Fun Fun 🍀 (Link Channel)
38.4K subscribers
380 photos
56 videos
415 links
Download Telegram
The Price of Confession

Channel Link
https://t.me/+ygo_EJhxIFk2ZDFl

An Yun Su ဆိုတဲ့ အနုပညာဆရာမဟာ ယောက်ျားဖြစ်သူအသတ်ခံလိုက်ရပြီး လူသတ်တရားခံအဖြစ် သံသယရှိသူဖြစ်သွားတည်းက ဘဝမှာ ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဒီလိုနဲ့ အမှုကနေလွတ်မြောက်ဖိုကြိုးစားရင်း ထောင်ထဲမှာ စုန်းမလိုနာမည်ကြီးနေတဲ့ Mo Eun နဲ့တွေ့ဆုံခဲ့ပါတယ်။လျှိဝှက်ဆန်းကြယ်မှုတွေနဲ့ သူတိုနှစ်ယောက်ရဲ့တွေ့ဆုံမှုကနေ ကြေးကြီးတဲ့အပေးအယူတစ်ခုကိုလုပ်ခဲ့ပါတယ်။တစ်ဖက်မှာလည်း သဘောထားကောင်းပြီး ယုံကြည်ချက်ပြင်းထန်တဲ့ အမှုစစ် Baek Dong Hun က အဲဒီအပေးအယူကိုစုံစမ်းဖိုကြိုးစားရင်း ဘယ်လိုထိတ်လန့်ဖွယ်ဖြစ်ရပ်မျိုးတွေကြုံလာရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး Jeon Do-Yeon နဲ့ နာမည်ကြီးမင်းသမီး Kim Go-Eun တိုနှစ်ယောက်ရဲ့ပြိုင်ဆိုင်မှုအားက ပရိသတ်ကြီးရဲ့ရင်ကို ဘယ်လောက်ထိလှုပ်ကိုင်နိုင်မလဲဆိုတာ ရင်ခုန်ကြည့်ရအောင်ပါ။
❤7🔥1
Pro bono

⭐️ Channel Link
https://t.me/+Bpha8-yBY4YzNGJl

ဒီတစ်ခါမှာတော့ Hospital Playlist ထဲက မင်းသားကြီး Jung Kyung Ho ရဲ့ အမိုက်စား ဟာသ‌ကားလေး အလှည့်ပြန်လည်ရောက်ရှိလာပါပြီ။
Kang David (Jung Kyung Ho)ဟာ ရည်မှန်းချက်ကြီးပြီး နာမည်ကြီးတဲ့တရားသူကြီးတစ်ယောက်ဖြစ်ခဲ့ပေမယ့် မထင်မှတ်ဘဲ ပြည်သူ့အကျိုးဆောင်ရှေ့နေ အဖြစ်ကို ရောက်ရှိသွားပါတယ်။
"Pro Bono" လို ခေါ်တဲ့ အများအကျိုးဆောင်ရှေ့နေအဖွဲမှာ သူနဲ့ ခံယူချက် ဆန့်ကျင်ဘက်ဖြစ်တဲ့ ရှေ့နေ Park Gi Ppeum(So Ju Yeon) နဲ့ တွေ့ဆုံပြီး ဥပဒေနည်းလမ်းကျကျ နစ်နာသူတွေကို ဘယ်လိုမျိုး ကာကွယ်ပြီး တရားမျှတမှုကို ဖော်ဆောင်သွားမလဲဆိုတာကို "ဒီကားလေးမှာ ရွှင်မြူးစွာကြည့်ရမှာဖြစ်ပါတယ်။
ရှေ့နေကားဖြစ်နေလို ပျင်းစရာကောင်းမယ်မထင်လိုက်ပါနဲ့... မင်းသားကြီး Kyung Ho ရဲ့ အပျံစားသရုပ်ဆောင်ချက်တွေနဲ့ ဟာသတွေကို ပြန်လည် တွေ့မြင်ရမှာဖြစ်လို လက်လွှတ်မခံဘဲ စောင့်ကြည့်လိုက်ပါ။
Please open Telegram to view this post
VIEW IN TELEGRAM
❤8🔥1
Surely Tomorrow အပိုင်း (၁)

Channel Link
https://t.me/+TlzdZh_BT4s2NThl

“Surely Tomorrow” ဟာ healing romance + life drama အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ မနက်ဖြန်ကို အမြဲ ကြောက်ရွံနေတဲ့ ကောင်မလေးနဲ့ သဘောထားကောင်းပြီး အနာဂတ်အတွက် တက်ကြွနေတဲ့ ကောင်လေးတို ပြတ်စဲပြီးသား relationship တစ်ခုကို အေးအေးဆေးဆေးလေးနဲ့ ဘယ်လို healing ပြန်လုပ်ကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။
❤11👍1🔥1
First Man အပိုင်း(၁)

Channel Link
https://t.me/+n4hUjg-aMqBlZjQ1

၁၉၉၅ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အမွှာညီအစ်မနှစ်ဦးဖြစ်ကြတဲ့ Oh Jang-mi (ရိုးသားပြီး စားဖိုမှူးဖြစ်ရန် အိပ်မက်ရှိသူ) နှင့် Ma Seo-rin ( Dream လုပ်ငန်းစုကြီး ရဲ့ မြေးမအဖြစ် မွေးစားခံရတဲ့ မာနကြီးသူ) တိုရဲ့ ဘဝတွေဟာ Chae Hwa-young ဆိုတဲ့ လောဘကြီးတဲ့ ဗီလိန်အမျိုးသမီးရဲ့ ပယောဂကြောင့် ကံကြမ္မာဖလှယ်ကာ ရှုပ်ထွေးပွေလီလာပါတော့တယ်
Hwa-young က လောဘကျောကပ်ကာ အာဏာရဖိုအတွက် အခြားသူတစ်ဦးရဲ့ ဘဝကို လုယူဖျက်ဆီးပြီး လိုက်တဲ့အခါ...ပြင်းထန်တဲ့ စိန်ခေါ်တိုက်ခိုက်မှု‌‌ေတွ၊ အချစ်ရေးပြိုင်ဆိုင်မှု‌တွေနဲ့ လျှိဝှက်ချက်တွေပေါ်ပေါက်လာမှာဆိုတော့ အခုပဲ ကြည့်လိုက်ရအောင်ပါနော်
❤13👍2
Villains အပိုင်း (၃) (၄)

Channel Link
https://t.me/+y1ToheRm3zliM2Jl

အလွန်ထက်မြက်တဲ့ ရာဇဝတ်မှုစီစဥ်သူ ကုဒ်အမည် J က ဖုံးကွယ်ထားတဲ့ သူတစ်ဦးဖြစ်ပြီး သူစီစဉ်သမျှရာဇဝတ်မှုတိုင်းက ၁၀၀ရာခိုင်နှုန်းအောင်မြင်ပြီး သူ့လက်ရာတွေကို ပြောင်မြောက်တဲ့လက်ရာတွေလို ဂုဏ်ယူစွာနဲ့ခေါ်ဆိုတတ်သူပါ။

Jang Joong-Hyeok ကတော့ ငွေမက်တဲ့ အကျင့်ပျက်စုံထောက်ဖြစ်ပြီး စုံထောက်ဆိုတဲ့အထောက်အထားကိုအသုံးချပြီး လူတွေရော၊သူခိုး‌တွေဆီကပါလာဘ်ယူတဲ့သူတစ်ယောက်။

Cha Ki-Tae ကတော့ NIS မှာ ငွေးကြေးဆိုင်ရာရာဇဝတ်မှုစုံစမ်းရေးအဖွဲရဲ့ အကြီးအကဲဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၅နှစ်က J စီစဉ်တဲ့ ရာဇဝတ်မှုကြောင့် ဘဝဟာရှုပ်ထွးခဲ့ရပြီး အလုပ်ကနေလည်းအနားယူခဲ့ရပြီး အခုချိန်မှာတော့ J ဆိုတဲ့လူကို လိုက်ရှာနေသူတစ်ဦး။

လွန်ခဲ့တဲ့ ၅နှစ်က ရာဇဝတ်မှုကြောင့် ဘဝဟာလုံးဝပျက်စီးခဲ့ရပြီး အဲဒီနောက်ပိုင်းကစလို ငွေတုလုပ်နည်းကို သင်ယူခဲ့သူ အခုချိန်မှာတော့ ငွေတုပညာရှင်တစ်ယောက်ဖြစ်နေတဲ့ Han Soo-Hyun ကလည်း J ကို လက်စားချေနိုင်မယ့်အခိုက်အတန့်ကိုစောင့်စားနေသူပါ။သူ(မ)တို J ကိုလက်စားချေနိုင်မလားဆိုတာကိုတော့ ကြာသပတးနေ့တိုင်းစောင့်မျှော်ကြည့်ရှူပေးကြပါဦး။
❤14🔥1
Love Me အပိုင်း (၁) (၂)

Channel Link
https://t.me/+BLXx_JgICbg4ZjM1

အောင်မြင်တဲ့ သားဖွားမီးယပ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Seo Joon-kyeongက ပြီးပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ထားတယ်လိုထင်ရပေမဲ့ လွန်ခဲ့တဲ့ ၇နှစ်က မိသားစုပြိုကွဲမှုနဲ့ပတ်သက်တဲ့ နာကျင်မှုတွေကိုဖုံးကွယ်ပြီး အထီးကျန်မှုကို နက်ရှိင်းစွာခံစားနေရပါတယ်။ သူမရဲ့ဖုံးကွယ်ထားတဲ့ ပုံစံကို အမှန်အတိုင်းမြင်ပေးတဲ့ ဂီတဒါရိုက်တာ Joo Do-hyun နဲ့တွေ့ဆုံပြီးတဲ့နောက် သူမရဲ့ဘဝက စတင်ပြောင်းလဲ လာပါတယ်။ Melodrama အမျိုးအစားဖြစ်ပြီး ငြိမ့်ငြိမ့်လေးနဲ့ ဆွဲခေါ်သွားမယ့် Love Me ဆိုတဲ့ ကားလေးကို စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
❤8
Idol I အပိုင်း (၁)

Channel Link
https://t.me/+2da2-0sMO_JjMjE1

ရာဇဝတ်ရှေ့နေတစ်ဦးဖြစ်တဲ့ Maeng Se-Na (Sooyoung) ဟာ တခြားရှေ့နေတွေ ရှောင်သမျှ အမှုတိုင်းကိုလက်ခံပြီး အောင်မြင်တဲ့ ရှေ့နေတစ်ဦးဖြစ်ပါတယ်။ သူမ ရဲ့ လျှိဝှက်ချက်က‌တော့ Idol အဖွဲ Gold Boys ရဲ့ အဖွဲဝင် Do Ra-Ik (Kim Jae-Young) ရဲ့ အမာခံပရိသတ် ဖြစ်နေတာပါပဲ။ ရုတ်တရက်ဆိုသလို Do Ra-Ik ဟာ လူသတ်မှုတရားခံအဖြစ် စွပ်စွဲခံလိုက်ရ‌တော့ Idol အလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ တရားရင်ဆိုင်ရပါ‌တော့တယ်။ ၁၀ နှစ်‌လောက် တိုင်‌အောင် အားပေးခဲ့တဲ့ Idol ကြီးကို အပြစ်ကင်းကြောင်းဖော်ထုတ်ရင်း တရားခွင်မှာ ကိုယ်စားလှယ်ရှေ့နေတစ်ယောက်အနေနဲ့ ဘယ်လိုတွေခုခံ ကာကွယ်ပြီး အမှုကို ဖော်ထုတ်သွားမလဲဆိုတာကတော့...
Idol I ဆိုတဲ့ ဒီကားလေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ Law ကားလေးကိုမှ ထူးထူးခြားခြား အချစ်၊ ဟာသ၊ လျှိဝှက်ဆန်းကြယ်မှုတွေနဲ့အတူ နာမည်ကြီး မင်းသား မင်းသမီးချောလေးတွေနဲ့မြိုင်ဆိုင်စွာ ကြည့်ရမှာပဲဖြစ်ပါတယ်။
❤11❤‍🔥1
Made in Korea အပိုင်း (၁)

Channel Link
https://t.me/+Y4CYba2ZZCU5NGQ1

နာမည်ကြီးမင်းသားနှစ်ယောက်ရဲ့ အားပြိုင်မှုတွေနဲ့အတူ နိုင်ငံရေးလောကရဲ့ရှုပ်ထွေးမှုတွေကို မြင်တွေ့ရမယ့် Made in Korea။အပြင်ပန်းမှာတော့ စည်းကမ်းကြီးတဲ့ အစိုးရအရာရှိဖြစ်ပေမယ့် နောက်ကွယ်မှာ အာဏာနဲ့ငွေကြေးအတွက် မကောင်းမှုမှန်သမျှ ကြိုးကိုင်ဆောင်ရွက်နေတဲ့ Baek Ki-tae ၊ အလျှော့မပေးတတ်တဲ့ ဇွဲလုံလနဲ့ တရားမျှတမှုကို လိုလားတဲ့ အမှုစစ် Jang Geon-young ။ဒီလိုလမ်းကြောင်းမတူညီကြတဲ့ လူနှစ်ယောက် ထိပ်တိုင်ရင်ဆိုင်ကြတဲ့အချိန် အာဏာနဲ့ချမ်းသာကြွယ်ဝမှုကိုပိုင်ဆိုင်ထားတဲ့ Baek Ki-tae ကပဲ အနိုင်ယူသွားမလား ၊ တရားမျှတပြီး ခံယူချက်ပြင်းထန်တဲ့ အမှုစစ် Jang Geon-young ကပဲ အနိုင်ယူသွားနိုင်မလားဆိုတာကတော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာလည်းဖြစ်ပါတယ်။Made in Korea ဟာ Season 2 အနေနဲ့ ထပ်မံထွက်ရှိလာဦးမှာဖြစ်လို ဒီ Season 1 မှာ ပဟေဠိများစွာနဲ့ကျန်ခဲ့ဦးမလားဆိုတာ ရင်ခုန်ရမှာလည်းဖြစ်ပါတယ်။
❤7🤔1
Cashero

Channel Link
https://t.me/+BMn6pRLfE0w2YmY1

Kang Sang Woong ဟာဆိုရင် ဘဝကိုရုန်းကန်ရင်းနေထိုင်နေရတဲ့ သာမန်ဝန်ထမ်းတစ်ယောက်ဖြစ်ပေမယ့် တစ်နေ့မှာတော့ အံ့အားသင့်စရာကောင်းစွာဘဲ ထူးခြားတဲ့စူပါစွမ်းအင်တစ်ခုကို ရရှိသွားခဲ့ပါတယ်။ အဲဒီစွမ်းအင်ကတော့ သူ့လက်ထဲရှိတဲ့ပိုက်ဆံပမာဏအလိုက် ခွန်အားကြီးလာမယ့်စွမ်းအင်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီစွမ်းအားရဲ့မကောင်းတဲ့တစ်ချက်ကတော့ သူ့စွမ်းအားကို သုံးလိုက်ပြီဆိုရင်တော့ လက်ထဲရှိသမျှပိုက်ဆံတွေ ကုန်သွားတာပါ။ Bon Appetit, Your Majesty ထဲက Lee Chae Min နဲ့ Kang Han Na တိုလည်း ဗီလိန်အနေနဲ့ပါဝင်အားဖြည့်ထားတာဖြစ်ပြီး Lee Chae Min ရဲ့ပထမဆုံး ဗီလိန်ကာရိုက်တာလည်းဖြစ်တဲ့ Netflix ရဲ့ "Cashero" ကားလေးကို စောင့်ကြည့်အားပေးကြပါဦးနော်~~
❤16🥰2🤩1
Spring Fever

Channel Link
https://t.me/+637MLKt2FZczYTZl

oon Bom က ဆိုးလ်မှာ နာမည်ကြီးပြီး အချစ်ခံရတဲ့ဆရာမတစ်ယောက်ဖြစ်ပေမယ့် အကြောင်းရင်းတစ်ခုကြောင့် မြိုငယ်လေးဆီ ပြောင်းရွှေ့ရအပြီးမှာတော့ သူ့ရဲ့ခံစားချက်တွေလည်း အေးစက်သွားပါတော့တယ်။ အဲဒီအချိန် လူကောင်ကြီးပြီး ကြမ်းတမ်းပုံပေါ်ပေမယ့် နွေးထွေးဖော်ရွေတဲ့ Seon Jae Kyu က Yoon Bom ကို သဘောကျပြီး စိတ်ရင်းကိုဖော်ပြလာတဲ့အခါမှာတော့...Yoon Bom ရဲ့ပိတ်ထားတဲ့ စိတ်တံခါးကိုပြန်ဖွင့်နိုင်သွားမလားဆိုတာ ဒီကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ် ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါနော်~~
❤15🔥1
The Judge Returns

Channel Link
https://t.me/+2rpA6NltqgUyODc1

Lee Han-Young သည် အဂတိလိုက်စားသော တရားသူကြီးတစ်ဦးဖြစ်ပြီးသူ၏ အခွင့်အာဏာကို အသုံးချ၍ ယောက္ခမဖြစ်သူ၏ ရှေ့နေရုံးအား ပိုင်ဆိုင်နိုင်ဖို ကြိုးစားခဲ့သူတစ်ဦးဖြစ်သည်။ Lee Han-Young တစ်ယောက် အဂတိလိုက်စားမှုများ ရပ်တန့် ရန်ဆုံးဖြတ်လိုက်ချိန်တွင်မှာတော့ သူသည် လွန်ခဲ့တဲ့ ၁၀ နှစ်က အချိန်ကို ပြန်လည်ရောက်ရှိနေကြောင်း သိရှိ လိုက်ရပြီးနောက် ဘဝကို အသစ်က ပြန်စရန်နှင့် မကောင်းမှုကျူးလွန်သူများကို အပြစ်ပေးရန် ကြိုးပမ်းတော့သည်။
Kang Shin-Jin သည် ဆိုးလ်ဗဟိုခရိုင်တရားရုံး၏ တရားသူကြီးချုပ်တစ်ယောက်ဖြစ်ပြီး ယခင်သမ္မတဟောင်းဦးဆောင်သော လျှိဝှက်အစိုးရအဖွဲ တွင်လည်း အရေးပါသူတစ်ဦးဖြစ်သည်။ သူသည် Lee Han-Young နှင့် သဘောထားမတိုက်ဆိုင်မှုများရှိခဲ့သူဖြစ်သည်။ Kim Jin-A သည် စုံစမ်းရေးမှူးတစ်ဦးဖြစ်ပြီး S Group မှ Jang Tae-Sik ကို ဖမ်းဆီးချင်၍ စုံစမ်းရေးမှူးတစ်ဦးဖြစ်လာသူဖြစ်သည်။ သူမကို ကူညီရန် သဘောတူထားသည့် Lee Han-Young နှင့် ပူးပေါင်းဆောင်ရွက်နေသော်လည်း Lee Han-Youngအား အပြည့်အဝမယုံကြည်နိုင်သေးသောအခါ...
❤6👍2😁1
To My Beloved Thief

Channel Link
https://t.me/+CNl6JJ_vE3FhZGM1

နေ့ဘက်မှာ ဆေးကုသပေးတဲ့ သမားတော်မလေးဖြစ်ပြီး ညဘက်မှာတော့ အကျင့်ပျက်ခြစားတဲ့ အရာရှိတွေဆီက ပစ္စည်းတွေကို ခိုးယူပြီး ဆင်းရဲသားတွေကို ဝေငှပေးတဲ့ "Gil-dong" ဆိုတဲ့ နာမည်ကျော် သူခိုးမလေး Eun-jo ...

တစ်နေ့မှာတော့ သူ့ကို ဖမ်းဆီးဖို ကြိုးစားနေတဲ့ မင်းသား Yi Yeol နဲ့ မတော်တဆ ခန္ဓာကိုယ်ချင်း ဝိညာဉ်လဲသွားတဲ့အခါမှာ...

ရယ်မောရသလို ရင်ခုန်စရာကောင်းတဲ့ အဖြစ်အပျက်တွေ စတင်လာမှာဆိုတော့ ဘာဆက်ဖြစ်မလဲ ကြည့်လိုက်ရအောင်ပါနော်
❤9
Can this love be translated?

Channel Link
https://t.me/+Rq0N4K7hL2tkOTZl

" စကားလုံးတွေကိုတော့ ကျွန်တော် ဘာသာပြန်ပေးနိုင်ပေမယ့် ခင်ဗျားရဲ့ နှလုံးသားကိုတော့ ကျွန်တော် ဘယ်လို ဘာသာပြန်ရမလဲ "
ပရော်ဖက်ရှင်နယ် ဘာသာပြန်တစ်ယောက် Joo Ho-jin နဲ့ ပွင့်လင်းလွန်းပြီး စကားပြောကြမ်းတဲ့ ကမ္ဘာကျော် မင်းသမီးချော Cha Mu-hee တိုနှစ်ယောက်ရဲ့ အလုပ်သဘောအရ တွေ့ဆုံမှုကနေ ပေါက်ဖွားလာတဲ့ romantic drama ဇာတ်လမ်းတစ်ပုဒ်။အကျင့်စရိုက်ချင်းမတူညီကြတဲ့ လူနှစ်ယောက်ဟာ ဘာသာစကား မတူညီမှုတွေ၊ နားလည်မှု လွဲမှားမှုတွေကြားကနေ "အချစ်" ဆိုတဲ့ ဘာသာစကားကို ဘယ်လို နားလည်အောင် ကြိုးစားကြမလဲ။နာမည်ကြီးမင်းသားချော Kim Seon-ho (Hometown Cha-Cha-Cha) နဲ့ မင်းသမီးချော Go Youn-jung (Moving/Alchemy of Souls) တိုရဲ့ ပထမဆုံး တွဲဖက်သရုပ်ဆောင်မှုက ဘယ်လောက်ထိ Chemistry မိမိနဲ့ မြင်တွေ့ရမလဲဆိုတာ အားလုံးက စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
❤34❤‍🔥1🥰1🍓1🦄1
No Tail to Tell

⭐️ Channel Link
https://t.me/+B4ckTDRFDAFjMmE9

Eun-ho (Kim Hye-yoon) ဟာ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာတဲ့ Gumiho တစ်ကောင်ပါ။ ဒါပေမယ့် တခြား Gumiho တွေလို လူသားဖြစ်ဖို ကြိုးစားတာမျိုး၊ လူ့နှလုံးကို စားဖို ကြိုးစားတာမျိုး လုံးဝမလုပ်ပါဘူး။ သူရဲ့ ရည်မှန်းချက်က "လူသားမဖြစ်ဘဲ ထာဝရနုပျို၊ လူငယ်အဖြစ် ပျော်ပျော်နေဖို" ပါပဲ။ အိုမင်းရင့်ရော်ခြင်းနဲ့ တာဝန်ဝတ္တရားတွေ များလှတဲ့ လူ့ဘဝထက် မြေခွေးဘဝက ပိုပြီး လွတ်လပ်တယ်လို ယူဆထားတဲ့ မြေခွေးမလေးပေါ့နော်

ဒါပေမယ့် ကံကြမ္မာရဲ့ နောက်ပြောင်မှုကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး အရာရာမှာ ပြီးပြည့်စုံနေတဲ့ ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် Kang Si-yeol (Lomon) နဲ့ မတော်တဆ ထိတွေ့မိရာကနေ Eun-ho ရဲ့ အမြီးတွေ တစ်ခုပြီးတစ်ခု ပြုတ်ထွက်ကုန်ပြီး မလိုချင်ဆုံးဖြစ်တဲ့ "လူသား" ဖြစ်သွားချိန်မှာတော့... ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်လိုက်ရအောင်ပါနော်
Please open Telegram to view this post
VIEW IN TELEGRAM
❤19
Undercover Miss Hong

Channel Link
https://t.me/+xqxP_aBFq4MwNmM1

ဘဏ္ဍာရေးအရာရှိ Hong Geum-Bo တစ်ယောက် မသင်္ကာစရာ ငွေကြေးစီးဆင်းမှုတွေကို စုံစမ်းဖိုအတွက် အသက် ၂၀ အရွယ် အလုပ်သင် Hong Jang-Mi အဖြစ် ရုပ်ဖျက်ပြီး ကုမ္ပဏီတစ်ခုအတွင်းကို အသွင်ယူဝင်ရောက်ခဲ့ပါတယ်။ ထိုကုမ္ပဏီရဲ့ CEO Sin Jeong-Woo တစ်ချိန်က အသည်းစွဲချစ်ခဲ့ရသူနဲ့ အလုပ်သင်မလေး Jang-Mi တို ရုပ်ချင်းတစ်ထေရာတည်း တူနေတဲ့အခါ... ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းရဲ့ ရနံ့တွေနဲ့အတူ သူတိုကြားမှာ ဘယ်လိုရှုပ်ထွေးတဲ့ အချစ်ဇာတ်လမ်းတွေ ဆက်ဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

ဒီည လာမယ်နော်။ မင်မင်မေ့နေမှာစိုးလို့ ကြို share ပေးထားတာ 😁😁
❤10
Positively Yours အပိုင်း (၁)

Channel Link
https://t.me/+b_ykx9Azq4Q4ZDE1

ခေါင်းအစခြေအဆုံးပြီးပြည့်စုံပြီး ဆုံးသွားတဲ့အစ်ကိုနေရာမှာ မိသားစုလုပ်ငန်းကို ဦးဆောင်နေတဲ့ Kang Du Jun ဟာ လက်ထပ်ခြင်းဟာ သူ့ဘဝနဲ့မသက်ဆိုင်ဘူးလိုမှတ်ယူထားသူပါ။ အလုပ်လုပ်တဲ့နေရာမှာ အရမ်းတော်ပေမယ့် အချစ်ရေးမှာတော့ နုံချာနေတဲ့ Jang Hui Won, မိဘတွေရဲ့ကွာရှင်းမှုအပြင် ကြမ်းတမ်းတဲ့မိခင်ရဲ့အောက်မှာ ကြီးပျင်းလာရလို အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းနေမယ်လိုဆုံးဖြတ်ထားသူပါ။ သူတိုနှစ်ယောက် မတော်တဆတစ်ညတာကုန်ဆုံးမိလိုက်တဲ့အခါ ဘယ်လိုမမျှော်လင့်ထားတဲ့ အပြောင်းအလဲအချိုးအကွေ့တွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရမယ့် အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။
❤20
Recipe For Love အပိုင်း (၁)

Channel Link
https://t.me/+iHyHfnr5gHk4MWQ9

အမေရဲ့ ဖိအားပေးမှုကြောင့် ဆရာဝန်တစ်ယောက်ဖြစ်လာတဲ့ Gong Joo-A (Jin Se-Yun) က ဆရာဝန်အလုပ်မလုပ်ဘဲ ဖက်ရှင်ဒီဇိုင်နာအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ အလုပ်ဝင်ခဲ့ရတဲ့ Taehan လုပ်ငန်းစုမှာ အဖွဲမှူးရာထူးအထိ ရောက်ခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုကြောင့် ရာထူးပြောင်းရွှေ့ခံခဲ့ရပါတယ်။ အဲဒီလိုနဲ့ အထွေထွေမန်နေဂျာအဖြစ် ကုမ္ပဏီကို အသစ်ရောက်လာတဲ့ Yang Hyun-Bin (Park Ki-Woong) ရဲ့ လက်အောက်မှာ အလုပ်လုပ်ဖို အကြောင်းဖန်လာပါတော့တယ်။

Yang Hyun-Bin နဲ့ Gong Joo-A တိုရဲ့ မိသားစုတွေက အရင်ကတည်းက ရန်သူတွေဖြစ်ကြပေမယ့် Yang Hyun-Bin ဟာ Gong Joo-A ကို ငယ်ငယ်တည်းက တစ်ဖက်သတ်ချစ်နေခဲ့တာပါ။ အချစ်ဦးနဲ့ အလုပ်ခွင်မှာ ပြန်တွေ့ရတဲ့အခါ သူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေးကို တိုးတက်အောင် ကြိုးစားပါတော့တယ်။
❤3
Recipe For Love အပိုင်း (၁)

Channel Link
https://t.me/+iHyHfnr5gHk4MWQ9

အမေရဲ့ ဖိအားပေးမှုကြောင့် ဆရာဝန်တစ်ယောက်ဖြစ်လာတဲ့ Gong Joo-A (Jin Se-Yun) က ဆရာဝန်အလုပ်မလုပ်ဘဲ ဖက်ရှင်ဒီဇိုင်နာအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ အလုပ်ဝင်ခဲ့ရတဲ့ Taehan လုပ်ငန်းစုမှာ အဖွဲမှူးရာထူးအထိ ရောက်ခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုကြောင့် ရာထူးပြောင်းရွှေ့ခံခဲ့ရပါတယ်။ အဲဒီလိုနဲ့ အထွေထွေမန်နေဂျာအဖြစ် ကုမ္ပဏီကို အသစ်ရောက်လာတဲ့ Yang Hyun-Bin (Park Ki-Woong) ရဲ့ လက်အောက်မှာ အလုပ်လုပ်ဖို အကြောင်းဖန်လာပါတော့တယ်။

Yang Hyun-Bin နဲ့ Gong Joo-A တိုရဲ့ မိသားစုတွေက အရင်ကတည်းက ရန်သူတွေဖြစ်ကြပေမယ့် Yang Hyun-Bin ဟာ Gong Joo-A ကို ငယ်ငယ်တည်းက တစ်ဖက်သတ်ချစ်နေခဲ့တာပါ။ အချစ်ဦးနဲ့ အလုပ်ခွင်မှာ ပြန်တွေ့ရတဲ့အခါ သူတိုနှစ်ယောက်ရဲ့ ဆက်ဆံရေးကို တိုးတက်အောင် ကြိုးစားပါတော့တယ်။

အဲဒီလိုနဲ့ အနှစ်သုံးဆယ်ကျော် ရန်သူတွေဖြစ်ခဲ့ကြတဲ့ မိသားစုနှစ်ခုက သဘောထားမတိုက်ဆိုင်မှုတွေကို ကျော်လွှားပြီး အထင်လွဲမှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုအားပေးနိုင်မှာဖြစ်ပါတယ်။
❤8
Honour (2026)

Channel Link
https://t.me/+2ZVHHAooKbQ3NzFl

တက္ကသိုလ်မှာ ဆုံတွေ့ခဲ့သော အမျိုးသမီး ရှေ့နေ သုံးဦးဟာ သူ(မ)တို့ရဲ့ ဆယ်စုနှစ် နှစ်ခုကြာ မြှုပ်နှံထားသည့် လျှို့ဝှက်ချက်တစ်ခု ပြန်လည်ပေါ်လာပြီး သူ(မ)တို့၏ဘဝများကို အနှောင့်အယှက်ပေးလာသည့်အခါ ခိုင်မြဲစွာနဲ့ စိတ်ပိုင်းဖြတ်ပြီး ပြန်လည်တိုက်ခိုက်ကြတဲ့ ကျိုးပဲ့သွားရင်တောင် ပြိုလဲမသွားမယ့် သူ(မ)တို့ရဲ့ ကြံ့ခိုင်မှုနဲ့ ခင်မင်မှုနှောင်ကြိုးကို အသားပေးရိုက်ကူးထားတဲ့ Mystery-Thriller ဇာတ်ကားကောင်းလေးမို့ စောင့်မျှော်ကြည့်‌‌ရှုပေးကြပါဦး။
❤7
Bloody Flower အပိုင်း (၁)

Channel Link
https://t.me/+t36Awd7lDY00YThl

မသန်စွမ်းသူတွေကို ပြန်ပေးဆွဲမှုနဲ့ အဖမ်းခံလိုက်ရတဲ့ Lee U Gyeom ဆိုသူရဲ့ နောက်ကွယ်က ထိတ်လန့်စရာ အမှန်တရားတစ်ခု

သူက ဆေးကျောင်းကနေ ပညာတစ်ပိုင်းတစနဲ့ ကျောင်းထွက်လိုက်သူတစ်ဦးဖြစ်ပြီး လူသားတွေကို အရှင်လတ်လတ် အသုံးပြုကာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဆေးပညာစမ်းသပ်မှုတွေကို ပြုလုပ်ခဲ့တဲ့ သွေးအေးလူသတ်သမားတစ်ဦးပါ။

ဒါပေမယ့် ဒီဇာတ်လမ်းက အဲဒီမှာတင် ရပ်မသွားပါဘူး။ တစ်ကမ္ဘာလုံးက ဆရာဝန်တွေ လက်လျှော့ထားရတဲ့ "ကင်ဆာ" နဲ့ "မပျောက်နိုင်တဲ့ ရောဂါဆိုး" တွေကို အမြစ်ပြတ်ကုသနိုင်တဲ့ နည်းပညာကို ရှာဖွေတွေ့ရှိထားတယ်လို ကြွေးကြော်လာတဲ့အခါမှာတော့... တစ်လောကလုံး လှုပ်ခတ်သွားခဲ့ပါတယ်။

သူ့ရဲ့ ဆေးပညာတွေကို လူသားထုအတွက် အသုံးပြုပေးဖိုအတွက် ပြန်လည်တောင်းဆိုလိုက်တာက "သူကျူးလွန်ခဲ့တဲ့ လူသတ်မှုတွေအတွက် အပြစ်ကင်းလွတ်ခွင့်" ပဲ ဖြစ်ပါတယ်။ တကယ်လို သူ့ကို အပြစ်ပေးဖို ကြိုးစားရင် ဒီဆေးနည်းတွေနဲ့အတူ သူကိုယ်သူ အဆုံးစီရင်ပစ်မယ်လို ခြိမ်းခြောက်လာပါတယ်။ ဒီတော့ လူနည်းစုရဲ့ အသက်တွေကို စတေးပြီး ရရှိလာတဲ့ ကယ်တင်ခြင်းက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါနော်
❤9
Our Universe အပိုင်း (၁)

Channel Link
https://t.me/+4kLuvouE-0RlMDQ9

မင်းသား၊ မင်းသမီးချောလေးတွေရဲ့ အချစ်ဟာသဇာတ်လမ်းချိုချိုလေး ထွက်ရှိလာပါပြီ....Sun Tae-Hyeong (Bae In-Hyuk) ကတော့ ဓာတ်ပုံဆရာတစ်‌ယောက်ဖြစ်ပြီး တစ်ကိုယ်တည်း လွတ်လပ်စွာ‌ နေရတာကို သဘောကျလေ့ရှိပါတယ်။ လွတ်လပ်အေးချမ်းတဲ့ပုံစံပေါ်ပေမယ့် နာကျင်မှုတွေကို မြိုသိပ်ဖုံးကွယ်ထားတတ်သူလေးဖြစ်ပါတယ်။ Woo Hyun-Jin (Roh Jeong-Eui) ကတော့ သာမန်နေ့စဉ်ဘ၀ကို ပိုင်ဆိုင်လိုတဲ့အိပ်မက်ရှိပြီး အလုပ်ရှာဖွေနေဆဲသူတစ်ယောက်ပါ။ Sun Tae-Hyeong နဲ့ Woo Hyun-Jin တိုဟာ ခမည်းခမက်မိသားစုအဖြစ် ဆက်နွယ်‌နေပြီး တစ်ယောက်နဲ့တစ်ယောက် သိပ်မတည့်ကြပါဘူး။ တစ်နေ့မှာတော့ Sun Tae-Hyeong ရဲ့အစ်ကိုနဲ့ Woo Hyun-Jin ရဲ့အစ်မဖြစ်သူတိုဟာ မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားခဲ့ပြီး သူတိုရဲ့ ၂၀ လ အရွယ်ကလေးလေးကို ချန်ရစ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ Sun Tae-Hyeong နဲ့ Woo Hyun-Jin တိုဟာ သူတိုရဲ့တူလေးကိုပြုစုပျိုးထောင်ဖို အတူနေရပါတော့တယ်။ အပျိုနဲ့လူပျို နှစ်ယောက် ကလေးထိန်းဖို ဖြစ်လာတဲ့အခါ ကြုံတွေ့ရမယ့် အခက်အခဲတွေကို အတူဖြေရှင်းသွားကြရင်း သူတိုနှစ်ယောက်ကြားထဲက ဆက်ဆံရေး ပြောင်းလဲသွားမလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲဖြစ်ပါတယ်။
❤20