Fun Fun 🍀 (Link Channel)
34.5K subscribers
424 photos
56 videos
459 links
Download Telegram
Flex x Cop 2 အပိုင်း (၁)

Channel Link
https://t.me/+i-ZRI4jVbQw2ODY9

ပရိသတ်တွေ အသည်းစွဲ အားပေးခဲ့ကြတဲ့ ချမ်းသာကြွယ်ဝလွန်းတဲ့ ရဲအရာရှိလေး Jin I Su ရဲ့ Flex X Cop ဟာ အခုဆိုရင် ဒုတိယတွဲနဲ့အတူ ပိုမိုကြီးမားတဲ့ အမှုအခင်းတွေ၊ ပိုမိုခမ်းနားတဲ့ အက်ရှင်ခန်းတွေနဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ပထမတွဲမှာတင် ပရိသတ်တွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ အန်ဘိုဟျွန်းရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေဟာ ဒီဒုတိယရာသီမှာတော့ ပိုပြီးရင့်ကျက်လာတဲ့ ပုံစံမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်။မမျှော်လင့်ဘဲ ရဲအရာရှိဖြစ်လာပေမဲ့ အဖွဲ့ဖော်တွေနဲ့အတူ သံယောဇဉ်တွယ်ပြီး သူ့ရဲ့ ဝါသနာမှန်း သိသွားခဲ့တဲ့ သူဌေးသား Jin I Su တစ်ယောက် ရဲတက္ကသိုလ်မှာ တရားဝင် သင်တန်းတက်ပြီးလို့ အကြမ်းဖက်မှုဆိုင်ရာ ရာဇဝတ်မှုဌာနခွဲ အဖွဲ့ (၁) ဆီ ပြန်ရောက်လာခဲ့ပါတယ်။ဒါပေမယ့် ပြဿနာက ရဲတက္ကသိုလ်မှာတုန်းက သူ့ကို ခေါင်းခြောက်အောင် ဒုက္ခပေးခဲ့တဲ့ "မကောင်းဆိုးဝါး နည်းပြ" Ju Hye Raက အဖွဲ့ (၁) ရဲ့ အဖွဲ့ခေါင်းဆောင်သစ်အဖြစ် ရောက်လာခဲ့တာပါ။ အစတည်းကမတည့်တဲ့ သူတို့နှစ်ယောက် တစ်ဖွဲ့တည်းမှာ ပြန်ဆုံကြတဲ့အချိန် ဘယ်လိုမျိုး အလွဲတွေ၊ ဟာသတွေနဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ စိတ်လှုပ်ရှားစရာ ကြည့်ရှုရတော့မှာပါ။ ဒီဒုတိယတွဲမှာတော့ ဇာတ်လမ်းက ပျော်စရာကောင်းရုံတင်မကဘဲ ပိုပြီး နက်နဲတဲ့ လူမှုရေး ပြဿနာတွေနဲ့ နိုင်ငံရေး လောကရဲ့ အရှုပ်အထွေးတွေကိုပါ ထည့်သွင်းပြသသွားတာကို တွေ့ရမှာပါ။ဒါ့အပြင် ဒီဒုတိယတွဲမှာ ထူးခြားတာကတော့ တရားခံတွေဟာ အရင်ကထက် ပိုပြီး ပါးနပ်လာကြပြီး အီဆူးရဲ့ ငွေကြေးအင်အားကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ အဆင့်အထိ ရှိလာတာပဲ ဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ Flex X Cop Season 2 ဟာ ပထမတွဲထက် အဆပေါင်းများစွာ ပိုကောင်းလာပြီး ပရိသတ်တွေ မျှော်လင့်ထားတာထက်ကို ပိုပြီး ပြည့်စုံတဲ့ ဖျော်ဖြေမှုတစ်ခု ဖြစ်လာမှာပါ။ အက်ရှင်၊ ဟာသ၊ စုံထောက်နဲ့ ဒရာမာ အားလုံးကို တစ်နေရာတည်းမှာ အရသာရှိရှိ ခံစားချင်တဲ့သူတွေအတွက်တော့ ဒီစီးရီးဟာ လုံးဝ လက်မလွှတ်သင့်တဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။
❤15
A Trap Called Desire

Channel Link
https://t.me/+BkJpuDfG_A8wM2Q1

မွေးစားမိဘ‌တွေရဲ့ အချစ်ခံရပြီး ကြီးပြင်းလာခဲ့တဲ့ Go Eun-Seol (Jeon Hye-Won) ဟာ တစ်နေ့မှာ လူသတ်မှုဖြင့် လိမ်လည်စွပ်စွဲခံရပြီး ညတွင်းချင်း အရာအားလုံးဆုံးရှုးသွားခဲ့ရပါတယ်။
Joo Mi-Ran (Jang Seo-Hee) က သူမကို တမင်ချောက်ချစွပ်စွဲတဲ့သူဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာ လက်စားချေဖို ဘဝအသစ်ပြန်လည်စတင်ပြီး လျှိဝှက်ချက်များကို ဖော်ထုတ်ရင်း အင်အားကြီးမားတဲ့ Cheongma Group ရဲ့ အမွေဆက်ခံသူ Kang Hae Ra နဲ့ပါ ရင်ဆိုင်ရပါတော့တယ်။

လောဘနဲ့ လိုအင်ဆန္ဒတွေကြားမှာ သစ္စာဖောက်မှုတွေ၊ လျှိဝှက်ချက်တွေ၊ မတရားမှုတွေကို ရင်ဆိုင်ပြီး Eun Seol တစ်ယောက် သူမရဲ့ အနာဂတ်ကို ပြန်လည်ရယူဖို တိုက်ပွဲဝင်သွားမှာ ဖြစ်တဲ့အတွက် ပရိသတ်ကြီးလည်း အတူကြည့်ပြီး လောင်မြိုက်လိုက်ရအောင်...
❤6🔥1🥰1
OK! Let's Get Divorced

Channel Link
https://t.me/+lijjRdTup0kzY2I1

Baek Mi-Young ဟာ ဖခင်ဖြစ်သူရဲ့ အပ်ချုပ်ဆိုင်လုပ်ငန်းကြောင့် ဒီဇိုင်နာတစ်ယောက် ဖြစ်ဖို့ အိပ်မက်မက်ခဲ့သူတစ်ယောက်ဖြစ်ပြီးမတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါး ရုတ်တရက် ကွယ်လွန်သွားပြီးနောက်မှာတော့ သူမဟာ အလုပ်လုပ်နေတဲ့ မင်္ဂလာဝတ်စုံဆိုင်မှာ ပိုပြီး အာရုံစိုက် ကြိုးစားခဲ့ပါတယ်။ အတူအလုပ်လုပ်တဲ့ ဒီဇိုင်နာ Ji Won-Ho နဲ့ တွေ့ဆုံခဲ့ရာ ချစ်သူသက်တမ်း ၆ လကြာတဲ့နောက် လက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ G&White ဆိုတဲ့ ကုမ္ပဏီကို အတူတကွ တည်ထောင်ခဲ့ကြပြီး အိမ်ထောင်ရေးဟာ ကြီးမားတဲ့ ပြဿနာမရှိဘဲ အဆင်ပြေချောမွေ့ခဲ့ပေမယ့် အိမ်ထောင်သက် ၄ နှစ်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုကြောင့် သူတို့ရဲ့ အိမ်ထောင်ရေးမှာ အကြပ်အတည်းတွေ တွေ့ကြုံခဲ့ရပါတယ်။ အိမ်ထောင်သက် ၇ နှစ်မှာတော့ G&White ကုမ္ပဏီကလည်း ဒေဝါလီခံရမယ့် အခြေအနေအထိ ရောက်ရှိလာရာ Baek Mi-Young ဟာ ကုမ္ပဏီကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားရင်း တစ်ဖက်မှာလည်း Ji Won-Ho ကို ကွာရှင်းခွင့် တောင်းဆိုလိုက်ပါတော့တယ်။
❤10😍1
New Recruit Season 4

Channel Link
https://t.me/+yRYUNYqd6K1jNzRl

တပ်တွင်းဘဝရဲ့ အခက်အခဲတွေကို ဟာသနှောကာ ရသစုံ ပေးစွမ်းနိုင်ခဲ့တဲ့အတွက် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ New Recruit ဟာ Season 4 အဖြစ် ပြန်လည်‌ထွက်ရှိလာပါပြီ။
ဒီတစ်ခါမှာတော့ အရင်က တပ်သားအသစ်ဖြစ်ခဲ့တဲ့ Park Min-seok က အခုဆို Corporal(တပ်ကြပ်) ဖြစ်လာပြီး တပ်ထဲမှာ အတွေ့အကြုံရှိလာပြီလို့ ပြောရမှာပေါ့နော်။
ဒါပေမယ့် သူတို့ရဲ့ တပ်ခွဲထဲကို ခန့်မှန်းရခက်တဲ့ တပ်သားအသစ် Kim Hyun-wook ရောက်လာတဲ့အခါ အခြေအနေတွေက ပြန်လည်ရှုပ်ထွေးလာပြီး တပ်ကြပ်တစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်သွားမလဲ...
အမိန့်တွေ၊ စည်းကမ်းတွေနဲ့ တပ်သားတွေရဲ့ အလွဲအချော်တွေကြားမှာ ဘယ်လိုဟာသဆန်တဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်လာမလဲဆိုတာကို အရင် Season တွေထက် ပိုပြီး စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။
❤3
Mousetrap အပိုင်း (၁)

Channel Link
https://t.me/+7xkbEZI8IORhMmRl

Je Mun Jae ဟာ သီးသန့်နေထိုင်တတ်တဲ့ စာရေးဆရာတစ်ယောက်ပါ။ တစ်နေ့မှာ ဖုန်းရဲ့လက်ဗွေစနစ်က အလုပ်မလုပ်တော့ဘဲ သူ့ရဲ့အလုပ်ကိစ္စတွေကို စီမံပေးတဲ့ သူငယ်ချင်းဖြစ်သူက ပျောက်ကွယ်သွားတဲ့အခါမှာတော့ သူ့ရဲ့အေးချမ်းတဲ့ ဘဝကြီးမှာ ‌ပြောင်းလဲသွားရပါတော့တယ်။ မိမိဖြစ်ကြောင်း ရေရေရာရာ သက်သေမပြနိုင်တော့တဲ့အချိန်မှာ "ကြွက်" လို အမည်ရတဲ့သူက သူ့ရဲ့ နာမည်၊ အထောက်အထားနဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူသွားကြောင်း သိရှိလိုက်ရပါတယ်။ ဒါကြောင့် သူ့ရဲ့ ဘဝကို ပြန်လည်ရယူဖို စိတ်ပိုင်းဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုသူ့နောက်ကို စတင်ခြေရာခံလိုက်ပါတော့တယ်။

No Ja ကတော့ ပိုက်ဆံရဖိုဆိုရင် ဘာမဆိုလုပ်မယ့် တရားမဝင် ငွေတိုးချေးစားသူဖြစ်ပြီး သီးသန့်စုံစမ်းထောက်လှမ်းရေး အေဂျင်စီတစ်ခုကိုပါ တွဲဖက်လုပ်ကိုင်နေသူပါ။ အကြွေးတွေကြောင့် Mun Jae ကို သုံးနှစ်ကြာ လိုက်လံရှာဖွေခဲ့ပြီးနောက် ပြန်တွေ့တဲ့အခါ "ကြွက်" ရဲ့ အထောက်အထားကို ဖော်ထုတ်ဖို အကူအညီတောင်းခံလာတဲ့အချိန်မှာတော့ No Ja တစ်ယောက် ဒီအမှုထဲ ပါဝင်ပတ်သက်လာခဲ့ရပါတယ်။ Mun Jae ဟာ သူ့ရဲ့ဘဝကို ပြန်လည်ရယူဖိုအတွက် No Ja နဲ့ လက်တွဲပြီး အတူတကွ စုံစမ်းလိုက်လံရှာဖွေကြမယ့် လျှိဝှက်ဆန်းကျယ် thriller ကား‌ပဲဖြစ်ပါတယ်။
❤7👍1
Four Hands, Two Sonatas

Channel Link
https://t.me/+e2JCS1W4oc9mMWNl

ဂီတပါရမီရှင်တွေ စုဝေးနေတဲ့ ကိုရီးယားအနုပညာအထက်တန်းကျောင်းတစ်ခုမှာ ကမ္ဘာ့အဆင့်မီ piano ကျွမ်းကျင်တဲ့ Kang Bi-o (Song Kang) နဲ့ အရည်အချင်းတွေကို ဖုံးကွယ်ထားတဲ့ Choi Jeong-yo(Lee Jun Young) တိုတွေ့ဆုံကြပါတယ်။ သူငယ်ချင်းကနေ ပြိုင်ဘက်တွေ ဖြစ်လာကြပြီး တစ်ချိန်တည်းမှာပဲ Hong Jae-in ဆိုတဲ့ violist ကလည်း သူတိုနှစ်ယောက်ရဲ့ဘဝထဲ ဝင်လာခဲ့ပါတယ်။

ဂီတ၊ အချစ်၊ ခင်မင်မှုနဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ကိုယ့်ရဲ့အိပ်မက်နဲ့ အရည်အချင်းတွေကို ရှာဖွေကြတဲ့ လူငယ်တွေရဲ့ Youth Music Romance ဇာတ်လမ်းလေးဖြစ်ပါတယ်။
❤16
Made in Korea Season 2 အပိုင်း (၁) (၂)

Channel Link
https://t.me/+Y4CYba2ZZCU5NGQ1

Baek Ki-tae ဟာ အာဏာနဲ့ စည်းစိမ်ဥစ္စာတွေကို စုဆောင်းဖိုအတွက် တရားမဝင် စီးပွားရေးကွန်ရက်တွေကို နောက်ကွယ်ကနေ လျှိဝှက်ထိန်းချုပ်ထားတဲ့ ကိုရီးယားဗဟိုထောက်လှမ်းရေးအဖွဲ (KCIA) ရဲ့ ပါးနပ်ပြီး အာဏာမက်မောတဲ့ အေးဂျင့်တစ်ယောက် ဖြစ်ပါတယ်။ Jang Geon-young ကတော့ အကျင့်ပျက်ခြစားနေတဲ့ အစိုးရနဲ့ ဥပဒေစိုးမိုးရေးအဖွဲအစည်းတွေကို ဖော်ထုတ်ချင်တဲ့ မူဝါဒစွဲကိုင်ထားပြီး လျှော့မပေးတတ်တဲ့ အစိုးရတရားလွှတ်တော်ရှေ့နေတစ်ယောက်ပါ။ Geon-young က Ki-tae ရဲ့ မှောင်ခိုလုပ်ငန်းတွေနဲ့ ထိပ်တန်းအရာရှိတွေကြားက ဆက်နွှယ်မှုကို စတင်စုံစမ်းစစ်ဆေးလာတဲ့အခါ... နိုင်ငံရေးပူးပေါင်းကြံစည်မှုတွေ၊ ပြစ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေနဲ့ ထိတွေ့မိပြီး ထိပါးလာတဲ့ သူတိုရဲ့ မတူညီတဲ့ တရားမျှတမှုအယူအဆတွေကြောင့် ဒီအမျိုးသားနှစ်ယောက်ဟာ အန္တရာယ်များလှတဲ့ ပြိုင်ဆိုင်မှုအတွင်းထဲ ဘယ်လိုမျိုး ပါဝင်ပတ်သတ်သွားကြရမလဲဆိုတာ Season 2 မှာ ဆက်ကြည့်ကြရမှာ ဖြစ်ပါတယ်။
❤10😍1
The Ordinary Jackpot အပိုင်း (၁)

Channel Link
https://t.me/+y5zQmLFzsOVkZTY1

Eun Tae က စိတ်ပင်ပန်းပြီး ငြီးငွေ့စရာကောင်းတဲ့ဘဝကို ဖြတ်သန်းနေတဲ့ သာမန်ဝန်ထမ်းတစ်ယောက်ပါ။ တစ်နေ့မှာတော့ ရုတ်တရက် ထီပေါက်ပြီး ဝမ် ၁.၃ ဘီလီယံ ရရှိသွားပါတယ်။ ဒါပေမယ့် ထီပေါက်ထားတဲ့ငွေက ဆိုးလ်မှာ ကိုယ်ပိုင်အိမ်တစ်လုံးဝယ်ဖို့တောင် မလွယ်ကူတဲ့အခါမှာ Eun Tae က အရင်လို သာမန်ဘဝမှာပဲနေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အရင်က အလုပ်နဲ့ ငွေအတွက်ပဲ ရုန်းကန်နေခဲ့တဲ့ Eun-Tae တစ်ယောက် အခုတော့ ငွေကြေးကြောင့် စိတ်မညစ်ရတော့တဲ့အခါမှာ သူရဲ့အလုပ်နဲ့လူ​တွေအပေါ်ထားတဲ့အမြင်ပြောင်းလဲသွားတဲ့ပုံကို ဟာသ​နှောပြီး ကြည့်ရှု့ရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်
❤7
"A Love Other Than Yours"

Channel Link
https://t.me/+bJtOs1LUDbxkYmQ1

ရာထူးတိုးဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဘယ်သူနဲ့ပဲဖြစ်ဖြစ် စကားခဏပြောလိုက်ရုံနဲ့ ခင်မင်သွားအောင် စွမ်းဆောင်နိုင်တဲ့ Namgung Ho ဟာ ဒုက္ခရှာတတ်တဲ့ မိခင်ဖြစ်သူကြောင့် ငယ်စဉ်တည်းက စိတ်ဒဏ်ရာများစွာရခဲ့တဲ့သူပါ။ ဒုက္ခတွေရောက်တိုင်း အနားမှာ အမြဲတမ်းအဖော်ပြုပေးတတ်တဲ့ ချစ်သူ Lee Mi-Do ဟာလည်း အလားအလာရှိတဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်ပေမယ့် ကံအကြောင်းမလှဘဲ ဘဝက အောက်ဆုံးရောက်နေသူပါ။ဒီလိုနဲ့ ၁၀ နှစ်ကျော်ကြာ ဆက်ဆံရေးကနေ မင်္ဂလာပွဲဆိုတဲ့ လမ်းဆုံလမ်းခွ ရောက်ရှိလာချိန်မှာတော့ မထင်မှတ်ဘဲ အပြင်လူသစ်တွေ ရောက်ရှိလာပါတော့တယ်။ ဒီအချိန် တစ်ခါမှမခံစားဖူးတဲ့ ခံစားချက်အသစ်တွေကြောင့် ချစ်သူနှစ်ယောက်ရဲ့ ၁၀ နှစ်ကျော်ကြာ ဆက်ဆံရေးမှာ ဘယ်လိုရိုက်ခတ်မှုတွေနဲ့ ဂယက်တွေထကြမလဲဆိုတာ အပြင်လက်တွေ့ဘဝနဲ့ အနီးစပ်ဆုံး သဘာဝကျကျ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။နှစ်ရှည်လများ အတူတူ ဖြတ်သန်းခဲ့ရတဲ့ သံယောဇဉ်၊ သစ္စာတရားတွေနဲ့ပဲ ရှေ့ဆက်ရမလား... ဒါမှမဟုတ် ရုတ်တရက် ဝင်ရောက်လာတဲ့ ရင်ခုန်သံအသစ်တွေကိုပဲ သစ္စာဖောက်လိုက်ရမလားဆိုတာ...။ ရင်ခုန်စရာ မရှိတော့တဲ့ အကျင့်ပါနေတဲ့ ချစ်ခြင်းနဲ့၊ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အချစ်သစ်ကြားမှာ သူတို့နှစ်ဦး ဘယ်လိုရွေးချယ်မှုတွေကို ပြုလုပ်သွားကြမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် Romance Drama တစ်ခုပဲ ဖြစ်ပါတယ်။
❤10
The Scandal အပိုင်း (၁)

Channel Link
https://t.me/+o9K1EhWHMr1jMWE1

ဂျိုဆွန်ခေတ်ရဲ့ တင်းကျပ်တဲ့ လူမှုစည်းမျဉ်းတွေကြားမှာ ကိုယ့်ဘဝကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်မရှိတဲ့ Lady Cho ဟာ အန္တရာယ်များတဲ့ အချစ်ဂိမ်းတစ်ခုကို စတင်လိုက်ပါတယ်။

အချစ်ရေးမှာ နာမည်ကြီးတဲ့ Cho Won ကို မုဆိုးမ Hui Yeon ကို ချစ်မိအောင် သွေးဆောင်နိုင်မလားဆိုပြီး စိန်ခေါ်လိုက်တာပါ။

ဒါပေမယ့် ခင်ပွန်းအပေါ် သစ္စာစောင့်သိဖို ကတိပြုထားတဲ့ Hui Yeon ဟာ အလွယ်တကူ အရှုးပေးမယ့်သူမဟုတ်ပါဘူး။ Cho Won ရဲ့ သွေးဆောင်မှုတွေကို ခုခံရင်း၊ သူမကိုယ်တိုင်တောင် မသိခဲ့တဲ့ ခံစားချက်တွေက တဖြည်းဖြည်း ပေါ်ပေါက်လာပါတော့တယ်။

အစက အပျော်သဘောနဲ့ စခဲ့တဲ့ ဒီဂိမ်းမှာ… Cho Won က Hui Yeon ရဲ့နှလုံးသားကို အနိုင်ယူမလား၊ ဒါမှမဟုတ် သူကိုယ်တိုင် မလွတ်မြောက်နိုင်တော့တဲ့ အချစ်နွံထဲ ကျဆုံးသွားမလား။

အထူးသဖြင့်… ဒီဂိမ်းမှာ အစကတည်းက အမှန်တရားကို ဖုံးကွယ်ထားခဲ့သူက ဘယ်သူလဲ ဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
❤4🥰1
Dive into You

Channel Link
https://t.me/+ufidGdx3Rp04N2E1

အာရှတစ်ဝှမ်းမှာ နာမည်ကြီးတဲ့ မင်းသမီး Yun Ha Na ဟာ မတော်တဆမှုတစ်ခုကြောင့် အမွှာမောင် Yun Ha Ru နဲ့ ဝိညာဉ်ချင်းလဲပြီး အတိတ်ကို ပြန်ရောက်သွားခဲ့ပါတယ်။ အတိတ်မှာတုန်းက သူ့ရဲ့အချစ်ဦး Jung U Jae က သူ့ကို ကာကွယ်ရင်း အသက်ဆုံးရှုးခဲ့ဖူးတာကို သိရှိပြီးနောက် ဒီတစ်ကြိမ်မှာတော့ သူ့ကို မဖြစ်မနေ ကယ်တင်ဖို ဆုံးဖြတ်လိုက်ပါတယ်။

Ha Ru ကလည်း သူ့အစ်မရဲ့ ခန္ဓာကိုယ်ထဲမှာ နိုးထလာပြီး ထူးခြားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒါ့အပြင် Ha Na ရဲ့ အေဂျင်စီက စီအီးအိုဖြစ်သလို Ha Ru ရဲ့ ချစ်သူလည်းဖြစ်တဲ့ Son Ye Rang ပါ သူတိုနှစ်ယောက်ရဲ့ ကံကြမ္မာထဲ ဝင်ရောက်လာတဲ့အခါ အချစ်နဲ့ ကံကြမ္မာကြားက ဆက်နွယ်မှုတွေက ပိုပြီး ရှုပ်ထွေးလာပါတော့တယ်။
❤2
Dive into You

Channel Link
https://t.me/+ufidGdx3Rp04N2E1

အာရှတစ်ဝှမ်းမှာ နာမည်ကြီးတဲ့ မင်းသမီး Yun Ha Na ဟာ မတော်တဆမှုတစ်ခုကြောင့် အမွှာမောင် Yun Ha Ru နဲ့ ဝိညာဉ်ချင်းလဲပြီး အတိတ်ကို ပြန်ရောက်သွားခဲ့ပါတယ်။ အတိတ်မှာတုန်းက သူ့ရဲ့အချစ်ဦး Jung U Jae က သူ့ကို ကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ဖူးတာကို သိရှိပြီးနောက် ဒီတစ်ကြိမ်မှာတော့ သူ့ကို မဖြစ်မနေ ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Ha Ru ကလည်း သူ့အစ်မရဲ့ ခန္ဓာကိုယ်ထဲမှာ နိုးထလာပြီး ထူးခြားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒါ့အပြင် Ha Na ရဲ့ အေဂျင်စီက စီအီးအိုဖြစ်သလို Ha Ru ရဲ့ ချစ်သူလည်းဖြစ်တဲ့ Son Ye Rang ပါ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာထဲ ဝင်ရောက်လာတဲ့အခါ အချစ်နဲ့ ကံကြမ္မာကြားက ဆက်နွယ်မှုတွေက ပိုပြီး ရှုပ်ထွေးလာပါတော့တယ်။
❤4
Mission: Mompossible

Channel Link
https://t.me/+H4ZFEQcqHi00MmM1

မိသားစုနှစ်ခုရဲ့ ကွဲပြားခြားနားတဲ့ အမေတွေနဲ့အတူ စတင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်။

တစ်ဖက်မှာ သေမင်းကို ရင်ဆိုင်နေရပေမယ့် ကိုယ်မရှိတော့တဲ့နောက် သားသမီးတွေ ဘေးကင်းဖို့အတွက် အစွမ်းကုန်ကြိုးစားနေတဲ့အမေတစ်ယောက်ရှိသလို၊ တစ်ဖက်မှာတော့ ကိုယ့်ရဲ့အလိုဆန္ဒနဲ့ လောဘနောက်ကိုသာ လိုက်ရင်း ကိုယ်တိုင်မွေးခဲ့တဲ့ သမီးကိုတောင် စွန့်ပစ်ထားခဲ့တဲ့ “အမေ” တစ်ယောက်ရှိနေပါတယ်။

အမေတစ်ယောက်ရဲ့ “ရူးသွပ်ခြင်း” က မေတ္တာကြောင့်ဖြစ်ပြီး၊ နောက်တစ်ယောက်ရဲ့ “ရူးသွပ်ခြင်း” ကတော့ ကိုယ့်အတွက်သာ ဖြစ်နေတဲ့အခါ…
ဒီလိုဆန့်ကျင်ဘက်မိသားစုနှစ်ခုက သား၊ သမီးတွေရဲ့ဘဝတွေ ရောယှက်လာတဲ့အခါ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် မိသားစု Drama ဇာတ်လမ်းလေးဖြစ်ပါတယ်။
❤4🥰1😍1
Your Personal Taxi

Channel Link
https://t.me/+_aDxIJShOj9hYTFl

တစ်ခါတလေမှာ လူတစ်ယောက်အတွက် ကိုယ့်စကားကို အမှန်တကယ်နားထောင်ပေးမယ့်သူတစ်ယောက်လိုအပ်ကြတယ်မဟုတ်ပါလား… တစ်ခါတလေမှာတော့ ကိုယ်ပြောချင်တဲ့အရာတွေကို ကိုယ့်အစား ပြောပြပေးနိုင်တဲ့ သီချင်းတစ်ပုဒ်တစ်လေကိုလည်း နားထောင်မိတတ်ကြတယ်လေ…
အဲဒီလိုခံစားချက်တွေနဲ့ကိုက်ညီတဲ့ သီချင်းတွေကို အမှတ်တရတွေအဖြစ် ပြန်လည်ဖော်ပြပေးပြီး ဒီအမှတ်တရတွေကို နားထောင်ပေးမယ့် Your Personal Taxi မှ ကြိုဆိုလိုက်ပါတယ်….
ဒါကတော့ သာမန်တက္ကစီကားတစ်စီးနဲ့ မတူတဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ ခေတ်ဟောင်းကားလေးတစ်စီး ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အငွေ့အသက်တစ်မျိုးရှိသလို၊ အဲဒီကားထဲကို ဝင်လာတဲ့ ခရီးသည်တိုင်းမှာလည်း ကိုယ်စီကိုယ်စီရဲ့ ထူးခြားတဲ့ခံစားချက်တွေကိုသိမ်းဆည်းထားတဲ့ ဇာတ်လမ်းတွေ ရှိနေတာမို့ လိုက်ပါ ခံစားကြည့်လိုက်ပါဦး…
❤2
Between Steps

Channel Link
https://t.me/+OVOqhBJmC-cyMGZl

Park Min Jae ဟာ အထက်တန်းကျောင်းတုန်းက ရေကူးအားကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမယ့် ရောဂါတစ်ခုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုးခဲ့ရပါတယ်။ လက်ရှိမှာတော့ စက်ရုပ်နည်းပညာဆိုင်ရာ ပါရဂူဘွဲသင်တန်းသား တစ်ယောက်အနေနဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်နေထိုင်နေပေမယ့် သူ့မှာ ရိုးရှင်းတဲ့ဆန္ဒတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အချစ်စစ်နဲ့ ဆုံတွေ့ဖိုပါ။
Im Yu Jin ဟာ ဖက်ရှင်အထူးပြုဘာသာရပ်ကို စွန့်လွှတ်ခဲ့ပြီး သဲသဲကွဲကွဲမရှိတဲ့ လမ်းကြောင်းပေါ်မှာ လွင့်မျှောနေစဉ် Park Min Jae က သူမကို စက်ရုပ်နည်းပညာကမ္ဘာနဲ့ အိမ်မက်သစ်တစ်ခုဆီ မျက်စိပွင့်သွားအောင် လမ်းပြပေးခဲ့ပါတယ်။ ပထမဆုံးတွေ့ဆုံမှုမှာတင် စတင်ခဲ့တဲ့ လျှပ်စစ်ဓာတ်စီးကြောင်းလေးက တိတ်ဆိတ်နေတဲ့ ဓာတ်ခွဲခန်းကို လှုပ်ခတ်သွားစေခဲ့ပြီး Yu Jin ရဲ့ ရဲရင့်တဲ့ ချဉ်းကပ်မှုတွေက Min Jae ရဲ့ ပိတ်လှောင်ထားတဲ့ နှလုံးသားတံခါးကို ဖွင့်ပေးနိုင်ခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတိုနှစ်ယောက်ဟာ ပိုမိုနီးစပ်လာကြပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်လာခဲ့ပါတယ်။
❤12🥰2🔥1🤩1
Merry Berry Love အပိုင်း (၁)

Channel Link
https://t.me/+YazjnjVZsms2YjM1

တောင်ကိုရီးယားမှာ Spatial Designer အဖြစ် အကြီးအကျယ် ကျရှုးမှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက်၊ Lee Yu Bin တစ်ယောက် ဘဝကို အသစ်ကပြန်စဖိုအတွက် ဂျပန်နိုင်ငံရဲ့ အေးချမ်းဆိတ်ငြိမ်တဲ့ ကျွန်းငယ်လေးတစ်ခုဆီ ထွက်ခွာလာခဲ့ပါတယ်

အဲဒီကျွန်းလေးမှာပဲ သူဟာ ဆန်းကြယ်တဲ့ ရောဂါဝေဒနာကို ရင်ဆိုင်နေရပေမယ့် အပြုံးမပျက်ဘဲ စတော်ဘယ်ရီစိုက်ပျိုးရင်း ရှင်သန်နေတဲ့ Shirahama Karin ဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်

မတူညီတဲ့ နိုင်ငံ၊ ကွဲပြားခြားနားတဲ့ ဘဝနောက်ခံတွေနဲ့ စတင်ကြတဲ့ သူတိုနှစ်ယောက်ရဲ့ မထင်မှတ်ထားတဲ့ ဆုံစည်းမှုဟာ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဒဏ်ရာတွေကို ကုစားပေးရင်း၊ နှစ်ဦးစလုံးရဲ့ ဘဝကို ထာဝရပြောင်းလဲသွားစေမယ့်အချစ်ဇာတ်လမ်းလေးဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်ပါနော်
❤4
Kidnap Game

⭐️ Channel Link
https://t.me/+KOi4kHKhhn1jNjRl

တိုကျို၊ ဆိုးလ်၊ တိုင်ပေ၊ စင်ကာပူ၊ ဘန်ကောက်၊ မနီလာနဲ့ နာဟာ စတဲ့ အာရှမြို့ကြီး ၇ မြို့မှာ မထင်မှတ်ဘဲ ပြိုင်တူ ဖြစ်ပွားသွားတဲ့ ပြန်ပေးဆွဲမှုလှိုင်းလုံးကြီးတစ်ခုက ကမ္ဘာကြီးကို လှုပ်ခတ်သွားစေခဲ့ပါတယ်။

ဒီဖြစ်ရပ်ဆိုးကြီးထဲမှာ မတူညီတဲ့ လူမှုပတ်ဝန်းကျင်၊ နိုင်ငံသားနဲ့ ဘာသာတရားတွေ နောက်ခံရှိကြတဲ့လူ ၇ ယောက်ရဲ့ မိသားစုဝင်တွေ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။
အဲဒီနောက်မှာတော့ သူတို့အားလုံးဆီကို "မင်းရဲ့ ချစ်ရသူကို ကယ်ဖို့ ဘယ်လောက်အထိ လုပ်နိုင်မလဲ?" ဆိုတဲ့ အီးမေးလ်တစ်စောင် ရောက်ရှိလာပြီး သေတွင်းထဲက Survival Game ကြီး စတင်ပါတော့တယ်။

ကစားသမားတစ်ယောက်ချင်းစီမှာ မတူညီတဲ့ စည်းကမ်းချက်တွေ၊ မစ်ရှင်တွေ ရှိနေပြီး အခြားသူတွေထက် အရင်ဆုံး မစ်ရှင်အောင်မြင်အောင် လုပ်ဆောင်ရမှာပါ။ ဒါပေမဲ့ ရင်နာစရာကောင်းတာက သားကောင်တွေထဲက တစ်ဦးတည်းသာ အသက်ရှင်ခွင့်ရမှာ ဖြစ်လို့ ကစားသမား ၇ ယောက်ကြားထဲမှာ သစ္စာဖောက်မှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ ရက်စက်မှုတွေ ပြည့်နှက်နေတော့မှာပါ။

ဇာတ်လမ်းထဲမှာ ဇနီးဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရတဲ့ ဂျပန်စုံထောက် ဖြစ်သူနေရာက Kentaro Sakaguchi နဲ့ သမီးဖြစ်သူကို ကယ်တင်ချင်တဲ့ ကမ္ဘာ့အဆင့်မီ ငြိမ်းစား ဆိုးလ်ခွဲစိတ်ဆရာဝန်ကြီးနေရာက Lee Joon-gi အပြင်ကို သရုပ်ဆောင်အရမ်းကောင်းလို့ နာမည်ကြီးတဲ့ ဖစ်လပိုင်မင်းသား Joel Torre တို့လည်း ပါ၀င်တာကြောင့် survival thrillerကြိုက်တဲ့လူတွေ Squid game, alice in borderland ကြိုက်တဲ့လူတွေကတော့ အပတ်စဥ် အင်္ဂါနေ့တိုင်းစောင့်ကြည့်ပေးပါဦးနော်။
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1😍1
❤️ Take Charge of My Heart

💫 Channel Link
https://t.me/+4cTIbyxe6BNjOGI1

Baek Ho Rang ဟာ နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုရဲ့ အပန်းဖြေစခန်းလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတဲ့ တတိယမြောက်မျိုးဆက် သူဌေးသား တစ်ယောက်ပါ။ စီးပွားရေးအမြင် ထက်မြက်ပြီး ဗျူဟာကျကျ စီမံခန့်ခွဲနိုင်သူဖြစ်တာကြောင့် လုပ်ငန်းစုကြီးတစ်ခုလုံးရဲ့ ဥက္ကဋ္ဌနေရာကို ဆက်ခံဖို အလားအလာအရှိဆုံးသူ ဖြစ်နေပေမယ့် ပြည့်စုံမှုတွေနောက်ကွယ်မှာ ဖွင့်မပြောနိုင်တဲ့ လျှိဝှက်အားနည်းချက်တစ်ခု ရှိနေခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ ရင်ဘတ်ထဲမှာ နှလုံးတုတစ်ခု ခုန်လှုပ်နေရတာပါပဲ။ စီးပွားရေးလုပ်ငန်းစုတွင်း အာဏာလုပွဲတွေ ပြင်းထန်နေချိန်မှာပဲ သူ့နှလုံးတုရဲ့ ဘက်ထရီအားကလည်း တဖြည်းဖြည်း ကုန်ခမ်းလာနေချိန် သူ့နှလုံးတုကို ပြန်လည်အားသွင်းပေးနိုင်တဲ့ အံ့ဖွယ်စွမ်းအားရှင် Na Bo Bae နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ပြီး စာချုပ်တစ်ခုကို ကမ်းလှမ်းလိုက်ပါတော့တယ်။

Na Bo Bae ကတော့ စာချုပ်သက်တမ်းမကုန်ခင် အချစ်ဇာတ်ညွှန်းတစ်ခု အပြီးသတ်ရေးသားရမယ့် ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ပါ။ ငယ်စဉ်က မိုးကြိုးပစ်ခံခဲ့ရဖူးတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ လျှပ်စစ်ဓာတ်စီးကြောင်းတွေ အမြဲလည်ပတ်နေပြီး ချစ်ရတဲ့သူနဲ့ လက်တွဲဖိုတောင် မဖြစ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ ထိတွေ့မိတဲ့အခါ လျှပ်စစ်ဓာတ်လိုက်ခြင်းမရှိတဲ့ တစ်ဦးတည်းသောသူဖြစ်တဲ့ Baek Ho Rang နဲ့ ဆုံတွေ့လိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ အချစ်ရေးကို အသစ်တစ်ဖန် ပြန်လည်အသက်သွင်းဖို အခွင့်အရေး ရရှိလာတဲ့အကြောင်းကို ကြည့်ရှုရမယ့် ရင်ခုန်ဖွယ် romantic-comedy ဇာတ်လမ်းတွဲဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
❤14🔥1🥰1
Doctor X : Mafia in White

Channel Link
https://t.me/+Kb0qWrxNY5ZhNDll

ပါရမီရှင်ခွဲစိတ်ဆရာဝန် Gye Su Jeong (Kim Ji-won) ဟာ Guseo University Hospital ကို ရောက်ရှိလာပြီး သူမရဲ့ ထူးချွန်တဲ့ ခွဲစိတ်စွမ်းရည်နဲ့ ဆေးရုံတွင်းက အာဏာ၊ ငွေကြေးနဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကို ရင်ဆိုင်ရပါတော့တယ်။

ဆေးရုံအတွင်းမှာ လူနာတွေရဲ့အသက်ထက် ရာထူး၊ အာဏာနဲ့ ငွေကြေးကို ပိုအရေးပေးနေကြတဲ့ အကျင့်ပျက်စနစ်တွေ ရှိနေပြီး Su Jeong ဟာ ဒီလို အဖြူရောင်ဝတ်ရုံခြုံထားတဲ့ မာဖီးယားဆန်ဆန် ဆေးရုံအသိုင်းအဝိုင်းရဲ့ အမှောင်ဘက်ခြမ်းကို ရင်ဆိုင်ရင်း မတရားမှုတွေကို တစ်ခုပြီးတစ်ခု ဖော်ထုတ်သွားမှာပါ။

ခွဲစိတ်ဓားနဲ့ လူနာတွေရဲ့အသက်ကို ကယ်တင်ရင်း ဆေးလောကရဲ့ ပျက်စီးနေတဲ့ အာဏာစနစ်ကိုပါ ထိုးဖောက်ဖော်ထုတ်မယ့် Medical Thriller ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့အပြင်...
Queen of Tears နဲ့ ပရိသတ်တွေရဲ့ အသည်းထဲနေရာယူခဲ့တဲ့ Kim Ji-won ကို အရင်ကမြင်တွေ့နေကျ ဇာတ်ရုပ်တွေနဲ့ လုံးဝကွဲထွက်တဲ့ အေးစက်ပြီးအထာကျတဲ့ ဆရာဝန်အဖြစ် ပြန်လည်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
❤7🤩1😍1
100 Days of Deception အပိုင်း (၁)

Channel Link
https://t.me/+AITbdFZtZH5jOGNl

၁၉၃၀ခုနှစ် ဂျပန်ကိုလိုနီလက်အောက်ခံ Gyeongseong မြိုတော်မှာ အမေရိကန်သွားဖို ပိုက်ဆံစုနေတဲ့ ပါရမီရှင်ခါးပိုက်နှိက်မလေး Lee Ga-gyeong တစ်ယောက် တစ်နေ့မှာတော့ ဂျပန်တော်လှန်ရေးအဖွဲ Gugukdanရဲ့ စနိုက်ပါ Yoo So-ran ဆီကနေ မငြင်းပယ်နိုင်တဲ့ ကမ်းလှမ်းချက်တစ်ခု ရရှိခဲ့ပါတယ် အဲဒါကတော့ ဂျပန်ဘုရင်ခံချုပ်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် Shinichi Sato ကို လုပ်ကြံဖိုအတွက် ဘာသာပြန်သင်တန်းသူအဖြစ် ရုံးမှာ ရက်ပေါင်း ၁၀၀ ကြာ သူလျှိဝင်လုပ်ပေးဖိုပါပဲ ဒါပေမယ့် ဘုရင်ခံချုပ်ရုံးထဲ ရောက်သွားတဲ့အခါမှာတော့ Shinichi Sato ရဲ့ မွေးစားသားလည်းဖြစ်၊ အင်္ဂလိပ်-ဂျပန်-ကိုရီးယား ဘာသာစကားသုံးမျိုး ကျွမ်းကျင်တဲ့ ထိပ်တန်း ဘာသာပြန်အရာရှိ Kim Tae-woong နဲ့ စတင်တွေ့ဆုံရပါတော့တယ် ရန်သူ့နယ်မြေထဲမှာ ရက်ပေါင်း ၁၀၀အတွင်း လျှိဝှက်တာဝန်တွေနဲ့ ကိုယ်ပိုင်ခံစားချက်တွေကြား ဖြစ်ပေါ်လာမယ့် ရင်ခုန်သံနဲ့ အန္တရာယ်ရှိတဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးဆက်ဖြစ်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
❤7
Make Me Tingle

💫Channel Link
https://t.me/+d2DXE7tCIkg5NmY9

ရှေးရိုးစွဲ ကြော်ငြာမန်နေဂျာမလေးနဲ့ လူကြီးသုံးပစ္စည်း Startup CEO တိုရဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ကြမဲ့ ရင်ခုန်စရာ ဇာတ်လမ်း

အိမ်ထောင်မပြုခင် ချစ်ကြိုက်တဲ့အဆင့်မှာတောင် စည်းစနစ်ကြီးလွန်းပြီး ပကာသနကင်းတဲ့ ရှေးရိုးစွဲ ကြော်ငြာအေဂျင်စီဝန်ထမ်း Gong Yeon-su。
တစ်ဖက်မှာလည်း "အချစ်ဆိုတာ ဘာစည်းမျဉ်းမှမရှိဘူး" လို ခံယူထားပြီး လူကြီးသုံး လျှိဝှက်ကစားစရာတွေထုတ်လုပ်တဲ့ Adult Novelty Startup ကုမ္ပဏီရဲ့ လွတ်လပ်ပွင့်လင်းလွန်းတဲ့ CEO Dokgo Dal。
အတွေးအခေါ်၊ လူနေမှုပုံစံနဲ့ အချစ်အမြင်ချင်း ကောင်းကင်နဲ့မြေကြီးလို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတိုနှစ်ဦးဟာ Yeon-su တို ကြော်ငြာအေဂျင်စီရဲ့ အဓိက Project ကြောင့် မလွှမရှောင်သာ အတူတွဲလုပ်ကြရပါတော့တယ်။
သူမအတွက်တော့ ရင်ဆိုင်ရခက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ အလုပ်ခွင်ပတ်ဝန်းကျင် ဖြစ်နေပေမယ့်... နေ့စဉ်တွေ့ဆုံမှုတွေ၊ အလွဲအချော်တွေနဲ့ အလုပ်ကိစ္စဆွေးနွေးရာကနေ ထွက်ပေါ်လာတဲ့ ရိုမန်တစ်ဆန်ဆန် စိတ်လှုပ်ရှားစရာ Chemistry တွေက သူတိုနှစ်ဦးကြားက အချစ်စည်းဝိုင်းကို ဘယ်လိုပြောင်းလဲသွားစေမလဲ။
ရှေးရိုးစွဲမိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားတံခါးကို ခေတ်မီပြီးဆွဲဆောင်မှုရှိတဲ့ CEO က ဘယ်လိုနည်းလမ်းတွေနဲ့ ဖွင့်လှစ်မလဲဆိုတာကို အပိုင်း ၁၀ ပိုင်းအတွင်း ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
❤7