Fun Fun 🍀 (Link Channel)
38.4K subscribers
380 photos
56 videos
415 links
Download Telegram
The Art of Sarah အပိုင်း (၁)

Channel Link
https://t.me/+deZaA5hxO31iN2Zl

အောင်မြင်မှုတွေနဲ့ နာမည်ကြီးလူသိများတဲ့ public figure တစ်ယောက်ဖြစ်တဲ့ Sarah Kim...သူမရဲ့ နာမည်ကို နေရာတိုင်းမှာကြားနိုင်ပေမယ့် နေရာတိုင်းမှာတွေ့နိုင်တဲ့သူမျိုးမဟုတ်တဲ့ လျှိဝှက်ဆန်းကြယ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ Sarah Kim ဟာ လူသတ်မှုရဲ့ နစ်နာသူဖြစ်လာပြီး သူမရဲ့ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ ဒီအမှုကိုစုံစမ်းဖိုဖြစ်လာတာကတော့ စုံထောက် Mu Gyeong ဖြစ်ပြီး Sarah Kim ရဲ့ ဘယ်လိုမျိုး လူမသိသူမသိလျှိဝှက်ချက်တွေ၊ ဖုံးကွယ်မှုတွေကို သိရှိလာရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။
❤17🥰1
Love Phobia

Channel Link
https://t.me/+6kdV8o1Ws_85YWY1

ဒီတစ်ခေါက်ကြည့်ရမယ့် Love Phobia ဆိုတဲ့ ဒရာမာလေးကတော့ AI dating app CEO တစ်ယောက်ဖြစ်တဲ့ Yoon Bi-Ah (အချစ်ကို ကြောက်ရွံ့နေသူ) နဲ့
romance novel စာရေးဆရာ Han Sun-Ho (အချစ်ကို ယုံကြည်တဲ့သူ) တို့ ကြားက ဆန့်ကျင်ဘက်နှလုံးသားလေးနှစ်ခုကို လှလှပပလေး ပုံဖော်ပြထားတဲ့ rom-com drama လေးတစ်ခုပဲဖြစ်ပါတယ်။

ကဲ အချစ်နဲ့ AI ကို ဘယ်လိုမျိုး ပေါင်းစပ်နှိုင်းယှဉ်ပြထားမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။
❤10
In Your Radiant Season အပိုင်း (၁)

Channel Link
https://t.me/+DjbSb1ygKooyNmI1

Sunwoo Chan ဟာ ထူးချွန်တက်ကြွတဲ့ အမေရိကန် အန်နီမေးရှင်းစတူဒီယိုတစ်ခုက animator တစ်ယောက်ဖြစ်ပြီး ပျော်ရွှင်တက်ကြွတဲ့ ပုံစံနောက်ကွယ်မှာ လျှိဝှက်ချက်တွေအများကြီး သိုဝှက်ထားသူတစ်ယောက်ပါ။
မောင်နှမသုံးယောက်မှာ အကြီးဆုံးဖြစ်တဲ့ Song Ha Ran ကတော့ သူ့ရဲ့ အနုပညာဆန်တဲ့ အမြင်၊ ဖန်တီးနိုင်မှုနဲ့ အလုပ်အပေါ်မှာ ထားရှိတဲ့ ကျင့်ဝတ်တွေကြောင့် ဂုဏ်သတင်းကျော်ကြားတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီးလူတိုင်းနဲ့ အဆင်ပြေနေပေမယ့် အတွင်းစိတ်ထဲမှာတော့ ဘယ်သူနဲ့မှ ထူးခြားတဲ့ ဆက်နွယ်မှုမျိုး မဖြစ်စေချင်တဲ့ ဆန္ဒရှိတဲ့ သူတစ်ဦးဖြစ်ပါတယ်။
မတော်တဆမှုတစ်ခုကြောင့် Sunwoo Chan တစ်ယောက် အကြားအာရုံနဲ့ မှတ်ဉာဏ်တွေဆုံးရှုးသွားချိန်မှာတော့ Song Ha Ran က သူ့ရဲ့ ကယ်တင်ရှင်ဖြစ်လာပါတော့တယ်။
❤21
Pearl in Red

Channel Link
https://t.me/+aVeKlWbZACM2ZThl

အမြွှာအစ်မ Kim Myeong-hee ကို ဆုံးရှုးခဲ့ရတဲ့ Kim Dan-hee ဟာ သူ့အစ်မရဲ့ သေဆုံးမှုကို ဖော်ထုတ်ရန် သူ့အစ်မလို ဟန်ဆောင်ပြီး Adele လုပ်ငန်းစုထဲကို ဝင်ရောက်လာခဲ့ပါတယ်။
Baek Jin-ju ကလည်း Adele လုပ်ငန်းစုကြောင့် မိသားစုကို ဆုံးရှုးထားရတဲ့အတွက် လက်စားချေဖို အကြံနဲ့ အထောက်အထားအတုလုပ်ကာ ဝင်ရောက်လာပါတယ်။
ဒီအမျိုးသမီးနှစ်ယောက် ပူးပေါင်းပြီး အမိုက်စားလက်စားချေ သွားကြမလား...ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ ညစဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ရသစုံလင်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
❤11
The Practical Guide to Love အပိုင်း (၁)

Channel Link
https://t.me/+BNERjXx7WiE3NjRl

Lee Ui-Young ကတော့ ဟိုတယ်တစ်ခုရဲ့ဝယ်ယူရေးအဖွဲ့မှာအလုပ်လုပ်နေတဲ့ အသက် ၃၀ကျော်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူက အလုပ်မှာတော့ အရည်အချင်းရှိပြီး ယုံကြည်ရတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ကိုယ်ပိုင်ဘဝကတော့အဆင်မပြေဖြစ်နေတဲ့လူတစ်ယောက်ပါ။ အဲဒါကြောင့် အောင်သွယ်တော်အေးဂျင့်ကတစ်ဆင့် ကြင်ဖက်တွေ့ဖို့ဆုံးဖြတ်ခဲ့ပြီး Song Tae-Seob နဲ့ Shin Ji-Sooဆိုတဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ ကောင်လေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Song Tae-Seob ကတော့ သစ်သားလက်မှုလုပ်ငန်းတစ်ခုရဲ့ပိုင်ရှင်ဖြစ်ပြီး သူ့ရဲ့နူးညံ့တဲ့အသွင်အပြင်နဲ့မလိုက်အောင် စိတ်ဓာတ်သန်မာပြီး ချစ်ရတဲ့မိန်းကလေးနဲ့အတူ မိသားစုဘဝကို ထူထောင်ချင်တဲ့လူတစ်ယောက်ပါ။ Shin Ji-Soo ကတော့ လွတ်လွတ်လပ်လပ်နေရတာကို သဘောကျတဲ့လူဖြစ်ပြီး Lee Ui-Young နဲ့ တွေ့ပြီးတဲ့နောက် သူ့ရဲ့ခံယူချက်တွေကို တဖြည်းဖြည်းပြောင်းလဲလာတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့သုံးပွင့် ဆိုင် အချစ်ဇာတ်လမ်းလေးကို စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
❤7
Siren's Kiss အပိုင်း (၁)

Channel Link
https://t.me/+5lNSWGIoW8thNDM1

Han Seol-A ဟာ ထိပ်တန်းလေလံပွဲဦးစီးမှူးတစ်ဦးဖြစ်ပေမယ့် သူမကို ချစ်မိတဲ့ ယောက်ျားတိုင်း သေဆုံးတတ်တယ်ဆိုတဲ့ ကြောက်စရာကောင်းတဲ့ လျှိဝှက်ချက်ရှိသူပါ။ တစ်ဖက်မှာလည်း အာမခံလိမ်လည်မှုတွေကို ဖော်ထုတ်ရာမှာ အတော်ဆုံးဖြစ်တ့ စုံထောက် Cha Woo-Seok က ထူးဆန်းတဲ့ သတင်းပေးမှုတစ်ခုကြောင့် Han Seol-A ကို လူသတ်မှုသံသယရှိသူအဖြစ် စုံစမ်းပါတော့တယ်။ သူတိုနှစ်ယောက်တွေ့ဆုံပြီး ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေရှိလာမလဲ၊ ဆွဲဆောင်မှုရှိတဲ့ အလှတရားနောက်ကွယ်က အမှန်တရားက ဘာဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
❤15
Boyfriend on Demand

🎆 Channel Link
https://t.me/+QsP3TH1ioMxjOTBl

အလုပ်ပိပြီး နှလုံးသားရေးရာမှာ သုညဖြစ်နေတဲ့ Webtoon ထုတ်လုပ်သူ Seo Mi-rae (Jisoo)ဟာ
သူရဲ့ ငြီးငွေ့စရာကောင်းတဲ့ အပျိုကြီးဘဝကို အဆုံးသတ်ဖို ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ထူးခြားတဲ့ "Boyfriend on Demand" ဆိုတဲ့ virtual dating service တစ်ခုကို စာရင်းသွင်းမိသွားပါတယ်။

ဒီ App ရဲ့ ထူးခြားချက်ကတော့ ကိုယ်ဖြစ်ချင်တဲ့ စရိုက်၊ ကိုယ်ကြိုက်တဲ့ ပုံစံအတိုင်း "လစဉ်သုံးချစ်သူ" တွေကို စိတ်ကြိုက်ရွေးချယ်လို ရတာပါ။ ဒါပေမယ့် Mi-rae တစ်ယောက် စိတ်ကူးထဲက မင်းသားလေးတွေနဲ့ တွေ့ဆုံနေရင်းမှာပဲ... တကယ့်လက်တွေ့ဘဝက အချစ်စစ်နဲ့ App ထဲက ဖန်တီးထားတဲ့ အချစ်ကြား ဘယ်လိုရွေးချယ်မလဲဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမှာပါနော်
Please open Telegram to view this post
VIEW IN TELEGRAM
❤14
Still Shining

✨ Channel Link
https://t.me/+Y-enSmU_bZ03MWM9

Yeon Tae Seo ဟာ မြေအောက်ရထားမောင်းသူတစ်ဦးပါ။ အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နေသော သူဖြစ်ပြီး ပစ္စုပ္ပန်ကိုသာ တည့်တည့်ရှု၍ နေတတ်သောသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူ ကာလကြာရှည် မျှော်လင့်ခဲ့ရသော လွတ်လပ်မှုနှင့် အခြေကျသွားချိန်တွင် ၁၉ နှစ်အရွယ်က အချစ်ဦးဖြစ်သူ Mo Eun A နှင့် မမျှော်လင့် ဘဲပြန်လည်တွေ့ဆုံရသောအခါ သူ၏ ပုံမှန်နေ့စဉ်ဘဝတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာတော့တယ်။
ယခင်က ဟိုတယ်လုပ်ငန်းတွင် လုပ်ကိုင်ခဲ့ဖူးသော Mo Eun Aသည် လက်ရှိတွင် တည်းခိုဆောင် မန်နေဂျာတစ်ဦးအဖြစ် လုပ်ကိုင်နေပြီး သူမသည် စိတ်အားတက်ကြွပြီး နှစ်လိုဖွယ်ကောင်းသောသူတစ်ဦးဖြစ်ကာ ဘဝအတွက် ရည်မှန်းချက်များကို တိတိကျကျ သတ်မှတ်ထားသူတစ်ဦးဖြစ်ပါတယ်။ ဘဝ၏အောင်မြင်မှုများ ကျရှုးမှုများကို များစွာ တွေ့ကြုံခဲ့ရသူတစ်ဦးဖြစ်တဲ့သူမ အချစ်ဦး Yeon Tae Seo နဲ့ ပြန်လည်ဆုံတွေ့တဲ့အခါ....
Please open Telegram to view this post
VIEW IN TELEGRAM
❤13
Phantom Lawyer အပိုင်း (၁)

Channel Link
https://t.me/+ai0oQkIJ71Q5YzA1

သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် ပရိသတ်ကြီးအမှတ်ရနေကြတဲ့ မင်းသားချော Yoo Yeon-Seok ကို နတ်ဝင်သည်ဇာတ်ရုပ်အဖြစ်မြင်တွေ့ရမယ့် Phantom Lawyer ထွက်ရှိလာပါပြီ။Sin I Rang ဟာ သာမန်ရှေ့နေတစ်ယောက်ဖြစ်ပေမယ့် သူဖွင့်လိုက်တဲ့ ရုံးခန်းက နတ်ဆရာဟောင်းတစ်ယောက်ရဲ့ အိမ်ဖြစ်နေတဲ့အခါမှာတော့ သူ့ဘဝ ပြောင်းလဲသွားပါတော့တယ်။သူဟာ မမျှမတ သေဆုံးခဲ့ရတဲ့ ဝိညာဉ်တွေကို မြင်တွေ့လာရပြီး သူတိုရဲ့ နစ်နာမှုတွေကို ဥပဒေနဲ့အညီ ဖြေရှင်းပေးဖို ကြိုးစားရပါတော့တယ်။ ထူးခြားချက်က ဝိညာဉ်တွေက သူ့ကိုယ်ထဲ ခေတ္တဝင်ရောက်နိုင်ပြီး အဲဒီအချိန်မှာ I Rang ရဲ့ ပင်ကိုယ်စရိုက်ကပါ ပြောင်းလဲသွားတတ်တာပါ။တစ်ဖက်မှာလည်းအချက်အလက်နဲ့ လက်တွေ့ကိုပဲ ယုံကြည်တဲ့ Han Na Hyeon တစ်ယောက် I Rang နဲ့ တွေ့ပြီးနောက်ပိုင်း တစ်ယောက်ကိုတစ်ယောက်ကူညီရင်းကနေ ဘယ်လိုမျိုးထူးဆန်းတဲ့အမှုတွေကို အတူတူဖြေရှင်းသွားမလဲဆိုတာစောင့်ကြည့်လိုက်ရအောင်ပါ။ဒီကားလေးဟာ ရှေ့နေဥပဒေကားကို စိတ်ကူးယဉ်သဘာဝလွန်အမျိုးအစားနဲ့ဟာသပေါင်းစပ်ထားတာဖြစ်လို ရသမျိုးစုံပေးစွမ်းနိုင်မှာ အသေအချာပါပဲနော်။
❤18
Mad Concrete Dreams အပိုင်း (၁)

Channel Link
https://t.me/+jLpivpVqD8c5NWU1

မိသားစုကို ဦးဆောင်နေရတဲ့ Ki Su Jong က သူ့အိပ်မက်ဖြစ်တဲ့ အဆောက်အအံု တစ်ခုပိုင်ဆိုင်ဖိုအတွက် ချေးငွေယူပြီး ဝယ်ယူခဲ့ပြီး ဒီလုပ်ရပ်ကပဲ သူ့ကိုအကြွေးနွံထဲကို တွန်းပိုသလို ဖြစ်သွားခဲ့ပါတယ် ။ တစ်ဖက်မှာလည်း Real Capital ကလျှိဝှက်ဆန်းကြယ်တဲ့ အမျိုးသမီး Yo-Na ရဲ့ ဖိအားပေးမှုတွေက သူ့ဘဝကို ပိုမိုကျပ်တည်းလာစေပါတယ်။ အခြေအနေတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပြီး မိသားစုနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို ကြိုးစားရင်း နောက်ဆုံးမှာတော့ သူက ပြန်ပေးဆွဲမှုအတုတစ်ခုကို ဖန်တီးဖို ဆုံးဖြတ်လိုက်ပါတော့တယ်။ မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ ထိန်းချုပ်မရအောင် ဖြစ်ပျက်လာမယ့် ဒီဖြစ်ရပ်ဆိုးတွေကြားထဲမှာ သူ ဘယ်လိုရုန်းထွက်မလဲဆိုတာကို ဒီဒရာမာထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
❤5
Doctor Shin အပိုင်း (၁)

Channel Link
https://t.me/+3MEcjPSJEnozNTFl

ဦးနှောက်ခွဲစိတ်ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ Shin Ju-shin(Min Sun-Hong) ဟာ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ Momo(BaekSeo-Ra)နဲ့စေ့စပ်ထားသူဖြစ်ပါတယ်။ မတော်တဆမှုတစ်ခုအပြီးမှာ Momoဟာ ဦးနှောက်သေပြီး ကိုမာဝင်သွားခဲ့ပါတယ်။ သမီးဖြစ်သူရဲ့အခြေအနေကြောင့် မိခင် Hyun Ran-hee ဟာ အန္တရာယ်များတဲ့ခွဲစိတ်မှုကိုတောင်းဆိုခဲ့ပြီး ဒေါက်တာ Shin Ju-shin တစ်ယောက်လည်း ချစ်စိတ်ကြောင့် တားမြစ်ထားတဲ့စည်းကမ်းတွေကိုချိုးဖျက်ကာ မိခင်နှင့် သမီးတိုကြားဦးနှောက်လဲလှယ်အစားထိုးသည့် ခွဲစိတ်မှုကိုလုပ်ခဲ့ပါတယ်။ ခွဲစိတ်မှုကြောင့်ခန္ဓာကိုယ်အရအသက်ရှင်နေထိုင်နေပေမယ့် ဘယ်လိုထူးဆန်းမှုတွေနဲ့ ကြုံ‌တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် medical thriller ကားလေးပဲဖြစ်ပါတယ်
❤11
Climax အပိုင်း (၁)

Channel Link
https://t.me/+7ZxhxePnfKsyODhl

အမှုစစ် Bang Tae Seop သည် သူ၏ တက်ကြွမှုမဲ့နေသော အသက်မွေးဝမ်းကျောင်းမှုကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် မယုံကြည်နိုင်လောက်သော်လည်း ရဲတင်းသည့် အစီအစဉ်တစ်ခုဖြစ်သည့် ဆိုးလ်မြို့တော်ဝန်ကို ဖြုတ်ချရန်အတွက် မြို့တော်ဝန်နှင့် WR လုပ်ငန်းစု၏ ဥက္ကဌ Lee Yang Mi တို့ကြားရှိ အကျင့်ပျက်ခြစားနေမှုများကို ဖော်ထုတ်ရန် ကြိုးစားခဲ့သည်။ Tae Seop သည် Hwang Jeong Won ကို သတင်းပေးအဖြစ် သိမ်းသွင်းနိုင်ခဲ့ပြီး Yang Mi အပေါ် မကျေနပ်ချက်ရှိသည့် WR Group အမွေဆက်ခံသူ Kwon Jong Uk ကိုလည်း သူ၏အစီအစဉ်တွင် ပါဝင်လာစေရန် ချဉ်းကပ်ခဲ့သည်။

သို့သော် လူကြိုက်များသည့် သရုပ်ဆောင်မင်းသမီးဟောင်းဖြစ်သော ဇနီးဖြစ်သူ Chu Sang A က အန္တရာယ်များသော လျှို့ဝှက်ချက်များကို သူမသိအောင် ဖုံးကွယ်ထားနိုင်မှန်း သိလိုက်ရချိန်မှာတော့ Tae Seop သည် မူလမျှော်လင့်ထားသည်ထက် ပိုမိုရှုပ်ထွေးသော အခြေအနေတစ်ခုအတွင်းသို့ရောက်ရှိနေမှန်း သိလိုက်ရတော့တဲ့အခါ...
❤13
Cabbage Your Life အပိုင်း (၁)

Channel Link
https://t.me/+SnFxgeTL5bc1NTE1

ဆိုးလ်မြို့ပြရဲ့ လူနေမှုပုံစံကို စွန့်ခွာပြီး "Yeonriri" ဆိုတဲ့ ရွာလေးဆီကို အသစ်တစ်ဖန် ပြန်လည်စတင်ဖို့ ရောက်ရှိလာတဲ့ Seong Tae Hun တို့ မိသားစု။ သူတို့ရဲ့ ရည်မှန်းချက်က ဒီရွာလေးမှာ ခဏတာ အခြေချပြီး မြို့ပေါ်ကို အမြန်ဆုံး ပြန်တက်နိုင်ဖို့ပါပဲ။

ဒါပေမယ့်... ရွာကို အသက်ပေးကာကွယ်ချင်တဲ့ ရွာသူကြီးနဲ့ ရွာရဲ့သြဇာအရှိဆုံး အမျိုးသမီးအသင်းဥက္ကဋ္ဌတို့ရှိရာ Yeonriri ရွာလေးထဲကို မြို့ပြက မိသားစုတစ်စု ရုတ်တရက် ရောက်ရှိလာတဲ့အခါမှာတော့... အေးချမ်းလှပါတယ်ဆိုတဲ့ ရွာလေးတစ်ရွာလုံး ဆူညံပွက်လောရိုက်သွားပါတော့တယ်။ အစဉ်အလာကို တန်ဖိုးထားတဲ့ ရွာခံတွေနဲ့ မြို့ပြကလာတဲ့ မိသားစုကြားက အားပြိုင်မှုတွေက ဘယ်လို ဟာသနှောတဲ့ ပြဿနာတွေ ဖန်တီးဦးမှာလဲ

တစ်ဖက်မှာလည်း ဆေးကျောင်းကနေ တိတ်တဆိတ် ကျောင်းထွက်လာခဲ့ပြီး ကိုယ့်ရဲ့ အစစ်အမှန်ဘဝကို ရှာဖွေနေတဲ့ သားဖြစ်သူ Seong Ji Cheon တစ်ယောက် ရွာသူကြီးရဲ့ သမီးချောလေး Im Bo Mi နဲ့ ဆုံတွေ့မိတဲ့အခါ... ပဋိပက္ခတွေကြားက ပွင့်လန်းလာမယ့် သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လို အဆုံးသတ်မလဲ

မြို့ပြနဲ့ ကျေးလက်ကြားက မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မိသားစုအချင်းချင်း ပြန်လည်နားလည်မှု တည်ဆောက်ပုံတွေကို ပေါ့ပေါ့ပါးပါးနဲ့ ခံစားရမယ့် Healing Drama ကားကောင်းလေးမို့ အခုပဲ အတူတူ စောင့်ကြည့်လိုက်ရအောင်နော်။
❤15🥰1
Our Happy Days အပိုင်း (၁)

Channel Link
https://t.me/+PUuhQTg8DJ83OTk1

Go Gyeol (Yoon Jong-Hoon) ကတော့ အရည်အချင်းရှိသလောက် မာနလည်းကြီးတဲ့ ဗိသုကာပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ Go Gyeol ဟာ အဘိုးဖြစ်တဲ့ Gangsu လုပ်ငန်းစု ဥက္ကဌ Go Gang-su ရဲ့ တောင်းဆိုချက်အရ အမွေဆက်ခံမှုအတွက် ယှဥ်ပြိုင်ဖို ၁၀ နှစ်အကြာမှ အိမ်ကို ပြန်လာပြီး Gangsu ဆောက်လုပ်ရေးမှာ အဖွဲမှူးတစ်ယောက်အနေနဲ့ တာဝန်ယူနေတာလည်း ဖြစ်ပါတယ်။ Go Gyeol မှာ Go Min-ho ဆိုတဲ့ အစ်ကိုတစ်ယောက်လည်း ရှိပြီး အဲဒီအစ်ကိုကတော့ Gangsu ဆောက်လုပ်ရေးမှာပဲ ဒါရိုက်တာတစ်ယောက်အနေနဲ့ အလုပ်လုပ်နေပါတယ်။

Jo Eun-Ae (Uhm Hyun-Kyung) ကတော့ AI လုပ်ငန်းနဲ့ ပတ်သတ်တဲ့ startup developer တစ်ယောက်ဖြစ်ပါတယ်။ နမော်နမဲ့နိုင်ပေမယ့် အကောင်းမြင်စိတ်ရှိပြီး ပျော်ပျော်နေတတ်တဲ့သူလည်း ဖြစ်ပါတယ်။

Go Gyeol နဲ့ Jo Eun-Ae တိုက မထင်မှတ်တဲ့ ကိစ္စတွေကြောင့် အတူပူးပေါင်းပြီး အလုပ်လုပ်ဖြစ်လာတဲ့အခါ သူတိုရဲ့ ဆက်ဆံရေး ဘယ်လိုပြောင်းလဲသွားမလဲ၊ Go Gyeol ရဲ့ အမွေဆက်ခံမှု ပြိုင်ပွဲကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီ မိသားစု Melodrama ဇာတ်လမ်းတွဲလေးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
❤7
Bloodhounds Season 2

ဒီနေ့ နေ့ခင်း လာမယ်နော်။


Channel Link
https://t.me/+ilb-3fS6tiQwNTU1

Bloodhounds Season 2 ကတော့ ပရိသတ်တွေ ၃ နှစ်နီးပါး စောင့်မျှော်ခဲ့ရပြီးနောက်မှာ ထွက်ရှိလိုလာပါပြီ။ဇာတ်လမ်းထဲမှာလည်း ၃ နှစ်တာ အချိန်ကျော်လွန်သွားပြီးတော့ Kim Geon U က လက်ဝှေ့သမားချန်ပီယံဆုရဖို ကြိုးစားနေသလို ညီအစ်ကိုလိုခင်မင်ရတဲ့ Hong U Jin ကတော့ နည်းပြအဖြစ် ဘေးကနေအားဖြည့်ပေးနေတာပါ။ဒီတစ်ခေါက်မှာတော့ အတိုးပေးစားတဲ့ ချေးငွေလောကထက် ပိုမိုကြမ်းတမ်းတဲ့ မြေအောက် လက်ဝှေ့လောကကို ခြေဆန့်ပြီး ပိုမိုကြီးမားတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတော့မှာပါ။ဒီ Season 2 မှာ ပရိသတ်ကြီးအကြည့်ချင်ဆုံးဖြစ်တဲ့ ဗီလိန်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Rain ရဲ့အမိုက်စားသရုပ်ဆောင်မှုတွေကြား ဘယ်လောက်ထိ ရင်တထိတ်ထိတ်ဖြစ်စေမလဲ။အက်ရှင်ကား ကြိုက်သူတွေအတွက်တော့ မလွတ်တမ်း ကြည့်သင့်တဲ့ဒရာမာလေးပါပဲ။
❤11🥰1
Perfect Crown အပိုင်း (၉)

Channel Link
https://t.me/+W3ufdaLhlhc5YjFl

K Drama ဖန်များအားလုံး စောင့်မျှော်နေကြတဲ့ IU နဲ့ Byeon Woo Seok တိုပါဝင်ထားတဲ့ "Perfect Crown" ဇာတ်လမ်းလေး ထွက်ရှိလာပါပြီ။

တရားမဝင်ကလေးဆိုတဲ့ နာမည်တစ်ခုကြောင့် အရာရာပိုင်ဆိုင်ထားပေမယ့် လူအများရဲ့ရှုချပြောတာတွေကိုခံနေရတဲ့ သူဌေးသမီးလေး Seong Hui Ju ဟာ သူမရဲ့လူမှုအသိုင်းအဝိုင်းထဲမှာ အဆင့်တက်နိုင်ဖိုအတွက် တော်ဝင်မင်းသားနဲ့ Yi An နဲ့လက်ထပ်ဖို ကြိုးစားပါတော့တယ်။ အပေးအယူတစ်ခုအရ လက်ထပ်ဖိုစတင်ခဲ့ကြတဲ့ သူတိုရဲ့ ဆက်ဆံရေးက တဖြည်းဖြည်းပြောင်းလဲပြီး သူတိုနှစ်ယောက်ကြားမှာ အချစ်တွေပေါက်ဖွားလာဦးမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးပါကြပါဦးနော်~~
❤31👍2🥰2
Yumi's Cells 3

Channel Link
https://t.me/+uXGPBVlFhKwxOGU1

Yumi ရဲ့ cells လေးတွေ ပြန်လာပါပြီနော်…
ဒီတစ်ခေါက်မှာတော့ ယူမီအတွက် ချစ်စရာ ရိုမန့်စ်ဆိုတာထက် ပိုပြီး mature ဖြစ်လာပြီး လက်တွေ့ကျတဲ့ အချစ်ဇာတ်လမ်းအသစ်လေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
Cells လေးတွေကတော့ ထုံးစံအတိုင်း ချစ်ဖိုကောင်းပြီး ရယ်ရတဲ့အပြင်မှာ ယူမီရဲ့စိတ်နဲ့အတွေးတွေကို မြင်သာထင်သာရှိစေမှာပါ။ ကဲ ဒီတစ်ခေါက်မှာရော ယူမီက ဘယ်သူနဲ့ ending ဖြစ်နိုင်မလဲဆိုတာ အတူတူ ရင်ခုန်ရင်း ကြည့်လိုက်ရအောင်နော်…
❤10
Reverse အပိုင်း (၁) (၂)

Channel Link
https://t.me/+q2l94t9h3vg5MGNl

လျှို့ဝှက်ချက်တွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ "Reverse" ဆိုတဲ့ mystery thriller ကားလေးမှာတော့ Myo Jin (Seo Ji Hye) ရဲ့ဘဝကို အဓိကထားပြီး ရိုက်ကူးထားပါတယ်။ သူမဟာ ဗီလာပေါက်ကွဲမှုကြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် အတိတ်ကို လုံးဝမမှတ်မိတော့ပါဘူး။ အဲ့ဒီအခြေအနေမှာ သူမရဲ့ လက်ထပ်မယ့်သူဖြစ်တဲ့ Seokwang လုပ်ငန်းစုရဲ့ အနာဂတ်အမွေဆက်ခံသူ Jun-ho (Go Soo) ရဲ့ အကူအညီနဲ့ပဲ သူမရဲ့ဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် ပေါက်ကွဲမှုနောက်ကွယ်က အမှန်တရားတွေ ပေါ်ပေါက်လာတာနဲ့အမျှ သူတို့ဆက်ဆံရေးက အချစ်ကနေ ဘယ်လိုမျိုးတွေ ပြောင်းလဲသွားဦးမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်~~
❤7
Absolute Value of Romance အပိုင်း (၁)

Channel Link
https://t.me/+eLAJizTzyXA4YTJl

Yeo Eui Ju ဟာကျောင်းမှာလူမသိသူမသိ အေးအေးချမ်းချမ်းနေတတ်သူဖြစ်ပေမယ့် ညဘက်မှာတော့ BL ဝတ္ထုတွေလျှိဝှက်ရေးသားနေတဲ့ ကျောင်းသူလေးတစ်ဦးပါ။ အချစ်ဝတ္ထုတွေရေးနေပေမယ့် အချစ်ရေးမှာတော့ လုံးဝအတွေ့အကြုံမရှိသူပါ။ ဒီလိုနဲ့ကျောင်းကို သင်္ချာပါရမီရှင် Ga U Su, ဘာသာကျွမ်းကျင်ဆရာ No Da Ju, အားကစားဆရာ Jung Gi Jeon နဲ့ အပြောချိုတဲ့ ကိုရီးယားဆရာ Yun Dong Ju တို ဆရာချောချောလေးတွေပြောင်းလာပါတယ်။
ဒီလိုနဲ့ ဆရာ ၄ ယောက်ဟာ ဝတ္ထုရေးဖိုအတွက် စိတ်ကူးစိတ်သန်းတွေဖြစ်လာပြီးတော့ Yeo Eui Ju ရဲ့သာမန်ဘဝကိုရော စာရေးဆရာမဘဝကိုပါ လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။
လျှိဝှက်ချက်ကိုယ်စီရှိကြတဲ့ ဆရာတွေနဲ့ အတွေ့အကြုံမရှိသေးတဲ့ စာရေးဆရာမကျောင်းသူလေးတိုကြားက လွဲချော်မှုများနဲ့ အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Rom-Com ဇာတ်လမ်းအမျိုးအစားလေးပဲဖြစ်ပါတယ်။
❤9
We Are All Trying Here အပိုင်း (၁)

Channel Link
https://t.me/+su8Jr0g42_YzNGVl

Hwang Dong Man(Koo Kyo Hwan) က ရုပ်ရှင်လောကမှာ နာမည်ကြီးအဖွဲဖြစ်တဲ့ The Eight အဖွဲထဲမှာ ပွဲဦးမထွက်ရသေးတဲ့ တစ်ဦးတည်းသောသူဖြစ်ပြီး အောင်မြင်နေတဲ့ သူငယ်ချင်းတွေကြားထဲမှာ သိမ်ငယ်စိတ်နဲ့ အသုံးမကျဘူးဆိုတဲ့ ခံစားချက်ကို တွန်းလှန်တိုက်ဖျက်နေရတဲ့သူပါ။ အလုပ်ထဲမှာ "ပုဆိန်" လို နာမည်ကြီးတဲ့ Byeon Eun A(Go Youn Jung) ကတော့ Choi Film မှာ producerအနေနဲ့လုပ်နေပြီး သူမရဲ့ထက်မြက်လှတဲ့ ဝေဖန်မှုတွေအောက်မှာ နက်ရှိင်းတဲ့ ဒေါသနဲ့ ကြောက်ရွံမှုတွေကို ဖုံးကွယ်ထားပါတယ်။ Park Gyeong Se ကတော့ ရုပ်ရှင်ကမအောင်မြင်တာကြောင့် စိတ်ဓာတ်ကျနေပြီး Hwang Dong Man ကို မနာလိုဖြစ်ပြီး ဖိအားတွေခံစားနေရတဲ့လူတစ်ယောက်ပါ။သူ့ရဲဇနီးဖြစ်သူ Ko Hye Jin ကတော့ Gobak Film ရဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။သူမက စိတ်ရှည်သည်းခံပြီး စိတ်ဒဏ်ရာတွေကို ကူညီဖေးမပေးတတ်ပြီး Hwang Dong Manရဲ့အစ်ကို မျှော်လင့်ချက်မဲ့နေတဲ့ ကဗျာဆရာဟောင်း Hwang Jin Man ကို တိုင်ပင်ဆွေးနွေးပေးနေတဲ့လူတစ်ယောက်ပါ။ အောင်မြင်မှုနဲ့ မနာလိုမှုတွေကြားမှာ လမ်းပျောက်နေကြပြီး ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေဖို ဘယ်လိုကြိုးစားကြမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
❤9👍1🍓1
The Scarecrow အပိုင်း (၁)

Channel Link
https://t.me/+EZBrMZXK7V9lNDc1

Kang Tae-Ju ဟာ စူးစမ်းလေ့လာမှုနှင့် သိမြင်နိုင်မှုအားကောင်းသော စုံထောက်တစ်ဦးဖြစ်ပြီး ဆိုးလ်မြိုမှ သူ၏ ဇာတိမြိုဖြစ်သော ဂန်ဆွန်းသို ရာထူးချခံခဲ့ရ၍ သူ၏ သိက္ခာကို အဖတ်ဆယ်ရန်အတွက် ဂန်ဆွန်းတွင်ဖြစ်ပွားနေသော ကွင်းဆက်လူသတ်မှုကို စုံစမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ ကွင်းဆက်လူသတ်သမားကို စုံစမ်းနေစဉ်တွင် ကျောင်းတုန်းက သူ့အပေါ် အနိုင်ကျင့်ခဲ့သဖြင့် မုန်းတီးခဲ့ရသော အမှုစစ် Cha Shi-Young နှင့်တွေ့ဆုံခဲ့ရတယ်။ Cha Shi-Young သည် ဆုံးဖြတ်ချက်ချရာတွင် ခေါင်းအေးအေးထားတတ်ပြီး နိုင်ငံရေးပိုင်းတွင် စိတ်ဝင်စားသော ရေပေါ်ဆီအထက်တန်းလွှာ အမှုစစ်တစ်ဦးဖြစ်ပြီး ကွင်းဆက်လူသတ်မှုတွင် ဦးဆောင်၍ နိုင်ငံရေးလောကသို ဝင်ရောက်ရန်အတွက် လှေကားထစ်အဖြစ်အသုံးချရန် ရည်ရွယ်ထားပါတယ်။ Kang Tae-Ju သည် Cha Shi-Young ကို မုန်းတီးသော်လည်း တရားခံအားဖမ်းဆီးနိုင်ရန်အတွက် နှစ်ဦးသားလက်တွဲ၍ အလုပ်လုပ်ခဲ့ရသောအခါ.....
❤7🥰1