Freedom Fighter Book Club တွင် ပါဝင်နိုင်ပါသည်
Freedom Fighter Book Club သည် တပါတ်လျှင်တကြိမ် အွန်လိုင်းတွင်တွေ့ဆုံကာ ကြိုတင်ဖတ်ရှုထားသည့် စာအုပ်/စာတမ်းများအပေါ် မိမိတို့၏ အတွေးအမြင်များ၊ ခံစားချက်များကို ဝေမျှလေ့လာကြသည့် နေရာတခုဖြစ်ပြီး စတင်လုပ်ဆောင်နေသည်မှာ အချိန်ကာလ နှစ်လနီးပါးရှိခဲ့ပြီဖြစ်သည်။
လူ့အဖွဲ့အစည်းကို ပြောင်းလဲတော်လှန်ဖို့ လုပ်ဆောင်နေကြသည့် တက်ကြွလှုပ်ရှားသူများ တနည်းအားဖြင့် Freedom Fighter များအနေနှင့် မိမိကိုယ်တိုင်လည်း ကိုယ်ရည်ကိုယ်သွေးတိုးတက်မြင့်မားအောင် စဉ်ဆက်မပြတ်တည်ဆောက်နေဖို့လိုအပ်သလို ထိုသို့တည်ဆောက်နိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားဖြည့်ဆည်းပေးနိုင်မည့် ရပ်ဝန်းတခုလည်း လိုအပ်ပေသည်။ ထိုကဲ့သို့ ရပ်ဝန်းတခုတွင် ပါဝင်လိုသူများအတွက် Freedom Fighter Book Club မှ ကြိုဆိုလိုက်ပါသည်။
လက်ရှိတွင် ဖတ်ရှိနေသောစာအုပ်မှာ “Active Hope : တက်ကြွသောမျှော်လင့်ချက်” စာအုပ်ဖြစ်ပါသည်။ “Active Hope” စာအုပ်မှာ မကြာသေးခင်က ကွယ်လွန်ခဲ့သော ဂေဟစနစ်အရေးလှုပ်ရှားသူ ဆရာမကြီး ဂျိုအင်နာမေစီ နှင့် စိတ်ပညာရှင်/တက်ကြွလှုပ်ရှားသူ ခရစ်ဂျွန်စတုန်းတို့၏ ၂၀၁၂ တွင်ထွက်ရှိခဲ့သည့်စာအုပ်ဖြစ်သည်။ ရှုပ်ထွေးလှသည့် ကမ္ဘာ့ရေးရာ ဂေဟအကြပ်အတည်းများကိုရင်ဆိုင်ရာတွင် စိတ်ပျက်အားလျော့မသွားဘဲ တက်ကြွသော မျှော်လင့်ချက်ဖြင့် ပါဝင်နိုင်စေရန်အကြုံပြုချက်များနှင့် လက်တွေ့ကျင့်စဉ်များကို ရေးသားထားသည်။ မြန်မာဘာသာသို့ Myanmar Youth Project မှ ၂၀၂၃ တွင်ပြန်ဆိုခဲ့သည်။
Freedom Fighter Book Club
ပြုလုပ်မည့်အချိန် - အပါတ်စဉ် တနင်္ဂလာနေ့ ည ၇ နာရီ (မြန်မာချိန်)
ပြုလုပ်မည့်နေရာ - Zoom
ပါဝင်သင့်သူများ - Freedom Fighter သင်တန်းသားဟောင်းများ ၊ လူမှုနိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်နေသူများ ၊ တက်ကြွလှုပ်ရှားသူများ
ဖောင်ပိတ်ချိန် - စက်တင်ဘာ ၂၇
စတင်ပါဝင်ရမည့်နေ့- စက်တင်ဘာ ၂၉
လျှောက်ထားရန် -
https://docs.google.com/forms/d/e/1FAIpQLSf2bA4oPce9L2qlUcKLVMus9cj0s51jBc3MyFSzSLcBGzKuPQ/viewform?usp=dialog
MYP အကြောင်း
https://workthatreconnects.org/active-hope-in-myanmar/
Book Download
(Myanmar) https://drive.google.com/file/d/1rllst2pV3hugB6N27BQnsA1YGnLta0uG/view?usp=drive_link
(English) https://drive.google.com/file/d/12T6Q0nm5q-F7nhv_B-Y4Gq0a3KFtJsW3/view?usp=drive_link

Google Docs
Freedom Fighter Book Club Registration Form
သီတင်းကျွတ်ဆုတောင်း
_____
ယနေ့ကျရောက်တဲ့သီတင်းကျွတ်လပြည့်နေ့ရက်မြတ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေရတဲ့ မိသားစုများ၊ သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေများ အမြန်ဆုံး ပြန်လည်ဆုံတွေ့ပြီး ပျော်ရွှင်ဖွယ်နေ့ရက်များစွာ အတူဖြတ်သန်းရပါစေကြောင်း Freedom Fighter အဖွဲ့မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
#thadingyut #wish
#freedom_fighter_myanmar

“သမိုင်းဘယ်လိုသင်မလဲ”
သင်တန်း အပတ်စဉ် ၁
_________
သမိုင်းထဲက ဒါဏ်ရာများကို ကုစားဖို့နှင့် သမိုင်းဆိုင်ရာ စဉ်းစားတွေးခေါ်မှုများ ထက်သန်အားကောင်းစေဖို့ သမိုင်းသင်ကြားမှုတစုံလုံးကို ပုံစံအသစ်ဖြင့် ချည်းကပ်ဖို့ လိုအပ်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ယင်းကဲ့သို့ ပုံစံအသစ်ဖြင့်ချည်းကပ်လိုသော သမိုင်းသင်ကြားရေးစိတ်ဝင်စားသူများအတွက် “သမိုင်းဘယ်လိုသင်မလဲ” သင်တန်း အပတ်စဉ် ၁ ကို ဖွင့်လှစ်လိုက်ပါပြီ။
သမိုင်းဘာသာရပ်သည် အတိတ်မှ ဖြစ်ရပ်များကို လေ့လာကာ ပစ္စုပ္ပန်လူ့အဖွဲ့အစည်း၏ စဉ်းစားတွေးခေါ်မှုကို ထောက်ကန်ပေးသည့် ဘာသာရပ်ဖြစ်သည်။ သမိုင်းအပေါ် စုပေါင်းမှတ်ဉာဏ်သည် အမှတ်သရုပ်များ၏ မွေးဖွားရာဖြစ်သောကြောင့် အုပ်စုများအကြား လူမှုသဟဇာတဖြစ်မှုသည် သမိုင်းကို မျှဝေနားလည်ပုံအပေါ် မူတည်နေသည်။
လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပျက်လျက်ရှိသော ပဋိပက္ခများတွင် သမိုင်းသည် အခြေခံကျသော အကြောင်းရင်းတခုအဖြစ် ပါဝင်နေသည်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူများသည် မိိမိတို့အစုအဖွဲ့သမိုင်းကိုသာ အလေးထား၍ အခြားသူများ၏သမိုင်းကို ဖယ်ကြဉ်ပထုတ်ရန်၊ သေးသိမ်စေရန် လုပ်ဆောင်ခဲ့ကြသည်။ စစ်ကို ဂုဏ်ယူသောဇာတ်လမ်းများ၊ စစ်သူရဲကောင်းဇာတ်လမ်းများ၊ နယ်မြေချဲ့ထွင်ရေးဇာတ်လမ်းများ စသည့် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသော ဇာတ်လမ်းများကို သမိုင်းစာသင်ခန်းများမှတဆင့် လူ့အဖွဲ့အစည်းအကြား ဖြန့်ဝေခဲ့ကြသည်။ ထိုဇာတ်လမ်းများသည် မြန်မာ့လူ့အဖွဲ့အစည်း၏ အမှတ်သရုပ်အစိတ်အပိုင်းများအဖြစ် ပေါင်းစည်းလာခဲ့သည်။ လူမျိုးတမျိုးတည်းကို ဦးစားပေးသော သမိုင်းနှင့် အာဏာရှိလူတစု၏ အမြင်များသာ ပြည့်နှက်နေသော သမိုင်းများသည် လူမျိုးစုအချင်းချင်းကြားဖြစ်စေ၊ လူတန်းစားအချင်းချင်းကြားဖြစ်စေ မကြေလည်မှုများ၊ နာကျည်းမှုများကို လောင်စာသွင်းပေးခဲ့ကြသည်။ သမိုင်းစာသင်ခန်းများမှ မွေးထုတ်ပေးသင့်သော အပြန်အလှန် စာနာနားလည်မှု၊ ခွင့်လွှတ်ခြင်းတရား၊ ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့မှာ လျစ်လျူရှုခံထားခဲ့ကြရသည်။ တဖန် အကျိုးဆက်အနေနှင့် ပညာရေး၏ အသက်ဝိညာဉ်ဖြစ်သော ကျိုးကြောင်းဆင်ခြင်မှု၊ ဝေဖန်ဆန်းစစ်မှု၊ ဖန်တီးတီထွင်နိုင်မှုတို့မှာ အလွတ်ကျက်၊ အသေမှတ်စနစ်ကြောင့် မထွန်းကားနိုင်တော့ပေ။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ထိုအားနည်းချက်များကို ပြန်လည်ကုစားနိုင်သော သမိုင်းသင်ကြားရေးသစ်ကို ဖော်ဆောင်ရမည့် ကာလဖြစ်သည်။ ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်သော သမိုင်းသင်ကြားရေးအသစ်ကို ခေတ်က တောင်းဆိုလျက်ရှိပေသည်။ ထို့ကြောင့် သမိုင်းသင်ကြားရေးတွင် အပြောင်းအလဲကို ဖော်ဆောင်ရန် စိတ်ဝင်စားသူများအတွက် Freedom Fighter Myanmar မှ “သမိုင်း ဘယ်လိုသင်မလဲ” သင်တန်းကို စီစဉ်ထားပါသည်။
________
📌ပါဝင်သင့်သူများ
▪️ဆရာ၊ ဆရာမများ
▪️ပဋိပက္ခဖြေရှင်းရေး လုပ်ဆောင်သူများ၊ တက်ကြွလှုပ်ရှားသူများ
▪️သမိုင်းသင်ကြားရေးကို စိတ်ဝင်စားသူများ
📌ဆွေးနွေးမည့် အကြောင်းအရာများ
▪️သမိုင်းအား ပြန်လည်ဖွင့်ဆိုခြင်း
▪️သမိုင်းဆိုင်ရာ သုတေသန
▪️သမိုင်းသင်ကြားရေး၏ ရည်ရွယ်ချက်
▪️သမိုင်းဆိုင်ရာ တရားမျှတမှု
▪️သမိုင်းသင်ကြားရေး၏ အခြေခံသဘောတရားနှင့် ကျွမ်းကျင်မှုများ
▪️သမိုင်းစာသင်ခန်းများအား ပြုပြင်ပြောင်းလဲရေး
📌သင်တန်းပုံစံနှင့် အားစိုက်ထုတ်မှု
▪️သင်တန်းတွင် အပြန်အလှန်ဆွေးနွေးမှု၊ ကိုယ်တိုင်လေ့လာပါဝင်မှုများကို ဦးစားပေးထားသည်။ သင်တန်းမတိုင်ခင် ပေးထားသော အရင်းမြစ်များကို ကြိုတင်လေ့လာရန်၊ သင်တန်းတလျှောက် တက်ကြွစွာ ပါဝင်ဆွေးနွေးရန်နှင့် ပေးအပ်သော Assignment များကို လုပ်ဆောင်ဖို့ တပါတ် အချိန် ၁၀ နာရီခန့် ကိုယ်ပိုင်လေ့လာချိန်ပေးရန် လိုအပ်ပါသည်။
📌ဖောင်ပိတ်ချိန် - ၂၈ ရက် အောက်တိုဘာ
📌သင်တန်းစတင်မည့်နေ့ - ၃၁ အောက်တိုဘာ
📌သင်တန်းကြေး - အခမဲ့ ( Freedom Fighter သို့ ဆန္ဒရှိသလောက် ရန်ပုံငွေထည့်ဝင်နိုင်ပါသည်)
📌သင်တန်းအချိန် - အပါတ်စဉ် သောကြာနေ့ မြန်မာချိန် ညနေ ၇ နာရီ မှ ၉ နာရီ
📌သင်တန်းကာလ - ၂ လ
📌Registration Form
https://docs.google.com/forms/d/e/1FAIpQLSeFxnjWH0KclDt9vW7hO4KYve8DON6AWZp9r9ohJEMr0zeJuA/viewform?usp=header
📌သင်တန်းပို့ချမည့်သူများ
▪️ကိုမြင့်ထွန်းသည် Freedom Fighter Myanmar အဖွဲ့၏ သင်ကြားရေးတာဝန်ခံဖြစ်သည်။ ဘာသာရေးနှင့် လူမှုဝန်းကျင် ယဉ်ကျေးမှုဖြစ်စဉ်များကို စိတ်ဝင်စားလေ့လာနေသူ တစ်ဦးဖြစ်သည်။ ဒီဘိတ်သင်တန်းများ ပြုလုပ်ခြင်းနှင့် ကျောင်းသားလူငယ်များအကြား သမိုင်းဆွေးနွေးမှုများနှင့် စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ဆင်ခြင်မှု မြှင့်တင်ရေးသင်တန်းများကို သင်ကြားဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
▪️ကိုရဲထက်သည် Freedom Fighter Myanmar အဖွဲ၏ တည်ထောင်သူတဦးဖြစ်ပြီး လက်ရှိတွင် ဥက္ကဌရာထူးဖြင့် တာဝန်ယူထားသည်။ FFM အဖွဲ့တည်ထောင်ချိန်မှစ၍ အကြမ်းမဖက်စည်းရုံးရေးမှူးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပိုချခဲ့သည်။ ကုစားသင့်မြတ်ရေး တရားမျှတမှု(Restorative Justice) ၊ သမိုင်းကြောင်းဆိုင်ရာ တရားမျှတမှု(Historical Justice) များအကြောင်းကို

သမိုင်း ဘယ်လိုသင်မလဲ
အပါတ်စဉ် -၁
ဖောင်ပိတ်ချိန် - အောက်တိုဘာ ၂၈ ရက်
သင်တန်းစတင်မည့်နေ့ - အောက်တိုဘာ ၃၁
ဖောင်ပိတ်ချိန် - အောက်တိုဘာ ၂၈ ရက်
သင်တန်းစတင်မည့်နေ့ - အောက်တိုဘာ ၃၁
"အကြမ်းမဖက်လမ်းစဉ် အခြေခံနားလည်မှု" သင်တန်း
အပါတ်စဉ် ၄
_______
အကြမ်းမဖက်လမ်းစဉ် (Nonviolence) ဟုဆိုလိုက်လျှင် အများစုက ဆန္ဒပြခြင်း၊ သို့မဟုတ် သပိတ်မှောက်ခြင်း စသည့်နည်းနာများကိုသာ မြင်ကြသည်။ သို့သော် အကြမ်းမဖက်လမ်းစဉ်သည် နည်းနာသက်သက်ထက် နက်ရှိုင်းသည့် အတွေးအခေါ် အယူအဆနောက်ခံများ လိုအပ်သလို တဖက်တွင်လည်း မဟာဗျူဟာကျကျ ချိတ်ဆက်ပြင်ဆင်ဖို့လိုအပ်သည်။ နွေဦးတော်လှန်ရေးတွင် ထိုအချက်များကို သိမြင်မှုအားနည်းခဲ့သည်။ ထို့ကဲ့သို့ အတွင်းကျကျ သိရှိပြင်ဆင်မှုအားနည်းခြင်းကြောင့် တော်လှန်ရေးအစတွင် လူထုလှုပ်ရှားမှုများ အားကောင်းခဲ့သော်လည်း ရေရှည်လမ်းစဉ်အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့် နွေဦးတော်လှန်ရေးတလျှောက် လက်နက်ကိုင်လမ်းစဉ်အပေါ် မျှော်လင့်ယုံကြည်မှုများပြားခဲ့သော်လည်း တစ်ဖက်တွင် လက်နက်ကိုင်လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးများ၊ ပြင်ပအင်အားကြီးနိုင်ငံများအပေါ် မှီခိုရမှုနှင့် ကာလတိုအတွင်းအဆုံးအဖြတ်မြင်ရရန် မလွယ်ကူမှုများကို သိမြင်ပြောဆိုမှုများ တစတစများပြားလာနေသည်။ ထို့ပြင် မကြာခင် စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်တော့မည်ဖြစ်ရာ ရွေးကောက်ပွဲကာလအလွန် တော်လှန်ရေးမည်သို့ခရီးဆက်မည်ကို စဉ်းစားဆုံးဖြတ်ဖို့ အချိန်တန်နေပြီဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သောအချိန်တွင် မြန်မာလူ့အဖွဲ့အစည်းသစ်တည်ဆောက်ဖို့ရာ ထိရောက်ခိုင်မာသည့် တော်လှန်ရေးလမ်းစဉ်တရပ် ရှာဖွေလျှောက်လှမ်းရန် အရေးတကြီးလိုအပ်နေသည်။
အကြမ်းမဖက်လမ်းစဉ်သည် ပြည်သူများကိုယ်တိုင်ပါဝင်နိုင်ခြင်းကြောင့် ဒီမိုကရေစီစနစ်ရရှိရန် အားသာချက်များစွာရှိသလို လက်နက်ကိုင်လမ်းစဉ်နှင့်နှိုင်းယှဉ်ပါက အသေအပျောက်နှင့် ဘေးထွက်ဆိုးကျိုး ပိုမိုနည်းပါးလှသည်။ ထို့ကြောင့် တော်လှန်ရေးလမ်းစဉ်တရပ်ကို စနစ်တကျ လေ့လာပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်လိုသူများအတွက် အကြမ်းမဖက်လမ်းစဉ်အခြေခံနားလည်မှု သင်တန်း (အပါတ်စဉ် ၄) အား Freedom Fighter မှ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
_______
▪️ဤသင်တန်းတွင်
၁) နိုင်ငံရေးအာဏာကို လေ့လာခြင်း
၂) အကြမ်းမဖက်လမ်းစဉ်ဦးဆောင်သူများ၏ အတွေးအခေါ်ဒဿနများကို နှိုင်းယှဉ်ခြင်း
၃) အကြမ်းမဖက်လမ်းစဉ် မဟာဗျူဟာချမှတ်ခြင်း
၃) မိမိကိုယ်ကို သိမြင်ခြင်းနှင့် အတွင်းပြောင်းလဲခြင်း
၄) နိုင်ငံရေးအယူအဆနှင့် လူထုလှုပ်ရှားမှုအချိတ်အဆက်
၅) Freedom Fighter အဖွဲ့၏ အတွေးအခေါ် နှင့် ရှေ့ဆက်လမ်းစဉ်များကို ဆွေးနွေးသွားပါမည်။
_______
📌သင်တန်းအချိန် - အပါတ်စဉ် တနင်္ဂနွေ နေ့လည် ၃ - ၅ နာရီ
📌စတင်မည့်နေ့ရက် - နိုဝင်ဘာ ၁၆ ရက်နေ့
📌သင်တန်းကာလ - ဆယ်ပါတ်
📌သင်တန်းကြေး - အခမဲ့ (မိမိတို့ ဆန္ဒရှိသလောက် Freedom Fighter အဖွဲ့သို့ ရန်ပုံငွေထည့်ဝင်နိုင်ပါသည်)
📌သင်တန်းလျှောက်ထားရန် (ဖောင်ပိတ်ချိန် - နိုဝင်ဘာ ၁၃)
https://forms.gle/g56rfhLgqp51MfBx9
📌တက်ရောက်ရန် လိုအပ်ချက်
တက်ရောက်မည့်သူများအနေဖြင့် အင်တာနက်ရရှိပြီး Zoom နဲ့ Telegram အသုံးပြုနိုင်ရန် လိုအပ်သည်။
_______
📌သင်ကြားပို့ချမည့်သူများ
▪️ကိုရဲထက်
(ကိုရဲထက်သည် Freedom Fighter အဖွဲ၏ တည်ထောင်သူတဦးဖြစ်ပြီး လက်ရှိတွင် ဥက္ကဌရာထူး တာဝန်ယူထားသည်။ FFM အဖွဲတည်ထောင်ချိန်မှစ၍ အကြမ်းမဖက်စည်းရုံးရေးမှူးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပို့ချခဲ့သည်။ အကြမ်းမဖက်လူထုလှုပ်ရှားမှုဆိုင်ရာ မဟာဗျူဟာများကို တော်လှန်ရေးအစုအဖွဲ့များအား အကြံပေးလျက်ရှိသလို တော်လှန်ရေးဆိုင်ရာ ဝေဖန်သုံးသပ်စာများကိုလည်း ရေးသားလျက်ရှိသည်။)
▪️ကိုမြင့်ထွန်း
(ကိုမြင့်ထွန်းသည် Freedom Fighter အဖွဲ့၏ သင်ကြားရေးတာဝန်ခံဖြစ်သည်။ ဘာသာရေးနှင့် လူမှုဝန်းကျင် ယဉ်ကျေးမှုဖြစ်စဉ်များကို စိတ်ဝင်စားလေ့လာနေသူ တစ်ဦးဖြစ်သည်။ ဒီဘိတ်သင်တန်းများ ပြုလုပ်ခြင်းနှင့် ကျောင်းသားလူငယ်များအကြား သမိုင်းဆွေးနွေးမှုများနှင့် စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ဆင်ခြင်မှု မြှင့်တင်ရေးသင်တန်းများကို သင်ကြားဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။)
▪️ဤသင်တန်းကို တက်ရောက်ခြင်းအားဖြင့် မိမိတယောက်ချင်းအပြောင်းအလဲမှ စတင်၍ လူထုလှုပ်ရှားမှုအရွေ့များအထိ ပါဝင်ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ ဤသင်တန်းအား အရပ်ဘက်/လူငယ်/ကျောင်းသား အဖွဲ့အစည်းများတွင် ပါဝင်လုပ်ဆောင်နေသူများ၊ ရပ်ရွာအခြေပြုလူထုလှုပ်ရှားစည်းရုံးမှုများကို ဖော်ဆောင်လိုသူများ၊ အမျိုးသမီးတန်းတူရေးအတွက် လှုပ်ရှားနေသူများ၊ မိမိတို့၏ အသိပညာနှင့် စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုကို အခြေခံပြီး လူ့အဖွဲ့အစည်းအား ပြောင်းလဲတည်ဆောက်လိုသူများ၊ တော်လှန်ရေး/နိုင်ငံရေးကိစ္စရပ်များတွင် စိတ်ဝင်တစားပါဝင်လိုသူများ တက်ရောက်ရန် အထူးတိုက်တွန်းလိုပါတယ်။
#Nonviolence_Essentials
#Batch4
#Freedom_Fighter

Nonviolence Essentials Batch 4
ဖောင်ပိတ်ချိန် - နိုဝင်ဘာ ၁၃ ညနေ ၆ နာရီ မြန်မာချိန်
📌"အကြမ်းမဖက်လမ်းစဉ် အခြေခံနားလည်မှု" သင်တန်းလျှောက်လွှာတွေကို ဒီနေ့ညမှာ ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။
▪️မကြာခင် ပြောင်းလဲလာတော့မယ့် နိုင်ငံရေးအခြေအနေတွေအကြားမှာ လူ့အဖွဲ့အစည်းကို အခြေကနေ ကုစားပြောင်းလဲပြီး တော်လှန်ရေးကို အနီးစပ်ဆုံးနေရာကနေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ စိတ်အားထက်သန်တယ်ဆိုရင်
▪️နွေဦးတော်လှန်ရေးက ရှေ့တန်းတင်ထားတဲ့ အပြုတ်တိုက်ရေးနည်းလမ်းကိုလည်း ယုံကြည်မှုနည်းလာတယ်။ တဖက်မှာလည်း မျှော်လင့်ချက်မဲ့စွာ လက်လျှော့တာမျိုး မလုပ်ချင်ဘဲ ရေရှည်တည်တံ့တဲ့ အလယ်အလတ်လမ်းစဉ်တရပ်ကို လေ့လာချင်တယ်ဆိုရင်
▪️ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးလေးစားချစ်ကြည်ရုံသာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်လမ်းစဉ်ဖြစ်တဲ့ အကြောက်တရားမှ လွတ်ကင်းရေး အတွေးအခေါ်တော်လှန်ရေးကို ပြန်လည်ရှင်သန်အောင် လေ့လာလုပ်ဆောင်လိုတယ်ဆိုရင်
ဒီသင်တန်းကို လျှောက်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။
📌သင်တန်း Post -
https://www.facebook.com/share/p/1BNgHe6nR3/
#nonviolence_essentials

“Freedom Fighter ညနေချမ်း”
____
Freedom Fighter “ညနေချမ်း” အစီအစဉ်ကတော့ Freedom Fighter အဖွဲ့ရဲ့ လုပ်ဖော်ကိုင်ဖက်များ ၊ လုပ်အားပေးများ၊ သင်တန်းသားဟောင်းများနှင့် မိတ်ဆွေသင်္ဂဟများအကြား ရင်းနှီးမှုတိုးပြီး ပူးပေါင်းလုပ်ဆောင်မှုတွေအားကောင်းဖို့ ရည်ရွယ်ပြုလုပ်တဲ့ မိတ်ဆက်တွေ့ဆုံပွဲဖြစ်ပါတယ်။
ဒီ “Freedom Fighter ညနေချမ်း” အစီအစဉ်ကို လစဉ်ပထမအပါတ်ရဲ့ တနင်္လာနေ့ ညနေခင်းတွေမှာပြုလုပ်သွားမှာဖြစ်ပါတယ်။
“Freedom Fighter ညနေချမ်း” မှာတော့ -
1) တက်ရောက်သူများအကြား မိတ်ဆက်ခြင်း
2)အပြန်အလှန် Contact Info များဖလှယ်ခြင်း
3)Freedom Fighter သို့ အကြံပြု၊ မေးမြန်းခြင်း စတာတွေကို ပေါ့ပေါ့ပါးပါး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
▪️ဒီဇင်ဘာလရဲ့ "Freedom Fighter ညနေချမ်း" တက်ရောက်ရန်
📌ပြုလုပ်မည့်အချိန် - ဒီဇင်ဘာ ၁ ရက်နေ့ ၊ မြန်မာချိန် ညနေ ၇ နာရီ
📌ပြုလုပ်မည့်နေရာ - Zoom
📌စာရင်းသွင်းရန် - https://forms.gle/bgn1KgFgzSbS4eto6
#FreedomFighter #EveningGathering
#MeetandGreet #Networking

Freedom Fighter ညနေချမ်း Registration
January 5 Monday - 7:00 PM - 8:30 PM MMT
"Freedom Fighter လက်စွဲ" ထွက်ပြီ
__________________________________
အခုဆိုရင် တော်လှန်ရေးဟာ ၅ နှစ်တာကာလဆီ ချဉ်းကပ်ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ တော်လှန်ရေးကာလ အချိန်ကြာမြင့်လာတာနှင့်အမျှ ပြည်သူအများခံစားကြုံတွေ့နေရတဲ့ ဘေးဒုက္ခအမျိုးမျိုးဟာ လျော့ကျနည်းပါးသွားတယ်ဆိုတာမရှိဘဲ ပို၍သာဆိုးရွားလို့လာပါတယ်။ ဒါ့အပြင် အချိန်ကြာမြင့်လာတာနဲ့အမျှ စစ်တပ်ရဲ့ နိုင်ငံရေး၊ စစ်ရေးအသာရမှုဟာ ပို၍မြင်သာထင်ရှားလာပြီး တော်လှန်ရေးအင်အားစုတွေဖက်မှာတော့ မဟာဗျူဟာကင်းမဲ့မှု၊ စီမံခန့်ခွဲခြင်းဆိုင်ရာညံ့ဖျင်းမှု၊ တာဝန်ယူ/တာဝန်ခံခြင်းနည်းပါးမှုနဲ့ အဂတိလိုက်စားမှုတွေသာ ပိုမိုတွေ့မြင်လာတဲ့အတွက် တော်လှန်ရေးမျှော်လင့်ချက်ဟာ တစတစမှေးမှိန်လာ ပါတယ်။
Freedom Fighter အနေနဲ့ ရှေးမဆွကတည်းက မြန်မာလူ့အဖွဲ့အစည်းအတွင်း ကပ်ဆွဲနေတဲ့ စစ်ဝါဒနဲ့ လူမျိုးရေးခွဲခြားမုန်းတီးမှုတွေကို ကုစားပြောင်းလဲဖို့ဆိုတာ ရေရှည်ဆင်နွှဲရမယ့် တော်လှန်ရေးတရပ်ဖြစ်ကြောင်း လက်ခံထားတဲ့အပြင် အယူအဆအားဖြင့်ရော သမိုင်းကြောင်းအားဖြင့်ပါ အောင်မြင်မှုရနိုင်ခြေများတဲ့ အကြမ်းမဖက်လမ်းစဉ်ကို ကိုင်စွဲတော်လှန်ခဲ့ပါတယ်။ သို့သော်လည်း နွေဦးတော်လှန်ရေးကာလတလျောက် တော်လှန်ရေးခေါင်းဆောင်ဆိုသူများရဲ့ အမြော်အမြင်နည်းပါးမှုနဲ့ မျှော်လင့်ချက် အမှားတွေကို အားကိုးမှုကြောင့် လက်နက်ကိုင်လမ်းစဉ်အပေါ်ကိုသာ လူထုအနေနဲ့ မှီခိုအားပြုခဲ့ကြပြီး အကြမ်းမဖက်လမ်းစဉ်အပေါ် ယုံကြည်လက်ခံမှု အားနည်းခဲ့ပါတယ်။
ယခုအခါ ပြည်သူများအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တနင့်တပိုးခါးစီးခံစားခဲ့ရပြီးဖြစ်တဲ့အပြင် ပေါ်ပြူလစ်ခေါင်းဆောင်တွေရဲ့ မစားရဝမခန်းစကားလုံးတွေကိုလည်း စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးဆက်လက်အဓွန့်ရှည်နိုင်ဖို့အတွက် တုံ့ပြန်ရုံသက်သက်နည်းလမ်းတွေအစား ပိုပြီးအကျိုးဖြစ်ထွန်းနိုင်တဲ့ လမ်းကြောင်းသစ်တွေကို အားကောင်းကောင်းနဲ့ ဖော်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းသစ်တွေထဲမှာ အလယ်အလတ် အကြမ်းမဖက်လမ်းစဉ်အပေါ်အခြေထားတဲ့ Freedom Fighter ရဲ့ တော်လှန်ရေးလမ်းစဉ်ဟာ ပြည်သူများနဲ့ တော်လှန်ရေးအင်အားစုများအတွက် အထိအခိုက်နည်းပြီး အကျိုးကျေးဇူးများနိုင်ကြောင်းယုံကြည်တဲ့အတွက် ယခု”လက်စွဲ”စာအုပ်ကိုမွမ်းမံပြင်ဆင်ကာ ထုတ်ဝေလိုက်ပါတယ်။
ဒီလက်စွဲစာအုပ်မှာ Freedom Fighter ရဲ့ အတွေးအခေါ်အယူအဆတွေနဲ့ အနာဂတ်တော်လှန်ရေးကို လျှောက်လှမ်းဖို့အတွက် မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေကို ရှင်းရှင်းလင်းလင်းတိတိကျကျ ရေးသားတင်ပြထားပါတယ်။ ဒါ့အပြင် ဒီတော်လှန်ရေးဗျူဟာတွေဟာ လက်နက်ကိုင်နိုင်မှ၊ ထောက်ပို့လုပ်နိုင်မှ ကျင့်သုံးလို့ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ချဉ်းကပ်နည်းမျိုးမဟုတ်ဘဲ တော်လှန်လိုသူ၊ ခေတ်စနစ်ကိုပြောင်းလဲလိုသူ မည်သူအတွက်မဆို အကျုံးဝင်တာဖြစ်တဲ့အတွက် ကိုယ်တိုင်ကစ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်မြို့နယ် စသဖြင့် အခြေမှအထက် အဆင့်ဆင့်ကျင့်သုံးပြောင်းလဲသွားနိုင်ပါတယ်။ အရေးကြီးဆုံးမှာ ယခုအခါ စစ်တပ်က ကျင်းပပြုလုပ်တော့မယ့် ရွေးကောက်ပွဲအလွန်ကာလအတွက် တော်လှန်ရေးလမ်းစပျောက်နေသူများအနေနဲ့ ဒီလက်စွဲစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် မိမိတို့ရဲ့ တော်လှန်ရေးမျှော်လင့်ချက်ရောင်ခြည်တွေ တဖန်ပြန်လည်ထိန်ညီးလာနိုင်ပြီး အနာဂတ် အလင်းခေတ်တော်လှန်ရေးကိုဆင်နွှဲနိုင်ဖို့အတွက်လည်း ရေရာတိကျတဲ့လမ်းစတွေ ခံစားတွေ့မြင်လာနိုင်မှာ ဖြစ်ပါတယ်။
__________________________________
စာအုပ်အမည် - Freedom Fighter လက်စွဲ
ထုတ်ဝေသည့်ရက် - ၂၇ ဒီဇင်ဘာ ၂၀၂၅
ရေးသားသူ - ရဲထက်၊ မြင့်ထွန်း
တည်းဖြတ် - သော်ဒီ ၊ နီမို
လက်စွဲအား Download ရယူရန် -
📌Myanmar Version -
https://drive.google.com/uc?export=download&id=1znkDDfFerHhFbjV3Ed3j9phtBjGtmvH2
📌English Version -
https://drive.google.com/uc?export=download&id=1BSrtO40EgveYqGI-cmvlaBGtC4E9G9jk
#handbook
#freedomfighter

Freedom Fighter အနေနဲ့ တနှစ်တာကာလအတွင်း မိမိတို့ရဲ့ အထွေထွေလှုပ်ရှားမှုများနဲ့ တနှစ်တာ အသုံးစရိတ်များကို အများပြည်သူရှေ့မှောက်သို့ ပွင့်လင်းမြင်သာစွာ နှစ်စဉ်အစီရင်ခံတင်ပြခဲ့ပါတယ်။ ယခုအခါမှာလည်း ၂၀၂၅ ခုနှစ်အတွက် “Freedom Fighter ရဲ့ အထွေထွေလှုပ်ရှားမှုနှင့် ဘဏ္ဍာရေးအစီရင်ခံစာ” ကို အများသူငှာ သိရှိစေရန်အလို့ငှာ တင်ပြလိုက်ရပါတယ်။
📌အစီရင်ခံစာအားဖတ်ရှုရန် -
https://drive.google.com/file/d/1DG34lm3oeJ3s4pYFVZbDbpLwjtnoGWVO/view?usp=sharing

"ဇန်နဝါရီလအတွက် Freedom Fighter ညနေချမ်း အစီအစဉ်ကနေ ကြိုဆိုပါတယ်။"
Freedom Fighter “ညနေချမ်း” အစီအစဉ်ကတော့ Freedom Fighter အဖွဲ့ရဲ့ လုပ်ဖော်ကိုင်ဖက်များ၊ လုပ်အားပေးများ၊ သင်တန်းသားဟောင်းများနှင့် မိတ်ဆွေသင်္ဂဟများအကြား ရင်းနှီးမှုတိုးပြီး ပူးပေါင်းလုပ်ဆောင်မှုတွေအားကောင်းဖို့ ရည်ရွယ်ကာ လစဉ်ပထမအပါတ်တွေရဲ့ တနင်္လာနေ့ ညနေခင်းတွေမှာ ပြုလုပ်နေတာဖြစ်ပါတယ်။
▪️ဒီတခါ “Freedom Fighter ညနေချမ်း” မှာတော့
၁) တက်ရောက်သူများအကြား အကျဉ်းမိတ်ဆက်ခြင်း
၂) Freedom Figher လက်စွဲမိတ်ဆက်နှင့် ၂၀၂၆ အစီအစဉ်
၃) Featured Talks : စာရင်းသွင်းထားသူများ၏ ပြောဆိုဆွေးနွေးမှု
၄) Breakout Rooms Chat
၅) 2026 Action Plan
📌ပြုလုပ်မည့်အချိန် - ဇန်နဝါရီ ၅ ရက်နေ့ ၊ မြန်မာချိန် ညနေ ၇ နာရီ
📌ပြုလုပ်မည့်နေရာ - Zoom
📌စာရင်းသွင်းရန် - https://forms.gle/bgn1KgFgzSbS4eto6
#FreedomFighter #EveningGathering
#Meet&Greet #Networking

"Freedom Fighter အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်ပါပြီ"
_________________________________________
Freedom Fighter အဖွဲ့ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန်မှာ ပေါ်ထွက်ခဲ့ပြီး ယခုချိန်အထိ အကြမ်းမဖက်လမ်းစဉ်အပေါ် ရပ်တည်လှုပ်ရှားနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ပြည်သူတွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုသာ အားကိုးမျှော်လင့်ခဲ့ကြပေမယ့် လက်ရှိမှာတော့ လက်နက်ကိုင်လမ်းစဉ်ဟာ အပြောင်းအလဲဖြစ်ဖို့ ခက်ခဲတဲ့အပြင် သူကနေထွက်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း အလွန်များပြားဆိုးရွားကြောင်း ပြည်သူအများ သိရှိလာနေပါပြီ။
ဒါ့အပြင် တော်လှန်ရေးခေါင်းဆောင်ဆိုသူတွေဟာ နွေဦးတော်လှန်ရေးအတွင်းမှာ ပြည်သူတွေရဲ့ နာကျည်းချက်တွေကို ကုစားပြောင်းလဲမှုမပေးနိုင်ဘဲ သူတို့ရဲ့ မျှော်လင့်ချက်အမှားတွေ၊ အမုန်းတရားအခြေခံစည်းရုံးမှုတွေနဲ့ အရည်အချင်းနည်းပါးမှုတွေကြောင့် ပြည်သူတွေမှာ စိတ်ကုန်လက်ပန်းကျနေကြပြီဖြစ်ပါတယ်။
ဒီလိုမျိုး ပြောင်းလဲလာတဲ့အခြေအနေမှာ မြန်မာလူ့အဖွဲ့အစည်းအတွက် ထိရောက်သေချာတဲ့ လမ်းကြောင်းတခုကနေ ပြည်သူတွေရဲ့အင်အားကို စုစည်းပြီး စစ်မှန်တက်ကြွတဲ့ မျှော်လင့်ချက်အဖြစ် ပြောင်းလဲဖော်ဆောင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။
ဒါကြောင့် လူမှုယဉ်ကျေးမှုမှသည် နိုင်ငံရေးစနစ်တခုလုံးကို ရေရှည်စနစ်တကျ ပြောင်းလဲတော်လှန်လိုတဲ့ Freedom Fighters များအတွက် Freedom Fighter အဖွဲ့ရဲ့ အလင်းခေတ်တော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
▪️Freedom Fighter နဲ့ လက်တွဲလုပ်ဆောင်ဖို့ အောက်ပါအရည်အချင်းများနဲ့ ပြည့်စုံရပါမယ်။
၁။ Freedom Fighter ရဲ့ အယူအဆ၊ လမ်းစဉ်များကို ကောင်းစွာနားလည်ထားသူဖြစ်ရပါမယ်။
၂။ အနည်းဆုံး နှစ်နှစ် လက်တွဲလုပ်ဆောင်လိုသူဖြစ်ရပါမယ်။ (ရေတိုလုပ်ဆောင်လိုသူများအနေနဲ့ လုပ်အားပေးအဖြစ် လျှောက်ထားနိုင်ပါတယ်)
၃။ တပါတ်လျှင် လုပ်ဆောင်ချိန် ၁၀ နာရီနဲ့ လေ့လာချိန် ၁၀ နာရီပေးအပ်နိုင်ရပါမယ်။
📌Freedom Fighter လက်စွဲဖတ်ရှုရန် - https://drive.google.com/uc?export=download&id=1znkDDfFerHhFbjV3Ed3j9phtBjGtmvH2
📌လျှောက်ထားရန် အဆင့်ဆင့် -
https://drive.google.com/file/d/1jl5JKWP00lY8MBQrYxaUI6NrKw29fp_v/view?usp=drive_link
#FFMRecruitment2026 #JoinTheTeam
#AlinkhitRevolution