Fun Fun 🍀 (Link Channel)
36.1K subscribers
403 photos
56 videos
438 links
Download Telegram
The East Palace

Channel Link
https://t.me/+2PNxzbrmaH4wMGU1

လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ကြောက်မက်ဖွယ်ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ တိုင်းပြည်တစ်ခုမှာ ဘုရင်က သရဲနှိမ်နင်းသူ Gu Cheon နဲ့ သေဆုံးသူတွေရဲ့အသံကို ကြားနိုင်ပြီး သူတိုနဲ့ ဆက်သွယ်နိုင်တဲ့ ကျိန်စာသင့် နန်းတွင်းအမှုထမ်း Saeng Gang ကို လျှို့ဝှက်တာဝန်တစ်ခုအတွက် ခေါ်ယူလိုက်ပါတယ်။
အရှေ့နန်းတော်မှာ နေထိုင်တဲ့ အိမ်ရှေ့မင်းသားကို ခြောက်လှန့်နေတဲ့ မကောင်းဆိုးဝါးရဲ့ နောက်ကွယ်ကို စုံစမ်းရင်း နန်းတော်ရဲ့ လျှိဝှက်ချက်တွေ၊ မကျွတ်လွတ်သေးတဲ့ ဝိညာဉ်တွေ၊ နန်းတွင်းအာဏာလုမှုတွေနဲ့ မထင်မှတ်ထားတဲ့ အမှောင်အင်အားကြီးတစ်ခုကိုရင်ဆိုင်ရပါတော့တယ်။ နန်းတော်အတွင်းက လျှို့ဝှက်ချက်တွေကို သူတိုနှစ်ဦး ဖော်ထုတ်နိုင်ပါ့မလား။ ဒါမှမဟုတ် မမြင်နိုင်တဲ့ အန္တရာယ်ကြီးရဲ့ သားကောင်တွေ ဖြစ်သွားကြမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ရမှာပါ။
❤11👍2
Spooky in Love အပိုင်း (၁)

Channel Link
https://t.me/+xBMgqMjmqBU5YzQ1

ကိုရီးယားရဲ့ ထိပ်တန်းဇိမ်ခံဟိုတယ် CEO Cheon Yeo-ri ဟာ ပြီးပြည့်စုံတဲ့ ဂုဏ်ဒြပ်နောက်ကွယ်မှာ "သရဲမြင်ရတဲ့" လျှိဝှက်ချက်ရှိနေပြီး ညတိုင်း ဝိညာဉ်တွေရဲ့ ခြောက်လှန့်ခြင်းကို ခံနေရသူပါ။ တစ်ဖက်မှာလည်း တရားမျှတမှုကို မြတ်နိုးတဲ့ ထိပ်တန်းအစိုးရရှေ့နေ Ma Gang-uk ဟာ မဖြေရှင်းရသေးတဲ့ လူသတ်မှုတွေကို စုံစမ်းရင်း ကံကြမ္မာရဲ့ တိုက်ဆိုင်မှုတစ်ခုကြောင့် ဒီနှစ်ယောက် ဆုံစည်းမိတဲ့အခါ... ညတိုင်း သရဲခြောက်ခံနေရတဲ့ သူဌေးသမီးလေးရဲ့ ပဟေဠိတွေနဲ့ ရှေ့နေလေးရဲ့ မဖြေရှင်းရသေးတဲ့ လူသတ်မှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ သူတိုနှစ်ယောက်ဟာ မတရားသေဆုံးခဲ့ရတဲ့ ဝိညာဉ်တွေအတွက် တရားမျှတမှု ရှာဖွေပေးဖိုနဲ့ လူ့လောကက လူသတ်သမားတွေကို ဖော်ထုတ်ဖို "ဖရိုဖရဲ တွဲဖက်ညီညီ" စုံစမ်းရေးအဖွဲအဖြစ် ပူးပေါင်းမိကြတဲ့အခါမှာတော့... ဘာဆက်ဖြစ်မလဲကြည့်လိုက်ရအောင်ပါနော်
❤9
A Shop For Killers Season 2

Channel Link
https://t.me/+0AwNqqWTUK83MzM1

The Shop for Killers Season 2 လေး လာပါပြီ... ယခု Season တွင်တော့ Jeong Ji-an သည် လျှိဝှက်လူသတ်သမားများအတွက် လက်နက်အရောင်းဆိုင်တွင် တရားဝင်ဦးဆောင်သူဖြစ်လာခဲ့ပါတယ်။ သူမဟာ သေရွာကပြန်လာသော သူမရဲ့ဦးလေး Jeong JIn-man နဲ့လက်တွဲပြီး ပြိုင်ဘက် Babylon အဖွဲအစည်းကို တန်ပြန်တိုက်ခိုက်နိုင်ဖိုအတွက် ပူးပေါင်းလှုပ်ရှားကြပုံတွေကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။
❤12🥰1😍1
My Idol, My Debut

🌸 Channel Link
https://t.me/+XBXJmGX-IXRhMjM1

My Idol, My Debut ဆိုတဲ့ ဒရာမာလေးကတော့ Stage ပေါ်က အလင်းရောင်တွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ခက်ခက်ခဲခဲ ကြိုးစားရလဲဆိုတာကို နွေးနွေးထွေးထွေးနဲ့ ရိုက်ပြထားတဲ့ youth drama လေးတစ်ခုဖြစ်ပါတယ်။
Debut အတွက် အိပ်မက်နောက်ကို လိုက်ရင်း friendship, rivalry, family, love နဲ့ sacrifice တွေကိုပါ တစ်ပြိုင်နက်တည်း ကြည့်ရှူရမှာဖြစ်တဲ့အပြင် ဇာတ်ကားရဲ့ ost တွေကအစ moment တွေကို ပိုပြီးအသက်ဝင်စေပြီး emotional ဖြစ်စေမှာဖြစ်လို youth drama လေးတွေ ကြိုက်တဲ့သူဆိုရင် လက်မလွှတ်သင့်ပါဘူးနော်…
Please open Telegram to view this post
VIEW IN TELEGRAM
❤8❤‍🔥1🔥1🤩1🍓1
Love On the Menu အပိုင်း (၁)

Channel Link
https://t.me/+ZkrWVSbxx600Nzc1

အစားအစာတစ်ပွဲက လူတစ်ယောက်ရဲ့ ဗိုက်ကိုသာမက နှလုံးသားကိုပါ နွေးထွေးစေနိုင်တယ်ဆိုတာကို ပြသထားတဲ့ healing romance drama လေးပါ။
ဇာတ်လမ်းက Kim Moo Jin (Ha Seok Jin) နဲ့ Han Gyu Rim (Ahn Hee Yeon) ဆိုတဲ့ ချစ်သူနှစ်ယောက်ကို အခြေခံထားပါတယ်။ မထင်မှတ်တဲ့ အကြောင်းအရာတစ်ခုကြောင့် လမ်းခွဲခဲ့ကြပြီး ၈ နှစ်အကြာမှာတော့ အီတလီစားသောက်ဆိုင်ဖွင့်ထားတဲ့ chef ဖြစ်လာတဲ့ Moo Jin နဲ့ အရံဟင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ Gyu Rim တို့ ပြန်ဆုံကြပါတယ်။ မပြီးဆုံးသေးတဲ့ ချစ်ခြင်းမေတ္တာ၊ မိသားစုရဲ့ ဒဏ်ရာတွေနဲ့ နားလည်မှုတွေကို အစားအစာတွေနဲ့အတူ နွေးနွေးထွေးထွေး ဖော်ပြထားတဲ့ drama လေးမို့ sat sun တိုင်း စောင့်ကြည့်လိုက်ရအောင်နော်…
❤5🥰4🤩1😍1
The Affair Was Just the Beginning အပိုင်း (၁)

Channel Link
https://t.me/+amK05P2CNtk5Y2Y1

အောင်မြင်မှုကို အမြဲလိုချင်နေတဲ့  Kyung Hee က နာမည်ကြီး Influencer တစ်ယောက်ဖြစ်သလို Interior Design ကုမ္ပဏီရဲ့ CEO တစ်ယောက်လည်း ဖြစ်ပါတယ် ခင်ပွန်းဖြစ်  သူJae-Hongကတော့ မင်းသားတစ်ယောက် ဖြစ်ပေမယ့် အောင်မြင်လွန်းတဲ့ ဇနီးဖြစ်သူရဲ့ အရိပ်အောက်မှာပဲ မှေးမှိန်နေရသူပါ
အခြားတစ်ဖက်မှာတော့ အိမ်နီးချင်းဖြစ်သူအရေပြားဆရာဝန် Su-Jeongက သမီးဖြစ်သူရဲ့ အုပ်ထိန်းခွင့်အတွက် ခင်ပွန်းဟောင်း Bo-Seongနဲ့ အကြီးအကျယ် တရားရင်ဆိုင်နေရပါတယ်
ဒီလိုကွဲပြားတဲ့ အိမ်ထောင်သည် စုံတွဲနှစ်တွဲက မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုကြောင့် ငြိတွယ်သွားခဲ့ကြပါတယ် အိမ်ထောင်ရေး ဖောက်ပြန်မှုကိုတောင်သေးငယ်သွားစေလောက်အောင်အထိ ထိတ်လန့်စရာကောင်းတဲ့ ဒီလျှို့ဝှက်ချက်ကြီး နောက်ကွယ်မှာ ဘာတွေ ဆက်လက်ဖြစ်ပျက်လာမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်
❤5
A Bona Ride Killer အပိုင်း (၁)

Channel Link
https://t.me/+PJzG79ZNJJ9hNmY1

Yoo Bo Na ကသာမန်အိမ်ရှင်မတစ်ဦး ဖြစ်တဲ့အပြင် တရားဥပဒေပြင်ပမှ ရာဇဝတ်ကောင်များကို ရှင်းလင်းရသည့် "Kingfisher" လို့လူသိများတဲ့ နာမည်ကြီးစနိုက်ပါလူသတ်သမားတစ်ဦးလည်းဖြစ်ပါတယ်။ Yoo Bo Na က၃နှစ်ကြာမီးဖွားခွင့်ယူပြီးနောက် လုပ်ငန်းခွင်သို့ပြန်ဝင်ရတဲ့အချိန် ခင်ပွန်းဖြစ်သူ စုံစမ်းထောက်လှမ်းရေးသတင်းထောက် Kwon Tae Sung က "Kingfisher" အကြောင်းစုံစမ်းရန် တာဝန်ပေးခံရတဲ့အခါ လင်မယားကြားလျှို့ဝှက်ချက်များဖြင့် စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။
❤6
Love On the Menu အပိုင်း (၃)

Channel Link
https://t.me/+ZkrWVSbxx600Nzc1
❤4
Spooky in Love အပိုင်း (၆)

Channel Link
https://t.me/+xBMgqMjmqBU5YzQ1
❤2
Love On the Menu အပိုင်း (၄)

Channel Link
https://t.me/+ZkrWVSbxx600Nzc1
❤2
My Bias, My Boss အပိုင်း (၁)

Channel Link
https://t.me/+F9IbDR9GJ200OTVl

Nam Da-reum ဆိုတဲ့ ကောင်မလေးဟာ ၁၁ နှစ်လုံးလုံး ရူးရူးမူးမူး အားပေးလာခဲ့ရတဲ့ Idol သရုပ်ဆောင် Lee Chan နဲ့ဆက်နွယ်နေတဲ့ APPELLO ဆိုတဲ့ Fashion Startup ကုမ္ပဏီမှာ အလုပ်ဝင်ဖို ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ မျှော်လင့်ထားသလို ဖြစ်မလာဘဲ၊ စည်းကမ်းကြီးပြီး အလုပ်ပဲဖိလုပ်တတ်တဲ့ CEO Kang Ha-gi နဲ့ ခဏခဏ ထိပ်တိုက်ရင်ဆိုင်ရပါတယ်။ ဒါတင်မကသေးဘဲ Ha-gi နဲ့ Chan တိုကြားက ထူးဆန်းတဲ့ ပတ်သက်မှုကို အထင်လွဲသွားပြီး ရှုပ်ထွေးတဲ့ သုံးပွင့်ဆိုင်အချစ်နဲ့ မမျှော်လင့်ထားတဲ့ လျှိဝှက်ချက်တွေကို ရင်ဆိုင်သွားရမယ့် ရုံးတွင်း အချစ်ဟာသ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်နော်
❤8
Our Sticky Love

Channel Link
https://t.me/+o7FJ5Q07sCUzNDVl

Ko Eun Sae ဟာ သြဇာကြီးတဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုကို ဖော်ထုတ်ဖို ကြိုးစားရင်း မတော်တဆမှုတစ်ခုကြောင့် အတိတ်မှတ်ဉာဏ်တွေ အကုန်လုံး ပျောက်ဆုံးသွားခဲ့ပါတယ်။ နိုးလာတဲ့အခါ ကျေးလက်ရွာလေးတစ်ရွာကို ရောက်နေပြီး သူ့ရဲ့နာမည်၊ အလုပ်နဲ့ အတိတ်တွေကို ဘာမှမမှတ်မိတော့ပါဘူး။ အဲဒီမှာ သူ့ကို စောင့်ရှောက်ပေးသူကတော့ Jang Tae Ha ဆိုတဲ့ လက်ဝှေ့နည်းပြဖြစ်ပြီး သူ့ကိုယ်သူ Ko Eun Sae ရဲ့ ရည်းစားပါလို မိတ်ဆက်ခဲ့ပါတယ်

ဒါပေမယ် ဒါဟာ Jang Tae Ha ရဲ့ မုသားတစ်ခုပါ။ အတိတ်က ဒုစရိုက်ဂိုဏ်းဝင်တစ်ယောက်ဖြစ်ခဲ့ပြီး အမှောင်လောကထဲက ထွက်လာခဲ့တဲ့ Jang Tae Ha ဟာ သူ့ရဲ့ အချစ်ဦး Ko Eun Sae ရန်သူတွေလက်ကနေ လွတ်မြောက်ပြီး ဘေးကင်းဖိုအတွက် ဒီလို လိမ်ညာလိုက်တာ ဖြစ်ပါတယ်။

အတိတ်ကို မမှတ်မိတော့တဲ့ ရှေ့နေမလေးနဲ့ အမှန်တရားကို ဖုံးကွယ်ထားရတဲ့ လက်ဝှေ့နည်းပြတို ကျေးလက်ရွာလေးတစ်ရွာမှာ အတူနေထိုင်ကြရင်း လျှိဝှက်ချက်တွေ၊ ရယ်မောဖွယ်ရာ အလွဲတွေနဲ့အတူ သံယောဇဉ်တွေ တဖြည်းဖြည်း တိုးပွားလာတဲ့အခါ...
❤11😍2🥰1
Flex x Cop 2 အပိုင်း (၁)

Channel Link
https://t.me/+i-ZRI4jVbQw2ODY9

ပရိသတ်တွေ အသည်းစွဲ အားပေးခဲ့ကြတဲ့ ချမ်းသာကြွယ်ဝလွန်းတဲ့ ရဲအရာရှိလေး Jin I Su ရဲ့ Flex X Cop ဟာ အခုဆိုရင် ဒုတိယတွဲနဲ့အတူ ပိုမိုကြီးမားတဲ့ အမှုအခင်းတွေ၊ ပိုမိုခမ်းနားတဲ့ အက်ရှင်ခန်းတွေနဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ ပထမတွဲမှာတင် ပရိသတ်တွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ အန်ဘိုဟျွန်းရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေဟာ ဒီဒုတိယရာသီမှာတော့ ပိုပြီးရင့်ကျက်လာတဲ့ ပုံစံမျိုးကို မြင်တွေ့ရမှာဖြစ်ပါတယ်။မမျှော်လင့်ဘဲ ရဲအရာရှိဖြစ်လာပေမဲ့ အဖွဲ့ဖော်တွေနဲ့အတူ သံယောဇဉ်တွယ်ပြီး သူ့ရဲ့ ဝါသနာမှန်း သိသွားခဲ့တဲ့ သူဌေးသား Jin I Su တစ်ယောက် ရဲတက္ကသိုလ်မှာ တရားဝင် သင်တန်းတက်ပြီးလို့ အကြမ်းဖက်မှုဆိုင်ရာ ရာဇဝတ်မှုဌာနခွဲ အဖွဲ့ (၁) ဆီ ပြန်ရောက်လာခဲ့ပါတယ်။ဒါပေမယ့် ပြဿနာက ရဲတက္ကသိုလ်မှာတုန်းက သူ့ကို ခေါင်းခြောက်အောင် ဒုက္ခပေးခဲ့တဲ့ "မကောင်းဆိုးဝါး နည်းပြ" Ju Hye Raက အဖွဲ့ (၁) ရဲ့ အဖွဲ့ခေါင်းဆောင်သစ်အဖြစ် ရောက်လာခဲ့တာပါ။ အစတည်းကမတည့်တဲ့ သူတို့နှစ်ယောက် တစ်ဖွဲ့တည်းမှာ ပြန်ဆုံကြတဲ့အချိန် ဘယ်လိုမျိုး အလွဲတွေ၊ ဟာသတွေနဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ စိတ်လှုပ်ရှားစရာ ကြည့်ရှုရတော့မှာပါ။ ဒီဒုတိယတွဲမှာတော့ ဇာတ်လမ်းက ပျော်စရာကောင်းရုံတင်မကဘဲ ပိုပြီး နက်နဲတဲ့ လူမှုရေး ပြဿနာတွေနဲ့ နိုင်ငံရေး လောကရဲ့ အရှုပ်အထွေးတွေကိုပါ ထည့်သွင်းပြသသွားတာကို တွေ့ရမှာပါ။ဒါ့အပြင် ဒီဒုတိယတွဲမှာ ထူးခြားတာကတော့ တရားခံတွေဟာ အရင်ကထက် ပိုပြီး ပါးနပ်လာကြပြီး အီဆူးရဲ့ ငွေကြေးအင်အားကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ အဆင့်အထိ ရှိလာတာပဲ ဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ Flex X Cop Season 2 ဟာ ပထမတွဲထက် အဆပေါင်းများစွာ ပိုကောင်းလာပြီး ပရိသတ်တွေ မျှော်လင့်ထားတာထက်ကို ပိုပြီး ပြည့်စုံတဲ့ ဖျော်ဖြေမှုတစ်ခု ဖြစ်လာမှာပါ။ အက်ရှင်၊ ဟာသ၊ စုံထောက်နဲ့ ဒရာမာ အားလုံးကို တစ်နေရာတည်းမှာ အရသာရှိရှိ ခံစားချင်တဲ့သူတွေအတွက်တော့ ဒီစီးရီးဟာ လုံးဝ လက်မလွှတ်သင့်တဲ့ စီးရီးတစ်ခု ဖြစ်ပါတယ်။
❤8
A Trap Called Desire အပိုင်း (၁)

Channel Link
https://t.me/+BkJpuDfG_A8wM2Q1

မွေးစားမိဘ‌တွေရဲ့ အချစ်ခံရပြီး ကြီးပြင်းလာခဲ့တဲ့ Go Eun-Seol (Jeon Hye-Won) ဟာ တစ်နေ့မှာ လူသတ်မှုဖြင့် လိမ်လည်စွပ်စွဲခံရပြီး ညတွင်းချင်း အရာအားလုံးဆုံးရှုးသွားခဲ့ရပါတယ်။
Joo Mi-Ran (Jang Seo-Hee) က သူမကို တမင်ချောက်ချစွပ်စွဲတဲ့သူဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာ လက်စားချေဖို ဘဝအသစ်ပြန်လည်စတင်ပြီး လျှိဝှက်ချက်များကို ဖော်ထုတ်ရင်း အင်အားကြီးမားတဲ့ Cheongma Group ရဲ့ အမွေဆက်ခံသူ Kang Hae Ra နဲ့ပါ ရင်ဆိုင်ရပါတော့တယ်။

လောဘနဲ့ လိုအင်ဆန္ဒတွေကြားမှာ သစ္စာဖောက်မှုတွေ၊ လျှိဝှက်ချက်တွေ၊ မတရားမှုတွေကို ရင်ဆိုင်ပြီး Eun Seol တစ်ယောက် သူမရဲ့ အနာဂတ်ကို ပြန်လည်ရယူဖို တိုက်ပွဲဝင်သွားမှာ ဖြစ်တဲ့အတွက် ပရိသတ်ကြီးလည်း အတူကြည့်ပြီး လောင်မြိုက်လိုက်ရအောင်...
❤4🔥1🥰1