“အပြောင်းအလဲကို သင်ဖော်ဆောင်နိုင်ပါတယ်”
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီး (၁)
___________________________
ဒီနေ့ခေတ်မှာ လူမှုအပြောင်းအလဲတွေ ဖော်ဆောင်ဖို့အတွက် အကြီးမားဆုံးအခက်အခဲဟာ အာဏာရှင်တွေက စွမ်းအားကြီး လက်နက်နဲ့ နည်းပညာတွေပိုင်ဆိုင်နေခြင်း မဟုတ်ပါဘူး။ တကယ့်အတားအဆီးကတော့ ပြည်သူတဦးချင်းစီက မိမိတို့မှာ ပြောင်းလဲနိုင်စွမ်း (Agency) ရှိတယ်လို့ ယုံကြည်ချက်မရှိတော့ဘဲ အစွမ်းအစမဲ့တဲ့ ခံစားချက်တွေနောက်မှာ ပိတ်မိသွားခြင်းဖြစ်ပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးငါးနှစ်တာကာလမှာလည်း ပြည်သူတွေဟာ မျှော်လင့်ချက်အမှားနဲ့ လူမှုစီးပွားအခြေအနေအရပ်ရပ်ကြောင့် စိတ်ပျက်အားလျော့မှုတွေ များပြားလာပါတယ်။
ဒီလိုမျိုးအခြေအနေမှာ မိမိကိုယ်ကို ပြန်လည်တည်ဆောက်ပြီး ရေရှည်တည်တံ့တဲ့ လမ်းစဉ်တရပ်ကို ဘယ်လိုရှာဖွေနိုင်မလဲ။
ကျွန်ုပ်တို့တစ်ဦးချင်းစီရဲ့ ပြောင်းလဲသက်ရောက်နိုင်စွမ်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ဘယ်လို ပြန်လည်ရှာဖွေကြမလဲ။
အပြောင်းအလဲတခုမှာ မိမိတို့ကိုယ်တိုင် ဘယ်လိုပါဝင်နိုင်မလဲ စတဲ့အကြောင်းအရာတွေကို အကြမ်းမဖက် လှုပ်ရှားမှုနယ်ပယ်က ခေါင်းဆောင်အသီးသီးရဲ့ အယူအဆတွေနဲ့ နှိုင်းယှဉ်ကာ ဆန်းစစ်ဆွေးနွေးသွားမယ် ဖြစ်ပါတယ်။
နေ့ရက် - မေလ ၁၇ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
#မိမိမှစတော်လှန်ခြင်း #LectureSeries
#Revolutionfromwithin

Telegram
Revolution from Within
Freedom Fighter Myanmar မှစီစဉ်သည့် "မိမိမှစ တော်လှန်ခြင်း" ဟောပြောပွဲစီးရီးအတွက် သတင်းအချက်အလက်များ မျှဝေရန် ဖြစ်ပါသည်။
အကြမ်းမဖက်လမ်းစဉ်အကြောင်း ထိတွေ့လေ့လာချင်ပါသလား
ရေရှည်တည်တံ့တဲ့ အပြောင်းအလဲလမ်းစဉ်တရပ်မှာ မိမိကိုယ်တိုင် တက်ကြွစွာ ပါဝင်လိုပါသလား။
လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေတွေအပေါ် Freedom Fighter အဖွဲ့ဝင်တွေရဲ့ သုံးသပ်စဉ်းစားမှုတွေကို တိုက်ရိုက်မေးမြန်းဆွေးနွေးလိုပါသလား။
FFM ရဲ့ “မိမိမှစ တော်လှန်ခြင်း” ဟောပြောပွဲစီးရီးကို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ပထမဆုံး ဟောပြောပွဲအနေနဲ့ မနက်ဖြန် “အပြောင်းအလဲကို သင်ဖော်ဆောင်နိုင်ပါတယ်” ခေါင်းစဉ်နဲ့ မိမိတို့ကိုယ်စီရဲ့ ပြောင်းလဲသက်ရောက်နိုင်စွမ်းနဲ့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်နိုင်မလဲကို ဆွေးနွေးသွားမှာပါ။
Freedom Fighter ရဲ့ အလယ်အလတ် အကြမ်းမဖက်လမ်းစဉ်အကြောင်း စိတ်ဝင်စားလိုသူတွေ၊ သင်တန်းသားဟောင်းတွေနဲ့ တခြားသော မိတ်ဟောင်းမိတ်သစ်အားလုံးကို ဖိတ်ကြားလိုက်ပါတယ်။
ဟောပြောပွဲအကြောင်းအသေးစိတ်ကို https://t.me/revolutionfromwithin ကနေ လေ့လာနိုင်ပါတယ်။

ငြိမ်းချမ်းရေးအတွက် အခြေခံလိုအပ်ချက်
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီး (၂)
______________________
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်အကြာဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီလိုမျိုး စစ်ပွဲတွေကြောင့် လက်နက်ကိုင်အစုအဖွဲ့များစွာ ထွက်ပေါ်လာစေခဲ့သလို သာမာန်အရပ်သားပြည်သူတွေရဲ့ စီးပွားရေး၊ ပညာရေး အဝဝလည်း ဒုက္ခမျိုးစုံရောက်ရှိခဲ့ပါတယ်။ အခုဆိုရင်လည်း စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးဟာ လူငယ်လူရွယ်တွေကို စစ်မှုထမ်းအတင်းအကြပ်ဆွဲပြီး ပြည်တွင်းစစ်သံသရာကို ဆွဲဆန့်နေကြပြန်ပါတယ်။
တဖက်မှာလည်း ငြိမ်းချမ်းရေးဆိုတာဟာ ဒီလိုမျိုး လက်နက်ကိုင်တွေ စားကျက်လုတဲ့အဆင့်မှာသာ လမ်းဆုံးသွားလေ့ရှိပြီး တဖန် အဝေမတည့်တဲ့အခါ သွေးချောင်းစီးကြပြန်တာကြောင့် ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကို ပြည်သူတွေအနေနဲ့ အယုံအကြည်နည်းပါးလာပါတယ်။
ဒါကြောင့် ဒီအပတ် မိမိမှစတော်လှန်ခြင်းဟောပြောစီးရီးမှာတော့ -
ဒီလိုအခြေအနေမျိုးမှာ လူ့အဖွဲ့အစည်းအခြေကနေ ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဆိုတာ ဘယ်လိုဖြစ်မလဲ၊
ပြည်သူတဦးချင်းစီအနေနဲ့ မြန်မာပြည်အစစ်အမှန်ငြိမ်းချမ်းဖို့ ဘယ်လိုပါဝင်နိုင်မလဲ
စတဲ့အကြောင်းအရာတွေကို Freedom Fighter အဖွဲ့ရဲ့ အယူအဆတွေအပေါ် အခြေခံပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။
နေ့ရက် - မေလ ၂၄ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီးကတော့ မိမိတဦးချင်းစီ ပြောင်းလဲမှုကနေ ပါတ်ဝန်းကျင်ကို ပြောင်းလဲစေနိုင်တဲ့ အကြမ်းမဖက်လမ်းစဉ်အကြောင်း စိတ်ဝင်စားပါဝင်ဆောင်ရွက်လိုသူတွေအတွက် Freedom Fighter အဖွဲ့နဲ့ တိုက်ရိုက်ထိတွေ့ဆွေးနွေးနိုင်တဲ့ အစီအစဉ်တခုဖြစ်ပါတယ်။

Freedom Fighter တို့အတွက် ရက်သတ္တပတ်
__________________________
Freedom Fighter Myanmar (FFM) အဖွဲ့အနေနဲ့ လုပ်ဆောင်ချက်တွေ အများကြီးရှိနေပေမယ့် ခြုံငုံလိုက်မယ်ဆိုရင်တော့ တခုပဲရှိပါတယ်။ အဲဒါကတော့ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာဖို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ပါဝင်လုပ်ဆောင်ချင်သူ (Freedom Fighters) တွေအတွက် လိုအပ်တဲ့ ချိတ်ဆက်မှုတွေ၊ အသိပညာနဲ့ အရင်းအမြစ်ပံ့ပိုးမှုတွေကို လက်လှမ်းမီစေတဲ့ ဂေဟစနစ်တခုထွက်ပေါ်လာဖို့ပါ။
တဖက်မှာလည်း Freedom Fighter တွေအနေနဲ့ မိမိတို့ရဲ့ အရည်အချင်းကို ပြုစုပျိုးထောင်ရင်း ပတ်ဝန်းကျင်မှာရှိတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်ပဲ လာမယ့်တပတ်အတွက် ဒီလိုမျိုးလှုပ်ရှားပါဝင်နိုင်တဲ့ အစီအစဉ်တွေကို ပြုစုပြီး မျှဝေပေးလိုက်ပါတယ်။ နေ့ရက်နဲ့အချိန်တွေကို သေချာလေးမှတ်ထားပြီး ပါဝင်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
__________________________
၁။ အလင်းခေတ်မဂ္ဂဇင်း ထုတ်ဝေမိတ်ဆက်ပွဲ (ချင်းမိုင်မြို့)
အချိန် - မေလ ၂၃ (ထိုင်းအချိန် မနက် ၁၀-၁၂)
ဒါကတော့ ချင်းမိုင်မြို့မှာရောက်ရှိနေတဲ့လူတွေအတွက် ဖြစ်ပါတယ်။ FFM ကနေ မကြာသေးခင်က ထုတ်ဝေထားတဲ့ အလင်းခေတ်မဂ္ဂဇင်းကို ဖတ်ရှုရမယ့်အပြင် စာရေးသူတွေ၊ တည်းဖြတ်သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံမေးမြန်းဆွေးနွေးရမှာဖြစ်တော့ ချင်းမိုင်မြို့မှာရှိနေတယ်ဆိုရင် မပျက်တမ်းသွားရောက်ဖို့ အကြံပြုလိုက်ပါတယ်။
Event Post - https://www.facebook.com/share/14dtmFwZSDY/
Register Link - https://forms.gle/F6tnLsQgiv3gSKkV6
__________________________
၂။ ငြိမ်းချမ်းရေးအတွက် အခြေခံလိုအပ်ချက် (အွန်လိုင်း)
အချိန် - မေလ ၂၄ တနင်္ဂနွေနေ့ (မြန်မာချိန် ညနေ ၇-၈)
ဒါကတော့ Freedom Fighter Myanmar ကနေ စီစဉ်နေတဲ့ “မိမိမှစ တော်လှန်ခြင်း” ဟောပြောပွဲစီးရီးထဲက ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ဘယ်လိုမျိုး လမ်းကြောင်းရှာဖွေနိုင်မလဲ။ သာမန်ပြည်သူတွေအနေနဲ့ ဘယ်လိုမျိုးပါဝင်နိုင်မလဲ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုမျိုး အခြေခံလိုအပ်ချက်တွေကို တည်ဆောက်ဖြည့်ဆည်းရမလဲဆိုတဲ့အကြောင်းကို ဆွေးနွေးသွားမှာပါ။ ငြိမ်းချမ်းရေးအကြောင်း စိတ်ဝင်စားသူတွေ၊ ပါဝင်ဆောင်ရွက်လိုသူတွေအနေနဲ့ တက်ရောက်ဖို့ တိုက်တွန်းပါတယ်။
လေ့လာရန် - https://t.me/revolutionfromwithin
__________________________
၃။ Freedom Fighter Myanmar Graduation Ceremony
အချိန် - မေလ ၂၆ အင်္ဂါနေ့ (မြန်မာချိန် ညနေ ၇-၈)
ဒီ Graduation Ceremony မှာတော့ အကြမ်းမဖက်လမ်းစဉ် အခြေခံနားလည်မှုသင်တန်း (အပါတ်စဉ် ၅) နှင့် ဒီမိုကရေစီကို လေ့လာခြင်းသင်တန်း (အပါတ်စဉ် ၃) ကို အောင်မြင်စွာပြီးစီးသွားတဲ့ သင်တန်းသားတွေကို အသိအမှတ်ပြု ဂုဏ်ပြုသွားမှာဖြစ်ပါတယ်။ သင်တန်းသားတွေရဲ့ ဆန်းသစ်တဲ့အိုင်ဒီယာတွေကို မြည်းစမ်းခွင့်ရမှာဖြစ်တဲ့အတွက် FFM ရဲ့ Alumni နဲ့တခြားသော မိတ်ဟောင်းမိတ်သစ်များအနေနဲ့ တက်ရောက်ချီးမြှင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
ဆက်သွယ်ရန် - Judson (Telegram @TZChit)
__________________________
၄။ ပညာရေးအကျပ်အတည်း ဘယ်လိုလမ်းကြောင်းရှာမလဲ (လေးမျက်နှာစကားဝိုင်း - အွန်လိုင်း)
အချိန် - မေလ ၂၇ ဗုဒ္ဓဟူးနေ့ (မြန်မာချိန် ညနေ ၇-၈)
လေးမျက်နှာစကားဝိုင်းကတော့ မည်သူမဆို လွတ်လပ်စွာပါဝင်ဆွေးနွေးနိုင်တဲ့ ဒိုင်ယာလော့ရပ်ဝန်းဖြစ်တယ်ဆိုတာကို လူအများကတော့ သိရှိပြီးဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အကျပ်အတည်းဖြစ်နေတဲ့ ပညာရေးအခြေအနေတွေအပေါ် ရင်ဖွင့်ဖလှယ်ပြီး စဉ်းစားချက်အသစ်တွေထွက်လာဖို့ လေးမျက်နှာမှာ ဆွေးနွေးသွားကြမှာပါ။ ပညာရေးနဲ့ လူငယ်အရေးစိတ်ဝင်စားသူတွေ တက်ရောက်သင့်တဲ့ စကားဝိုင်းတခုပါ။
လေ့လာရန် - (Telegram @FourCornersDialogue)
__________________________
၅။ မိုင်းကင်းစင်သော အနာဂတ်အတွက် ဖန်တီးမှုဆိုင်ရာ အိုင်ဒီယာများ (စာစီစာကုံးပြိုင်ပွဲ)
ဖောင်ပိတ်ချိန် - မေလ ၂၉ ရက် သောကြာနေ့
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေကျေမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ Mine Free Myanmar အဖွဲ့ကလုပ်တဲ့ ဒီစာစီစာကုံးပြိုင်ပွဲမှာ မြေမြှပ်မိုင်းကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူအများ စာနာသိရှိလာဖို့၊ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေနဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုရပ်တန့်ဖို့ ၊ ထိခိုက်နစ်နာရတဲ့လူတွေကို ကုစားဖို့စတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ပါဝင်ဖို့ အသိပေးနှိုးဆော်အပ်ပါတယ်။
လေ့လာရန် - https://www.facebook.com/share/p/1Cqs1HCHvD/
#freedom_fighter_myanmar

Facebook
"အလင်းခေတ် မဂ္ဂဇင်း" ထုတ်ဝေမိတ်ဆက်ပွဲ
Event in Chiang Mai, Thailand by Freedom Fighter on Saturday, May 23 2026
Forwarded from Revolution from Within
ရပ်တန့်ခြင်းကို ဘာကြောင့်လိုအပ်တာလဲ။
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီး (၃)
_______________________
ပြီးခဲ့တဲ့ငါးနှစ် နွေဦးတော်လှန်ရေးမှာ မီဒီယာ၊ ပညာရှင်နဲ့ တခြားသော သြဇာလွှမ်းမိုးသူတွေဟာ တော်လှန်ရေးမှာ မရပ်တန့်သူ၊ မနားတမ်းလုပ်ဆောင်သူတွေကိုသာ ရှာဖွေပြီး သူရဲကောင်းအဖြစ် မီးမောင်းထိုး ဇာတ်ကြောင်းဖော်ဆောင်ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးကနေ အနားယူသွားတဲ့လူတွေကိုတော့ တော်လှန်ရေးနဲ့ မဆိုင်သူတွေသဖွယ် ချောင်ထိုးထားပြီး သတင်းအမှောင်ချထားလေ့ရှိပါတယ်။
တခါ CDM ၊ ကျောင်းမတက် သပိတ်၊ လူမှုရေးပြစ်ဒါဏ် စတဲ့လူထုလှုပ်ရှားမှုတွေမှာဆိုရင်လည်း အချိန်အခါနဲ့ အတိုင်းအဆ ချင့်ချိန်မှု အားနည်းခဲ့တဲ့အပြင် လိုအပ်တာထက်ကျော်လွန်နေတဲ့အခါမျိုးမှာတောင် ရပ်တန့်ပြီး ပြန်လည်သုံးသပ်ဆင်ခြင်ဖို့ အင်မတန်ဝန်လေးကြပါတယ်။ နောက်ဆုံး ပြည်သူလူထုက လက်တွေ့မကျတာတွေကို သိမြင်ပြီး ပြောင်းလဲလုပ်ဆောင်ကြတဲ့အခါမှာတောင် ဆော်သြကြခဲ့တဲ့သူတွေဟာ အဲဒီအပေါ် ပြန်လည်ဆင်ခြင်မှုမရှိဘဲ မေ့ချင်ယောင်ဆောင်လေ့ရှိပါတယ်။
ဒါတွေကို ခြုံငုံကြည့်ရင် မြန်မာ့လူအဖွဲ့အစည်းမှာ ရပ်တန့်ခြင်းကို မကောင်းတဲ့အရာ၊ အားနည်းချက်၊ ပျော့ညံ့မှုအဖြစ် ရှုမြင်ပြီး ဘယ်လောက်ပဲရှေ့လမ်းခရီးဟာ မသေချာမှုတွေရှိပါစေ၊ ဆက်လက်လုပ်ဆောင်ဖို့သာ လိုတယ်ဆိုတဲ့ အတွေးအခေါ်တွေ အားကောင်းနေတာကို တွေ့နိုင်ပါတယ်။ မတော်လို့ရပ်တန့်ခဲ့ရင်တောင် ဒါက ရှက်စရာ၊ သိမ်ငယ်စရာအဖြစ် ဖုံးဖိထားဖို့ လူ့အဖွဲ့အစည်းက အားသန်နေတာဖြစ်ပါတယ်။
ဒီလိုမျိုး တရားသေဆုပ်ကိုင်မှုအားကောင်းတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအနေနဲ့ ရပ်တန့်ခြင်းအလေ့အထကို ဘာကြောင့်လိုအပ်တာလဲ။
လှုပ်ရှားမှု နှင့် ရပ်တန့်ခြင်းကို ဘယ်လို ချိန်ညှိလုပ်ဆောင်နိုင်မလဲ။
စတဲ့အကြောင်းအရာတွေကို အခုအပါတ် မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
နေ့ရက် - မေလ ၃၁ ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၇ နာရီ မှ ၈ နာရီ
Zoom Meeting Link - https://us02web.zoom.us/j/88212061893
Meeting ID: 882 1206 1893 (Password မလိုပါ)

Zoom
Join our Cloud HD Video Meeting
Zoom is the leader in modern enterprise cloud communications.
အလင်းခေတ် Writing Workshop
____________________________
ယနေ့ခေတ်သည် Social Media များ အလွန်အားကောင်းနေသောကာလဖြစ်ရကား စူးစမ်းလိုသမျှအရာရာတိုင်း မိမိတို့လက်တကမ်းအကွာတွင်ရှိနေပြီဟု ဆိုနိုင်သော်လည်း တကယ့်လက်တွေ့တွင်မူ ပြည်သူလူထုအဖို့ စနစ်တကျလေ့လာထားမှုမရှိသော၊ တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့နေသော၊ အဂတိတရားများဖုံးလွှမ်းနေသော အလွန်အကျူးချီးမွမ်းမှုများ၊ အမနာပစကားများ၊ ရုန့်ရင်းကြမ်းတမ်းဆဲဆိုမှုများကိုသာ နေ့စဉ်စားသုံးနေရလေ၏။ သို့ဖြစ်ရာ အဆိုပါ အမှိုက်သရိုက်များဖုံးကွယ်ထားမှုကြောင့် လူထု၏အမြင်အာရုံမှာ တဖြည်းဖြည်းဝေဝါးသွားပြီး ပကတိ အမှန်တရားနှင့် ဝေးသထက်ဝေးကွာလာလေ၏။ ထို့အပြင် ဤကဲ့သို့အမှန်ကိုမမြင်နိုင်ခြင်းကြောင့် တဦးနှင့်တဦးအကြား အာဃာတများသာ တိုးပွားလာပြီး ပဋိပက္ခမီးလျှံများ ပို၍ပြင်းထန်စွာ တောက်လောင်လာလေတော့၏။
စာရေးခြင်းသည် ဤသို့သော ဖောင်စီးရင်းရေငတ်နေသည့်အကျပ်အတည်းမှ လွတ်မြောက်နိုင်ရန်အတွက် အထူးလိုအပ်ချက်တခုဖြစ်ပေ၏။ စာရေးခြင်းဟုဆိုရာတွင် ပြည်သူလူထု၏ ဉာဏ်ပညာအတွက် အထောက်အပံ့ဖြစ်သည့် စနစ်တကျလေ့လာထားသော၊ ဓမ္မဓိဋ္ဌာန်ကျသော၊ အမှန်တရားနှင့်ကိုက်ညီသော သုတစာပေများလိုအပ်သလို ပြည်သူလူထု၏ ချစ်ခြင်းမေတ္တာအတွက် အာဟာရဓာတ်ဖြစ်သည့် နှလုံးသားချင်းနီးစပ်စေနိုင်သော၊ ဘဝအသိကိုလေးနက်စေနိုင်သော ရသစာပေများလည်း လိုအပ်၏။ ယင်းကဲ့သို့ သုတ၊ ရသ စာကောင်းပေမွန်များ ကျယ်ပြန့်အားကောင်းလာမှသာ လူထု၏အမြင်အာရုံလည်း ပြန်လည်ကြည်လင်လာစေမည်ဖြစ်၏။ ပိတ်ဆို့မှု အမျိုးမျိုးကြောင့် ထွက်ပေါ်မလာနိုင်သည့်အသံများကိုလည်း ရှင်းလင်းပြတ်သားစွာ ကြားသိလာစေနိုင်မည်ဖြစ်၏။ ဤသို့ဖြင့် အမှန်တရားအခြေခံကာ အချင်းချင်းကြားမှ ပဋိပက္ခမီးလျှံများကို တဖြည်းဖြည်းငြိမ်းအေးလာစေနိုင်၏။
သို့ဖြစ်၍ စာရေးခြင်း၏ ဤသို့သောအကျိုးကျေးဇူးများကိုရှုမျှော်ကာ Freedom Fighter အနေနှင့် လူထုအကျိုးပြု သုတ၊ ရသ စာကောင်းပေမွန်များ ဖြစ်ထွန်းပြန့်ပွားရေးအတွက် အလင်းခေတ် Writing Workshop ကို စီစဉ်လိုက်ရခြင်းဖြစ်၏။
အမှန်တကယ် စာရေးခြင်းဟူသည် လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက်သော ပညာရပ်ဖြစ်၏။ အကြောင်းအရာအမျိုးမျိုးအပေါ် စကားလုံးများ၊ ဝါကျများသုံး၍ နေ့စဉ်ပြောဆိုနေကြသော်လည်း စာရွက်ပေါ်တွင် အဓိပ္ပာယ်ထိမိသောစကားလုံးတလုံး၊ တိကျကောင်းမွန်သောဝါကျတကြောင်းရေးဖို့ဆိုလျှင်မူ သာမန်လူတယောက်အတွက် ချွေးဒီးဒီးကျရလောက်၏။ ထို့အပြင် စာရေးခြင်းဟူသည် ဂဏန်းသင်္ချာသင်သကဲ့သို့ ပုံသေနည်းအသေမှတ်၍မရသည်ဖြစ်ရာ မိမိ၏ ဖန်တီးနိုင်စွမ်းများစွာလိုအပ်၏။ သို့သော်လည်း စာရေးခြင်းတွင် ဤသို့ပုံသေနည်းဖော်မြူလာအတိအကျမရှိစေကာမူ အခြေခံလိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ၊ စာကောင်းတပုဒ်တွင်ရှိရမည့် ကြန်အင်လက္ခဏာများတော့ရှိပေရာ ဤ Workshop တွင် ထိုအချက်များကို အဓိကထားဆွေးနွေး၍ လက်တွေ့ရေးသားလေ့ကျင့်နိုင်ရန် စီစဉ်ထား၏။ စာရေးခြင်းကို ဝါသနာပါသော်လည်း မည်သို့မည်ပုံ ရေးသားရမည်ကို အခက်ကြုံနေကြသော ကလောင်လက်သင်များအတွက် ဤWorkshopသည် အတိုင်းအတာတခုထိ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါ၏။
“ကလောင်စွမ်းဖြင့် လူ့အဖွဲ့အစည်းအား တည်ဆောက်ပါ။”
အချိန် - အပတ်စဉ် အင်္ဂါနေ့ ညနေ ၇ နာရီမှ ၉ နာရီ (မြန်မာချိန်)
စတင်မည့်နေ့ - ဇွန်လ ၉ ရက်နေ့
ကြာချိန် - ၆ ပတ်
ဖောင်ပိတ်ချိန် - ဇွန်လ ၆ ရက်နေ့ (စနေနေ့)
လျှောက်ထားရန် - https://forms.gle/NAAkDzfy9teLTYWe9
#alinkhit
#writing #workshop

Log in or sign up to view
See posts, photos and more on Facebook.
ဗုဒ္ဓဝါဒမှ မဇ္ဈိမပဋိပဒါ
မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီး (၄)
________________
မြန်မာ့လူ့အဖွဲအစည်းတွင် မဇ္ဈိမပဋိပဒါဟူသည်ကို အလယ်အလတ်လမ်းစဉ်ဟု အကြမ်းဖျင်းအားဖြင့် နားလည်ထားကြသည်။ သို့ရာတွင် မည်သို့အားဖြင့် အလယ်အလတ်လမ်းစဉ်ဖြစ်သည်ကိုမူကား ဆွေးနွေးသုံးသပ်မှုများ နည်းပါးနေပါသေးသည်။ ထို့အပြင် ဤမဇ္ဈိမပဋိပဒါအယူအဆသည် လောကုတ္တရာရေး (တနည်း) သံသရာမှ လွတ်မြောက်ရာအရေးအတွက်သာ အသုံးပြုရမည့် လမ်းစဉ်လော၊ လောကီရေး (တနည်း) လူ့အဖွဲ့အစည်း၏ တိုးတက်သာယာဝပြောရေး၊ လူပုဂ္ဂိုလ်တဦးချင်းစီ၏ ဘဝနေထိုင်ရေးတွင်ပါ အသုံးပြုနိုင်သည့် လမ်းစဉ်လောဟူသည့် အငြင်းအခုံများလည်း ရှိနေပါသည်။
မဇ္ဈိမပဋိပဒါဟူသည် အကျင့်တရားအရ အလယ်အလတ်ကျင့်သုံးခြင်းလော၊ အယူအဆအရ အလယ်အလတ်ကျင့်သုံးခြင်းလော၊ မည်သည့်အရာကိုမဆို ကြားချကာ ကြားနေဝါဒကျင့်သုံးခြင်းပေလော စသည့် အလယ်အလတ်လမ်းစဉ်နှင့် ပတ်သက်သည့် မကျေလည်စရာ မေးခွန်းများမှာလည်း စဉ်းစားဖွယ်ရာဖြစ်သည်။ ထို့အပြင် အလယ်အလတ်၏ ဆန့်ကျင်ဘက်ဖြစ်သော အစွန်းရောက်ခြင်း၏ သဘောကိုလည်း ဆန်းစစ်ရန်လိုအပ်ပါသည်။
ဤမိမိမှစ ဟောပြောပွဲစီးရီး (၄) တွင် ဗုဒ္ဓဘာသာ၏ မဇ္ဈိမပဋိပဒါအယူအဆကို အဓိပ္ပာယ်ဖွင့်ဆိုကာ၊ အလယ်အလတ်လမ်းစဉ်ကို ကျွန်ုပ်တို့ တဦးချင်းစီ၏ နေ့စဉ်ဘဝနှင့် အခြားသော လူမှုနယ်ပယ်များတွင် မည်သို့လက်တွေ့ အသုံးချနိုင်ကြောင်းများကို ဆန်းစစ်ဆွေးနွေးသွားမည် ဖြစ်ပါသည်။
နေ့ရက် - ဇွန်လ ၇ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ (မြန်မာချိန်)
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီးကတော့ မိမိတဦးချင်းစီ ပြောင်းလဲမှုကနေ ပါတ်ဝန်းကျင်ကို ပြောင်းလဲစေနိုင်တဲ့ အကြမ်းမဖက်လမ်းစဉ်အကြောင်း စိတ်ဝင်စားပါဝင်ဆောင်ရွက်လိုသူတွေအတွက် Freedom Fighter အဖွဲ့နဲ့ တိုက်ရိုက်ထိတွေ့ဆွေးနွေးနိုင်တဲ့ အစီအစဉ်တခုဖြစ်ပါတယ်။
#မိမိမှစတော်လှန်ခြင်း #LectureSeries
#Revolutionfromwithin
မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီး (၄)
________________
မြန်မာ့လူ့အဖွဲအစည်းတွင် မဇ္ဈိမပဋိပဒါဟူသည်ကို အလယ်အလတ်လမ်းစဉ်ဟု အကြမ်းဖျင်းအားဖြင့် နားလည်ထားကြသည်။ သို့ရာတွင် မည်သို့အားဖြင့် အလယ်အလတ်လမ်းစဉ်ဖြစ်သည်ကိုမူကား ဆွေးနွေးသုံးသပ်မှုများ နည်းပါးနေပါသေးသည်။ ထို့အပြင် ဤမဇ္ဈိမပဋိပဒါအယူအဆသည် လောကုတ္တရာရေး (တနည်း) သံသရာမှ လွတ်မြောက်ရာအရေးအတွက်သာ အသုံးပြုရမည့် လမ်းစဉ်လော၊ လောကီရေး (တနည်း) လူ့အဖွဲ့အစည်း၏ တိုးတက်သာယာဝပြောရေး၊ လူပုဂ္ဂိုလ်တဦးချင်းစီ၏ ဘဝနေထိုင်ရေးတွင်ပါ အသုံးပြုနိုင်သည့် လမ်းစဉ်လောဟူသည့် အငြင်းအခုံများလည်း ရှိနေပါသည်။
မဇ္ဈိမပဋိပဒါဟူသည် အကျင့်တရားအရ အလယ်အလတ်ကျင့်သုံးခြင်းလော၊ အယူအဆအရ အလယ်အလတ်ကျင့်သုံးခြင်းလော၊ မည်သည့်အရာကိုမဆို ကြားချကာ ကြားနေဝါဒကျင့်သုံးခြင်းပေလော စသည့် အလယ်အလတ်လမ်းစဉ်နှင့် ပတ်သက်သည့် မကျေလည်စရာ မေးခွန်းများမှာလည်း စဉ်းစားဖွယ်ရာဖြစ်သည်။ ထို့အပြင် အလယ်အလတ်၏ ဆန့်ကျင်ဘက်ဖြစ်သော အစွန်းရောက်ခြင်း၏ သဘောကိုလည်း ဆန်းစစ်ရန်လိုအပ်ပါသည်။
ဤမိမိမှစ ဟောပြောပွဲစီးရီး (၄) တွင် ဗုဒ္ဓဘာသာ၏ မဇ္ဈိမပဋိပဒါအယူအဆကို အဓိပ္ပာယ်ဖွင့်ဆိုကာ၊ အလယ်အလတ်လမ်းစဉ်ကို ကျွန်ုပ်တို့ တဦးချင်းစီ၏ နေ့စဉ်ဘဝနှင့် အခြားသော လူမှုနယ်ပယ်များတွင် မည်သို့လက်တွေ့ အသုံးချနိုင်ကြောင်းများကို ဆန်းစစ်ဆွေးနွေးသွားမည် ဖြစ်ပါသည်။
နေ့ရက် - ဇွန်လ ၇ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ (မြန်မာချိန်)
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီးကတော့ မိမိတဦးချင်းစီ ပြောင်းလဲမှုကနေ ပါတ်ဝန်းကျင်ကို ပြောင်းလဲစေနိုင်တဲ့ အကြမ်းမဖက်လမ်းစဉ်အကြောင်း စိတ်ဝင်စားပါဝင်ဆောင်ရွက်လိုသူတွေအတွက် Freedom Fighter အဖွဲ့နဲ့ တိုက်ရိုက်ထိတွေ့ဆွေးနွေးနိုင်တဲ့ အစီအစဉ်တခုဖြစ်ပါတယ်။
#မိမိမှစတော်လှန်ခြင်း #LectureSeries
#Revolutionfromwithin
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ဒဿနကို ဆင်ခြင်နားလည်ခြင်း - အပိုင်း (၁)
မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီး (၅)
၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ ပြည့်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယခုတပတ် မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီးကို “ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ဒဿနကို ဆင်ခြင်နားလည်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ကျင်းပဖို့ ရွေးချယ်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံသားတို့အတွက် လွတ်လပ်မှု၊ ဖိနှိပ်မှုကို ဖီဆန်မှုနဲ့ ဒီမိုကရေစီတို့ရဲ့ ပြယုဂ်တခုဖြစ်ပြီး မျှော်လင့်ချက် သင်္ကေတလည်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာလည်း အကြမ်းမဖက်လှုပ်ရှားမှုနဲ့ ငြိမ်းချမ်းရေးရဲ့ ပုံရိပ်တခုအဖြစ် လူအများက လက်ခံထားပါတယ်။ အကြမ်းမဖက်လှုပ်ရှားမှုနဲ့ ပတ်သက်လာရင်လည်း ကမ္ဘာနဲ့အဝှမ်း ထင်ရှားကျော်ကြားတဲ့ ခေါင်းဆောင်အနည်းစုထဲမှာ တယောက်အပါအဝင်ဖြစ်ပါတယ်။
သို့ပေမယ့် မြန်မာနိုင်ငံမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ထောက်ခံတာ၊ ကန့်ကွက်တာ စတဲ့ ပုဂ္ဂိုလ်စွဲအမြင်တွေပဲ လွှမ်းမိုးမှုများပြားလှပါတယ်။ သူ့ရဲ့ အကြမ်းမဖက်ဒဿနကိုတော့ ဆွေးနွေးတာရှားပါးလှပါတယ်။ အတွေးအခေါ်နဲ့ လှုပ်ရှားမှုတွေထက် သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝဖြတ်သန်းမှုအပေါ်မှာ ပိုအာရုံစိုက်ကြပါတယ်။
ဒါကြောင့် ယခုတပတ် မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်လှုပ်ရှားမှုဒဿနတွေကို ဆန်းစစ်လေ့လာသွားမှာဖြစ်ပြီး သူ့ရဲ့ အတွေးအခေါ်နဲ့ မြန်မာနိုင်ငံအတွက် မျှော်မှန်းချက်တွေ ဘယ်လိုရှိနိုင်မလဲ၊ ကျွန်ုပ်တို့အနေနဲ့ ဘာတွေလေ့လာသင်ယူနိုင်မလဲ၊ တော်လှန်ရေးအတွက်ရော ဘယ်လိုစံနမူနာတွေ ရယူနိုင်မလဲဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နေ့ရက် - ဇွန် ၁၄ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
#ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ဒဿနကို ဆင်ခြင်နားလည်ခြင်း - အပိုင်း (၂)
မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီး (၆)
_________________________
၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ ပြည့်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယခုတပတ် မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီးကို “ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ဒဿနကို ဆင်ခြင်နားလည်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ အပိုင်း (၂) ကို ဆက်လက်ကျင်းပဖို့ ရွေးချယ်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရေးမှာ ဆယ်စုနှစ်ပေါင်း လေးခုခန့် လွှမ်းမိုးနိုင်တဲ့ နိုင်ငံရေးသမားတဦးအဖြစ် ရှုမြင်နိုင်သလို၊ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ သင်္ကေတအဖြစ်ရော၊ မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်ပုံရိပ်အဖြစ်ရော ရှုမြင်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးနိုင်စွမ်းဟာ ဒီထက်မက ပိုမိုလေးနက် နက်ရှိုင်းတယ်လို့လည်း ယူဆနိုင်ပါတယ်။ မြန်မာ့နိုင်ငံရေးအတွေးအခေါ်၊ အစိုးအရအပေါ်ထားတဲ့ လူထုရဲ့ အမြင်နဲ့ မျှော်မှန်းချက်၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ စဉ်းစားတွေးခေါ်မှု စတဲ့ အတွင်းကျကျ လွှမ်းမိုးသက်ရောက်မှုတွေလည်း ရှိပါသေးတယ်။
သို့ပေမယ့် မြန်မာ့နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျှော်မှန်းချက်နဲ့ရော ကိုက်ညီပါရဲ့လား။ သူ့ရဲ့ အကြမ်းမဖက် ဒဿနအပေါ်မှာရော ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေကရော ဘယ်လောက် နားလည်သဘောပေါက် ကျင့်သုံးနိုင်ကြသလဲ။ ယခုတော်လှန်ရေးသမားတွေနဲ့ ပြည်သူတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုအမှာစကား ပါးချင်ပါလိမ့်မလဲ။ စတဲ့ မေးခွန်းတွေကို အဖြေရှာကြည့်ဖို့ လိုပါလိမ့်မယ်။
ဒါကြောင့် ယခုတပတ် မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်လှုပ်ရှားမှုဒဿနတွေနဲ့ မိန့်ခွန်းတွေအပေါ် အခြေခံပြီး ပြည်သူတွေနဲ့ တော်လှန်ရေးအပေါ် သူဘယ်လို အမှာစကားပါးလိုမလဲ၊ ပြည်သူတွေအနေနဲ့ရော ဘာတွေလေ့လာသင်ယူနိုင်မလဲ၊ တော်လှန်ရေးအတွက်ရော ဘယ်လိုစံနမူနာတွေ ရယူနိုင်မလဲဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နေ့ရက် - ဇွန် ၂၁ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ဒဿနကို ဆင်ခြင်နားလည်ခြင်း - အပိုင်း (၃)
မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီး (၇)
_________________________
၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ယခုတပတ် မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီးကိုလည်း “ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ဒဿနကို ဆင်ခြင်နားလည်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ အပိုင်း (၃) ကို ဆက်လက်ကျင်းပဖို့ ရွေးချယ်ထားပါတယ်။
၂၀၁၅-၂၀၂၀ အမျိုးသားဒီမိုကရေစီအဖွဲချုပ် အစိုးရသက်တမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်နဲ့ ထိတွေ့လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ သဘောကျသူတချို့ပင် ဘဝင်မကျစရာ၊ မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတနိုင်ငံရဲ့ စစ်တပ် (တနည်း) လက်နက်ကိုင်တပ်ဖွဲရဲ့ တည်ရှိမှုကို သူဘယ်လိုရှုမြင်သလဲ၊ သူဖြစ်စေချင်တဲ့ စစ်တပ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို အခါအခွင့်သင့်တိုင်း ထုတ်ဖော်ပြောဆိုခဲ့တာမျိုး ရှိပါတယ်။ သူ့ရဲ့ အဲဒီဆန္ဒအပေါ် တပ်မတော်၊ တော်လှန်ရေးတပ်ဖွဲအသီးသီးနဲ့ ပြည်သူတွေရော ဘယ်လောက်ထိ နားလည်ပြီး လက်ခံကျင့်သုံးနေကြပါသလဲဆိုတာကို ဆန်းစစ်ကြည့်သင့်ပါတယ်။
ဒါကြောင့် ယခုတပတ် မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲစီးရီးမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေလိုတဲ့ စစ်တပ်ဆိုတဲ့ အချက်ကို အခြေခံပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နေ့ရက် - ဇွန် ၂၈ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီတက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။