Fun Fun 🍀 (Link Channel)
38.4K subscribers
380 photos
56 videos
415 links
Download Telegram
Love Me အပိုင်း (၁) (၂)

Channel Link
https://t.me/+BLXx_JgICbg4ZjM1

အောင်မြင်တဲ့ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Seo Joon-kyeongက ပြီးပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ထားတယ်လိုထင်ရပေမဲ့ လွန်ခဲ့တဲ့ ၇နှစ်က မိသားစုပြိုကွဲမှုနဲ့ပတ်သက်တဲ့ နာကျင်မှုတွေကိုဖုံးကွယ်ပြီး အထီးကျန်မှုကို နက်ရှိင်းစွာခံစားနေရပါတယ်။ သူမရဲ့ဖုံးကွယ်ထားတဲ့ ပုံစံကို အမှန်အတိုင်းမြင်ပေးတဲ့ ဂီတဒါရိုက်တာ Joo Do-hyun နဲ့တွေ့ဆုံပြီးတဲ့နောက် သူမရဲ့ဘဝက စတင်ပြောင်းလဲ လာပါတယ်။ Melodrama အမျိုးအစားဖြစ်ပြီး ငြိမ့်ငြိမ့်လေးနဲ့ ဆွဲခေါ်သွားမယ့် Love Me ဆိုတဲ့ ကားလေးကို စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
❤8
Idol I အပိုင်း (၁)

Channel Link
https://t.me/+2da2-0sMO_JjMjE1

ရာဇဝတ်ရှေ့နေတစ်ဦးဖြစ်တဲ့ Maeng Se-Na (Sooyoung) ဟာ တခြားရှေ့နေတွေ ရှောင်သမျှ အမှုတိုင်းကိုလက်ခံပြီး အောင်မြင်တဲ့ ရှေ့နေတစ်ဦးဖြစ်ပါတယ်။ သူမ ရဲ့ လျှိဝှက်ချက်က‌တော့ Idol အဖွဲ Gold Boys ရဲ့ အဖွဲဝင် Do Ra-Ik (Kim Jae-Young) ရဲ့ အမာခံပရိသတ် ဖြစ်နေတာပါပဲ။ ရုတ်တရက်ဆိုသလို Do Ra-Ik ဟာ လူသတ်မှုတရားခံအဖြစ် စွပ်စွဲခံလိုက်ရ‌တော့ Idol အလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ တရားရင်ဆိုင်ရပါ‌တော့တယ်။ ၁၀ နှစ်‌လောက် တိုင်‌အောင် အားပေးခဲ့တဲ့ Idol ကြီးကို အပြစ်ကင်းကြောင်းဖော်ထုတ်ရင်း တရားခွင်မှာ ကိုယ်စားလှယ်ရှေ့နေတစ်ယောက်အနေနဲ့ ဘယ်လိုတွေခုခံ ကာကွယ်ပြီး အမှုကို ဖော်ထုတ်သွားမလဲဆိုတာကတော့...
Idol I ဆိုတဲ့ ဒီကားလေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ Law ကားလေးကိုမှ ထူးထူးခြားခြား အချစ်၊ ဟာသ၊ လျှိဝှက်ဆန်းကြယ်မှုတွေနဲ့အတူ နာမည်ကြီး မင်းသား မင်းသမီးချောလေးတွေနဲ့မြိုင်ဆိုင်စွာ ကြည့်ရမှာပဲဖြစ်ပါတယ်။
❤11❤‍🔥1
Made in Korea အပိုင်း (၁)

Channel Link
https://t.me/+Y4CYba2ZZCU5NGQ1

နာမည်ကြီးမင်းသားနှစ်ယောက်ရဲ့ အားပြိုင်မှုတွေနဲ့အတူ နိုင်ငံရေးလောကရဲ့ရှုပ်ထွေးမှုတွေကို မြင်တွေ့ရမယ့် Made in Korea။အပြင်ပန်းမှာတော့ စည်းကမ်းကြီးတဲ့ အစိုးရအရာရှိဖြစ်ပေမယ့် နောက်ကွယ်မှာ အာဏာနဲ့ငွေကြေးအတွက် မကောင်းမှုမှန်သမျှ ကြိုးကိုင်ဆောင်ရွက်နေတဲ့ Baek Ki-tae ၊ အလျှော့မပေးတတ်တဲ့ ဇွဲလုံလနဲ့ တရားမျှတမှုကို လိုလားတဲ့ အမှုစစ် Jang Geon-young ။ဒီလိုလမ်းကြောင်းမတူညီကြတဲ့ လူနှစ်ယောက် ထိပ်တိုင်ရင်ဆိုင်ကြတဲ့အချိန် အာဏာနဲ့ချမ်းသာကြွယ်ဝမှုကိုပိုင်ဆိုင်ထားတဲ့ Baek Ki-tae ကပဲ အနိုင်ယူသွားမလား ၊ တရားမျှတပြီး ခံယူချက်ပြင်းထန်တဲ့ အမှုစစ် Jang Geon-young ကပဲ အနိုင်ယူသွားနိုင်မလားဆိုတာကတော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာလည်းဖြစ်ပါတယ်။Made in Korea ဟာ Season 2 အနေနဲ့ ထပ်မံထွက်ရှိလာဦးမှာဖြစ်လို ဒီ Season 1 မှာ ပဟေဠိများစွာနဲ့ကျန်ခဲ့ဦးမလားဆိုတာ ရင်ခုန်ရမှာလည်းဖြစ်ပါတယ်။
❤7🤔1
Cashero

Channel Link
https://t.me/+BMn6pRLfE0w2YmY1

Kang Sang Woong ဟာဆိုရင် ဘဝကိုရုန်းကန်ရင်းနေထိုင်နေရတဲ့ သာမန်ဝန်ထမ်းတစ်ယောက်ဖြစ်ပေမယ့် တစ်နေ့မှာတော့ အံ့အားသင့်စရာကောင်းစွာဘဲ ထူးခြားတဲ့စူပါစွမ်းအင်တစ်ခုကို ရရှိသွားခဲ့ပါတယ်။ အဲဒီစွမ်းအင်ကတော့ သူ့လက်ထဲရှိတဲ့ပိုက်ဆံပမာဏအလိုက် ခွန်အားကြီးလာမယ့်စွမ်းအင်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီစွမ်းအားရဲ့မကောင်းတဲ့တစ်ချက်ကတော့ သူ့စွမ်းအားကို သုံးလိုက်ပြီဆိုရင်တော့ လက်ထဲရှိသမျှပိုက်ဆံတွေ ကုန်သွားတာပါ။ Bon Appetit, Your Majesty ထဲက Lee Chae Min နဲ့ Kang Han Na တိုလည်း ဗီလိန်အနေနဲ့ပါဝင်အားဖြည့်ထားတာဖြစ်ပြီး Lee Chae Min ရဲ့ပထမဆုံး ဗီလိန်ကာရိုက်တာလည်းဖြစ်တဲ့ Netflix ရဲ့ "Cashero" ကားလေးကို စောင့်ကြည့်အားပေးကြပါဦးနော်~~
❤16🥰2🤩1
Spring Fever

Channel Link
https://t.me/+637MLKt2FZczYTZl

oon Bom က ဆိုးလ်မှာ နာမည်ကြီးပြီး အချစ်ခံရတဲ့ဆရာမတစ်ယောက်ဖြစ်ပေမယ့် အကြောင်းရင်းတစ်ခုကြောင့် မြိုငယ်လေးဆီ ပြောင်းရွှေ့ရအပြီးမှာတော့ သူ့ရဲ့ခံစားချက်တွေလည်း အေးစက်သွားပါတော့တယ်။ အဲဒီအချိန် လူကောင်ကြီးပြီး ကြမ်းတမ်းပုံပေါ်ပေမယ့် နွေးထွေးဖော်ရွေတဲ့ Seon Jae Kyu က Yoon Bom ကို သဘောကျပြီး စိတ်ရင်းကိုဖော်ပြလာတဲ့အခါမှာတော့...Yoon Bom ရဲ့ပိတ်ထားတဲ့ စိတ်တံခါးကိုပြန်ဖွင့်နိုင်သွားမလားဆိုတာ ဒီကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ် ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါနော်~~
❤15🔥1
The Judge Returns

Channel Link
https://t.me/+2rpA6NltqgUyODc1

Lee Han-Young သည် အဂတိလိုက်စားသော တရားသူကြီးတစ်ဦးဖြစ်ပြီးသူ၏ အခွင့်အာဏာကို အသုံးချ၍ ယောက္ခမဖြစ်သူ၏ ရှေ့နေရုံးအား ပိုင်ဆိုင်နိုင်ဖို ကြိုးစားခဲ့သူတစ်ဦးဖြစ်သည်။ Lee Han-Young တစ်ယောက် အဂတိလိုက်စားမှုများ ရပ်တန့် ရန်ဆုံးဖြတ်လိုက်ချိန်တွင်မှာတော့ သူသည် လွန်ခဲ့တဲ့ ၁၀ နှစ်က အချိန်ကို ပြန်လည်ရောက်ရှိနေကြောင်း သိရှိ လိုက်ရပြီးနောက် ဘဝကို အသစ်က ပြန်စရန်နှင့် မကောင်းမှုကျူးလွန်သူများကို အပြစ်ပေးရန် ကြိုးပမ်းတော့သည်။
Kang Shin-Jin သည် ဆိုးလ်ဗဟိုခရိုင်တရားရုံး၏ တရားသူကြီးချုပ်တစ်ယောက်ဖြစ်ပြီး ယခင်သမ္မတဟောင်းဦးဆောင်သော လျှိဝှက်အစိုးရအဖွဲ တွင်လည်း အရေးပါသူတစ်ဦးဖြစ်သည်။ သူသည် Lee Han-Young နှင့် သဘောထားမတိုက်ဆိုင်မှုများရှိခဲ့သူဖြစ်သည်။ Kim Jin-A သည် စုံစမ်းရေးမှူးတစ်ဦးဖြစ်ပြီး S Group မှ Jang Tae-Sik ကို ဖမ်းဆီးချင်၍ စုံစမ်းရေးမှူးတစ်ဦးဖြစ်လာသူဖြစ်သည်။ သူမကို ကူညီရန် သဘောတူထားသည့် Lee Han-Young နှင့် ပူးပေါင်းဆောင်ရွက်နေသော်လည်း Lee Han-Youngအား အပြည့်အဝမယုံကြည်နိုင်သေးသောအခါ...
❤6👍2😁1
To My Beloved Thief

Channel Link
https://t.me/+CNl6JJ_vE3FhZGM1

နေ့ဘက်မှာ ဆေးကုသပေးတဲ့ သမားတော်မလေးဖြစ်ပြီး ညဘက်မှာတော့ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေဆီက ပစ္စည်းတွေကို ခိုးယူပြီး ဆင်းရဲသားတွေကို ဝေငှပေးတဲ့ "Gil-dong" ဆိုတဲ့ နာမည်ကျော် သူခိုးမလေး Eun-jo ...

တစ်နေ့မှာတော့ သူ့ကို ဖမ်းဆီးဖို ကြိုးစားနေတဲ့ မင်းသား Yi Yeol နဲ့ မတော်တဆ ခန္ဓာကိုယ်ချင်း ဝိညာဉ်လဲသွားတဲ့အခါမှာ...

ရယ်မောရသလို ရင်ခုန်စရာကောင်းတဲ့ အဖြစ်အပျက်တွေ စတင်လာမှာဆိုတော့ ဘာဆက်ဖြစ်မလဲ ကြည့်လိုက်ရအောင်ပါနော်
❤9
Can this love be translated?

Channel Link
https://t.me/+Rq0N4K7hL2tkOTZl

" စကားလုံးတွေကိုတော့ ကျွန်တော် ဘာသာပြန်ပေးနိုင်ပေမယ့် ခင်ဗျားရဲ့ နှလုံးသားကိုတော့ ကျွန်တော် ဘယ်လို ဘာသာပြန်ရမလဲ "
ပရော်ဖက်ရှင်နယ် ဘာသာပြန်တစ်ယောက် Joo Ho-jin နဲ့ ပွင့်လင်းလွန်းပြီး စကားပြောကြမ်းတဲ့ ကမ္ဘာကျော် မင်းသမီးချော Cha Mu-hee တိုနှစ်ယောက်ရဲ့ အလုပ်သဘောအရ တွေ့ဆုံမှုကနေ ပေါက်ဖွားလာတဲ့ romantic drama ဇာတ်လမ်းတစ်ပုဒ်။အကျင့်စရိုက်ချင်းမတူညီကြတဲ့ လူနှစ်ယောက်ဟာ ဘာသာစကား မတူညီမှုတွေ၊ နားလည်မှု လွဲမှားမှုတွေကြားကနေ "အချစ်" ဆိုတဲ့ ဘာသာစကားကို ဘယ်လို နားလည်အောင် ကြိုးစားကြမလဲ။နာမည်ကြီးမင်းသားချော Kim Seon-ho (Hometown Cha-Cha-Cha) နဲ့ မင်းသမီးချော Go Youn-jung (Moving/Alchemy of Souls) တိုရဲ့ ပထမဆုံး တွဲဖက်သရုပ်ဆောင်မှုက ဘယ်လောက်ထိ Chemistry မိမိနဲ့ မြင်တွေ့ရမလဲဆိုတာ အားလုံးက စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
❤34❤‍🔥1🥰1🍓1🦄1
No Tail to Tell

⭐️ Channel Link
https://t.me/+B4ckTDRFDAFjMmE9

Eun-ho (Kim Hye-yoon) ဟာ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာတဲ့ Gumiho တစ်ကောင်ပါ။ ဒါပေမယ့် တခြား Gumiho တွေလို လူသားဖြစ်ဖို ကြိုးစားတာမျိုး၊ လူ့နှလုံးကို စားဖို ကြိုးစားတာမျိုး လုံးဝမလုပ်ပါဘူး။ သူရဲ့ ရည်မှန်းချက်က "လူသားမဖြစ်ဘဲ ထာဝရနုပျို၊ လူငယ်အဖြစ် ပျော်ပျော်နေဖို" ပါပဲ။ အိုမင်းရင့်ရော်ခြင်းနဲ့ တာဝန်ဝတ္တရားတွေ များလှတဲ့ လူ့ဘဝထက် မြေခွေးဘဝက ပိုပြီး လွတ်လပ်တယ်လို ယူဆထားတဲ့ မြေခွေးမလေးပေါ့နော်

ဒါပေမယ့် ကံကြမ္မာရဲ့ နောက်ပြောင်မှုကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး အရာရာမှာ ပြီးပြည့်စုံနေတဲ့ ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် Kang Si-yeol (Lomon) နဲ့ မတော်တဆ ထိတွေ့မိရာကနေ Eun-ho ရဲ့ အမြီးတွေ တစ်ခုပြီးတစ်ခု ပြုတ်ထွက်ကုန်ပြီး မလိုချင်ဆုံးဖြစ်တဲ့ "လူသား" ဖြစ်သွားချိန်မှာတော့... ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်လိုက်ရအောင်ပါနော်
Please open Telegram to view this post
VIEW IN TELEGRAM
❤19
Undercover Miss Hong

Channel Link
https://t.me/+xqxP_aBFq4MwNmM1

ဘဏ္ဍာရေးအရာရှိ Hong Geum-Bo တစ်ယောက် မသင်္ကာစရာ ငွေကြေးစီးဆင်းမှုတွေကို စုံစမ်းဖိုအတွက် အသက် ၂၀ အရွယ် အလုပ်သင် Hong Jang-Mi အဖြစ် ရုပ်ဖျက်ပြီး ကုမ္ပဏီတစ်ခုအတွင်းကို အသွင်ယူဝင်ရောက်ခဲ့ပါတယ်။ ထိုကုမ္ပဏီရဲ့ CEO Sin Jeong-Woo တစ်ချိန်က အသည်းစွဲချစ်ခဲ့ရသူနဲ့ အလုပ်သင်မလေး Jang-Mi တို ရုပ်ချင်းတစ်ထေရာတည်း တူနေတဲ့အခါ... ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းရဲ့ ရနံ့တွေနဲ့အတူ သူတိုကြားမှာ ဘယ်လိုရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းတွေ ဆက်ဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

ဒီည လာမယ်နော်။ မင်မင်မေ့နေမှာစိုးလို့ ကြို share ပေးထားတာ 😁😁
❤10
Positively Yours အပိုင်း (၁)

Channel Link
https://t.me/+b_ykx9Azq4Q4ZDE1

ခေါင်းအစခြေအဆုံးပြီးပြည့်စုံပြီး ဆုံးသွားတဲ့အစ်ကိုနေရာမှာ မိသားစုလုပ်ငန်းကို ဦးဆောင်နေတဲ့ Kang Du Jun ဟာ လက်ထပ်ခြင်းဟာ သူ့ဘဝနဲ့မသက်ဆိုင်ဘူးလိုမှတ်ယူထားသူပါ။ အလုပ်လုပ်တဲ့နေရာမှာ အရမ်းတော်ပေမယ့် အချစ်ရေးမှာတော့ နုံချာနေတဲ့ Jang Hui Won, မိဘတွေရဲ့ကွာရှင်းမှုအပြင် ကြမ်းတမ်းတဲ့မိခင်ရဲ့အောက်မှာ ကြီးပျင်းလာရလို အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းနေမယ်လိုဆုံးဖြတ်ထားသူပါ။ သူတိုနှစ်ယောက် မတော်တဆတစ်ညတာကုန်ဆုံးမိလိုက်တဲ့အခါ ဘယ်လိုမမျှော်လင့်ထားတဲ့ အပြောင်းအလဲအချိုးအကွေ့တွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရမယ့် အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။
❤20
Recipe For Love အပိုင်း (၁)

Channel Link
https://t.me/+iHyHfnr5gHk4MWQ9

အမေရဲ့ ဖိအားပေးမှုကြောင့် ဆရာဝန်တစ်ယောက်ဖြစ်လာတဲ့ Gong Joo-A (Jin Se-Yun) က ဆရာဝန်အလုပ်မလုပ်ဘဲ ဖက်ရှင်ဒီဇိုင်နာအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ အလုပ်ဝင်ခဲ့ရတဲ့ Taehan လုပ်ငန်းစုမှာ အဖွဲမှူးရာထူးအထိ ရောက်ခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုကြောင့် ရာထူးပြောင်းရွှေ့ခံခဲ့ရပါတယ်။ အဲဒီလိုနဲ့ အထွေထွေမန်နေဂျာအဖြစ် ကုမ္ပဏီကို အသစ်ရောက်လာတဲ့ Yang Hyun-Bin (Park Ki-Woong) ရဲ့ လက်အောက်မှာ အလုပ်လုပ်ဖို အကြောင်းဖန်လာပါတော့တယ်။

Yang Hyun-Bin နဲ့ Gong Joo-A တိုရဲ့ မိသားစုတွေက အရင်ကတည်းက ရန်သူတွေဖြစ်ကြပေမယ့် Yang Hyun-Bin ဟာ Gong Joo-A ကို ငယ်ငယ်တည်းက တစ်ဖက်သတ်ချစ်နေခဲ့တာပါ။ အချစ်ဦးနဲ့ အလုပ်ခွင်မှာ ပြန်တွေ့ရတဲ့အခါ သူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေးကို တိုးတက်အောင် ကြိုးစားပါတော့တယ်။
❤3
Recipe For Love အပိုင်း (၁)

Channel Link
https://t.me/+iHyHfnr5gHk4MWQ9

အမေရဲ့ ဖိအားပေးမှုကြောင့် ဆရာဝန်တစ်ယောက်ဖြစ်လာတဲ့ Gong Joo-A (Jin Se-Yun) က ဆရာဝန်အလုပ်မလုပ်ဘဲ ဖက်ရှင်ဒီဇိုင်နာအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ အလုပ်ဝင်ခဲ့ရတဲ့ Taehan လုပ်ငန်းစုမှာ အဖွဲမှူးရာထူးအထိ ရောက်ခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုကြောင့် ရာထူးပြောင်းရွှေ့ခံခဲ့ရပါတယ်။ အဲဒီလိုနဲ့ အထွေထွေမန်နေဂျာအဖြစ် ကုမ္ပဏီကို အသစ်ရောက်လာတဲ့ Yang Hyun-Bin (Park Ki-Woong) ရဲ့ လက်အောက်မှာ အလုပ်လုပ်ဖို အကြောင်းဖန်လာပါတော့တယ်။

Yang Hyun-Bin နဲ့ Gong Joo-A တိုရဲ့ မိသားစုတွေက အရင်ကတည်းက ရန်သူတွေဖြစ်ကြပေမယ့် Yang Hyun-Bin ဟာ Gong Joo-A ကို ငယ်ငယ်တည်းက တစ်ဖက်သတ်ချစ်နေခဲ့တာပါ။ အချစ်ဦးနဲ့ အလုပ်ခွင်မှာ ပြန်တွေ့ရတဲ့အခါ သူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေးကို တိုးတက်အောင် ကြိုးစားပါတော့တယ်။

အဲဒီလိုနဲ့ အနှစ်သုံးဆယ်ကျော် ရန်သူတွေဖြစ်ခဲ့ကြတဲ့ မိသားစုနှစ်ခုက သဘောထားမတိုက်ဆိုင်မှုတွေကို ကျော်လွှားပြီး အထင်လွဲမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်။
❤8
Honour (2026)

Channel Link
https://t.me/+2ZVHHAooKbQ3NzFl

တက္ကသိုလ်မှာ ဆုံတွေ့ခဲ့သော အမျိုးသမီး ရှေ့နေ သုံးဦးဟာ သူ(မ)တို့ရဲ့ ဆယ်စုနှစ် နှစ်ခုကြာ မြှုပ်နှံထားသည့် လျှို့ဝှက်ချက်တစ်ခု ပြန်လည်ပေါ်လာပြီး သူ(မ)တို့၏ဘဝများကို အနှောင့်အယှက်ပေးလာသည့်အခါ ခိုင်မြဲစွာနဲ့ စိတ်ပိုင်းဖြတ်ပြီး ပြန်လည်တိုက်ခိုက်ကြတဲ့ ကျိုးပဲ့သွားရင်တောင် ပြိုလဲမသွားမယ့် သူ(မ)တို့ရဲ့ ကြံ့ခိုင်မှုနဲ့ ခင်မင်မှုနှောင်ကြိုးကို အသားပေးရိုက်ကူးထားတဲ့ Mystery-Thriller ဇာတ်ကားကောင်းလေးမို့ စောင့်မျှော်ကြည့်‌‌ရှုပေးကြပါဦး။
❤7
Bloody Flower အပိုင်း (၁)

Channel Link
https://t.me/+t36Awd7lDY00YThl

မသန်စွမ်းသူတွေကို ပြန်ပေးဆွဲမှုနဲ့ အဖမ်းခံလိုက်ရတဲ့ Lee U Gyeom ဆိုသူရဲ့ နောက်ကွယ်က ထိတ်လန့်စရာ အမှန်တရားတစ်ခု

သူက ဆေးကျောင်းကနေ ပညာတစ်ပိုင်းတစနဲ့ ကျောင်းထွက်လိုက်သူတစ်ဦးဖြစ်ပြီး လူသားတွေကို အရှင်လတ်လတ် အသုံးပြုကာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေးပညာစမ်းသပ်မှုတွေကို ပြုလုပ်ခဲ့တဲ့ သွေးအေးလူသတ်သမားတစ်ဦးပါ။

ဒါပေမယ့် ဒီဇာတ်လမ်းက အဲဒီမှာတင် ရပ်မသွားပါဘူး။ တစ်ကမ္ဘာလုံးက ဆရာဝန်တွေ လက်လျှော့ထားရတဲ့ "ကင်ဆာ" နဲ့ "မပျောက်နိုင်တဲ့ ရောဂါဆိုး" တွေကို အမြစ်ပြတ်ကုသနိုင်တဲ့ နည်းပညာကို ရှာဖွေတွေ့ရှိထားတယ်လို ကြွေးကြော်လာတဲ့အခါမှာတော့... တစ်လောကလုံး လှုပ်ခတ်သွားခဲ့ပါတယ်။

သူ့ရဲ့ ဆေးပညာတွေကို လူသားထုအတွက် အသုံးပြုပေးဖိုအတွက် ပြန်လည်တောင်းဆိုလိုက်တာက "သူကျူးလွန်ခဲ့တဲ့ လူသတ်မှုတွေအတွက် အပြစ်ကင်းလွတ်ခွင့်" ပဲ ဖြစ်ပါတယ်။ တကယ်လို သူ့ကို အပြစ်ပေးဖို ကြိုးစားရင် ဒီဆေးနည်းတွေနဲ့အတူ သူကိုယ်သူ အဆုံးစီရင်ပစ်မယ်လို ခြိမ်းခြောက်လာပါတယ်။ ဒီတော့ လူနည်းစုရဲ့ အသက်တွေကို စတေးပြီး ရရှိလာတဲ့ ကယ်တင်ခြင်းက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါနော်
❤9
Our Universe အပိုင်း (၁)

Channel Link
https://t.me/+4kLuvouE-0RlMDQ9

မင်းသား၊ မင်းသမီးချောလေးတွေရဲ့ အချစ်ဟာသဇာတ်လမ်းချိုချိုလေး ထွက်ရှိလာပါပြီ....Sun Tae-Hyeong (Bae In-Hyuk) ကတော့ ဓာတ်ပုံဆရာတစ်‌ယောက်ဖြစ်ပြီး တစ်ကိုယ်တည်း လွတ်လပ်စွာ‌ နေရတာကို သဘောကျလေ့ရှိပါတယ်။ လွတ်လပ်အေးချမ်းတဲ့ပုံစံပေါ်ပေမယ့် နာကျင်မှုတွေကို မြိုသိပ်ဖုံးကွယ်ထားတတ်သူလေးဖြစ်ပါတယ်။ Woo Hyun-Jin (Roh Jeong-Eui) ကတော့ သာမန်နေ့စဉ်ဘ၀ကို ပိုင်ဆိုင်လိုတဲ့အိပ်မက်ရှိပြီး အလုပ်ရှာဖွေနေဆဲသူတစ်ယောက်ပါ။ Sun Tae-Hyeong နဲ့ Woo Hyun-Jin တိုဟာ ခမည်းခမက်မိသားစုအဖြစ် ဆက်နွယ်‌နေပြီး တစ်ယောက်နဲ့တစ်ယောက် သိပ်မတည့်ကြပါဘူး။ တစ်နေ့မှာတော့ Sun Tae-Hyeong ရဲ့အစ်ကိုနဲ့ Woo Hyun-Jin ရဲ့အစ်မဖြစ်သူတိုဟာ မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားခဲ့ပြီး သူတိုရဲ့ ၂၀ လ အရွယ်ကလေးလေးကို ချန်ရစ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ Sun Tae-Hyeong နဲ့ Woo Hyun-Jin တိုဟာ သူတိုရဲ့တူလေးကိုပြုစုပျိုးထောင်ဖို အတူနေရပါတော့တယ်။ အပျိုနဲ့လူပျို နှစ်ယောက် ကလေးထိန်းဖို ဖြစ်လာတဲ့အခါ ကြုံတွေ့ရမယ့် အခက်အခဲတွေကို အတူဖြေရှင်းသွားကြရင်း သူတိုနှစ်ယောက်ကြားထဲက ဆက်ဆံရေး ပြောင်းလဲသွားမလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲဖြစ်ပါတယ်။
❤20
The Art of Sarah အပိုင်း (၁)

Channel Link
https://t.me/+deZaA5hxO31iN2Zl

အောင်မြင်မှုတွေနဲ့ နာမည်ကြီးလူသိများတဲ့ public figure တစ်ယောက်ဖြစ်တဲ့ Sarah Kim...သူမရဲ့ နာမည်ကို နေရာတိုင်းမှာကြားနိုင်ပေမယ့် နေရာတိုင်းမှာတွေ့နိုင်တဲ့သူမျိုးမဟုတ်တဲ့ လျှိဝှက်ဆန်းကြယ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ Sarah Kim ဟာ လူသတ်မှုရဲ့ နစ်နာသူဖြစ်လာပြီး သူမရဲ့ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ ဒီအမှုကိုစုံစမ်းဖိုဖြစ်လာတာကတော့ စုံထောက် Mu Gyeong ဖြစ်ပြီး Sarah Kim ရဲ့ ဘယ်လိုမျိုး လူမသိသူမသိလျှိဝှက်ချက်တွေ၊ ဖုံးကွယ်မှုတွေကို သိရှိလာရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။
❤17🥰1
Love Phobia

Channel Link
https://t.me/+6kdV8o1Ws_85YWY1

ဒီတစ်ခေါက်ကြည့်ရမယ့် Love Phobia ဆိုတဲ့ ဒရာမာလေးကတော့ AI dating app CEO တစ်ယောက်ဖြစ်တဲ့ Yoon Bi-Ah (အချစ်ကို ကြောက်ရွံ့နေသူ) နဲ့
romance novel စာရေးဆရာ Han Sun-Ho (အချစ်ကို ယုံကြည်တဲ့သူ) တို့ ကြားက ဆန့်ကျင်ဘက်နှလုံးသားလေးနှစ်ခုကို လှလှပပလေး ပုံဖော်ပြထားတဲ့ rom-com drama လေးတစ်ခုပဲဖြစ်ပါတယ်။

ကဲ အချစ်နဲ့ AI ကို ဘယ်လိုမျိုး ပေါင်းစပ်နှိုင်းယှဉ်ပြထားမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။
❤10
In Your Radiant Season အပိုင်း (၁)

Channel Link
https://t.me/+DjbSb1ygKooyNmI1

Sunwoo Chan ဟာ ထူးချွန်တက်ကြွတဲ့ အမေရိကန် အန်နီမေးရှင်းစတူဒီယိုတစ်ခုက animator တစ်ယောက်ဖြစ်ပြီး ပျော်ရွှင်တက်ကြွတဲ့ ပုံစံနောက်ကွယ်မှာ လျှိဝှက်ချက်တွေအများကြီး သိုဝှက်ထားသူတစ်ယောက်ပါ။
မောင်နှမသုံးယောက်မှာ အကြီးဆုံးဖြစ်တဲ့ Song Ha Ran ကတော့ သူ့ရဲ့ အနုပညာဆန်တဲ့ အမြင်၊ ဖန်တီးနိုင်မှုနဲ့ အလုပ်အပေါ်မှာ ထားရှိတဲ့ ကျင့်ဝတ်တွေကြောင့် ဂုဏ်သတင်းကျော်ကြားတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီးလူတိုင်းနဲ့ အဆင်ပြေနေပေမယ့် အတွင်းစိတ်ထဲမှာတော့ ဘယ်သူနဲ့မှ ထူးခြားတဲ့ ဆက်နွယ်မှုမျိုး မဖြစ်စေချင်တဲ့ ဆန္ဒရှိတဲ့ သူတစ်ဦးဖြစ်ပါတယ်။
မတော်တဆမှုတစ်ခုကြောင့် Sunwoo Chan တစ်ယောက် အကြားအာရုံနဲ့ မှတ်ဉာဏ်တွေဆုံးရှုးသွားချိန်မှာတော့ Song Ha Ran က သူ့ရဲ့ ကယ်တင်ရှင်ဖြစ်လာပါတော့တယ်။
❤21
Pearl in Red

Channel Link
https://t.me/+aVeKlWbZACM2ZThl

အမြွှာအစ်မ Kim Myeong-hee ကို ဆုံးရှုးခဲ့ရတဲ့ Kim Dan-hee ဟာ သူ့အစ်မရဲ့ သေဆုံးမှုကို ဖော်ထုတ်ရန် သူ့အစ်မလို ဟန်ဆောင်ပြီး Adele လုပ်ငန်းစုထဲကို ဝင်ရောက်လာခဲ့ပါတယ်။
Baek Jin-ju ကလည်း Adele လုပ်ငန်းစုကြောင့် မိသားစုကို ဆုံးရှုးထားရတဲ့အတွက် လက်စားချေဖို အကြံနဲ့ အထောက်အထားအတုလုပ်ကာ ဝင်ရောက်လာပါတယ်။
ဒီအမျိုးသမီးနှစ်ယောက် ပူးပေါင်းပြီး အမိုက်စားလက်စားချေ သွားကြမလား...ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ ညစဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ရသစုံလင်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
❤11
The Practical Guide to Love အပိုင်း (၁)

Channel Link
https://t.me/+BNERjXx7WiE3NjRl

Lee Ui-Young ကတော့ ဟိုတယ်တစ်ခုရဲ့ဝယ်ယူရေးအဖွဲ့မှာအလုပ်လုပ်နေတဲ့ အသက် ၃၀ကျော်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ သူက အလုပ်မှာတော့ အရည်အချင်းရှိပြီး ယုံကြည်ရတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ကိုယ်ပိုင်ဘဝကတော့အဆင်မပြေဖြစ်နေတဲ့လူတစ်ယောက်ပါ။ အဲဒါကြောင့် အောင်သွယ်တော်အေးဂျင့်ကတစ်ဆင့် ကြင်ဖက်တွေ့ဖို့ဆုံးဖြတ်ခဲ့ပြီး Song Tae-Seob နဲ့ Shin Ji-Sooဆိုတဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ ကောင်လေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Song Tae-Seob ကတော့ သစ်သားလက်မှုလုပ်ငန်းတစ်ခုရဲ့ပိုင်ရှင်ဖြစ်ပြီး သူ့ရဲ့နူးညံ့တဲ့အသွင်အပြင်နဲ့မလိုက်အောင် စိတ်ဓာတ်သန်မာပြီး ချစ်ရတဲ့မိန်းကလေးနဲ့အတူ မိသားစုဘဝကို ထူထောင်ချင်တဲ့လူတစ်ယောက်ပါ။ Shin Ji-Soo ကတော့ လွတ်လွတ်လပ်လပ်နေရတာကို သဘောကျတဲ့လူဖြစ်ပြီး Lee Ui-Young နဲ့ တွေ့ပြီးတဲ့နောက် သူ့ရဲ့ခံယူချက်တွေကို တဖြည်းဖြည်းပြောင်းလဲလာတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ သူတို့ရဲ့သုံးပွင့် ဆိုင် အချစ်ဇာတ်လမ်းလေးကို စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
❤7