Sin Seo-Ri နေရာမှာ ဂျိုဆွန်းခေတ်က ခေါင်းမာပြီး မာနကြီးတဲ့ မိန်းမတစ်ယောက် အစားထိုးဝင်ရောက်လာတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်
❤13👍1
The Legend of Kitchen Soldier အပိုင်း (၈)

Channel Link
https://t.me/+RKuze7xXhnlkYzc1

System ကြိုက်တဲ့ပရိသတ်တွေအတွက် Kdrama ကိုမှ ရှားရှားပါးပါး System Genre နဲ့ ထွက်ရှိလာတဲ့ The Legend of Kitchen Soldier ကတော့ ပရိသတ်တွေရှေ့မှောက်ကိုရောက်ရှိလိုလာပါပြီ။
 
Web novel ကို စီးရီးအနေနဲ့ ပြန်လည်ဖန်တီးထားတာဖြစ်ပြီး Cast တွေအနေနဲ့ ‘The King Warden’ ထဲက ဘုရင်အသေးစားလေး Park Ji Hoon နဲ့ ‘The Uncanny Counter’ ‘Strong Girl Nam Soon’ တိုက မျက်နှာသစ်သရုပ်ဆောင် Lee Hong Nae တိုက အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Cameo အနေနဲ့ ‘Bloodhounds’ ထဲက မင်းသား Lee Sang Yi တိုပါအားဖြည့်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အဖေကို ဆုံးရှုးပြီး စစ်တပ်ထဲဝင်လာတဲ့ Kang Seong Jae က “ပြဿနာရှာတဲ့စစ်သား” အဖြစ် နာမည်ကြီးနေသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ စစ်တပ်စားဖိုမှူး Quest Screen ပေါ်လာပြီး Quest တွေကို ဖြေရှင်းရင်း “စားဖိုမှူးရဲ့မျက်လုံး” စွမ်းအားကို ရရှိကာ တပ်ရင်းရဲ့ အကောင်းဆုံးစားဖိုမှူး ဖြစ်လာခဲ့ပါတယ်။

လက်ရာညံ့တယ်ဆိုပြီး နာမည်ကြီးတဲ့ စားဖိုမှူး Dong Hyeon ကလည်း သူနဲ့အတူ Quest တွေကို ကူညီပေးရင်း နှစ်ယောက်သား စစ်တပ်အတွင်းက မှောင်ခိုခြစားမှုတွေ၊ အဖေသေဆုံးမှုနောက်က လျှိဝှက်ချက်တွေကို တစ်စစ ဖော်ထုတ်သွားကြတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
❤10👍1
Azure Spring အပိုင်း (၁)

Channel Link
https://t.me/+6dDbgm938XYyMjM1

ဒီဇာတ်လမ်းဟာ နာမည်ကြီး Webtoon ကို အခြေခံထားပြီး Healing နဲ့ လူငယ်ဒရာမာအမျိုးအစား ဖြစ်ပါတယ်။လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြားမှာ ရုန်းကန်နေရပြီး ထွက်ပေါက်ရှာနေတဲ့ An Na၊အတိတ်က ဒဏ်ရာတွေကြောင့် ဘဝသစ်တစ်ခုကို စတင်ဖို ကြိုးစားနေတဲ့ Deok Hyeon။သူတိုနှစ်ယောက်ဟာ ပင်လယ်ပြင်မှာ ရေငုပ်သမားတွေအဖြစ် အသက်မွေးရင်း ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေကြမယ့် ပုံစံမျိုး ဖြစ်ပါတယ်။ပင်လယ်ပြင် ရှုခင်းတွေနဲ့ ကျေးလက်ဒေသရဲ့ အေးချမ်းတဲ့ အလှတရားတွေကို အသားပေး ရိုက်ကူးထားတာကြောင့် စိတ်အပန်းပြေစေမှာပါ။ကိုရီးယားရဲ့ ရိုးရာရေငုပ်လုပ်ငန်းအကြောင်းကို နောက်ခံထားတာကြောင့် ထူးခြားတဲ့ အမြင်သစ်လည်းရနိုင်ပါတယ်။ဘဝမှာ ပင်ပန်းနွမ်းနယ်နေသူတွေအတွက် စိတ်ခွန်အားဖြစ်စေမှာဖြစ်သလို ဇာတ်ရှိန်အပြင်းမဟုတ်ဘဲ အေးအေးဆေးဆေး စီးမျောချင်သူတွေအတွက်စောင့်ကြည့်သင့်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
❤7
The WONDERfools အပိုင်း (၁)

Channel Link
https://t.me/+laAuNlS-2dUxOGVl

‌ဒီတစ်ခေါက် Netflix က ထွက်ရှိလာတဲ့ကားလေးကတော့ သဘာဝလွန် fantasy ကိုမှ ခွီရမယ့်အပြင် Cha Eun Woo, Park Eun Bin တိုကို တဝကြီး ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။

Haeseong မြိုတော်မှာ နေထိုင်တဲ့ Eun Chae-ni (Park Eun-bin) တစ်ယောက် မထင်မှတ်ထားဘဲ ရုတ်တရက် စူပါပါဝါတွေကို ရလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် သူ(မ) ရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ Son Kyung-hoon (Choi Dae-hoon) နဲ့ Kang Ro-bin (Im Sung-jae) တိုဟာလည်း စူပါပါဝါ ကိုယ်စီ ရရှိလာကြပါတယ်။

ဆိုးလ်မြိုကနေ ရောက်လာပြီး လျှိဝှက်ဆန်းကြယ်တဲ့ Lee Un-jeong (Cha Eun-woo) ကတော့ Eun Chae-ni နဲ့ အတူ Haeseong မြိုထဲက အဖြစ်အပျက်တွေကို စုံစမ်းရင်း...
Haeseong မြိုကို ဒုက္ခပေးနေတဲ့ လူဆိုး ကို သူတိုလေးယောက်သား ဘယ်လိုတွေ တိုက်ခိုက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
❤11👍3🍓1
Fifties Professionals

Channel Link
https://t.me/+9DAywICeeIk2MzFl

ဒီကားလေးကတော့ တစ်ချိန်က သက်ဆိုင်ရာနယ်ပယ်မှာ ထိပ်တန်းတွေ ဖြစ်ခဲ့ကြတဲ့ အသက်ငါးဆယ်ကျော် အမျိုးသားသုံးယောက်က အကြောင်းအမျိုးမျိုးကြောင့် ဝေးလံတဲ့ Yeongseon ဆိုတဲ့ ကျွန်းလေးကို ရောက်လာကြပြီး သူတိုရဲ့ ကျွမ်းကျင်မှုကို အသုံးချပြီးအမှုတွေကို ဖြေရှင်းကြပုံကို ရိုက်ကူးထားတဲ့ action comedy ဇာတ်ကားလေးပဲဖြစ်ပါတယ်။

Jung Ho Myeong က တစ်ချိန်က တောင်ကိုရီးယားရဲ့ ထိပ်တန်းအေးဂျင့်တစ်ယောက် ဖြစ်ခဲ့ပေမယ့် Black Pearl ဆိုတဲ့ မစ်ရှင် ကျရှုးသွားပြီးနောက် Yeongseon ကျွန်းပေါ်က တရုတ်စားသောက်ဆိုင်မှာ ဝန်ထမ်းအဖြစ် ဖုံးကွယ်နေထိုင်နေပါတယ်။ အဲဒီမှာပဲ ဇနီးနဲ့ သမီးပါ ရှိလာတဲ့အခါ သူကိုယ်တိုင်က အေးဂျင့်တစ်ယောက်ဖြစ်မှန်းတောင် မေ့လုနီးပါး ဖြစ်နေပါတော့တယ်။

Bong Je Sun ကတော့ တစ်ချိန်က “Bulgae” လို နာမည်ကြီးခဲ့တဲ့ မြောက်ကိုရီးယားရဲ့ အထူးအေးဂျင့်တစ်ယောက်ဖြစ်ခဲ့သူပါ။ Black Pearl နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခုကြောင့် မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး Yeongseon ကျွန်းမှာ သောင်တင်နေတာဖြစ်ပါတယ်။

Kang Beom Ryong ကတော့ Hwasan ဂိုဏ်းမှာ ဒုတိယ အင်အားအကြီးဆုံး ဖြစ်ခဲ့တဲ့သူပါ။ ဒါပေမယ့် တတိယ အင်အားအကြီးဆုံးဖြစ်သူရဲ့ သစ္စာဖောက်မှုကြောင့် အရာအားလုံးကို ဆုံးရှုးခဲ့ရပါတယ်။ ဂိုဏ်းအတွက် လက်စားချေဖို Yeongseon ကျွန်းပေါ်က စတိုးဆိုင်တစ်ခုရဲ့ ပိုင်ရှင်အဖြစ် ဖုံးကွယ်နေထိုင်နေပြီး Black Pearl ကို တိတ်တဆိတ် ရှာဖွေနေတဲ့သူလည်း ဖြစ်ပါတယ်။

ဆယ်စုနှစ် တစ်ခုစာ သာမန်လူလို နေထိုင်လာခဲ့တဲ့ သူတိုသုံးယောက်က Yeongseon ကျွန်းပေါ်ကို ရောက်ရှိလာခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သတ်တဲ့ အမှန်တရားတွေကို ဘယ်လို ဖော်ထုတ်သွားကြမလဲဆိုတာကိုတော့ ဒီကားလေးမှာ ရှုစားအားပေးနိုင်ပါတယ်။
❤12👍1
Reborn Rookie အပိုင်း (၁)

တောင်ကိုရီးယားရဲ့ အင်အားကြီးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Choiseong လုပ်ငန်းစုကို တည်ထောင်ခဲ့တဲ့ ဥက္ကဌကြီး Kang Yong Ho ဟာ စီးပွားရေးလောကရဲ့ နတ်ဘုရားတစ်ပါးလိုတောင် တင်စားခံရတဲ့အထိ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် မတော်တဆမှုတစ်ခုကြောင့် လူငယ်ဘောလုံးသမား Hwang Jun Hyeon နဲ့ ဝိဉာဉ်လဲသွားတဲ့အခါမှာတော့ ထက်မြက်တဲ့ဥက္ကဌတစ်ယောက်ရဲ့စိတ်ဓာတ်၊ လူငယ်ဘောလုံးသမားတစ်ယောက်ရဲ့ ခန္တာကိုယ်နဲ့ ဥက္ကဌကြီး Kang Yong Ho တစ်ယောက် သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီမှာပဲ ဝန်ထမ်းအသစ်အဖြစ် ပြန်ဝင်ဖိုဖြစ်လာပါတော့တယ်။ ဥက္ကဌကြီး Kang Yong Ho တစ်ယောက် ဘယ်လိုမထင်မှတ်ထားတဲ့ ဖြစ်ရပ်မျိုးတွေ ကုမ္ပဏီထဲမှာ ကြုံတွေ့ရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်~~

Channel Link
https://t.me/+mOvzu6wARQhjOGE9
❤5
Doctor On The Edge အပိုင်း (၁)

အရွယ်ရောက်ပြီးယောက်ျားလေးတိုင်း စစ်မှုထမ်းရတဲ့ကိုရီးယားနိုင်ငံမှာ ဆေးပညာကျောင်းသားတွေကတော့ ပြည်သူ့ကျန်းမာရေးဆရာဝန်များအဖြစ် အမှုထမ်းခွင့်ရှိပါတယ်။ ပလတ်စတစ်ဆာဂျရီ ဆရာဝန် Do Ji Ui ဟာ ဘယ်သူမှမသွားချင်ကြသော သီးခြားကျွန်း Pyeondong-do ကို တာဝန်ချထားခြင်းခံခဲ့ရပါတယ်။ သူကျွန်းပေါ်ကို ရောက်ရောက်ချင်းနေ့မှာပင် စိုးရိမ်ထိတ်လန့်စရာ အခြေအနေတွေပေါ်ပေါက်လာတဲ့အခါမှာ အဲဒီငရဲလိုကျွန်းမှာ တာဝန်ချိန်အပြည့်အဝထမ်းဆောင်ပြီး ပြန်လာနိုင်ပါ့မလား.....ကျွန်းကပဲ သူ့ကို ဝါးမြိုသွားမလားဆိုတာကို Doctor on the Edge ကားလေးမှာစောင့်မျှော်ကြည့်ရှုပေးကြပါဦး

Channel Link
https://t.me/+KbVgfXm8z8E4ZjJl
❤4