တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းအပေါ် ရှုမြင်ချက်များ
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီး (၇)
______________________
နွေဦးတော်လှန်ရေးကာလတလျှောက်လုံး နိုင်ငံတကာအနေနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့သာ တိုက်တွန်းခဲ့ကြပါတယ်။ ပြည်တွင်းမှာတော့ တော်လှန်ရေးအင်အားစုတွေကြား သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုတဲ့ဆောင်ပုဒ်ကို ကြွေးကြော်ရင်း တွေ့ဆုံဆွေးနွေးရေးအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေကြားမှာ သွေးထွက်သံယိုမှုတွေ ထိန်းမရ သိမ်းမရ ဖြစ်လာတဲ့အခါမှာတော့ အချင်းချင်းအကြား တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းချက်တွေ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်လာပါတယ်။ သို့သော်လည်း တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းယဉ်ကျေးမှုအားနည်းတဲ့ မြန်မာလူ့အဖွဲ့အစည်းမှာတော့ အကြပ်အတည်းဖြစ်မှ လက်တွေ့ကျင့်သုံးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။
ဒါကြောင့် အခုတပါတ် မိမိမှစ တော်လှန်ခြင်း အစီအစဉ်မှာတော့ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကို ဒိုင်ယာလော့ယဉ်ကျေးမှု၊ အကြမ်းမဖက်အတွေးအခေါ်၊ ကုစားသင့်မြတ်ရေးတရားမျှတမှုရှုထောင့်တွေကနေ အခြေခံပြီး ဆန်းစစ်ဆင်ခြင်သွားမှာဖြစ်ပါတယ်။ နိုင်ငံအဆင့် အကြပ်အတည်းတွေကနေ မိမိတို့ အနီးအနားမှာရှိတဲ့ ပဋိပက္ခတွေအထိ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကို ဘယ်လိုလက်တွေ့ကျင့်သုံးနိုင်မလဲ၊ တွေ့ဆုံဆွေးနွေးရေး အောင်မြင်ဖို့ ဘာတွေလိုအပ်သလဲ၊ တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ခြင်းမှာ အကျိုးအပြစ်တွေက ဘယ်လိုရှိနိုင်မလဲ၊ တွေ့ဆုံဆွေးနွေးခြင်းက အရှုံးပေးခြင်းလား သို့မဟုတ် အဖြေရှာခြင်းလား . စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။
နေ့ရက် - ဇူလိုင် ၁၂ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ
Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
#Negotiation #Dialogue
#Nonviolence #revolution_from_within

Telegram
Revolution from Within
Freedom Fighter Myanmar မှစီစဉ်သည့် "မိမိမှစ တော်လှန်ခြင်း" ဟောပြောပွဲစီးရီးအတွက် သတင်းအချက်အလက်များ မျှဝေရန် ဖြစ်ပါသည်။
ဒေါသ
မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီး (၉)
ကျွန်ုပ်တို့သည် “ဒေါသ”ဟူသည်ကို မကောင်းသောအရာတခုအဖြစ် ယေဘုယျအားဖြင့် မှတ်ယူထားလေ့ရှိသည်။ သို့ရာတွင် ဒေါသနှင့် လုံးဝကင်းကွာနေကြသူများလည်း မဟုတ်ကြချေ။ လူသား၏ ပင်ကိုယ်ဗီဇခံစားချက်တခုဖြစ်သော ဒေါသကို ဆွေးနွေးခြင်း၊ သုံးသပ်ခြင်းများ လုပ်လေ့မရှိကြပေ။ ဤသို့ဖြင့် လူ့အဖွဲ့အစည်းအတွင်း ထည့်သွင်းမဆွေးနွေးကြဘဲ ရှောင်ရှားနေကြသော ဒေါသမှာကား မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တနေ့တခြား ကြီးမားလာနေပေသည်။
ဒေါသဟူသည် ဆိုးကျိုးတို့ကိုသာ ဖြစ်ထွန်းစေသော အရာဖြစ်သလော။ ချစ်ခြင်းတရား၏ ဆန့်ကျင်ဘက်ပေလော။ မိမိ၏ အတွင်းအဇ္စျတအပေါ် မည်သို့သက်ရောက်နေသနည်း။ လူတဦးချင်းစီ၏ တော်လှန်ရေးခံယူချက်နှင့် တော်လှန်ရေးတစုံလုံးအပေါ်မည်သို့ သက်ရောက်မှုရှိနိုင်သနည်း။ အကြမ်းမဖက်တော်လှန်ရေးနှင့် ဒေါသတို့ကား မည်သို့ချိတ်ဆက်နေသနည်း …. စသည့် စသည့် ဒေါသနှင့် ပတ်သက်သည့် ဆင်ခြင်ဖွယ်ရာတို့ကား များလှပါသည်။
သို့ဖြစ်ရာ ယခုအပတ် မိမိမှစ ဟောပြောပွဲစီးရီးတွင် ဒေါသနှင့်ပတ်သက်သည့် ဆင်ခြင်ဖွယ်ရာများကို ဆွေးနွေးရန်ရည်ရွယ်ထားပြီး အကြမ်းမဖက်အယူအဆရှိ ဒေါသ၏ အခန်းကဏ္ဍကို ဆန်းစစ်ဆွေးနွေးရန် ရည်ရွယ်ပါသည်။
ဤဟောပြောပွဲကို ကိုမြင်ထွန်းမှဆွေးနွေးပါမည်။ ကိုမြင့်ထွန်းသည် Freedom Fighter အဖွဲ့ဝင်တဦးဖြစ်ပြီး နိုင်ငံရေးနှင့် ဘာသာရေးအယူအဆတို့ကို စိတ်ဝင်စားပြီး လေ့လာနေသူတဦးဖြစ်ပါသည်။
နေ့ရက် - ဇူလိုင် ၁၉ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
#ဒေါသ
#မိမိမှစတော်လှန်ခြင်း
#ဟောပြောပွဲစီးရီး
#Freedom_Fighter_Myanmar
Zoom Link -

မေတ္တာ
မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီး (၁၀)
“မေတ္တာတရား” ဟူသည်ကို အယူအဆအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးမှ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ လူမှုဘဝ၏ နယ်ပယ်အသီးသီး၌လည်း ရည်ညွှန်းသုံးစွဲကြသည်။ ကျယ်ပြန့်လှသော မေတ္တာကို ရသစာပေများ၌ ဖော်ကျူးသလို၊ ဘာသာရေးနှင့် ပညာရပ်နယ်ပယ်များ၌လည်း ဖွင့်ဆိုရှင်းပြနေကြသည်။
အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြည့်လျှင် ယနေ့မြန်မာနိုင်ငံတွင် “မေတ္တာ” ခမ်းခြောက်ခြင်း ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရသည်ဟုဆိုလျှင်မှားမည် မထင်ပါ။ မျက်နှာမူရာအနှံ့တွင် အကြမ်းဖက်မှုများ၊ အမုန်းတရားများ အားကောင်းလျှက်ရှိနေသည်ကို တွေ့နေရပေသည်။ သို့ဖြစ်ရာ မေတ္တာသုတ်နေ့စဉ်ရွတ်ဖတ်နေကြသော ကျွန်ုပ်တို့မှာ မည်သည့်အတွက် မေတ္တာတရား ခေါင်းပါးသွားကြသည်ကို ဆန်းစစ်သင့်ပေသည်။
ယခုတပတ် “မိမိမှစ တော်လှန်ခြင်း” ဟောပြောပွဲတွင်မူ မေတ္တာတရားနှင့် ကိုယ်တွင်းတော်လှန်ရေး၊ လူ့အဖွဲ့အစည်းပြောင်းလဲရေးတို့ မည်သို့ချိတ်ဆက်နေသည်ကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ မည်သို့ လက်တွေ့ဖော်ဆောင်နိုင်သည်ကိုလည်း လေ့လာစူးစမ်းသွားမည်ဖြစ်ပါသည်။
ဤဟောပြောပွဲကို ကိုမြင်ထွန်းမှဆွေးနွေးပါမည်။ ကိုမြင့်ထွန်းသည် Freedom Fighter အဖွဲဝင်တဦးဖြစ်ပြီး နိုင်ငံရေးနှင့် ဘာသာရေးအယူအဆတိုကို စိတ်ဝင်စားပြီး လေ့လာနေသူတဦးဖြစ်ပါသည်။
နေ့ရက် - ဇူလိုင် ၂၆ ရက်နေ့ တနင်္ဂနွေနေ့

#မေတ္တာ

“မျှတခြင်းကိုအခြေခံသည့် တရားမျှတမှု”
မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီး (၁၁)
တရားမျှတမှုဟူသည်မှာ အလွန်ကျယ်ဝန်းနက်နဲသည့် စကားလုံးဖြစ်သည်။ နေ့စဉ်ဘဝမှစ၍ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့် နယ်ပယ်များအထိ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြသည့် စကားလုံးတခုလည်းဖြစ်သည်။ ထို့နည်းတူ လူတိုင်းနီးပါးက လိုလားသော တောင့်တချက်တခုလည်းဖြစ်သည်။ သူ၏ အဓိပ္ပာယ်ကိုလည်း ရှုထောင့်အမျိုးမျိုးမှ ဖွင့်ဆိုကြပေသည်။ သို့သော်လည်း ကျွန်ုပ်တို့အတွက်ကား ကိုယ်ကျင့်တရားရှုထောင့်၊ ဘာသာရေးရှုထောင့်၊ တရားစီရင်ရေးရှုထောင့် စသည့်ရှူထောင့်အမျိုးမျိူးမှ စုံလင်လှသော ဖွင့်ဆိုချက်များအကြား တရားမျှတမှုသည် ရှာလေ၊ ဝေးလေ ဖြစ်နေပေသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တရားမျှတမှုသည် အဓိကကျကြောင်း ပြောဆိုဆွေးနွေးမှူများ ရှိပေသည်။ သို့ရာတွင် ကျွန်ုပ်တို့ လိုလားအပ်သော တရားမျှတမှူမှာ အဘယ်ပုံစံနည်းဟူသည်ကိုမူ ရေရေရာရာ မဆုံးဖြတ်နိုင်သေးဟု ယူဆရပေသည်။ သို့ဖြစ်ရာ အနာဂါတ်လူ့အဖွဲ့အစည်းအတွက် တရားမျှတမှုကို ထူထောင်မည်ဆိုလျှင်မူ မည်သည့်တရားမျှတမှုမျိုး တည်ထောင်လိုသည်ကို စတင် စဉ်းစားသင့်ပြီဟု ယုံကြည်ပါသည်။
ထို့ကြောင့် ယခုတပတ် “မိမိမှစ တော်လှန်ခြင်း” ဟောပြောပွဲတွင် အမေရိကန်လူမျိုး ဒဿနပညာရှင် ဂျွန်ရောလ်(John Rawls)၏ “မျှတခြင်းကို အခြေခံသည့် တရားမျှတမှု” အယူအဆအပေါ်အခြေခံကာ တရာမျှတမှုအကြောင်း ဆန်းစစ်ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ဤဟောပြောပွဲကို ကိုမြင်ထွန်းမှဆွေးနွေးပါမည်။ ကိုမြင့်ထွန်းသည် Freedom Fighter အဖွဲဝင်တဦးဖြစ်ပြီး နိုင်ငံရေးနှင့် ဘာသာရေးအယူအဆတို့ကို စိတ်ဝင်စား လေ့လာနေသူတဦးဖြစ်ပါသည်။
နေ့ရက် - သြဂုတ် ၂ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
#တရားမျှတမှု

“အလင်းခေတ်ကို ကိုယ်တိုင်ပါဝင်တည်ဆောက်ပါ။”
Freedom Fighter အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်ပါပြီ။
______________________
Freedom Fighter အဖွဲ့ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန်မှာ ပေါ်ထွက်ခဲ့ပြီး စတင်ထူထောင်ချိန်ကနေ ယခုချိန်အထိ အကြမ်းမဖက်လမ်းစဉ်အပေါ် တစိုက်မတ်မတ် ရပ်တည်လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ပြည်သူတွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုသာ အားကိုးမျှော်လင့်ခဲ့ကြပေမယ့် လက်ရှိမှာတော့ လက်နက်ကိုင်လမ်းစဉ်ဟာ အပြောင်းအလဲဖြစ်ဖို့ ခက်ခဲတဲ့အပြင် သူကနေထွက်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း အလွန်များပြားဆိုးရွားကြောင်း ပြည်သူအများ သိရှိလာနေပါပြီ။
ဒါ့အပြင် တော်လှန်ရေးဆိုင်ရာ နယ်ပယ်အသီးသီးမှာရှိတဲ့ ဦးဆောင်သူဆိုသူတွေကလည်း တုံ့ပြန်ရုံလောက်သာ ရေတိုစဉ်းစားပြီး ငါးနှစ်တာကို ဖြတ်သန်းခဲ့တာကြောင့် အနာဂတ်လူ့အဖွဲ့အစည်းကို ပုံဖော်ဖို့ မျှော်လင့်ချက်တွေ၊ စဉ်းစားချက်အသစ်တွေ ပိုပိုပြီး နည်းပါးခမ်းခြောက် လာတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာလူ့အဖွဲ့အစည်းအတွက် ထိရောက်သေချာတဲ့ လမ်းကြောင်းတခုကနေ ပြည်သူတွေရဲ့အင်အားကို စုစည်းပြီး စစ်မှန်တက်ကြွတဲ့ မျှော်လင့်ချက်အဖြစ် ပြောင်းလဲဖော်ဆောင်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။
ဒါကြောင့် လူမှုယဉ်ကျေးမှုမှသည် နိုင်ငံရေးစနစ်တခုလုံးကို ရေရှည်စနစ်တကျ ပြောင်းလဲတော်လှန်လိုသူများအတွက် Freedom Fighter ရဲ့ အလင်းခေတ်တော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
______________________
ဘာကြောင့် Freedom Fighter မှာ ပါဝင်သင့်တာလဲ။
၁။ အကြမ်းမဖက်လမ်းစဉ်ဆိုတာ ချစ်ခြင်းမေတ္တာကို အခြေခံတာကြောင့် တခြားသူတွေအပေါ် ထိခိုက်နာကျင်စေမှုတွေ၊ လူ့အဖွဲ့အစည်းအပေါ် ဘေးထွက်ဆိုးကျိုးတွေနဲ့ အကြမ်းဖက်ယဉ်ကျေးမှုတွေ ဖြစ်ပေါ်မလာစေဖို့ အဓိကအလေးထားပါတယ်။
၂။ အလင်းခေတ်တော်လှန်ရေးဟာ အခြေမှပြောင်းလဲခြင်းဖြစ်စဉ် ဖြစ်တာကြောင့် မိမိကိုယ်ကိုတည်ဆောက်ပြောင်းလဲခြင်းနဲ့ လူ့အဖွဲ့အစည်းပြောင်းလဲခြင်းနှစ်ခုစလုံးကို တသားတည်းလက်တွေ့သိမြင်ခံစားနိုင်ပါတယ်။
၃။ Freedom Fighterအဖွဲ့ဟာ အသိပညာကို ရှေးရှုတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် အတွေးအမြင်ပွင့်လင်းသူတွေနဲ့ ထိတွေ့ဖလှယ်ကာ မိမိတို့ရဲ့ ဥာဏ်ပညာနဲ့ချစ်ခြင်းတရားကို အကြောင်းပြုလို့ လူ့အဖွဲ့အစည်းအပေါ် အကျိုးဖြစ်ထွန်းနိုင်တဲ့ ရပ်ဝန်းတခုဖြစ်ပါတယ်။
______________________
Freedom Fighter နဲ့ လက်တွဲလုပ်ဆောင်ဖို့ အောက်ပါအရည်အချင်းများနဲ့ ပြည့်စုံရပါမယ်။
၁။ Freedom Fighter ရဲ့ အယူအဆ၊ လမ်းစဉ်များကို ကောင်းစွာနားလည်ထားသူဖြစ်ရပါမယ်။
၂။ အနည်းဆုံး နှစ်နှစ် လက်တွဲလုပ်ဆောင်လိုသူဖြစ်ရပါမယ်။ (ရေတိုလုပ်ဆောင်လိုသူများအနေနဲ့ အောက်ပါ link တွင် လုပ်အားပေးအဖြစ် လျှောက်ထားနိုင်ပါတယ်)
https://freedomfightermm.org/volunteer-application/
၃။ တပါတ်လျှင် လုပ်ဆောင်ချိန် ၁၀ နာရီနဲ့ လေ့လာချိန် ၁၀ နာရီ ပေးအပ်နိုင်ရပါမယ်။
______________________
လျှောက်ထားရန် အသေးစိတ်အချက်အလက်များ
Freedom Fighter လက်စွဲနှင့် အလင်းခေတ် တော်လှန်ရေးအကြောင်း ဖတ်ရှုရန်
https://drive.google.com/uc?export=download&id=1znkDDfFerHhFbjV3Ed3j9phtBjGtmvH2
လျှောက်ထားရန် အဆင့်ဆင့်
https://drive.google.com/file/d/1cTEDo9h_ypm-QvLDlqyYsY5TqIswadR-/view?usp=sharing
အလုပ်အဖွဲ့ စီစဉ်ထားမှုနှင့် ပါဝင်နိုင်မှု
https://drive.google.com/file/d/1rdElFL_M1FvXfhjzmkEJ1REJ1rEei22u/view?usp=sharing
#FFMRecruitment2026 #JoinTheTeam
#AlinkhitRevolution

အကြမ်းမဖက်ခြင်းသည် ရဲရင့်သူတို့၏ ဘဝနေထိုင်နည်းတခု ဖြစ်သည်။
မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီး (၁၂)
“အကြမ်းမဖက်ခြင်းသည် ရဲရင့်သူတို့၏ ဘဝနေထိုင်နည်းတခု ဖြစ်သည်” ဟူသည် ဒေါက်တာ မာတင်လူသာကင်း၏ အယူအဆအပေါ် အခြေခံပြုစုထားသည့် ကင်းဒဿနအခြေခံမူခြောက်ချက်အနက် ပထမအခြေခံမူ ဖြစ်သည်။ “အကြမ်းမဖက်ခြင်း” ဟူသည် ပျော့ညံ့သူ၊ အရှုံးပေးလွယ်သူ၊ ခေါင်းငုံ့ခံတတ်သူ၊ သတ္တိကြောင်သူ၊ ခံယူချက်မရှိသူတို့၏ လက်သုံးစကား ဖြစ်သည်ဟု လူအများက ရှုမြင်တတ်ကြသည်။ ဤအရာသည် နားလည်မှုလွဲအယူအဆတခုသာ ဖြစ်ပေသည်။ စင်စစ်အားဖြင့် အကြမ်းမဖက်ခြင်းသည် သတ္တိကြောင်မှုကြောင့် ပြဿနာကို ရှောင်ထွက်သွားခြင်းမျိုး မဟုတ်ဘဲ ပြဿနာရင်းမြစ်ထိ ဖြေရှင်းပြောင်းလဲရန် ချဉ်းကပ်သည့်နည်း ဖြစ်သည်။ ထိုကဲ့သို့ အကြမ်းမဖက်လမ်းကို လျှောက်လှမ်းနိုင်ရန် သတ္တိလိုအပ်ပြီး၊ ထိုအကြမ်းမဖက်ခြင်းသည် ကျွန်တော်တို့ဘဝ၏ အချိန်တိုင်း၊ အခြေအနေတိုင်း၌ ကျင့်သုံးအပ်သည့် ဘဝနေထိုင်နည်း တခု ဖြစ်သည်။
ထိုကြောင့် ယခုတပတ် “မိမိမှစ တော်လှန်ခြင်း” ဟောပြောပွဲတွင် အကြမ်းမဖက်ခြင်းဟူသည် အဘယ်နည်း၊ အကြမ်းမဖက်ခြင်းအတွက် အဘယ်ကြောင့် သတ္တိလိုအပ်သနည်း၊ အကြမ်းမဖက်သော သတ္တိကို နေ့စဉ်ဘဝနေထိုင်မှုနည်းလမ်းအတွက် မည်သို့အသုံးချနိုင်သနည်း စသည်တို့ကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။
ဤဟောပြောပွဲကို ကိုဂျပ်ဆင်မှဆွေးနွေးပါမည်။ ကိုဂျပ်ဆင်သည် Freedom Fighter အဖွဲဝင်တဦးဖြစ်ပြီး ပညာရေးနှင့် ငြိမ်းချမ်းရေးချိတ်ဆက်မှုတို့ကို စိတ်ဝင်စားလေ့လာနေသူတဦးဖြစ်ပါသည်။
နေ့ရက် - ဩဂုတ်လ ၉ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
#အကြမ်းမဖက်ခြင်း