Fun Fun 🍀 (Link Channel)
38.4K subscribers
380 photos
56 videos
415 links
Download Telegram
Walking on thin ice အပိုင်း (၁)

Channel Link
https://t.me/+pRz14iSVPOYyYWI1

ချန်ဂင်လိုလူသိများတဲ့ မင်းသမီးကြီး Lee Young Ae ရဲ့ "Walking on Thin Ice" thriller ကားလေး လာပါပြီ။ Kang Eun Soo ဟာဆိုရင် မိသားစုရဲပျော်ရွှင်မှုအတွက်ပဲ ရှင်သန်ခဲ့သူတစ်ဦးဖြစ်ပေမယ့် ကင်ဆာရောဂါကိုခံစားနေရတဲ့ ခင်ပွန်းဖြစ်သူရဲ့ဆေးဖိုးဝါးခတွေကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်ရေးလောကထဲကို ဝင်ရောက်ဖိုဖြစ်လာခဲ့ပါတယ်။ Kim Young Kwang ကတော့ သရုပ်နှစ်မျိုးနဲ့ နေ့ဘက်မှာအလယ်တန်းကျောင်းသားတွေအတွက် ပန်းချီဆရာတစ်ဦးဖြစ်ပြီး ညဘက်မှာတော့ ကလပ်မှာဆေးရောင်းတဲ့သူတစ်ယောက်ပေါ့။ မိသားစုအတွက်ငွေလိုတဲ့အိမ်ရှင်မနဲ့ ဆရာဟန်ဆောင်ထားတဲ့ မူးယစ်ဆေးဖြန့်သူတို ဘယ်လိုတွေပူးပေါင်းပြီး ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
❤10
A Graceful Liar

Channel Link
https://t.me/+VQDU75bNONk3N2Q1

eonhyang လုပ်ငန်းစုရဲ့ ဆက်ခံသူကို လက်ထပ်ဖို Cha Jeong Won ဆိုတဲ့ မိန်းကလေးက သူငယ်ချင်းရဲ့ နာမည်ကိုသုံးပြီး Geonhyang မိသားစုထဲကို ဝင်ရောက်လာခဲ့ပါတယ်။ Cha Jeong Wonရဲ့ ယောက္ခမဖြစ်လာမယ့် Han Hye Raက သူ့ကို စွန့်ပစ်ခဲ့တဲ့ သူ့ရဲ့ အမေအရင်းဖြစ်နေပါတော့တယ်။
လူသတ်သမားအဖြစ် မှားယွင်းစွပ်စွဲခံရတဲ့အဖေနဲ့ သူ့ကိုထားခဲ့တဲ့ အမေတိုကြောင့် စိတ်ဒဏ်ရာရခဲ့ရတဲ့ Cha Jeong Wonက သူ့အမေကို လက်စားချေဖို ဆုံးဖြတ်လိုက်တဲ့အခါ လိမ်လည်မှု၊ သစ္စာဖောက်မှုတွေနဲ့ ဘယ်လို ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်လာမလဲဆိုတာကိုတော့...
❤11
No Mercy အပိုင်း (၁)

Channel Link
https://t.me/+Ttx5QQgb6cxkNDk1

iKON အဖွဲထဲက Ju-ne ပါဝင်ထားတဲ့ Revenge drama ဆန်းဆန်းလေး လာပါပြီ...ရဲတက္ကသိုလ်မှထွက်ပြီး လူသိမများသေးတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်နေတဲ့ Ha So Min(Lee Joo Young)တစ်ယောက် Voice Phishing နည်းပညာနဲ့ လိမ်လည်လုပ်စားနေတဲ့ ရာဇဝတ်အဖွဲအစည်း တစ်ခုကြောင့် သူ့မိဘတွေနဲ့ အိပ်မက်ကို ဆုံးရှုးလိုက်ရတဲ့အခါ...
စုံထောက် Park Jeong Hun (Ju-ne) နဲ့အတူ ပူပေါင်းပြီး ထိုရာဇဝတ်အဖွဲအစည်းကြီးကို Deepfake နည်းပညာကိုသုံးကာ ပြန်လည်လက်စားချေသွားမှာကို ရင်ဖိုစိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။
သာမန်လက်စားချေတဲ့ကားမျိုးမဟုတ်ဘဲ နည်းပညာတွေကို အသုံးပြုပြီး ရာဇဝတ်အဖွဲအစည်းရဲ့ခေါင်းဆောင် Ma Seok Gu(Ji Seung Hyun)နဲ့ ဘယ်လိုတွေ ရင်ဆိုင်သွားကြမလဲဆိုတာ...
❤8
The First Lady အပိုင်း (၁)

Channel Link
https://t.me/+k4N-cpZFUXhkNTg1

မိဘမဲ့ဂေဟာကနေ ခက်ခဲကြမ်းတမ်းစွာကြိုးစားပြီး တောင်ကိုရီးယားသမ္မတဖြစ်လာသူ Hyun Min-Cheol ဟာ သမ္မတရာထူးမတက်ခင် ၆၇ရက်အလိုမှာ ဇနီးဖြစ်သူ  Cha Soo-Yeonကို ရုတ်တရက်ကြီး ကွာရှင်းဖိုအတွက် တောင်းဆိုလိုက်ပါတယ်။ သူ့ရဲ့ တောင်းဆိုမှုနောက်ကွယ်မှာဘယ်လိုလျှိဝှက်ချက်တွေရှိနေမလဲ။ နိုင်ငံရေးအရှုပ်တော်ပုံတွေကို စိတ်ဝင်စားဖွယ် ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ စောင်ကြည့်ကြရမယ့် ဇာတ်လမ်းလေးပါ။
❤8
The Murky Stream

Channel Link
https://t.me/+7HJFq73e1uVjZTE1

ဂျိုဆွန်းခေတ်ရဲ့ ဂယောင်းဂန်မြစ်မှာ ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး အတိတ်ကိုဖုံးကွယ်ထားတဲ့ Jang Shi Yool ၊ ကုန်သွယ်ရေးအဖွဲတစ်ဖွဲကိုဦးဆောင်‌‌ေနတဲ့စည်းကမ်းတင်းကြပ်ပြီး ဖြောင့်မတ်တဲ့ Choi Eun ၊ ဖြောင့်မတ်တဲ့အရာရှိတစ်ယောက်ဖြစ်ပြီး ဂယောင်းဂန်မြစ်တစ်လျှောက်က အကျင့်ပျက်ခြစားမှုတွေကိုရှင်းပစ်ချက်နေတဲ့ Jung Cheon တိုတွေ့ဆုံခဲ့ကြပါတယ် ဂယောင်းဂန်မြစ်ကတော့ ဂျိုဆွန်းခေတ်ရဲ့ငွေကြေးအရင်းအမြစ်နဲ့ကုန်သွယ်မှုရေးရာမှာ အချက်အချာကျပြီး တစ်ချိန်ကသန့်ရှင်းစင်ကြယ်ခဲ့တဲ့ဒီမြစ်ကလက်ရှိမှာတော့ ဥပဒေမဲ့ပြီး ညစ်နွမ်းနေခဲ့ပါတယ် ဒီသုံးဦး ဒီမြစ်မှာတွေ့ဆုံပြီး ဘယ်လိုမျိုးအရာတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုအားပေးနိုင်ပါပြီ
❤8
Mantis (2025)

Channel Link
https://t.me/+fftQHiaAfiAzZjk9

Movie Link
https://t.me/c/1729192710/418

Channel Link ကို Join ထားပြီးမှ Movie Link ကို နှိပ်ပြီး ဝင်ကြည့်ပါ။

ဒီနေ့ထွက် Netflix ရဲ့ ကိုရီးယားရုပ်ရှင်အသစ်လေး ကြည့်လို ရပါပြီ။
❤7
Ms. Incognito အပိုင်း (၁)

Channel Link
https://t.me/+dnHVHUpo_gkxMDU9

နွမ်းပါးတဲ့ မိသားစုနောက်ခံကနေ ဆင်းသက်လာတဲ့ Kim Yeong Ran က Gasung Group ပိုင်ရှင် Ga Sung Ho ရဲ့ သက်တော်စောင့်ဖြစ်ဖို ရုန်းကန်ခဲ့ရသူဖြစ်ပြီး နာမကျန်းဖြစ်နေတဲ့ Sung Ho ရဲ့ သူ(မ)သာ သူနဲ့ဟန်ဆောင်လက်ထပ်ရင် သူ့ရဲ့ အမွေဆက်ခံသူဖြစ်လာမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကြောင့် သူ(မ)ရဲ့ ဘဝက ပြောင်းလဲဖိုဖြစ်လာခဲ့တယ်။ဒါ‌ပေမယ့်လည်း သူ(မ) ပိုင်ဆိုင်မှုတွေကို ဆက်ခံပြီး မကြာခင်မှာပဲ Sung Ho ရဲ့ ပိုင်ဆိုင်မှုတွေကို မက်မောတဲ့ တခြားလူတွရဲ့ရန်ကို ရှောင်ရှားဖိုအတွက် Bu Se Mi ဆိုတဲ့ နာမည်နဲ့ ရွာတစ်ရွာမှာ မူကြိုဆရာမတစ်ယောက်အဖြစ် သုံးလကြာနေထိုင်ဖိုဖြစ်လာခဲ့တယ်။သူ(မ)ကို ရွာကလူတွေက ချစ်ခင်ကြပေမယ့် သူ(မ)အတန်းထဲက ကျောင်းသားတစ်ဦးရဲ့ဖခင်ဖြစ်သူ စတော်ဘယ်ရီစိုက်ခင်းပိုင်ရှင် Jeon Dong Min ကတော့ သံသတွေရှိနေခဲ့ပါတယ်။
ဒီတော့ Bu Se Mi တစ်ဖြစ်လဲ Kim Yeong Ran က မသမာသူတိုရဲ့ရန်ကို အောင်မြင်စွာကျော်ဖြတ်နိုင်မလား၊ Jeon Dong Min ကိုရော သူမက မကောင်းတဲ့အကြံရှိတဲ့ လူမဟုတ်ကြောင်း သက်သေပြနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
❤14
Genie, Make a wish

Channel Link
https://t.me/+gNfBHZg2uxY0ODA1

စည်းကမ်းကြပ်တဲ့ အဖွားရဲ့ လက်အောက်မှာကြီးပြင်းလာရပြီး ထူးခြားတဲ့ အကျင့်စရိုက်ပိုင်ရှင် Ga Yeong

တစ်ရက်မှာတော့ မီးအိမ်ဟောင်းတစ်လုံးကို မတော်တဆတွေ့ပြီး နှစ်ထောင်ချီအိပ်စက်နေတဲ့ မီးအိမ်စောင့်ဂျင်းနီကို နိုးထအောင်လုပ်လိုက်မိပါတယ်

ဒီလိုနဲ့ ဂျင်းနီက သူ့ကိုနှိးပေးတဲ့ မိန်းမပျိုလေးရဲ့ ဘဝကို ပြောင်းလဲစေမယ့် ဆန္ဒ၃ခုဖြည့်ဆည်းပေးမယ်ဆိုပြီးကတိပေးလိုက်တာ‌ပေါ့နော်

အခုလိုမျိုး တိတ်ဆိတ်နေတဲ့ Ga Yeong ရဲ့ဘဝလေးမှာ ထူးခြားဆန်းကြယ်တဲ့ မှော်ပညာတွေဝင်လာခဲ့ပြီး ဂျင်းနီကလည်း အခုတိုးတက်လာတဲ့ခေတ်မီလောကကြီးနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ... ဘာဂယက်တွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်လိုက်ရအောင်
❤16
Would you marry me?

Channel Link
https://t.me/+pZkEnX5wj_E5MmQ1

ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေကြည့်ရှုခံစားနိုင်စေမယ့် အိမ်ထောင်ရေးဟာသဇာတ်ကား Would You Marry Me နဲ့တင်ဆက်ပေးလိုက်ပါတယ်။နှစ်ပေါင်း ၈၀ ကြာရပ်တည်ခဲ့တဲ့ မုန့်တိုက်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသောဆက်ခံသူ Kim Woo-Joo ဟာ အရည်အချင်းပြည့်ဝပြီး ဆက်ခံသူအဖြစ်သတ်မှတ်ခံထားရသူပါ။ဒီဇိုင်နာ Yoo Me-Ri ကတော့ စိတ်တိုလွယ်ပြီး အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်နေရတဲ့ ဘဝသမားတစ်ယောက်ပါ။ ရည်းစားဟောင်းရဲ့ဖောက်ပြန်မှုကြောင့် စေ့စပ်ပွဲဖျက်သိမ်းခဲ့ရတဲ့ Yoo Me-Ri တစ်ယောက် တစ်နေ့မှာ ကြင်စဦးလင်မယားတွေအတွက်ဆုချီးမြှင့်ပေးတဲ့အစီအစဉ်ကနေအထူးဆုဖြစ်တဲ့ အဆင့်မြင့်အိမ်တစ်လုံးကို ရရှိသွားချိန်မှာတော့ ရည်းစားဟောင်းရဲ့နာမည်နဲ့ဆင်တူနေတဲ့ သူဌေးသား Kim Woo-Joo ကို ခင်ပွန်းအတုအဖြစ်ဟန်ဆောင်ဖို လက်ထပ်ခွင့်တောင်းလိုက်ရာကနေ ဘဝအခြေအနေချင်းမတူညီကြတဲ့သူတိုနှစ်ယောက်ကြား ဘယ်လိုမျိုးအလွဲလေးတွေနဲ့ကြုံတွေ့လာရမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်ပါ။
❤24
Typhoon Family

Channel Link
https://t.me/+GjphfXgI14UxNDM1

၁၉၉၇ ခုနှစ် တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်း ကာလမှာ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ Kang Tae-Poongက ဖခင်ကွယ်လွန်ပြီးနောက်မှာ ဒေဝါလီခံလုနီးပါးဖြစ်နေတဲ့ Typhoon Trading Company ကို ကယ်တင်ဖိုအတွက် သူဌေးအသစ်ဖြစ်လာပါတယ်။ သူက ရင့်ကျက်မှု မရှိသေးပေမယ့်လည်း တာဝန်ယူစိတ်နဲ့ နွေးထွေးတဲ့ နှလုံးသားပိုင်ရှင်ဖြစ်ပါတယ်။ အဲဒီလိုမျိုး ရင်ဆိုင်တိုက်ပွဲဝင်ရင်းနဲ့ Kang Tae-Poongက Oh Mi-Sunဆိုတဲ့ မိသားစုတာဝန်ကို ထမ်းပိုးထားရတဲ့ လုံလဝီရိယရှိတဲ့ စာရင်းကိုင်နဲ့ တွေ့ခဲ့ရပြီး သူတိုအချင်းချင်း မျှော်လင့်ချက်ပေးပြီး အတူတူ ဘယ်လိုအားပေးကြမလဲဆိုတဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
❤21
Marie and Her Three Daddies

⭐️ Channel Link
https://t.me/+xgRd-x_HYJpmMjU9

ဒီကားလေးကတော့ အမြဲတမ်း အဖေလိုချင်ခဲ့တဲ့ Kang Ma Ri မှာ ရုတ်တရက်ကြီး အဖေ ၃ယောက်ပေါ်လာတဲ့ပုံစံမျိုးလေး ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်

- စည်းကမ်းကြီးပြီး ဂရုစိုက်ပေးတတ်တဲ့ ဒေါက်တာဖေဖေ Lee Pung Ju
- တစ်ချိန်က ပြုစုပျိုးထောင်ပေးခဲ့ပြီး နိုင်ငံခြားမှာ နှစ်ပေါင်းများစွာနေခဲ့ပြီး ပျောက်ဆုံးသွားတဲ့သမီးနဲ့ ပြန်ပေါင်းစည်းချင်နေတဲ့ ဖေဖေ Kang Min Bo
- ချစ်ရတဲ့ ဦးလေးဖြစ်ပြီး Ma Ri ဘဝမှာ အရေးကြီးလူတစ်ယောက်ဖြစ်တဲ့ Jin Gi Sik

သူတို ၃ယောက်ဟာ Kang Ma Ri နဲ့ သားအဖတော်စပ်တယ်ဆိုတဲ့ လျှိဝှက်ချက်တွေ ရှိလာတဲ့အခါ...Ma Ri တစ်ယောက်အမှန်တရားကို ဘယ်လိုရှာမလဲ၊ အဖေရှာပုံတော်ခရီးမှာ သူ့ရဲ့ အချစ်ရေးကရော ဘယ်လိုဖြစ်မလဲဆိုတာ ဆက်ပြီး ကြည့်လိုက်ရအောင်ပါနော်
Please open Telegram to view this post
VIEW IN TELEGRAM
❤16
The Dream Life of Mr. Kim အပိုင်း (၁)

Channel Link
https://t.me/+akCWq_unVLoxZjQ1

သက်လတ်ပိုင်းအရွယ် ဌာနမှူးတစ်ယောက်ဖြစ်တဲ့ Kim Nak Su က လုပ်သက်၂၅နှစ်ရှိတဲ့ အရောင်းဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သူ့ရဲ့လုပ်ရည်ကိုင်ရည်ကလည်း အပြစ်ပြောစရာမရှိအောင်တော်တဲ့သူတစ်‌ယောက်ပါ။သူက ဆိုးလ်မှာ တိုက်ခန်းပိုင်ရှိပြီး ဇနီးနဲ့သားနဲ့ပျော်ရွှင်စွာနေနေပါတယ်။ တတ်နိုင်လောက် အကောင်းဆုံးကြိုးစားရှင်သန်နေပေမယ့် အိမ်နဲ့အလုပ်ကြားဟန်ချက်ပျက်လာပြီး တစ်ခုပြီးတစ်ခုဆုံးရှုးမှုတွေများလာတဲ့အခါ အားလုံးကိုလွှတ်ချပြီး ကိုယ်ရဲ့ပုံစံအစစ်အမှန်ကို ဘယ်လိုရှာဖွေမလဲဆိုတာကို အငိုအပြုံးရသစုံလင်စွာနဲ့ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။
❤7
Spirit Fingers

Channel Link
https://t.me/+hUcvK0eQ3pA5Njhl

လူငယ်အချစ်ဇာတ်လမ်းတွဲလေး တစ်ကား ထွက်ရှိလာပါပြီ….
All of us are dead ထဲက မင်းသမီးလေး Park Ji-Hu အဓိကပါဝင်ထားပြီး မင်းသားချောလေး ၂ ယောက်နဲ့အတူ လူငယ်သရုပ်ဆောင်ချောချောလေးတွေနဲ့ အထက်တန်းကျောင်းသားအဖွဲလေးကို မြိုင်ဆိုင်စွာကြည့်ရမှာဖြစ်ပါတယ်။
Song Woo-Yeon (Park Ji-Hu) က ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး တစ်နေ့မှာ Koo Sun-Ho (Choi Bo-Min) ကြောင့် ကျောင်းတွင်းက အမိုက်စား ပန်းချီအဖွဲဖြစ်တဲ့ “Spirit Fingers” ကို ဝင်ဖိုဖြစ်လာပါတယ်။
“Spirit Fingers” အဖွဲမှာ အဖွဲဝင်တွေကို နာမည်ပြောင်အဖြစ် အရောင်နာမည်တစ်မျိုးစီနဲ့ ခေါ်ကြပါတယ်။ Song Woo-Yeon က ရှက်တတ်ပြီးယုံကြည်မှုမရှိတဲ့သူပီပီ သူ့ကိုယ်သူ အရောင်မရှိဘူးဆိုကာ စိတ်ဓာတ်ကျနေပေမယ့် အဖွဲဝင်တွေက အားပေးပြီး သူ(မ)ရဲ့ ကိုယ်ပိုင်အရောင်ကို ရှာဖွေဖို ကူညီပေးလာကြပါတယ်။
တစ်ဖက်မှာ “Spirit Fingers”အဖွဲခေါင်းဆောင် Nam Geu-Rin (Park Yoo-Na) ရဲ့ မောင်လေးဖြစ်သူ Nam Gi-Jung (Jo Joon-Young) ဟာ ချောမောတဲ့အထက်တန်းကျောင်းသားဖြစ်ပြီး အချိန်ပိုင်းအလုပ်အနေနဲ့ မော်ဒယ် လုပ်နေပါတယ်။ သူက Song Woo-Yeon လေးကိုမြင်ပြီး ကြွေသွားတဲ့အခါမှာတော့…
❤18🥰2
Dear X

Channel link
https://t.me/+warUG61EB5NhYmFl

အရည်အချင်းရှိတဲ့ နာမည်ကျော် ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Baek A-Jin က ငယ်ငယ်က အိမ်တွင်းအကြမ်းဖက်ခံခဲ့ရပြီး ရှင်သန်နေထိုင်နိုင်ဖိုအတွက် သူများရဲ့အတွင်းစိတ်ကို မြင်အောင်ကြည့်ပြီး ကိုယ့် ခံစားချက်တွေကို ဖုံးကွယ်နိုင်ဖို သင်ယူခဲ့ပါတယ်။ ပုံမှန်အချိန်ဆိုလူတွေအပေါ် ကြင်နာတတ်ပေမယ့် သူ့အပေါ် မကောင်းတဲ့ပုံစံနဲ့ဆက်ဆံရင်တော့ မကောင်းတဲ့ပုံစံနဲ့ပြန်ဆက်ဆံတတ်ပါတယ်။ Yoon Joon-Seoကတော့ Baek A-Jin ဘေးမှာ အမြဲရှိနေပြီး သူ(မ)အတွက်ဘာမဆိုလုပ်ပေးနိုင်ပေမယ့် သူ(မ) ကောင်းဖိုအတွက် နာမည်မကြီးစေချင်သူတစ်ယောက်ပါ။ Kim Jae-O ကတော့ အိမ်တွင်းအကြမ်းဖက်ခံခဲ့ရပြီး Baek A-Jin နဲ့အဖြစ်ချင်းတူပြီး ဘဝတစ်လျှောက်လုံး သူ(မ)ဘေးမှာရှိနေသူတစ်ယောက်ပါ။ Re-Na ကတော့ အိုင်ဒေါလ်ဟောင်း ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး Yoon Joon-Seo ကို ကြိုက်နေပါတယ်။ သူတိုလေးယောက်ကြားမှာ ဘယ်လိုဇာတ်လမ်းတွေဖြစ်ပေါ်လာမလဲဆိုတာကို Thriller အမျိုးအစားနဲ့ တစ်မျိုးဆန်းသစ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။
❤21
As You Stood By စဆုံး

Channel Link
https://t.me/+4pxiWYpoj084Mzdl
❤8👍1
Last Summer

အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Baek Do Ha နဲ့ Baek Do Yeong တိုဟာ ငယ်စဉ်ကတည်းက မိဘတွေကွာရှင်းထားလို တစ်နိုင်ငံစီခွဲနေကြရပါတယ်။ U.S.မှာနေတဲ့ Do Ha က နွေရာသီရောက်တိုင်း ကိုရီးယားကိုပြန်လာလည်လေ့ရှိပြီး အိမ်နီးချင်းဖြစ်သူ Song Ha Gyeong နဲ့ သူငယ်ချင်းတွေဖြစ်လာပါတယ်။ အမြဲမတည့်ဘဲ တကျက်ကျက်ရန်ဖြစ်နေကြပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ Song Ha Gyeong က Do Ha အပေါ် ခံစားချက်တချိုရှိလာပါတယ်။ နွေရောက်မှ ခဏတာပဲ ပြန်လာတတ်တဲ့သူကြောင့် ဖွင့်ဟပြောဖိုတုံဆိုင်းနေစဉ်မှာပဲ လွန်ခဲ့တဲ့ ၂ နှစ်ကကိစ္စကြောင့် အမြွှာညီအစ်ကိုနှစ်ယောက်နဲ့သူ့ကြားမှာ အပြောင်းအလဲကြီးတစ်ခုဖြစ်လာပါတော့တယ်။နွေရာသီမှာစခဲ့တဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာ ဒီကားလေးထဲမှာ ဆက်ဆက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်....

Channel Link
https://t.me/onemyanmar14/224
https://t.me/+x98J0G75nrdmZDg9
❤7
Moon River

Channel link
https://t.me/+w9PDzRp1V41kZjk9

Yi Kang ဆိုတဲ့ အိမ်ရှေ့စံမင်းသားလေးဟာ ရိုင်းစိုင်းကြမ်းတမ်းတဲ့ပုံစံမျိုးဖြစ်ပေမယ့် ချစ်ရတဲ့သူကိုဆုံးရှုးလိုက်ရလို လက်စားချေဖိုအခွင့်အရေးကို စောင့်နေသူပါ။Park Dal-Yi ကတော့ လိမ္မာပါးနပ်ပြီး စိတ်ထားကောင်းမွန်သလို စကားပြောကျွမ်းကျင်တဲ့ ဈေးသည်တစ်ယောက်ပါ။သူ့မှာလည်း အတိတ်ကမှတ်ဉာဏ်တစ်ချိုပျောက်ဆုံးနေတဲ့ လျှိဝှက်တဲ့သူတစ်ယောက်ပါ။တစ်နေ့ သူတိုနှစ်ယောက်ရဲ့ဝိညာဉ်ဖလှယ်ခံရပြီး အကျင့်စရိုက်ရော အဆင့်အတန်းပါမတူကြတဲ့ သူတိုနှစ်ယောက် ဘယ်လိုပရမ်းပတာတွေနဲ့ ဆက်ဖြစ်ကြဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်။
❤18
Nice to Not Meet You

Channel Link
https://t.me/+k5Ux3MSq91ViYjY1

Lim Hyun-Joonက စုံထောက်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်တဲ့နေရာမှာ အရမ်းပြောင်မြောက်တဲ့ မင်းသားဆိုပေမယ့် စုံထောက်ပုံစံကနေ ရုန်းထွက်ပြီး အချစ်ဇာတ်လမ်းတွေရဲ့ မာစတာဖြစ်ချင်နေတဲ့ သရုပ်ဆောင်ပါ။ တစ်ဖက်မှာတော့ နိုင်ငံရေးလောကကို စိုးမိုးထားတဲ့ ထက်မြက်တဲ့ သတင်းထောက် Wi Jung-Sookက ကြီးမားတဲ့ အဂတိလိုက်စားမှုနောက်ကို လိုက်ရင်း ချွတ်ချော်မှုရှိသွားတဲ့အတွက် ဖျော်ဖြေရေးဌာနကို ပိုခံလိုက်ရပါတော့တယ်။ မတူညီတဲ့ လောက နှစ်ခုက လူနှစ်ယောက် မထင်မှတ်ဘဲ ဆုံမိတဲ့အခါ သူတိုကြားမှာ ဘယ်လိုဆက်ဆံရေးတွေဖြစ်လာမလဲ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည်ကြည်နူးနူးဇာတ်လမ်းလေးကို ကြည့်ရမှာပဲဖြစ်ပါတယ်
❤5
Don't Call Me Ma'am

Channel Link
https://t.me/+ckWqGOglfvQzNTdl

Cho Na Jeong ကတော့ အရင်က တီဗွီ home shoping စီစဥ်တင်ဆက်သူတစ်ယောက်ဖြစ်ပြီး သိန်ရာနဲ့ချီပြီးဝင်ငွေရှိခဲ့ပေမယ့် အခုတော့ သားနှစ်ယောက်အမေ အိမ်ရှင်မတစ်‌ယောက်ဖြစ်နေပါတယ်။ အဲဒါကြောင့် အရင်က ဝင်ငွေကောင်းခဲ့တဲ့အလုပ်ကို ပြန်လုပ်ချင်နေတဲ့ လူတစ်‌ယောက်ပါ။Koo Ju Yeong ကတော့ အနုပညာစင်တာတစ်ခုမှာ Planning manager အဖြစ်လုပ်နေပြီး အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ နှစ်ခုလုံးမှာ ဟန်ချက်ညီတယ်လိုထင်ရပေမယ့် တကယ်တော့ သူမက ကလေးယူချင် နေပေမယ့် ထိတွေ့ဆက်ဆံမှုမရှိတဲဲ ယောက်ျားကြောင့် စိတ်ဒုက္ခရောက်နေရပါတယ်။ Lee Il Ri ကတော့ ဖက်ရှင်မဂ္ဂဇင်းဌာနတစ်ခုရဲ့ခေါင်းဆောင်အယ်ဒီတာတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ပြုဖို အိပ်မက်ရှိနေတဲ့ လူလွတ်တစ်‌ယောက်ဖြစ်ပါတယ်။ အသက် 41နှစ်အရွယ် သူငယ်ချင်း 3ယောက်ရဲ့အကြောင်းကို စိတ်ဝင်စားဖွယ် ဟာသနှောပြီးကြည့်ရှုရမှာဖြစ်ပါတယ်။
❤10
The Manipulated အပိုင်း(၉)

Channel Link
https://t.me/+dB-r5h-Trrc3MjE1

စိတ်ထားနူးညံ့တဲ့ Tae Jung ဟာ တစ်ရက်မှာ ရက်စက်ကြမ်းကြုတ်တဲ့အမှုတစ်ခုမှာ မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျသွားခဲ့ပါတယ်
အဲဒီနောက်ကွယ်က ကြိုးကိုင်သူက Yo Han ဆိုတဲ့ လျှိဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ဆိုတာ သိလိုက်ရတဲ့အခါ...
ဒေါသမီးတွေတောက်လောက်ပြီး ပြန်လက်စားချေသွားမှာဆိုတော့ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါနော်
❤15
Dynamite Kiss

Channel Link
https://t.me/+z6juepxBdZg5YTFl

အလုပ်အရမ်းလိုချင်နေတဲ့ Ko Da Rim ဟာ ကလေးပစ္စည်းရောင်းတဲ့ကုမ္ပဏီတစ်ခုမှာ အလုပ်ရနိုင်ဖိုအတွက် အိမ်ထောင်ရှိကလေးအမေတစ်ယောက်အဖြစ် လိမ်လည်ပြီး အလုပ်လျှောက်ခဲ့ပါတယ်။ ကံဆိုးချင်တော့ အဲဒီကုမ္ပဏီရဲ့အဖွဲမှူးဟာ သူနဲ့ အီစီကလီလုပ်ရင်း နမ်းတဲ့အဆင့်အထိရောက်ခဲ့ကြတဲ့ Gong Ji Hyeok ဖြစ်နေတာပါပဲ။ Gong Ji Hyeok တစ်ယောက် အိမ်ထောင်သည် ကလေးတစ်ယောက်အမေနဲ့ နမ်းမိခဲ့တယ်လိုအထင်မှားရင်း Ko Da Rim ကို အမြင်မကြည်တွေဖြစ်တော့တာပေါ့။ ဒါပေမယ့် အစကတည်းက နှစ်ယောက်ကြားမှာ အချစ်မီးပွားလေးတွေရှိခဲ့ကြတဲ့သူတို တဖြည်းဖြည်းနဲ့ ဘယ်လိုမျိုး ခံစားချက်တွေဖြစ်ပေါ်လာကြမလဲဆိုတာကို ကြည့်ရှုကြရမယ့် အချစ်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။
❤20