"Freedom Fighter အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်ပါပြီ"
_________________________________________
Freedom Fighter အဖွဲ့ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန်မှာ ပေါ်ထွက်ခဲ့ပြီး ယခုချိန်အထိ အကြမ်းမဖက်လမ်းစဉ်အပေါ် ရပ်တည်လှုပ်ရှားနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ပြည်သူတွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုသာ အားကိုးမျှော်လင့်ခဲ့ကြပေမယ့် လက်ရှိမှာတော့ လက်နက်ကိုင်လမ်းစဉ်ဟာ အပြောင်းအလဲဖြစ်ဖို့ ခက်ခဲတဲ့အပြင် သူကနေထွက်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း အလွန်များပြားဆိုးရွားကြောင်း ပြည်သူအများ သိရှိလာနေပါပြီ။
ဒါ့အပြင် တော်လှန်ရေးခေါင်းဆောင်ဆိုသူတွေဟာ နွေဦးတော်လှန်ရေးအတွင်းမှာ ပြည်သူတွေရဲ့ နာကျည်းချက်တွေကို ကုစားပြောင်းလဲမှုမပေးနိုင်ဘဲ သူတို့ရဲ့ မျှော်လင့်ချက်အမှားတွေ၊ အမုန်းတရားအခြေခံစည်းရုံးမှုတွေနဲ့ အရည်အချင်းနည်းပါးမှုတွေကြောင့် ပြည်သူတွေမှာ စိတ်ကုန်လက်ပန်းကျနေကြပြီဖြစ်ပါတယ်။
ဒီလိုမျိုး ပြောင်းလဲလာတဲ့အခြေအနေမှာ မြန်မာလူ့အဖွဲ့အစည်းအတွက် ထိရောက်သေချာတဲ့ လမ်းကြောင်းတခုကနေ ပြည်သူတွေရဲ့အင်အားကို စုစည်းပြီး စစ်မှန်တက်ကြွတဲ့ မျှော်လင့်ချက်အဖြစ် ပြောင်းလဲဖော်ဆောင်ဖို့ အရေးတကြီးလိုအပ်နေပါတယ်။
ဒါကြောင့် လူမှုယဉ်ကျေးမှုမှသည် နိုင်ငံရေးစနစ်တခုလုံးကို ရေရှည်စနစ်တကျ ပြောင်းလဲတော်လှန်လိုတဲ့ Freedom Fighters များအတွက် Freedom Fighter အဖွဲ့ရဲ့ အလင်းခေတ်တော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
▪️Freedom Fighter နဲ့ လက်တွဲလုပ်ဆောင်ဖို့ အောက်ပါအရည်အချင်းများနဲ့ ပြည့်စုံရပါမယ်။
၁။ Freedom Fighter ရဲ့ အယူအဆ၊ လမ်းစဉ်များကို ကောင်းစွာနားလည်ထားသူဖြစ်ရပါမယ်။
၂။ အနည်းဆုံး နှစ်နှစ် လက်တွဲလုပ်ဆောင်လိုသူဖြစ်ရပါမယ်။ (ရေတိုလုပ်ဆောင်လိုသူများအနေနဲ့ လုပ်အားပေးအဖြစ် လျှောက်ထားနိုင်ပါတယ်)
၃။ တပါတ်လျှင် လုပ်ဆောင်ချိန် ၁၀ နာရီနဲ့ လေ့လာချိန် ၁၀ နာရီပေးအပ်နိုင်ရပါမယ်။
📌Freedom Fighter လက်စွဲဖတ်ရှုရန် - https://drive.google.com/uc?export=download&id=1znkDDfFerHhFbjV3Ed3j9phtBjGtmvH2
📌လျှောက်ထားရန် အဆင့်ဆင့် -
https://drive.google.com/file/d/1jl5JKWP00lY8MBQrYxaUI6NrKw29fp_v/view?usp=drive_link
#FFMRecruitment2026 #JoinTheTeam
#AlinkhitRevolution

“ဒီမိုကရေစီကို လေ့လာခြင်း”
နိုင်ငံရေးသင်တန်း
(Batch 3)
__________
မြန်မာ့လူ့အဖွဲ့အစည်းတွင် “ဒီမိုကရေစီ”ဟူသော စကားလုံးမှာ ပြည်သူအများနှင့် ရင်းနှီးပြီးသားဖြစ်သည်။ 88 အရေးတော်ပုံမှ စတင်၍ ယနေ့နွေဦးတော်လှန်ရေး ကာလအထိ ဒီမိုကရေစီရရှိရေးသည် မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်ပန်းတိုင်ဖြစ်သည်။ သို့သော်လည်း ဒီမိုကရေစီအကြောင်းကို အပေါ်ယံမည်ကာမတ္တပြောရုံမျှသာရှိပြီး ၎င်း၏ အခြေခံသဘောတရားများကိုမူ အတွင်းကျကျ လေ့လာဆင်ခြင်မှုများ၊ ဆွေးနွေးပြောဆိုမှုများ အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ မြန်မာလူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီခရီးလမ်းကို မြဲမြံခိုင်ကြည်စွာ လျှောက်လှမ်းနိုင်ရန်အတွက် ဦးစွာ ဒီမိုကရေစီ၏ သဘောသဘာဝများကို နက်နက်ရှိုင်းရှိုင်း နားလည်သိရှိရန် လိုအပ်နေသည်။
ဒီမိုကရေစီဆိုတာ ဘာလဲ။ ဒီမိုကရေစီမှာ ဘယ်လိုအားသာချက်တွေ၊ ဘယ်လိုအားနည်းချက်တွေ ရှိသလဲ စသည့် မေးခွန်းများသည် စစ်အာဏာရှင်စနစ်ကို တော်လှန်နေသူတိုင်း မသိမဖြစ်သိရှိနေရမည်ဖြစ်သည်။ တဆက်တည်းတွင် ဒီမိုကရေစီစနစ် ဖြစ်ပေါ်အားကောင်းစေဖို့ လိုအပ်ချက်များ၊ ဒီမိုကရေစီအပေါ် မတူညီသည့် ချည်းကပ်မှုများကိုလည်း လေ့လာသွားရန် လိုအပ်သည်။ သို့မှသာ ကျန်းမာသန်စွမ်းသော ဒီမိုကရေစီစနစ်နှင့် ယဉ်ကျေးမှုများကို တည်ဆောက်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံလေ့လာချက်များဖြင့် နှိုင်းယှဉ်သုံးသပ်ကာ ပြည်သူလူထုအကြား နားလည်မှု မြှင့်တင်နိုင်ရန်အတွက် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်သည်။
📌ဤသင်တန်းတွင် -
၁) ဒီမိုကရေစီအပေါ် မတူညီသော အဓိပ္ပာယ်ဖွင့်ဆိုချက်များ
၂) ဒီမိုကရေစီဖြစ်စေသည့် စနစ်တည်ရှိမှုများ (Structural Approach)
၃) ဒီမိုကရေစီဖြစ်စေသည့် ပြုလုပ်သူများ (Agency Approach)
၄) ဒီမိုကရေစီ သမိုင်းကြောင်း (ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းဖြစ်ပေါ်မှုများ)
၄) ဒီမိုကရေစီ လျော့ကျခြင်း၊ ဒီမိုကရေစီ ပျက်သုဉ်းခြင်း (Democracy Decline ၊ Breakdown)
၅) ဒီမိုကရေစီနှင့် ပေါ်ပြူလစ်ဇင်
၆) ရွေးကောက်ပွဲအလွန်ဒီမိုကရေစီ စသော အကြောင်းအရာများကို လေ့လာသွားမည်ဖြစ်သည်။
📌သင်တန်းတက်ရောက်သင့်သူများ -
ဒီမိုကရေစီကို အတွင်းကျကျလေ့လာလိုသူများ၊ နိုင်ငံရေးကို စိတ်ပါဝင်စားသူများ၊ တော်လှန်ရေးအစုအဖွဲ့များတွင် ပါဝင်လုပ်ဆောင်နေသူများ၊ နိုင်ငံရေးသုံးသပ်သူ၊ သင်တန်းဆရာ၊ နိုင်ငံရေးသမား/နိုင်ငံရေးမှူးအဖြစ် လုပ်ဆောင်လိုသူများအတွက် အထူးသင့်တော်သည်။
📌လိုအပ်ချက်
သင်တန်းတက်ရောက်နိုင်ရန် အင်တာနက်ရရှိပြီး Telegram နဲ့ Zoom အသုံးပြုနိုင်ရန် လိုအပ်သည်။ နိုင်ငံရေးသိပ္ပံလေ့လာချက်ဆောင်းပါးများဖတ်ရှုနိုင်ရန် အင်္ဂလိပ်စာ အခြေခံဖတ်ရှုနားလည်နိုင်စွမ်း လိုအပ်သည်။ တစ်ပါတ်တွင် စာဖတ်ချိန် ၁၀ နာရီ ပေးနိုင်ရမည်။
📌စတင်မည့်နေ့ - ဖေဖော်ဝါရီလ ၁၂ ရက်နေ့
📌သင်တန်းအချိန် - အပါတ်စဉ် ကြာသာပတေး ညနေ ၇ နာရီ - ၉ နာရီ (မြန်မာချိန်)
📌သင်တန်းကာလ - နှစ်လ
📌သင်တန်းကြေး - အခမဲ့ (မိမိတို့ ဆန္ဒရှိသလောက် Freedom Fighter အဖွဲ့သို့ ရန်ပုံငွေထည့်ဝင်နိုင်ပါသည်)
📌လျှောက်ထားရန် (ဖောင်ပိတ်ရက် ဖေဖော်ဝါရီလ ၇) - https://forms.gle/9zhKZSLZoHNTu9rK6
▪️သင်ကြားမည့်သူ - ကိုရဲထက်
ကိုရဲထက်သည် Freedom Fighter Myanmar အဖွဲ့၏ တည်ထောင်သူဖြစ်သည်။ အကြမ်းမဖက်လမ်းစဉ်ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်နေသလို နိုင်ငံရေးအယူအဆနှင့် ဝေဖန်ရေးဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ၊ အကြံပြုချက်များကို ရေးသားခဲ့သည်။ Australian National University (ANU) မှ နိုင်ငံရေးသိပ္ပံ မာစတာဘွဲ့ရရှိခဲ့သည်။
#understanding_democracy
#Batch3
#freedomfighter

Google Docs
ဒီမိုကရေစီကိုလေ့လာခြင်း - နိုင်ငံရေးသင်တန်း
အပါတ်စဉ် ၃ ၊ ဖောင်ပိတ်ချိန် - ဖေဖော်ဝါရီ ၇ ရက်နေ့
“ကုစားမှုဖြင့်လျှောက်သောလမ်း”
ထွက်ပြီ
Freedom Fighter ဘာသာပြန်အဖွဲ့အနေနဲ့ မြန့်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် စာအုပ်စာပေတွေကို အစဉ်အဆက်မပြတ်ပုံမှန်ပြန်ဆိုထုတ်ဝေခဲ့တဲ့အတိုင်း ယခုအခါမှာလည်း “ကုစားမှုဖြင့်လျှောက်သောလမ်း” ဆိုတဲ့ ဘာသာပြန်စာအုပ်တအုပ်ကို ပြန်ဆိုထုတ်ဝေလိုက်ပြီဖြစ်ပါတယ်။ ဒီစာအုပ်ဟာ လူ့အဖွဲ့အစည်းအတွင်း တနေ့တခြားတိုးများလာတဲ့ အကွဲအဟတွေ၊ အမုန်းတရားတွေ၊ အာဃာတတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ အကြောင်းတရားတွေကို အောက်ခြေထိ နက်နက်ရှိုင်းရှိုင်းတူးဆွ လေ့လာပြီး အကြမ်းမဖက်နည်းလမ်းတွေနဲ့ ပြန်လည်ကုစားဖို့အကြောင်း ရေးသားထားတဲ့ Kazu Haga ရဲ့ Healing Resistance : A radically different response to harm စာအုပ်ကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ ကာဇူးဟာဂါ(Kazu Haga)ဆိုတာ မာတင်လူသာကင်းဂျူနီယာရဲ့ အကြမ်းမဖက်အယူအဆတွေကို သင်ကြားပို့ချနေသူတယောက်ဖြစ်တဲ့အပြင် အကြမ်းမဖက်တိုက်ပွဲများစွာကိုလည်း ကိုယ်တိုင်ပါဝင်ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ သူဟာ ဒီစာအုပ်ထဲမှာ ဖိနှိပ်သူနဲ့ဖိနှိပ်ခံကြား (သို့) ကျူးလွန်သူနဲ့နစ်နာသူကြား အရှုံးအနိုင်ဆုံးဖြတ်တဲ့ တရားမျှတမှုအစား နှစ်ဦးနှစ်ဖက်စလုံးအတွက် ရေရှည်တည့်တံ့ငြိမ်းချမ်းနေစေမယ့် ကုစားသင့်မြတ်ရေးတရားမျှတမှုကိုရှာဖွေဖို့လည်း မီးမောင်းထိုးပြထားပါတယ်။
ယခုအခါ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာအကွဲအဟတွေကြောင့် ပဋိပက္ခအမျိုးမျိုးကို နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရပါတယ်။ အဲဒီပဋိပက္ခတွေကို ဖြေရှင်းကြရာမှာ ဆက်လက်ပြီး တဖက်နှင့် တဖက် သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်တိုက်ခိုက်ကြတဲ့ နည်းလမ်းဟောင်းကိုပဲ စွဲကိုင်ထားဦးမယ်ဆိုရင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ အကွဲကွဲအပြဲပြဲလူ့အဖွဲ့အစည်းဆီကိုသာ ဦးတည်နေဦးမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့လူ့အဖွဲ့အစည်းကို သပ်လျှိုသွေးခွဲနေတဲ့ အမုန်းတရားအာဃာတများအပါအဝင် အကြောင်းအရင်းမျိုးစုံကို ခြေခြေမြစ်မြစ်တူးဆွလေ့လာပြီး တဦးချင်းစီတိုင်းအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် တရားမျှတမှုမျိုးရရှိနိုင်ဖို့ကြိုးပမ်းရာမှာ ဒီစာအုပ်က အထောက်အကူပြုနိုင်လိမ့်မယ်လို့ယုံကြည်တဲ့အတွက် ဘာသာပြန်ဆိုထုတ်ဝေလိုက်ခြင်းဖြစ်ပါတယ်။
စာအုပ်အမည် - ကုစားမှုဖြင့်လျှောက်သောက်လမ်း
ပြန်ဆိုသူ - Freedom Fighter ဘာသာပြန်အဖွဲ့
ထုတ်ဝေသည့်ခုနှစ် - ၂၀၂၆ ခုနှစ် ဇန်နဝါရီ
အကြိမ်ရေ - ပထမအကြိမ်
စာမျက်နှာ - ၄၁၇
တန်ဖိုး - အခမဲ့
စာအုပ် Download ရယူရန် -
https://freedomfightermm.org/published-book/healing-resistance/

"အကြမ်းမဖက်လမ်းစဉ် အခြေခံနားလည်မှု" သင်တန်း
အပါတ်စဉ် ၅
_________
အကြမ်းမဖက်လမ်းစဉ် (Nonviolence) ဟုဆိုလိုက်လျှင် အများစုက ဆန္ဒပြခြင်း၊ သို့မဟုတ် သပိတ်မှောက်ခြင်း စသည့်နည်းနာများကိုသာ ရှုမြင်ကြသည်။ သို့သော် အကြမ်းမဖက်လမ်းစဉ်ဟူသည် နည်းနာသက်သက်ထက် နက်ရှိုင်းသည့် အတွေးအခေါ် အယူအဆနောက်ခံများ လိုအပ်သလို တဖက်တွင်လည်း မဟာဗျူဟာကျကျ ချိတ်ဆက်ပြင်ဆင်ဖို့လိုအပ်သည်။ နွေဦးတော်လှန်ရေးတွင် ထိုအချက်များကို သိမြင်ပြင်ဆင်ထားမှု အားနည်းခြင်းကြောင့် တော်လှန်ရေးအစတွင် လူထုလှုပ်ရှားမှုများ အားကောင်းခဲ့သော်လည်း ရေရှည်လမ်းစဉ်အဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့် နွေဦးတော်လှန်ရေးတလျှောက် လက်နက်ကိုင်လမ်းစဉ်အပေါ် မျှော်လင့်ယုံကြည်မှုများပြားခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လက်နက်ကိုင်လမ်းစဉ်၏ ဘေးထွက်ဆိုးကျိုးများ၊ ပြင်ပအင်အားကြီးနိုင်ငံများအပေါ် အလွန်အကျွံမှီခိုရမှုများနှင့် ကာလတိုအတွင်းအဆုံးအဖြတ်မြင်ရရန် မလွယ်ကူမှုများကို တစတစသိမြင်လာခဲ့ကြသည်။ ထို့ကြောင့် ဤကဲ့သို့သောအချိန်မျိုးတွင် မြန်မာလူ့အဖွဲ့အစည်းသစ် တည်ဆောက်ဖို့ရာ ထိရောက်ခိုင်မာသည့် တော်လှန်ရေးလမ်းစဉ်တရပ် ရှာဖွေလျှောက်လှမ်းရန် အရေးတကြီးလိုအပ်နေသည်။
အကြမ်းမဖက်လမ်းစဉ်သည် ဒီမိုကရေစီစနစ်ရရှိရန် အားသာချက်များစွာရှိသလို လက်နက်ကိုင်လမ်းစဉ်နှင့်နှိုင်းယှဉ်ပါက အသေအပျောက်နှင့် ဘေးထွက်ဆိုးကျိုး ပိုမိုနည်းပါးလှသည်။ ထို့ပြင် အလွှာအသီးသီးတွင်ရှိသော ပြည်သူလူထုအနေနှင့် မိမိတို့၏ အစွမ်းအစများကိုပါ တပါတည်းတည်ဆောက်ရင်း ပါဝင်နိုင်သည်ဖြစ်ရာ လက်နက်ကိုင်အစုအဖွဲ့များ သို့မဟုတ် ဦးဆောင်သူများအပေါ် အလွန်အကြူးမှီခိုနေစရာမလိုဘဲ ကိုယ်စွမ်းကိုယ်စဖြင့် အပြောင်းအလဲအား ကိုယ်တိုင်ဖော်ဆောင်နိုင်သည်။ သို့ဖြစ်ရာ ယင်းကဲ့သို့သော တော်လှန်ရေးလမ်းစဉ်တရပ်အား စနစ်တကျ လေ့လာသုံးသပ်၍ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်လိုသူများအတွက် အကြမ်းမဖက်လမ်းစဉ်အခြေခံနားလည်မှု သင်တန်း (အပါတ်စဉ် ၅) ကို Freedom Fighter မှ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
▪️ဤသင်တန်းတွင်
၁) ပြည်သူ့အာဏာ(People Power) နှင့် အခြေမှအထက်သို့ ပြောင်းလဲခြင်း(Bottom Up Change) အယူအဆများကို လေ့လာခြင်း
၂) အကြမ်းမဖက်လမ်းစဉ်ဦးဆောင်သူများ၏ အတွေးအခေါ်ဒဿနများကို နှိုင်းယှဉ်ခြင်း
၃) အကြမ်းမဖက်လမ်းစဉ် မဟာဗျူဟာချမှတ်ခြင်း
၃) မိမိကိုယ်ကို သိမြင်ခြင်းနှင့် အတွင်းပြောင်းလဲခြင်း
၄) နိုင်ငံရေးအယူအဆနှင့် လူထုလှုပ်ရှားမှုအချိတ်အဆက်
၅) မြန်မာ့လူ့အဖွဲ့အစည်းအတွက် ဆက်လက်လုပ်ဆောင်ရမည့် လမ်းစဉ်များကို ဆွေးနွေးသွားပါမည်။
📌သင်တန်းအချိန် - အပါတ်စဉ် တနင်္ဂနွေ ည ၇ - ၉ နာရီ
📌စတင်မည့်နေ့ရက် - မတ်လ ၈ ရက်နေ့
📌သင်တန်းကာလ - ဆယ်ပါတ်
📌သင်တန်းကြေး - အခမဲ့ (မိမိတို့ ဆန္ဒရှိသလောက် Freedom Fighter အဖွဲ့သို့ ရန်ပုံငွေထည့်ဝင်နိုင်ပါသည်)
📌သင်တန်းလျှောက်ထားရန် (ဖောင်ပိတ်ချိန် - မတ်လ ၃ ရက်နေ့)
https://forms.gle/g56rfhLgqp51MfBx9
📌တက်ရောက်ရန် လိုအပ်ချက်
တက်ရောက်မည့်သူများအနေဖြင့် အင်တာနက်ရရှိပြီး Zoom နဲ့ Telegram အသုံးပြုနိုင်ရန် လိုအပ်သည်။
📌သင်ကြားပို့ချမည့်သူများ
▪️ကိုရဲထက်
(ကိုရဲထက်သည် Freedom Fighter အဖွဲ၏ တည်ထောင်သူဖြစ်ပြီး လက်ရှိတွင် ဥက္ကဌရာထူး တာဝန်ယူထားသည်။ FFM အဖွဲတည်ထောင်ချိန်မှစ၍ အကြမ်းမဖက်စည်းရုံးရေးမှူးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပို့ချခဲ့သည်။ အကြမ်းမဖက် လူထုလှုပ်ရှားမှုဆိုင်ရာ ဆောင်းပါးများ၊ ဆွေးနွေးမှုများကို ရေးသားပြုလုပ်လျက်ရှိသည်။
▪️ကိုမြင့်ထွန်း
(ကိုမြင့်ထွန်းသည် Freedom Fighter အဖွဲ့၏ သင်ကြားရေးတာဝန်ခံဖြစ်သည်။ ဘာသာရေးနှင့် လူမှုဝန်းကျင် ယဉ်ကျေးမှုဖြစ်စဉ်များကို စိတ်ဝင်စားလေ့လာနေသူ တစ်ဦးဖြစ်သည်။ ဒီဘိတ်သင်တန်းများ ပြုလုပ်ခြင်းနှင့် ကျောင်းသားလူငယ်များအကြား သမိုင်းဆွေးနွေးမှုများနှင့် စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ဆင်ခြင်မှု မြှင့်တင်ရေးသင်တန်းများကို သင်ကြားဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။)
▪️ကိုဂျပ်ဆင် (Judson)
(ကိုဂျပ်ဆင် သည် Freedom Fighter အဖွဲ့၏ အဖွဲ့ဝင်တဦး ဖြစ်သည်။ နိုင်ငံရေးနှင့် ပညာရေး ဆက်စပ်မှု၊ ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို စိတ်ဝင်စားလေ့လာနေသူတဦး ဖြစ်သည်။ ဥပဒေနှင့် လူမှုသိပ္ပံဆက်စပ်ဘာသာရပ်များကို ကျောင်းသားလူငယ်များအတွက် ဝေမျှပေးလျက်ရှိပါသည်။)
📌ဤသင်တန်းကို တက်ရောက်ခြင်းအားဖြင့် မိမိတယောက်ချင်းအပြောင်းအလဲမှ စတင်၍ လူထုလှုပ်ရှားမှုအရွေ့များအထိ ပါဝင်ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ ဤသင်တန်းအား အရပ်ဘက်/လူငယ်/ကျောင်းသား အဖွဲ့အစည်းများတွင် ပါဝင်လုပ်ဆောင်နေသူများ၊ ရပ်ရွာအခြေပြုလူထုလှုပ်ရှားစည်းရုံးမှုများကို ဖော်ဆောင်လိုသူများ၊ အမျိုးသမီးတန်းတူရေးအတွက် လှုပ်ရှားနေသူများ၊ မိမိတို့၏ အသိပညာနှင့် စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုကို အခြေခံပြီး လူ့အဖွဲ့အစည်းအား ပြောင်းလဲတည်ဆောက်လိုသူများ၊ တော်လှန်ရေး/နိုင်ငံရေးကိစ္စရပ်များတွင် စိတ်ဝင်တစားပါဝင်လိုသူများ တက်ရောက်ရန် အထူးတိုက်တွန်းလိုပါတယ်။

“လေးမျက်နှာနှင့်အတူ ဒိုင်ယာလောခ့်ယဉ်ကျေးမှုအရွေ့မှာ ပါဝင်လိုက်ပါ။”
(လုပ်အားပေးများဖိတ်ခေါ်ခြင်း)
________________________________
ပြီးခဲ့သည့် တော်လှန်ရေးငါးနှစ်တာကာလတွင် အရပ်ဘက်ရပ်ဝန်းများ ကျဉ်းမြောင်းလာခြင်း၊ မီဒီယာများ ဝါဒဖြန့်ချိရေးဆန်လာခြင်း၊ ဆိုရှယ်မီဒီယာယဉ်ကျေးမှုအရ သည်းခံနိုင်စွမ်းနည်းပြီး အကွဲအဟများခြင်းတို့ကြောင့် ဒိိုငယာလောခ့်ရပ်ဝန်းများ ရှားပါးလာသည်။ သို့ဖြစ်ရာ အကျိုးဆက်အနေနှင့် မတူညီသောရှုထောင့်များမှ ကျေကျေလည်လည် နားလည်သုံးသပ်၍ ဆုံးဖြတ်ချက်ချမှတ်ဖို့ ခက်ခဲလာသလို ညှိနှိုင်းဖြေရှင်းမှုအလေ့အထများလည်း အားနည်းလာကာ တဖက်သားအပေါ် အင်အားသုံးဖိနှိပ်သည့်၊ သို့မဟုတ် စွပ်စွဲတိုက်ခိုက်သည့် ဓလေ့များ ပိုမိုအားကောင်းလာလျက်ရှိနေသည်။
ဤကဲ့သို့ စစ်ဝါဒခေါင်းထောင်လာမှုကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် Freedom Fighter Myanmar အဖွဲ့အနေဖြင့် လေးမျက်နှာစကားဝိုင်းအစီအစဉ်ကို ၂၀၂၂ ဇန်နဝါရီမှ စတင်ကာ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့ပါသည်။ မည်သူမဆို မည်သည့်ရပ်တည်ချက်အမြင်ရှိပါစေ၊ မိမိတို့၏ အတွေးအမြင်၊ ခံစားချက်များကို လွတ်လပ်စွာ မျှဝေနိုင်သည့် ဒိုင်ယာလောခ့်ရပ်ဝန်းတခုအဖြစ် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ရလဒ်အားဖြင့် လေးမျက်နှာသည် ဆိုရှယ်မီဒီယာနှင့် ပင်မရေစီကြောင်းမီီဒယာများတွင် ပါဝင်ဆွေးနွေးရန် ခက်ခဲသော ကွဲပြားသည့်အမြင်ရှိသူများ ဆုံတွေ့ရာ ဒိုင်ယာလောခ့်ရပ်ဝန်းအဖြစ် ထွက်ပေါ်လာကာ ပြည်သူများ၏ အသံကို အပြန်အလှန်ဖလှယ်ပြီး အနာဂတ်လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်တွေးတောမှုများကို ပြုလုပ်နိုင်ခဲ့ပါသည်။
ယခုအခါ လေးမျက်နှာစကားဝိုင်း ဆွေးနွေးမှုများကို ပြည်သူအများသို့ ပိုမိုအားကောင်းစွာ ပျံနှံ့ရောက်ရှိစေဖို့အတွက် အလုပ်အဖွဲ့အား တိုးချဲ့ရန် စီစဉ်ထားပါသည်။ သို့ဖြစ်၍ အဆိုပါ အလုပ်အဖွဲ့အတွက် အောက်ဖော်ပြပါ လုပ်အားပေးနေရာများကို ဖိတ်ခေါ်လိုပါသည်။
၁။ Content Writer (လူဦးရေ ၁-၂)
Content Writer သည် လေးမျက်နှာဆွေးနွေးချက်များကို နားထောင်လေ့လာကာ အများပြည်သူ သိရှိသင့်သည့်အကြောင်းအရာများကို ကောက်နုတ်ခြင်း၊ ဆောင်းပါးမှတ်တမ်းရေးသားခြင်းများ ပြုလုပ်ရန်ဖြစ်သည်။ တဖက်တွင်လည်း ဒိုင်ယာလောခ့်ယဉ်ကျေးမှု အားကောင်းစေရန် ပညာပေးဆောင်းပါးများကို တီထွင်ဆန်းသစ်စွာ ရေးသားရန် ဖြစ်သည်။ ဒိုင်ယာလောခ့်၊ ပဋိပက္ခဖြေရှင်းရေးနှင့် လူမှုနိုင်ငံရေး စသည့်နယ်ပယ်များကို စိတ်ဝင်စားလေ့လာသူ၊ သို့မဟုတ် ဆက်လက်လုပ်ဆောင်လိုသူဖြစ်ပြီး စာရေးကောင်းသူဖြစ်ရမည်။
၂။ Video Creator (လူဦးရေ ၁)
Video Creator သည် လေးမျက်နှာဆွေးနွေးချက်များကို လူအများစိတ်ဝင်စားစေမည့် ဗီဒီယိုဇာတ်လမ်းအတိုများအဖြစ် ဖြန့်ဝေနိုင်ရန် ဖြစ်သည်။ ရုပ်သံတည်းဖြတ်ခြင်း ၊ Graphic Design ၊ Animation ပြုလုပ်ခြင်း များကို ရင်းနှီးကျွမ်းဝင်ကာ ဆိုရှယ်မီဒီယာပလတ်ဖောင်းများ(ဥပမာ TikTok, Instagram, YouTube)နှင့် ထိတွေ့ရင်းနှီးမှုရှိရမည်။
📌လုပ်အားပေးကာလ - ဧပြီ - ဇွန် ၂၀၂၆
📌ခံစားခွင့်များ
▪️လိုအပ်ပါက Internet Allowance စီစဉ်ခြင်းမှလွဲပြီး တခြားသော ငွေကြေးခံစားခွင့်မရှိပါ။
▪️Freedom Fighter မှဖွင့်လှစ်လျက်ရှိသည့် သင်တန်းများတွင် ဝင်ရောက်လေ့လာနိုင်သည်။
▪️စိတ်ဆန္ဒရှိပါက လုပ်အားပေးကာလပြီးမြောက်သည့်အချိန်တွင် Freedom Fighter အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ပါသည်။
📌ဘယ်လိုလူတွေ လျှောက်ထားသင့်သလဲ
▪️ဒိုင်ယာလောခ့်ရပ်ဝန်း၊ယဉ်ကျေးမှုများ၏ အရေးပါမှုကို လက်ခံယုံကြည်သူ
▪️လူမှုနိုင်ငံရေးအခြေအနေနှင့် အတွေးအမြင်သစ်များကို အတွင်းကျကျ လေ့လာလိုသူ
▪️တပါတ်လျှင် မိမိအချိန် ၅ - ၁၀ နာရီ ခန့်ကို အများအကျိုးအတွက် အသုံးပြုလိုသူ
📌လျှောက်ထားလိုပါက -
မိမိအကြောင်း မိတ်ဆက်၊ လေးမျက်နှာသို့ လျှောက်ထားလိုသည့် ရည်ရွယ်ချက်၊ မိမိအနေဖြင့် မည်သို့ ပံ့ပိုးပါဝင်နိုင်မည် စသည့်အကြောင်းအရာများကို PDF ဖိုင်ဖြင့် A4 (နှစ်မျက်နှာ) ထက်မကျော်ဘဲ ရေးသားကာ fourcorners.mm@proton.me သို့ မတ်လ ၁၅ ရက်နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။
#volunteer #contentwriter #videocreator
#fourcorners #dialogue

"အလင်းခေတ် မဂ္ဂဇင်း"
အတွဲ (၂) အမှတ် (၂)
ထွက်ပြီ
________________________________
တဖက်တွင် ကိုယ်တိုင်ကုလားဖန်ထိုး ကိုယ့်ဖဲကိုယ်ချိုးပြီးလျှင် ရာထူးဌာနန္တရအမျိုးမျိုးရယူကာ အောင်နိုင်သူအပြုံးများဆင်မြန်း၍ ဆင်စွယ်နန်းတော်ထက် အရောင်အသွေးစုံ ဝတ်ရုံများဖြင့် ခေါင်းပေါင်းစတို့ တလူလူလွင့်လျက်ရှိ၏။ တဖက်တွင်မူ ခွင့်သာတုန်းက မရုန်းကြဘဲ ဗုန်းရဖို့သာ လုံးပန်းခဲ့ကြသော ပေါ်ပြူလစ်အပေါင်း ဇွန်းသူရဲကောင်းတို့သည် အရှုံးရလဒ်အား မျက်ဝါးထင်ထင်တွေ့ကာမှ ခြေမကိုင်မိလက်မကိုင်မိဖြစ်၍ ကူပါကယ်ပါဝိုင်းပါဝန်းပါဟု အရပ်ကို တစာစာအော်နေရ၏။ ထိုဖက်နှစ်ဖက်၏ ကြားမှာကား ပြည်သူဟူသော မြေစာမြက်တို့ခမျာ နလန်မထူနိုင်လောက်အောင်ပင် ဖွာလန်ကျဲကာဖြင့် ဒုက္ခတွင်းဆုံး ကျလျက်ရှိနေလေ၏။ ဤသည်ကား မြန်မာပြည်၏ ပစက္ခမြင်ကွင်းတည်း။
အလင်းခေတ်အား ထိုပကတိအခြေအနေများပေါ်၌ ပဏ္ဏပ်ရိုက်ထားခြင်းဖြစ်လေရာ ဤမဂ္ဂဇင်းထဲတွင် လူအများ လက်သင့်ခံဖို့ခက်ခဲနိုင်သော ခါးသီးအမှန်တရားများစွာ ထုနှင့်ထည်နှင့် ပေါင်းစပ်ပါဝင်နေ၏။ ထို့ပြင် ၎င်းအမှန်တရားများပေါ် အခြေတည်၍ လက်ရှိကျရောက်ခံစားနေရသော အမှောင်ထုငရဲခန်းများမှ လွတ်မြောက်နိုင်ရန်အတွက် မည်သို့မည်ပုံကြိုးစားရုန်းကန်ကြမလဲဆိုသည့် အဖြေများကိုလည်း ဓမ္မဓိဋ္ဌာန်ကျကျ ရှာဖွေတင်ပြထား၏။ သို့ဖြစ်၍ ဖြီးလုံးဖြန်းလုံး လှန့်လုံးဟန့်လုံးများ မိုးလုံးပြည့်နေသည့် ဆိုရှယ်မီဒီယာထက်က လော်ဘီဆယ်လီများ၏ မစားရဝခမန်းအရေးအသားများကို စိတ်ပျက်ငြီးငွေ့ကာ တကယ့်မြေပြင် အခြေအနေမှန်ကိုသိလိုပြီး လက်တွေ့ကျအလုပ်ဖြစ်နိုင်သော တော်လှန်ရေးနည်းလမ်းများအား ရှာဖွေလိုသူများ အတွက် အလင်းခေတ်မဂ္ဂဇင်းက အတိုင်းအတာတခုအထိ ကူညီပေးနိုင်မည်ဟု ယုံကြည်ပါ၏။
_________________________________
▪️စာအုပ်အမည် - “အလင်းခေတ်” မဂ္ဂဇင်း အတွဲ (၂)၊ အမှတ် (၂)
▪️စာမျက်နှာ - ၁၁၉
▪️တန်ဖိုး - အခမဲ့
▪️ထုတ်ဝေသည့်ခုနှစ် - ၂၀၂၆ ခုနှစ် ဧပြီလ
📌မဂ္ဂဇင်း Download ရယူရန် -
https://freedomfightermm.org/publis.../alinkhit-vol2-issue2/
#alinkhit_magazine
#volume_2_issue_2

ကလောင်စွမ်းဖြင့် အလင်းခေတ်အား တည်ဆောက်ပါ။
အလင်းခေတ်မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၁) အတွက် စာမူများဖိတ်ခေါ်ခြင်း
________________
“နှုတ်တရာ၊ စာတလုံး” ဟုဆိုကြသကဲ့သို့ အပြောချည်းသာ များနေခြင်းထက် စာကောင်းတစ်ခုက ပို၍ အစွမ်းထက်သည်။ ဘဝအတွက် အပြောင်းအလဲကို ဖော်ဆောင်နိုင်သည့် အတွေးအမြင်တို့ကို ဖြန့်ကျက် ပံ့ပိုးနိုင်သည်။ စိတ်အနာများ သက်သာစေရန် ကုစားနိုင်သော အာဟာရ ဓာတ်စာများလည်း ဖြစ်သည်။ စုံလင်သော အရသာအမျိုးမျိုးကို နှစ်သက်ကြသည့် မြန်မာ့လူအဖွဲ့အစည်းသည် ဤနှစ်ကာလများ၌ ခါးသီးမှု ဟူသည့် တမျိုးတည်းသော အရာကိုသာ ကြိတ်မှိတ်မျိုချလျက် နေကြရသည်။ ထို့ကြောင့် ချိုချဉ်ငံစပ် အရသာများကို တောင့်တနေမည်မှာ ဧကန်ဖြစ်ပေမည်။ မိတ်ဆွေ၏ စိတ်စေတနာ၊ လေ့လာဆည်းပူးမှု၊ ဘဝအတွေ့အကြုံများနှင့် လူထုကို ပံ့ပိုးပေးလိုသော သတင်းစကားများဖြင့် ဖန်တီးမည့် စာပေအနုပညာသည် စာဖတ်သူများ ငံ့တလင့်လင့် တောင့်တနေသော အရသာကောင်းကို ပေးစွမ်းမည့် ဟင်းကောင်းတစ်ခွက် ဖြစ်နိုင်သည်မို့ တတ်စွမ်းသော ကလောင်ခွန်အားဖြင့် ပါဝင်အားဖြည့်ပေးရန်အတွက် လှိုက်လှဲစွာ ဖိတ်ခေါ်လိုက် ရပါသည်။
(၅) အုပ်မြောက် မဂ္ဂဇင်းအဖြစ် ထွက်ရှိမည့် အလင်းခေတ် မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၁) တွင် အောက်ပါ အကြောင်းအရာများကို ဦးစားပေးဖော်ပြသွားမည်ဖြစ်၍ စာမူပေးပို့သူများအနေနှင့် ထိုအကြောင်းအရာများ အပေါ်အခြေတည်ကာ (ကိုယ်ပိုင်ရေး/ဘာသာပြန်) ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ဝတ္ထုတို စသဖြင့် မိမိအားသန်ရာကဏ္ဍအလိုက်ရေးသားပေးပို့နိုင်ပါသည်။
မြန်မာ့လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာ ရရှိရေးအတွက် ဆွေးနွေးအကြံပြုချက်များ
စီးပွားရေး၊ ပညာရေး၊ ဘာသာရေးကဏ္ဍများ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးသို့ ရှေးရှုရန် လူမှုဓလေ့၊ လူမှုစနစ် ဝေဖန်ဆန်းစစ်မှုများ
အရပ်ဘက်အဖွဲ့အစည်း(စီအက်စ်အို၊ မီဒီယာ၊ အကယ်ဒမစ်)များ ပြည်သူလူထုနှင့် နီးကပ်ယုံကြည်မှုရရှိစေရန် ဝေဖန်အကြံပြုချက်များ
ပြည်သူများ ကိုယ်ထူကိုယ်ထ ပါဝင်နိုင်သည့် ကွန်မြူနတီလုပ်ဆောင်ချက်များ
ပြည်သူများနှင့် လူငယ်များ တွေ့ကြုံခံစားနေရသည့် လူမှုဒုက္ခများနှင့် ရုန်းကန်လှုပ်ရှားဆောင်ရွက်နေမှုများ
မြန်မာ့လူ့အဖွဲ့အစည်း၏ လက်ရှိအကျပ်အတည်းများကိုဖြေရှင်းဖို့နှင့် ကောင်းမွန်သောအနာဂတ်ကို တည်ဆောက်ဖို့အတွက် အလုပ်မဖြစ် အကျိုးရလဒ်နည်းပါးသည့် အတွေးအမြင်အဟောင်း များအစား ဖောက်ထွက်ဆန်းသစ်သည့်အမြင်များ၊
စာမူပေးပို့ရန် -
alinkhit.mm@protonmail.com
#စာမူဖိတ်ခေါ်ခြင်း
#အလင်းခေတ်
#freedom_fighter_myanmar

Facebook
#စာမူဖိတ်ခေါ်ခြင်း – Explore
explore #စာမူဖိတ်ခေါ်ခြင်း at Facebook
“မိမိမှစ တော်လှန်ခြင်း” ဟောပြောပွဲ စီးရီး
________________________
တော်လှန်ရေး သို့မဟုတ် လူ့အဖွဲ့အစည်းတခုအခား အခြေအမြစ်ကနေ ပြောင်းလဲဖို့ဆိုလျှင် လက်နက် သို့မဟုတ် ပြင်ပအင်အားများက စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ မိမိတို့ကိုယ်တွင်းမှ စွမ်းအားများကို အထိရောက်ဆုံး တည်ဆောက်သုံးစွဲခြင်း(Power Within) နှင့် ပါတ်ဝန်းကျင်မှ စွမ်းအားများနှင့် မျှဝေလုပ်ဆောင်ခြင်း (Power With) အပေါ် အခြေခံဆောင်ရွက်မှသာလျှင် ရေရှည်တည်တံ့သည့် အပြောင်းအလဲများအား ဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။
ပြီးခဲ့သည့် နွေဦးတော်လှန်ရေး ငါးနှစ်တာကာလကို ပြန်လည်ဆန်းစစ်ကြည့်ပါက လူပုဂ္ဂိုလ် သို့မဟုတ် အစုအဖွဲ့အသီးသီးသည် မိမိတို့အတွင်းကို ဆင်ခြင်ပြောင်းလဲခြင်းထက် အခြားတဖက်ကို ပြောင်းလဲရန် သို့မဟုတ် ချေမှုန်းရန်၊ ပြင်ပအထောက်အပံ့များရရှိရန်သာ ရှေ့တန်းတင်ခဲ့ခြင်းကြောင့် ပေးဆပ်မှုများလှသော်လည်း လူ့အဖွဲ့အစည်းအတွက် ထိရောက်သော အရွေ့များဖြစ်နိုင်သည့် အခွင့်အရေးများစွာကို လက်လွှတ်ခဲ့ရသည်။
ယခုအခါ ပြည်သူများအနေဖြင့် ဆူလွယ်နပ်လွယ် ရေတိုနည်းလမ်းများမှာ အလုပ်မဖြစ်နိုင်ကြောင်း သိမြင်လာကာ ရေရှည်ခိုင်မာသည့် တော်လှန်ရေးလမ်းစဉ်ကို တောင့်တရှာဖွေနေကြပါသည်။
အဆိုပါလိုလားချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် Freedom Fighter အနေဖြင့် “မိမိမှစ တော်လှန်ခြင်း” လူထုဟောပြောပွဲစီးရီးကို မေလ ၁၇ ရက်နေ့မှ စတင်ကာ တနင်္ဂနွေညစဉ် ပုံမှန်ပြုလုပ်သွားမည်ဖြစ်သည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။
“မိမိမှစတော်လှန်ခြင်း” ဟောပြောပွဲ၌ ပြည်သူတဦးချင်းစီအတွက် လူ့အဖွဲ့အစည်းပြောင်းလဲမှုတွင် ပါဝင်နိုင်ဖို့ အကြံပြုချက်များပါရှိမည်ဖြစ်သလို မြန်မာလူ့အဖွဲ့အစည်း ငြိမ်းချမ်းတိုးတက်ဖို့အတွက် နိုင်ငံရေးနှင့် လူမှုရေးအဆောက်အအုံများအား မည်သို့ ပြောင်းလဲထူထောင်သင့်သည်ဆိုသည့်အကြောင်းအရာများလည်း လေ့လာရမည်ဖြစ်ပါသည်။ သီအိုရီ အခြေခံအား မိမိတို့၏ လက်ရှိဘဝနှင့် အပြန်အလှန် ချိတ်ဆက်၍ အပြောင်းအလဲကို အနီးဆုံးမှတဆင့် စတင်နိုင်ဖို့ ရည်ရွယ်ပါသည်။ ဟောပြောပွဲကို လူတိုင်းတက်ရောက်ပါဝင်နိုင်ပြီး ဆွေးနွေးချက်မှတ်တမ်းများကိုလည်း အများပြည်သူထံ ပြန်လည်ဝေမျှသွားမည်ဖြစ်ပါသည်။
ဟောပြောပွဲအချက်အလက်အသေးစိတ်ကို အောက်ပါ Telegram Channel တွင် ဝေမျှသွားမည်ဖြစ်သည့်အတွက် Follow and Subscribe လုပ်ထားပေးဖို့ တိုက်တွန်းပါသည်။
https://t.me/revolutionfromwithin
“မိမိမှစ အပြောင်းအလဲကို ဖန်တီးပါ”
#မိမိမှစတော်လှန်ခြင်း #LectureSeries
#Revolutionfromwithin

Telegram
Revolution from Within
Freedom Fighter Myanmar မှစီစဉ်သည့် "မိမိမှစ တော်လှန်ခြင်း" ဟောပြောပွဲစီးရီးအတွက် သတင်းအချက်အလက်များ မျှဝေရန် ဖြစ်ပါသည်။
“အပြောင်းအလဲကို သင်ဖော်ဆောင်နိုင်ပါတယ်”
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီး (၁)
___________________________
ဒီနေ့ခေတ်မှာ လူမှုအပြောင်းအလဲတွေ ဖော်ဆောင်ဖို့အတွက် အကြီးမားဆုံးအခက်အခဲဟာ အာဏာရှင်တွေက စွမ်းအားကြီး လက်နက်နဲ့ နည်းပညာတွေပိုင်ဆိုင်နေခြင်း မဟုတ်ပါဘူး။ တကယ့်အတားအဆီးကတော့ ပြည်သူတဦးချင်းစီက မိမိတို့မှာ ပြောင်းလဲနိုင်စွမ်း (Agency) ရှိတယ်လို့ ယုံကြည်ချက်မရှိတော့ဘဲ အစွမ်းအစမဲ့တဲ့ ခံစားချက်တွေနောက်မှာ ပိတ်မိသွားခြင်းဖြစ်ပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးငါးနှစ်တာကာလမှာလည်း ပြည်သူတွေဟာ မျှော်လင့်ချက်အမှားနဲ့ လူမှုစီးပွားအခြေအနေအရပ်ရပ်ကြောင့် စိတ်ပျက်အားလျော့မှုတွေ များပြားလာပါတယ်။
ဒီလိုမျိုးအခြေအနေမှာ မိမိကိုယ်ကို ပြန်လည်တည်ဆောက်ပြီး ရေရှည်တည်တံ့တဲ့ လမ်းစဉ်တရပ်ကို ဘယ်လိုရှာဖွေနိုင်မလဲ။
ကျွန်ုပ်တို့တစ်ဦးချင်းစီရဲ့ ပြောင်းလဲသက်ရောက်နိုင်စွမ်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ဘယ်လို ပြန်လည်ရှာဖွေကြမလဲ။
အပြောင်းအလဲတခုမှာ မိမိတို့ကိုယ်တိုင် ဘယ်လိုပါဝင်နိုင်မလဲ စတဲ့အကြောင်းအရာတွေကို အကြမ်းမဖက် လှုပ်ရှားမှုနယ်ပယ်က ခေါင်းဆောင်အသီးသီးရဲ့ အယူအဆတွေနဲ့ နှိုင်းယှဉ်ကာ ဆန်းစစ်ဆွေးနွေးသွားမယ် ဖြစ်ပါတယ်။
နေ့ရက် - မေလ ၁၇ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။

အကြမ်းမဖက်လမ်းစဉ်အကြောင်း ထိတွေ့လေ့လာချင်ပါသလား
ရေရှည်တည်တံ့တဲ့ အပြောင်းအလဲလမ်းစဉ်တရပ်မှာ မိမိကိုယ်တိုင် တက်ကြွစွာ ပါဝင်လိုပါသလား။
လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေတွေအပေါ် Freedom Fighter အဖွဲ့ဝင်တွေရဲ့ သုံးသပ်စဉ်းစားမှုတွေကို တိုက်ရိုက်မေးမြန်းဆွေးနွေးလိုပါသလား။
FFM ရဲ့ “မိမိမှစ တော်လှန်ခြင်း” ဟောပြောပွဲစီးရီးကို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ပထမဆုံး ဟောပြောပွဲအနေနဲ့ မနက်ဖြန် “အပြောင်းအလဲကို သင်ဖော်ဆောင်နိုင်ပါတယ်” ခေါင်းစဉ်နဲ့ မိမိတို့ကိုယ်စီရဲ့ ပြောင်းလဲသက်ရောက်နိုင်စွမ်းနဲ့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်နိုင်မလဲကို ဆွေးနွေးသွားမှာပါ။
Freedom Fighter ရဲ့ အလယ်အလတ် အကြမ်းမဖက်လမ်းစဉ်အကြောင်း စိတ်ဝင်စားလိုသူတွေ၊ သင်တန်းသားဟောင်းတွေနဲ့ တခြားသော မိတ်ဟောင်းမိတ်သစ်အားလုံးကို ဖိတ်ကြားလိုက်ပါတယ်။
ဟောပြောပွဲအကြောင်းအသေးစိတ်ကို https://t.me/revolutionfromwithin ကနေ လေ့လာနိုင်ပါတယ်။